သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နှင့် SSPP လားရှိုးမြို့၌ တွေ့ဆုံ

Posted: 04 Apr 2013 03:24 AM PDT

  အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ် မှ အစိုးရဝန်ကြီး တချို့နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် တို့ ယမန်နေ့က လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေး ကြသည်။
အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နှင့် SSPP တို့ ယမန်နှစ်ဆန်း ပထမအကြိမ်တွေ့ဆုံစဉ်

"လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောတယ်။ 'အစက ဦးအောင်မင်း ကိုယ်တိုင် လာမလို့ပါဘဲ။ သူ မအားလို့ကျနော်လာတယ်။ ကျနော်လဲ သမ္မတ ညွှန်ကြားချက်အရလာတယ်။ အဓိက က တော့ ဖြစ်နေတဲ့ တိုက်ပွဲ မကျယ်ပြန့်ဖို့ ခင်ဗျားတို့ဘက်ကလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားဖို့ မေတ္တာရပ်ခံ ချင်တယ်' တဲ့ " - ဟု လားရှိုးရောက် SSPP/SSA အရာရှိ တဦးကပြောပြသည်။

အဆိုပါတွေ့ဆုံမှုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်လည်အပစ်ရပ်စဉ်က ရောက်ရာအရပ် နေထိုင် သွားလာနိုင်ရင် သွား ရန်သဘောတူထားကြောင်း၊ ဖြစ်ပွားခဲ့သောတိုက်ပွဲများအရ အစိုးရဘက်က လမ်းတံတား လုံခြုံရေးအတွက်ဟုဆိုကာ သျှမ်းပြည် တပ်မတော်အား ရန်ရှာတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ကျေးလက် လူထုလည်း မြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က  ပြောသည်။

ပြီးခဲ့သည့် မတ်ခ်ျ ၂၆ ရက်က တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်၊ သံလွင်မြစ်အနောက်ခြမ်း နယ်မြေအတွင်း အခြေချ သျှမ်းတပ်များ လွယ်ခေါက်၊ လွယ်စေး (တောင်)  စခန်းများမှ ဆုတ်ခွာပေးရန် အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တောင်းဆိုခဲ့သည်။

"ရမခ တိုင်းဧရိယာ ထဲပါဝင်တယ်ဆိုတဲ့ လွယ်စေး လွယ်ခေါက်ဒေသက ကျနော်တို့ စခန်းတွေကို ရမခ တိုင်းမှူးက ဆုတ်ခိုင်းတယ်။ ပြီးခဲ့အပတ်တိုက်ပွဲတုန်းကလဲ လမ်းလုံခြုံရေးအကြောင်းပြပြီး ကျနော် တို့ကို လာတိုက်တယ်။ ကျနော်တို့ တပ်စခန်းက ကားလမ်း မပြောနဲ့ လှည်းလမ်းတောင်မပေါက်ဘူး။ ကျနော် တို့ မွေးရပ်မြေလေ။ မဆုတ်ပေးနိုင်ဘူး။ လာရင်တော့ တိုက်ပွဲထပ်ဖြစ်ဦးမှာဘဲ။ အဲဒီကိစ္စ ကျနော်တို့ တင်ပြ တယ်။ သူတို့လဲ အထက်ကိုပြန်လည်တင်ပြမယ်ပြောတယ်။ ကျနော်တို့လဲ မြို့ထဲဝင်ရင် သေနတ်မပါ သလို အစိုးရတပ်လဲပဲ ကျနော်တို့တပ်စခန်းနားဖြတ်သန်းသွားလာဖို့လိုရင် ၇ ရက်ကြို သတင်းပေးပို့ရမယ်။ ဒါတွေ ကို တင်ပြခဲ့ တယ်၊ ဦးခင်မောင်စိုးတို့ကလည်း အထက်ကိုပြန်လည်တင်ပြပါ့မယ်လို့ပြောသွားတယ်" - ဟု ဆို သည်။

အဆိုပါ လားရှိုးတွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်ဘက်များဖြစ်ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဝင် လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တို့ဖြစ်သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာမူ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီး နော်လိတ် တို့ ပါဝင်သည်။

WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင် ဆုံးဖြတ်

Posted: 04 Apr 2013 03:23 AM PDT

ပြီးခဲ့သည့်မတ်ခ်ျလကုန်ပိုင်းက ထိုင်းနိုင်ငံချင်းမိုင်တွင် လက်နက်ကိုင် (အပစ်ရပ်/မရပ်) အဖွဲ့အများအပြားတွေ့ဆုံ ဆွေး နွေးရာ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင်ကို မြန်မာ အစိုးရနှင့် နိုင်ငံရေး အခြေခံ ဆွေးနွေးဖို့အတွက် လက်ခံခဲ့ကြကြောင်းသိရသည်။

eth-nat-conference၂၀၁၂ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပသော တိုင်းရင်းသား ညီလာခံ(Photo: Shan representatives)

တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင်တွင်-
၁- အခြေခံမူ (Core-Principle)
၂- လမ်းပြမြေပုံ ၆ ချက်( Road Map)
၃- ဆွေးနွေးမည့်ခေါင်းစဉ်များ(Agenda/ Talking Point)
၎- ပါဝင်မည့်သူများ (Composition)
၅- ဖွဲ့စည်းပုံ (Structure)  စသည်တို့ ပါဝင်ပါသည်။

၁-  အခြေခံမူတွင် -  ၁၉၄၇ ပင်လုံစာချုပ်ကိုအခြေပြုသွားရန်။
၂- လမ်းပြမြေပုံကိုမူ - ၂၀၁၂  စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသော တိုင်းရင်းသား ညီလာခံဆုံးဖြတ် ချက်အတိုင်း လုပ်ဆောင်မည်။
၃- ဆွေးနွေးမည့်ခေါင်းစဉ်မှာ       - လူမှုရေးကူညီထောက်ပံ့မှု (Humanitarian Assistance)
                - လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး(Human Rights and National Reconciliation)
                -စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြုပြင်ရေး (Economic development , Operation and reform)
                -တရားစီရင်ရေးဆိုင်ရာပြန်လည်ပြင်ဆင်ရေး(Judicial reform)
                -လယ်ယာမြေပြဿနာများစီရင်ရေးနှင့် မူးယစ်ဆေးဝါး (Land reform and drugs)   
                 - အာဏာခွဲဝေရေး(Power Sharing)
                -လုံခြုံရေး (Security)
                -ဖွဲ့စည်းပုံ (Constitutional affairs)
၎- ပါဝင်မည့်သူများ မှာ   - အစိုးရ ကိုယ်စားလှယ်များ
            - နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ
            - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်စားလှယ်များ

၅-  ဖွဲ့စည်းပုံ(Structure)ကို- ညီလာခံကိုအထက်ပါအစုအဖွဲ့များမှ (အရေအတွက်တူညီစွာ) ပို့ဆောင်သည့် ကိုယ်စားလှယ်များက ညီလာခံကျင်းပရေးအဖွဲ့ကို ဖွဲ့စည်းသွားရန်။

ဆွေးနွေးမည့်ခေါင်းစဉ်များတွင်ပါဝင်သောအချက်အလက်များအတိုင်း၊ အချက်အလက်ကောက်ယူစုဆောင်းရေးကော်မတီ၊ ပညာရေးနှင့် လေ့လာရေးကော်မတီတို့ကိုပါ ဖွဲ့စည်းဦးမည်ဖြစ်ရာ လူမှုအဖွဲ့အစည်း CSOs များကို လည်းဖိတ်ခေါ်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါချင်းမိုင်မြို့တွေ့ဆုံပွဲမှ - WGEC ၏နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အား နိုင်ငံရေးပါတီများထံတင်ပြ၍ အကြံပြုချက် သုံးသပ်ချက်များရယူသွားဖို့ရှိကြောင်း - ဆုံးဖြတ်ခဲ့ကြသေးသည်ဟုဆိုပါသည်။

အဆိုပါအစည်းအဝေးတွင်တပြည်လုံးကိုခြုံငုံသော အပစ်ရပ်သဘောတူညီချက်မူကြမ်းကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုပါသည်။ ယခုအချိန်အထိ အပစ်ရပ်သဘောတူညီချက်ရခဲ့သည်မှာ ၁၃ ဖွဲ့ ရှိပြီဖြစ်ပါသည်။

အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလှကြောင်း၊ မီဒီယာမှ ဖော်ပြမပေးပါက ဒေသခံပြည်သူလူထု သိရှိမည်မဟုတ်သဖြင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး၌ လူထုပါဝင်မှု မရှိပါက အောင်မြင်ရန် လွယ်ကူမည်မဟုတ်ကြောင်း အနောက်နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ပညာရှင် ပုဂ္ဂိုလ်တဦး ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က " ၁၉၆၀-၆၂ ခုနှစ်တုန်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေး ပါတီနဲ့ အစိုးရတို့ဘဲပြင်ဆင်ကြတယ်။ အဲဒီ အရေးမအောင်မြင်ခဲ့တာဟာ လူထု ပါဝင်ခွင့်မရှိ ခြင်းလဲ အကြောင်းရင်းတခု ပါဝင်တယ်။ ဒါကြောင့် ဒီတခါ လုပ်နေကြ တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်စေချင်ရင် လူထု ပါဝင်ဖို့လိုအပ်ပါတယ်" ဟု အမြဲတမ်းပြောဆိုလေ့ ရှိပါသည်။

အထက်ပါ တွေ့ဆုံပြီး မူဘောင်ချမှတ်မှု အစည်းအဝေးတွင် -ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ,ရခိုင်တပ်မတော် Arakhin Army, ချင်းအမျိုးသားတပ်ဦး CNF , တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA , ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် KIO, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP , ကရင်အမျိုးသားအစည်းအရုံး KNU, ကရင်ငြိမ်းချမ်း ရေးကောင်စီ KPC , မွန် ပြည်သစ်ပါတီ NMSP , သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP   စသဖြင့် ပါဝင်တက်ရောက်ကြသည်။

အစိုးရတပ်နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်လူထုတစ်ထောင်ကျော် ထွက်ပြေးတမ်းရှောင်

Posted: 04 Apr 2013 03:21 AM PDT

အစိုးရတပ် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ဖြစ်ပွားသောတိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျေးလက်လူထု ထောင်ကျော် မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုသိရှိရသည်။

Exodus Refugees ShanState1                                              (ဓါတ်ပုံ-လွယ်ဆမ်ဆစ်ပ်)

"တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းတိုင်း လိုလိုမှာ သွားပြီးခိုလှုံနေကြတယ်။ အဲဒါက သျှမ်းလူမျိုး နဲ့ တခြားတိုင်းရင်းသားတွေ၊ တရုတ်တွေကတော့ တန့်ယန်းမြို့တရုတ်ဘုံကျောင်းမှာ။ သူတို့နဲ့ဆို လူထောင် ကျော်တယ်" - တန့်ယန်းမြို့ခံ ဝေဠုဝန်ကျောင်းတိုက်ဘုရားဒါယိကာ စိုင်းခမ်းဘန်း ကပြောပါသည်။

မတ်ခ်ျလနှောင်းပိုင်းက အစိုးရတပ် တပ်ရင်း ခလရ ၃၃၊ ၂၉၁ နှင့် ခမယ ၃၂၂ က SSPP/SSA ၏ လွယ်စေး တပ်စခန်းအား တက်တိုက်ခဲ့ကြောင်း၊ ဦးတည်ချက်မရှိဘဲ လယ်၊ ယာ အတွင်း လက်နက်ကြီးများဖြင့် လှမ်း ပစ်ခဲ့ကြောင်း ရပ်ရွာအတွင်းဝင်ရောက်ပါက ကြိုက်ရာပစ္စည်းများ  ယူဆောင်သွားကြောင်း - အမည်မဖေါ် လိုသည့် လားဟူပြည်သူ့စစ်တဦးကပြောပါသည်။

"မိုင်းကောဝ်၊ နမ့်လောဝ်း၊ ဘက်ကပေါ့ အဓိက လွယ်စေးကျေးရွာအုပ်စုဝင်က လူထု၊ ကျနော်တို့ စာရင်း ရထားတာ ၇၀၀ ကျော်တယ်။ သူတို့တွေ မိမိရပ်ရွာမှာ ပြန်နေနိုင်အောင်၊ လွတ်လွတ်လပ်လပ်နဲ့ လယ်ယာ ဆင်းနိုင်အောင် မနေ့က အစိုးရဆီမှာ ကျနော်တို့ သွားပြောပေးတယ်" - ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြော ပါသည်။

ထို့အတူ မတ်ခ်ျ ၂၇ ရက် ၂၀၁၃ တွင် အဆိုပါ အစိုးရစစ်ကြောင်းများက - လွယ်စေးကျေးရွာအုပ်စု ကောင်း ဆိုင်းရွာမှ (ဦး)လုံးလိုင်းဆိုင် ၅၃ နှစ်၊ (ဦး) လုံးခမ်း ၄၀ နှစ်အား ရွာနှင့် ၂ မိုင်ခန့်အကွာ၌ ရိုက်သတ်ခဲ့ကြောင်း၊ လုံးထွန်း ၅၂ နှစ် လွယ်စေးရွာသူကြီး၊ အိုက်ထွန်း လက်ထောက်သူကြီး၊ အိုက်ကော် ၁၇ နှစ် နှင့် အိုက်လိတ် ၁၅ နှစ် သူကြီး၏သားအား ယနေ့တိုင်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အဆိုးဆုံးမှာ နမ့်မိုင့်လွတ် ပလောင် အမျိုးသမီးပျို နန်းဆော ၁၅ နှစ်၊ နန်းယွန်း ၁၃ နှစ်၊ နန်းငင်း ၁၆ နှစ်အား ၎င်းတို့နှင့်အတူ နှစ်ရက်နှစ်ည ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ပေါ်ရောက် ဆွေမျိုးများပြောပြချက်အရသိရပါသည်။

သီးခြားအတည်ပြုချက်အရသေးသည့် သတင်းအချက်အလက်အရ အဆိုပါ ပလောင်အမျိုးသမီးငယ် သုံးဦး အား အဆိုပါ စစ်ကြောင်း အရာရှိများက အုပ်စုလိုက်အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုသည်။

အစိုးရတပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဟိုတတ်ရွာသား အိုက်လူခေ အသက် ၂၀ ၏ ပေါင်ရင်း၌ လက်နက် ကြီးစ ထိမှန်ကြောင်း၊ ဟွေ့ပူ ရွာသား (ဦး)လုံးခမ်းဆွယ့် အိမ်နံရံပျက်စီးသွားကြောင်း၊ ကာလတန်ဖိုး ၈ သောင်းကျပ် ရှိ စိုင်းအိုက်စံ ၏ ဝက်တကောင်၊ တန်ဖိုး ကျပ်တသောင်းရှိ လုံးလ ၏ ဝက်တကောင် ကိုလည်း ပစ်သတ်ကာ ယူဆောင်သွားကြောင်း - စစ်ဘေးဒုက္ခသည်ကူညီရေး မျိုးချစ်လူငယ်အုပ်စုမှ တက်ကြွလှုပ်ရှားသူများက ပြောပါသည်။

တိုက်ပွဲကြောင့် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော ရွာများမှာ - ပန်မောင် (ပေါက်ခယ်) ကောင်းဆိုင်း ၊ ဝမ့်တုတ်း၊ ဝမ့်နား၊ ဝမ့်မဝေါင်း၊ ဝမ့်ကောင်းကော်၊ ဝမ့်ဟွေ့ပူ ၊ ဝမ့်နမ့်မိုင့်နွတ်၊ ဝမ့်ကာဝူလုံ၊ ဝမ့်ပါဖန် --- စသည့် ကျေးရွာများဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကာလလူဦးရေစာရင်းအရ အဆိုပါကျေးရွာများသည် လူပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] New photo

Posted: 04 Apr 2013 07:21 AM PDT

Getting back onto Facebook

Posted: 04 Apr 2013 07:16 AM PDT

[Information & Technology Network] Could anyone of you please tell me how to access...

Posted: 04 Apr 2013 06:31 AM PDT

[Information & Technology Network] ကျွန်တော့ Ipad mini...

Posted: 04 Apr 2013 06:21 AM PDT

[Sepeda Motor] Mercedes-Benz CLA 45 AMG

Posted: 04 Apr 2013 06:00 AM PDT

[Information & Technology Network] Dear all my friends. Please help me and my...

Posted: 04 Apr 2013 05:51 AM PDT

[Information & Technology Network] photoshop sc3 key လေး ရှိရင်ပေးကြပါနော် ကျေးဇူး မွမွ

Posted: 04 Apr 2013 05:28 AM PDT

[Information & Technology Network] Slide Show လုပ်ချင်လို့ စာသားနဲ့ ဓာတ်ပုံတွေ...

Posted: 04 Apr 2013 04:47 AM PDT

[Information & Technology Network] Button that will Post your Business links to all...

Posted: 04 Apr 2013 04:40 AM PDT

[Information & Technology Network] vote ပေးလိုက်ကြပါဗျာ....

Posted: 04 Apr 2013 04:29 AM PDT

[Information & Technology Network] ahee... May ya mharr tg shat tal. computer mharr...

Posted: 04 Apr 2013 02:46 AM PDT

[Information & Technology Network] နိုင်ငံ တစ်ကာမှာ Unicode ဆိုတော့လဲ Code ကြတာပေါ့ဗျာ

Posted: 04 Apr 2013 02:01 AM PDT

[Information & Technology Network] ........@gmail.com is offline and can't receive...

Posted: 04 Apr 2013 01:56 AM PDT

[Information & Technology Network] တစ်ခုမေးချင်တာလေးရှိလို့ပါ။ iPad WiFi +...

Posted: 04 Apr 2013 01:50 AM PDT

[Information & Technology Network] Here is new Shweyoe Dictionary Version 3.0 for...

Posted: 03 Apr 2013 11:10 PM PDT

[Information & Technology Network] New photo

Posted: 03 Apr 2013 11:03 PM PDT

[Information & Technology Network] http://www.google.com.mm/ ကိုသုံးဖို့အတွက်...

Posted: 03 Apr 2013 10:38 PM PDT

[Information & Technology Network] Ipad 2 Wi-Fi ကို IOS 6.1 ထိ မြှင့်ပြီး Jailbreak...

Posted: 03 Apr 2013 09:59 PM PDT

[Information & Technology Network] iPad Mini ရဲ့ ဈေးနှုန်းလေးတွေ သိချင်လို့ပါ ......

Posted: 03 Apr 2013 09:55 PM PDT

[Information & Technology Network] Adobe Indeisgn CS6(mac) ကို torrent က download...

Posted: 03 Apr 2013 09:15 PM PDT

[Information & Technology Network] ကျနော်ကိုတစ်ခုလောက်ကူညီကြပါ windows 8 မှာ Chit...

Posted: 03 Apr 2013 09:09 PM PDT

[Information & Technology Network] fifa manager 13 crack file donwload link...

Posted: 03 Apr 2013 08:35 PM PDT

[Toserba Online Shop - http://toserba.org] Kinoki Gold Ginger

Posted: 03 Apr 2013 08:24 PM PDT

[Information & Technology Network] ဒါလေးက ပြောစရာမလိုတော့ပါဘူး မိမိစက်မှာ USB Drive...

Posted: 03 Apr 2013 07:40 PM PDT

[Information & Technology Network] Mobile Device တွေ ပေါများလာခြင်းဟာ...

Posted: 03 Apr 2013 07:17 PM PDT