သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဂိတ်များလျော့သွားသော်လည်း အခွန်အခ တိုးမြင့်ကောက်ခံ

Posted: 22 Apr 2013 07:19 PM PDT

သျှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မြို့နယ် မိုင်းနုန်းအုပ်စုတွင် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်တို့၏ဂိတ်များ ရုပ်သိမ်းသွားပြီဖြစ် သော်လည်း ၀ တပ်ဖွဲ့၏ဂိတ်များရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် ယခင်ကထက်တိုး၍ အခွန်ကောက်ခံနေကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

"အရင်က မိုင်းကာ မိုင်းနုန်း ကားမှာ ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ ဒီဘက်မြန်မာအစိုးရထိန်းချုပ် နယ်မြေကြားမှာဂိတ်တွေ ရှိတယ်လေ။ အဲတာ ရွာထဲကနေ ရွာပြင် ထွက်တာတောင် မြန်မာစစ်တပ်စောင့်တဲ့ဂိတ်၊ လားဟူပြည်သူ့စစ် ဂိတ်နဲ့ ၀ တပ်ဖွဲ့ရဲ့ ဂိတ်တွေမှာ ဂိတ်ဖြတ်သန်းခတွေ အဆမတန်ပေးရတယ်။ ဝက်ပ်ဆိုက်တခုကနေ ဒီအကြောင်းသတင်း ထွက်ပြီး တပတ်လောက်အကြာမှာ မြန်မာဂိတ်နဲ့ လားဟူပြည်သူ့စစ်ဂိတ်တွေက ရုပ်သိမ်းသွားပြီ။ အခု ၀ ဂိတ်ကျန်နေတယ်" ဟု မိုင်းနုန်းဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုနှစ် မတ်ခ်ျလဆန်းပိုင်းက လားဟူပြည်သူ့စစ်ဂိတ်နှင့် မြန်မာစစ်တပ်တို့၏ ဂိတ်များကိုဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ၀ တပ်ဖွဲ့၏ ဂိတ်ကျန်နေသေးကြောင်း၊ အဆိုပါဂိတ် ၂ ခု ဖျက်သိမ်းလိုက်သည်နှင့် ၀ တပ်ဖွဲ့၏ ဂိတ်မှ ဆိုင်ကယ်နှင့် ကား ဖြတ်သန်းခ တိုးမြင့်ကောက်ခံလာကြောင်း၊ ယခင်က လားဟူဂိတ်နှင့် မြန်မာဂိတ်တို့တွင် ဆိုင်ကယ်တစီး ကျပ် ၅၀၀ စီ ၊  ကားများ  အကြီးအသေးအလိုက်  အခွန်တိုးကောက်၍   မတ်ခ်ျလဆန်း  အဆိုပါ ဂိတ် ၂ ခု ရုပ်သိမ်း လိုက်သည်နှင့် ၀ ဂိတ်က တရုတ်ငွေ ၂ ယွမ်မှ  ၅ ယွမ်အထိ တက်လာကြောင်း၊ ကားကြီးများ ယွမ်ငွေ ၅၀ အထိကောက်ခံကြောင်း မိုင်းနုန်းဒေသခံ စိုင်းနန် ကပြောသည်။

အဆိုပါဂိတ်မှ UWSA ၀ တပ်ဖွဲ့၏ တပ်မဟာ ၄၆၈ လက်အောက်ခံတပ်ရင်းတရင်းက စောင့်ကောက်နေခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူမှာ ဗိုလ်ဆမ်တန်းဆိုသူဖြစ်ကြောင်း၊ ၈ မိုင်သာဝေးသော မိုင်းကာနှင့်မိုင်းနုန်းကြားရှိ ကောင်းမန့်ဟေး ရွာတွင် တည်ရှိခြင်းဖြစ်ပါသည်။

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့မြောက်ဘက်တည့်တည့် မိုင် ၅၀ ကျော်အကွာတွင်တည်ရှိသည်။ မိုင်းနုန်းအုပ်စုသည် မိုင်းခတ်မြို့အနောက်ဘက် ၇ မိုင်အကွာတွင်တည်ရှိပါသည်။ သျှမ်းနှင့် အခါလူမျိုး ရောနှောနေထိုင်သည့်အုပ်စု ဖြစ်ပါသည်။ လားဟူပြည်သူ့စစ်တပ်ဖွဲ့မှာ ဂျဟယ် ဆိုသူက ဦးဆောင်ပါသည်။

KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

Posted: 22 Apr 2013 07:19 PM PDT

သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

mm-army-trucksKIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

"မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်ရင်းတွေက မိုင်းစန်ဘက်ကနေ မိုင်းရှူးဘက်ကို တပ်ရင်း သုံးရင်းထပ်ပို့တယ်။ စုပေါင်းအင်အားက ၂၀၀ ကျော်မယ်" - ဟု မိုင်းစန်မြို့(မြို့နယ်ခွဲ) သားတဦး ဖြစ်သည့် စိုင်းမောင်က ပြောသည်။

ဧပြီ ၂၁ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စကခ ၂ လက်အောက်ခံ ခလရ ၂၄၈၊ ခမရ ၅၁၅ ၊ ၅၁၇ အင်အား ၂၀၀ ကျော်က ယာဉ်တန်း ၁၃ စီးဖြင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ - မိုင်းစန် မြို့ နယ်ခွဲ ထိုမှတဆင့် မိုင်းရှူးမြို့နယ် မိုင်အော့တ် တိုက်နယ် ပန်င နမ့်တောင် ကျေးရွာဘက် တက်သွားကြောင်း၊ ထို့အတွက်ကြောင့် သျှမ်းပြည်တပ်မတော်ဘက်ကလည်း ခုခံကာဖို့  အင်အားအသင့် ပြင်ဆင် ထား ကြောင်း - မိုင်းရှူးမြို့ပေါ် ရောက် အမည်မဖေါ်လိုသူ တပ်မှူးတဦးကပြောပါသည်။

ထို့အတူ အစိုးရစစ်ယာဉ်တန်းများသည် မူစယ် - နမ့်ခမ်းမြို့ကို ဖြတ်သန်းပြီး ကချင်ပြည်နယ်သို့ - ယမန်နေ့ က လူ ၊ ရိက္ခာ အပြည့်ကား ၅ စီး၊ ယနေ့ ၂ စီး ထပ်မံဖြည့်တင်းနေကြောင်း နမ့်ခမ်းမြို့ခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့်လည်း အစိုးရတပ်နှင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကွတ်ခိုင်ဒေသခံ ဇော်အောင် ကပြောသည်။

"ကျနော်တို့ရတဲ့သတင်းအရ ကချင်ဘက် စစ်ယာဉ်တန်းတွေ သွားနေသလို ကျနော်တို့ဘက်လဲ အင်အားဖြည့် လာနေတယ်ဆိုတော့ အစိုးရစစ်ကြောင်း လှုပ်ရှားမှုအရှိန်မြင့်လာရင် ဒီရက်ပိုင်း မိုင်းရှူးမြို့နယ် အရှေ့ဘက် ခြမ်း သံလွင်မြစ်နဲ့ကပ်လျက်နယ်မြေတွေမှာတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်" - ဟု အဆိုပါ သျှမ်းတပ်မှူး က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်ပွားသော တိုက်ပွဲကြောင့် မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ဒုက္ခသည်စခန်းတခုလျှင် ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်များ ရာဂဏန်းရောက်ရှိခိုလှုံနေပါသည်။

RCSS/SSA ထိမ်းချုပ်နယ်မြေအသွားလမ်း ဂိတ်တခု ထိုင်းအစိုးရပိတ်ထား

Posted: 22 Apr 2013 07:17 PM PDT

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။


"နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပါဘူး။ ဒေသခံ အကြီးအကဲတွေ နားလည်မှု လွှဲမှားလို့ဖြစ်တဲ့ အသေးအမွှား ကိစ္စပါ။ ဒါတွေကျနော်တို့ ဖြေရှင်းနေပါတယ်။ တခြားဒေသဆီကို ပြဿနာပြန့်ပွားသွားဖို့လဲမရှိနိုင်ပါဘူး" - ဟု RCSS/SSA ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။

ထိုင်းနိုင်ငံ ဖှန်မြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ကြား နယ်စပ်မျဉ်းပေါ်ရှိ RCSS/SSA ၏ တပ်မဟာ ၇၂၇ လွယ်ဆန်စုဌာနချုပ်သို့ အသွားလမ်းပေါ် နယ်ခြားဂိတ်အား ထိုင်းအစိုးရက မြန်မာနှစ်ဆန်း ပိုင်းက စတင် ပိတ်ပင်ခြင်းဖြစ်သည်။

"ကျနော်တို့ တပ်ဖွဲ့သုံးဖို့ ဘူဒိုဇာကား ဝယ်လာတယ်။ ထိုင်းအာဏာပိုင်က သူတို့ခွင့်ပြုချက် မရသေးဘဲနဲ့ သယ်ယူတယ်လို့ပြောတယ်။ ကျနော်တို့တပ်သုံးဖို့ပါ ။ အရင်တုန်းကလဲ ဒီအတိုင်း သယ်ယူနေတာဘဲ။  ဘာပြဿနာမှာမရှိခဲ့ဖူးပါဘူး" - ဟု စိုင်းဆိုင်မိန်းက ဆက်ပြောသည်။

အမည်မဖေါ်လိုသည့် ဒေသခံ သျှမ်းတပ်အရာရှိတဦးက - ထိုင်းအစိုးရ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းသည် တပ်မဟာကြီးတခုလုံး၏ လည်ပတ်မှု မထိခိုက်နိုင်သော်လည်း ဒေသအတွင်းနေထိုင်သည့်လူထု၏ စားဝတ်နေ ရေးအတွက် ရေရှည်ထိခိုက်လာနိုင်ကြောင်း ပြောသည်။

ယင်းလပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် အား မူးယစ်ဆေးဝါးလက်တွဲဖေါ်ဆောင်တိုက်ဖျက်မှုအကောင်းဆုံးဆု 'ရွှေလင်းယုန်ဆု' ဂုဏ်ပြုချီးမြင့်ဖူးသည်။

Burma News International - April 23, 2013

Burma News International

Burma News International
April 23, 2013

Delegates from RNDP leave for China at the invitation of the Chinese communist party

Two Arakanese leaders from the Rakhine National Development Party (RNDP) left for China on Saturday at an invitation made by the Chinese communist party.

10 villagers charged with staging illegal a demonstration against CNPC

Ten villagers in Madae Island of Kyauk Pru in Arakan state have been charged by police as they are suspected of leading the recent demonstration against the Chinese company, CNPC without permission from government authority, said U Tun Kyi who is included among them.

EU lifts sanctions on Myanmar

EU foreign ministers agreed Monday to lift the last of the bloc's trade, economic and individual sanctions against Myanmar, hailing "a new chapter" with the once pariah state.

CNPC denies firing workers on Maday Island

Speaking to Mizzima on behalf of state-run China National Petroleum Corporation (CNPC), the Secretary to the Chinese Ambassador in Yangon, Xiong Guofeng, said that the company did not force workers at its pipeline plant on Maday Island to sign a pledge saying they would not participate in Thursday’s demonstration, and furthermore that they did not dismiss more than 50 workers who refused to do so.

10 Maday islanders charged following pipeline protest

Ten residents of Maday Island in Kyaukphyu Township have been charged by local police for protesting against the oil and gas pipeline projects on the island without receiving official permission to hold a demonstration.

Thein Sein receives ‘Pursuit of Peace Award’

Myanmar President Thein Sein was honored with the prestigious ‘Pursuit of Peace Award’ by the International Crisis Group (ICG) in New York on Monday, a prize he shared this year with former Brazilian President Luiz Inacio Lula da Silva.

18-Rohingya pushed back to Burma

Teknaf, Bangladesh: Border Guard Bangladesh (BGB) pushed backed 18- Rohingya to Burma on April 22, Kashim, a local from border said.

ထောင် (၉) နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ် အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွှတ်မြောက်လာ

အမူတွဲ (၃)  ခုဖြင့် ထောင် (၉) နှစ်ထိ ချမှတ်ခံထားရသူ ရခိုင်ကျောင်းသား လူငယ် အဖွဲ့မှ ကိုရဲထက်စိုးသည် ယနေ့တွင် အင်းစိန်ထောင်ထဲမှ လွှတ်မြောက်လာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံကြောင့် စစ်မှန်သောငြိမ်းချမ်းမှုလူထုမရနိုင်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြော

ဖွဲ့စည်းပုံဥပဒေ၌ စစ်တပ်အတွက် အာဏာပိုပေးထားသဖြင့် တိုင်းရင်းသားတပ်ဖွဲ့အား မြန်မာစစ်တပ်ထိုး စစ်ဆင်နေသည့် အပေါ် သမ္မတကြီးက အာဏာမပေးနိုင်ခြင်းဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောသည်။

ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များတွင် တနိုင်တပိုင် ရေမဆေးကျောက် တူးနေသူများ ဒေသခံ၏ တဲများ၊ စက်ပစ္စည်းများကို အစိုးရ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာခြိန်းခြောက် နှင်ထုတ်လျက်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။

CNF က ချင်းပြည် တပြည်လုံးအတိုင်း အတာဖြင့် လူထုတွေ့ ဆုံဆွေးနွေးပွဲလုပ်ငန်း စတင်

ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် တပြည်လုံး အတိုင်း အတာဖြင့် လူထုတွေ့  ဆုံးဆွေးပွဲ လုပ်ငန်းကို ယခုလမှစတင် အကောင် အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။

မြန်မာ့ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ချင်းဘာသာစကား(၂) ဘာသာ ဖြင့် ထုတ်လွှင့်မည်

လာမည့် စက်တင်ဘာလတွင် စတင်လွှင့်ရန် စီစဉ်နေသည့် မြန်မ့ရေဒီယိုနှင့် ရုပ်မြင်သံကြားသစ်တစ်ခုဖြစ် သည့် ပြည်ထောင်စု ရုပ်သံလှိုင်းတွင် တိုင်းရင်းသား ဘာသာကြီး (၈)ခုအနက် ချင်းဘာ သာစကား (၂)ဘာသာဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများနှင့် UNFC ဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ် အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)သည် ပြည်တွင်းရှိ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဧပြီလ ၂၂ ရက်နေ့၌ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တွေ့ဆုံပွဲ တစ်ရပ် ကျင်းပခဲ့သည်ဟု အဖွဲ့ ခေါင်းဆောင်ဖြစ်သူ နိုင်ဟံသာက ပြောပါသည်။

တိုင်းလိုင်အမည်ဖြင့် တရားဝင်အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်းဆောင်ရွက်သွားမည်

တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများကို ယင်းအမည်မှန်ဖြင့် တရားဝင် အသိအမှတ်ပြုသော အမျိုးသား မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ကေအိုင်စီ သို့ ပြောကြားသည်။

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်သည့်အပေါ် EU ကို UNFC ဝေဖန်

ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုမှလွဲ၍ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်းပေး ခြင်းမှာ စောလွန်းနေသေးကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က ယနေ့ ဝေဖန်ပြောကြားလိုက်သည်။

ဘုရားသုံဆူလမ်းကြောင်းမှ သင်င်္ကြန်ပြီး ထိုင်းသို့ ပြန်ဝင်လာသည့်မြန်မာအလုပ်သမားများဖြင့် စည်ကား

မြန်မာနိုင်ငံ၏သင်င်္ကြန်ပွဲတော်ကိုဆင်နွှဲပြီး ထိုင်းနိုင်ငံသို့ပြန်လာ အလုပ်လုပ်သည့် မြန်မာနိုင်ငံမှ အလုပ်သမား များသည် ဧပြီလ ၁၉ ရက်နေ့မှစ၍ ဘုရားသုံး ဆူလမ်းကြောင်းမှထိုင်း နိုင်ငံသို့ဝင်လာ နေသည့် အလုပ်သမား များ ဘုရားသုံးဆူမြို့နှင့် နယ်စပ်ဂိတ်များတွင် စည်ကားနေသည်ဟု ဘုရားသုံးဆူမြို့မှသိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:38009] ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ (၁)

ဧပြီ-၁၂-၂၀၁၃
ရည်လေးဆွေ

အကြမ်းဖက်ဖျက်ဆီးခံလိုက်ရတဲ့မိတ္ထီလာက ဒုက္ခသည်တွေအတွက် လှူဒါန်းမှုတွေ လုပ်ကြတော့ ကျွန်မ လိုက်သွားချင်စိတ်ဖြစ်မိတယ်။ မတ်လ ၂၅-ရက်နေ့မှာ သွားလှူကြတာတွေရှိတော့ အဲဒီနေ့က လိုက်သွားချင်ပေမယ့် အခြားသောအကြောင်းကိစ္စတွေကြောင့် လိုက်မသွားဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိတ္ထီလာကို သွားနိုင်ဖို့တော့ ကျွန်မအမြဲစဉ်းစားနေမိတယ်။

ဒီလိုနဲ့ သင်္ကြန်ကာလအတွင်း ဆက်သွယ်ကြည့်မိတယ်။ မိတ္ထီလာအကြမ်းဖက်ခံရမှုကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို သွားရောက် လှူဒါန်းကြမယ်ဆိုတော့ ကျွန်မ လိုက်မယ်လို့ ပြောလိုက်တယ်။  ။ မနက်စောစော ၆-နာရီလောက်မှာ မန္တလေးကို ရောက်ပါတယ်။ ကားကြီးကွင်းထဲ ရောက်တော့ မနက် ၆-နာရီခွဲလောက်ရှိပြီ။ မိတ္ထီလာသွားကြမယ့် သူတွေကို ဖုန်းဆက်လိုက်တော့ သူတို့ ပစ္စည်းတွေ တင်နေပြီ ခဏနေရင် လာခေါ်မယ်ဆိုတာနဲ့ အိမ်ကပဲ စောင့်နေလိုက်တယ်။ ၈-နာရီခွဲလောက်မှာ ပစ္စည်းတွေနဲ့ ရောက်လာကြတယ်။ ဒါနဲ့ ကျွန်မတို့ စုစုပေါင်း ၈-ယောက် ပစ္စည်းတွေနဲ့အတူ မိတ္ထီလာကို ဦးတည်လိုက်ကြပါတယ်။

လာခေါ်တဲ့ကားရောက်လာတော့ ကျွန်မမေးတယ်။ ပစ္စည်းတွေကို ဘယ်လိုပေးမှာပဲ။ ကျွန်မကတော့ ဒုက္ခသည်တွေဆီကိုပဲ တိုက်ရိုက်ပေးချင်တယ်။ တစ်ခြားမှာ ထားခဲ့ရပြီး တဆင့်ပြန်ပေးမယ်ဆိုတာမျိုးတော့ ကျွန်မ မဖြစ်ချင်ဘူးလို့ပြောမိတယ်။ ဒီဘက်က စီစဉ်ကြတဲ့ မောင်နှမတွေကလည်း ဖြစ်နိုင်ရင် ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးနိုင်ဖို့ပဲ စီစဉ်ထားတယ်လို့ပြောတယ်။ ကျွန်မ ရန်ကုန်က မပြန်လာခင် သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးတယ်။ သူက မိတ္ထီလာက ပြန်လာခဲ့ဖူးတဲ့သူဆိုတော့။ သူပြောတယ် ဒုက္ခသည်စခန်းကို ၀င်လို့ မရဘူး။ သူတောင် တခြားအဖွဲ့တွေနဲ့သွားတာ။ ၀န်ဇင်းဟိုတယ်ဘေးက စခန်းမှာ သတင်းသွားပို့မှရမယ်ဆိုတာကြောင့် စီစဉ်သူတွေကို ကြိုတင်မေးဖြစ်လိုက်တယ်။  ခရီးပင်ပန်းလာတဲ့ ကျွန်မကို ကားရှေ့ခန်းမှာပဲ ထိုင်စေတာကြောင့် ရှေ့ခန်းမှာထိုင်လိုက်ရင်း ကျွန်မ နိုးတစ်ချက်ငိုက်တစ်ချက်နဲ့ မိတ္ထီလာကို ရောက်လာတယ်။

ဝန်ဇင်းဟိုတယ်အနီးက ဆက်သွယ်ရေးဧည့်ရိပ်သာထဲမှာ ယာယီဖွင့်ထားတဲ့ ဗဟိုကွပ်ကဲမှုအဖွဲ့ဆီကို သွားပြီး ခွင့်ပြုချက်ယူရတယ်။ အဲ့ဒီ(ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန)က ကျွန်မတို့ လှူဒါန်းမယ့် ပစ္စည်းအမျိုးအမည်နဲ့ စာရင်းတွေကို သူတို့သတ်မှတ်ထားတဲ့ ပုံစံစာရွက်မှာ ဖြည့်ပေးရတယ်။ ကျွန်မတို့ကပြောတယ် စခန်းထဲကို တိုက်ရိုက်လှူချင်တယ်ဆိုတော့  ပုံစံ ၂-ခု ဖြည့်ရတယ်။ စခန်းကိုပဲ လှူခဲ့ရင် ပုံစံတစ်ခါတည်းနဲ့ ပြီးဆုံးပေမယ့် စခန်းထဲကို တိုက်ရိုက်လှူချင်တယ်ဆိုရင်တော့ ပုံစံကို ၂-ခါ ဖြည့်ရတယ်။ ဒါနဲ့ ကျွန်မတို့လည်း ပုံစံ ၂-ရွက်ကိုင်ပြီး ဘောလုံးကွင်းက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်။ ဒီပုံစံလုပ်နေတဲ့အချိန်မှာပဲ အဲ့ဒီနားမှာ တွေ့ရတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုက လူတစ်ယောက်က ပြောတယ်။ တကယ်လို့ ပေးတာ စကားပြောတာဆိုရင်လည်း မွတ်စလင်မ်အချင်းချင်းသာ မေးပါ ပေးပါ၊ ကျန်တဲ့နေရာတွေက ကျွန်တော်တို့တွေပဲ ၀င်လို့ရပါတယ်လို့ ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လည်း ဘောလုံးကွင်းက ဒုက္ခသည်တွေဆီပေးဖို့ ရွေးဖြစ်လိုက်ပါတယ်။

1     10

ဘောလုံးကွင်းကို ရောက်တယ်ဆိုရင်ပဲ မြင်တွေ့လိုက်ရတာက ခြံစည်းရိုးကာရံထားတဲ့ တဘက်(အတွင်းဘက်)မှာ တချို့က ရပ်နေပြီး အပြင်ဘက်ကနေ တချို့က ရပ်ပြီး အတွင်းအပြင် စကားလှမ်းပြောနေကြတယ်။ တချို့လည်း ပိုက်ဆံနည်းနည်းပေးနေတာ မြင်လိုက်တယ်။ ခြံစည်းရိုးဆိုပေမယ့် သစ်သားတန်း ကျိုးတိုးကျဲတဲပါပဲ။ တံခါးပေါက်မှာတော့ စစ်သား ၄-၅ ယောက် သေနတ်တွေကိုင်ပြီး စောင့်နေတယ်။ ကျွန်မတို့ကားလည်းရောက်ရော တစ်ယောက်က ဆင်းပြီးစကားပြောတယ်။ ပစ္စည်းတွေ လှူမယ့်အကြောင်း၊ ပြီးတော့ လျှောက်လွှာ ၂-စုံထဲက ၁-စုံကို ပေးတယ်။ အဲ့ဒီမှာ သူတို့က အထဲမှာ တာဝန်မှူးရှိတယ် အထဲကို တစ်ယောက်ပဲ ၀င်ခွင့်ရှိတယ်လို့ပြောတယ်။ ကျွန်မတို့သွားကြတဲ့အထဲက ဦးဆောင်ပေးတဲ့ အန်ကယ်လ်က ကျွန်မက ဒုက္ခသည်စခန်းထဲကို အလွန်သွားချင်နေမှန်းသိတော့ ကျွန်မကိုသွားဖို့ပြောတယ်။ ပစ္စည်းတွေကိုတော့ အပေါက်ဝမှာပဲ ချပြီး ပုံထားလိုက်ရတယ်။ ကျွန်မအထဲဝင်မယ် လုပ်တော့ အပေါက်က စစ်သားတွေက ဟိုးခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ယာယီအမိုးလေးနဲ့တဲလေးကို ညွှန်ပြရင်း ဟိုးမှာ အမိုးလေးနဲ့စခန်း၊ အဲ့ဒီမှာ နာမည်နဲ့ စာရင်းနဲ့ သွားပေးရမယ်ဆိုတော့။ ကျွန်မလည်း စခန်းထဲကို တစ်ယောက်တည်းဝင်သွားရမယ်ဆိုတော့ စိတ်ထဲ တစ်မျိုးပဲပေါ့။ ဒါပေမယ့် ခပ်တည်တည်ပဲ ၀င်လိုက်တော့ အပေါက်ဝနားက တစ်ယောက်ကပဲ ကျွန်တော် လိုက်ပို့ပေးမယ်ဆိုပြီး အဲဒီယာယီတဲလေးရှိရာကို လိုက်ပို့ပါတယ်။ ၀င်ပေါက်နဲ့ ယာယီတဲနေရာနဲ့က တော်တော်လေးလှမ်းတာမို့ ကျွန်မကို လိုက်ပို့ပေးတဲ့ တစ်ယောက်ကို လမ်းလျှောက်ရင်း ကျွန်မ သိချင်တာ နည်းနည်းမေးကြည့်ဖြစ်တယ်။

"ဒီဘောလုံးကွင်းထဲမှာက ရတနာမာန်အောင်နဲ့ သီရိမင်္ဂလာရပ်ကွက် (၂)ခုပဲ ဒီထဲမှာ ရှိတယ်။ တစ်ခြားက မရှိဘူး။ ရတနာမာန်အောင်က ဒီဘက်ရပ်ကွက်၊ သီရိမင်္ဂလာက ဟိုဘက်ရပ်ကွက်လေ။ ဒါကြောင့် ဒီရပ်ကွက် ၂-ခုပဲ ရှိတယ်။ သီရိမင်္ဂလာက မီးရှို့ခံရတာ၊ ရတနာမာန်အောင်က မီးမရှို့ခံရဘူး ဖျက်ခံရတာ။"

ပြောနေရင်း တာဝန်မှူးနေရာဆီ ရောကလာတော့ တာဝန်မှူးက ကျွန်မကိုမေးတယ်။
"အရင်က လာနေကြလား။"

"ကျွန်မ လာနေကြမဟုတ်ဘူး။ လှူတာကိုတော့ တဆင့်ပေးလှူနေတာတွေရှိတယ်။ လူကိုယ်တိုင်ကတော့ အခုမှ လာဖူးတာပါ"

"ကျွန်တော် တပ်ရင်းမှူးပါ။ ကျွန်တော်တို့ကလည်း မနေ့ကမှ အသစ်ရောက်လာတာပါ။ ဒါကြောင့် လာနေကျဆိုလည်း သိထားရအောင်၊ လာနေကျမဟုတ်ရင်လည်း နောက်ပိုင်းလာတဲ့အခါကျ သိပြီးသားဖြစ်အောင် မေးတာပါ"

"ဟုတ်ကဲ့ … ကျွန်မ ဒီတစ်ခါဟာ ပထမဆုံးအကြိမ်ပါပဲ။ ဒါနဲ့ ဗိုလ်ကြီးနာမည်က ဘယ်လိုခေါ်လဲ မသိဘူး" ကျွန်မမေးလိုက်တော့ ပထမတော့သူမဖြေချင်ဘူး ခဏတိတ်သွားတယ်။ ခဏနေတော့ သူ့နာမည်ကို ပြောပါတယ်။ ရဲဘော်တစ်ယောက်က စာအုပ်ထဲမှာ စာရင်းတွေရေးနေတုန်း ခုနက ကျွန်မကို လိုက်ပို့တဲ့တစ်ယောက်ကလည်း ဘေးကနေ ဆက်ပြောပါတယ်။ အိမ်ထောင်စု ဘယ်လောက်ရှိတယ်။ သူတို့ ဘယ်လိုပြေးလာရတယ်ဆိုတာကို ပြောပြနေတယ်။ တပ်ရင်းမှူးကလည်း ကျွန်မကို စကားတွေပြောနေတယ်။ လှူတာက ဘာဖြစ်လို့ ဒီပစ္စည်းတွေ ရွေးလှူတာလဲ။ ဘာကြောင့် ဒါတွေကို လှူတာလဲ။
"ဒုက္ခသည်တွေအတွက် လိုအပ်မယ်ထင်တာကြောင့်ရယ်၊ တချို့ လှူပြီးပြန်လာသူတွေက ဒီလိုလေးတွေ လိုအပ်တယ်ဆိုတာကြောင့် ဒီပစ္စည်းတွေ လှူဖြစ်တာပါ"လို့ ကျွန်မပြောလိုက်တယ်။
သူတို့ စာရင်းရေးပြီးတော့ ကျွန်မကို သွားလို့ရပါပြီဆိုတာကြောင့် ကျွန်မ ပြန်လှည့်ထွက်လာတယ်။ ကျွန်မတို့ ထွက်လာချိန်မှာပဲ တပ်ရင်းမှူးက ခုနက ကျွန်မကို စကားတွေ ပြောနေတဲ့တစ်ယောက်ကို လှမ်းခေါ်ထားလိုက်တယ်။ ကျွန်မလည်း လှည့်တောင် မကြည့်ဖြစ်တော့ဘူး ဆက်ထွက်လာလိုက်တယ်။ ကျွန်မ ဘေးနားမှာ တစ်ခြားတစ်ယောက်က ပါလာတော့ သူ့ကို ကျွန်မ မေးလိုက်တယ်။ "ဒီထဲမှာ ၀င်ကြည့်လို့ရလား၊ ဓါတ်ပုံရိုက်ချင်ရင်လည်း ရလား"ဆိုတော့ သူက ရတယ်လို့ပြောတယ်။ ဒါနဲ့ အားကစားခန်းမကို ကျွန်မသွားလိုက်တယ်။

အဲဒီခန်းမ အပေါက်နားမှာပဲ အမျိုးသမီးတချို့ အမျိုးသားတချို့ကို ကျွန်မတွေ့တော့ မေးလိုက်တယ်။
"အစ်မတို့ အမေကြီးတို့က ဒီခန်းမထဲမှာ နေကြတာလား။ ဘယ်ရပ်ကွက်ကနေ ဒီကို ရောက်နေကြတာလဲ။ ဒီမှာ လူဘယ်လောက် ရှိနေတာလဲ"
"ကျွန်မတို့က သီရိမင်္ဂလာကပါ။ မီးရှို့ခံရတဲ့ရပ်ကွက်က။ ဟိုဘက် ဘောလုံးကွင်းထဲမှာ camp တွေ ရှိတယ်။ အဲဒါကတော့ အိမ်ဖျက်ခံရတဲ့ ရတနာမာန်အောင် ရပ်ကွက်က လူတွေထားထားတယ်။ အခု ဒီမှာ လူဦးရေ (၁၇၀၀)ကျော်ရှိတယ်။ အိမ်ထောင်စုက (၄၄၄)အိမ်ထောင်စုရှိတယ်။"

ကျွန်မပြောနေစဉ်မှာပဲ ဒုက္ခသည်ထဲကပဲ တာဝန်ခံ အမျိုးသမီးတစ်ယောက် အနားရောက်လာတော့ တခြားသူတွေက အဲဒီ အမျိုးသမီးကို ဆရာမ၊ ဆရာမက ပိုသိတယ်။ ပြောပြလိုက်ပါဦးလို့ ပြောလိုက်တော့ အဲဒီ အမျိုးသမီးက "ဒီထဲမှာတင် လူ(၁၁၀၀)ရှိတယ်။ ဟိုနေ့က (၁၅၇၈)ယောက်ရှိတယ်။ လူဦးရေက မငြိမ်ဘူး အ၀င်အထွက်ရှိနေတယ်။ တချို့ကလည်း ဆွေမျိုးသားချင်းက လာခေါ်သွားတာတွေရှိတယ်။ ပြန်သွားတာတော့ မဟုတ်ဘူး။ မိသားစုတကွဲတပြားဖြစ်နေတာတွေ ပြန်စုမိသွားကြလို့ ပြန်ပေါင်းသွားကြတာတွေပါ။  ဒီကနေတော့ ပြန်ဖို့မလွယ်ပါဘူး။ ပြန်ဖို့ကလည်း တော်တော်ခက်ခဲတယ်။ ကွပ်ကဲရေးမှူးရုံးက လူကြီးရဲ့ လက်မှတ်ပါမှ ဆိုတော့ ခက်ခဲတယ် လုပ်ရတာ။ ကျွန်မတို့ အစ်မတစ်ယောက်ပြန်ဖို့လုပ်တာ ၄-၅ ရက် လုပ်ယူရတယ်။  အိမ်တွေဘာတွေ ပြန်ဆောက်ခွင့်တော့ ဘယ်ရဦးမလဲ။ မီးမလောင်တဲ့အိမ်တွေကို ပြန်လွှတ်ရင်တောင် နည်းနည်းလျှော့သွားမှာလေ အဲလိုလည်းမဟုတ်တော့။ အလှူရှင်တွေ လာလှူတာတွေအားလုံးတော့ ကျွန်မတို့ဒုက္ခသည်တွေ အကုန်လက်ထဲရပါတယ်။ အားလုံးကို အညီအမျှ ခွဲပေးတယ်။"

"ခုနက တပ်ရင်းကလည်း မနေ့ညကမှ အသစ်ရောက်တာ၊ အသစ်ရောက်တော့ သူတို့က လုပ်ငန်းသဘာဝ နားမလည်သေးလို့ ခေါ်မေးတာ။"လို့ ခုနက ကျွန်မကို လိုက်ပို့ပေးတဲ့ တစ်ယောက်က ၀င်ပြောတယ်။

ပထမပြောပြနေတဲ့တစ်ယောက်က ပြန်ပြီးပြောပါတယ်။ "ဟုတ်ကဲ့ ဒီကို တိုက်ရိုက်မရောက်ဘူးဆိုတာက ဘယ်လိုမျိုးလဲတော့မသိဘူး။ ဒီကို တိုက်ရိုက်ပို့တဲ့ဟာဆိုရင် အပေါက်ဝမှာ ချရတယ်။ ပြီးရင် ဒီက တာဝန်ခံတွေ။ တာဝန်ခံတွေကလည်း ဒုက္ခသည်တွေထဲကနေပဲ ကော်မတီပြန်ဖွဲ့ပေးထားတာ။ အဲဒီကော်မတီက အမျိုးသား(၅)ယောက် အမျိုးသမီး(၅)ယောက်ပါတယ်။ ဒီကော်မတီကပဲ ပစ္စည်းအားလုံး အထဲကိုယူပြီး ပြန်ပြီးခွဲပေးတာပါ။ ဒီထဲကို ရောက်တာအားလုံးကတော့ ဒီကဒုက္ခသည်တွေဆီ အားလုံးရောက်ပါတယ်။ ပစ္စည်းတွေကို ပြန်ခွဲပေးရင်တော့ အိမ်ထောင်စုနဲ့ ခွဲပါတယ်။ လူဦးရေနဲ့မခွဲပါဘူး။ ပစ္စည်းလှူတာတွေရှိတယ်။ ငွေကတော့ လက်မခံသေးပါဘူး။ အဓိက ငွေရောက်လာလည်း အခုက ငွေက ဘာမှ လုပ်လို့ မရသေးဘူး။ ဟိုနေ့က church ကျောင်းတစ်ခုက ငွေလှူမယ်ပြောတော့ ဒီကတာဝန်ခံဟာဂျီက ကျွန်တော်တို့ ခရမ်းချဉ်သီးလိုပါတယ်၊ ရေသန့်လိုပါတယ်လို့ ပြောလိုက်တော့ သူတို့ အဲဒါ ချက်ချင်းသွားဝယ်လိုက်မယ်ဆိုပြီး ၀ယ်ပေးတယ်။ ရေသန့်ကလည်း ဒီတစ်ရက် နှစ်ရက်မှာ နည်းနည်း နည်းတယ်။ တစ်ရက်တစ်ရက်ကို ရေသန့်ဗူးကြီး ၁၀၀-လောက် ကုန်ပါတယ်။ တာဝန်ခံတွေက မှာရတာမဟုတ်ပါဘူး။ လှူတဲ့သူက လှူထားပြီးသားကို လာလာပို့ပေးတာပါ။ မနေ့ကထိတော့ သောက်ရေသန့်ရော၊ သုံးရေရော လောက်ပါတယ်။ ဒီမနက်မှာတော့ သုံးရေ မလာတော့ ရေနည်းနည်းခက်တယ်။ သင်္ကြန်ရက်မှာ အားလုံးနားကျမှာဆိုတော့ သောက်ရေခက်ခဲမှာကိုတော့ စိုးရိမ်တယ်။ ဟုတ် ရေသန့်လှူချင်ရင် ကော်မတီကို ဆက်သွယ်ပြီးလည်း လှူလို့ရပါတယ်။ ဖုန်းနံပါတ်တွေ White board မှာ ရေးထားတယ်။ ၀၉-၄၀၂၇၅၈၅၉၁ ဦးထွန်းဝေကို ဆက်သွယ်လို့လည်းရတယ်။"
4

အားကစားခန်းမထဲဝင်ပြီး ဓါတ်ပုံနည်းနည်းရိုက်လိုက်တယ်။ အမျိုးသမီးတချို့ဝတ်ပြုဖို့ လုပ်ဆောင်နေကြတာ ကျွန်မ တွေ့လိုက်မိတယ်။ ပြီးတော့ ဘောလုံးကွင်းထဲက camp တွေဘက်ကို ကျွန်မ သွားချင်လို့ တစ်ယောက် လိုက်ပို့ပါလို့ပြောပြီး ထွက်ခဲ့လိုက်တယ်။ လိုက်ပို့တဲ့တစ်ယောက်ကလည်း ကျွန်မကို ၀င်ပေါက်နားထိ လိုက်ပို့ပြီး ပြန်လှည့်သွားတယ်။ ကျွန်မလည်း တစ်ယောက်တည်းဝင်သွားလိုက်တော့တယ်။

56

8

ကျွန်မကိုလည်း တချို့က ၀ိုင်းကြည့်နေကြတယ်။ ကျွန်မလည်း ရီပြ ပြုံးပြပြီး တွေ့တဲ့သူတချို့ကို နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက်ရင်း ဓါတ်ပုံ နည်းနည်းရိုက်လိုက်တယ်။ ပထမ အားကစားခန်းမထဲမှာစတွေ့တဲ့ တစ်ယောက်က ကျွန်မကိုမြင်လိုက်တော့ လှမ်းနှုတ်ဆက်တယ်။ အဆင်ပြေလား အစ်မတဲ့။ ဟုတ်ကဲ့ ပြေတယ်လို့ပြောရင်း ဆက်ပြီးလျှောက်လာလိုက်တယ်။ ကျွန်မလည်း အသိမိတ်ဆွေတစ်ယောက်မှမတွေ့ပဲ ဟိုကြည့် ဒီကြည့် လျှောက်နေတော့ ကလေးတွေကအစ ကျွန်မကို ၀ိုင်းကြည့်နေတယ်။ တချို့လည်း ပူပြင်းလွန်းတဲ့ အပူရှိန်ကို အံတုရင်း တဲလေးတွေထဲမှာ အိပ်စက်အနားယူနေကြတယ်။ ကျွန်မကို ၀ိုင်းကြည့်နေတဲ့ မျက်နှာတွေမှာတော့ အများစုက အားကိုးရာမဲ့ မျက်ဝန်းလေးတွေပါပဲ။ ကျွန်မ ပိုပြီး သတိထားမိတာက ကလေးလေးတွေရဲ့ မျက်လုံးလေးတွေပါ။ ကျွန်မကို ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့စိတ်တွေ၊ အားငယ်စိတ်တွေ အများကြီးတွေ့နေရတယ်။ ကျွန်မ သူတို့ကို ပြုံးပြလိုက်တယ်ဆိုရင် သူတို့လေးတွေလည်း မ၀ံ့မရဲနဲ့ ပြန်ပြုံးပြလာတယ်။ အဲဒီအချိန်မှာ ကျွန်မ ရင်ထဲ တော်တော်လေးကို မကောင်းဖြစ်မိတယ်။ အရိပ်အာဝါသ မရှိတဲ့ နေပူကွင်းပြင်မှာ အလျှံတညီးညီး ပူပြင်းနေတဲ့ မြေပြင်က အပူချိန်ရယ် ကောင်းကင်က နေပူရှိန် နှစ်ခု အပူရှိန်မှာ ၁၀-ပေတောင် မမြင့်တဲ့ ပလပ်စတစ်အမိုးနဲ့ တဲထဲက လူတွေရဲ့ ရင်တွင်း အပူမီးက  ပြင်ပရုပ်ခန္ဓာအပူကို ဂရုထားမိပါ့မလားလို့ ကျွန်မ တွေးမိတယ်။ တဲလေးတစ်ခုအနားအရောက်မှာ ကျွန်မကို လှမ်းကြည့်နေတဲ့ မျက်လုံးတစ်စုံက စကားပြောနေတယ်။ ဒါနဲ့ ကျွန်မလည်း သွားနှုတ်ဆက်လိုက်တယ်။ သူနဲ့ ကျွန်မ စကားနည်းနည်းပြောဖြစ်တယ်။ သူ့မိသားစုရဲ့ ဖြစ်စဉ်ကို ကျွန်မကို ပြောပြတယ်။ သူတို့က အိမ်ငှားနေတာ အိမ်ရှင်က ဗုဒ္ဓဘာသာတွေပါ။ သူတို့ကို အိမ်ရှင်က အိမ်ပေါ်မှာ ဖွက်ထားပေးတယ်။ ဒါပေမယ့် သူတို့ ရှိနေမှန်းသိနေတော့ အကြမ်းဖက်သမားတွေက မပြန်ပဲ အောက်မှာ စောင့်နေကြတယ်။ နောက် ၂-ရက်နေတော့ ဆင်းလာခဲ့ လုံခြုံရေးပေးမယ်ဆိုတာကြောင့် သူတို့ဆင်းလာကြတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်လူကြီးရှေ့မှာပဲ သူ့ယောက်ျားကို ဓါးနဲ့ ထိုးသတ်လိုက်ကြတယ်ဆိုတာ ပြောပြီး သူငိုပါတယ်။ သူ့ရဲ့ သမီးလေး ၃-ယောက်လည်း သူ့ဘေးနားမှာ လာထိုင်နေတယ်။ ကလေးလေးတွေက ၂-နှစ်၊ ၂-တန်းနဲ့ ၄-တန်းကျောင်းသူလေးတွေပါ။ ကျွန်မ သူ့ကို အားပေးစကားပြောဖို့ စကားလုံးရှာမတွေ့ဘူး။ ဘုရားသခင်ထံမှာ ဆုတောင်းပါ။ အမှန်တရားအတွက် အဖြစ်မှန် ပေါ်လာမှာပါဆိုတာပဲ ပြောနိုင်တယ်။ သူနဲ့ပြောပြီးတော့ ကျွန်မ ဆက်လျှောက်လာရင်း ဘောလုံးပွဲကြည့်စင်မှာ အနားယူနေတဲ့ တချို့ကို တွေ့လိုက်ရသေးတယ်။ ကျွန်မ ပွဲကြည့်စင်ပေါ်တက်လိုက်တော့ camp လေးတွေကို အပေါ်စီးကနေ လှမ်းမြင်လိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မဖုန်းက မြည်လာတယ်။ အပေါက်ဝမှာ စောင့်နေကြတဲ့ထဲက တစ်ယောက်က ဖုန်းခေါ်တာ။ အစ်မ ပြန်လာတော့ အပြင်မှာ ပြဿနာတက်နေတယ်တဲ့။ ဒါနဲ့ ကျွန်မလည်း လာပြီ အခုလာပြီဆိုပြီး ပြန်ထွက်လာလိုက်တယ်။ စခန်းထဲမှာပဲ အားလုံးနားနေဆောင်ဆိုတဲ့ နေရာမှာ နေ့လည် ၀တ်ပြုချိန်ရောက်နေတဲ့အတွက် အမျိုးသားတွေစုပြီး ၀တ်ပြုဆုတောင်းနေတာကိုလည်း ကျွန်မ တွေ့ခဲ့လိုက်တယ်။

ထွက်လာနေတုန်းမှာပဲ နောက်တစ်ယောက် ဖုန်းထပ်ခေါ်လာတယ်။ မြန်မြန်ထွက်လာခဲ့တော့ ဆိုတာနဲ့ ကျွန်မလည်း ခပ်သွက်သွက်ပြန်ထွက်လာလိုက်တယ်။ ကျွန်မလည်း အပေါက်ဝရောက်ရော ရဲဘော်တစ်ယောက်က တံခါးဖွင့်ပေးတယ်။ ကျွန်မလည်း အပြင်ကိုရောက်ရော ခုနက ပြဿနာဖြစ်သွားတယ်ဆိုတာက စခန်းထဲမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးကို အပြင်က တစ်ယောက်က လာတွေ့တယ်။ (အမျိုးသမီးရဲ့ ခင်ပွန်းပါ။ သူတို့ ၂-ယောက်က ကွဲနေကြသလားတော့ မပြောတတ်ဘူး။) လာတွေ့ရင်း အမျိုးသားက ကလေးကို ခေါ်ပြီး ထွက်ပြေးတာ။ အဲဒီမှာ အမျိုးသမီးက အော်ပါလေရော ကျွန်မကလေး ခေါ်သွားပြီ၊ ကျွန်မ ကလေး ခေါ်သွားပြီဆိုတော့ အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ကလေးကို ခေါ်ပြီး ထွက်သွားတာက ကလေးအဖေပါပဲ။

ကျွန်မ ဒီစခန်းလေးမှာ တွေ့ရတာက ဒုက္ခသည်တွေအနေနဲ့ စားစရာ အစားအစာက လုံလောက်နေပါတယ်။ သူတို့အတွက် အခုအချိန်မှာ အဓိကလိုအပ်နေတာ စားသောက်စရာမဟုတ်တော့ဘူး။ သူတို့ တမ်းတနေတာ သူတို့အိမ်တွေမှာ သူတို့ပြန်လည်နေထိုင်နိုင်ဖို့ပါ။ ကျွန်မမြင်ရသလောက် သူတို့ဟာ အကျယ်ချုပ်ပုံစံမျိုး ဖြစ်နေတယ်။ အပြင်ကို လုံးဝ ထွက်ခွင့်မရှိဘူး။ နေ့လည်စာနဲ့ ညစာထမင်းကိုတော့ ကော်မတီကလူတွေက စုပြီးချက်ကျွေးလို့ ထမင်းစားရတယ်။ မနက်စာ (breakfast)ကတော့ ရှိတဲ့ မုန့်လေးနဲ့ ရေနဲ့ စားသောက်နေရတယ်။ ငွေရှိရင်တောင် ဘာမှ ၀ယ်စားလို့ မရတဲ့အခြေအနေပါ။ အားလုံးရဲ့ ဆန္ဒက အိမ်တွေကိုပဲ ပြန်ချင်ကြတယ်။ ဒါလည်း ကိုယ့်အိမ်ကိုယ့်ယာမှ မဟုတ်တာ ဘယ်လိုလုပ် အဆင်ပြေမလဲ။ ဘယ်သူက ပျော်နေမလဲ။ ဒီတော့ ဒုက္ခသည်တွေ အဆင်မပြေဘူး ဆိုတဲ့အသံတွေ ထွက်ပေါ်လာတာပါပဲ။ ကျွန်မအမြင်မှာ သူတို့ လိုအပ်နေတာက စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ အများကြီးလိုနေပါတယ်။ ပြင်ပက လူတွေနဲ့ စကားတွေ ပေးပြောသင့်တယ်။ သူတို့ ခံစားချက်တွေ ရင်ဖွင့်ချက်တွေကို နားထောင်ပေးမယ့်သူတွေလိုအပ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခရောက်ပြီးကြသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ သောကတွေပါ ထပ်ခံစားနေရရင် ပိုပြီး စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ အားလုံးက ကိုယ့်အိမ်ကို ပြန်နေရဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ဒီ ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေးတာ အသင့်တော်ဆုံးဖြစ်မယ်လို့ မြင်မိတယ်။

လုံခြုံရေးတာဝန်ကျနေသူတွေအနေနဲ့လည်း ဒုက္ခသည်တွေနည်းတူ အတူတူ နေနေကြတာ တွေ့ရတယ်။ ဒါက စခန်းတစ်ခုမှာ မြင်တာကြားတာကို ကျွန်မ ခံစားမိလာတာလေးပါ။ ဒီစခန်းကနေ ပြန်ထွက်လာပြီးချိန်မှာတော့ ရေသန့်တွေကို ကျွန်မတို့ သွားယူဖြစ်ပါတယ်။ ရေသန့်သွားယူပြီးတော့ ဒုက္ခသည် စခန်းတစ်ခုဖြစ်တဲ့ အထက(၃)ကို ကျွန်မတို့ သွားကြပြန်ပါတယ်။

နောက်တစ်ပိုင်းမှာ ဆက်ရေးပါ့မယ် ……………… ။

3



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38008] မွန်ရိုး အလွမ်းပြေ


Marilyn Monroe(born in June 1, 1926 – August 5, 1962)was an American actress, model, and singer, who became a major sex symbol, starring in a number of commercially successful motion pictures during the 1950s and early 1960s.


sexy star

sexy star


sexy star


sexy star

sexy star

sexy star

sexy star

sexy star

sexy star

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38007] လှိုင်သာယာမြို့နယ်တွင် အာဂန္တုဘုန်းကြီးတစ်ပါးအား မူဆလင်ညီနှစ်ဦးမှ ဓါးခုတ်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အာဂန္တုဘုန်းကြီးတစ်ပါးအား မူဆလင်ညီနှစ်ဦးမှ ဓါးခုတ်မှုဖြစ်ပွား

လွန်ခဲ့သည့် ၃ နာရီအချိန်က လှိုင်သာယာမြို့နယ်တွင် ဗုဒ္ဒဘာသာအမျိုးသမီးတစ်ဦးနှင့် မူဆလင်အမျိုးသားတစ်ဦးတို့ ဆွဲလားရမ်းလား ရန်ဖြစ်နေသည်ကို နေပြည်တော်မှ ရန်ကုန်သို့ ခေတ္တကြွချီလာသော အာဂန္တုဘုန်းကြီးတစ်ပါးက ၀င်ရောက်ဖျန်ဖြေရာမှ မူဆလင်လူမျိုးနှင့်ပတ်သက်သူ အစ္စလာမ်ဘာသာဝင်နောက်တစ်ဦးပါ ၀င်ရောက်ပြီး အဆိုပါဘုန်းကြီးအား ဓါးဖြင့်ဝိုင်းဝန်းခုတ်ခဲ့သဖြင့် ဘုန်းကြီးနှင့် အမျိုးသမီး ဓါးဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ထားရကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်ပွားရာနေရာအား ရဲတပ်ရင်းမှ လုံခြုံရေးယူပေးထားကြောင်းလည်း ထပ်မံသတင်းရရှိသည်။
အာဂန္တုဘုန်းကြီးအား ဓါးဖြင့်ခုတ်သူမှာ ၆ ရပ်ကွက်နေ ဇင်မျိုးလတ်( ခ ) အာရွတ်ခန်း ဆိုသူဖြစ်ကြောင်းသိရှိရ။ ညနေ ၆: ၃၀ ခန့်တွင် မြို့နယ် သံဃနာယကဆရာတော်ကြီးများ ရောက်ရှိလာပြီး ဒုရဲတိုင်းမှူးသက်လွင်နှင့်ဆွေးနွေးခဲ့ပြီးပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သြ၀ါဒပေါ်ကြားဟုသိရပါသည်။(from myonyinyi)

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] New photo

Posted: 23 Apr 2013 07:05 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:59 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:50 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:40 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:28 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:19 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 06:07 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 05:52 AM PDT

[Information & Technology Network] ကျွန်တော့ကွန်ပျူတာမှာ win 7 တင်ပြီးတဲ့နောက်ပိုင်း...

Posted: 23 Apr 2013 05:45 AM PDT

[Information & Technology Network] kaspersky 2013အတွက်Active key လေးများရှိရင်ဗျ...

Posted: 23 Apr 2013 05:36 AM PDT

[Information & Technology Network]

Posted: 23 Apr 2013 05:17 AM PDT

[Information & Technology Network] အစ်ကိုတို့ အစ်မတို့ ခင်ဗျာ..

Posted: 23 Apr 2013 04:12 AM PDT

[Information & Technology Network] Adobe Flash Player ကို offline update...

Posted: 23 Apr 2013 04:02 AM PDT

[Information & Technology Network] ကျွန်တော့ရဲ့ phone Nokia X7-00 အတွက်...

Posted: 23 Apr 2013 03:53 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 03:13 AM PDT

[Information & Technology Network] Best Internet browsers 2013

Posted: 23 Apr 2013 02:39 AM PDT

[Information & Technology Network] New photo

Posted: 23 Apr 2013 01:31 AM PDT

[Information & Technology Network] ဖိုင်ဘာမိုဒမ်ကနေ router တပ်မလို့ ဈေးသက်သာပြီး...

Posted: 23 Apr 2013 01:11 AM PDT

[Information & Technology Network] ရုံးမှာ ဖိုင်ဘာလိုင်းတပ်ပြီးလို့စမ်းကြည့်တာ...

Posted: 22 Apr 2013 11:58 PM PDT

[Information & Technology Network] တစ်ခုလောက်ကူညီကြပါအုန်း။ မန်မိုရီစတစ်မှာ...

Posted: 22 Apr 2013 10:22 PM PDT

ညီနေမင်း

Posted: 22 Apr 2013 09:35 PM PDT

[Information & Technology Network] 72coder Online University | Discussions

Posted: 22 Apr 2013 09:15 PM PDT

[Information & Technology Network] ဒီသင်ခန်းစာမှာတော့ ကိုပိုင် Window...

Posted: 22 Apr 2013 08:48 PM PDT

[Information & Technology Network] group နဲ့တော့မဆိုင်ဘူးဗျာ ကျနော်အခု...

Posted: 22 Apr 2013 08:27 PM PDT

Tweets from 西村幸祐, 佐藤竹善, and 6 others

Posted: 22 Apr 2013 07:16 PM PDT