[mrsorcerer:37843] Fwd: [လူဗိုလ်ဟူသည် ...] ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/8
Subject: [လူဗိုလ်ဟူသည် ...] ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း
To: lubo601@gmail.com



  • ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း  ********************      ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကော ခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၉' ၃
    ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကော ခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၉' ၃"၊ အ၀န်း ၆၀' ၉"၊ အထူ ၂' ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇'၊ အကျယ် ၈' ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

    မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။
    ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

    ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ' အပိန္နသော်' သို့မဟုတ် ' ဓမ္မစေတီ' ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။

    အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

    အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

    ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ' အပိန္နသော်' ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

    ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

    စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီးကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

    သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/09/2013 12:57:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37840] Fwd: [လူဗိုလ်ဟူသည် ...] “ဆော်လမွန်ငါးတို့အပြန်”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/8
Subject: [လူဗိုလ်ဟူသည် ...] "ဆော်လမွန်ငါးတို့အပြန်"
To: lubo601@gmail.com


by Soe Min (Notes) on Monday, April 8, 2013 at 12:14pm

          အလုပ်သင်ဆရာဝန်ဆင်းတုန်းတန်းလန်းမှာ ကိုယ့်အပေါ်တန်းက အလုပ်ဝင်တဲ့သူတွေကိုအစိုးရ၀န်ထမ်းအဖြစ် မ၀င်မနေရ သုံးနှစ်လုပ်ပေးရမယ် ဆိုတဲ့ ဥပဒေထွက်လာပါတယ်။ မလောက်ငှတဲ့လစာ၊ မမျှတတဲ့ နေရာချထားမှု၊ မရေရာတဲ့ဘ၀ရှေ့ရေးတွေကြောင့် အလုပ်ထဲကဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ကုန်တာကိုး။ ရန်ကုန် မန္တလေးမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးများမှာတောင် လုံလောက်တဲ့လက်ထောက်ဆရာဝန်အင်အား မရှိတာကြောင့် သည်လိုမှ မလုပ်ရင် မရတော့ဘူး လို့ တွေးမိပေမယ့်ကိုယ်လို မအတဲ့သူတွေကတော့ ငါးရံ့ပြာလူးဖြစ်ကုန်ပါတယ်။ အရေးအခင်းဖြစ် ကျောင်းတွေပိတ်လို့အမ်ဘီဘီအက်စ်ကလေးတောင် ဆယ်နှစ်ဆယ်မိုးတက်ယူလာရတာ နောက်ထပ်အလုပ်ထဲ သုံးနှစ်ဝင်လုပ်ရဦးမယ် ဆိုတော့ ဟိုဘက်မှာ ရယ်ဂျစ်စထရာတွေ၊ ကွန်ဆားတန့်တွေ အဖြစ်နောက်ကျကုန်မှာပေါ့တဲ့။
မိဘများကိုယ်တိုင်ကမြန်မာပြည်က ထိပ်ထိပ်ကျဲ ပါရဂူဆရာကြီးများဆိုတော့ မျိုးစေ့လည်းမှန် ပင်လည်းသန်ပြီးဟောက်ဆာဂျင်ဘ၀မှာကတည်းက ဘွဲ့လွန်သင်တန်းသားတွေထက်ကို သာပါပေတယ်ဆိုတဲ့ ဂျီးနီးယပ်စ်ကြီးတွေအတန်းထဲမှာ အများကြီးရှိပါတယ်။ တော်သမှ ကိုယ့်မြန်မာပြည်နဲ့ မတန်တဆကို တော်နေတာ။ နပိုလီယန်ကြီးစစ်ပွဲတိုင်းအောင်သလိုပဲ ဖြေသမျှစာမေးပွဲတိုင်း ထိပ်ကဆောင် ခေါင်ကချီလာခဲ့ကြတာ။
           အဲဒီဥပဒေအသစ်ဟာသူတို့အတွက် မြင်းကောင်းခွာလိပ်ဖြစ်စေတယ်။ ဒါကြောင့် ဘယ်လိုမှ လက်ခံသဘောတူခြင်း မရှိတဲ့အကြောင်းကျောင်းသားအားလုံး လက်မှတ်ထိုးပြီး ဆန္ဒဖော်ထုတ်ကြဖို့ စီစဉ်တယ်။ "မင်းကအမြဲ အစိုးရကိုကဏ္ဍကောစ လုပ်နေကျအကောင်ဆိုတော့ လာခဲ့ ပါလှည့်" လို့ ဆိုတယ်။ " အလိုဗျာ။ ငါက အဲဒီဥပဒေထွက်မလာလည်း အစိုးရအလုပ်ထဲကို ၀င်ကိုဝင်မှာ။" လို့ ဆိုတော့ "လောကကြီး သည်လိုအူကြောင်ကျားတွေလည်းရှိသေးသကိုး။" ဆိုတဲ့အကြည့်နဲ့ "မင်းသိပ်ထင်မနေနဲ့။ ငါတို့က လူကြီးတွေအကြောင်း မင်းတို့ထက်ပိုသိတယ်။ အခုဟာက သူတို့ဆီမှာ လူမရှိလို့ နသားပါယား ဥပဒေထုတ်ပြီး အတင်းဝင်ခိုင်းနေတာ။နောင် လေးငါးဆယ်နှစ် သူတို့လိုချင်တဲ့ အရေအတွက်ရရင် အရင်လိုပဲ ပီအက်စ်စီပြန်ဖြေ။ မနေချင်သွားကြ။ဂျောင်း။ ဖြစ်ကုန်မှာ" တဲ့။ မြေကြီးလက်နဲ့ပုတ်တာကမှ လွဲချင်လွဲဦးမယ်။ သူတို့စကား ဆံခြည်တစ်မျှင်တောင်မလွဲတာအမှန်။ နောက်ဆုံးတော့ အလိုမတူပဲ အတင်းအကြပ် အိမ်ကိုအလုပ်ခန့်စာပို့မှာ စိုးတဲ့အတွက်အလုပ်သင်ဆရာဝန်တောင် ပြီးအောင် ဆက်မဆင်းကြတော့ဘူး။ သူများရွှေ့မယ့် အကွက်ကိုတောင် တစ်ကွက်ကျော်မြင်နိုင်ကြတယ်။
            ကိုယ်ကလား။သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတော့ ဖားတုလို့ ခရုလိုက်မခုန်နိုင်ပါဘူး။ အလုပ်ဝင်ဖို့ခေါ်ခေါ်ချင်းနန့်နန့်တက်ပြီးကို ၀င်ဖြေပလိုက်တာ။ ၁၉၉၅ ဒီဇင်ဘာ (၂၆)ရက်နေ့မှာ လက်ထောက်ဆရာဝန်အဖြစ်နဲ့တွင်းနက်ကြီးထဲ စိတ်လိုလက်ရ ခုန်ချခဲ့တယ်။ လစာငွေ ၁၅၇၅ကျပ်ဆိုတာ အတန်းထဲက တချို့ကောင်မလေးတွေပြောမယ်ဆိုရင် ဖိနပ်တစ်ရံစာ မရှိဘူး လို့ ဆိုချင်ဆိုနိုင်တယ်။ ဖိနပ်နဲ့နှိုင်းတော်သေးတာပေါ့ဗျာ။အခုဘက်ဆဲလာစာရင်းဝင် စာရေးသူဘဘကြီးတစ်ယောက်ရဲ့ သမီးတော်ကလေး အောက်ခံဘောင်းဘီဝယ်တာ အဲဒီအချိန်တုန်းကတစ်ထည်ကို ၇၅၀ တောင်ပေးရတယ် လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်က ပြန်ကြားတဲ့အခါ "ငါ့လခနဲ့သူ့ဆင်ရရင် နှစ်ထည်လောက်တော့ လှည့်ဝတ်နိုင်မှာပေါ့။" လို့ ကိုယ့်ဘာသာ အားတင်းယူရတယ်။လူပျိုလူလွတ် ကိုယ့်တစ်ယောက်တည်းရဲ့ ထမင်းစားရိတ်မပါ အသေးသုံးစားရိတ်ကို ကိုယ့်လခနဲ့လောက်ငှအောင် မစီမံနိုင်တဲ့အတွက် လခထုတ်ရင် အမေကိုတစ်ပြားမကျန်အပ်တယ် လို့ နံမယ်ကောင်းယူပြီးလိုသလောက်ကို အမေ့ဆီက ပြန်တောင်းသုံးတယ်။
          ကိုယ်တို့ငါးစိမ်းကလေးတွေဝင်လာတဲ့အခါ နဂိုတုန်းက မရှိသုံးသုံးထားတဲ့ ဆေးရုံသက်တမ်း ခြောက်နှစ်ကြာ ငါးကင်ကြီးများကိုအော်ဒါတစ်စောင်တည်းနဲ့ လေပွေမွှေ့လွှတ်လိုက်တယ်။ အပျံစားအလန်စား မမလေးများကို ဘူးသီးတောင်၊ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း စသည်ဖြင့် မြေပုံပေါ်မှာ မနည်းရှာရတဲ့နေရာတွေကို ပို့လိုက်တဲ့အခါအကုန်လုံး စာကလေး အမွှေးနှုတ် ဗြုတ် ဖြစ်သွားတယ်။ သူများတွေရောက်သွားတာ ပျော်နေလို့ ရမလား။ကိုယ်လည်းတစ်နေ့ အဲဒီနေရာရောက်မှာ သိပြီးသား။ အလွန်ဆုံး ရန်ကုန်ထား နှစ်နှစ်ပေါ့။ အိမ်ကထမင်းဘူးလေးသယ်ပြီးလက်ဖြန့်တောင်းသုံးနေရတဲ့ဘ၀က နယ်ကို မထွက်ရဲတာကြောင့် ၀ါသနာလည်း ပါရင်းစွဲ သင်ကြားရေးဘက်ကိုလျှောက်ယူလိုက်တယ်။ လက်မတင်လေးပါပဲ။ ကိုယ်ရောက်ပြီး တစ်လလောက်အကြာမှာ ရုံခါပြန်တယ်။ဗေဒင်မမေးနဲ့။ ထွက်ကုန်ပြန်ရော။
          ဆရာဝန်တွေဆိုတာစစ်သားတွေလို မဟုတ်ဘူး။ တောစော်နံရင် ပြန်တယ်။ တောင်ရိပ်အေးရင် ပြေးတယ်။ စားဝတ်နေရေး၊လုံခြုံရေး၊ ဘာတစ်ခုမှ အာမခံချက်မရှိတဲ့အရပ်မှာ နေတဲ့အစားမျိုး မဟုတ်ဘူး။ ဒါကြောင့်နယ်ပြောင်းတဲ့အမိန့်စာတွေ ထွက်တိုင်းထွက်တိုင်း၊ အလုပ်ထွက်တဲ့ဆရာဝန်တွေ ဘယ်နှစ်ယောက်တောင်ရှိမလဲ မမှန်းနိုင်ဘူး။ အပိုပြောတာ မဟုတ်ဘူးဗျ။ မနှစ်ကတုန်းက နေပူတော်မှာ လူကြီးနဲ့တွေ့ဖို့ထိုင်စောင့်နေရတဲ့အခန်းထဲမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိလု တောင်ပုံရာပုံ ပုံထားတဲ့ဆာလာအိတ်ကြီးတွေပေါ်မှာ ဘာစာရေးထားတယ်ထင်သလဲ။ Dismissed တဲ့။
           သူတို့တတွေအလုပ်ထွက်ကုန်တာ အလွန်လို့ မဆိုနိုင်ဘူး။ ကိုယ်ကိုယ်တိုင် နယ်ထွက်ဖူးတဲ့အခါ ကိုယ်တွေ့ခံစားရတယ်။နေရေးထိုင်ရေး စီစဉ်ပေးပါ့မယ် လို့ ဘယ်သူကမှ မပြောဘူး။ အထူးကုဆရာဝန်ဖြစ်မှ နယ်ထွက်တာတောင်ဆေးရုံက အလုပ်သမားတန်းလျားမှာ အစုတ်ဆုံးအခန်းမှာနေရတယ်။ နောက်ဆုံးမှ ရောက်တဲ့သူဆိုတာထုံးစံပဲ။ အိမ်သာထဲလောင်းဖို့ ရေပုံးရေခွက်ကအစ ထွက်ဝယ်ရတယ်။ အရင်လူက မထားခဲ့တာ မဟုတ်ဘူး။သူထွက်တာနဲ့ အိမ်ခံအလုပ်သမားတွေ အမွေခွဲယူကြတာ မီးဖိုတင်ဖို့ ထင်းရူးသေတ္တာ အစုတ်တောင်မချန်ဘူး။ ထမင်း ဟင်းချက်ဖို့၊ ဆေးဖို့ကြောဖို့ ကိုယ့်ဖာကိုယ် ရေထွက်ခပ်ရတယ်။ ဒီအရသာမျိုးကအသစ်ရောက်တဲ့သူတိုင်း ခံစားရတာ။ အစပါပဲ။ နောက်တော့ ကိုယ်က ဆရာကြီးဖြစ်လာတဲ့အခါ ပြန်ရိုက်ပေါ့။နယ်ရောက်သွားလို့ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဆရာဝန်ဆိုတာ အမ်းလိုနေရာမျိုးမှာတောင် မရှိပါဘူး။
         ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ကိုယ်နဲ့အတူတူတွဲ အလုပ်လုပ်တဲ့သူထဲမှာ စိတ်ချင်းသဘောချင်း မတိုက်ဆိုင်တဲ့သူ၊ ကိုယ့်အပေါ်မကြံအပ်မစည်ရာ ကြံစည်မယ့်သူဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူး။ ကိုယ့်အချင်းချင်း မဟုတ်ရင်တောင်လက်အောက်ငယ်သား၊ ဆရာမ အလုပ်သမားများနဲ့ ဖြစ်ချင်ဖြစ်မယ်။ အထက်လူကြီးနဲ့ ဖြစ်ချင်ဖြစ်မယ်။အခန့်မသင့်တဲ့အခါ မြို့ခံလူနာတွေနဲ့တောင် ဖြစ်ချင်ဖြစ်တယ်။ ဒီဟာတွေနဲ့ အဆင်မပြေခြင်းဟာလည်းဆရာဝန်တွေကို အလုပ်ထွက်ဖြစ်စေတဲ့ အကြောင်းတရား ပစ္စယော ပစ္စနိဿယတွေထဲမှာ ပါပြန်တယ်။ အခုခေတ်အခါမှာတော့ဂျာနယ်လစ္စ ပစ္စယောတစ်ပါး ထပ်တိုးလို့လာပြန်ရော။ ဆရာဝန်တွေ အလုပ်ထုတ်ခံရတဲ့အခါ တခြားဝန်ထမ်းတွေနဲ့မတူတာကဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းပြီးတော့ ပြည်ပထွက်ခွင့် ပညာရေးကင်းရှင်းကြောင်းထုတ်မပေးတော့ဘူး။ ဒီ့ထက်ဆိုးတာက လေဆိပ်မှာ ဓါတ်ပုံနှင့်တကွ ရာဇ၀တ်သားများလို ဘလက်လစ်စ်ထုတ်တယ်။ဦးခွန်ဆာနဲ့ လော်စစ်ဟန်က တံခါးတွေ ဓါးတွေ မရှိသော်ငြား ကိုကိုဒေါက်တာ၊ မမဒေါက်တာများကတော့ခြေလည်းမကျူးနဲ့ ဒူးလည်းမကျော်နဲ့။ သည်လိုမျိုး လာစမ်းလို့တော့ မရပါဘူး။ ဘင်္ဂါလီတွေ ဥဒဟိုသွားလာနေတဲ့ခေတ်မှာဆရာဝန်ကြံ ထရံတောင် တုတ်ခနောင်း ဖြစ်လို့ရတယ်။ စိုးမင်း ကို မင်းစိုး လို့ ပြင်ပြီး၉တန်းအောင်နဲ့ စာအုပ်အသစ်လုပ်၊ ကွန်ပြူတာဖျောက်ခလေး ပေးလိုက်ရင် မျက်ခွံတောင်လှန်အကြည့်မခံရဘူး။ရယ်စရာကောင်းလိုက်ပုံများ  ဘူတန်က လုပ်သက်ခွင့်ကုန်လို့ပြန်အထွက်မှာ ကိုယ်နဲ့သိတဲ့ ကိုးတန်းအောင်ကြီးက ရှေ့ကရှောကနဲဝင်သွားပြီး စာအုပ်အစိမ်းစစ်စစ်နဲ့ဝန်ကြီးဌာနအမိန့်စာကြီးကိုင်ထားတဲ့ ကိုယ့်ကို ခါတိုင်းဘယ်တုန်းကမှ မတောင်းတဲ့ ၀န်ကြီးဌာနထောက်ခံစာဆိုတာကြီးကိုနေပြည်တော်ပြန်ယူခိုင်းလို့ လေယာဉ်ပေါ် မတက်လိုက်ရဘူး။ ပြီးတော့ လူလယ်ခေါင် သူခိုးဟောက်သလိုဟောက်တယ်ဗျ။"ခင်ဗျားတို့ဆရာဝန်တွေပဲ နိုင်ငံခြားထွက်ထွက်သွားပြီး ပြန်မလာကြတာ။" တဲ့။ ပလာချီကြီးဗျ။
          ဒီတစ်ခါတော့နိုင်ငံခြားထွက်ထွက်ပြီး ပြန်မလာတဲ့ ဆရာဝန်ဆိုတဲ့ကိစ္စ ရှင်းကြတာပလေ။ ဆရာဝန်ဘ၀ရဲ့အသက်ဟာနောက်ထပ် ဘွဲ့လွန်တွေထပ်တက်ဖို့ အခွင့်အလမ်း၊ ပြည်ပနိုင်ငံတွေမှာ လေ့ကျင့်ဆည်းပူးဖို့ဆိုပါတော့။ ဒါပေမယ့် သူတို့ဆီက ဘွဲ့တစ်ခုကို ကိုယ့်ဆီမှာလို လွယ်လွယ်နဲ့ မပေးလိုက်ချင်ဘူး။အတွေ့အကြုံရအောင် လေ့ကျင့်တယ်ဆိုပြီး ထိုက်သင့်သလောက်တော့ ခိုင်းစားလိုက်ချင်သေးတာ။ခက်တာက ကိုယ့်နိုင်ငံထဲမှာ လေ့ကျင့်သင်ကြားထားတဲ့ သက်တမ်းကို သူတို့တွေက စိတ်ချလောက်တဲ့လုပ်ငန်းအတွေ့အကြုံအဖြစ် မယူဆဘူး။ ဒါကြောင့် မေ့ဆေးပညာလို ဘွဲ့လွန်မျိုးရဖို့ဆိုတာငါးနှစ်လောက် သူတို့ဆီမှာ အလုပ်လုပ်ရတယ်။ အစိုးရ၀န်ထမ်းသက်တမ်းကမှ အနှစ်၃၀  ပဲ ရှိတာ။ ငါးနှစ်ကြီးများတောင် အလုပ်လည်းမလုပ်ပဲလခပေးထားရမယ်ဆိုတော့ နိုင်ငံတော်က ခွင့်မပြုနိုင်ဘူး။ ဒါကြောင့် ဘယ်ဆရာဝန်ကိုမှ ဌာနကင်းကွာ၂နှစ်ထက်ပို မပေးတော့ဘူး။ အဲဒီတော့ သူတို့သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားအတွင်းမှာ(အဲဒါကလည်း တော်တော်တိုတယ်) ကိစ္စမပြတ်နိုင်တဲ့ ဆရာဝန် မှန်သမျှဟာ အလိုလိုနေရင်း အလုပ်ထုတ်ခံရတဲ့ဘ၀ကိုရောက်ကုန်တယ်။ ခက်တာက သူတို့ကသာ နင်တို့ကို ဒီတိုင်းပြည်က အလုပ်ထုတ်ပလိုက်ပြီ။ အလုပ်ထုတ်ပလိုက်ပြီပြောနေတာ။ ဟိုမှာ အလုပ်ဝင်လုပ်ရင် အဆတစ်ရာလောက်သာတဲ့လစာ၊ လူနေမှုအဆင့်အတန်း၊ အာမခံချက်၊ဘာမဆို လိုလေသေးမရှိ ပြည့်စုံတယ်။ နိုင်ငံခြားက ပြန်မလာလို့ အလုပ်ထုတ်ခံရတဲ့ဆရာဝန်တွေထဲမှာမျက်ရည်စက်လက်တော့ တစ်ယောက်မှမပါဘူး။ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ပဋိရူပဒေသ၀ါသောစ မင်္ဂလာဆိုတာလည်း လိုတာပဲ မဟုတ်လား။ ပြန်လာရင် အသိပဲလို့ မောင်းတင်နေတဲ့ သူကြီးတွေကိုအသေ၀နာစ ဗာလနံ နဲ့ နှုတ်ဆက်လိုက်တာပေါ့။
         ဒီပြဿနာမျိုးကကိုယ့်ဆီမှာမှ ရှိနေတာ မဟုတ်ပါဘူး။ တရုတ်မှာလည်း ရှိတယ်။ အိန္ဒိယမှာလည်း ရှိတယ်။ ဘူတန်မှာလည်းရှိတာပဲ။ ဒါပေမယ့် မော်စီတုံးကြီးက "အပင်ဘယ်လောက်မြင့်မြင့် အရွက်ကြွေတဲ့အခါ ပင်ခြေအမြစ်ကိုပြန်လာရစမြဲပဲ" လို့ လက်ဆန့်ပြီး ပြန်ခေါ်လိုက်တဲ့အခါကျတော့ ကမ္ဘာအနှံ့အပြားက တရုတ်ပညာတတ်အများအပြားပြည်မကြီး ပြန်လာပြီး တိုင်းပြည်အတွက် အလုပ်အကျွေးပြုကြတဲ့အတွက် ကမ္ဘာကျော် မှတ်တမ်းဝင်စကားတစ်ခွန်းဖြစ်သွားတယ်။ ကိုယ်တို့ဆီက ပြည်ပရောက်နေတဲ့ ဆရာဝန်တွေကိုလည်း သည်စကားမျိုးပဲသုံးပြီး ပြန်ခေါ်ကြမလား။ စမ်းကြည့်ရအောင်လေ။
          ပန်းစိုက်တဲ့ဘဘကြီးလက်ထက်မှာ ဂျပန်နိုင်ငံက နှလုံးသွေးကြောခွဲစိတ်အဖွဲ့ကြီးနဲ့အတူ
မြန်မာနိုင်ငံသားလူငယ်ဆရာဝန်ကလေးတစ်ယောက်လည်း ပါလာသတဲ့။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆေးကုခွင့်ရတယ်ဆိုတာ ဘယ်လောက် ပီတိဖြစ်စရာ ကောင်းသလဲ ကိုယ်တိုင်ကြုံဖူးတော့ သိလိမ့်မဗျ။ဒီလို လူငယ်မျိုးဆက်ကလေးတွေ ကိုယ့်ဆီမှာ ရှိတော့ မကောင်းပါလားဗျာ။ အမျှော်အမြင်ကြီးတဲ့ပန်းချစ်သူကြီးက မော်စီတုံးကြီးလို ရင်ဖွင့်လက်ကမ်းပေးလိုက်တဲ့အခါ ဟိုကလည်း ၀မ်းသာအားရမယားကတသွယ်၊ မိသားစုပါ ခေါ်ပြီး ပြန်လာတာပေါ့။ ဒါပေသိ ကမ္ဘာ နဲ့ မြန်မာက တော်တော် အဟပ်ကွာသွားခဲ့ပြီ။သူခွဲစိတ်ကိုင်တွယ်နေတဲ့ စက်ကိရိယာ ပစ္စည်းကြီးက မြန်မာပြည်မှာ ရှိမှ မရှိသေးတာ။ "မင်းဘာနဲ့ ကုမလို့တုန်း" လို့ ဂျပန်ကြီးများက မေးရှာတယ်။ "စက်ကျိုးတော့လည်း လက်ထိုးလှော်ရတာပ"ဆိုတဲ့ ကလေးကို တားမရမှန်းသိတဲ့အခါ လက်ရှိသူတို့သုံးနေတဲ့ စက်ကိရိယာကြီးတစ်ခုလုံးကိုဆရာဝန်လေးနဲ့အတူ မြန်မာပြည်သားများအတွက် လှူလိုက်ပြီး သူတို့ကတော့ စက်အသစ်တစ်လုံး ထပ်ဝယ်လိုက်သတဲ့။သို့သော်လည်း ဆိုရှယ်လစ်စီးပွားရေးစံနစ်က သွင်းကုန်ဥပဒေကြီးက အသက်ဝင်နေဆဲမို့ အဲသလောက်တန်ဖိုးကြီးမားတဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းကြီးကို တင်သွင်းခွင့် မပြုတာမို့ နိုင်ငံတော်ကိုလှူခိုင်းပါတယ်။ မအိုကေပါဘူး။ စစ်အစိုးရအုပ်ချုပ်တဲ့နိုင်ငံတော်ကို စီးပွားရေး ပိတ်ဆို့တားမြစ်ထားတာရှိတဲ့အတွက် သူတို့ဘက်က လှူလို့မရပြန်ဘူး။ နောက်ဆုံးတော့ ဘယ်ရောက်သွားသလဲ သိလား။ မပြောပြဘူး။ကြောက်လို့။ စက်ပစ္စည်းကိရိယာတစ်ခုတည်းက ပြဿနာ မဟုတ်ဘူးဗျ။ တခုတ်တရပင့်လာတဲ့ အဲသည် နတ်နေကိုင်းကလေးကိုဘယ်အပင်မှာ သွားပြီး ကိုင်းကူးကိုင်းဆက် လုပ်ကြမတုန်းဆိုတဲ့ ပြဿနာ ပေါ်လာပြန်တယ်။ ကျောက်ကပ်အစားထိုးရင်အသည်းအစားထိုးရင်တောင်မှ ကိုယ့်ခန္ဓာကိုယ်က မဟုတ်ရင် လက်မခံပဲ တွန်းလှန်တဲ့ ကိုယ်ခံအားစံနစ်ကရှိသေးတာပဲ။ နောက်မှပေါက်တဲ့ ရွှေကြာပင်ကလေးက ကိုယ်တသက်လုံး တန်းစီစောင့်လာတဲ့နေရာ ၀င်လာမှာစိုးတော့မောင့်အဖြေ ဘယ်လိုနေမယ် မေးကြည့်စရာတောင် မလိုပါဘူး။ Rejection တွေ ထိကုန်တာပေါ့ဗျာ။ဒါမျိုးမှာ Immune Suppression ခုခံအားလျော့နည်းစေအောင် မိုးကျရွှေကိုယ်အဖြစ် အခက်တွေအပွင့်တွေ ကာကွယ်ထားတာလည်း မဟုတ်။ ဒါ ဖြစ်တတ်တဲ့ သဘာဝတစ်ခုကို ဥပမာပေးတာပဲ ရှိသေးတယ်။ဒါပေမယ့် အခု ပြည်ပက ပြန်လာမယ့် ဆရာဝန်တွေက အထဲကလူတွေဆီ နေရာလုဖို့ ပြန်လာတာမှ မဟုတ်ပဲ။အပြင်မှာ သူတို့ဘာသာ စားကျက်ရှာမှာပေါ့။
         သူတို့တွေကအင်မတန် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ရေခံမြေခံကောင်းကောင်းမှာ နှစ်ရှည်လများ အလုပ်လုပ်လာကြတာ။အဲဒီက တတ်လာတဲ့ ပညာတွေနဲ့ ကိုယ့်လူမျိုးတွေကို အစွမ်းကုန် ကုသပေးချင်တဲ့ စေတနာရှိတာလည်းပြောစရာ မလိုဘူး။ ဒါပေမယ့် မနေ့က အင်္ဂါလန်မှာရောက်နေတဲ့ သယ်ရင်းကြီးတစ်ယောက်ဆီက မတ်စိတစ်စောင်ရတယ်။"တို့တတွေတော့ ဓါးမနောက်ပိတ်ဘ၀မှာ အများကြီး ပြတ်ကျန်ခဲ့ပါပြီ" တဲ့။ အဲဒီမှာ လက်နဲ့တောင်သိပ်မခွဲတော့ဘူးဆိုပဲ။ ၇၅%လောက်က မှန်ပြောင်းကလေးနဲ့ အပေါက်သေးသေးကလေးဖောက်ပြီး ခွဲနေကြတာ။Laproscopic Surgery ဆိုပဲ။ ခက်လိုက်တာကွယ်။ မှန်တာပြော ချမ်းသာရစီရဲ့။ ကိုယ်တော့အဲသဟာကြီးနဲ့ တစ်ခါဖူးမှ မခွဲဖူးဘူး။ ကိုယ်တို့ဆီမှာဖြင့် ဖင်ခေါင်းထဲချောင်းတဲ့Proctoscope တောင် ဆေးရုံတိုင်း အလွယ်တကူ ရနိုင်တာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက လိပ်ခေါင်းလူနာတွေသားရေကွင်းနဲ့ ပစ်တဲ့သေနတ်ကလေးဆိုတာ အခုသည်မှာ ရှာလို့တောင် မရတော့ဘူး။ အစာအိမ်မှန်ပြောင်းကြည့်ချင်ရင်ကိုယ့်ခွဲခန်းမှာ တစ်ခုမှ မရှိလို့ GI ward က သမားတော်တွေဆီ ရက်ချိန်းယူပြီး ဟောက်ဆာဂျင်နဲ့လွှတ်နေရတယ်။ အဲသဟာကြီးနဲ့မှ ခွဲမယ်ဆိုရင် တစ်နေ့လူနာ ဘယ်နှစ်ယောက်ပြီးမလဲ။ ကိုယ်တို့ဆီမှာwaiting list က နှစ်လစာလောက် ကျန်သေးတယ်။ ဒါတောင် အရေးပေါ်မပါ၊ ခွဲခန်းတစ်ရက်ကို ဆယ်ယောက်လောက်အသာလေး ခွဲနေတာ။ မင့်ဟာကြီးနဲ့ မင်းတို့တတ်ရင် အပြင်ဆေးခန်းမှာပဲ ခွဲကြပါလား။ ဆေးရုံကလူနာတွေက တတ်နိုင်မှာလည်း မဟုတ်ဘူးဗျ။ ဒါက ကိုယ်ချင်းကိုယ်ချင်း ပြောမနာဆိုမနာတွေမို့ချိုချိုချွဲချွဲ ဆိုဆိုဆဲဆဲ ရတယ်။ ပြဿနာ မရှိဘူး။ ဒါပေမယ့် တစိမ်းတွေနဲ့ပြောရင် အဲသည်စကားတွေဘယ်ရောက်မလဲ စဉ်းစားကြည့်။ အထက်မော့တဲ့သူတွေကတော့ အထက်ကိုချည့် မြင်တာပေါ့။ ကိုယ်တွေကအောက်ခြေမှာ အမှိုက်ကျုံးနေရတဲ့သူဆိုတော့ မျက်မွှေးထော်လော် မော် မကြည့်အားဘူး။ မျက်လုံးချင်းဆုံရင်ခုန်ဖို့ မစဉ်းစားနဲ့။
           နိုင်ငံခြားကဆရာဝန်တွေပြည်တော်ပြန်လာဖို့ စည်ရွမ်းတဲ့အခါ မဆီမဆိုင် လက်ပံသား ဓါးနဲ့အချိုင်ခံရပြန်တာက ပြည်တွင်းကဆရာဝန်များဟာသူတို့နဲ့ စားကျက်လုမှာစိုးလို့ မလာစေချင်ကြဘူးဆိုတဲ့ ပေါက်ပန်းဈေးစကားကြီးက စီကနဲထွက်လာတယ်။ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေကြနဲ့ လို့ အပြောခံရတယ်။ ရယ်စရာကြီးဗျ။ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးရမှာ ကိုယ်တွေ မဟုတ်ပါဘူး။ ကိုယ့်ဆီက အခြေအနေမျိုးနဲ့ သူတို့လာအလုပ်လုပ်ဖို့ဘယ်နှစ်ရက်ခံမလဲ ကိုယ်က သိနေတဲ့အတွက်ပါ။ သူတို့ဖာသူတို့ ဆင်ဖြူတော်ကို ပြုတ်တတ်၊ ပေါင်းတတ်၊ချက်တတ်၊ ကြော်တတ်လည်းပဲ ကျုပ်တို့ဆီမှာ အိုးမရှိဘူးဗျ။ ဖုတ်စား ကင်စားတတ်မှ အဆင်ပြေမယ်။ကျွန်တော့်ဆီက အူကျလူနာတွေကို ဦးနေ၀င်းယောက္ခမ ဒေါက်တာဘသန်းကြီးခွဲတဲ့နည်းအတိုင်း သည်ကနေ့အထိခွဲနေတယ်။ ဟိုမှာဆို အဲဒီနည်းကို ကြားတောင် မကြားဖူးကြတော့ဘူး။ ကျွန်တော်တို့ဆီက ဆရာမလေးတွေကအပ်ချည်ချုပ်ကြိုးကလေးတွေကို နဖားထိုးတုန်း။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေပါတယ်။အင်္ဂလန်က ဘင်သံကြီးတွေ လာတီးရင်သာ ကီးတွေ ကြောင်ကုန်မှာ။ ဒီအဟကြီးကို ဆွဲမစိပဲနဲ့ ဟိုကလူတွေကိုဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် လုပ်ခိုင်းမလို့လား။
           နောက်တစ်ခုကတော့ကိုယ်ပြောတဲ့စကားကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်တာပါ။ လူဆိုတာ အလုပ်ထဲမှာ ကြာလေလေကိုယ့်အလုပ်ထဲမှာ ခံရတဲ့ ဒုက္ခကို ပိုသိလေလေပါ။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမြင်ထားပြီးသား။ဝဋ်ရှိလို့ ဆပ်နေရတာ။ ကုသိုလ်နဲ့ ပီတိကလွဲလို့ ဘာအကျိုးအမြတ်မှ မရှိဘူး။ တိုင်းပြည်ကြီးကိုချစ်လွန်းလို့ကုပ်ကပ်ဖက်တွယ်ပြီး နေနေတာ မဟုတ်ဘူး။ တနေ့သောအခါ ရိပ်သိမ်းရနိုးနိုး မျှော်ကိုးပြီးအပင်ပျိုးနေတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အလုပ်အကြောင်း အပြင်ကလူတွေ သိတယ်ဆိုတာ ကိုယ်တို့အိပ်နေသလောက်ရှိတယ်။ မပြောချင်လို့။ ကိုယ်သာ ဘယ်သူမှ မသွားတဲ့နေရာတွေမှာ အမြစ်ရှည်အခြေကျမတတ် လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်ခဲ့တာ။ ရန်ကုန်မှာ အနှစ်နှစ်ဆယ်လောက်နေပြီးပဲခူးလောက်ပြောင်းရလို့ ထွက်စာအလွယ်တကူ ရသွားတဲ့သူတွေလည်း ရှိတာပဲ။ ဘယ်ကိုမှ မထွက်ရပဲနိုင်ငံခြားပညာသင်ခရီးတွေ "သူ့ချည်းသာလော၊ လမ်းစားရိတ်နဲ့ပါဖျာ့" ဆိုတာတွေလည်း  မြင်ဖူးပေါင်းများလှပြီ။ သူတို့လည်း အလုပ်ထွက်ကြတာပဲ။ယူအန်မှာ အလုပ်ရရင်။ အားလုံးကို မုဒိတာ ပွားနိုင်တယ်။ ဘယ်သူ့ကိုမှ မနာလို မရှိဘူး။သူ့အကြောင်းနဲ့သူ။
           ပြောခဲ့ပြီးသား။ဘယ်သူကျေးဇူးတင်ခံချင်လို့ အသိအမှတ်ပြု ခံချင်လို့မှ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်တာ။ဒါပေမယ့် ကိုယ်ကျင့်တရားကလွဲပြီး ဘာမှ မရှိတဲ့သူတွေမှာ သူများတွေထက်ကြီးတာ တစ်ခုရှိတယ်။အဲဒါ မရှိမာနပဲ။ ကိုယ့်ဟာကိုယ် အားတင်းထားရတာ။ သူများလာထိခိုက်လို့ မခံဘူး။ "ပိုက်ဆံလိုချင်ဆရာဝန်မလုပ်နဲ့"  ဆိုတဲ့စကားဟာ ကျောင်းပြီးဘာလုပ်ရမလဲလာမေးတဲ့ အငယ်တွေကို အမြဲ ပြောနေကျစကားပါ။ ကိုယ်လိုချင်ရာလမ်းကို ရွေးချယ်နိုင်ဖို့အဆိုးအကောင်း အကျိုးအကြောင်းရှင်းပြပြီး ပြောတဲ့စကား။ ကိုယ့်စကားနဲ့ကိုယ် ပြန်အပြောခံရတဲ့အခါကျတော့စကားကတော့သည်စကားပဲ အဓိပ္ပါယ်က ပြောင်းသွားတယ်။ ပြောတဲ့သူက ကိုယ့်အမေဆိုတော့ သူ့စိတ်ကိုသိတဲ့အတွက် သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကို ကိုယ့်ဘာသာ ဖြည့်တွေးလိုက်ရတယ်။ နားဝင်တော့မချိုလှဘူး။ လောလောဆယ် ဆေးရုံကြီးမှာ ဆရာဝန်လုပ်နေပြီး လူနာဆီက တောင်းစား မျှော်စားမယ့်သူဆိုတာမမြင်မိသေးဘူး။ (အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိဘူး။) သူပြောတဲ့စကားကို ပိုက်ဆံနောက်တကောက်ကောက်လိုက်နေတဲ့ ဆရာဝန်တွေက နားစိုက်တာ မဟုတ်ဘူး။ ဘတ်စကားစပယ်ယာလခနဲ့ ကိုယ်ကအသားလွတ်ကြီး အပြောခံလိုက်ရတာ။ နောက်တစ်ခါ လာပြန်ရော။ ကိုယ့်ငုတ်တုတ်ကြီးရှေ့ထားပြီးအဝေးကလူဆီ "အမေ့ကို ကူကြပါဦး သားတို့ရယ်။" ဆိုတော့ ထမ်းလာတဲ့အထုပ်ကြီး ဘုန်းကနဲ ပစ်ချလိုက်ချင်လာတယ်။
          ဒီအခါမှာကိုယ်က သားအမိလို သဘောထားတဲ့အတွက် စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ဂျစ်တိုက်တာပဲ။စိတ်ဆိုးလို့ရယ် မဟုတ်။ မိသားစုဆိုတာ စိတ်ဆိုးလို့ ပြတ်ရတာ မဟုတ်ဘူး။ သူများကိုလည်းလိုက် တိုက်ခိုက်ပုတ်ခတ်နေဖို့ အာရုံမရှိဘူး။ အချိန်လည်း မရဘူး။ ဒါပေသိ သားအမိစကားကတော့ပြောဦးမှ ဖြစ်မှာပါလေ။ သည်စကားပြောတာတော့ သားမောင်ရင်ထဲ အောင့်လှချည်ရဲ့။ အမေ့ဘာအမေချော့ချင်ချော့ မချော့ချင်နေ။ ပြောတော့ ပြောမှာပဲ။ ဒီအခါမှာ အမေကလည်း မိခင်မေတ္တာနဲ့မို့သူပြောချင်တဲ့စကားတွေ ရှိမှာပေါ့။ ဆုံးမသွန်သင်စရာတွေလည်း ရှိမှာပေါ့။ အဲသလို ဆက်ဆံရေးကသာအပြန်အလှန် နှစ်လမ်းသွားတဲ့ ဆက်ဆံရေး အစစ်ဖြစ်ပါတယ်။ တကယ်လို့များ အမေ့နားမှာ ဟုတ်ကဲ့တစ်ရာအင်းပါတစ်သိန်းနဲ့ ဘယ်သူကမှ ခွန်းတုံ့မလှန် သြဇာခံလာတဲ့တစ်နေ့မှာ ကိုယ့်အမေတော့ ဒုက္ခကြီးစွာရောက်ရတော့မှာဗျ။ အဲဒါ "Yes Intoxication" လို့ ခေါ်ရမလား မသိဘူး။ လူဆိုတာ စိတ်တစ်ခုယုတ်ကိုးဆယ်အမေရဲ့။ လူတစ်ယောက်တည်းတောင် စိတ်က အခုတစ်မျိုး တော်ကြာတစ်မျိုးရယ်။ လူသန်းခြောက်ဆယ်စလုံးအမေ့စိတ်တစ်ခုတည်းနဲ့ ပြားပြားဝပ် တစ်သွေးတစ်သံတစ်မိန့် ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။အမေကြားတဲ့ ဟုတ်ကဲ့တစ်သိန်းဟာ ဘယ်နည်းနဲ့မှ တစ်သိန်းသောဟုတ်ကဲ့ ဖြစ်မှာ မဟုတ်ဘူး။ ဟုတ်ကဲ့လို့အသံထွက်လိုက်ရတဲ့ ဟင့်အင်းတွေ ကြာလေကြာလေ များလာလိမ့်မယ်။ အဲသလိုဆိုရင် အမေဟာ အမှန်တရားနဲ့တဖြေးဖြေး ဝေးကွာပြီး အမေကိုယ်တိုင် တစ်သက်လုံးဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ အာဏာရှင်ကြီးအဖြစ်ကိုရောက်မှန်းမသိ ရောက်သွားလိမ့်မယ်။ ဒါကြောင့် အမေ့နားကလူတွေကို ဟုတ်ကဲ့မဟုတ်ရင် ကြိမ်းလားမောင်းလားလုပ်တာ လျှော့ခိုင်းပါဦး အမေရယ်။ ဟုတ်တာ မဟုတ်တာ အမေက လူကြီးပဲ။ ပိုသိတာပေါ့။ ဒါပေမယ့်ကိုယ့်သားတွေ ဘာဖြစ်နေသလဲဆိုတဲ့ အသံကလေးတော့ ကိုယ်တိုင် နားမထောင်ရပါလား။ ဟင့်အင်းတိုင်းဟာငါသွားမယ့်လမ်းကို ကန့်လန့်တိုက်နေတာ လို့ မထင်ရင်ပြီးတာပါပဲ။ သားချည့်ပဲ နှစ်ယောက်တောင်မွေးထားတဲ့ အမေဟာ သားယောင်္ကျားလေးတွေ ဘယ်လို စိတ်သဘောမျိုး ရှိတတ်တယ်ဆိုတာ နောကျေနေလောက်ပါရဲ့လေ။နော့။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/09/2013 01:16:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37840] Fwd: [လူဗိုလ်ဟူသည် ...] " ထက်ပိုင်းကျိုး မြေဖြူတချောင်း "



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/8
Subject: [လူဗိုလ်ဟူသည် ...] " ထက်ပိုင်းကျိုး မြေဖြူတချောင်း "
To: lubo601@gmail.com




ဆုံးဖြတ်ချက်ရဲ့ အမှားအမှန်ဟာ 
မနက်ဖြန်ရဲ့ ပန်းချီကားချပ်ကို
အပြီးသတ် ရေးဆွဲပေးလိမ့်မယ်။

မင်္ဂလာပါ ... ဂုဏ်သိက္ခာနဲ့
ဝါသနာတို့
ဟိုမှာဘက်ကမ်း
ပန်းမြိုင်တန်း၌
လွမ်းစရာမြစ် နေရစ်ပေတော့။

တသသနှင့်
ပြောရမှတ်ထင်
ဆွတ်ကျင်လွမ်းဖွယ်
တကယ်လှပ ဖြူလွလွနှင့်
ဆရာဘဝ ...
ထိုနေရာမှ ငါတခဲ့ပြီ။

သွားတော့မယ်နော်
ကျနော်ချစ်သော
ဟောဒီ ရဂုံမြိုင်ဦး
သူ့ကျေးဇူးကို
အထူးတလည် ရင်ဝယ်မွှေးမြ
သတိရမြဲ ... သိတတ်မြဲဖြင့်။

လှပစွာဆင်းရဲ
စာသင်ခန်းထဲက
ဆရာဘဝ ကြီးစွာဂုဏ်အင်
သံယောဇဉ်ကို
အမြင်တန်းတန်း တလွမ်းလွမ်းနှင့်
မလှမ်းချင်ဘူး
လှမ်းရဦးမယ်။

မောင်မောင်သာမြတ် (ကွမ်းခြံကုန်း) ၁၉၉၅

(မော်နီတာဂျာနယ် အတွဲ ၂ အမှတ် ၄၉ မှရသည်)
----------------------------------------------------------- 
ကိုဂါမဏိ tag ပေးထားသော ကဗျာလေးကို ...
နှစ်သက်လွန်းသောကြောင့် အမှတ်တရ ပြန်တင်ပါသည် ။
သိပ်မကြာခင် ကျမလည်း ဒီလိုနေရာမှာ ...
ဆရာမ ဘ၀ကို ကျေနပ်စွာ ဖြတ်သန်းတော့မှာမို့ ....
ကျေးဇူးတင်စွာဖြင့် ........


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/09/2013 01:10:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37840] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/8
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၄)
To: lubo601@gmail.com



သစ်ထူးလွင်


Posted: 08 Apr 2013 06:06 AM PDT
ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူလူထုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ တောင်းဆိုနေကြပါတယ်။ မိုးရာသီ နီးလာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက်လည်း နေစရာ အခက်အခဲနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့အရေး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးကြဖို့ ပထမဆုံးအကြိမ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံကြဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေတုန်းကတော့  တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ တရုတ်ပြည်နယ် ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်တာကတော့ ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ နှစ်ဘက်စလုံးက ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့အပေါ် ကချင်အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံ ကချင်ပြည်သူလူထုက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို သက်သေထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံး ဖြစ်ပေါ်စေချင်ပါတယ်လို့ ကချင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၆ ရက်နေ့ စနေနေ့မှာ ဆွေးနွေးဖို့ လုပ်ထားတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီနေ့ကတော့ မဆွေးနွေးဖြစ်ဘူး။ ကြားနေမယ့် သက်သေတွေ မရောက်လို့လို့ ပြောပါတယ်။ ကျမအနေနဲ့ကတော့ ဘာပဲပြောပြော KIA အနေနဲ့လည်း အရင် တပ်မတော်နဲ့တုန်းက တိုက်ခိုက်ခဲ့တုန်းကလည်း ဘယ်သူမှ ပါဝင်ခဲ့တာမရှိဘူး။ ဘယ်နိုင်ငံကမှ ကူညီခဲ့တာ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆောင်ရွက်ခဲ့တယ်။ အခု တွေ့ဆုံဆွေးနွေးပွဲတွေလည်း ဘာပဲပြောပြော ပြည်သူလူထုကို သက်သေထားပြီးမှ ဆောင်ရွက်ရင် ပိုပြီးမှ ကောင်းမယ်လို့ ကျမကတော့ မြင်ပါတယ်။ တခြားနိုင်ငံတကာက လာရောက်ပြီး နားထောင်မယ်ဆိုတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့မရောက်လို့ ကျမတို့ရဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူးဆိုတာကတော့ ပြည်သူလူထုနဲ့ ကျမတို့ ဒုက္ခသည်တွေအတွက် အင်မတန် နစ်နာပါတယ်။ ဘာလို့လဲဆိုတော့ လူထုကလည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြန်ဆုံး ဖြစ်စေချင်ပါတယ်။ အဲ့ဒီမှာ မဖြစ်တော့ဘူးဆိုတော့ ကျမတို့အစ ပြည်သူလူထုအားလုံးက စိတ်အားလျော့သွားရှိပါတယ်။ ကျမတို့ ပြည်သူလူထုတရပ်လုံးကို သက်သေထားပြီးမှ ဆွေးနွေးစေချင်ပါတယ်။ ဒါကတော့ နှစ်ဘက်စလုံးကို တိုက်တွန်းတာပါ။"

ကချင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အခါ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လုံးဝအပစ်အခတ် ရပ်ဆဲနိုင်ရေးအပါအဝင် ဒုက္ခသည်တွေအတွက် အရေးအတကြီး လိုအပ်နေတဲ့ အခက်အခဲတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးအပါအဝင် မိမိတိုရဲ့ နေအိမ်တွေကို စိတ်ချလုံခြုံစွာ ပြန်ပြီးတော့ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့အတူ ပညာရေး၊ စီးပွားရေး ပြန်ပြီးတော့ လုပ်ကိုင်နိုင်ဖို့ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ အကူအညီတွေကို အဓိကဆွေးနွေးစေချင်တယ်လို့လည်း ကချင်လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

"KIA KIO နဲ့ အစိုးရအဖွဲ့တို့ ဆွေးနွေးတဲ့အခါ အဓိကကတော့ ဒီဒုက္ခသည်ကိစ္စတွေလည်း စဉ်းစားပေးဖို့ လိုအပ်တာပေါ့နော်။ သူတို့က အခုအချိန်ထိ နေရပ်ဆီ မပြန်နိုင်ဘူးဆိုတာ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်မထိုးသေးတဲ့အတွက် ဖြစ်တယ်။ အဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးပြီးဆိုရင်တော့ မိသားစုအားလုံး ကိုယ့်ရွာကိုယ် ပြန်နိုင်တော့ရင် ဒါ အကောင်းဆုံးပါပဲ။"

အခုအချိန်မှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နယ်မြေ မအေးချမ်းသေးတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်သူလူထုအနေနဲ့ မိုးရာသီကာလမှာ နေစရာ အခက်အခဲများစွာ ကြုံနေရပြီး ကလေးတွေအတွက် ကျမ်းမာရေး စောင့်ရှောက်မှုနဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့  မြစ်ကြီးနားဒေသခံ ကချင်အမျိုးသမီးကြီးဖြစ်တဲ့ ဒေါ်ဂျာအောင်က ပြောပါတယ်။

"ပန်ဝါဘက် နယ်စွန်နယ်ဖျားဘက်တွေမှာ အစိုးရတပ်တွေက KIA စခန်းတွေကို ရွှေ့ပြီးမှ သူတို့စခန်းတွေကို သိမ်းပိုက်တာတွေ အဲ့ဒါတွေ ကြားတယ်လေ။ လိုအပ်တာကတော့ အကုန်လုံး လိုအပ်တာပဲလေ။ စားဝတ်နေရေးတွေ အကုန်လုံး လိုတာပေါ့။ သူတို့က အများအားဖြင့်တော့ အစားအသောက်တွေ၊ အ၀တ်တွေ လိုမှာပေါ့လေ။ ဘုရားရှိခိုးကျောင်းမှာဆိုရင်တော့ အသင်းတော်မှာဆိုရင်တော့ အ၀တ်အစားတွေ ပြောကြတယ်လေ။ ကလေးတွေက အ၀တ်အစားတွေ အများအားဖြင့် လိုအပ်တာပေါ့။"

အခုအချိန်အခါမှာတော့ ကချင်ဒုက္ခသည်တွေအတွက် ကချင်အရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းအလှူရှင်တွေ ပူးပေါင်း ကူညီဆောင်ရွက်နေကြပြီး ဒုက္ခသည်တွေအတွက် မိုးတွင်းကာလမှာ  နေစရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေါ်ဒွဲဘူ က ဆိုပါတယ်။

"မိုးတွင်းရောက်လာရင်တော့ တော်တော်လေး ခက်ခဲမှာပေါ့နော်။ နေတာထိုင်တာရော၊ စားတာသောက်တာရော၊ အမိုးအကာတွေ မလုံနိုင်ဘူးပေါ့။ ဒုက္ခသည်တွေ ဒီမိုးတွင်းမှာတော့ လုံခြုံတဲ့နေရာမှာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်နေရပ်ဆီ ပြန်နိုင်တဲ့အထိ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျမ အဲ့လိုပဲ မျှော်လင့်ပါတယ်။"

KIO နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်-မြန်မာနယ်စပ်အပါအဝင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေက ဒုက္ခသည်စခန်းတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်ရှိနေပြီဖြစ်ပြီး၊ အခုလို နှစ်ဘက် တွေ့ဆုံမှုတွေလုပ်ဖို့ ပြင်ဆင်နေကြချိန်မှာဘဲ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းတုန်းက ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား ကချင်ပြည်နယ် ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီး နယ်မြေ လုံခြုံရေးအခြေအနေဟာ တည်ငြိမ်မှု မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မဆုမွန် (ဗွီအိုအေ)


Posted: 08 Apr 2013 05:59 AM PDT
ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေနဲ့ နေ့အပူချိန် မြင့်မားတာကြောင့် ကာယ လုပ်သားတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ရီဘွန်း

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 05:46 AM PDT
လက်ပံတောင်းတောင်အနီး က ဒေသခံ ၄၀ဝ ခန့် ပါဝင်ပြီး ယနေ့ပြုလုပ် တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ ထောက်ခံပွဲဟာ မပြီးဆုံးခဲ့တဲ့ တစ်ဝက်တစ် ပျက်နဲ့ ရပ်နားခဲ့ ရတယ်လို့ ထောက်ခံပွဲကို ပါဝင်ခဲ့သူ အချို့ထံက သိရပါတယ်။ "တုံရွာနဲ့ လယ်တီရွာကြား အရောက် မှာ ဘုန်းကြီးတစ်ပါး လာရောက် ဆူပူအော် ဟစ်ခဲ့တော့ ရွာသားတွေက လန့်ပြီးဆက်မ လုပ်တော့ဘဲ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 05:34 AM PDT
စက်ရုံ အလုပ်သမားတွေကို ညလုံးပေါက် အချိန်ပို ဆင်းခိုင်းတာကစပြီး လစာတိုးပေး ဖို့အတွက် ဆန္ဒပြတောင်းဆို နေကြပါတယ်။ လှိုင်သာယာစက်မှုဇုန် (၂) Synergy အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၇၀ဝ ဝန်းကျင်က စက်ရုံဝန်း အတွင်းမှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  Kumudra

Posted: 08 Apr 2013 05:24 AM PDT
ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေကြောင့် သောက်ရေသုံးရေ ရှားပါးမှုဒဏ်ခံနေကြရသလို နေ့အပူချိန် မြင့်မားတာကြောင့် ကာယလုပ်သားတွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေပါတယ်။ ရန်ကုန်တိုင်း ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ နွေရာသီရောက်တိုင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 03:30 AM PDT
တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် လူ ၆ ဦး သေဆုံးသွားပြီး ကူးစက်ခံရသူ ၂၁ ဦးထိ အရေအတွက် တိုးမြင့် လာနေပါတယ်။ တရုတ်ပြည် အရှေ့ပိုင်းက လူတွေဆီမှာ ပထမ ဆုံးတွေ့ရှိရတဲ့ ကြက်ငှက်တုပ်ကွေး မျိုးဗီဇဟာ ထိန်းသိမ်းမရတဲ့ ကိစ္စတခု မဟုတ်ပါဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဒီနေ့ ပြောကြား လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 03:22 AM PDT
ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။ H5N1သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆိုပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 01:30 AM PDT
အင်းစိန်ထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦးရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို အမှုဖွင့် တရားစွဲ ထားတယ်လို့ သိရပါတယ်။ တရားစွဲ ခံထားရသူ ၄ ဦးကတော့ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ကိုရဲမင်းဦး

Posted: 08 Apr 2013 12:57 AM PDT
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ မြန်မာ့မီးရထား ပို့ဆောင်ရေးဌာနမှ အစုန် အဆန် ရထား ၂ စင်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်စီ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသော်လည်း အဆိုပါ ရထားလမ်းပိုင်းမှာ ကြံ့ခိုင်မှု အားနည်း လာခြင်း ကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 12:47 AM PDT
၆-၄-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့၊ အောင်သုခ ဘူတာအနီး လူ ၁ ဦး ရထား ကြိတ်ခံရကြောင်း သတင်းအရ သန်လျင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အောင်သုခ ဘူတာနှင့် အုတ်ဖိုစု ဘူတာကြား မိုင်တိုင်အမှတ်(၁၄/၁၂-၁၃) ကြားတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 12:36 AM PDT
ဧပြီလ (၁၀)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ (၁)၊ အမှတ် (၉၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Apr 2013 12:34 AM PDT
ဧပြီလ (၁၀)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ (၁)၊ အမှတ် (၁၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Apr 2013 08:10 PM PDT
မြောက်ကိုရီးယား အစိုးရက မြို့တော် ပြုံယမ်းမှာရှိတဲ့ နိုင်ငံခြား သံရုံးတွေရဲ့ လုံခြုံရေးကို သိပ်မကြာခင်အချိန်မှာ အာမ မခံနိုင် တော့ဘူးလို့ သတိပေး လိုက်တဲ့အတွက်၊ မြောက်ကိုရီး ယားနိုင်ငံဟာ နောက်ထပ်ဒုံးကျည်စမ်း သပ်ပစ်လွှတ်တာ ဒါမှမဟုတ် ရန်စတာတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး။

Posted: 07 Apr 2013 08:00 PM PDT
သောကြာနေ့က ဘာသာရေး အဓိကရုဏ်းမှာ သေဆုံးခဲ့တဲ့ ကော့ပတစ် ခရစ်ယာန် ဘာသာဝင် ၄ ဦးရဲ့ အသုဘ ဝတ်ပြုဆုတောင်း အပြီးမှာပဲ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူတဦး သေဆုံးတယ်လို့ အာဏာပိုင် များက ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ၆၅ ယောက် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ

Posted: 07 Apr 2013 01:19 PM PDT
ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ခုနှစ်ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။

G လား . . . C လား . . .
........................

မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။

WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။
"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။

လိုင်းကျပ်မှာလား
...................

"ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။
ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။

ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။
"လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။

လက်ရှိမြန်မာနိုင်ငံ
....................

အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။

"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။

Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြားထားသည်။

အဝင်ခေါ်ဆိုခ ပေးရမှာလား
...............................

ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

အင်တာနက်ပါမှာလား
........................

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။
"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက်သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့်လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။

လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။

၁၀လုံးလား.. ၁၁လုံးလား
............................

မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
"ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။

သိန်းလား.. သန်းလား
........................

ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။
တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။

Handset တွေ ဈေးတက်မှာလား
.....................................

မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။
"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။

ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးတက်မည် မထင်ကြောင်း ရှင်းပြသည်။
"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်းက ပြောကြားသည်။
"တစ်ရက်နှစ်ရက်တော့ အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန်ကျမှာပါ" ဟု ၄င်းက ဆိုသည်။

ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသဖြင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။
CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။
"GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

(မောင်မိုးညို၊ နော်ကိုကို) The Voice Weekly


Posted: 07 Apr 2013 01:18 PM PDT
အခြေခံ အလုပ်သမားထု အတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို မတ်လ ၂၂ ရက် နေ့တွင် သတ်မှတ်ပြဋ္ဌာန်းလိုက် သော်လည်း အလုပ်သမားထု မျှော်လင့်နေသော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်ကား ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသဖြင့် အလုပ်သမား များအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိခြင်းက ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ် သမားများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သကဲ့သို့ ဧပြီလကုန်တွင် စတင်တော့မည့် အစိုးရဝန်ထမ်းများ၏ လစာတိုးမြှင့်မှု ကလည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
"အစိုးရဝန်ထမ်းတွေ လစာတိုး လိုက်တိုင်း ကုန်ဈေးနှုန်းက တက်လေ့ ရှိတယ်။ ကုန်ဈေးနှုန်း တက်လာမယ်။အလုပ်ရှင်ကလည်း လစာတိုးမပေးရင် ပုဂ္ဂလိကအလုပ်သမားတွေ ခံနိုင်မှာ မဟုတ် ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်မှုအချိန် ကြာမြင့်ပါက အလုပ်သမားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ရုံသာမက ဆန္ဒပြ တောင်းဆိုမှုများလည်း ပိုမိုများပြား လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ဆိုသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေ အာဏာတည်ရန် နည်းဥပဒေထွက်ပေါ်ရန် လိုအပ်နေသေးပြီး ဥပဒေအာဏာ တည်ပါကလည်း အနည်းဆုံးလုပ်ခ သတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ ဦးရေအဆတူပါဝင်သော အမျိုးသား ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စုနယ်မြေ ကော်မတီနှင့် တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်သည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အမျိုးသားကောင်စီဖွဲ့စည်းပြီး သုတေသန ပြုမှု၊ ဆွေးနွေးမယ်ကြမှုများ၊ သတ်မှတ်မှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် အချိန်အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ကြန့်ကြာမှု ရှိလာသည့်နှင့်အမျှ လုပ်သားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ကြောင်း လုပ်သားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။
"ကြန့်ကြာတာနဲ့အမျှ အလုပ်သမားထု အုံကြွမှုတွေ ဖြစ်လာနိုင်တယ်" ဟု ဦးဌေးက မှတ်ချက်ပေးသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရေး အတွက် နည်းဥပဒေထုတ်ပြန်ရန် သုံးလခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး နည်းဥပဒေ ထွက်ပြီးမှသာ အမျိုးသားကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အခကြေးငွေ သတ်မှတ်အဖွဲ့များ ဖွဲ့စည်းကာ အနည်းဆုံးလုပ်ခ သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။
"နည်းဥပဒေထွက်ဖို့ သုံးလစောင့်ရမယ်။ အနိမ့်ဆုံးလုပ်ခ ထွက်မယ့် အချိန်တော့ ပြောလို့မရသေးဘူး" ဟု ၄င်းကဆိုသည်။

အလုပ်ရှင်များက ဖြစ်သင့်သောဈေးနှုန်း ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် ကြန့်ကြာမှု မရှိနိုင်ကြောင်း လက်ဝါးအထည်ချုပ် လုပ်ငန်း၏ ဥက္ကဋ္ဌဦးခင်အောင်အေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဝင်ရပ်တည် ခွင့်ပြုထားသည့် အလုပ်သမား အဖွဲ့အစည်း များ၏ ခေါင်းဆောင်များကို ခေါ်၍ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ကာ အလုပ်သမား များ၏ လက်တွေ့ဘဝနှင့် အသံများကို နားထောင်ပြီး လုပ်ဆောင်ပါက အနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်မာမာဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိသော်လည်း မြန်မာ အလုပ်သမားများ သွားရောက်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ကား အစိုးရက တရားဝင် သတ်မှတ်ပေးထား သည်။ ထိုင်းတွင် ဆိုပါက အနည်းဆုံးလုပ်ခကို တစ်ရက် ဘတ် ၃၀၀ သတ်မှတ်ထားပြီး မလေးရှားနိုင်ငံတွင် အနည်းဆုံးလုပ်ခကို နေရာခွဲခြားကာ တစ်ရက် ရင်းဂစ် ၉၀၀ နှင့် ၈၀၀ သတ်မှတ်ထားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် လုပ်သားနှင့် မိသားစု လိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘ၀၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ၊ လက်ရှိလုပ်ခ၊ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ လုပ်ငန်း၏ သဘောသဘာဝ၊ ဝန်ကြီးဌာန အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက် များကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသည်။

အနည်းဆုံးလုပ်ခကို သတ်မှတ်ရာတွင် အလုပ်လက်မဲ့များ အလုပ် ရရှိနိုင်သည့် အခြေအနေပေါ်မူတည်ကာ စဉ်းစားပြီး သတ်မှတ်သင့်ကြောင်း၊ သို့သော်လည်း နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာရှိသော လုပ်ခဖြစ်ရန်လည်း လိုအပ်ကြောင်း လက်ဝါးအထည်ချုပ်လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
"လုပ်ခကို အရမ်းမြင့်ပြီး သတ်မှတ် လိုက်လို့ လုပ်ငန်းတွေ ရပ်သွားလို့ အလုပ်လက်မဲ့ များလာရင်လည်း အကျိုးမရှိပါဘူး" ဟု ၄င်းကသုံးသပ်သည်။

အလုပ်ရှင်များတွင် လုပ်ငန်းလည်ပတ်ရာ တွင် အခြေခံအဆောက်အဦများ မပြည်စုံခြင်း (ဥပမာ - လျှပ်စစ်မီး)၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြန့်ကြာမှုကြောင့် အခက်အခဲများ ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

(သတင်းဆောင်းပါး - အောင်မြင့်ထွန်း) The Voice Weekly


Posted: 07 Apr 2013 01:14 PM PDT
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Apr 2013 01:08 PM PDT
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Mujahideens of Rohingya Solidarity Organization(RSO).
RSO is now listed as one of terrorist groups under Al Qaeda.(photos taken by RSO)

Posted: 07 Apr 2013 12:59 PM PDT
ဧပြီလ (၄)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် (၆၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


...

[Message clipped]  View entire message

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/09/2013 12:50:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.