Burma News International - April 23, 2013

Burma News International

Burma News International
April 22, 2013

Stop rapes: Shan women demand

A rights group, Shan Women’s Action Network (SWAN) demands to end the ongoing conflicts between Shan State Progress Party/Shan State Army (SSPP/SSA); and Burma army withdraw all units reinforced during the conflicts in March as committing atrocities, abuses and rapes against women and children continue.

BBC airs video of Meiktila killings

The BBC on Sunday ran a report accompanied by a video—much of which they say was acquired from police in Meiktila—that shows the brutal killing of at least two people at the hands of a vicious mob which included Buddhist monks.

Fort Wayne expects fewer Myanmar refugees

Fewer refugees from Myanmar will be resettled in Fort Wayne, Indiana, in the future, a US State Department official said last week, according to a report in the local Journal Gazette.

Myanmar accused of ‘ethnic cleansing’ by HRW

Myanmar authorities and members of various Rakhine Buddhist groups are accused by US-based Human Rights Watch of committing crimes against humanity in a campaign of “ethnic cleansing” against Rohingya Muslims.

Yangon Port to host 14 new jetties

Myanma Port Authority announced on Monday that it will build 14 more jetties at Yangon Port in addition to the 18 existing ones, a move that will effectively double freight handling, the state-run New Light of Myanmar reported on Monday.

Indonesian President to visit Myanmar

Indonesian President Susilo Bambang Yudhoyono will visit Myanmar on April 23, according to presidential staffers in Jakarta.

Irishman cycling to Myanmar for Karen charity

An Irish veteran of several foreign adventures said that he will travel 10,000 kilometers by bicycle from Ireland to Myanmar for charity, part of which will go to the Karen Refugee Committee Education Entity (KRCEE) based in Mae Sot at the Thai-Myanmar border.

Demonstration against Chinese CNPC company in Arakan

About 500 villagers on Madae Island in Kyauk Pru Township staged on Thursday a demonstration against Chinese company CNPC by marching on the streets of Island, said activists.


ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့များ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ပအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) မှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင် များ ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး လျက် ရှိကြသည်။

RCSS/SSA ထိမ်းချုပ်နယ်မြေအသွားလမ်း ဂိတ်တခု ထိုင်းအစိုးရပိတ်ထား

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ရုတ်သိမ်းဖို့လူထုဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုနယ်အတွင်းရှိ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ပြန်လည်ရုတ် သိမ်းရေးနှင့် မြေယာများပြန်လည်ရရှိရေး အတွက် လူထုန္ဒဖော်ထုတ်ပွဲနှင့် တွေ့ဆုံပွဲကိုမာခရောရှေ့ ကျေးရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။

မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ

ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သော CDMA 800 MHz မိုဘိုင်း ဆင်းကဒ်များကို ကျပ် ၁,၅၀၀ ဖြင့် ဝယ်ယူခွင့် ရရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ လျှောက်လွှာများ စတင်ဖြည့် သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူ သေဆုံးမှုကို တိုင်ကြားသဖြင့် ဖခင်ဖြစ်သူ တရားရင်ဆိုင်နေရ

သမီးဖြစ်သူ သေဆုံးမှုအား စုံစမ်းစစ်ဆေး ပေးရန် တိုင်ကြားမှု အပေါ် စစ်ဗျူဟာမှူးက မမှန်မကန် လိမ်လည် ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ ဖြင့် ပြန်လည်တရားစွဲ ခဲ့ရာ ရှေ့နေဌားခွင့်ပြုရန် တရားစွဲခံရသူ ဦးဘရန်ရှောင်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။

အစိုးရတပ်ဖွဲ့များ SSPP/SSA အားဆက်လက်တိုက်ခိုက်နေ

အစိုးရတပ်များသည် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်း၊ လွယ်စေး တောင်တဝိုက်၌ လှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အား ယမာန်နေ့ အထိ တိုက်ခိုက်လျက် ရှိနေကြောင်း SSPP ၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖိန်ဖ က ဆိုပါသည်။

မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည် များ ဂျပန်နိုင်ငံ ခိုလှုံခွင့်လျှောက်နိုင် ပြီ

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတို့တွင် ဂျပန်နိုင်ငံသို့ သွားရောက် အခြေချလိုသူများ ရှိပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထား သည့် လက်မှတ်ရှိထားသူ မည်သူမဆို လျှောက်ခွင့်ပြု လိုက်ပြီဟု သိရသည်။

KIA တပ်ရင်း ၁၇ တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား စနေနေ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:38000] အင်္ဂလိပ်စကားပြော အလွယ်ကူဆုံးလေ့လာနိုင်ဘို့

အင်္ဂလိပ်စကားပြော အလွယ်ကူဆုံးလေ့လာနိုင်ဘို့
http://www.thebestenglish4you.com/easy-conversations.html

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37998] Fwd: [လူဗိုလ်ဟူသည် ...] ရင့်ကျက်တည်ငြိမ်တဲ့ အချစ်ဇာတ်လမ်းမှာ အပိုင်း ၄ ပိုင်းရှိတယ်…



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/22
Subject: [လူဗိုလ်ဟူသည် ...] ရင့်ကျက်တည်ငြိမ်တဲ့ အချစ်ဇာတ်လမ်းမှာ အပိုင်း ၄ ပိုင်းရှိတယ်…
To: lubo601@gmail.com


အချစ်မှာ အပိုင်း ၄ ပိုင်းရှိတယ်ပြောတယ်… ဒီ ၄ ပိုင်းကို ဖြတ်ကျော်နိုင်ရင် တစ်သက်လုံး အတူလက်တွဲနိုင်ပါတယ်တဲ့…    ရင့်ကျက်တည်ငြိမ်တဲ့ အချစ်ဇာတ်လမ်းမှာ အပိုင်း ၄ ပိုင်းရှိတယ်… အဲဒါတွေက…  ၁) ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း…  ၂) မှီခိုတာကို ဆန့်ကျင်ခြင်း…  ၃) တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…  ၄) အတူတကွရှင်သန်ခြင်း…    အပိုင်း (၁)… ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း  ဒါကတော့ ချစ်စ ကြင်စ ပူပူနွေးနွေး ချစ်သူတွေစဖြစ်တဲ့အချိန်ပါ… ဘယ်အချိန်ဘဲ ဖြစ်ဖြစ်… ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် အတူတူရှိနေချင်တယ်…    အပိုင်း (၂)… မှီခိုတာကို ဆန့်ကျင်ခြင်း…  အချစ်ရေးရာမှာ အခြေခိုင်လာတဲ့အချိန် တဖက်ဖက်က ကိုယ့်ကိုယ်ကို အချိန်များများပေးပြီး ကိုယ့် နှစ်သက်တဲ့အလုပ်ကို လုပ်ချင်တယ်… ဒီအချိန်မှာ အခြားတဖက်က အေးတိအေးစက်ဖြစ်လာတယ်လို့ခံစားရတယ်…    အပိုင်း (၃)… တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…  ဒါကတော့ အပိုင်း ၂ ရဲ့အဆက်ပါ… ကိုယ်ကိုယ်တိုင်လွတ်လပ်မှုကို ပိုပြီး တောင်းဆိုလာတတ်တယ်…    အပိုင်း (၄)…အတူတကွရှင်သန်ခြင်း…  အဲဒီအချိန်မှာ ဆက်ဆံရေးပုံစံ အသစ်ဖြစ်ပေါ်လာပြီး မင်းတို့ဟာ အရင်းနှီးဆုံး အသိကျွမ်းဆုံးတွေ ဖြစ်လာကြတယ်…    မင်းတို့ ၂ ယောက်ဟာ အချင်းချင်း ရိုင်းပင်း ဖေးမကြတယ်… မင်းတို့ ၂ ယောက်သားပိုင်ဆိုင်တဲ့ဘ၀ကို အတူတူ လက်တွဲတည်ဆောက်ကြတယ်…  မင်းတို့ ၂ ယောက်ဟာ အချင်းချင်း ချည်နှောင်ထားတာမဟုတ်ဘဲ အတူတူ ကြီးပြင်းလာကြတယ်…  သူဟာ မင်းရဲ့ သွေးရင်းတစ်ယောက်လိုဖြစ်လာတယ်…    ဒါပေမဲ့… လူတွေတော်တော်များများဟာ အဆင့် ၂ နဲ့ အဆင့် ၃ ကို မကျော်လွန်နိုင်ကြဘဲ လမ်းခွဲရာကို ရွေးချယ်လိုက်ကြတယ်…  အမှန်တကယ်ဆိုရင် ကိစ္စတော်တော်များများဟာ သေသေချာချာ ဆက်ဆံပြောဆိုထားရင် ပြသနာမရှိတတ်ပါဘူး… ဒါပေမဲ့ အတွေးလွန်တာရယ်… ခေါင်းမာတာတွေကလဲ မလွန်ဆန်နိုင်ပါဘူး…  ကမ္ဘာပေါ်မှာ ဒီတစ်ယောက်တည်းဘဲ ရှိတဲ့ ကိုယ့်ချစ်သူကို ကြုံကြိုက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်တလို လက်လျှော့ဖို့ကို လွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…    ခင်ဗျားတို့ သတိထားမိကြလားမသိဘူး?  မင်းတို့ ၂ ယောက်မှာ တူညီတဲ့ အချက်တွေအစက မရှိခဲ့ဘူး… ရုပ်လဲ မဆင်ဘူး… အကျင့်တွေကလဲ တခြားဆီ…  ဒါပေမဲ့ အချင်းချင်းချစ်ကြိုက်ပြီးအတူတူလက်တွဲခဲ့တာ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာတဲ့အချိန်မှာ …  တစ်နေ့နေ့မှာတော့…  ကိုယ့်ကိုယ်ကို အံ့သြစရာကောင်းလောက်အောင် သတိထားမိလာပါလိမ့်မယ်…  မင်းရဲ့မျက်လုံးဟာ သူ့ရဲ့မျက်လုံးနဲ့တူသလိုလိုရှိတယ်…  မင်းရဲ့အပြုံးဟာ သူ့အပြုံးနဲ့ ဆင်သလိုလိုရှိတယ်…  မင်းတို့ရဲ့ခြေလှမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်လာတယ်…    မင်းတို့ရဲ့ လေသံတွေဟာလဲ တဖြည်းဖြည်းချင်း ပိုပိုပြီးနီးစပ်လာတယ်…  မင်းတို့ ၂ ယောက်ကြိုက်တတ်တဲ့ အစားအသောက်ကလဲ ထပ်တူဖြစ်လာတယ်…  မင်းတို့ ပြောလေ့ပြောထရှိတဲ့စကားတွေကလဲ အတူတူဖြစ်လာတယ်…    အခြားတဖက်က ဘာကို ဆက်ပြောမလဲဆိုတာကို အမြဲတမ်းခန့်မှန်းလို့ရနေပြီ…  နောက်ဆုံးတော့ကျနော်တို့ဟာ ကျနော်တို့ ချစ်တဲ့သူအဖြစ်ကို ပြောင်းလဲသွားတတ်ကြတယ်…    မင်းကလဲ သူ ဒူးနန့် တတ်တဲ့ အကျင့်ဆိုးကို မသိမသာလေး ပြောင်းလဲပစ်နိုင်တယ်…  ဒီပြောင်းလဲမှုလေးဟာ သူကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိမယ်…  သူကလဲ မင်းကို အလုပ်လုပ်တဲ့အချိန်မှာ ပေါ့ပေါ့ပျက်ပျက် မလုပ်ဖို့ ပြောင်းလဲလိုက်နိုင်တယ်…  ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး…    ကျနော်တို့ဟာ တဖြည်းဖြည်းချင်း တဖက်လူရဲ့စိတ်ထဲက စံ အဖြစ်သတ်မှတ်ထားတဲ့လူအတိုင်း မသိမသာလေး ပြောင်းလဲသွားတတ်ကြတယ်…  ဒီပြောင်းလဲမှုဟာ တမင်သတ်သတ်ပြောင်းလဲတာမျိုးမဟုတ်ဘူး…    ၂ယောက်သား ဆက်ဆံတဲ့အချိန်ကကြာလေ စိတ်နေသဘောထားတွေကလဲ တူလာလေပါ…  တနေ့နေ့မှာ မင်း အံ့အားသင့်လောက်အောင်သတိထားမိလာပါလိမ့်မယ်…  ဒီတိုင်းရှိနေတဲ့ မင်းတို့ ၂ယောက်မှာ တိုက်ဆိုင်မှုတွေဒီလောက်ထိများနေတာ…  ဒီလို အချစ်မျိုးကို နောက်ထပ်မကြုံနိုင်တော့ပါဘူး…    လူတစ်ယောက်ကို နက်နက်နောနော ချစ်တဲ့အချိန်မှာ… တကယ်ပါဘဲ… ကိုယ့်ကိုယ်ကို တဖြည်းဖြည်းချင်းဆုံးရှုံးသွားတတ်တယ်…  ဒါပေမဲ့လဲ အဲဒါကို ဘာဖြစ်လို့ကျေနပ်နေတာလဲ…  ဖြစ်နိုင်တာကတော့ ဆုံးရှုံးနေတဲ့ တစ်ချိန်တည်းမှာဘဲ မင်းကလဲ အမြတ်ရလိုက်လို့ပါ…  မင်းက သူ့ရဲ့ သဘောထားတွေရယ် အပြုံးတွေကို အမြတ်ရလိုက်လို့ပါ…    အခုစာဖတ်နေတဲ့ ခင်ဗျားတို့ကော် ဘယ်အပိုင်းကိုရောက်နေကြပြီလဲ?  ကမ္ဘာပေါ်မှာ ဒီတစ်ယောက်တည်းဘဲ ရှိတဲ့ ကိုယ့်ချစ်သူကို ကြုံကြိုက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်တလို လက်လျှော့ဖို့ကို လွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…  တွဲလက်ကို မဖြုတ်ကြဘဲ အတူတကွလျှောက်လှမ်းလို့ မရဘူးလား…  နောက်ဘ၀ ဆက်တိုင်းဆက်တိုင်းဆိုတာကို ပြောမနေကြပါနဲ့…  နောက်ဘ၀မှာ မတွေ့ကြရင် ဘယ်လိုလုပ်မလဲ…    အဲဒါကြောင့် အခုဘ၀မှာဘဲ…  ငါတို့ ၂ ယောက် အတူတူ လျှောက်လှမ်းကြရအောင်ဗျာ …    @[1203802796:2048:Zane]  မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥    Wanna find out more? Follow me @ https://www.facebook.com/aungyunaing
ရုပ် ဆိုး and De Lad shared HZ Zane's photo.
 အချစ်မှာ အပိုင်း ၄ ပိုင်းရှိတယ်ပြောတယ်… ဒီ ၄ ပိုင်းကို ဖြတ်ကျော်နိုင်ရင် တစ်သက်လုံး အတူလက်တွဲနိုင်ပါတယ်တဲ့…
ရင့်ကျက်တည်ငြိမ်တဲ့ အချစ်ဇာတ်လမ်းမှာ အပိုင်း ၄ ပိုင်းရှိတယ်… အဲဒါတွေက…
၁) ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း…


၂) မှီခိုတာကို ဆန့်ကျင်ခြင်း…
၃) တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…
၎) အတူတကွရှင်သန်ခြင်း…

အပိုင်း (၁)… ကိုယ်ရိပ်မကွာ အတူတူရှိနေခြင်း
ဒါကတော့ ချစ်စ ကြင်စ ပူပူနွေးနွေး ချစ်သူတွေစဖြစ်တဲ့အချိန်ပါ… ဘယ်အချိန်ဘဲ ဖြစ်ဖြစ်… ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် အတူတူရှိနေချင်တယ်…

အပိုင်း (၂)… မှီခိုတာကို ဆန့်ကျင်ခြင်း…
အချစ်ရေးရာမှာ အခြေခိုင်လာတဲ့အချိန် တဖက်ဖက်က ကိုယ့်ကိုယ်ကို အချိန်များများပေးပြီး ကိုယ့် နှစ်သက်တဲ့အလုပ်ကို လုပ်ချင်တယ်… ဒီအချိန်မှာ အခြားတဖက်က အေးတိအေးစက်ဖြစ်လာတယ်လို့ခံစားရတယ်…

အပိုင်း (၃)… တစ်ကိုယ်တော် အမှီအတွယ်ကင်းမဲ့ခြင်း…
ဒါကတော့ အပိုင်း ၂ ရဲ့အဆက်ပါ… ကိုယ်ကိုယ်တိုင်လွတ်လပ်မှုကို ပိုပြီး တောင်းဆိုလာတတ်တယ်…

အပိုင်း (၄)…အတူတကွရှင်သန်ခြင်း…
အဲဒီအချိန်မှာ ဆက်ဆံရေးပုံစံ အသစ်ဖြစ်ပေါ်လာပြီး မင်းတို့ဟာ အရင်းနှီးဆုံး အသိကျွမ်းဆုံးတွေ ဖြစ်လာကြတယ်…

မင်းတို့ ၂ ယောက်ဟာ အချင်းချင်း ရိုင်းပင်း ဖေးမကြတယ်… မင်းတို့ ၂ ယောက်သားပိုင်ဆိုင်တဲ့ဘ၀ကို အတူတူ လက်တွဲတည်ဆောက်ကြတယ်…
မင်းတို့ ၂ ယောက်ဟာ အချင်းချင်း ချည်နှောင်ထားတာမဟုတ်ဘဲ အတူတူ ကြီးပြင်းလာကြတယ်…
သူဟာ မင်းရဲ့ သွေးရင်းတစ်ယောက်လိုဖြစ်လာတယ်…

ဒါပေမဲ့… လူတွေတော်တော်များများဟာ အဆင့် ၂ နဲ့ အဆင့် ၃ ကို မကျော်လွန်နိုင်ကြဘဲ လမ်းခွဲရာကို ရွေးချယ်လိုက်ကြတယ်…
အမှန်တကယ်ဆိုရင် ကိစ္စတော်တော်များများဟာ သေသေချာချာ ဆက်ဆံပြောဆိုထားရင် ပြသနာမရှိတတ်ပါဘူး… ဒါပေမဲ့ အတွေးလွန်တာရယ်… ခေါင်းမာတာတွေကလဲ မလွန်ဆန်နိုင်ပါဘူး…
ကမ္ဘာပေါ်မှာ ဒီတစ်ယောက်တည်းဘဲ ရှိတဲ့ ကိုယ့်ချစ်သူကို ကြုံကြိုက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်တလို လက်လျှော့ဖို့ကို လွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…

ခင်ဗျားတို့ သတိထားမိကြလားမသိဘူး?
မင်းတို့ ၂ ယောက်မှာ တူညီတဲ့ အချက်တွေအစက မရှိခဲ့ဘူး… ရုပ်လဲ မဆင်ဘူး… အကျင့်တွေကလဲ တခြားဆီ…
ဒါပေမဲ့ အချင်းချင်းချစ်ကြိုက်ပြီးအတူတူလက်တွဲခဲ့တာ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာတဲ့အချိန်မှာ …
တစ်နေ့နေ့မှာတော့…
ကိုယ့်ကိုယ်ကို အံ့သြစရာကောင်းလောက်အောင် သတိထားမိလာပါလိမ့်မယ်…
မင်းရဲ့မျက်လုံးဟာ သူ့ရဲ့မျက်လုံးနဲ့တူသလိုလိုရှိတယ်…
မင်းရဲ့အပြုံးဟာ သူ့အပြုံးနဲ့ ဆင်သလိုလိုရှိတယ်…
မင်းတို့ရဲ့ခြေလှမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်လာတယ်…

မင်းတို့ရဲ့ လေသံတွေဟာလဲ တဖြည်းဖြည်းချင်း ပိုပိုပြီးနီးစပ်လာတယ်…
မင်းတို့ ၂ ယောက်ကြိုက်တတ်တဲ့ အစားအသောက်ကလဲ ထပ်တူဖြစ်လာတယ်…
မင်းတို့ ပြောလေ့ပြောထရှိတဲ့စကားတွေကလဲ အတူတူဖြစ်လာတယ်…

အခြားတဖက်က ဘာကို ဆက်ပြောမလဲဆိုတာကို အမြဲတမ်းခန့်မှန်းလို့ရနေပြီ…
နောက်ဆုံးတော့ကျနော်တို့ဟာ ကျနော်တို့ ချစ်တဲ့သူအဖြစ်ကို ပြောင်းလဲသွားတတ်ကြတယ်…

မင်းကလဲ သူ ဒူးနန့် တတ်တဲ့ အကျင့်ဆိုးကို မသိမသာလေး ပြောင်းလဲပစ်နိုင်တယ်…
ဒီပြောင်းလဲမှုလေးဟာ သူကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိမယ်…
သူကလဲ မင်းကို အလုပ်လုပ်တဲ့အချိန်မှာ ပေါ့ပေါ့ပျက်ပျက် မလုပ်ဖို့ ပြောင်းလဲလိုက်နိုင်တယ်…
ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး…

ကျနော်တို့ဟာ တဖြည်းဖြည်းချင်း တဖက်လူရဲ့စိတ်ထဲက စံ အဖြစ်သတ်မှတ်ထားတဲ့လူအတိုင်း မသိမသာလေး ပြောင်းလဲသွားတတ်ကြတယ်…
ဒီပြောင်းလဲမှုဟာ တမင်သတ်သတ်ပြောင်းလဲတာမျိုးမဟုတ်ဘူး…

၂ယောက်သား ဆက်ဆံတဲ့အချိန်ကကြာလေ စိတ်နေသဘောထားတွေကလဲ တူလာလေပါ…
တနေ့နေ့မှာ မင်း အံ့အားသင့်လောက်အောင်သတိထားမိလာပါလိမ့်မယ်…
ဒီတိုင်းရှိနေတဲ့ မင်းတို့ ၂ယောက်မှာ တိုက်ဆိုင်မှုတွေဒီလောက်ထိများနေတာ…
ဒီလို အချစ်မျိုးကို နောက်ထပ်မကြုံနိုင်တော့ပါဘူး…

လူတစ်ယောက်ကို နက်နက်နောနော ချစ်တဲ့အချိန်မှာ… တကယ်ပါဘဲ… ကိုယ့်ကိုယ်ကို တဖြည်းဖြည်းချင်းဆုံးရှုံးသွားတတ်တယ်…
ဒါပေမဲ့လဲ အဲဒါကို ဘာဖြစ်လို့ကျေနပ်နေတာလဲ…
ဖြစ်နိုင်တာကတော့ ဆုံးရှုံးနေတဲ့ တစ်ချိန်တည်းမှာဘဲ မင်းကလဲ အမြတ်ရလိုက်လို့ပါ…
မင်းက သူ့ရဲ့ သဘောထားတွေရယ် အပြုံးတွေကို အမြတ်ရလိုက်လို့ပါ…

အခုစာဖတ်နေတဲ့ ခင်ဗျားတို့ကော် ဘယ်အပိုင်းကိုရောက်နေကြပြီလဲ?
ကမ္ဘာပေါ်မှာ ဒီတစ်ယောက်တည်းဘဲ ရှိတဲ့ ကိုယ့်ချစ်သူကို ကြုံကြိုက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်တလို လက်လျှော့ဖို့ကို လွယ်လွယ်နဲ့ပြောမထွက်ကြပါစေနဲ့…
တွဲလက်ကို မဖြုတ်ကြဘဲ အတူတကွလျှောက်လှမ်းလို့ မရဘူးလား…
နောက်ဘ၀ ဆက်တိုင်းဆက်တိုင်းဆိုတာကို ပြောမနေကြပါနဲ့…
နောက်ဘ၀မှာ မတွေ့ကြရင် ဘယ်လိုလုပ်မလဲ…

အဲဒါကြောင့် အခုဘ၀မှာဘဲ…
ငါတို့ ၂ ယောက် အတူတူ လျှောက်လှမ်းကြရအောင်ဗျာ …

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥

Wanna find out more? Follow me @ https://www.facebook.com/aungyunaing

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/22/2013 10:44:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37998] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/22
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 22 Apr 2013 06:57 AM PDT
မန္တလေးမြို့က တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်သော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား လာရောက်၍ ဖူးမျှော်ကြပြီး မဟာမိုနိ ရုပ်ရှင်တော်မြတ်ကြီးကို ရွှေဆိုင်း ကပ်လှူခဲ့ကြရာတွင် အသုံးပြု ခဲ့ကြသော ရွှေဆိုင်း စက္ကူများ၊ ဂွမ်းစများ၊ အတွင်းတော်ခြေသုတ်ခုံမှသိမ်းဆည်းထားသောခြေစာမှုံများ၊ အပေါ်ပစ္စယံ မှကော်ဇောများနှင့် နံနက်တိုင်းရေတော်ဆရာတော်ကပ်လှူသော မျက်နှာသစ် တော်ရေကန်မှ အနည်အနှစ်များကို မလေလွင့်စေရန် စနစ်တကျ သိမ်းဆည်းထားပြီး ၆၃ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရာ၍   ဧပြီ ၂၂ ရက်နေ့က မကျွတ်ရွှေအဆင့်ထိ ရွှေချိန် ၄ပိဿာ၊ ၅၈ကျပ်၊၅ပဲ၊၁ရွေး ရရှိခဲ့ပြီး သန့်စင်ရွှေအဆင့်ထိဆောင်ရွက်ခဲ့သည်။

မကျွတ်ရွှေဆိုသည်မှာ သန့်စင်သောရွှေမရမီ ခဲငွေ့ပါသောရွှေကိုခေါ်ခြင်းဖြစ်သည်၊ ခဲကိုရွှေလောက၌"မ"ဟုခေါ်ပြီး အဂ္ဂိရတ်လောက၌ ခဲကို "နာ"ဟုခေါ်ကြခြင်းဖြစ်သည်။

 ၆၃ ကြိမ်မြောက်ရွှမိုက်ထုတ်ခြင်းကို မိုက်သူကြီးဦးမောင်ကြီး၏မြေးများဖြစ်သည့် ဦးသန့်လွင်၊ဦးအောင်မိုး၊ ဦးရန်အောင်တို့က တာဝန်ယူလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး လုပ်အားခအတွက် တစ်ကျပ်သားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။ မဟာမုနိဘုရားကြီးရွှေမိုက်ထုတ်ခြင်းကို ပထမအကြိမ်ကတည်းက မိုက်သူကြီးဦးမောင်ကြီးက တာဝန်ယူကုသိုလ်ယူခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်က စတင်ကာပြန်လည်လုပ်ကိုင်၍ ကုသိုလ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ရွှေမိုက်ထုတ်ခြင်းကို မဟာမုနိဘုရားကြီးရင်ပြင်တော် ရာဟုထောင့်တွင် တာဝန်ရှိသူများကြပ်မတ်ကာ မတ်လ ၁၃ ရက်နေ့က လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က (၁၅)လကြာမှ ရွှေမိုက်ထုတ်ယူခဲ့ပြီး ရွှေချိန် ၅ ပိဿာ ၂၅ ကျပ်သားထုတ်ယူရရှိခဲ့ပြီး ယခုနှစ်အတွက် (၁၂)လနှင့် ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ရရှိသော ရွှေစင်ရွှေသားများကို မဟာမုနိဘုရားကြီး ဂန္ဓကုဋီတိုက်တော်ကြီးရွှေသင်င်္ကန်းကပ်လှူချိန်လိုအပ်မှသာအသုံးပြုပြီး နှစ်စဉ်ထွက်ရှိသော သန့်စင်ပြီးရွှေစင်များကို ရွှေချောင်းအတိုင်းထားကာ မဟာမုနိဘုရားကြီး၏ ဘဏ္ဍာတော်အဖြစ်သိမ်းဆည်းထားကြောင်း မဟာမုနိဘုရားကြီးဂေါပက ဦးအောင်သိန်းကပြောသည်။ 
              
Myanmar News Now





Posted: 22 Apr 2013 07:05 AM PDT
နတ်မောက် ဘူတာရုံသစ် ။ ဓါတ်ပုံ -မြ၀တီ

 ဧပြီ ၂၂ ။

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ နယ် ရွာတော်-နတ်မောက်ရထားလမ်းအား ၂ဝ၁၃ခုနှစ် မတ်လ၁၃ရက် နေ့တွင် ဖွင့်လှစ် ပြေးဆွဲခဲ့ရာ အဆိုပါ လမ်းတစ်လျောက်၇ှိ ဒေသခံ ပြည် သူများ အတွက် အထူးအဆင် ပြေကြကြောင်း သိရသည်။

ရွာတော်-နတ်မောက်ရထားလမ်းပိုင်း အရှည်မှာ ၃၅ . ၄၂ မိုင်ရှည်လျားပြီး ရွာတော်ဘူတာ၊ ရုံးပင်ခွက်ဘူတာ၊ ကန်သာဘူတာ၊ လဲဘူးဘူတာ၊ ကုလားရှင်ဘူတာနှင့် နတ်မောက်ဘူတာတို့တွင် ဘလောက်ဘူတာများအဖြစ် သတ်မှတ်ကာပြေးဆွဲလျှက်ရှိသည်။ ၄င်းလမ်းပိုင်း ဝန်းကျင်တွင် ကျေးရွာပေါင်း ၂၃ ရွာ၊ အိမ်ခြေပေါင်း ၄၁၇၃ ရှိဒေသခံကျေးရွာသူကျေးရွာသားများ၏ အဓိက အသက်သွေးကြောသဖွယ် ဖြစ်လာခဲ့သည်။

''အရင်က လဲဘူး - နတ်မောက်ကို ကားခ ၁ဝဝဝိ/ လောက်ရှိခဲ့တာ၊ မိုးတွင်းမှာဆိုရင် ကားတွေ ထွက်မရတော့ဘူး၊ ဘယ်ကိုဘဲ သွားချင်သွားချင် ဆိုင်ကယ် ကယ်ရီ ငှားရတာ၊ အခုတော့ ငွေ ၁၂ဝိ/ ကျပ်လောက်နဲ့ နတ်မောက်ကို နေမပူ လေမတိုးဘဲ သွားလို့ရသွားပြီ၊ အရင်တုန်းက ဈေးဝယ်တာ မပြီးနိုင်ရင် ဒါမှမဟုတ် ကားပေါ်မှာ အဆင်မသင့်ရင် စပယ်ယာက ငေါက်တာ ဆဲတာခံရသေးတယ်၊ အခုတော့ ဒီအဖြစ်တွေကနေ လွတ်သွားပြီ၊ နတ်မောက်ကို မနက် ၉း ဝဝ နာရီ ရောက်တယ်၊ နေ့ခင်း ၁း ဝဝ နာရီမှာ ပြန်ထွက်တယ်၊ အေးအေးဆေးဆေး ဈေးဝယ်လို့ရတယ်၊ ရထားနဲ့ ကုန်တွေသယ်တာဆိုတော့ သယ်ယူစရိတ်လည်း သက်သာတယ် '' ဟု လဲဘူးကျေးရွာ ကုန်သည် မသဇင်ဖြိုးမှ ရှင်းပြသည်။

ရထားလမ်းဖွင့်ပွဲနေ့က ဒေသခံပြည်သူများ လွန်စွာပျော်မြူးနေကြသည့် မြင်ကွင်းကလည်း မမေ့နိုင်စရာ ဖြစ်ကြောင်း သမုန်းကုန်းကြီး ကျေးရွာအုပ်စုမှ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးခင်မောင်ဦးမှ ပြောသည်။ သမုန်းကုန်းကြီး - နတ်မောက် ကားခမှာ ၅ဝဝိ/ ဖြစ်ကြောင်း၊ ရထားခအတွက် ကုန်ကျငွေမှာ ၁၅ဝိ/ သာရှိရာ လွန်စွာသက်သာကြောင်း၊ နတ်မောက်သို့ ဈေးကုန်များ ဝယ်မည့်သူများ အထူးအဆင်ပြေကြကြောင်း၊ လမ်းမကောင်းသည့်အတွက် ကားပေါ်တွင် ဟိုယိမ်း ဒီယိမ်း၊ ဖုံထူထူ ကားလမ်းမပေါ်တွင် နတ်မောက် တစ်ခေါက် ရောက်ဖို့အရေး ခါးအနာခံပြီး အိမ်ပြန်ရောက်သည်နှင့် မလှုပ်နိုင်အောင် နာကျင်ခဲ့ရသည်ကာလများကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ နတ်မောက်သို့ သွားလိုလျှင် ရထားပေါ်တွင် သက်တောင့် သက်သာဖြင့် သွားလာနိုင်ပြီ ဖြစ်၍ မိမိတို့ ဒေသရှိ ကျေးလက်နေ ပြည်သူများအတွက် အထူးအဆင်ပြေကြကြောင်းရှင်းပြသည်

နတ်မောက်မြို့ခံ တစ်ဦးမှလည်း '' ရထားကတော့ ဒေသခံလူထုအတွက် အထူးအဆင်ပြေနေတာတွေ့ရလို့ ဝမ်းသာမိပါတယ်၊ အခုဆိုလျှင် ရထားဆိုက်တာနဲ့ ဘူတာရုံလမ်းက လှိမ့်ဝင်လာတဲ့ ရထားဆင်းတွေကို ကြည့်ပြီး ပီတိဖြစ်မိတယ်၊ ဒါပေမဲ့ ဘူတာပေါ်မှာ ဈေးရောင်းတဲ့ သူတွေကို ရုံပိုင်က ငွေကောက်တယ်လို့ပြောတယ်၊ ဝမ်းရေးအတွက် အဆင်မပြေလို့ ဘူတာသစ်မှာ အဆင်ပြေလို့ ပြေငြား ဈေးရောင်းတဲ့ သူတွေကိုတော့ နေ့စဉ်ငွေကောက်တာ မလုပ်သင့်သေးဘူးထင်တယ်၊ ဘူတာသစ်ကြီး စည်ကားလာအောင် ဆွဲဆောင်မှုတွေတောင် လုပ်ရမှာ၊ အခုဆိုရင် ဘူတာသစ်ကို ဝင်တဲ့ မြင်းလှည်းတွေကိုလည်း ငွေကောက်နေတာဘဲ လို့ မြင်းလှည်းသမားတွေက ပြောတယ်၊ ဒီခေတ်ထဲမှာ ဒီလိုငွေကောက်တာတွေ မရှိသင့်တော့ဘူးလို့ ပြည်သူတွေက ပြောနေကြတယ် '' ဟု ဘူတာအနီးတွင် နေထိုင်သူ နတ်မောက်သားမှ ရှင်းပြသည်။

ဒေသခံများပြောပြချက်အရ ယခုလက်ရှိ တွဲနှစ်တွဲဖြင့် ပြေးဆွဲနေရာ ခရီးသည် အင်အားဖြင့် လုံလောက်မှု မရှိခြင်းကြောင့် နောက်ထပ် တွဲသစ်များတိုးချဲ့ ၍ ပြေးဆွဲပေးရန် လိုအပ်လျှက်ရှိကြောင်းသိရသည်။

ပေါ်ဦး (နတ်မောက် )
Myanmar News Now

Posted: 22 Apr 2013 06:39 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ပြင်တွင် ဖြစ်လုနီးပါး အခြေအနေထိ ရောက်ရှိခဲ့သော  အဓိဂရုဏ်း ပုံစံမျိုး လူအုပ်ဖွဲ့ တိုက်ခိုက်ကြမည့် တိုက်ခိုက်မူ တစ်ခုအား ယနေ့တွင် အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်း ခဲ့ရသည်ဟု သတင်း ရရှိသည်။ အဆိုပါ အပြန်အလှန် တိုက်ခိုက်ကြမည့် အဓိဂရုဏ်းမှာ စစ်တွေမြို့နယ် ကျက်တောပြင် ရခိုင် ကျေးရွာသားများနှင့် အောင်ဒိုင်ကျေးရွာ အုပ်စု ခေါင်တုတ်ကာ မွတ်ဆလင် ကျေးရွာသားများ အကြားတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Apr 2013 06:00 AM PDT
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ အခုနောက်ပိုင်း လာရောက်အပ်နှံတဲ့ သက်ကြီးရွယ်အိုတွေတင်မကဘဲ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေကိုပါ စောင့်ရှောက်ပေးလာရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောအဆောင်မှာ စွန့်ပစ်ခံထားရပြီး တင်ပါးနဲ့ ကျောကုန်းမှာ အိပ်ရာနာတွေ ဆိုးဆိုးရွားရွားပေါက်နေတဲ့ အဘိုးတဦးအပါအ၀င် စွန့်ပစ်ခံဘိုးဘွား ၃ ဦးကို ကယ်တင်စောင့်ရှောက်ခဲ့တယ်လို့  ဆည်းဆာရိပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

"ပတ်ဝန်းကျင်က အဲအိမ်မှာ အဘိုးတယောက် အိမ်ထဲမှာ တယောက်တည်း ဒုက္ခရောက်နေတယ်၊ ကြည့်မယ်သူလည်း မရှိဘူးဆိုပြီး အကြောင်းကြားတယ်။ သွားကြည့်ကြတော့ တောင်ဥက္ကလာ တက်လမ်းဆေးခန်း လမ်းဘေးက အိမ်ထဲမှာ အဖိုးက ဆီး၊ ၀မ်းတွေနဲ့ လဲနေတယ်။ သားထောက်သမီးခံမရှိဘူး။ တူတယောက်တော့ အဝေးမှာရှိတယ်ပြောတယ်။ ဒါနဲ့ အန်တီတို့ကခေါ်လာလိုက်တယ်။ အဘိုးက အဖျားတွေတက်တယ်၊ လမ်းမှာလည်း ၀မ်းတွေသွားတယ်။ နောက်တယောက်ကကျတော့ ကြည့်မြင်တိုင်မြို့နယ်ဆေးရုံ အမှိုက်ပုံနားမှာ အဘွားအို တယောက်ကို လာပစ်ထားကြတယ်။ မြေကြွက်တွေကိုက်ထားတယ်။ အဲနားက ကုလသမဂ္ဂက ကလေးတွေက ဆေးရုံဝိုင်းတင်ပေးကြတယ်။ ဆေးရုံကနေတဆင့် အန်တီတို့ဆီ ရောက်လာတယ်။ မြေကြွက်ကိုက်တဲ့ ဒဏ်ရာတွေတော့ မပျောက်သေးဘူး။"

ကျန်းမာရေးချို့တဲ့ပြီး၊ စောင့်ရှောက်မယ့်သူမရှိတဲ့ အသက် ၇၀ ကျော် ဘိုးဘွားတွေကို ရိပ်သာအမှုဆောင်အဖွဲ့က ညှိနှိုင်းလက်ခံပေးနေပြီး  အလှူရှင်တွေရဲ့အလှူငွေနဲ့ ရပ်တည်နေတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ငွေအားနဲ့ လုပ်အားအလှူတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဆည်းဆာရိပ်ကို ရောက်ရှိခိုလှုံနေတဲ့ အသက် ၈၁ နှစ်အရွယ် အဘွားဒေါ်ခင်သိန်းညွန့်က  ဒီရိပ်သာ ရောက်ရှိလာပုံကို "အဘွား တူ၊ တူမတွေက အိမ်ကိစ္စတွေနဲ့ အဆင်မပြေကြတော့ အဘွားနေထိုင်ရတာ၊ ခြေထောက်အောက်ပိုင်းတွေလည်း သိပ်မကောင်းတော့ နေမကောင်းချင်သလိုဖြစ်တော့ ငါတနေရာသွားနေတော့မယ်ဆိုပြီး အကူအညီတောင်းတော့ ဆရာမတယောက်နဲ့ သူတို့ ဆက်သွယ်ပေးတယ်။ ဆရာမကလာပြီး စစ်ဆေးပေးတယ်။ အဘွားလည်း အကုန်လုံးစွန့်ပြီး ဆရာမတွေနောက်ပဲလိုက်ခဲ့လိုက်တယ်။ ဒီမှာ အဘွားတို့ နောက်ဆုံးနေရာပဲလေ" လို့ ပြောပါတယ်။

ကိုယ်ပိုင်ငွေနဲ့ တွံတေးမှာ မိဘဂုဏ်ဘိုးဘွားရိပ်သာ တည်ထောင်ထားတဲ့ ဦးထွန်းကြိုင်က ခိုကိုးရာမဲ့ ဘိုးဘွားတွေဆို သူ့ရိပ်သာကို လာပို့လို့ရတယ်လို့ ပြောပါတယ်။ ဘိုးဘွား ၂၉ ဦးအတွက် တနေ့ကို ကျပ် ၂ သောင်းခွဲဝန်းကျင် ကုန်ကျစရိတ်ရှိပေမယ့် ၁  နှစ်ကို ၁၅ ရက်စာလောက်ပဲ အလှူရှင်ရတယ်လို့ ပြောပါတယ်။

"အဘတို့ဘက်ကတော့ အခက်အခဲမရှိဘူး။ လာတဲ့ အဘိုးအဘွားတွေက အခက်အခဲရှိတယ်။ ၁-၂ လနေ ပြီးတော့ အိမ်ပြန်ပြေးပြန်ရော။ သူတို့ကလောလောဆယ် စိတ်ညစ်လို့ထွက်ပြေးလာတာ များတယ်။ အဘက ဟိုတုန်းကတော့ ၇၀ကနေ ၇၅ တန်းလောက်လက်ခံတယ်။ အခုတော့ အသက် ၈၀ လောက်လက်ခံတယ်။"

လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းကတော့ ဒီလိုခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် နိုင်ငံဘဏ္ဍာငွေထဲကနေ မကူညီနိုင်သေးခင်မှာ  စေတနာရှင်တွေ စုပေါင်းထည့်ဝင်ပြီး ကူညီသင့်တယ်လို့ ပြောပါတယ်။

"ကျမတို့အနေနဲ့ကတော့ လူမှုရေးလုပ်နေတဲ့ အဖွဲ့အစည်းလေးတွေ အားကောင်းလာပြီး စုပေါင်းပြီး ကိုယ့်အချင်းချင်း ကူညီတာလေးတွေ အဘိုး၊ အဘွားတွေကို ကူညီတာ၊ ကလေးသူငယ်တွေကိုကူညီတာပဲဖြစ်ဖြစ် အားကောင်းအောင် လုပ်ရမယ်။ အဲအဖွဲ့အစည်းကနေလည်း သက်ဆိုင်ရာမှာရှိနေတဲ့ မြို့နယ်၊ ရပ်ကွက်အလိုက် အင်အားတောင့်တင်းလာသည်အထိ ဒီအဖွဲ့အစည်းလေးတွေက အစိုးရကို ထောက်ပံ့တဲ့အဖွဲ့လေးတွေ ဖြစ်လာနိုင်တယ်။ လူမှုအခြေပြုအဖွဲ့လေးတွေ အားကောင်းလာအောင် လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။"

by စုစုလှိုင် (ဒီဗွီဘီ)


Posted: 22 Apr 2013 05:40 AM PDT
မိတ္ထီလာ ပဋိပက္ခ အတွင်း ရဲက ရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်းကို ကြည့်ရှုနိုင်ပါပြီ။ ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ BBC NEWS မှာ တင်ထားတာဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 05:26 AM PDT
နအဖ စစ်အစိုးရ လက်ထက် စစ်တပ် သိမ်းဆည်းထားတဲ့ မြေတွေ ပြန်ရရေး လူထုဆန္ဒပြပွဲ ကယားပြည်နယ်၊ ဖရူဆိုမြို့ နယ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ကရင်နီ သတင်းထောက်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 05:21 AM PDT
မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာမှာ သင်္ကြန်အတွင်း အုပ်စုဖွဲ့ လူငယ်တစ်စုက တာဝန်ကျ ရဲကို ဝိုင်းဝန်းရိုက်နှက်မှုအတွက် ဥပဒေနဲ့ညီ အရေးယူဆောင်ရွက်နေတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။ ခွန်ဘသာ တင် ဆက်။ ရိုက်ကူး ကျော်စိုး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 05:14 AM PDT
ကျောင်းသမဂ္ဂများ ပြန်လည်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးကို သာကေတ တရားရုံးက ထပ်မံတရားစွဲဆို လိုက်ကြောင်း သိရပါတယ်။ သူ့ကို ပုဒ်မ ၁၅၃ ဖြင့် ထပ်မံတရား စွဲဆိုလိုက်တာပါ။ နေ့လည် ၁၁ နာရီမှာတော့ ကိုရဲမင်းဦးကို ယခင်ဆွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဗဟန်းတရားရုံးမှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 02:51 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်း၌ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ခွင့်ပြုချက်မရှိဘဲ ပစ်မိန့်ပေးခဲ့သည့် ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးလှဝင်းအား ယနေ့တိုင် အရေးယူခြင်း မရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ညပိုင်းက ရှားခဲကျေးရွာနေ ကိုတလုပ်ကြီး (ခေါ်) ကိုဝင်းနိုင်အား ၀ိုင်းဝိုင်းလည် သမအသင်းမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 "၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရှားခဲအင်းပဋိပက္ခအတွင်း သေနတ်ဒဏ်ရာ ရသူ ၂ ဦးအား ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ရန်ပြင်စဉ်နေစဉ်"

ရှားခဲအင်း ပဋိပက္ခ

Posted: 22 Apr 2013 02:26 AM PDT
ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေနဲ့ ပတ်သက်တဲ့ အပိုင်းအစတွေကို တွေ့ရှိပြီလို့ တူးဖော်ရေးမှာ ပါဝင်တဲ့ မြန်မာ ဘူမိဗေဒ ပညာရှင်တဦးက ပြောပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာ မြှုပ်နှံထားတဲ့  စပစ်ဖိုင်းယား လေယာဉ်နဲ့ ပတ်သက်တဲ့ အပိုင်းအစတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အငြိမ်းစား ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်း

Posted: 22 Apr 2013 02:12 AM PDT
နေပြည်တော်၊ ဧပြီ ၂၂

၂၁-၄-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ်(၁၅၄/၂)တွင် ရန်ကုန်မှ နေပြည်တော်သို့ မကွေးမြို့နယ်၊ ပြည်တော်သာအိမ်ရာနေ တက်ထွန်း (၅၇)နှစ် မောင်းနှင်သည့် ၇ဂ/xxxx အေးချစ်မြိုင်ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကာရံထားသောကပ်တုံးများအား ၀င်တိုက်ကာ တံတားအမှတ်(၁/၁၅၅)အပေါ်မှ အောက်သို့ထိုးကျခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း မှန်လုံယာဉ်မှာ ရှေ့ခေါင်းပိုင်း ကျေမွ၊ လေကာမှန်ကွဲ/ယာဘက်ဘေးမှန်ကွဲပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ တက်ထွန်းအား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ယာဉ်မောင်းအိပ်ငိုက်၍ တံတားအောက်သို့ ထိုးကျ - ဓါတ်ပုံ (မြန်မာ့အလင်း)

Posted: 22 Apr 2013 01:23 AM PDT
မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ရဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာဟာ တစ်ဖက်သတ်ရရှိတဲ့ သတင်းတွေကိုသာ အခြေခံထားတာဖြစ်ပြီး အလေးထားမှာမဟုတ်ဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဧပြီ ၂၂ရက်မှာ တုံ့ပြန်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 01:15 AM PDT
"မင်းတို့လုပ်နိုင်တာ ဆုတောင်းရုံပဲ - ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ရိုဟင်ဂျာများအပေါ် လူသားမဆန်သော သတ်ဖြတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများ" ခေါင်းစဉ်ပါ စာမျက်နှာ ၁၅၃မျက်နှာ အစီရင်ခံစာအတွင်း မြန်မာအစိုးရ အာဏာပိုင်များက ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Apr 2013 01:02 AM PDT
လှည်းကူးမြို့နယ်မှ စာဘူးတောင်း ကျေးရွာအတွင်း တရားလို ကိုသိန်းဇော်ပိုင် ဆောင်းသီးနှံ မြေပဲ စိုက်ခင်းနဲ့ ထိစပ်နေသော သောင်ခုံမှ သဲများကို ရေအရင်းအမြစ်ဌာနမှ လိုင်စင်ရယူထားပြီးဖြစ်သည်ဟု အကြောင်းပြကာ ဒေါ်ခင်အေးမြင့်ပိုင် သဲစုပ်စက် ၂ လုံးဖြင့် အလုပ်သမားများမှ သဲများကို စုပ်ယူခဲ့သဖြင့် မြေပဲစိုက်ခင်းပိုင်ရှင် ကိုသိန်းဇော်၏ မြေပဲခင်းမှာ ပျက်စီးဆုံးရှုံး သွားမှုအပေါ် စာဘူးတောင်းအုပ်ချုပ်ရေးမှူးမှ တဆင့် မြို့နယ်အုပ်ချုပ် ရေးမှူးထံသို့ အကြောင်းကြားတင်ပြသော်လဲ တစုံတရာအကြောင်းမထူးသဖြင့် လှည်းကူးမြို့နယ် တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ကိုသိန်းဇော်မှ ဘားမားဗီဂျေမီဒီယာအား ပြောကြားထားပါသည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Apr 2013 12:39 AM PDT
ငွေကျပ် ၁၅၀၀ တန်ဖုန်းဆင်းကတ်တွေကို ရန်ကုန်မြို့ ရပ်ကွက်ရုံး တော်တော်များများမှာ ဒီနေ့ မဲဖောက်ပေးပါတယ်။ တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်မှာ ဖုန်းဆင်းကတ် မဲသွားနှိုက်ခဲ့တဲ့ ရပ်ကွက်နေ ပြည်သူတဦး ပြောပြတာက "ကိုယ်တိုင်နှိုက်လည်း ရတယ်။ မဟုတ်လည်း ကလေးတွေ ရှိတယ်၊ သူတို့ကို အစားထိုး နှိုက်ခိုင်းလည်း ရတယ်။ လူက ၇၀၀၊ မဲက ၂၀၀ လို့ပြောတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Apr 2013 08:20 PM PDT
ပီနန်ဆရာတော် ထူထောင်ခဲ့တဲ့ မဟာသန္တိသုခ သာသနာပြု ကျောင်းကို မြန်မာအစိုးရက သိမ်းယူခဲ့ပြီး မင်္ဂလာ ဆောင်ခမ်းမတွေ၊ အစည်းအဝေးတွေ၊ ရုပ်ရှင်ရိုက်ကူးရေး တွေလုပ်နေ တာကြောင့် ကျောင်းပြန်ရရှိရေး ကြိုးစားသွားမယ်လို့ ဆရာတော်က ဧပြီ ၂၁ရက်နေ့မှာ မိန့်ကြား လိုက်ပါတယ်။ Kamayut Media

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Apr 2013 08:09 PM PDT
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နယူးယောက်ကို ရောက်ရှိနေပြီး မနေ့က ကုလသမဂ္ဂ ပလာဇာမှာ မြန်မာမိသားစု တခိျု့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့က လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲ၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နယူးယောက်က ဆန္ဒပြသူတွေ

Posted: 21 Apr 2013 08:02 PM PDT
ဟင်္သာတ၊ ဧပြီ ၂၂။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု တာငုတ်(ခ)တာညွန့်ကျေးရွာတွင် (၂၁-၄-၂၀၁၃)နေ့ နံနက် (၇)နာရီခန့်၌ ဦးတင်ထွန်း(တာငုတ်ကျေးရွာ)နေသူမှ ရွာလယ်လမ်းမကြီးနှင့် ဆယ်ပေခန့်အကွာတွင် ဦးခေါင်းတွင်ဒဏ်ရာများဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးအနေဖြင့် သတင်းပေးပို့ချက်အရ ဆယ်အိမ်မှူး ဦးအောင်မင်းကြည်နှင့် အသိသက်သေများသွားရောက်ကြည့်ရူရာ သေဆုံးသူမှာ မျိုးမင်းဦး (ဘ)ဦးမျိုးမြင့်၊ အသက်(၁၇)နှစ် ဆိုသူဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုအချိန်တွင် သက်ဆိုင်ရာ မြို့နယ်မှူး၊ စခန်းမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ မသင်္ကာသူ (၁၄)ယောက်ခန့်အား ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

ပေးပို့သူ-ဟင်္သာတ မီဒီယာအဖွဲ့


Posted: 21 Apr 2013 07:54 PM PDT
ဘော်စတွန် ဗုံးခွဲမှု လက်သည်လို့ မသင်္ကာ ခံရတဲ့ ညီအစ်ကို ထဲက ကျန်ရစ်သူ ညီဖြစ်သူ လည်ချောင်းမှာ သေနတ် ဒဏ်ရာကြောင့် ထွက်ဆိုချက် ပြောကြား နိုင်တော့မယ့်ပုံ မရှိဘူးလို့ သတင်း ရရှိ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက် ဒီလို တိုက်ခိုက်မှုတွေ လုပ်ဖြစ်အောင် လှုံ့ဆော် ခဲ့တယ်ဆိုတာကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မသေဘဲ ကျန်ရစ်သူ Dzhokhar

Posted: 21 Apr 2013 07:44 PM PDT
မကြာခင်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း ဗုဒ္ဓဘာသာဝင် တွေက လူအုပ်နဲ့ မွတ်ဆလင် တွေကို တိုက်ခိုက်သတ်ဖြတ် နေတာကို ရဲတွေက ရပ်ကြည့်နေတဲ့ ပုံတွေ ပါတဲ့ ဗီဒီယို မှတ်တမ်းတွေကို ဘီဘီစီက ရရှိထားပါတယ်။ မိတ္ထီလာ ရဲက ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်ပြီး မတ်လ နှောင်းပိုင်းက ရက်တွေနဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၄၃ ယောက် သေဆုံးခဲ့ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူအုပ်နဲ့ တိုက်ခိုက်မှုတွေကို ရဲတွေက ရပ်ကြည့်နေ

Posted: 21 Apr 2013 07:30 PM PDT
ဘော်စတွန် မာရသွန်ဗုံးခွဲမှု လုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေး သူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိ တယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အ လှန်ပစ်ခတ်ခဲ့ ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေး ပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။

Posted: 21 Apr 2013 07:22 PM PDT
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အစိုးရ၀န်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

"အဓိက ကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစုကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။"

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊ နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာမိသားစုတွေ မေးမြန်းရာမှာတော့  လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

"၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာများပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊ မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ၀န်ကြီးဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြတယ်။"

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံနေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။

မနန္ဒာချမ်း - ဗွီအိုအေ (မြန်မာဌာန)



Posted: 21 Apr 2013 03:07 PM PDT
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အဖြစ် ဝန်ကြီးဌာနအမည်ကို ၂၀၁၂ ခုနှစ်ကတည်းက ပြင်ဆင်သတ်မှတ် လိုက်ပါသည်။ ဖုန်းကတ်များကို အလကား ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အိုင်တီလောကတွင် နာမည်ကြီး သည့် KMD အုပ်စု အကြ
...

[Message clipped]  View entire message

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/22/2013 10:43:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.