သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်လှုပ်ရှားစစ်ကြောင်းကရိုက်နှက်

Posted: 19 Apr 2013 09:35 PM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အခြေစိုက်စစ်ဗျူဟာမှူးက သျှမ်းပြည်တပ်မတော် တပ်စခန်း အား မရရအောင်တိုက်ယူရန် တပ်ရင်းမှူးအားအမိန့်ပေးညွှန်ကြားလိုက်ပြီး နောက်ပိုင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါမကျန် ဒေသတွင်းလူထုအား ဖမ်းဆီးရိုက်နှက်ခြင်း၊ တခြားသို့ပြာင်းရွှေ့ ခိုင်း ခြင်း အစရှိခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများ ကပြောသည်။

Num Laoတိုက်ပွဲများနှင့် စစ်ရေးအခြေအနေ တင်းမာနေသော ဒေသပြမြေပုံ

"ခလရ ၃၃ မှာလာထိုင်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရီ က အောက်ခြေတပ်ရင်းမှူးတွေကို ပြောတယ်။ သံလွင်မြစ်နဲ့ တန့်ယန်း- မိုင်းရှူး ကား လမ်း ကြားက နမ့်ဆီစိန်အုပ်စု  SSPP/SSA တပ်စခန်းကို မရရအောင်တိုက်ယူ ရမယ်တဲ့။ အဲတာကြောင့် အဲဒီဖက်မှာ တင်းကြပ်ထားတာလဲဖြစ် နိုင်တယ်"  ဟုပြည်သူ့စစ်ခေါင်းဆောင် (လှုပ်ရှားရဲ) ဂျပိုး ကပြောသည်။

ဧပြီလ ၁၅ ရက်နေ့က မိုင်းကောင်ဝ်မြို့တက်မည့် ဟွေ့ဝေးရွာမှ လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးယောဟာ နှင့်ဇနီးအား မြန်မာ စစ်တပ် ခလရ ၂၉၁ (နမ့်ပေါင်)နှင့် ခလရ ၃၃ ပူးပေါင်းတပ်က စစ်ဆေးရိုက်နှက်ရာ မေ့မျောသည်အထိဖြစ်ရကြောင်း ကိုယ်တိုင် မြင် တွေ့ရသည့် တန့်ယန်းရောက်မိုင်းကောင်ဝ်ဒေသခံ စိုင်းပီးကပြောသည်။

" နမ့်ဆီစိန်အုပ်စုက လားဟူလူငယ်အဖွဲ့တဖွဲ့ကိုလည်း ဒီပူးပေါင်းအဖွဲ့ကဘဲ သေနတ်ဒင်နဲ့ ထုတယ်။ ရိုက် တယ်။ မေ့မျောတဲ့အထိ ဘဲ။ နမ့်ဆီစိန်သားကို မြန်မာစစ်တပ်က အတင်းအကျပ်ကိုင်နေတယ်။ ခလရ ၃၃ က ဗျူဟာမှူးဆိုရင် ဗုံးကွဲသံနဲ့နီးတဲ့ ရွာကို မီးရှို့ မယ်တဲ့။ နမ့်ဆီစိန်အုပ်စု သားတွေကို နမ့်လောင်းဝ် နဲ့မိုင်းကောင်ဝ် ကြား မှာစုပြီး နေခိုင်းမယ်တဲ့။ သျှမ်းတပ်ဖွဲ့ကိုအထောက်အပံ့ မပေးနိုင် အောင်လို့ ပြောတယ်။ ရွာသားတွေရဲ့ မသယ်သွားနိုင်တဲ့ စပါးတွေ ဆီတွေ ဆားတွေကို ကျင်းတူးပြီး အသေအချာမြုပ် ထားခိုင်း တယ်။ နမ့်ဆီစိန် အုပ်စုထဲမှာဆို လားဟူနဲ့ သျှမ်းတွေအနေများတယ်" ဟု စိုင်းပီးကပြောသည်။

အလားတူ နမ့်လောင်းဝ် အုပ်စုရှိ ကောင်းမတ်လန်းရွာနေ လားဟူ(ပြည်သူ့စစ်တပ်ဖွဲ့ဝင်) အမျိုးသား ဂျမွေလ၊ ဂျစောနှင့် ဂျဆီဆီး တို့ကိုလည်း နမ့်လောင်းဝ် -မိုင်းကောင်ဝ် ဘက်၌လှုပ်ရှားတိုက်ခိုက်နေသော မြန်မာစစ်တပ်၏ အဆိုပါပူးပေါင်း တပ်က ရိုက်နှက်ရာ အပြင်းအထန်ဒဏ်ရာ ရခဲ့ကြ ကြောင်း ၊ အခြားသောရွာမှ ရွာသားများ ကျေးရွာဥက္ကဌများကိုပါ ရိုက်နှက်စစ်ဆေး ကြောင်း၊ ရွာသား များပါလာသော ငွေကြေး များကို မြန်မာစစ်တပ်က ယူဆောင်သွားကြောင်း၊ ရွာသားများ၏ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သည်များရှိကြောင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင် ဂျဆီး က ပြောသည်။

"  ခလရ ၃၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရီ  က ရက်စက်တဲ့လူကြီးဗျ။ သူက ဘိန်းစားတယ်အရက်သောက်တယ်။ ကြင်နာမှု ဆိုတာမရှိဘူး။ ကျနော်တို့ဘက်ကတော့ သူ့ကိုဆို သိပ်ကြည့်လို့မရဘူးဗျ" ဟု ဂျဆီးကပြောသည်။

မြန်မာစစ်တပ်၏တပ်ရင်း ၂၉၁ (နမ့်ပေါင်အခြေစိုက်) ၊ ခလရ ၃၃ နှင့်  ခမရ ၃၂၆ တို့ပူးပေါင်းသည့် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ သည် မတ်လဆန်း သျှမ်းပြည်တပ်မတော်၏ တပ်ရင်း ၁၉၂ လွယ်စေး တပ်စခန်း အား စတင်တက်တိုက်ကတည်းက  လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ကိုပါ လမ်းပြပေးခိုင်းကြောင်း၊  တိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရသည့်အထဲတွင် လားဟူပြည်သူ့စစ်လည်း ပါဝင်ကြောင်း နမ့်လောင်းဝ်ဘက်မှ လားဟူ အကြီးအကဲတဦးကသျှမ်းသံတော်ဆင့်အား ပြောပြဖူးပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှသတင်းထုတ်ပြန်ချက်အရ သင်္ကြန်ကာလအတွင်း တန့်ယန်းမြို့နယ် နမ့်လောင်းဝ်၊ နမ့်ဟူးကိန်၊ နမ့်ဟူးယိမ်း ဒေသအတွင်းလှုပ်ရှားနေသည့် မြန်မာစစ်တပ်က ဒေသခံလူထု ၁၇ ဦးထက်မနည်းကိုရိုက်နှက်ခဲ့ပြီး ဆိုင်ကယ် ၃ စီးအားမီးရှို့ခဲ့ကြောင်း ခွေး ၃ ကောင်ကိုပါပစ်သတ်ကာ လူနေအိမ်မရေမတွက်နိုင်အောင် မီးရှို့ဖျက်ဆီးပစ်ကြောင်း သိရပါသည်။

ရေပက်ခံထွက်လူငယ်များအား လုံခြုံရေးအတွက် မြန်မာစစ်ကြောင်းအသုံးပြု

Posted: 19 Apr 2013 09:34 PM PDT

သင်္ကြန်ရက်အတွင်း ရေကစား၍  ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ  ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။

villagersစစ်ကြောင်းကြားညှပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံများပုံ

" သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်ဂိတ် အထိ သူတို့စစ်ကြောင်း လုံခြုံရေး အဖြစ် မြန်မာ့စစ်ကြောင်းက ဖမ်းခေါ်သွားတယ်။သျှမ်းတပ်ဘက်က သူတို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။  အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ လောက် ရှိ မယ် အဖမ်းခံရတာ" ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။

တန့်ယန်းမြို့နယ် (မိုင်းရှူး-တန့်ယန်းကားလမ်းကြား)ရှိ မိုင်းကောင်ဝ်အုပ်စုအရှေ့ဘက် ဝမ့်မူးဆေးရွာမှ နမ့်လောင်းရွာအထိ ၎င်းတို့စစ်ကြောင်းအတွက် လုံခြုံရေးအဖြစ်လိုက်ခိုင်းကြောင်း နမ့်လောင်းဝ်၌ကိစ္စအပြီး မိုင်းကောင်ဝ်သို့ပြန်လိုက်ပို့ ခိုင်းပြီးမှ သာ အဆိုပါလူငယ်များအား ပြန်လွှတ်ပေးကြောင်း အဖမ်းခံရသူလူငယ်တဦး၏ဖခင် လုံးစိုင်းကလည်းပြောသည်။

အလားတူ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း မိုင်းရှူး-တန့်ယန်းကားလမ်းမပေါ်တွင် ဗုံးတလုံးပေါက်ကွဲခဲ့သဖြင့် လူတဦးဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။

ယခင်လက ရမခတိုင်းမှူးက တန့်ယန်း-မိုင်းရှူးကားလမ်းအရှေ့ဘက်ခြမ်းနှင့် သံလွင်မြစ်အနောက်ခြမ်း (သံလွင်မြစ်နှင့် ကားလမ်းကြား) အခြေစိုက် သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများအားလုံး တပ်ဆုတ်ပေးရန်၊ မဟုတ်ပါက မိမိတို့မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့နိုင်ပြီး တိုက်ပွဲများမလွဲမသွေ ဖြစ်ပွါးမည်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီအား သတိပေးပြောဆိုခဲ့သည်ဟုဆို၏။

တိုက်ပွဲကာလ ရွာသူလေးများ မုဒိန်းကျင့်ခံရ-တိုက်ပွဲလုံးဝရပ်တန့်ရေး သျှမ်းအမျိုးသမီးတောင်းဆို

Posted: 19 Apr 2013 09:32 PM PDT

တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း ရွာသူနှင့်ကလေးငယ်များ မြန်မာစစ်တပ်၏ မုဒိန်းကျင့်ခံရမှုများ ရှိနေသဖြင့် ဖြစ်ပွါးနေဆဲ တိုက်ပွဲ လုံးဝ ရပ်တန့်ရေးအတွက် မြန်မာစစ်တပ်မှတိုးဖြည့်ချလာသော အင်အားများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် သျှမ်းအမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးအသင်းက တောင်းဆိုလိုက်ပါသည်။ 

Ta Ang ladyတန့်ယန်းရောက်စစ်ပြေးဒုက္ခသည် တအာင်းအမျိုးသမီးတဦး (ဓါတ်ပုံ-KPL)

" အရင်လတုန်းက တအာင်းအမျိုးသမီး ၃ ယောက်ကို သူတို့စစ်ကြောင်းနဲ့ ခေါ်သွားတဲ့ဆိုတဲ့ကိစ္စကိုလဲ ကျမတို့ဖုန်းဆက်မေး ကြည့် ပါသေးတယ်။ မြန်မာတပ်စခန်းမှာ ၃ ရက် အလုပ်သွားလုပ်ပေးရတယ်လို့ဘဲပြန်ဖြေတယ်။  အခြေအနေကြောင့် ပွင့်ပွင့်လင်းလင်းမဖြေရဲတာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီအခု မတ်လ ၂၁ ရက်နဲ့ ဧပြီလ ၁၄ ရက် အမျိုးသမီး လေးတွေ မုဒိန်းကျင့်ခံရတယ်ဆိုတဲ့သတင်း တန့်ယန်းမြို့က ပေးပို့လာတာ ကျမတို့တွေ့ရ ကြားရပါတယ်" ဟု သျှမ်းအမျိုး သမီးပူးပေါင်းဆောင်ရွက်ရေးအသင်း (SWAN ) မှ ယိင်းဟန်ဖှ က ပြောပါသည်။

ထိုသို့ မုဒိန်းကျင့်မှုအပြင် ရွာသားများအားဖမ်းဆီးခေါ်ဆောင်မှု၊ ရိုက်နှက်စစ်ဆေးမှုများလည်း ယခုတခေါက်တိုက်ပွဲကာလ အတွင်း နေ့စဉ်ကြားနေရကြောင်း တန့်ယန်းမြို့ခံ စိုင်းနောင့်ကလည်း ပြောပြသည်။

ထို့ကြောင့် သျှမ်းအမျိုးသမီးများအဖွဲ့ (SWAN) အနေဖြင့် -  အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ရေးထိုးထားသည့်အတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်သွားရန်၊ လူထုတရပ်လုံးမျှော်လင့် တောင့်တနေသည့် စစ်မှန်သောငြိမ်းချမ်းရေးဆီသို့အရောက်လျှောက်လှမ်းကြရန်၊ တိုက်ပွဲလုံးဝရပ်တန့်နိုင်ရေးအတွက် အင်အားတိုးဖြည့်ချလာသည့် မြန်မာစစ်တပ်မှ စစ်အင်အားများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် - တောင်းဆိုသည်ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသအတွင်းမှ အသက် ၁၈ နှစ်အရွယ် ရွာသူ အမျိုးသမီး ငယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့်ခံရမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

" အသက် ၈ နှစ်ကလေးကိုလဲမချန်ဘူးဗျာ။ ဒီလ ၁၄ ရက် သင်္ကြန်မတိုင်မီကပေါ့။  မြန်မာ့တပ်မတော်က ခလရ ၁၇ တပ်သား ဌေးကျော် ။ ကလေးကိုချီပြီးအိပ်ခန်းထဲဝင်သွားတယ်။ ကလေးရဲ့မိဘကလာတွေ့လို့ အကူအညီအော်တောင်းမှ တပ်သား ကထွက် ပြေးတာ။နမ့်လန်မြို့ ဝမ့်လီ့ရွာကပါ။   နောက်တယောက် က ပြီးခဲ့တဲ့လကဖြစ်တယ်။ မတ်လ ၂၁ ရက် ခမရ ၅၁၃ ကပေါ့။   တပ်သားကျော်မောင် အသက် ၂၈ နှစ်။ မိုင်းအောတ်က နမ့်ပါလမ် ရွာမှာဖြစ်တယ်။ အသက် ၁၈ နှစ်ကလေး မလေးကို မုဒိန်းကျင့်တာ " ဟု မိုင်းအောတ်အုပ်စုသားကပြောပြသည်။

အမျိုးသမီး၏မိဘများက ၎င်းတို့၏ ဗိုလ်မှူးထံတိုင်ကြားမည်ဟုပြောရာ တပ်သားကျော်မောင်မှာ အဆိုပါကလေးမ အား သားမှတ်မယားမှတ်ပေါင်းမည်ဖြစ်ကြောင်းပြောဆိုသည်ဟုဆို၏။

မိဘများက သဘောမတူသဖြင့် တပ်သားကျော်မောင်  ရွာအပြင်ဘက်သို့ထွက်ပြေးပြီး ရွာနှင့်ကိုက် ၂၀ ခန့်ရောက်သော် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်စီရင်လိုက်ကြောင်း မိန်းခလေးနှင့်အမျိုးတော်စပ်သည့် မိုင်းရှူးဒေသခံများကပြောသည်။

မုဒိန်းကျင့်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သည်အထိဖြစ်ရသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အတွင်း၌လည်း မုဒိန်းမှုကို တင်းကြပ်တားမြစ်မှုရှိလားပုံရကြောင်း သျှမ်းအမျိုးသားတဦးကသုံးသပ်ပြောဆိုပါသည်။

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] Please share link about how to use i pad mini and...

Posted: 20 Apr 2013 07:15 AM PDT

[Information & Technology Network] New photo

Posted: 20 Apr 2013 07:14 AM PDT

[Information & Technology Network] New photo

Posted: 20 Apr 2013 06:53 AM PDT

[Sepeda Motor] HONDA GRAND IMPRENSA

Posted: 20 Apr 2013 06:00 AM PDT

[Information & Technology Network] အစိုးရ spy လားဟင် www.google.com ဘဲလိုချင်လို့...

Posted: 20 Apr 2013 05:49 AM PDT

[Information & Technology Network] wifi လိုင်းကို indoor TP-LINK နဲ.ချိတ်တာ AP...

Posted: 20 Apr 2013 05:06 AM PDT

[Information & Technology Network] New photo

Posted: 20 Apr 2013 05:02 AM PDT

[Information & Technology Network] New link

Posted: 20 Apr 2013 04:54 AM PDT

[Information & Technology Network] သူချင်းတို့ဗျာ

Posted: 20 Apr 2013 04:01 AM PDT

[Information & Technology Network] kaspersky antivirus 2013 ကို uninstall...

Posted: 20 Apr 2013 03:53 AM PDT

[Information & Technology Network] win innwa myanmar font လိုချင်လို့ပါ။

Posted: 20 Apr 2013 03:49 AM PDT

[Information & Technology Network] http://www.symbianize.com/showthread.php?s=b17454d...

Posted: 20 Apr 2013 03:25 AM PDT

[Information & Technology Network] MOMO9star tablet 4.0.4 firmware backup...

Posted: 20 Apr 2013 03:14 AM PDT

[Information & Technology Network] fb အကောင့်မှာ အခုလိုကြီးပေါ်နေပြီ...

Posted: 20 Apr 2013 12:15 AM PDT

[Information & Technology Network] New photo

Posted: 19 Apr 2013 10:45 PM PDT

ညီနေမင်း

Posted: 19 Apr 2013 09:22 PM PDT

[Information & Technology Network] ကျနော့ ညီလေး ကို FB အကောင့်ဖွင့်ပေးတာ ph no...

Posted: 19 Apr 2013 09:16 PM PDT

[Information & Technology Network] အစ်ကိုတို့ရေ..တစ်ခုလောက်ကူညီပါဦးဗျာ........

Posted: 19 Apr 2013 07:39 PM PDT

[Information & Technology Network] New photo

Posted: 19 Apr 2013 06:42 PM PDT

[Information & Technology Network] google.com.mm ကိုမလိုချင်လို. google.com...

Posted: 19 Apr 2013 06:16 PM PDT

[Information & Technology Network] i Pod တတ်လေးပါ 8GB ပါ Game တွေထည့်ဆော့ချင်လို့ JB...

Posted: 19 Apr 2013 10:15 AM PDT

[Information & Technology Network] service desk plus သုံးတဲ့သူရှိလားဗျ။ နည်းနည်း...

Posted: 19 Apr 2013 09:35 AM PDT

[Information & Technology Network] goole...

Posted: 19 Apr 2013 09:30 AM PDT

[Information & Technology Network] Tribute to Myanmar Internet Connection just like...

Posted: 19 Apr 2013 08:23 AM PDT

[Information & Technology Network] please,,,,,,i want Myanmar font for 64....window...

Posted: 19 Apr 2013 08:13 AM PDT