[mrsorcerer:37890] ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော်တပါးဖြစ်ခဲ့သူ ဦးဂမ္ဘီရ(ခ) ကိုညီညီလွင် နှင့် M-Media အင်တာဗျူး

ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော်တပါးဖြစ်ခဲ့သူ ဦးဂမ္ဘီရ(ခ) ကိုညီညီလွင် နှင့် M-Media အင်တာဗျူး
==============
ဧပြီလ ၁၂၊ ၂၀၁၃

တွေ့ဆုံမေးမြန်းသူ – ဆူးထက်

ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော်တပါးဖြစ်ခဲ့သူ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် PRAY FOR MYANMAR တက်ရောက်လာစဉ် M-Media မှ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

M-Media- PRAY FOR MYANMAR က လူငယ်တွေ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်၊ အဲဒီ ပွဲတွေ အပေါ် အမြင်လေး သိပါရစေ ခင်ဗျာ။
ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ငြိမ်းချမ်းရေးကို လိုလားတဲ့ လူငယ်တွေ ရှိတဲ့ အတွက် အင်မတန်မှ နှစ်ထောင်းအားရ ဖြစ်မိပါတယ်၊ လက်တွေ့ကျကျ လုပ်ကြတဲ့ လူငယ်တွေရှိတဲ့ အတွက် အင်မတန် ၀မ်းသာတယ်၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ လူငယ်တွေ အများကြီး ရှိနေကြတာ အများကြီးပဲ၊ ပူးပေါင်း၍သော်လည်းကောင်း၊ တစ်ဦးချင်း စီသော်လည်းကောင်း ၀ိုင်းဝန်းပြီးတော့ ဒီငြိမ်းချမ်းရေးကို ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ၊ လူမျိုးရေး ဆိုင်ရာ ပဋိပက္ခတွေ၊ စစ်မက်တွေ ကင်းစင်တဲ့ မြန်မာပြည် မြေပေါ်မှာ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ဝတဲ့ နိုင်ငံကြီး ဖြစ်အောင် လူငယ်တွေကြိုးစားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

M-Media- လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားဖို့ ၊အေးချမ်း လုံခြုံစွာ နေထိုင်နိုင်ကြဖို့ အရှင်ဂမ္မိရ အနေနဲ့ ဘာများမိန့်ကြားလိုပါသလဲ

ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ကိုဌက် မရှိတော့ပေမယ့် သူချန်ထားခဲ့တာလေး ရှိပါတယ်၊ အရေးကြီးတဲ့ စကားလေး နှစ်ခွန်းပါ၊ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာပါ၊ ဒါကို အားကောင်းအောင် ကျွန်တော်တို့ လုပ်ပေးရမယ်၊ ကျွန်တော်တို့က လူတွေပဲ၊ အသိဥာဏ်မဲ့တဲ့ လူတွေ မဟုတ်ဘူး၊ ဥာဏ်ပညာတွေ လိုတယ်၊ အချင်းချင်း ချစ်ခင်ဖို့၊ အချင်းချင်း လေးစားဖို့၊ အချင်းချင်း ယုံကြည်ချက်တွေ ပြည့်ဝဖို့၊ အချင်းချင်း စည်းလုံး ညီညွှတ်ကြဖို့ ဒါ ကျွန်တော်တို့ လူတွေပဲဗျာ ဥာဏ်ပညာတွေ အားကောင်းအောင် ကြိုးစားမူနဲ့ ချစ်ခြင်းမေတ္တာတွေ အားကောင်းအောင် ကြိုးစားမူ အဲဒီ နှစ်ခု တော်တော် အရေးကြီးပါတယ်။

M-Media- ဒီအကြမ်းဖက်မူ အရေးအခင်းမှာ လူတော်တော်များများက ဝေဖန်ပြောဆိုနေကြတာက အစ္စလာမ် ဘာသာဝင်တွေနှင့်အတူ ကြားညှပ်မှ ပါသွားတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရေး အပြောင်အလဲမှာ ခုတုံး လုပ်ခံရခြင်း ဖြစ်တယ် လို့ပြောဆိုနေမူ အပေါ် ဘယ်လို ထင်မြင်ယူဆ ပါသလဲ

ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ဘယ်လိုပဲ ဖြစ်ဖြစ် ခံရတဲ့ သူတွေကတော့ လက်တွေ့ခံနေရတာပဲ၊ ခါးသီးနေတာပဲ၊ ကျွန်တော်တို့လည်း အင်မတန် စိတ်မကောင်းဘူး၊ အစ္စလာမ် ဘာသာဝင်တွေဟာ ဒီနိုင်ငံမှာ အတူနေထိုင်ကြတဲ့ သူတွေ ဖြစ်တဲ့ အတွက် ကျွန်တော်တို့နဲ့ အတူတူပဲ၊ ဒီနိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ သန်း၆၀ ကျော်ထဲမှာ ဒီလို အစုအဖွဲ့ တစ်ခုက ဒီလို ခံစားရတယ်ဆိုရင် အတူတူပဲ၊ အပြန်အလှန် အကျိုး သက်ရောက်မူ ရှိတယ်၊ မြန်မာနိုင်ငံ ဆိုတဲ့ ဒီမြေပေါ်မှာ အတူတူ မှီတင်း နေထိုင်ကြတဲ့ သူတွေ ဖြစ်တာကြောင့် ကျွန်တော်တို့ကို စော်ကားသလို ကျွန်တော်တို့ ပြုကျင့် ခံရသလို ခံစားရတယ်၊ ဒီလို အကြမ်းဖက်တာတွေ ဒီလို မုန်းတီး မူတွေ အမုန်းတရားတွေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး၊ ဒီလို လက်မခံနိုင်တာကြောင့်လည်း ကျွန်တော် တက်နိုင်သမျှ စွမ်းနိုင်သမျှ ကြိုးစားနေပါတယ်၊

ဒီအကြမ်းဖက်တွေဟာ နိုင်ငံရေး ဆန်တယ် မဆန်ဘူး ဆိုတာကို ပြောရမယ်ဆိုရင် စစ်တပ်က လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေ အကြိမ်ကြိမ် စစ်အာဏာရှင် တစ်ဆက်တည်း မဟုတ်ဘူး စစ်အာဏာရှင်တွေ အဆက်ဆက် အာဏာရှင်ကြီးတွေက အာဏာရှင်လေးတွေဆီက စစ်အာဏာပြန်သိမ်း ဒီလို သွားခဲ့ကြတဲ့ နိုင်ငံ၊ စစ်အာဏာရှင်တွေ အဓွန့်ရှည်ရေး အတွက် ကြိုးစားကြတဲ့ အထဲက ဒါကလည်း နည်းလမ်း တစ်ခု၊ အဲဒါတွေရဲ့ ရလာဒ်ဆိုးတွေ၊ ဒီအချိန်မှာ ဒီလို မရိုးသားမူတွေ ဒီလို မှားယွင်းတဲ့ နည်းလမ်းတွေ မကျင့်သုံး သင့်ကြတော့ဘူးပေါ့၊ မှန်မှန်ကန်ကန် ရိုးရိုးသားသားနဲ့ လူထုထောက်ခံမူတွေ ရရှိအောင် ကြိုးစား သင့်ပါတယ်၊ တကယ် မှန်မှန် ကန်ကန် ရိုးရိုးသားသား ကြမယ်ဆိုရင် ရကောင်း ရနိုင်ပါတယ်၊ အင်ဒိုနီးရှားတို့ ဘာတို့လည်း ဥပမာတွေ ရှိပါတယ်၊နိုင်ငံရေး ပရိယာယ်တွေ ဖြစ်ကောင်း ဖြစ်မယ်၊ ဒါပေမယ့် တာဝန်မဲ့တာတော့ လုံးဝ သေချာတယ်၊ ဖြစ်နေတဲ့ အချိန်မှာ သူတို့ တားနိုင်ရဲ့နဲ့ မတားခဲ့ဘူး၊ တော်တော် အခြေအနေဆိုးမှ သူတို့က ၀င်ပြီးတော့ ထိန်းတယ်၊ ဒါဆို အဲလိုပဲ ခံနေကြရမှာလား၊ အစိုးရ အဖြစ် တာဝန်ယူထားရတဲ့ သူတွေမှာ တာဝန်ရှိတဲ့ အတိုင်း တာဝန်ယူရလိမ့်မယ်၊ တာဝန်မဲ့ လို့မဖြစ်ဘူး၊ မတားမြစ်ခဲ့တဲ့ အတွက် သူတို့ ကိုယ်တိုင် ရာဇ၀တ် ကျူးလွန်သူတွေ ဖြစ်သွားမယ် ၊ ဒီကိစ္စတွေကို တာဝန်ယူ မထိန်းသိမ်းခဲ့တဲ့ အတွက် အားပေးအားမြှောက် ပြုရာ ကြနေတယ်။

M-Media - မြန်မာပြည်ရဲ့ လွတ်လပ်ရေး တိုက်ပွဲတွေမှာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တာမျိုးတွေ ၊ ဒီမိုကရေစီ လှုပ်ရှားမူတွေမှာရော မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်တွေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါလား။

ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- အတိတ် သမိုင်း ကာလ တစ်လျှောက် တိုင်းပြည်လွတ်လပ်ရေး အတွက် အစ္စလာမ် ဘာသာဝင်တွေ အများကြီး ပါဝင်ဆောင်ရွက်ခဲ့သလို အခုလည်းပဲ ၈၈အရေးတော်ပုံတုန်းကရော အစ္စလာမ် ဘာသာဝင်တွေ ပါခဲ့ကြတာပဲ ၊၈၈မျိုးဆက်ကျောင်းသားတွေထဲမှာလည်း ရှိတယ်၊ ၂၀၀၇ ရွှေဝါရောင် ကျောင်းသားတွေ ထဲမှာလည်း အစ္စလာမ် ဘာသာဝင်တွေ ရှိတယ်၊ အဲဒီ ၂၀၀၇ မှတ်တမ်းတွေကို ခင်ဗျာတို့ သေချာ ပြန်ကြည့်ပါ လို့ အထပ်ထပ် ပြောချင်တယ်၊ ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံမှာ ဘုန်းကြီးကို ရေတိုက်ရင် ဖမ်းတဲ့ ဒီနိုင်ငံမှာ အစ္စလာမ်တွေဟာ သံဃာတော်တွေကို ရေသန့်ဗူးတွေ လှူတယ်၊ ရေတိုက် ခဲ့တယ်၊ မှတ်တမ်းတွေမှာ အတိအကျပဲ၊ ကျွန်တော် ညာပြောလို့ မရဘူး၊ အဲဒီ မှတ်တမ်းတွေက တစ်ကမ္ဘာလုံးမှာ CNN သတင်း ၂၄နာရီ ပြခဲ့တဲ့ ဟာတွေ၊ မေတ္တာပို့ပြီး ချီတက်နေတဲ့ သံဃာတော်တွေကို ဘေးကနေ လက်တွဲပေးတဲ့ အထဲမှာ အစ္စလာမ် ဘာသာဝင်တွေ အများကြီးဆိုတာ အတိအကျပဲ ဟို ခရစ်ယာန်တွေ ဟိန္ဒူတွေက မမြင်သာရင် နေအုန်းမယ်၊ အစ္စလာမ်ဘာသာဝင်တွေက သူတို့ ၀တ်စုံလေးတွေ ၀တ်ထားတဲ့ သူတွေလည်း ပါတော့ သိသာတယ်၊ မြင်သာတယ် ဒီ ၂၀၀၇ မှတ်တမ်းတွေမှာ အားလုံး ပြန်ကြည့်ကြစေချင်တယ်၊ မီးခိုးဗုံးတွေနဲ့ ပစ်တော့ သူတို့ ပြုစု စောင့်ရှောက်ခဲ့တာတွေ ကာကွယ်ပေးခဲ့တာတွေလည်း မှတ်တမ်းတွေ ရှိခဲ့တာပဲ၊ အဲဒီမှာ ဘယ်ဘာသာဝင်ဆိုတာ မဟုတ်ပဲ လူထုပဲ ကျွန်တော်တို့ စုစည်းကြတယ်၊ ကျွန်တော်တို့က အတူတူပဲ။

M-Media- ဆရာတော် ၀ီရသူပြောတဲ့ အစ္စလာမ် ဘာသာဝင်တွေဟာ ၇+၈+၆ ပေါင်းပြီး ၂၁ ရာစုမှာ မြန်မာပြည်မှာ လွှမ်းမိုးသွားမယ် ဆိုပြီး မိန့်ကြားထားပါတယ်၊ အဲဒီ့ မိန့်ကြားချက်ကို ဘယ်လိုများ ထင်မြင် ယူဆ ပါသလဲ။

ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ကျွန်တော်ကတော့ လုံးဝ အဲလို မထင်မိပါဘူး( ရယ်မောလျှက်) ၊ အဲဒါကို ကျွန်တော်က ဟာသကြီးလို့ သဘောပေါက်တယ်၊ ကျွန်တော် မိတ်ဆွေ အစ္စလာမ်တွေနဲ့ အဖွဲ့လိုက်ကြီး ကျွန်တော် စကားပြောခဲ့တယ်၊ ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ ပြောထားတယ်။

M-Media- ၉၆၉ အမည်ခံပြီး အကြမ်းဖက် နေသူတွေကို ဘာများ ပြောချင်ပါသေးသလဲ ။
ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ဗုဒ္ဓရဲ့ အဆုံးအမနဲ့ သင်ကြားချက်တွေနဲ့ မတူညီတဲ့ လုပ်ရပ်တွေ အတွေးအခေါ်တွေကို ဘာလို့ လုပ်နေတာလဲ သုံးနေကြသလဲ၊ ဗုဒ္ဓရဲ့ သင်ကြားချက်တွေနဲ့ မညီပဲ ဘာလို့ ၉၆၉ လို့လျှောက်သုံးနေတာလဲ အဲဒါကို ပုစ္ဆာဆန်ဆန် သူတို့ အနေနဲ့ ဘယ်လိုများ တွေးမိလဲ၊ ၇၈၆ ကို မကြိုက်ဘူး သူတို့က ကိုယ်မကြိုက်တာကို ဘာလို့ သူများကို ၉၆၉ ဆိုပြီး ပြန်သုံးနေတာလဲ၊ ကိုယ်မကြိုက်ဆုံး လုပ်ရပ်ကို တစ်ခြားသူတွေ ပေါ်မှာ မကျင့်သုံး မိပါနဲ့ လို့ ခရစ်တော်ရဲ့ စကားကို ဒီနေရာမှာ ကိုးကား ပြောပါရစေ

M-Media- အခုလို သိလို သမျှကို စိတ်ရှည် လက်ရှည် ရှင်းပြ ဖြေကြားပေးခဲ့တဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျား။
ဦးဂမ္ဘီရ(ခ)ကိုညီညီလွင်- ဟုတ်ကဲ့၊ ရပါတယ် ခင်ဗျား။

ဓါတ်ပုံစာညွှန်း-PRAY FOR MYANMAR ပွဲကို တက်ရောက်လာတဲ့ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် (ဘယ်ဘက်အစွန်ဆုံး ဂျင်း အကျီနှင့်)



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] အပျင်းပြေတာပေါ့ လည်ကြွားလို့လည်းရတယ်

Posted: 13 Apr 2013 07:43 AM PDT

[Information & Technology Network]်အခု လောလောဆယ် ကျွန်တော် FB ကြီး က logout...

Posted: 13 Apr 2013 07:01 AM PDT

[Information & Technology Network] ကိုယ်သုံးနေတဲ့ Host နဲ့ port က ဘယ်နားမှာ ကြည့်ရတာလဲ

Posted: 13 Apr 2013 06:37 AM PDT

[Information & Technology Network] ဒီပုံ ခဏခဏ ပေါ်နေတယ်ဗျာ.....

Posted: 13 Apr 2013 06:29 AM PDT

[Information & Technology Network] Android မှာ google talk voice ပြောလို့ ရသလား...

Posted: 13 Apr 2013 06:18 AM PDT

[Information & Technology Network] Powerdirector 8 ရဲ့ Key File လေးများလည်းရှိရင်

Posted: 13 Apr 2013 04:07 AM PDT

[Information & Technology Network] VNC Server အကြောင်းလေးများ မြန်မာလိုရေးထားတဲ့...

Posted: 13 Apr 2013 04:06 AM PDT

[Information & Technology Network] New photo

Posted: 13 Apr 2013 03:40 AM PDT

[Information & Technology Network] Enter this Exciting International Giveaway and...

Posted: 13 Apr 2013 02:37 AM PDT

[Information & Technology Network] မြန်မာ - English အဘိဓာန်လေး လိုချင်လို့......

Posted: 13 Apr 2013 01:26 AM PDT

[Information & Technology Network] IDM ကို သုံးမရအောင် ဘယ်လိုနည်းလမ်းနဲ့ ပိတ်ရင်...

Posted: 12 Apr 2013 11:13 PM PDT

[Information & Technology Network] http://www.chatapytz.com/chat/www/images/smiley1.gif

Posted: 12 Apr 2013 10:19 PM PDT

[Information & Technology Network] I Want ... HTC HD2 Official Android Firmware...

Posted: 12 Apr 2013 07:02 PM PDT

[Information & Technology Network] ဖေ့ဘွတ်ဝေါပေါ် သိမ်းထားတာတွေ ပျောက်ကုန်တယ်ဗျာ။...

Posted: 12 Apr 2013 06:45 PM PDT

[Information & Technology Network] PC မှာတရုတ်စာရိုက်ချင်လို့ Key board , Installer...

Posted: 12 Apr 2013 06:32 PM PDT

[Information & Technology Network] VLC media player 2.0.6 Final ~ Win Htut Tin

Posted: 12 Apr 2013 06:15 PM PDT

[Information & Technology Network] Power Director 8 Keygen သို့မဟုတ် Patch...

Posted: 12 Apr 2013 05:49 PM PDT

[Information & Technology Network] Internet gratuit Orange Niger D'avril 2013...

Posted: 12 Apr 2013 04:22 PM PDT

[Information & Technology Network] myanmar သင်္ကြန်ကို live ကြည့်လို့ ရမယ့် software...

Posted: 12 Apr 2013 01:13 PM PDT

[Information & Technology Network] ကူညီကြပါအုန်းဗျာ...

Posted: 12 Apr 2013 10:20 AM PDT

[Information & Technology Network] ios မှာသုံးတဲ့ myanmar font လေးရှိရင်မစကြပါ fri...

Posted: 12 Apr 2013 09:35 AM PDT

[Information & Technology Network] iphone phto yite p computer net pyan kyi br lo...

Posted: 12 Apr 2013 09:31 AM PDT

[Information & Technology Network] Ko Thet Paing ခင်ဗျားသိအောင်လို့ပါ ဒီဂရုထဲမှာ...

Posted: 12 Apr 2013 09:28 AM PDT

[Information & Technology Network] ကျနော် computer က မဖွင့်တာတစ်လလောက်တော့၇ှိပြီ...

Posted: 12 Apr 2013 08:52 AM PDT

[Information & Technology Network] DVD Video file တွေကို ကွန်ပျူတာထဲကို...

Posted: 12 Apr 2013 08:30 AM PDT