[mrsorcerer:37819] NEW MANAGEMENT POLICY


SIR
 click here  to view the new management policy that has being new introduced because of the new government policy currently existing

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


စစ်ပြေးဒုက္ခသည်များအား ကူညီထောက်ပံ့ရန် သျှမ်း/မြောက်ပိုင်း၌ ငွေ နှင့် ပစ္စည်းများကောက်ခံစုဆောင်း

Posted: 06 Apr 2013 08:00 PM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း မတ်ခ်ျလနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် သျှမ်းပြည်တပ်မ တော် SSPP/SSA ကြားတိုက်ပွဲကြောင့် မြို့ပေါ် ဘုန်းကြီးကျောင်းများ၌ခိုလှုံနေကြရသည့် ကျေးလက်လူထုများအား SNLD နှင့် သျှမ်းလူငယ်အဖွဲ့ပူးပေါင်း၍ ကူညီထောက်ပံ့မှုများ သွားပေးမည်ဟု သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါ သည်။

refugees                                    သျှမ်း/မြောက် ကစစ်ပြေးဒုက္ခသည်တချို့

တန့်ယန်းမြို့နယ် လွယ်စေးအုပ်စုရှိ ရွာပေါင်း ၁၄ ရွာမှ ဒေသခံ သျှမ်းနှင့် ပလောင်လူထု ထောင်ကျော်၊ မြို့တွင်းရှိ ကျောင်း လုံ ဘုန်းကြီးကျောင်း၊ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများသို့ ရောက်ရှိ ခိုလှုံနေ ကြကြောင်း၊ တရုတ်လူမျိုးများက မြို့တွင်းတရုတ်ဘုံကျောင်းများ၌ စုပေါင်းရောက်ရှိနေကြကြောင်း တန့်ယန်းဒေသခံများကပြောသည်။

အစိုးရတပ် တပ်ရင်း ခလရ ၃၃၊ ၂၉၁ နှင့် ခမယ ၃၂၂ က SSPP/SSA ၏ လွယ်စေး တပ်စခန်းအား တက်တိုက်ခဲ့ကြောင်း၊ ဦးတည်ချက်မရှိဘဲ လယ်၊ ယာ အတွင်း လက်နက်ကြီးများဖြင့် လှမ်း ပစ်ခဲ့ကြောင်း ထို့ကြောင့် ရွာသားများ ဘေးကင်းရာ မြို့တွင်းရှိဘုန်းကြီးကျောင်းများသို့ခိုလှုံနေကြကြောင်း ဆိုပါသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များအား မြို့တွင်းမှစေတနာရှင်များကသာ ထမင်း ဟင်းထုတ်များ သွားရောက်ပေးကမ်းထောက်ပံ့ မှုမှလွှဲ၍ တခြားမှသီးသန့်ရောက်လာသော အလှူရှင်ဟူ၍ မရှိသေးကြောင်း မြို့ခံများကပြောပါသည်။

ထို့အတွက် သင်္ကြန်ရက်မတိုင်မီ သွားရောက်ထောက်ပံ့နိုင်ရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူ သျှမ်းလူမှုအဖွဲ့အစည်းတို့ပူးပေါင်း၍ လားရှိုးမြို့၌ ထောက်ပံ့ဖွယ် လှူဖွယ်ပစ္စည်းများ လိုက်လံကောက်ခံစုဆောင်း နေ ကြောင်း လည်း လားရှိုးမြို့ခံ လူငယ်များကပြောပါသည်။

ထို့ကြောင့် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပမှ စေတနာရှင်များ ပူးပေါင်းလှူဒါန်းလိုပါက 
၁) စိုင်းဆိုင်မိန်း ၊ ဖုန်း - ၀၉ ၅၂၆ ၂၉၃၆၊ အီးမေးလ် - saihsengmong@gmail.com
၂) စိုင်းဆန်မွန်၊ ဖုန်း - ၀၉၄၄၅၁၀၈၆၆၇
၃) နန်းကွယ် ၊ ဖုန်း - ၀၉၅၂၃၂၁၅၀
၎) မမီးမီး၊ ဖုန်း - ၀၉၅၂၃၃၀၇၇
၅) စိုင်းစိုးမြင့်၊ ဖုန်း - ၀၉၄၄၅၁၀၆၆၉၁
၆) စိုင်းဝင်းမြင့်၊ ဖုန်း - ၀၉၄၇၁၄၁၀၀၅
၇) စိုင်းဝမ်းလှိုင်း၊ ဖုန်း - ၀၉၄၄၅၁၀၈၂၃၅  - ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သျှမ်းသံတော်ဆင့်မှ တိုက်တွန်းနိုးဆော်လိုက်ပါသည်။

လားရှိုးမြို့၌ ဒုအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်းဖွင့်လှစ်

Posted: 06 Apr 2013 07:58 PM PDT

သျှမ်းစာပေ ဆရာအတတ်သင် သင်တန်းကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုမှ ကမကထပြုပြီး  Kham Ku Center for Study and Development ၏ နည်းပညာပိုင်းဆိုင်ရာ သင်တန်းပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့် သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့၌ ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

Kham Kuဒုတိယအကြိမ်မြောက် လားရှိုးမြို့ သျှမ်းစာပေဆရာအတတ်သင် သင်တန်း

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှု စိတ်ပါဝင်စားသော လူငယ် ၁၂၂ ဦးခန့်ကို မတ်ခ်ျလ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ  လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ တွင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုပါ သည်။

အရည်အချင်းနှင့် လုပ်ငန်းတာဝန်များ၊ ကလေးစိတ်ပညာ၊ သျှမ်းစာပေရေးသားသင်ကြားနည်းနှင့် သျှမ်းသဒ္ဒါ ပိုင်းဆိုင်ရာ များ၊ ကလေးကဗျာသင်ကြားနည်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ယဉ်ကျေးမှုအကများ စသော ဘာသာရပ် ၆ ခု ခန့်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ၊ ညပိုင်း ၆ နာရီမှ ၉ နာရီထိ သင်ကြားပေးခဲ့ သည်ဟု ခမ်းကူ KKCSD ဒါရိုက်တာ စိုင်းဆိုင်မိန်းက ပြောပါသည်။

ခမ်းကူဖောင်ဒေးရှင်း၏  ဒုတိယအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  သျှမ်းလူငယ်များ  မိမိ  မိခင်ဘာသာစကား စာပေနှင့် ယဉ်ကျေးမှုကို ချစ်ခင် လေးစားပြီး ထိန်းသိမ်းသွားနိုင်ရန်၊ မိခင်ဘာ သာစကားနှင့်စာကို သဒ္ဒါနည်းကျကျ လေ့လာသင်ယူတတ်မြောက်သွားရန်၊ နွေရာသီ ကျောင်းပိတ်ချိန်  နှစ်စဉ်ပြုလုပ်နေကျ မဟတို ခေါ် ( မ ၅ လုံး ) သင်တန်းများတွင် ဆရာ၊ ဆရာမ အဖြစ် ပြန်လည် ဖြန့်ဝေသင်ကြားပေနိုင်ရန် စသည်တို့ဖြစ်ပါ သည်။

နည်းပညာဆိုင်ရာ ကျွမ်းကျင်လူငယ်များ ၂၀၁၁ က စုပေါင်းဖွဲ့စည်းထားသည့် Kham Ku Center for Study and Development အဖွဲ့သည် သျှမ်းပြည်သားလူငယ်ထုများအား  အိုင်တီနည်းပညာများနှင့် အခြားသော အဖွဲ့အစည်းဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ သင်တန်းများကိုလည်း  ပို့ချပေးနေသည့် စေတနာရှင် လူငယ်များအဖွဲ့ဖြစ်ပါသည်။

Kham Ku Center for Study and Development အဖွဲ့သည် သက်ဆိုင်ရာမြို့နယ်ရှိ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ နှင့် ပူးပေါင်းပြီး လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းများ ပေးနေသည့် အဖွဲ့ ဖြစ်ပါသည်။

မကြာမီပို့လွှတ်မည့် ‘ရွှေ’ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းရပ်တန့်ရေး ဝန်ကြီးချုပ်ထံ သျှမ်းလယ်သမားများတောင်းဆို

Posted: 06 Apr 2013 07:57 PM PDT

စတင်ပို့လွှတ်တော့မည့် ရွှေဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအား ဒေသခံဘ၀အသက်အိုးအိမ်လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ရည် ရွယ်၍ ချက်ချင်းရပ်တန့်ပေးရန်သျှမ်းပြည်မြောက်ပိုင်း မှ နစ်နာသူ တောင်သူလယ်သမားများကော်မတီက သျှမ်းပြည်ဝန်ကြီး ချုပ်ထံ ဧပြီလ ၅ ရက်နေ့က တောင်းဆို  လိုက်ပါသည်။

"ပိုက်လိုင်းကြောင့် နစ်နာရတဲ့တောင်သူလယ်သမား တသောင်းကျော်ကိုယ်စား ကျနော်တို့ သျှမ်းပြည်က လယ်သမား ၁၄ ဦးလက်မှတ်ထိုးထားပြီး သျှမ်းပြည်ဝန်ကြီးချုပ်ထံလိပ်မူပြီး ပေးပို့လိုက်တယ်။ လယ်သမားတွေရဲ့နစ်နာမှုတွေကိုလည်းထည့်သွင်း ဖော်ပြထားတယ်။ မိတ္တူကိုတော့ သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာကို ပို့တယ်။" သျှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြတ်သန်း သွား သော ရွှေဓါတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်၍ နစ်နာသူတောင်သူလယ်သမားများ ဆန္ဒပြုလွှာတင်ပြခြင်း" ဆိုပြီးတော့ တင်လိုက် တယ်။ ဧပြီလ ၅ ရက် ရက်စွဲနဲ့ပေါ့" ဟု လက်မှတ်ထိုးသည့်သူများ၌ပါဝင်သူတဦးကဆိုပါသည်။
pipeline-map1                                         ဓါတ်ငွေ့ပိုက်လိုင်းအသွားလမ်းပြမြေပုံ

၂၀၁၃  မေလနီးလာသည်နှင့်အမျှ တရုတ်ရေနံပိုက်လိုင်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးခါနီးလာကြောင်း၊ ကီလို မီတာ ၈၀၀ ရှိသည့် ၎င်းဓါတ်ငွေ့ပိုက်လိုင်း စတင်ချကတည်းက ဒေသခံလူထုနှင့်လူ့အဖွဲ့အစည်းအသီးသီးတို့မှ အစဉ်အဆက် ကန့်ကွက်လာခဲ့ကြကြောင်း ၎င်းကပြောပါသည်။

"ပိုက်လိုင်းစ ချကတည်းက ခုချိန်ထိ ကျနော်တို့ဒေသခံလူထုနဲ့ တောင်သူလယ်သမားတွေကို ပိုက်လိုင်းရဲ့ အန္တရယ် နဲ့ ဆိုးကျိုးက ဘာတွေရှိနိုင်မလဲ။ ဘယ်လိုအသိပညာမျိုးနဲ့ ကာကွယ်သွားရမလဲဆိုတာ လာဟောပြောတာ ဗဟုသုတလာပေးတာလဲ တခါမှမရှိ ဘူး။  ပိုက်လိုင်းကြောင့် ကျနော်တို့ ဘာကောင်းကျိုးမှ မခံစားရသေးဘူးဗျ။ လျော်ကြေးငွေဆိုတာကလဲ တရားမျှ တမှုမရှိတဲ့ ပမာဏ နဲ့ပေးတယ်။  ခြံပိုင်ရှင်တွေရဲ့ဆန္ဒကို အရေးတယူမေးတာမြန်းတာလဲမရှိဘူး။ ၂၀၁၃ မေလ ဆိုတာ မကြာခင်ရောက် တော့မှာ။ ဂက်စ်တွေ ရေနံတွေ ကုဗသန်းထောင်ချီပို့လွှတ် တော့မယ်။ သူတို့ သွယ်ထားတဲ့ပိုက်လိုင်းက လက်လွတ်စပယ်။ မတော်လို့ ဓါတ်ငွေ့တွေစိမ့်ထွက်မယ် ယိုမယ် ပေါက်ကွဲမယ်ဆိုရင် ဘယ်သူဘဲနစ်နာမလဲ။ အဲဒီအတွက် အလွန်အမင်းစိုးရိမ် နေကြတယ်ခင်ဗျ" - ဟု နမ့်ခမ်း မြို့နေ လယ်သမား တဦးကလည်းပြောသည်။

"ဒါကြောင့် မြောက်ပိုင်းသျှမ်းလယ်သမားများကော်မီတီက  ဒီပိုက်လိုင်း စီမံကိန်းကို အပြင်းအထန် ဆန့်ကျင်ပါတယ်။ ပိုက်လိုင်း ဟာဆိုရင် ကျွန်ုပ်တို့ရဲ့  ဘဝလုံခြုံရေး၊ လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ခြိမ်းခြောက်နေပြီး တရုတ်နဲ့ မြန်မာ အစိုးရ တို့ကိုဘဲ အကျိုးပြုတာပါ။ နိုင်ငံတော် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ဒေသခံတွေအတွက်တော့ တည်မြဲ တဲ့ အကျိုးကျေးဇူးတော့ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်  လူ့အ ဖွဲ့အစည်း ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဒီပိုက် လိုင်းသွယ် တန်းမှု ချက်ချင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်"- ဟုလည်း ပြောဆိုလိုက်ပါသည်။

အဆိုပါရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် ၆ မြို့နယ်ရှိ လယ်မြေ ဧက ၂၀၀၀ ကျော် ၊ သစ်တောနှင့်လယ်ယာမြေတို့ကို ဖြတ်သန်းသွားသဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ထိုလမ်း ကြောင်း တလျှောက် လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေ အများအပြား မြေတူးစက်ဖြင့် ထိုးဖျက်ခံရပြီး မြေများစုပုံခြင်း၊ ရေလမ်း ကြောင်းများ ပိတ်ဆို့ခြင်းကြောင့် ပိုက်လိုင်းသတ်မှတ်နယ်မြေ ပေ ၁၀၀ ကိုကျော်၍ ပတ်ဝန်းကျင်အနီးရှိ သီးနှံခြံမြေများ ပျက်စီး ကြရသည် ဟု လယ်သမားများကပြောပါသည်။

ရွှေဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ် ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ မြန်မာအစိုးရမှ တရုတ်ပြည်သို့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ ရောင်းဝယ်မှု အတွက် အမေရိကန်ဒေါ်လာ၂၉ ဘီလီယံရရှိမည်ဖြစ်သည်။

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] Excellent Career Opportunities for Bloggers in...

Posted: 07 Apr 2013 07:19 AM PDT

[Information & Technology Network] Google for Business ကနေ လုပ်ငန်း email အတွက် own...

Posted: 07 Apr 2013 06:31 AM PDT

[Information & Technology Network] အသစ်တစ်ခုလောက်မေးချင်တာ...

Posted: 07 Apr 2013 06:18 AM PDT

[Information & Technology Network] ကျနော့် လွှင့်ထားတဲ့ CPE ဘူးက...နေ့ ဆို...

Posted: 07 Apr 2013 06:06 AM PDT

[Information & Technology Network] dj mixer professional pro လိုချင်လို့ ရှာနေတာ...

Posted: 07 Apr 2013 04:50 AM PDT

[Information & Technology Network] facebook ကလာတဲ့ mail တွေကို...

Posted: 07 Apr 2013 04:48 AM PDT

[Information & Technology Network] ကျွန်မက ခုမှအသစ်ဝင်လာတဲ. member တစ်ယောက်ပါ။

Posted: 07 Apr 2013 02:02 AM PDT

[Information & Technology Network] movie maker software...

Posted: 07 Apr 2013 02:02 AM PDT

[Information & Technology Network] I have ADSL MPT internet connection and I can use...

Posted: 06 Apr 2013 10:59 PM PDT

[Information & Technology Network] Flash Drive ကို PC မှာထိုးလိုက်ရင် Drive အောက်မှာ...

Posted: 06 Apr 2013 10:02 PM PDT

[Information & Technology Network] ကွန်ပြူတာ တစ်ခုမှာ administrator ထိန်းချုပ်ထားတဲ့...

Posted: 06 Apr 2013 09:52 PM PDT

[Information & Technology Network] Android Phone/Tablet တွေအတွက် တခြား Text Smiley...

Posted: 06 Apr 2013 09:43 PM PDT

[Information & Technology Network] ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးပါအုံးခင်ဗျာ ........

Posted: 06 Apr 2013 09:24 PM PDT

[Information & Technology Network] အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော...

Posted: 06 Apr 2013 09:18 PM PDT

[Information & Technology Network] internet download manager full version...

Posted: 06 Apr 2013 09:08 PM PDT

[Information & Technology Network] အင်တာနက်ဆိုင်က ဝိုင်ဖိုင်ဝယ်ပြီး...

Posted: 06 Apr 2013 07:43 PM PDT

[Information & Technology Network] New photo

Posted: 06 Apr 2013 07:41 PM PDT

[Information & Technology Network] Ruckus, ZoneFlex 7726 Access Point (Outdoor) ကို...

Posted: 06 Apr 2013 07:20 PM PDT

[Information & Technology Network] Web Cam ဆော့ဝဲလေးတင်ပေးပါလို့ တောင်းဆိုလို့...

Posted: 06 Apr 2013 06:41 PM PDT

[Information & Technology Network] Face Blogger: How to watch movies online (6 websites)

Posted: 06 Apr 2013 01:34 PM PDT

[Information & Technology Network] New Video

Posted: 06 Apr 2013 09:43 AM PDT

[Information & Technology Network] သင်ခန်းစာ အစအဆုံးကို...

Posted: 06 Apr 2013 09:43 AM PDT

[Information & Technology Network] facebook ကဘာလို့အပြာရောင်သုံးတာလဲ ?

Posted: 06 Apr 2013 09:28 AM PDT