သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ

Posted: 30 Apr 2013 02:37 AM PDT

သျှမ်းပြည်တပ်မတော်နှင့်မြန်မာအစိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

Burma-Army-                                       ရိက္ခာပို့မြန်မာစစ်ယာဉ်တန်း (ဓါတ်ပုံ- FBR)

"အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် " ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။

ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော SSPP/SSA က အဆိုပါတောင်ကုန်းများအားလက်လွတ်ရပါက ဝ တပ်ဖွဲ့ အနေဖြင့်လည်း လွယ်စေးတောင်အား မြန်မာ့တပ်မတော်လက်ထဲသို့မကျရောက်စေလိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၌ တပ်အင်အား အသင့်ချထားသကဲ့သို့ တောင်ပိုင်း၌လည်း အားမလျော့စေဘဲ စစ်အင်အားအသင့်ပြင်ထားကြောင်း နီးစပ်သည့် သျှမ်းပြည်တပ်မတော် အရာရှိကဆက်လက် ပြောပြသည်။

"လွယ်စေးတောင်ကနေကြည့်ရင် ပန်ဆန်းမြို့ထဲကိုကောင်းကောင်းတွေ့ရတယ်လေ။ ဒီတောင်ဟာ ပန်ဆန်းမြို့ကိုဝင်ဖို့ အဓိက တံခါးတချပ်လို့တောင်ပြောလို့ရတယ်။ ဒါကြောင့်ဒီတောင်ကို မြန်မာစစ်တပ်က အခြေကုပ်ရယူနိုင်ရင် ဝ တပ်ဖွဲ့ အတွက် အခွင့်မသာတော့ဘူးလေ။ အရင်အပတ်ကလဲ မြန်မာစစ်တပ်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ ပို့ဆောင်ထားလို့ ၀ အနေနဲ့လဲ စိတ်မချနိုင်တော့ဘူးလေ" ဟု ဆိုပါသည်။

"သင်္ကြန်တုန်းကလဲ ဘယ်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းလဲ မသိဘူး၊ ကျမတို့ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲက ဝ တပ် ဘက်အသွားလမ်းမှာဘဲ။ လားဟူအမျိုးသား နှစ်ဦးစီးလာတဲ့ဆိုင်က တက်နင်းမိလို့ ပေါက်ကွဲတာ။ နှစ်ယောက်စလုံးပွဲ ချင်းပြီးဘဲ။ ကိုယ်ခန္ဓာတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ဆိုင်ကယ်လဲ မီးလောင်လွှင့်စင်သွားတယ်" - ဟု ပုံပါကျင် ဒေသခံ ဝန်ထမ်း တဦးက ပြောသည်။

သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့လည်း မြောက်ပိုင်းစစ်ရေးတင်းမာမှု ကြောင့် ၎င်းတို့တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြပ်ကိုင်ဖိအားပေးမှုမပြုလုပ်နိုင်ရန် စစ်ရေးအပြင် လုံခြုံရေးပါတိုးမြှင့် ထားကြောင်း၊ ယခင်လူထုဖြတ်သန်းသွားလာသည့် ဝ တပ်ဖွဲ့ ထိန်းချုပ်(ဒေသခံများအားသွားလာခွင့်ပြုထားသည့် တရားမဝင်နယ်ခြားဂိတ်) နယ်ခြားဂိတ်တွင်လည်း ပိတ်ပင်ထားကြောင်း၊ ထိုင်းဘက်ခြမ်းစားသုံးကုန်အားကိုးနေရသည့် မိုင်းတုံမြို့နယ် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း- ပုံပါကျင် ဒေသခံ အိုက်ဆွယ့်က ပြောပါသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ကြားဒေသအတွင်း အစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အား ၅၀၀၀ ထပ်မနည်း အပြိုင်တိုးချကာ စစ်ရေးတင်းမာနေသဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ထိုသို့စိုးရိမ်နေ ခြင်းဖြစ်ပါသည်။

သျှမ်း/မြောက် ကျောက်မဲခရိုင်ဘက် အစိုးရတပ် ရိက္ခာ အင်အားတိုးချထား

Posted: 30 Apr 2013 02:36 AM PDT

 သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲရှိ တအာင်း တပ်စခန်းဟောင်းများတွင် အစိုးရတပ်က ခြေကုပ်နေရာယူထားကာ စစ်အင်အားတိုးဖြည့်ချထား ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

Kyaut Mae
"ခလရ ၁၁၄၊၁၁၅၊ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃ တို့ပေါ့။ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခွန်ခါ အုပ်စု ခွန်ခါရွာဘက်မှာပါ။ အင်အား ၄၀၀ ထက်မနည်း တိုးချလာတယ်။ အရင်နေသွားတဲ့ TNLA တပ်စခန်းဟောင်းတွေမှာ ခြေကုပ်နေရာယူထား တယ်။ စခန်းပြင်တယ်။ကျင်းတူးတယ်။ ရိက္ခဖြည့်တယ်။ အဲလိုလုပ်လာတာ ၃-၄ လ ရှိနေပြီ။ ခုထိဘဲ " ဟု မိုင်းငေါ့မြို့နယ်ခွဲမှ လယ်သမားတဦးကဆိုပါသည်။

နယ်မြေရှင်းလင်းအတွက် ဖြစ်နိုင်ချေရှိကြောင်း၊ ဆန်အိတ်များသယ်ဆောင်လာပြီး ကျေးရွာဉက္ကဌများအား  စခန်းတိုင်းသို့ သယ်ယူပို့ဆောင်ပေးရန် တာဝန်ယူခိုင်းကြောင်း ဆန်အိတ်သယ်ဆောင်ပေးရသူ ဒေသခံတဦးကပြောပါသည်။

" စခန်းတခုကို ဆန်အိတ် ၃၀ စီပို့ခိုင်းတယ်။ ဥက္ကဌတွေက ပို့ပေးဖို့တာဝန်ယူရတယ်။ သူများတွေမေးရင်လဲ ဒါရပ်ရွာအတွက် ဝယ်လာတာလို့ပြောခိုင်းတယ်။ ဗမာစစ်တပ်အတွက် လို့မပြောရဘူးတဲ့" ဟု ဆန်အိတ်သယ်ဆောင်ပေးရသူက ဆိုပါသည်။

ထိုသို့ အင်အားတိုးချထားသည့်နောက်ပိုင်း ကျေးလက်ဒေသများတွင် ရွာသားများလွတ်လပ်စွာလယ်ယာမလုပ်ရဲခြင်း၊ အချိန် မတော်ခရီးသွားခြင်း မပြုရဲတော့သဖြင့် အခက်အခဲဖြစ်နေရကြောင်း ရွာသားတဦးဖြစ်သည့် စိုင်းဦးကပြောသည်။

"အထူးသဖြင့် ခွန်ခါရွာမှာပေါ့ဗျာ။ အရင်ကဆိုရင်ညနက်တဲ့အထိ ရွာသားတွေက အလုပ်လုပ်ကြတာ။ အခု ဗမာစစ်တပ် ရောက် လာပြီးနောက်ပိုင်းမှာတော့ ညနက်အထိ မီးခွက်ထွန်းဝိုင်းထိုင်စကားပြောတာတောင်မှ အိမ်ပေါ်တက်ပြီး စစ်လား ဆေးလားလုပ်တယ်။ တခြားကနေရွာပြန်တဲ့သူတောင်မှ ခေါ်စစ်တယ် အဲလိုလုပ်လာတော့ ရွာသားတွေက မြို့တက်သူတက်၊ တခြားကိုပြေးသူပြေး ကုန်ကြပြီ" ဟု ဆိုပါသည်။

ထိုဒေသတွင် တအာင်း TNLA ကချင် KIA နှင့် အပစ်ရပ်သျှမ်း SSPP/SSA ၊ RCSS/SSA တပ်တို့လည်းလှုပ်ရှားကြသည်။

[New post] ဦးထန်းငိုင်းအွမ်၏ အင်ထာဗျူးအား ပြန်လည်ရှင်းလင်းခြင်း

Aung Htet posted: "ဆလိုင်းကီးလဲအောမ်း ဧပြီ ၃၀၊ ၂၀၁၃ ဧရာဝတီစာစောင်တွင် မြတ်စုမွန် ၂၀၁၃ ဧပြီ (၂၂) ရေးသားသည့် ချင်းတိုင်းရင်းသားစာပေ ပြန်လည်သင်ကြား ခွင့် ရတော့မည် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတပုဒ်ကို ဖတ်ရသည်။   လာမည့် ပညာသင်နှစ်မှ စတင်ကာ ချင်းပြည်နယ် အတွင်းရှိ အစိုးရ"

[New post] သံလိုက်အလျင် ကုသိုလ်ရှင်

Aung Htet posted: "ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၃၀၊ ၂၀၁၃ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေး ချို့တဲ့နေသော ရောဂါဝေဒနာခံစားနေရသော ရဟန်းရှင်လူ မိဘပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်"

[New post] ဆိုင်းဝိဇ္ဇာ ရွာစားကြီး စိန်ဗေဒါ

Aung Htet posted: "သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၃  မြန်မာ့ဂီတအကြောင်းပြောလျှင် ဆိုင်းဝိုင်းအကြောင်း မပါ၍ မဖြစ်ပေ။ ဆိုင်းဝိုင်းသည် မြန်မာ့ဂီတနှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အခန်းက ပါသောကြောင့် ဖြစ်သည်။ ရှေးမြန်မာဘုရင်များသည် ထူးချွန်သူဆိုင်းဆရာများကို ဘွဲ့များအပ်နှင်း၍ ရွ"

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] please brother n sister ...i need myanmar font...

Posted: 30 Apr 2013 07:30 AM PDT

[Information & Technology Network] တခုလောက်ကူညီကြပါဗျို့ .. Gmail...

Posted: 30 Apr 2013 06:37 AM PDT

[Information & Technology Network] ကျေးဇူးပြုပြီးပြောပြပေးပါကြပါလား

Posted: 30 Apr 2013 06:32 AM PDT

[Information & Technology Network] andrid ဖုန်းမှာ rarဇင့်ဖိုင်ကိုဘယ်လိုဖြည်ရမလဲဟင်...

Posted: 30 Apr 2013 05:30 AM PDT

[Information & Technology Network] viber code တောင်းလို့ရကြလား။...

Posted: 30 Apr 2013 05:27 AM PDT

[Information & Technology Network] ios 6.1.3 jailbreak ရပြီးလား ဘယ်တောရမလဲ...

Posted: 30 Apr 2013 05:11 AM PDT

[Information & Technology Network] ios 6.1.3 jailbreak ရပြီးလား ဘယ်တောရမလဲ...

Posted: 30 Apr 2013 05:10 AM PDT

[Information & Technology Network] bro တို့ရေ

Posted: 30 Apr 2013 05:08 AM PDT

Do you know Kyaw Swa Htoon, Inde Xer or Santosh Balakrishnan?

Posted: 30 Apr 2013 04:58 AM PDT

[Information & Technology Network] Dreamweaver software လေးရှိရင်ရှဲပေးကြပါ....

Posted: 30 Apr 2013 02:51 AM PDT

[Information & Technology Network] New photo

Posted: 30 Apr 2013 02:07 AM PDT

[Information & Technology Network] Galaxy Note I ရဲ့ ဈေးနုန်းလေးသိချင်ပါတယ်ခင်ဗျာ။...

Posted: 30 Apr 2013 02:06 AM PDT

[Information & Technology Network] please..help me!What could I do with this My...

Posted: 30 Apr 2013 01:13 AM PDT

[Information & Technology Network] microsoft excel 2007 အသုံးပြုနည်း စာအုပ် ရှိရင်...

Posted: 30 Apr 2013 01:10 AM PDT

[Information & Technology Network] Call for Membership of Scientific Council of ICRG

Posted: 30 Apr 2013 12:16 AM PDT

[Information & Technology Network] Huawei C8813 ရဲ့ ဈေးနှုန်းနဲ့ အားသာချက်၊...

Posted: 29 Apr 2013 11:59 PM PDT

[Information & Technology Network] Status Update

Posted: 29 Apr 2013 09:25 PM PDT

[Information & Technology Network] ဖုန်းမှာသုံးတဲ့ app အသစ်လေးတွေလိုချင်လို့...

Posted: 29 Apr 2013 09:22 PM PDT

ညီနေမင်း

Posted: 29 Apr 2013 09:19 PM PDT

[Information & Technology Network] အဲလိုကြီးပေါ်ပြီတော့တတ်မလာဘူးလေ

Posted: 29 Apr 2013 09:03 PM PDT

[Information & Technology Network] How Much Your Patrner Loves You? find Here...

Posted: 29 Apr 2013 08:33 PM PDT

[Information & Technology Network] Find How much Your Lover Loves You? at...

Posted: 29 Apr 2013 08:32 PM PDT

[Information & Technology Network] fb ပေါ်မှာတင်တဲ့ video တွေကိုလေ download...

Posted: 29 Apr 2013 08:20 PM PDT

[Information & Technology Network] internet download manager ဗာရှင်းအသစ်လိုချင်ပါတယ်...

Posted: 29 Apr 2013 08:14 PM PDT

[Information & Technology Network] I Want Where I Download Android Original Rom For...

Posted: 29 Apr 2013 07:15 PM PDT