[mrsorcerer:37873] အိမ်ရှင်ဧည့်သည် အတွေးနှင့် ပတ်သတ်၍

အိမ်ရှင်ဧည့်သည် အတွေးနှင့် ပတ်သတ်၍ 

 

တကယ် ဓမ္မဓိဌာန်ကျကျ စဉ်းစားကြည့်မယ် ဆိုရင် နိုင်ငံသား အချင်းချင်းကို အိမ်ရှင် ဧည့်သည် ခွဲထားက တဘက်ကို တဆင့်နှိမ့်လိုက်တာပါ။ hate speech မဟုတ်ပေမဲ့ discrimination ပဲလေ။ အဲလို နိုင်ငံသား အချင်းချင်းမှာ အိမ်ရှင်နဲ့ တည့်အောင် မနေရင် အကုန်ထွက် ဆိုတဲ့သဘော၊ ဒါမှမဟုတ် အိမ်ရှင်နဲ့ ဧည့်သည် မတည့်ရင် ဒီလိုတွေ ဖြစ်တတ်တယ်ဆိုတဲ့ သဘောက အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ်။

 

ဥပမာ ပေးကြည့်ရရင်… မြန်မာတွေ အစုလိုက် အနောက်နိုင်ငံ တခုခုမှာ နိုင်ငံသား ခံလိုက်တယ် ဆိုပါတော့။ နိုင်ငံသားဖြစ်တာလည်း မျိုးဆက် နှစ်ဆက် ရှိပြီ ဆိုပါတော့။ အဲဒီမှာ မြန်မာ တယောက် နှစ်ယောက်က နဂိုနေလာတဲ့လူတွေနဲ့ ရန်ဖြစ်လို့ မသင့်မြတ်လို့ မြန်မာတွေရဲ့အိမ် အကုန်လုံးကို မီးရှို့မယ် ဆိုရင်၊ ဒါမှမဟုတ် အိမ်ရှင်နဲ့ တည့်အောင် မနေရင် ဆိုးသူကို အရေးယူမယ့် အစား (ကောင်းသူရော ဆိုးသူပါ) အကုန် ထွက်ကြကွာလို့ ပြောမယ် ဆိုရင် သဘာဝ မကျဘူးလေ။ ကောင်းတဲ့လူရော၊ ဆိုးတဲ့လူတွေပါ ဘယ်နိုင်ငံသွားနေကြမလဲ။ ဘယ်နိုင်ငံက သူတို့ကို လက်ခံမှာလဲ။

 

လက်တွေ့ကျကျ စဉ်းစားကြည့်ရင်လည်း ဘယ်သူတွေက ဘယ်လောက်ပဲ အိမ်ရှင်နဲ့ ဧည့်သည် တည့်အောင်နေပါ ပြောပြော…. အိမ်ရှင်လို့ ပြောနေကြတဲ့ သူတွေ ကလွန်လို့ ဖြစ်တဲ့ ရန်ပွဲ လေးတွေရော၊ ဧည့်သည်လို့ ပြောနေကြတဲ့ သူတွေက လွန်လို့ ဖြစ်တဲ့ ရန်ပွဲလေးတွေရောက နိုင်ငံအနှံ့မှာ အမြဲတမ်း ဖြစ်နေမှာပဲလေ။ အိမ်ရှင်ဘက်မှာရော ဧည့်သည်ဘက်မှာရော လူကောင်းရော လူဆိုးတွေပါ ရှိမယ်။ တခါတခါ လူဆိုးတွေက တခြားတဘက်ကို ပြဿနာ လုပ်မယ်။ တခါတခါ လူကောင်း အချင်းချင်းတောင် မသင့်မမြတ် ဖြစ်တာတွေရှိမယ်။ လူအကုန်လုံးကို သူတော်စင် ဖြစ်ပါလို့ ပြောလို့မှ လက်တွေ့မကျတာ။ ဒီတော့ ဖြစ်လာတိုင်း တယောက်ချင်း ကိစ္စအနေနဲ့ မမြင်ကြဘဲ တယောက်ချင်း အရေးယူရမယ့် အစား၊ တဘက်ဘက်ကို လက်ညှိုးထိုးမယ် ဆိုရင် ပြဿနာ အမြဲတက်နေမယ် ထင်ပါတယ်။

 

          အိမ်ရှင်ဧည့်သည် ဆိုတာတွေ…..သူ့ဘက်ကိုယ့်ဘက် ဆိုတာတွေ ထည့်ပြောနေတာက ဓမ္မနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဒီလို အဆင်ပြေအောင် မနေနိုင်လို့ ရန်ပွဲသေးလေးတွေ ဖြစ်အောင် ဒီ ဧည့်သည်တွေက လုပ်လို့ ဒီလို ပဋိပက္ခကြီး ဖြစ်လာရတာပါလို့ ဆိုရင်တော့ အဲလိုဖြစ်တိုင်းသာ ပဋိပက္ခတွေ ဖြစ်နေမယ် ဆိုရင် အမြဲတမ်း ဖြစ်နေဖို့ပဲ ရှိပါတော့တယ်။ နောက် တဦးချင်း ကိစ္စကို အုပ်စုလိုက် ပဋိပက္ခဖြစ်အောင် hate speech တွေ ဖြန့်နေသူတွေကို အဓိက မထိန်းဘဲ ဧည့်သည်တွေ ကို လက်ညှိုးထိုးတာကလည်း victim blaming လုပ်တယ်လို့ ဆိုလို့ ရပါတယ်။  

 

သာမန်လူတွေ အဲလို ခွဲခြားတတ်ကြ၊ တွေးတတ်ကြတာတော့ ဟုတ်ပါတယ်။ ကျနော်တို့ထဲက တချို့ အထင်ကြီးလေ့ ရှိတဲ့ အဖြူဆိုသူတွေပါ အဲလို ခွဲခြား တွေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဆင့်မြင့်တဲ့ အသိုင်းအဝိုင်းမှာတော့ အဲဒါက ရှက်စရာပါလို့ ဆိုချင်ပါတယ်။ မျှတတဲ့ အမြင်ရှိသူတွေ ပြောသင့်တဲ့ စကားမျိုး၊ တရားရှင်တွေ ပြောသင့်တဲ့ စကားမျိုး မဟုတ်ပါဘူး။ Racism ဆိုတာမှာ ပြဿနာတွေကို တဦးချင်း မကြည့်ဘဲ လူမျိုးအလိုက် သိမ်းကြုံး လက်ညှိုးထိုး အပြစ်တင်တာ ပါသလို၊ နိုင်ငံသား အချင်းချင်းမှာ အိမ်ရှင်ဧည့်သည်ခွဲခြားတာတွေ၊ စောင့်ရှောက်ရမယ့် အကိုကြီးနဲ့ အစောင့်ရှောက်ခံ ညီလေး ခွဲခြားတာတွေ၊ ပထမတန်းစား ဒုတိယတန်းစား နိုင်ငံသား ခွဲခြားတာတွေ ဆိုတာ တရားမျှတမှုနဲ့ မအပ်စပ်တဲ့ အတွေးအခေါ်၊ နိုင်ငံငြိမ်းချမ်းရေး ရှုထောင့်က ကြည့်ရင် အဆင့်နိမ့်တဲ့ အတွေးအခေါ် ဖြစ်ပါတယ်။

 

ဘယ်ကိစ္စမဆို တဦးချင်း ဒါမှမဟုတ် တစုချင်း ကြည့်ဖို့ ပြောတာကသာ ပြဿနာကို ပြေလည်စေမှာပါ။ discrimination ထပ်လုပ်လိုက်တာက ပြဿနာကို မီးထပ်မွှေးတာနဲ့ အတူတူပါပဲ။ အုပ်စုလိုက် ထည့်စဉ်းစားတဲ့ ဓလေ့ စွဲလာရင် အသေးအမွှား တခုခု ဖြစ်တိုင်း နိုင်ငံမီးလောင် ရမှာပါ။

 

အခုကိစ္စမှာ တို့မီးရှို့မီး လုပ်ခဲ့ကြသူ၊ သတ်တာ ဖြတ်တာ လုပ်သူတွေကိုလည်း အကြမ်းဖက်သမား တစု အဖြစ်၊ ရမ်းကားသူ တစု အဖြစ်ပဲ မြင်ရမှာ ဖြစ်ပြီး  သူတို့က ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ ကိုယ်စားပြုနေတာ မဟုတ်ဘူး ဆိုတာကို သတိမူရပါမယ်။

 

မျှတမှု ဆိုတာနဲ့ ပတ်သတ်ပြီး တခု ပြောချင်ပါတယ်။ ပြဿနာ ဖြစ်တိုင်း ကိုယ်နဲ့နွယ်တဲ့ တမင် ဘက်လိုက်ခြင်း မျှတမှု မဟုတ်သလို ကိုယ်နဲ့နွယ်တဲ့ဘက်ကို တမင်နှိမ်ပြခြင်းကလည်း မျှတမှု မဟုတ်ပါဘူး။ အိုဗာမား ဆိုရင် မွတ်စလင်ဘိုးဘွားတွေ ဘက်က လာတဲ့သူ… ကျနော်တို့ထဲက တချို့တွေရဲ့ အမြင်နဲ့ဆို အိုဗားမားဟာ အမေရိကန်မှာ ဧည့်သည်လို့ ပြောရမယ့်သူ ဖြစ်ပေမဲ့….အမေရိကန်ရဲ့ သမ္မတ ဖြစ်လာခဲ့ပြီး ဘင်လာဒင်လို မွတ်စလင် အကြမ်းဖက်သမားတွေကို နှိပ်ကွပ်ခဲ့သလို သူ့နိုင်ငံက အလယ်အလတ် မွတ်စလင်တွေကိုလည်း အကာအကွယ် ပေးနေတာပဲလေ။

 

နောက်တခု ပြောချင်တာက အတွေးတခုကို တစုံတယောက်က ချပြလာတယ် ဆိုပါစို့။ ပြောတဲ့ အကြောင်းအရာကိုပဲ အစွဲကင်းကင်းနဲ့ ကြည့်ရမှာ ဖြစ်ပြီး ပြောသူက အိမ်ရှင်လား၊ ဧည့်သည်လား၊ လက်ဝဲဝါဒီလား၊ လစ်ဘရယ်လား ဒါတွေ ထည့်စဉ်းစား နေစရာ မလိုပါ။ မှန်တဲ့ အရာဟာ ဘယ်သူပြောပြော မှန်နေမှာဖြစ်ပြီး မှားတာကလည်း ဘယ်သူပြောပြော မှားမှာပါ။

မနေ့က ပို့စ်ထဲက ကျနော်ရေးခဲ့တာကိုလည်း ထပ်ဖော်ပြချင်ပါတယ်။ ကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကောင်းတဲ့ မွတ်စလင်တွေကို ကာကွယ်ခြင်းနဲ့ .... အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေ၊ အစွန်းရောက် မွတ်စလင်တွေကို ဆန့်ကျင်ခြင်းက တပြိုင်တည်း လုပ်လို့ ရပါတယ်။

 

ကောင်းကင်ကို


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37872] ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို


ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို
===========
ဧပြီ ၁၁ ၊ ၂၀၁၃
ရေးသူ-O'Laie Manzu

ဘာသာရေးအကြမ်းဖက်မှုများပေါ်ပေါက်လာစေရန်အတွက် တိုက်တွန်းနှိုးဆော်နေသော ဦးဝီရသူအား အတုအယောင် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်းသုံးသပ်မှုများ ယခုရက်ပိုင်းများအတွင်း ထင်ထင်ပေါ်ပေါ်ထွက်ပေါ်လာခဲ့ပါသည်။ ဦးဝီရသူလျှောက်လမ်းနေသည့် လမ်းကြောင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့်အပြင် ဗုဒ္ဓဘာသာ၏ သာသနာရေးအရှိုင်အဝါအားလည်း ငြိုးမှိန်စေပါသည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် သွေဖီနေသောကြောင့် ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများအား အခြေခံသည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှုများအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီကြောင်း ကွဲကွဲပြားပြား ခွဲခြားရှု့မြင်ရပါလိမ့်မည်။ နှိုင်းယှဉ်၍ပင်မရနိုင်။

ဦးဝီရသူသည် လူမျိုးရေးအစွန်းရောက် လမ်းမှားပေါ်သို့ရောက်ရှိနေသည့်အတွက် ၎င်း၏ လုပ်ရပ်အားအခြေခံ၍ ဗုဒ္ဓဘာသာတစ်ရပ်လုံးအား အပြစ်တင် လက်ညိုးထိုး၍မရနိုင်ပေ။ ၎င်းသည်ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင်နေသည့် ခေါင်းဆောင်မဟုတ်ကြောင်းလည်း သတိပြုသင့်သည်။ မမှန်မကန်ဟောပြောချက်များ၊ လုပ်ကြံဝါဒဖြန့်မှုများ၊ ပုံကြီးချဲ့မှုများမှာ မုသာဝါဒဖြစ်ပြီး သံဃာကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထို့ကြောင့် ဦးဝီရသူအား ဗုဒ္ဓဘာသာဝင်အများစုမှ လက်မခံကြပေ။

ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအား ပိုမိုထွန်းကားစေချင်ကြသည်။ ပြန့်ပွားလာစေချင်ကြသည်။ နှောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ရောက်စေလိုသည့် စိတ်ရင်းစေတနာအပြည့်ရှိကြသည်။ ထို့ကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ ကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာလွန်ကဲ၍ အကုသိုလ်ပွားလာတက်ကြသည်။ မိမိနှင့် ယုံကြည်ချက်ချင်းမတူသူများအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြသည်။ ဘာသာရေးခေါင်းဆောင်များအနက် အချို့သောအမြင်ကျဉ်းမြောင်းသူများသည် ဘာသာတရား၏ဆုံးမမှုများနှင့် မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်များ ပေါင်းစပ်ကြသည်။ လူအများ၏ ကြည်ညိုမှုများရရှိလာပြီးနောက်ပိုင်း ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောနှင့် ဘာသာတရား၏ အနှစ်သာရအား ဦးဆောင်ဖျက်ဆီးသူများဖြစ်လာကြသည်။ ယင်းကဲ့သို့သော ခေါင်းဆောင်များ ဘာသာတိုင်းတွင် ရှိတက်ကြသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာ၏ သာသနာနှစ် နှစ်ထောင်ငါးရာကျော်အတွင်း အစွန်းရောက်ဆုံးသော ဘာသာရေးခေါင်းဆောင်အဖြစ် စံချိန်တင်လောက်ပေသည်။ သင်္ဃန်းခြုံထား၍သာ ဘာသာရေးခေါင်းဆောင်ဟု ရည်ညွန်းရခြင်းဖြစ်သည်။ ဘာသာရေးလုပ်နေခြင်းမဟုတ်သောကြောင့် တချို့မှာ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ၎င်းဟောပြောချက်များမှာ ငြိမ်းချမ်းရေးတရားမဟုတ်… အမုန်းပွား ရန်ငြိုးထားရန် လှုပ်ဆော်နေခြင်းသာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက်များကြောင့် နားယောင်ကာ အမုန်းပွားမှုများ၊ အကြမ်းဖက်မှုဖြစ်ပေါ်လာခဲ့သည်ကို သာဓကနေဖြင့်မှတ်ယူကာ ဦးဝီရသူကဲ့သို့ အစွန်းရောက်သည့် ခေါင်းဆောင်များ မည်သည့်ဘာသာအတွင်းမှ မပေါ်ပေါက်လာစေရန် ထိန်းသိမ်းကြရမည်။

အခြားနိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသများတွင် ဖြစ်ပွားနေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခများအား လက်ညိုးထိုးကာ မိမိပတ်ဝန်းကျင်တွင်လည်း အလားသဏ္ဍာန်တူသည့် ပဋိပက္ခများဖန်တီးနေကြမယ်ဆိုလျင် ငြိမ်းချမ်းမှုဟူ၍ရှိလိမ့်မည်မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့်အနေဖြင့် ဘာသာတရားတစ်ရပ်လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိစေရန် သတိပြုကြရမည်။ လူသားတိုင်းသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေရမည်ဖြစ်သော်လည်း အခြားဘာသာအား စော်ကားခြင်းမှာ အခွင့်အရေးတစ်ရပ်မဟုတ်။ လုပ်ပိုင်ခွင့်လည်းမရှိ။

လူသားတို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုကို မခံချင်ကြ။ မိမိကိုယ်၌လည်း အခြားသူများ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုများမပြုလုပ်သင့်။ ဘာသာတရားသည် လူသားတို့အဖို့ အပြင်းထန်ဆုံးသော ယုံကြည်ချက်ဖြစ်သည်။ အခြားဘာသာများအား ဆန့်ကျင်စော်ကားမှသာလျှင် မိမိကိုးကွယ်ယုံကြည်သည့် ဘာသာတရား ပိုမိုထွန်းကားပြန့်ပွားမည် မဟုတ်ကြောင်း အမြဲသတိပြုသင့်သည်။

ဘာသာတရားများအား ဆန့်ကျင်စော်ကားကြလျှင်လည်း မည်သည့်ဘာသာမျှ ဤကမ္ဘာမြေပေါ်မှ ပပျောက်သွားမည်မဟုတ်။ ကမ္ဘာတစ်သက် ဘာသာတရားတစ်ခုတည်းအား လူသားတိုင်းအကြွင်းမဲ့လက်ခံသည့် ဘာသာတရား ဟူ၍လည်း ဖြစ်ပေါ်လာမည်မဟုတ်။ အပြန်အလှန်တိုက်ခိုက်နေကြလျှင် ဘာသာတရားများအပေါ် အမည်းစက်များစွန်းထင်းကာ သွေးစွန်းနေသည့်ဘာသာများအား နှောင်မျိုးဆက်သစ်များ စွန့်ပယ်လာကြလိမ့်မည်။ တစ်ခဏတာအသက်ရှင်နေထိုင်ကြရသည့် ဤလူ့လောကကြီးအား နိဗ္ဗာန်အကျိုးမျှော်ကိုး၍ ငရဲပြည်အသွင် ဖန်တီးနေကြသော ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဘာသာတရားများအား ရွံ့ရှာမုန်းတီးလာကြလိမ့်မည်ကို သတိပြုသင့်ပေသည်။


မိတ္ထီလာမြို့နယ်တွင် အသားနှင့် ငါးများ လတ်ဆတ်မှုမရှိသောကြောင့် စားသုံးမိသူများ အဆိပ်သင့်မှုဖြစ်ပွား

မိတ္ထီလာဈေး (ဓာတ်ပုံ အင်တာနက်)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းတွင် မိတ္ထီလာဈေးကြီး ပြန်ဖွင့်ပြီး မကြာမီ ရက်ပိုင်းများအတွင် သားငါးများ လတ်ဆတ်မှုမရှိခြင်းကြောင့် စားသုံးမိသူများ အစာအဆိပ်သင့်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

မိတ္ထီလာမြို့၊ ရွှေစစ်သည်ရွာတွင် နေထိုင်သူ ဒေါ်တင်မြသည် မတ်လ(၈)ရက်နေ့က မိတ္ထီလာဈေးအတွင်း ပျံကျဈေးတန်းမှ ၀ယ်လာသော ဂျပန်ငါးများကို မိသားစုဝင်သုံးဦးနှင့်အတူ ချက်ပြုတ်စားသောက်မိရာမှ
သားနှင့်သမီးဖြစ်သူတို့မှာ အော့အန်သဖြင့် မိတ္ထီလာဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူပြီး
ဧပြီ(၁၀)ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားကြောင်းနှင့် မိတ္ထီလာမြို့နယ်၊ ဖက်တောကျေးရွာတွင်လည်း ဧပြီ(၉)ရက်နေ့တွင် နွားဇောင်းတဲကို ကူညီလုပ်ကိုင်ပေးသူများအားကျွေးမွေးရန် ဈေးမှဝယ်လာသော အမဲသားကို ချက်ပြုတ်၍ မြည်းကြည့်ရာမှ လျှာလေးလာပြီး ရင်ပူကာ အာခြောက်လာသောကြောင့် မိတ္ထီလာဆေးရုံသို့ အတွင်းလူနာ အဖြစ် တင်ပို့ခဲ့ရကြောင်းသတင်းများ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပါတယ်။

969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူမှလည်း ၎င်း၏ Facebook စာမျက်နှာတွင်လည်း မိတ္ထီလာမြို့နယ်၊ ညောင်ပင်ချိုအုပ်စု၊ ဖက်တောရွာနေ ဒေါ်ကြင်ဌေး (၅၄)နှစ်၊ (ဘ) ဦးဖိုးသာသည် (၉-၄-၂၀၁၄)ရက်နေ့ ည(၇)နာရီတွင် အမဲသားမြည်းကြည့်သည့်အနေဖြင့် အမဲအရွတ်နှင့် အရေခွံကို စားကြည့်ရာမှ လျှာများပူထူသွားပြီး ဗိုက်ထဲတွင် ပူလောင်သွားကာ မနေနိုင်မထိုင်နိုင်လောက်အောင် ခံစားနေရသောကြောင့် ကျေးရွာရှိ ဆေးမှူးဦးစောလွင်ထံ အပြေးအလွှားသွားပြခဲ့ရကြောင်း၊ ဆေးမှူး၏ ညွှန်ကြားချက်အရ မိတ္ထီလာပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခိုင်းခဲ့ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများအား ဆောင်ရွက်ထားပြီး ဆရာဝန်များမှ စောင့်ကြည့်ခိုင်းထားကြောင်း၊ အဆိုပါအမဲသားအား ဒေါ်ကြင်ဌေး၏အစ်ကို ဦးလှကျော် (ရာအိမ်မှူးဆိုသူ)မှ မိတ္ထီလာ၊ ပျံကျဈေး၊ ခေါင်းရွက်သည် ဒေါ်အမာတင် (မွတ်ဆလင်မ်) ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဦးလှကျော်ကိုယ်တိုင်လည်း လျာဖြင့်တို့ကြည့်ရာ ဒေါ်ကြင်ဌေးခံစားရသလိုပင် လျာကြီးပူထူသွားသည်ဟု ဆိုကြောင်းနှင့် ဓာတ်ခွဲခန်းအဖြေကို ယနေ့ (၁၀-၄-၂၀၁၃)ရက်နေ့ ညနေ(၄း၃၀)နာရီတွင် သိရမည်ဟု ဆရာဝန်များက ပြောကြားကြောင်း၊ အမဲသားသည် ဒေါ်အမာတင်သည် ယင်းတော်ရွာမှ လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း၊ ယနေ့ မိတ္ထီလာဈေးတွင် အမဲသားသည် တစ်ဆိုင်မျှ မရှိကြောင်း၊ စည်ပင်က တားမြစ်ထားသောကြောင့် ဖြစ်ကြောင်း အစရှိသည်တို့အား ရေးသားဖော်ပြထားပါသည်။

၎င်းဝီရသူဆိုသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြထားသည်ကို မသိရသော်လည်း ယင်းဖြစ်စဉ်များ ပေါ်ပေါက်ရခြင်းအား မြန်မာနိုင်ငံ ဆေးဝါးနှင့် အစားအသောက် ကွပ်ကဲမှုဦးစီးဌာနမှ ဓာတ်ခွဲခန်းစစ်ဆေးစမ်းသပ်ပြီး အဖြေရရှိပြီးနောက် အစာဆိပ်သင့်မှုများတွင်ပါဝင်သော ငါးဟင်းနှင့် အမဲသားဟင်းတို့တွင် ဘေးဥပါဒ်ဖြစ်စေတတ်သော ပစ္စည်းများ ပါဝင်ခြင်းမရှိပဲ မလတ်ဆတ်သောကြောင့် သာလျင် ဖြစ်ကြောင်း ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှုး ဒေါက်တာ ဦးသာထွန်းကျော်မှ ပြောကြားလိုက်ပါတယ်။

အင်တာနက်ပေါ်တွင် အကြမ်းဖက်သမား ၀ီရသူနှင့် အပေါင်းအပါများ ၀ါဒဖြန့်မှုကြောင့် ဖြစ်ပေါ်နေသော အမဲသားတွင် အစာအဆိပ်ခတ်ခဲ့သည်ဟူသော ကောလဟလမှာ မှားယွင်းပြီး သားငါးများကို ၀ယ်ယူရာတွင် လက်ကျန်များဖြစ်နေခဲ့ပြီး လတ်ဆတ်မှုမရှိခြင်းကြောင့်သာ ဖြစ်ကြောင်း အဆိုပါ ဒေါက်တာ ဦးသာထွန်းကျော်မှ ပြောကြားခဲ့ပါတယ်။

မတ်လ (၂၀)ရက်နေ့မှ စတင်၍ ပေါ်ပေါက်ခဲ့သော မိတ္ထီလာအကြမ်းဖက်မှုကြောင့် ကာလအတန်ကြာအောင် မိတ္ထီလာမြို့နှင့် အနီးတ၀ိုက်ကျေးရွာများတွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရပြီး မိတ္ထီလာမြို့ပေါ်ရှိ အမဲလိုင်စင်စီ လုပ်ငန်းများ လုပ်ကိုင်ရာ မင်္ဂလာဇေယျုံရပ်ကွက်တွင် ယခုအချိန်အထိ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်သည့် အခြေအနေများ မရှိသေးသည့်အပြင် တံငါသည် အများစု နေထိုင်ရာ ချမ်းအေးရပ်ကွက်မှာလည်း ပျက်ဆီးသွားခဲ့ရခြင်းကြောင့် ယင်းရပ်ကွက်များရှိ အမဲသားနှင့် ငါးရောင်းချသည့် လက်လုပ်လက်စား ပျံကျ ဈေးသည်အများစုမှာ ဒုက္ခသည်စခန်းများတွင် သွားရောက် ခိုလှုံနေကြရဆဲအခြေအနေတွင် ရှိပါကြောင်း အလင်းမျက်ဝန်းမှ စုံစမ်း သိရှိရပါတယ်။

`အရင်က အသားငါးတွေကို မွတ်စလင်မ်တွေရောင်းတယ်။ သူတို့ရောင်းတဲ့ အသားငါးတွေက လတ်ဆတ်တယ်။ သန့်ရှင်းတယ်လေ။ အခုတော့ အနီးနားက လာရောင်းတဲ့ သားသည် ငါးသည်တွေတော့ ရှိပါတယ်။ သူတို့ သားတွေ ငါးတွေကကျ မလတ်ဆတ်ပေမယ့် စားစရာမရှိတော့လဲ ၀ယ်စားနေရတာပေါ့။´ဟု မိတ္ထီလာမြို့ရှိ ဗုဒ္ဓဘာသာဝင် အိမ်ရှင်မတစ်ဦးမှ အလင်းမျက်ဝန်းသို့ ပြောကြားခြင်းဖြစ်ပါတယ်။

`အမြန်ဆုံး အရင်လို ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်ရှင်။ ။ သူတို့လုပ်လိုက်မှ ဗုဒ္ဓဘာသာဆိုတာ ဒါမျိုးကြီးဖြစ်သွားရတာပါ။ အခုတော့ ကျမတို့ မြို့က ကျက်သရေ တုံးသွားပြီလေ။ အမျိုးသမီးကြီးမှပင် ပြောပြတာ ဖြစ်ပါတယ်။

ယခုအခါ ၀ီရသူရဲ့ 969 ကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာအား ထိခိုက် မှေးမှိန်ခဲ့ရသော်လည်း ၀ီရသူကတော့ အခုချိန်ထိ အကြမ်းဖက်မှုလှုံ့ဆော်ရေးများအား အင်တာနက်တွင် ဆက်လက် ပြုလုပ်လျက်ပင်ရှိနေဆဲ ဖြစ်ပါတယ်။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[New post] ပိတောက် … စကား

Aung Htet posted: " ကမာပုလဲ ဧပြီ ၁၁၊ ၂၀၁၃ ကျနော်တို့ ပိတောက်ကိုလွမ်းရင်း ပိတောက်အကြောင်း ကဗျာရေးခဲ့တယ် ...။ ကျနော်တို့ဟာ အမေ့ကို လွမ်းရင်း သင်္ကြန်ကို ချစ်ခဲ့ကြသူတွေပေါ့ ...။ "ရာသီစာ" လို့ ညွှန်းညွှန်း "ရာသီဆာ" ပဲ ဆိုဆို ...။ ကျနော်တို့ ပိတောက်ကို ချစ်ခဲ့တယ် ...။ "ဒါ ... "

[New post] ခြေထိုးကျင့်နေပါတယ်

Aung Htet posted: "ကာတွန်း-အောင်မော်  ဧပြီ ၁၁၊ ၂၀၁၃  ကာတွန်းအောင်မော် ဖေ့ဘုတ်ခ် ပြန်လည်ကူးယူပါသည်။"

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] Java အခြေခံသင်ခန်းစာ 36

Posted: 11 Apr 2013 07:39 AM PDT

[Information & Technology Network] Python Programming အခြေခံသင်ခန်းစာ 30

Posted: 11 Apr 2013 07:38 AM PDT

[Information & Technology Network] Nero Burning Rom 12 ရဲ့ serial key...

Posted: 11 Apr 2013 06:18 AM PDT

[Information & Technology Network] Nero Burning Rom 12 ရဲ့ serial key...

Posted: 11 Apr 2013 06:18 AM PDT

[Information & Technology Network] មេទព័ចិននៅជំនាន់ស្តេចអ៊ូយ ឈ្មោះ សឺម៉ាអី ហៅ ចុងតា...

Posted: 11 Apr 2013 06:02 AM PDT

[Information & Technology Network] t8830 Hawai (android) handset ထဲမှာ gtalk...

Posted: 11 Apr 2013 05:02 AM PDT

[Information & Technology Network] တရုတ် QQ လေးလင့်မစကြပါအုံး အရေးကြီးလို့ပါ...

Posted: 11 Apr 2013 12:58 AM PDT

[Information & Technology Network] Maxthon မှာ IDM မပေါင်းတတ်လို့ပါ။...

Posted: 11 Apr 2013 12:07 AM PDT

[Information & Technology Network] Maxthon မှာ IDM မပေါင်းတတ်လို့ပါ။...

Posted: 10 Apr 2013 11:55 PM PDT

[Information & Technology Network] Maxthon မှာ IDM မပေါင်းတတ်လို့ပါ။...

Posted: 10 Apr 2013 11:45 PM PDT

ညီနေမင်း

Posted: 10 Apr 2013 09:27 PM PDT

[Information & Technology Network] ဟယ်လို.... ရန်ကုန်မှာ ကွန်နက်ရှင်...

Posted: 10 Apr 2013 08:44 PM PDT

[Information & Technology Network] workstation တွေကို printer share သုံးထားတယ် ခင်ဗျ...

Posted: 10 Apr 2013 05:54 PM PDT

[Information & Technology Network] Viso 2010 Version လေးများ Key File လေးနဲ့

Posted: 10 Apr 2013 04:35 PM PDT

[Information & Technology Network] ios mhr use tat myanmar font lay shi yin ma sa...

Posted: 10 Apr 2013 12:57 PM PDT

[Information & Technology Network] Can I download Kaspersky Antivirus Virus...

Posted: 10 Apr 2013 11:36 AM PDT

[Information & Technology Network] သိတဲ့လူများကူညီကြပါဦးဗျာ ....

Posted: 10 Apr 2013 11:26 AM PDT

[Information & Technology Network] PHP အခြေခံသင်ခန်းစာ 22

Posted: 10 Apr 2013 11:14 AM PDT

[Information & Technology Network] RGC play loz ya lar hin?

Posted: 10 Apr 2013 11:10 AM PDT

[Information & Technology Network] idm့ က serial တောင်းနေလို့ အဲဒါဘယ်လိုလုပ်ရမလဲ ဟင်

Posted: 10 Apr 2013 10:23 AM PDT

[Information & Technology Network] mp3 to cda converter software လေးလိုချင်လို.ပါ...

Posted: 10 Apr 2013 09:58 AM PDT

[Information & Technology Network] Java အခြေခံသင်ခန်းစာ

Posted: 10 Apr 2013 09:43 AM PDT

[Information & Technology Network] င်္Facebook Message box ၀င်လို့ မရဖူးဖြစ်နေတယ်

Posted: 10 Apr 2013 08:12 AM PDT