သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


စစ်ပြေးဒုက္ခသည်များအတွက် ကူညီရေးအဖွဲ့မှ တဲအိမ်များဆောက်လုပ်ပေး

Posted: 01 May 2013 02:49 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ဖြစ်နေသော တိုက်ပွဲကြောင့် မြို့တက်ခိုလှုံနေရသော  စစ်ပြေးဒုက္ခသည် များအတွက် တည်းခိုစရာနေအိမ်ပြုလုပ်ပေးရန်  ဒုက္ခသည်များကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါသည်။

TY IDPsနေရပ်မပြန်နိုင်သေးသော စစ်ပြေးဒုက္ခသည်တချို့

" ရပ်ကွက် ၅ (ဝမ့်ဝိန်းရပ်ကွက် - ယခင် မိုင်းကောင်(ဝ်) ကားဂိတ်ဟောင်း) ထဲမှာ လုပ်ပေးမယ်။ တန်းလျားသဘောပေါ့နော်။ ချက်စားဖို့ နေရာနဲ့ အိမ်သာက စုပေါင်းပေါ့။   မိသားစု  ၇၀ စာအတွက် ကူညီဖို့ လျာထားတယ်။ ဒီ ၇၀ ထဲမှာ အမျိုးရှိတဲ့ နေရာမှာသွားခိုလှုံနေတဲ့လူတွေလဲပါတယ်လေ။ သူတို့ကိုကျတော့ လုံးချင်းတဲအိမ်ကလေးဖြစ်မြောက်အောင် ထောက်ပံ့ ပေးတယ်။ အဲတာ ကော်မတီကကူညီထားတာ တဲ ၄ လုံးရှိပါပြီ။ အဲတာကျတော့ အိမ်သာ မီးဖိုချောင်ပါတယ်။  ကုန်ကျ စရိတ်က ၄ သိန်းရှိတယ်။" စစ်ပြေးဒုက္ခသည်များအား အကူအညီပေးနေသော လူငယ်စိုင်းခေးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ စုပေါင်းခိုလှုံနေသော ဒုက္ခသည်မှာ ယခု အယောက် ၃၀၀ ဝန်းကျင်ခန့်သာကျန် တော့ ကြောင်း၊ ရွာသို့ပြန်သွားခြင်းမဟုတ်၊ မြို့တွင်းရှိ နီးစပ်ရာ ဆွေမျိုးများ မိတ်ဆွေများထံပြောင်းရွှေ့နေထိုင်ကြခြင်းဖြစ်ကြောင်း စိုင်းခေးကပြောသည်။

" ထိုင်းနိုင်ငံချင်းမိုင်မြို့က ဒုက္ခသည်ကူညီရေးအဖွဲ့က ကူလာတဲ့ငွေတွေနဲ့ ကျနော်တို့ဆီက ကျန်တဲ့ငွေ တွေ ပေါင်းပြီးအကူ အညီ ပေးသွားမှာပါ။ လိုအပ်နေသေးတဲ့ငွေတွေကိုလဲ ဆက်ပြီးအလှူခံသွားပါမယ် " ဟုဆိုပါသည်။

ဒုက္ခသည်များအတွက်နားခိုရာတန်းလျားကိုမိုင်းကောင်ဝ်ဂိတ်ဟောင်းနေရာတွင်ပြုလုပ်ပေးရန်စီစဉ်ထားကြောင်း၊ ယခု အပတ်အတွင်း ဒုက္ခသည်များအကူအညီဖြင့် ချုံပုတ်များရှင်းလင်းထားခြင်း၊ မြေမျက်နှာပြင်ညှိခြင်းတို့ပြု လုပ်နေကြောင်း၊ တဖက်တွင်လည်း တန်းလျားဆောက်လုပ်ရန် ဝါးပိုး၊ ဝါးလုံးများနှင့် သွပ်ပြားများမှာထားကြောင်း ဆိုပါသည်။

ဧပြီလနောက်ဆုံးအပတ်ကလည်း ရမခတိုင်း ရပခတိုင်းမှစစ်ယာဉ်တန်းများ လက်နက်ကြီးနှင့် လူအင်အားများတင်ဆောင် ကာ သံလွင်မြစ်ဘေးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက်လှုပ်ရှားသည့်လွယ်စေးဘက်သို့ အင်အားပို့ဆောင် ဖြည့်တင်းထားကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်ကလည်း မိမိကိုယ်ကိုကာကွယ်ရန်အတွက် အင်အားအပြိုင်တိုးချပြန်ရာ ၂ ဘက်စစ်အင်အား ၅၀၀၀ ထက်မနည်းရှိနေကြောင်း စစ်ရေးအခြေအနေမှာတင်းမာနေဆဲဖြစ်သဖြင့် တန့်ယန်းမြို့ပေါ် ရောက် စစ်ပြေးဒုက္ခသည်များမှာလည်းနေရပ်မပြန်နိုင်သေးကြဘဲရှိနေသေးကြောင်း တန့်ယန်းဒေသခံ များကပြောပြပါ သည်။

သျှမ်း/မြောက်၌ ရိုးရာပွဲဆက်တိုက်ကျင်းပပြီး လောင်းကစားဝိုင်းရက်ရှည်ဖွင့်

Posted: 01 May 2013 02:48 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်မူဆယ်အုပ်စုတွင် ရက်ရှည်လောင်းကစားဝိုင်းကြောင့် အိမ်ထောင်သည် အမျိုး သမီးများ အခက်အခဲရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

gambling
" သင်္ကြန်ကျကတည်းက လောင်းကစားဝိုင်းဖွင့်တာ ဧပြီလကုန်အထိဘဲဆိုပါတော့။ လောင်းကစားသွားတဲ့ အမျိုးသားတွေ ၂ ရက် ၃ ရက် အိမ်မပြန်ဘဲ လောင်းကစားဝိုင်းမှာနေတယ်။ ယာဘချပြီး မအိပ်မနေလောင်းတယ်။ မိသားစုအသုံးစရိတ်၊ မိသားစုဝင်ငွေအတွက်အရင်းအနှီးလုပ်ဖို့ချန်ထားတဲ့ပိုက်ဆံတွေကိုပါ ယောက်ျားဖြစ်သူက လောင်းကစားလုပ်ပစ်လိုက် တယ်။ လောင်းကစားပွဲရှိတိုင်း အိမ်ထောင်သည်အမျိုးသမီးတွေ သားသည်မိခင်တွေ အမြဲတမ်း အဲလိုခံစားရတယ်" ဟု နမ့်မူဆယ် ဒေသခံ နန်းအေးက သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်မူဆယ်အုပ်စု၌ လောင်းကစားဝိုင်းရက်ဆက်ဖွင့်လှစ်နိုင်ရေးအတွက် ဧပြီလ ၁၃ ရက်ကတည်းကစ၍ သင်္ကြန်ရေကစားပွဲ၊ ရှင်လောင်းပွဲ ၊ ရွာပဌာန်းပွဲ - စသည့်ရိုးရာပွဲများဆက်တိုက် (ဧပြီလကုန်အထိ) ပြုလုပ်ခဲ့ကြောင်း၊ သမ္မတကြီး၏ ထုတ်ပြန် ကြေငြာချက်နှင့် ဆန့်ကျင်စွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့တို့ထံ အခကြေးငွေပေး ၍ လောင်းကစားဝိုင်းထောင် နေကြခြင်းဖြစ်ကြောင်း နန်းအေးက ပြောသည်။

"မတ်ကင့်လွယ် (ဂုံကင်း)ခုံက ၂၅ ခုံရှိတယ်။ တခုံကို တည တစ်သိန်းကျပ်။ လေးကောင်ဂျင်က ၂ ခုံ၊ ဖိုင့်ကျူး ဖဲဝိုင်းက ၂ ဝိုင်း။ အဲတာလဲ တဝိုင်းကို တည ၅ သိန်းကျပ်စီ  မန်ပန်ပြည်သူ့စစ် (တရုတ်လူမျိုး) စဝ်ဟန်အားဆန် (ဗိုလ်မှူး) နဲ့ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဆာမ်ယွန်း (ပလောင်) ဆီမှာပိုက်ဆံပေးပြီးလုပ်နေကြတာလေ။ လောင်းကစားဝိုင်းများလေလေ ဒေသခံရွာသားတွေ ဆင်းရဲလေလေမွဲလေလေ  လူငယ်တွေလဲပျက်စီးလေလေဘဲ။ ပွဲခင်းထဲအထိ ယာဘလိုက်ရောင်း နေတာလေ" ဟု ယာဘစွဲနေသူတဦး၏ ဇနီးဖြစ်သော နန်းခမ်းက လဲပြောပါသည်။

၂၀၁၁ ဂျူလိုင်လက ဆင်းရဲမွဲတေမှုပပျောက်ရေးဟုဆိုကာ သမ္မတသစ်ဖြစ်သော ဦးသိန်းစိန်က လောင်းကစားဝိုင်းများ ပိတ်ရန်အမိန့်ထုတ်ခဲ့သည်။ ထိုနောက်ပိုင်း  ရဲစခန်းနှင့် ဌာနဆိုင်ရာများ၌ လောင်းကစားမလုပ်ရန်တားမြစ်ထားသည့် နံရံကပ် ကြေငြာစာများ ၊ လောင်းကစားဝိုင်းသတင်းပေးပို့လျှင် ဆုငွေချမည် ဟူသော ကြော်ငြာစာများ ကပ်ထားသည်ကို တွေ့ရပါသည်။

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] ဒီသင်ခန်းစာမှာတော့ Event တွေပေါ်မှီပီး...

Posted: 01 May 2013 07:53 AM PDT

[Information & Technology Network] နယ်ဆို မှ တကယ့်နယ်... (ဘိုကလေး အနီး ) မှာ...

Posted: 01 May 2013 07:31 AM PDT

[Information & Technology Network] Recycle Virus သတ်နည်းလေးပြောပြကြပါလားဟင်

Posted: 01 May 2013 07:02 AM PDT

[Information & Technology Network] laptop က ဘက်ထရီ အားသွင်းနေတာတောင် Battery...

Posted: 01 May 2013 07:01 AM PDT

[Information & Technology Network] welcome

Posted: 01 May 2013 06:30 AM PDT

[Information & Technology Network] For i pad not jailbreak,candy crush how to unlock...

Posted: 01 May 2013 06:10 AM PDT

[Information & Technology Network] skynet ကလာတဲ့ အစီအစဉ်တွေကို usb stick...

Posted: 01 May 2013 03:52 AM PDT

[Information & Technology Network] မြန်မာက နေ အင်္ဂလိပ် - အင်္ဂလိပ် က နေ မြန်မာ...

Posted: 01 May 2013 03:47 AM PDT

[Information & Technology Network] {echo} Magazine Issue#3 May

Posted: 01 May 2013 03:26 AM PDT

[Information & Technology Network] Node to Node Cable ညှပ်နည်းလေး ပြောပြပေးကြပါဦး :D

Posted: 01 May 2013 02:57 AM PDT

Dpns-usa Branch shared a link Thit Htoo Lwin: မီဇိုရမ်တွင်...: "မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့်...

Posted: 01 May 2013 02:46 AM PDT

[Information & Technology Network] Windows 7 Loader လေးလိုချင်လို့ပါ Help Me >>>

Posted: 01 May 2013 02:37 AM PDT

Tweets from yanase hiroichi, 境真良/ ساكايما(旅の途中), and 6 others

Posted: 01 May 2013 02:24 AM PDT

[Information & Technology Network] Recycle antivirus ကို ဘယ်လိုသတ်ရမလဲနော်.......

Posted: 01 May 2013 12:53 AM PDT

[Information & Technology Network] Kaspersky Anitivirus ကို uninstall လုပ်ချင်တယ်...

Posted: 01 May 2013 12:51 AM PDT

[Information & Technology Network] ၁၅၀၀ တန်ဖုန်းတွေမှာ PIN Code နဲ့ PUK Code...

Posted: 30 Apr 2013 09:55 PM PDT

[Information & Technology Network] ၁၅၀၀ တန်ဖုန်းတွေမှာ PIN Code နဲ့ PUK Code...

Posted: 30 Apr 2013 09:54 PM PDT

[Information & Technology Network] ၁၅၀၀ တန်ဖုန်းတွေမှာ PIN Code နဲ့ PUK Code...

Posted: 30 Apr 2013 09:51 PM PDT

[Information & Technology Network] ၁၅၀၀ တန်ဖုန်းတွေမှာ PIN Code နဲ့ PUK Code...

Posted: 30 Apr 2013 09:45 PM PDT

[Information & Technology Network] CyberLink Power Director 11 ရက်30...

Posted: 30 Apr 2013 09:33 PM PDT

ညီနေမင်း

Posted: 30 Apr 2013 09:31 PM PDT

[Information & Technology Network] Internet Download Manager နဲ့ youtube က video...

Posted: 30 Apr 2013 08:49 PM PDT

[Information & Technology Network] Window Xp ကို ဖုန်းအင်တာနက်နဲ့...

Posted: 30 Apr 2013 08:07 PM PDT

[Information & Technology Network] ဒီသုံးခု ကိုဘယ်လိုဖြေရှင်းရမလဲဗျာ.. ကူညီကြပါဦး . . .

Posted: 30 Apr 2013 05:55 PM PDT

Top news for Moses C.: Six Things to Keep in Mind Before Launching Any New Business

Posted: 30 Apr 2013 05:55 PM PDT