admin posted: " မထသ ကပြည်သူတွေကို လိမ်နေပြီ မထသခရီးသည်တဦး၊ မိုးမခပေးစာ၊ ဧပြီ ၁၃၊ ၂၀၁၃ ဂျာနယ်တော်တော်များများမှာ သင်္ကြန် ကိုယ်မြို့ကိုယ်နယ် အပြန်တွေကို ခရီးသွားပြည်သူများ အတွက် ကားလက်မှတ်ခကို သတ်မှတ်ထားသော အဖိုးထက် ပိုကောက်ရင် ပြင်းထန်စွာ အရေးယူမယ်။ ကားဂိတ်ကို ပိတ်မယ်ဆို"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
RFA Burmese Weekly Newsletter-2013 April 12
လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ
၂ဝ၁၃ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၂ ရက်နေ့အထိ
အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။
သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။
Radio Free Asia
2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | © 2013 Radio Free Asia
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ် (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး)
- တအာင်း(ပလောင်) လူမှုရေးအဖွဲ့ တန့်ယန်းဒုက္ခသည်များအား သွားရောက်ကူညီ
- စစ်ရေးငြိမ်သက်မှုမရှိသေးသဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး စခန်းကော်မတီကန့်ကွက်
| Posted: 11 Apr 2013 07:28 PM PDT KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။ မေး - ပထမဆုံးမေးချင်တာက KIO နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ရက်ရွှေ့ရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။ ဖြေ - အခုလုပ်တဲ့ ဆွေးနွေးပွဲက ပိုအဆင့်မြင့်လာတယ် ဆိုလိုတာက တရုတ်အစိုးရပါလာတယ် ၊ ကြားအဖွဲ့အစည်းတွေပါ လာတယ်။ Stake Holder တွေက ၅ ဖွဲ့ ၆ ဖွဲ့ ဖြစ်လာတယ်။ Peace process မှာက Stake Holder တွေများလာတော့ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်းရှိလာတာပေါ့။ ကောင်းတာကတော့ နှစ်ဘက်ဆွေးနွေးမှု Legitimate ဖြစ်ဖို့အတွက် ပိုပြီးကောင်းသလို ညှိနှိုင်းရတဲ့အခါ အခြေခံအားဖြင့် တူညီမှုတွေရဖို့အတွက် ခက်ခဲလာတာပေါ့ ဗျာ။ ဒါကြောင့်မို့ ဧပြီလ ၆ ရက်နေ့မှာ ကျင်းပမဲ့ ဆွေးနွေးပွဲဟာ နောက်ကို ရွှေ့ရတဲ့သဘောဖြစ်လာတယ် ။ မေး - အခု KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့အဖွဲ့ ( Stake Holder )တွေရဲ့ အနေအထားကို သုံးသပ်ပေး ပါလား ။ ဖြေ - KIO အနေနဲ့ကတော့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စပြီးသူ့ဘက်က ပြင်ဆင်မှုတွေအများကြီးလုပ်တယ် လောလော ဆယ် ကချင်ပြည်သူတွေအားလုံးက သူ့ကိုထောက်ခံတယ်။ ဒါပေမဲ့ရေရှည်ဖြစ်လာရင် ပြည်သူတွေသိပ်ဒုက္ခရောက်လာရင် နိုင်ငံရေးအဖွဲ့အနေနဲ့ ဒါမျိုးကို ရှောင်ကျဉ်တာက အကောင်းဆုံးဖြစ်မယ်။ အဲဒီအောက်မှာပဲ ကေအိုင်အေက တဆင့်ပြီး တ ဆင့် လုပ်လာတာပေါ့။ အထူးသဖြင့် မတ်လ ၁၁ ရက်နေ့က စပြီးတော့ တပ်တွေကို ညွန်ကြားထားတာရှိတယ်။ သေနတ် သံ မမြည်စေဖို့ ခံစစ်ဆိုရင်တောင် တချို့ကိစ္စတွေမှာ အောက်ခြေချင်းညှိပြီးတော့ နေရာဖယ်ပေးဖို့အထိ ပြင်ဆင်ထားတယ် ။ မြစ်ကြီးနား - ဗန်းမော်ကားလမ်းက ကန်တော်ယန်တို့ ဘာတို့ဆိုရင်ဖယ်ပေးလိုက်တယ်။ အဲလိုပဲ တစ်ဘက်နဲ့တစ်ဘက် သိပ်တင်းမာနေတုန်းက တက်ပြီးယူထားတဲ့ နေရာတွေကို ဆုတ်ပေးလိုက်တယ်။ သူ့ဘက်ကတော့သိပ်မဆိုးဘူး ပျော့ပျော့ ပြောင်းပြောင်းနဲ့ သဘောထားရှိတယ် ။ မေး - အစိုးရဘက်က ပါဝင်တဲ့ အဖွဲ့တွေကို ဘယ်လိုခွဲခြားလို့ရမလဲဗျ ။ ဖြေ - ဗမာအစိုးရဘက်မှာတော့ ပါလီမန်ရယ် စစ်တပ်ရယ် MPC ရယ်ပေါ့။ MPC ကတော့ Stake Holder ထဲမှာ အရေး ကြီးတဲ့ အပိုင်းကနေ ပါနေတော့ သီးခြားပြောတာပိုကောင်းတယ်။ ဒီမှာ ပါလီမန်ရယ် စစ်တပ်ရယ် တစ်သံထဲထွက်နေတယ် ။ လွတ်တော်မှာလည်း ဒီကိစ္စတွေကို ဆွေးနွေးသံမကြားရဘူး ဦးလှဆွေလို လူမျိုးကတောင် Bullet ပေးမယ်ဆိုပြီး သူပြောချင်ရာလျှောက်ပြောသွားတယ်။ အဲဒါကို ဘယ်သူမှမတုန့်ပြန်ဘူး။ လွှတ်တော်ဟာ မပြတ်မသားနဲ့ ဘက်လိုက်မှုတွေနဲ့ သွားနေတယ်။ ရခိုင်လွတ်တော်အမတ်တွေ ရခိုင်ပြည်နယ်ကိစ္စပြောတာကလွဲလို့ ကျန် တိုင်းရင်းသား အမတ်တွေကလည်း တိုက်ပွဲ ဖြစ်နေတာတွေကို မပြောဘူး။ ဒါကြောင့်မို့လွတ်တော်ဟာ ပြည်သူတွေအတွက် တိုင်းရင်းသားတွေအတွက် မှန်မှန် ကန်ကန် ရပ်တည်ပေးနိုင်တာမရှိဘူး။ တစ်ချိန်က အတိုက်အခံလို့ ပြောတဲ့ ဒေါ်စုကိုယ်တိုင်က ကြာလေတိုင်းရင်းသား ပြည်သူတွေနဲ့ ဝေးကွာလေ ဖြစ်နေတယ်။ သူ့ကိုလည်း အားကိုးလို့မရဘူး အတိုက်အခံအလုပ်မလုပ်ဘူး။ အစိုးရခိုင်းတာပဲ လုပ်တော့မယ်ဆိုတဲ့ လေသံထွက်လာတယ်။ ဒါဟာဘက်နှစ်ဘက် ကိစ္စမှာ သူဘယ်လိုရပ်တယ်ဆိုတာ ပေါ်လွင်တယ် ။ဒါကြောင့်မို့ လွတ်တော်ဟာ ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ ပါမလာဘူး ။ မေး - ဒီနေရာမှာ အဓိကကျတဲ့ စစ်တပ်ကိုရော ဘယ်လိုသုံးသပ်ပါသလဲ ။ ဖြေ - ကာလုံနဲ့စစ်တပ်ကရှင်းတယ်။ တစ်ခါမှ ငြိမ်းချမ်းရေးအတွက် ညွှန်ကြားတာမရှိခဲ့ဖူးဘူး။ အခု ဖေဖေါ်ဝါရီလနောက်ပိုင်း မှာ Plan ချပြီးလုပ်တယ်။ တိုက်ပွဲကာလအတွင်းက ရထားတဲ့နေရာတွေကနေ မဆုတ်နဲ့။ အဲဒီနေရာတွေမှာ အခိုင်အမာ ဖြစ် အောင်ပြန်လုပ်တယ်။ ရိက္ခာတွေ လက်နက်တွေပို့တယ်။ ခံစစ်သေစခန်းတွေဆောက်တယ်။ ပိုဆိုးတာက မတ်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာ ဘာတပ်မှ မလျှော့ဘူး။ နောက်တစ်ခုက သျှမ်းမြောက်ဒေသ ထိုးစစ်ဝင်ထားတဲ့အချိန် လှုပ်ရှားပြီး ဖယ်ပေး ခဲ့တဲ့ နေရာတွေကို လုံးဝပြန်အဝင်မခံတော့ဘူး။ ၀င်တာနဲ့ချဆိုတာမျိုးဖြစ်လာတယ် အရင်ကတော့ အမြစ်ပြုတ်ရေးပေါ့ ။ အခု က အဲဒီဒေသတွေကို ခြေမချနိုင်ရေးပေါ့ ။ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစီးအောက်မှာ တပ်တွေဖြန့်ထားလိုက်တယ် ။ မေး - MPC အပိုင်းကိုရော ဆက်ပြောပေးပါအုံး ။ ဖြေ - MPC ဆိုတာရှိတယ် ။ အားလုံး က ပဏာမငြိမ်းချမ်းရေးအဆင့်ပဲ။ ဒါကြောင့်တိုက်ပွဲတွေဆက်ဖြစ်တယ် ။ တချို့နေရာတွေဖယ်ခိုင်းတယ်။ မဖယ်ရင်တိုက်တယ်။ ပြီးရင်တပ်ချင်းမှားသွားလို့ပါဆိုပြီး တောင်းပန်တယ်။ အဲဒီအခြေအနေမှာ MPC က အစည်းအဝေးတွေမှာ ပါးစပ်က အာမ တွေခံ သွားတယ်။ ပြီးတော့ဘာမှ အကောင်အထည်မဖေါ်ဘူး။ ကျနော်တစ်ဦးချင်းအမြင်အရဆို MPC မှာရှိတဲ့လူတွေဟာ တိုင်းရင်းသားတွေအကြောင်းဘာမှ နားမလည်ဘူး။ တိုင်းရင်းသားတစ်ယောက်မှ မပါဘူး။ အစိုးရအာဘော်တွေကို ဖြန့်တယ်။ Page worker တွေဖြစ်နေတယ်။ တိုင်းရင်းသားတွေကိုလည်းနားလည်တယ်။ နှစ်ဘက်စလုံးကိုမှန်မှန်ကန်ကန် ရပ်တည်ပေး နိုင်တဲ့ balance ရှိဖို့လိုတယ် ။ မေး - နောက်ဆုံးအနေနဲ့ တရုတ်ရဲ့ပါဝင်မှုကိုရော ဘယ်လိုမြင်ပါသလဲ ။ ဖြေ - တရုတ်ဆိုရင် အစိုးရနဲ့ ကေအိုင်အေကြားမှာ မတက်မကြွနဲ့ ဒီအတိုင်းထိုင်ကြည့်နေတာ ကြာပြီပေါ့နော် ။ ဒီကြားထဲမှာ ဗမာအစိုးရဘက်က ရပ်တဲ့ပြဿနာတွေပေါ်လာတယ်။ ဒုက္ခသည်တွေကိုမောင်းထုတ်တာတွေ လုပ်လာတယ်။ ဗမာအစိုးရရဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြင်းထန်တဲ့နယ်စပ်တိုက်ပွဲတွေအောက်မှာ ဘယ်လိုမှ ရပ်နေလို့မရဘူး။ ဒါကြောင့်ခုန်ပြီးထွက် လာတာဖြစ်တယ်။ ပုံမှန်စွက်ဖက်နေပြီးမှ ဘယ်တော့မှ မစွက်ဖက်ပါဘူးလို့ ပြောနေချိန်မှာ သူတို့ကြားဝင်မှ ဖြစ်တော့မယ် ဆိုပြီးထွက်လာတာ။ ကျနော့်အမြင်အရဆိုရင်တော့ တရုတ်ပြည်ပါလာတာ ကောင်းတယ်။ သူပါနေဖို့လိုတယ် ။ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ပြည်နယ်စပ်မှာ ဖြစ်နေလို့ အလားတူ နိုင်ငံတကာလည်း ပါဖို့လိုတယ်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဆွေးနွေးပွဲ စပြီး တရုတ်ပါမလာဘူးဆိုရင် ဒီမိုးမကျခင်မှာ နှစ်ဘက်ပြင်းထန်တဲ့တိုက်ပွဲတွေ အများကြီးတွေ့ရမှာဖြစ်တယ်။ တရုတ်ပြည်နဲ့ ဆက်ဆံတဲ့အခါမှာ လိမ်မာပါးနပ်စွာနဲ့ သူ့ကိုအသုံးချဖို့လိုတယ်။ သူက ကျနော်တို့ကို နှစ်ပေါင်းများစွာ အသုံးချခဲ့ပြီးပြီ ။ ဒါမှသာလျှင် တစ်စုံတစ်ရာ တရားဝင်တဲ့ အချက်အလက်တွေကို ဖန်တီးနိုင်မှာဖြစ်တယ် ။ |
| တအာင်း(ပလောင်) လူမှုရေးအဖွဲ့ တန့်ယန်းဒုက္ခသည်များအား သွားရောက်ကူညီ Posted: 11 Apr 2013 07:27 PM PDT အစိုးရ တပ် နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက်၌ရောက်ရှိနေသော စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တအာင်း(ပလောင်) လူမှုရေးအဖွဲ့များက ထောက်ပံ့ မှု သွားရောက်ပေးကမ်းခဲ့ကြောင်း ကြားသိရသည်။ စစ်ပွဲကြောင့် ကလေးအဖေပျောက်နေတယ်ဆိုတဲ့ တအာင်းအမျိုးသမီးနဲ့ သူမရဲ့ကလေး (ဓါတ်ပုံ- KPL)"ကျမတို့ တအာင်းအမျိုးသမီးအဖွဲ့အနေနဲ့ ခေါင်းအုန်း အလုံး ၁၀၀ ၊ အိပ်ယာခင်းအထည် ၁၀၀ ၊ ဆန်အိပ် ၂၀၀ ၊ ဆီပုံးတပုံး၊ ပိုက်ဆံ တသိန်းသွားရောက်ကူညီခဲ့တယ်။ စခန်းထဲမှာ အများအားဖြင့် တအာင်းလူမျိုးတွေများတယ်။ တခြားနေရာမှာကော ခိုလှုံ နေတာရှိတယ်။ ကျမတို့မရောက်ဖြစ်ခဲ့ဘူး။ အောင်မင်္ဂလာကျောင်းတိုက်မှာ ခိုလှုံနေတဲ့သူတွေအတွက်ဘဲ သွားရောက်ကူညီ နိုင်ခဲ့တယ်" - ဟု တအာင်းအမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ၁ လွေးပိုးဖိန်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။ ထို့အတူလွန်ခဲ့သည့် ရက်ပိုင်းကလည်း လားရှိုးအခြေစိုက် တအာင်းကျောင်းသားလူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အ ရေး မှတ်တမ်းရေးအဖွဲ့မှူး မိုင်အိုက်မွန်း ကလည်း - " ကျနော်တို့က လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကသွားခဲ့တာ။ ဆန်၊ ဆီ၊ ဆား ဆပ်ပြာ မှုန့် နဲ့ အခြားအရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေ ကူညီ ထောက်ပံ့ခဲ့တယ်" ဟု ပြောသည်။ အောင်မင်္ဂလာကျောင်း၌ရှိ ဒုက္ခသည် ၄၃၁ ဦးအနက် ဝမ့်ပါဖန် ရွာသား ၃၀ ခန့်သာ ယနေ့ရွာပြန်သွားပြီး လူဦးရေ ၄၀၀ ခန့် ကျန်ရှိနေသေးကြောင်း ထိုသူများအတွက် အသုံးအဆောင်ပစ္စည်းများ၊ စားရေးရေးသောက်ရေး၊ ဆေးဝါးစသဖြင့် အကူအညီ လိုအပ်နေသေးကြောင်း၊ စေတနာရှင်ငွေရှင်များထောက်ပံ့ထားသည့် ငွေသားများလည်း ဟင်းဖိုးအဖြစ် ပေးဝေလိုကြောင်း အကူအညီပေးနေသည့် တန့်ယန်းလူငယ်များအဖွဲ့မှ စိုင်းခေးက ပြောပါသည်။ "မနေ့တုန်းက ကျမတို့သွား စစ်ဘေးဒုက္ခသည်တွေကို သွားကြည့်တော့ တော်တော်လေးကို စိတ်ပူမိတယ်။ ဘာလို့လဲ ဆိုတော့ လူ ၄၀၀ ကျော်က ဘုန်းကြီးကျောင်းမှာဘဲ အကုန်လုံးစုပုံပြီးနေကြတယ်။ ရည်ရှည်အတွက်မကောင်းဘူး။ တချို့သူတွေလဲ စစ်ဘေး စစ်ဒဏ်ကြောင့်ဒဏ်ရာရထားတဲ့သူတွေလဲရှိတယ်။ အပစ်ရပ်ထားကြပြီး ဒီလိုမျိုးဖြစ်နေတဲ့အပေါ်မှာ စိတ်မကောင်း မိဘူး" - ဟု လွေးပိုးဖိန်းက ပြောပါသည်။ မတ်ခ်ျလနှောင်းပိုင်းက အစိုးရတပ် တပ်ရင်း ခလရ ၃၃၊ ၂၉၁ နှင့်ခမယ ၃၂၂ က SSPP/SSA ၏ လွယ်စေး တပ်စခန်းအား တက် တိုက်ရာတွင်ဒေသခံလူထု၏ လယ်၊ ယာ အတွင်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်း၊ ရပ်ရွာအတွင်းဝင်ရောက်၍ လူထု၏ ပစ္စည်းများ ကြက်ဝက်များယူငင်ခြင်း၊ ရွာသားများအား ခေါ်ယူခိုင်းစေခြင်း၊ လမ်းပြခိုင်းခြင်းကြောင့်ရွာသားများ မိုင်းနင်းမိ သေ ဆုံး ခြင်း၊ ရွာသူများအား ၎င်းတို့နှင့်အတူခေါ်ဆောင်သွားခြင်းအစရှိသော လုပ်ရပ်များကိုကြောက်လန့်သဖြင့် လွယ်စေးဒေသ ကျေး လက် ၁၆ ရွာမှာ ရွာသား ၁၀၀၀ ကျော်မှာ တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ပြီ၊ ငြိမ်းချမ်းရေးတည်ဆောက်နေသည် စသဖြင့် နိုင်ငံတကာအမြင်ကောင်းအောင်လုပ်နေသော်ငြားလည်း အောက်ခြေတပ်များရင်းတပ်ဖွဲ့များက သျှမ်းပြည်မြောက်ပိုင်း အတွင်း ထိုးစစ်ဆင်မှုရပ်နားခြင်းမရှိသေးကြောင်း တန့်ယန်းမြို့ ဒုက္ခသည်စခန်းတင်မကဘဲ၊ မန်တုံ၊ နမ့်ခမ်း၊ ကွက်ခိုင်မြို့တို့တွင်လည်း စခန်းတခုလျှင် ဒုက္ခသည်များ ရာဂဏန်းရှိနေသေးကြောင်း၊ တိုက်ပွဲလဲ မကြာခဏ ဖြစ်ပွားနေကြောင်း မိုင်အိုက်မွန်းက ပြော သည်။ အပစ်ရပ်ခြင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စများအား အထက်ပိုင်းအဆင့်သာလုပ်နေခြင်းမျိုးဘဲမဟုတ်ဘဲ ဒေသခံလူထု အတွက်အာမခံချက်ပေးသည့် ငြိမ်းချမ်းရေးမျိုးရရှိရန်လိုကြောင်းလည်း လွေးပိုးဖိန်းက ပြောသည်။ |
| စစ်ရေးငြိမ်သက်မှုမရှိသေးသဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး စခန်းကော်မတီကန့်ကွက် Posted: 11 Apr 2013 07:26 PM PDT သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အောင်မင်္ဂလာ ကျောင်း တိုက် ရောက် ဒုက္ခသည်များအားလုံး နေရပ်ပြန်ပို့မည့် အစီ အစဉ် မဖြစ်နိုင်သေးကြောင်း၊ ဒုက္ခသည်များအတွက် အာမခံချက်မရှိပဲ ပြန်ပို့မည့်အစီအစဉ်အား ကန့်ကွက်ကြောင်း ကူညီဆောင်ရွက် ပေးနေသည့် တန့်ယန်းလူငယ်များအဖွဲ့ကပြောပါသည်။ နေရာထိုင်ခင်းမရှိတော့သော ဘုန်းကြီးကျောင်းဝင်း စေတီဘုရားကြားက ဒုက္ခသည်များ (ဓါတ်ပုံ-SYP)"စစ်မြေပြင်နဲ့ဝေးတဲ့ ဖာဖန် (ပန်မောင်ခယ် ၊ ကောင်းဆိုင်း၊ ဟွေ့ပူရွာ) က ရွာသား ၃၀ ကျော်ကျော်လေးဘဲပြန်သွားပြီ။ ကျန် တာ တော့ နောက်တပတ်လောက် အခြေအနေ စောင့်ကြည့်ဦးမယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေရွာပြန်သွားရင် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ထပ်ရှိလာဦးမှာမလွဲဘူး။ ဒါကြောင့် ကျနော်တို့လူငယ်အဖွဲ့က သူတို့ကိုရွာပြန်ပို့မယ့်အရေး ကန့် ကွက် ကြတယ်။ တဖက်ကလဲ ရွာကိုနေ့တိုင်းပြန်ပြန်သွား ကြည့်တဲ့လူငယ်တွေက ပြန်လာပြောပြချက်အရ ရွာမှာအခြေအနေမကောင်း သေးဘူး။ နှစ်ဘက်စလုံးက ချိန်နေကြသေးတဲ့ အနေအထားမှာရှိနေတော့ စိတ်မချရသေးဘူးဆိုလို့ ဒီနေ့ ဒုက္ခသည် အားလုံးကို နေရပ်ပြန် ပို့မယ့် အစီအစဉ် ဖျက်လိုက်တာဖြစ်ပါတယ်" ဟု ဒုက္ခသည်စခန်း၌ ကမကထပြု ကူညီဆောင်ရွက်ပေးနေသည့် လူငယ်စိုင်းခေးက ပြောပါသည်။ တဖက်တွင်လည်း ဒုက္ခသည်များအတွင်း (နို့တိုက်ခလေးအရွယ်) သားသည်မိခင်များ အများအပြားပါဝင်ကြောင်း အဆိုပါ လူ ငယ်များကပြောသည်။ (Photo: KPL)ယမန်နေ့က ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ နိုင်ငံရေးပါတီများနှင့် ကူညီရေးအဖွဲ့အစည်းများ အစည်းအဝေးလုပ်၍ ဒုက္ခ သည်များအား နေရပ်ပြန်ပို့ပေးရန် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စစ်ဘေးဒုက္ခသည်များအနက်တွင်လည်း နေရပ်ပြန်လို သူများ ရှိသကဲ့သို့ စိတ်မချရသေးသဖြင့် နေရပ်မပြန်လိုသေးသူများလည်းရှိကြောင်း၊ နေရပ်ပြန်ပို့ပေးဖို့စီစဉ်ရာတွင်လည်း ဒေသ တွင်းစစ်မက်အခြေအနေအတွက် မည်သူမှ အာမခံချက်မပေးနိုင်ကြောင်း စိုင်းခေးကပြောပါသည်။ အလားတူ ဒုက္ခသည်များအတွက် တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသော လားရှိုးလူငယ်အဖွဲ့မှ သျှမ်းတိုင်းရင်းသား များ ဒီမို ကရေစီအဖွဲ့ချုပ်၏ (လားရှိုး) ပြောခွင့်ရ စိုင်းလူက " ဒုက္ခသည်တွေ တစုတစည်း တနေရာထဲမှာနေထိုင်နိုင်အောင်၊ သူတို့ရဲ့ စား သောက်မှုအတွက်အဆင်ပြေအောင် စတင်ကူညီလာခဲ့တာ လူငယ်အဖွဲ့ ဖြစ်ပါတယ်။ နောက်ပိုင်းမှ အုပ်ချုပ်ရေး မှူးတွေ နိုင်ငံရေး ပါတီတွေ ပူးပေါင်းလာတာဖြစ်တယ်။ ဒါကြောင့် ဒုက္ခသည်တွေအတွက်ဘာဘဲလုပ်လုပ် အားလုံး လက်တွဲ ပူးပေါင်းပြီးမှ ဆုံးဖြတ် သင့်တယ်။ ကျနော်တို့ လူငယ်အဖွဲ့အနေနဲ့တော့ ဘာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ ကြိုးစား ပြီးကူညီသွားမှာဘဲ " ဟု သျှမ်းသံတော်ဆင့်အား ပြော ပါသည်။ ဒုက္ခသည်များ ယခုအခြေအနေအတွင်း နေရပ် ပြန်ပို့လိုက်မည်ဆိုပါက လုံခြုံရေးအကြောင်းပြကာ မြန်မာစစ်တပ်က အင်အား တိုးချဲ့ချထားမည်မှာမလွဲကြောင်း၊ ထိုအခြေအနေ၌ ရွာသားများသည် အဆိုပါမြန်မာစစ်တပ်အား အချိန်ပြည့် အလုပ်အကျွေး ပြုပေးနေရမည်မလွဲကြောင်း၊ ရွာသားများအားနေရပ်အမှန်ပြန်ပို့လိုသည့် စိတ်ရင်းစေတနာမှန်ပါက စစ်မျက်နှာပြင်၌ ရှိသော အစိုးရတပ်များ နောက်တန်းသို့ ပြန်ဆုတ်ပေးသင့်ကြောင်း၊ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မ တော် စခန်း သို့ ဦးတည်လှုပ်ရှားမှုမျိုးမရှိသင့်ကြောင်း၊ ထိုသို့ဆက်ရှိနေပါက ကျေးလက်လူထုအား လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက် ဖြစ်ဦးမည်မလွှဲကြောင်း၊ ထို့ကြောင့် ရွာသားများအတွက် ဘ၀အာမခံချက်အခိုင်အမာမရှိသေးသည်ကိုတွေးပူကာ လူငယ် အဖွဲ့က ဒုက္ခသည်များအား နေရပ်ပြန် မပို့စေလိုခြင်းဖြစ်ကြောင်း စိုင်းလူက ဆက်လက်ရှင်းပြပါသည်။ ဧပြီလ ၃ ရက်နေ့တုန်းက ကျနော်တို့လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနဲ့တွေ့တုန်း က - တိုက်ပွဲမဖြစ်အောင် သမ္မတကိုပြော ပေးမယ် လို့ပြောတယ်။ တိုက်ပွဲတော့ မဖြစ်တော့ပေမယ့် အစိုးရတပ်ကတော့ ခုထက်ထိ မရုပ်သိမ်းသေးဘူး။ ရှေ့တန်းမှာလဲ ရှိနေတုန်း - SSPP မှ စဝ်နော်လိတ် ကပြောပါသည်။ မတ်ခ်ျ ၂၆ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးကလည်း- ကျနော်တို့လဲ အထက်အမိန့်ကို မလွန်ဆန်နိုင်ဘူး၊ သံလွင် အနောက်ခြမ်း တန့်ယန်း - မိုင်းကောဝ် တကြောကို ကျနော်တို့ကို စစ်အင်အားပို့ပေးပြီး နယ်မြေရှင်းလင်းခိုင်းထားတယ်။ ခင်ဗျားတို့တပ်တွေဆုတ်ပေးပါ။ မဆုတ်ပေးရင် မလွှဲမရှောင်သာ ကျနော်တို့ တိုက်ပွဲဖြစ်ရမှာဘဲ - ဟု စဝ်စိုင်းထူး နှင့် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလာ တို့အား လားရှိုးစစ်တိုင်းရုံး၌ ခေါ်ယူတွေ့ဆုံကာပြောကြားခဲ့သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[New post] သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေ
Aung Htet posted: " ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၁၂၊ ၂၀၁၃ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းတို့ ခရီးသွားကြသည့်အခါ ကားလမ်းဘေး၊ ရထားလမ်းဘေး စသည့်နေရာတို့တွင် လမ်းဘေးအလှူခံမဏ္ဍပ်ငယ်လေးများကို မိဘပြည်သူများ တွေ့မြင်ဖူး ကြမည်ထင်ပါသည်။ ကျွန"
|
[New post] ရောက်တတ်ရာရာ အတိုအစများ
Aung Htet posted: "မောင်ရင်ငတေ ဧပြီ ၁၂၊ ၂၀၁၃ ● ကားလ်မာ့စ်မြို့မှာတနေ့တာ Treviri (it) Trier (de) Trèves (fr) ပြီးခဲ့တဲ့လက လူဇမ်ဘူးမြို့ကိုခဏရောက်နေခိုက် အချိန်ရတာနဲ့ သိပ်မဝေးလှတဲ့ ဂျာမဏီနယ်စပ်က လူသိသိပ်မများတဲ့ Trier ထရီယာလို့ဆိုတဲ့မြို့လေးကို ခြေဦးဆန့်ခွင့် ကြံ"
|
[mrsorcerer:37883] Fwd: ဦးဇင်းဝီရသူ မေးထားတဲ့ မေးခွန်း ၁၄ ခု
ဖြေ ၁ ။ ။ အရှင်ဘုရား ... မုစ်လင်မ်တွေရဲ့ ဗလီဆိုတာ ၀တ်ပြုဖို့ပါ၊ ဗလီထဲမှာ စီးပွားရေး လူမှုရေး၊ လူမျိုးရေး လုံးဝ (လုံးဝ) လုပ်ခွင့်မရှိတဲ့ နေရာပါ ဘုရား။
၂...ဗလီဆောက်ပီး အဲဒီဧရိယာတ၀ိုက် မှာ သူတို့ ဘာသာဝင်တွေသာကို အုပ်စုဖွဲ့ပီး စီးပွားရေးလုပ်ခွင့်ပေးတာ...
ဖြေ ၂ ။ ။ အရှင်ဘုရားရေ ... မန္တလေးမှာသော်လည်းကောင်း၊ ရန်ကုန် မြို့လည်ခေါင် မှာသော်လည်း ကောင်း ဗလီ ဘေးပတ်ဝန်းကျင်မှာ အခြား ဘာသာဝင်များကို စီးပွားရေး လုပ်ခွင့်ပေးထားပါတယ်ဘုရား၊ ဗလီအနားမှာ မို့လို့ ဘာသာခြား တော်တော်များများ အရောင်းအ၀ယ် လာမလုပ်တာဘဲ ရှိမယ်၊ ဘာသာခြားကို လုံးဝ မငှားမရမ်း၊ စီးပွားရေး လုပ်ခွင့်မပေးဖို့ အစ္စလာမ် သာသနာက မိန့်မထားပါဘူး ဘုရား .... ။
၃..မြန်မာပြည်မှာနေပီး မြန်မာအမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ရရင် သူတို့ဘာသာဝင်အဖြစ် နည်းမျိုမျိုးနဲ့ မတရားသိမ်းသွင်းတာ....
ဖြေ ၃ ။ ။ အရှင်ဘုရားရေ .... အစ္စလာမ် အမျိုးသမီးတွေ ဗုဒ္ဓဘာသာနဲ့ လက်ထပ်ယူသွားပြီး အစ္စလာမ် ဘာသာကနေ အခြား ဘာသာကို ကူးပြောင်းသွားတာ အများကြီးပါဘုရား၊ နောက်ပြီး အစ္စလာမ် သာသနာရဲ့လမ်းညွှန်ချက်မှာ ဘာသာတူအချင်းချင်းပဲ ပေါင်းသင်း လက်ထပ်ယူဖို့ ပညတ်ထားပါတယ်ဘုရား။ အရှင်ဘုရား အစ္စလာမ်သာသနာအကြောင်း ထဲထဲ ၀င်ဝင် လေ့လာရင် သိနိုင်ပါတယ်ဘုရား ။
၎.. စီးပွားရေးကို အချင်းချင်း ဆက်ဆံရေးအသွင်နဲ့ ( ဥပမာ.သံထည် အိမ်ဆောက်ပစ္စည်းမျိုးတွေကို တဖြည်းဖြည်း လက်ဝါးကြီးအုပ်လုပ်လာနေတာ....
ဖြေ ၄ ။ ။ အရှင်ဘုရားရယ် စီးပွားရေးလုပ်တာ လည်သူစားစတမ်းပါ၊ အခုလို ခေတ်ကြီးမှာ စီးပွားရေး လက်ဝါးကြီးအုပ်တယ်လို့ ပြောနေကြတာဟာ ပြောတဲ့သူ အရည်အချင်းမရှိလို့ပါဘုရား၊ ဈေးကွက်စီးပွားရေးအတွက် ဘယ်သူမဆို ဘယ်သူ့ကိုမဆို စိန်ခေါ်နိုင်စွမ်းရှိပြီး အထက်တန်းကျကျ ယှဉ်ပြိုင်နိုင်စွမ်း ရှိရပါ့မယ် ဘုရား ..... ။
၅...မြန်မာပြည်မှနေပီး အခြား အစ္စလာမ်နိုင်ငံတွေက အကူအညီတွေနဲ့ လူမျိုး၊ ဘာသာ၊ စီးပွား ပြန့်ပွားရေးတွေဆောင်ရွက်နေတာ..
ဖြေ ၅ ။ ။ အရှင်ဘုရားရယ် .... ဘယ်အစ္စလာမ်နိုင်ငံကလူတွေ မြန်မာပြည်ထဲက မုစ်လင်မ်တွေကို အကူအညီပေးပြီး လူမျိုး၊ ဘာသာ၊ စီးပွားရေး ပြန့်ပွားအောင် ဆောင်ရွက်နေတယ်ဆိုတာ ဦးဇင်း တပ်အပ်ပြောနိုင်လားဘုရား၊ သက်သေမပြနိုင်ဘဲ စွပ်စွဲ၇င် အပြစ်ထိုက်ပါတယ် ဘုရား ။ အဲဒီလိုမျိုး သူများနိုင်ငံတွေက ထောက်ပံ့နေရင် မြန်မာပြည်ထဲမှာ ဆင်းရဲတဲ့ အစ္စလာမ် ဘာသာဝင်တွေဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူးဘုရား ..... ။
၆.. ဘာသာရေးကို ဘာသာရေးနဲ့တူအောင်မလုပ်ဘဲ မြန်မာတွေ မမြင်သာအောင် အဆောက်အဦးတွေကို လျှို့ဝှက်ပုံစံတွေနဲ့ ဆောက်ထားတာ...
ဖြေ ၆ ။ ။ လျှို့ဝှက်ပုံစံဆိုတာ ဘယ်လိုမျိုးလဲဘုရား၊ ဗလီထဲမှာ ဘာသာရေးပဲ လုပ်ခွင့်ရှိတယ်ဆိုတာ တပည့်တော် အထက်က နံပတ် ၁ အဖြေမှာ ဖြေကြားပြီးသားပါဘုရား၊ အ၇ှင်ဘုရား မိန့်တဲ့ လျှို့ဝှက်ပုံစံဆိုတာ ဘယ်လိုမျိုးဆိုတာ သိပါရစေ။ သေချာတာ က တော့ ဗလီတွေမှာ ဌာပနာတိုက်ဆိုတာမျိုး မရှိပါခင်ဗျား။
၇...ပြဿနာတစ်ခုဖြစ်တာနဲ့ နိုင်ငံခြားသတင်းဌာနတွေစီ အရင်ဆုံး မမှန်မကန်သတင်းတွေပို့တာ..
ဖြေ ၇ ။ ။ နိုင်ငံခြား သတင်းဌာနတွေဆိုတာ မမှန်မကန် သတင်းတွေကို လက်မခံပါဘူးဘုရား၊ မမှန်မကန် ၀ါဒဖြန့်ပြီး အဓိကရုန်းဖြစ်အောင် မြှောက်ထိုး ပင့်ကော်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာတွေကို ဦးဇင်း ဘယ်လို သတ်မှတ်လဲ ဘုရား။
၈...ဒေသတစ်ခုကို စုပေါင်းခြေကုတ်ယူပီး အင်းအားကောင်းလာအောင်လုပ်တာ..
ဖြေ ၈ ။ ။ ခြေကုတ်ယူတာတို့ အင်အားကောင်းလာအောင် လုပ်တာတို့ကို ဘယ်မြို့တွေမှာ လုပ်နေတယ်လို့ ဦးဇင်း တပ်အပ်ပြောနိုင်လည်းဘုရား၊ တရုတ်က မန်းတလေးကို သိမ်းထားတာကိုရော ဦးဇင်း ဘယ်လိုမြင်လဲ ဘုရား။
၉...မြန်မာပြည်တွင်းကို တရားမ၀င်ကုလားများဝင်လာနိုင်အောင် အကူအညီပေးတာ..
ဖြေ ၉ ။ ။ တရားမ၀င် လူတွေ ၀င်လာအောင် လုပ်တယ်ဆိုတာ တော်ရုံတန်ရုံ လုပ်လို့မရဘူး အရှင်ဘုရား၊ မြန်မာပြည်က စီးပွားရေး အရမ်းကောင်းလွန်းလို့ ပြည်ပက တရားမ၀င်လူတွေကို ပြည်တွင်းကမုစ်လင်မ်တွေက တင်သွင်းတယ်လို့ ဦးဇင်းက မြင်နေတာလားဘုရား ။။။။
၁၀..အင်းအားစုမိတဲ့ နေရာတိုင်းမှာ ပတ်ဝန်းကျင်ကို အလေးမထားပဲ မြန်မာတိုင်းရင်း သားများ အလေးထားတဲ့ နွားတွေကို လည်လှီပီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေလုပ်တာ..
ဖြေ ၁၀ ။ ။ ဦးဇင်းရေ ... အစ္စလာမ် သာသနာရဲ့ ပညတ်ချက်က စားပိုင်ခွင့်ရှိတဲ့ သတ္တ၀ါတွေကို လည်လှီးပြီး စားသုံးမှ ခွင့်ပြုထားတာပါ။ လည်လှီးပြီး သတ်ဖြတ်ခံရတဲ့ သတ္တ၀ါကို စားသုံးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လည်းဆိုတာကို အရှင်ဘုရားအနေနဲ့ ဆေးပညာ ကျမ်းတွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်ဘုရား၊ နောက်ပြီးတော့ သတ္တ၀ါတစ်ကောင်ကို စားသုံးတော့မယ်ဆိုရင် အဲဒီသတ္တ၀ါ အသက်ပျောက်မှ စားသုံးခွင့်ရှိတာ မဟုတ်ဘူးလားဘုရား၊ လည်ပင်းလှီးသတ်ခံရ ခံရ၊ ရဲတင်းနဲ့ ခုတ်ထစ်ပြီး အသတ်ခံရ ခံရ၊ ဒါးနဲ့ နံကြားကို ထိုးပြီး အသတ်ခံရ ခံရ အဲဒီသတ္တ၀ါ သေဆုံးသွားမှ စားသုံးလို့ရတာမဟုတ်လားဘုရား၊ အစ္စလာမ် ဘာသာဝင်တွေ နွားသတ်တယ်ဆိုတာ လုံခြုံတဲ့နေရာမှာပဲ သတ်တာပါဘုရား၊ နောက်တစ်ချက်က နွားတွေကိုပဲ သနားတော့မှာလားဘုရား၊ ကျန်တဲ့ သတ္တ၀ါတွေ -- (၀က်၊ ကြက်၊ သိုး၊ ဆိတ်) အဲဒါတွေကို နေ့စဉ် သတ်ဖြတ်နေတာတွေကိုရော ဦးဇင်း ဘယ်လိုမြင်လဲဘုရား။ အရွယ်ကောင်းကောင်း နွားတစ်ကောင် (အသက်တစ်ချောင်း) က လူပေါင်း ၂၀၀၀ အတွက် တစ်နပ်စာ အာဟာရဖြစ်စေပါတယ်။ ပုစွန်ခြောက် ၊ ငါးပိ တစ်ကျပ်သားမှာ အသက်ပေါင်းများစွာ ပါဝင်ပေမယ့်
လူတစ်ယောက် တစ်နပ်စာကို တောင် အာဟာရမဖြစ်စေပါဘုရား။ အသိဥာဏ်ရှိသူတွေ က ဘယ်အစားအစာ
က ပိုအပြစ်ကင်းကြောင်းတွေးယူနိုင်ပါတယ် အရှင်ဘုရား
၁၁...ဗလီတွေ စာသင်ကျောင်းတွေကို လျှို့ဝှက် နည်းအမျိုးမျိုးနဲ့ ရအောင်ဆောက်ပီး ခြေကုပ်ယူတာ..
ဖြေ ၁၁ ။ ။ စစ်အစိုးရလက်ထက်မှာရော၊ အခု အစိုးရလက်ထက်မှာပါ အသစ်ဆောက်ခွင့်ရှိတဲ့ ဗလီ ရှိရင် ပြောပြပါ့လားဘုရား၊ စာသင်ကျောင်းကတော့ ကိုယ့်ဘာသာဝင်ထဲက ကလေးသူငယ်တွေ လိမ္မာ ယဉ်ကျေးအောင် ဗလီရဲ့ နေရာတစ်ခုမှ သင်ကြားပေးနေတဲ့နေရာတစ်ခုလို လုပ်ပြီး သင်ကြားပေးနေတာပါ။ ဘုန်းကြီးကျောင်းတွေ မှာရော ကလေးတွေ ကို စောင့်ရှောက်ပြီးစာပေမသင်ကြားလို့လား ဘုရား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာကျောင်းတွေကရော တရားဝင်လား ဘုရား။
၁၂..အစိုးရ စီမံကိန်းနဲ့ မလွတ်လို့ ပြောင်းရွှေ့ခိုင်းရင် ဘုန်းကြီးကျောင်းတောင် ပြောင်းရွှေ့ပေးရပေမဲ့ ဗလီကို တလက်မအရွေ့မခံတာ...
ဖြေ ၁၂ ။ ။ အစိုးရ စီမံကိန်းနဲ့ မလွတ်တဲ့ ဗလီ တစ်လုံးတစ်လေ ရှိရင် ပြောပြပေးပါ့လား ဘုရား၊ တစ်လုံးမှမရှိရင် စွပ်စွဲသလိုဖြစ်ပြီး အပြစ်ထိုက်ပါတယ် ဘုရား။
၁၃...ဗလီဧရိယာမှန်သမျှ မြန်မာနိုင်ငံ အစိုးရပိုင်အဖြစ် မသတ်မှတ်ဘဲ တကမ္ဘာလုံးက အစ္စလာမ်ဘာသာဝင်တွေနဲ့သာဆိုင်တဲ့ နေရာအဖြစ်သတ်မှတ်တာ...
ဖြေ ၁၃ ။ ။ ဦးဇင်းအဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ပြနိုင်လားဘုရား၊ ဗလီဝတ်ကျောင်းတော်ဆိုတာ အစ္စလာမ် ဘာသာဝင် အားလုံးအတွက် ၀တ်ပြုဖို့နေရာပါဘုရား၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေကရော ဗုဒ္ဓဘာသာဝင် အားလုံးနဲ့ မဆိုင်ဘူးလား ဘုရား။
၁၄...နိုင်ငံခြားအစ္စလာမ္မစ်နိုင်ငံတွေမှာ အခြားသာသာဝင်တွေရဲ့ စီပွားလုပ်ကိုင်ခွင့် ပိုင်ဆိုင်ခွင့်..ဘာသာရေးလုပ်ခွင့်တွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ...
ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်..
ဖြေ ၁၄ ။ ။ အရှင်ဘုရား ခင်ဗျား .... အာရဗ်နိုင်ငံတွေမှာ စီးပွားရေး လုပ်ကိုင်နေတာ တရုတ်လူမျိုးတွေ များပါတယ်ဘုရား၊ အီဂျစ်လို နေရာမျိုးမှာတောင် တရုတ်က စက်ရုံတွေ တည်ပြီး Quality ပစ္စည်း ထုတ်နေတာပါဘုရား၊ အဲဒီ အီဂျစ်တွေက ဗုဒ္ဓဘာသာတွေပါဘုရား၊ အစ္စလာမ်ဘာသာဝင် ပန်းသေးတွေ မဟုတ်ပါဘူးဘုရား၊ အခြားသော အာရဗ်နိုင်ငံတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ အဆိုပါ တိုင်းပြည်တွေ တိုးတက်ဖို့ မည်သည့်နိုင်ငံက မည်သည့်ဘာသာဝင်မဆို လွတ်လပ်စွာ စီးပွားရေး လုပ်ခွင့်ပေးထားပါတယ်ဘုရား၊ မလေးရှားကိုကြည့်ရင်လည်း ထိုနည်းအတိုင်းပါဘဲ ဘုရား၊ ဘာသာရေးနဲ့ ပတ်သက်ပြီးလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်ဘုရား၊ ပါကစ္စတန် လို Islamic နိုင်ငံ၊ အင်ဒိုနီးရှားလို မွတ်စလင် အများစုကြီးနိုင်ငံ
အာရပ်နိုင်ငံအချို့ မှာ ခရစ်ယျာန် Chruch ကျောင်းတွေရှိပါတယ်ဘုရား၊ အရှင်ဘုရားတို့လည်း သာသနာပြုသွားလို့ရပါတယ်ဘုရား။ တပည့်တော် တင်ပေးမယ့် လင့်က်ကတော့ အာရပ်နိုင်ငံတစ်ခုမှာ ခရစ်ယျာန်တွေ ဘုရားပွဲလုပ်နေတဲ့ Video Clips ပါဘုရား။
http://www.youtube.com/watch?v=LOL_CBc_PPY
အရှင်ဘုရားမေးထားတဲ့ မေးခွန်း ၁၄ ခုကို တပည့်တော် ဖြေပြီးပါပြီ၊ အဲဒါတွေကို အရှင်ဘုရား တိတိကျကျ ဖြေကြားပေးနိုင်ရင် အရှင်ဘုရားပြောကြားတဲ့ ပြုပြင်ရမယ့် အချက်တွေကို ပြင်ဖို့ တပည့်တော်တို့ ကြိုးစားပါ့မယ်ဘုရား။
လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ လှုပ်ရှားမှုကို ဦးဆောင်နေသူများသို့...
ကျွန်ုပ်သည် ၉၆၉ အဖွဲ့ဝင်မဟုတ်သလို ဘာသာရေးအစွန်းရောက် ရဟန်းတစ်ပါးလည်းမဟုတ်ပါ...မျက်ကန်းမျိုးချစ်များကို မလိုလားသလို...မျိုးမချစ် မျိုးမစစ်တဲ့ မျက်ကန်းများကိုလည်းမလိုလားပါ...မြန်မာနိုင်ငံ၏ အနာဂါတ်အရေးကို လေးလေးနက်နက်တွေးတော သုံးသပ်နိုင်ရန် ဒီပိုစ်ကို ရေးသားတင်ပြပါသည်...အပြုသဘောနဲ့ ဆွေးနွေးဝေဘန်လိုသူများကို လူမျိုးမရွေး ဘာသာမရွေးအစဉ်တံခါးဖွင့်ပေးထားလျက်ပါ...
ဒီစာတမ်းတွေ လိုက်ဝေနေနဲ့ လူငယ်အဖွဲ့တွေရလို့ တစ်ဖက်က၀မ်းသာမိတယ်..ပဋိပက္ခမဖြစ်အောင် အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်မယ်ထင်လို့ပါ... ဒါ့ကြောင့်.ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဖြစ်စေရ ဆိုတဲ့ စာတမ်းကို အကြွင်းမဲ့ ထောက်ခံတယ်...
လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတာကိုတော့ ချွင်းချက်ရှိတယ်လို့ပြောချင်ပါတယ်..ကိုယ်ကမခွဲခြားဘဲ သူတို့ကခွဲခြားတာတွေရှိနေတာကို ဘယ်သူတွေက ပြုပြင်အောင် စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာ သိချင်ပါတယ်...ဒါကြောင့်..အောက်မှာတင်ပြတဲ့ အချက်တွေကိုပြုပြင်ဖို့ ဘယ်အဖွဲ့အစည်းတွေ စွမ်းနိုင်ပါသလဲ.....မေးခွန်းထုတ်လိုပါတယ်...
အစ္စလာမ္မစ်ဝါဒီတွေ အများစု မြန်မာပြည်ကိုချစ်တဲ့ မြန်မာတိုင်းနိုင်ငံသားစိတ် မွေး၊ မမွေး ဒီအချက်လေးတွေကို စဉ်းစားပီးအဖြေပေးပါ....အဲဒီအချက်တွေ ပြုပြင်လာအောင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဦးဆောင်ပီး ပြုပြင်ပေးနိုင်မလဲ အာမခံချက်ပေးနိုင် မပေးနိုင်လဲ သိချင်ပါတယ်......
၁..မြန်မာပြည်မှာနေပီး မြန်မာတွေ မသိအောင် ဗလီထဲမှာ လူမှုရေး စီးပွားရေး လူမျိုးရေးစတဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်တာ...

.ဒီကိစ္စတွေကို ပြုပြင်ဖို့ အာမခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်းများရှိရင် လက်ကမ်းကြိုဆိုပါတယ်...ဒီအချက်တွေကို ထည့်မစဉ်းစားပဲ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ပဋိပပက္ခလောက်ကိုပဲ ကြည့်ပီး...မြန်မာပြည်ရဲ့ ရေရှည်အနာဂါတ်ကို မစဉ်းစားပဲ လုပ်ဆောင်နေတာတော့ မသင့်တော်ဘူးလို့ထင်ပါတယ်.. ဒါကြောင့် အဖွဲ့အစည်းရှိတယ်ဆိုပီး...မြန်မာအချင်းချင်း ရန်တိုက်ပေးမှန်းမသိဘဲ သူများစကားလိုက်ယောင်နေတဲ့သူတွေကို စဉ်းစားသုံးနိုင်ဖို့ တင်ပြလိုက်ပါကြောင်း.............
--
May Peace Be Upon You
Regards,
Ruby
--
May Peace Be Upon You
Regards,
Ruby
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:37882] ဦးဇင်းဝီရသူ မေးထားတဲ့ မေးခွန်း ၁၄ ခု

http://www.itn-group.org/
http://www.itn-group.org/ | |
- [Information & Technology Network] google chrome မှာ မြန်မာ လို့ မပေါ် လို့ ဘယ်လို...
- [Information & Technology Network] Frozen Keyboard pro 0.3.0 နောက်ဆုံးမှာ...
- [Information & Technology Network] movie maker မှာ save လိုက်ရင် ရုပ်မပါလာတော့ဘူး...
- [Information & Technology Network] Power Director 8 ကို Full Version လေးများရှိရင်
- [Information & Technology Network] အကြံလေးတစ်ခုလောက် ပေးပါရစေ။

- [Information & Technology Network] ကိုယ့်ဟာကို ရိုက်ထားတဲ့ video လေးတွေကို...
- [Information & Technology Network] အချိန်မအားလို့ အကုန်မတင်ပေးတော့ဘူးခင်ဗျာ၊ C++...
- [Information & Technology Network] C++ အခြေခံသင်ခန်းစာ 4
- [Information & Technology Network] C++ အခြေခံသင်ခန်းစာ 3
- [Information & Technology Network] Warning: mysql_connect()...
- [Information & Technology Network] လိုချင်တဲ့ သူရှိမှာစိုးလို့ တွေ့တုန်းလေး တစ်ခါထဲ...
- [Information & Technology Network] YOUR VALUABLE...
- Do you know Khine Hsu Lwin, Jashaw Lay and 8 others?
- [Information & Technology Network] wireless internet သုံးနေတဲ. computer...
- [Information & Technology Network] ဖွဘုတ် အကောင့်တစ်ခု ဖွင့်ဖို့အတွက် message...
- [Information & Technology Network] UNIQUE DREAM CHANCE TO WITNESS THE BIRTH OF NEW...
- [Information & Technology Network] iphone 4 pin lock ကျ နေတာ ဘလိုလုပ်ရမလဲ UK bran...
- [Information & Technology Network] C++ အခြေခံသင်ခန်းစာ 2
- [Information & Technology Network] iphone4 တစ်လုံးလောက်ဝယ်ချင်လို့ original or...
- [Information & Technology Network] C++1
- Getting back onto Facebook
- [Information & Technology Network] ဒီ Group ထဲမှာ Chilly Chan...
- [Information & Technology Network] ဖုန်းမှာမြန်မာစာကောင်းကောင်း ဖတ်မရတော့ဘူး။"...
| You are subscribed to email updates from ITN To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |