[mrsorcerer:38134] ( အင်္ဂလိပ်စာ အဖတ်စွမ်းရည်အတွက် ထူးခြားဆန်းပြားသတင်းများကဏ္ဍ )

ပြိုင်ဘက် ဘော့လုံးတစ်သင်းလုံးကို ကွက်ပစ်သွားသော မိုးကြိုး
( အဖတ်စွမ်းရည်အတွက် ထူးခြားဆန်းပြားသတင်းများကဏ္ဍ )
ဘာသာပြန်ပို့ချချက် သင်ခန်းစာ။


http://www.thebestenglish4you.com/lightning-kills-football-team.html

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်

Posted: 02 May 2013 10:47 PM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား  အစိုးရတပ်က ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်နေကြောင်း SSPP သတင်းရပ်ကွက်ကဆိုပါသည်။
sspp in the forestSSPP/SSA စစ်ကြောင်း

" မနေ့ည ၇ နာရီကျော်ကျော်က ကျနော်တို့စခန်းကိုစတိုက်တယ်။ ညလုံးပေါက်ပစ်တယ်။ ဒီမနက် ၅ နာရီမှာလဲ ကျနော်တို့ စခန်းဆီ ရှေ့တိုးချဉ်းကပ်လာတယ်။ အခု ၉ နာရီ ၁၀ နာရီအထိ တိုက်နေရသေးတယ်။ အသေအပျောက် သတင်းတော့ မရသေးဘူး" ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေးအရာရှိတဦးကပြောသည်။

မေလ ၂ ရက် ည ၇ နာရီ ၁၅ မိနစ်က ဒေသတွင်းလားဟူပြည်သူ့စစ်တပ်ဖွဲ့နဲ့ ပူးပေါင်းအင်အား ၈၀ ကျော်ရှိ မြန်မာ့တပ်မ တော်မှ စစ်ကြောင်းတကြောင်းက သျှမ်းပြည်တပ်မတော် တပ်စခန်းထားရှိရာ လွယ်စေးတောင်ကြော အနောက်ဘက်ခြမ်းသို့ တက်လာရာ မတ်ဝေါင်းရွာ တောင်ဘက် ဖတ်းတမ်လိုင်းအရပ်၌ နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်ကာ တညလုံး ပစ်ခတ်တိုက်ခိုက် မှုရှိခဲ့ကြောင်း ဆိုပါသည်။

ယနေ့မနက်ပိုင်း မေလ ၃ ရက် မနက် ၅ နာရီ မိနစ် ၄၀ တွင်လည်း အဆိုပါပါ စစ်ကြောင်းသည် SSPP/SSA တပ်စခန်းရှိရာ သို့ ရှေ့ဆက်တိုးလာရာ မနက် ၉ နာရီကျော်အထိ တိုက်ပွဲများဆက်ဖြစ်နေသေးကြောင်း SSPP ကပြောသည်။

" ကျနော်တို့အခု တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတဝိုက်မှာ မြန်မာစစ်တပ်က အင်အား ၂၀၀ နီးပါးရှိတယ်။ သူတို့ကိုလမ်းပြပေးဖို့ သူတို့အစားအသေခံဖို့ လားဟူပြည်သူ့စစ်၊ ဗိုလ်မွန်းပြည်သူ့စစ် ၊ လောမားပြည်သူ့စစ်တွေကို တဖွဲ့ အယောက် သုံးလေး ဆယ် ဆင့်ခေါ်လာတယ်လေ။ ဒါကျနော်တို့ တမြေတည်းနေတဲ့လူအချင်းချင်းကို ရန်တိုက်ပေးနေတာဘဲလေ" ဟု SSPP ရှေ့တန်းရောက်တပ်မှူးတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ နှင့် ခိုလမ်မြို့နယ်ခွဲအခြေစိုက် ရလခ တိုင်းတို့၏  စစ်ဆင်ရေး ဌါနချုပ် (၅) ခုနှင့်လက်အောက်ခံတပ်ရင်းစုစုပေါင်း (၁၅) ရင်းတို့ ဆက်စပ်နယ်မြေဖြစ်သည့်မိုင်းရှုးမြို့နယ် မိုင်းအွတ်တိုက် နယ်ဒေသသို့ ပို့ဆောင်ကာ အခြေပြုလှုပ်ရှားနေပြီး မြေပြင်/ဝေဟင် လက်နက်ကြီးရင်းများလည်း အသင့်ပြင်ဆင်ထားပြီဖြစ် ကြောင်း SSPP/SSA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါသည်။

[mrsorcerer:38133] Fwd: [လူဗိုလ်ဟူသည် ...] Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/2
Subject: [လူဗိုလ်ဟူသည် ...] Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး
To: lubo601@gmail.com


Mg Mobilegirl shared Myanmar News Update's photo.
Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး      မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။  ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။  အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။  ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။  ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။  သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။  Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။  စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။  တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။    Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။   Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။  အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။     အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။  Vitamin C 500mg  Vitamin B1. 50mg  Vitamin B2. 20mg  Vitamin B3(niacinamide). 50mg  Vitamin B5(calcium pantothenate). 20mg  Vitamin B6. 5mg  Vitamin B12. 5mcg    Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။  ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။    Vitamin Cဆိုတာ......  -သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။  -ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။  -သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။  -ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။  -အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။  -သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။  -water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။  -ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။  - ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။  -တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။    Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။  -စိတ်ဖိစီးမှု လျှော့နည်းစေတယ်။  -သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။  -ကိုလက်စတောကျစေတယ်။  -လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။  -နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။  -သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။  -အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။  -ခုခံအားတက်စေတယ်။  -အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။  -antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။  -ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။  -ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။  -collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။  -အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။    တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။  အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။  -ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။  -နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။  -ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။  -ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။  -လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။  -ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။    ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။    ဘေးထွက်ဆိုးကျိုး  Nauseaပျို့တာ၊  Diarrheaဝမ်းလျှောတာ  Gastritisအစာအိမ်ရောင်တာ  Fatigueအားအင်ကုန်ခန်းတာ  Heart burnရင်ပူတာ  Intestinal Crampsဗိုက်နာတာ  Flushingအသားရည် ရဲတာ  Insomniaအိပ်မပျော်တာ    ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး  Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊  Teeth erosionသွားပျက်ဆီးတာ၊  Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊    သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ  -goutဂေါက်ရောဂါ  -sickle-cell anaemia သွေးအားနည်းရောဂါ  -cirrhosisအသည်းခြောက်ရောဂါ    Vitamin C ကို အသုံးချခြင်း  အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။    အကြံပေးချက်  -ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။  -အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။  -အစာစားပြီးမှ သောက်သင့်တယ်။  -ရေများများနဲ့သောက်ပါ။  -ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။  -တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။  -နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။  -တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။  -တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။    Credit to Dr. Aye Min Htoo

မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။ ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။ အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။ 
စွဲသောက်သူတချို့က ဒီဆေးသောက်မှ လန်းတယ်ထင်ကြတယ်။
တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။

Credit to Dr. Aye Min Htoo

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/03/2013 01:16:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38132] ဥက္ကံမြို့ပြည်သူတွေရဲ့ရင်ဖွင့်သံနှင့် သတင်းများ

ဥက္ကံမြို့ပြည်သူတွေရဲ့ရင်ဖွင့်သံ
ဗုဓ္ဒဘာသာဝင်အမေအိုတယောက်ရဲ့ရင်ဖွင့်သံကတော့---
အမေတို့ ဒီမှာ အတူနေလာတာကြာပြီးဘာပြသနာမှမရှိဘူ၊ဒီလူတွေကိုယ်ကုလားလိုကပြေား၇အောင်ကုလားစကားလည်းတလုံးမှ မတတ်ကြဘူး၊ ဒီမှာ အတူနေလာတာရပ်ရေးရွာရေးတွေမှာလည်းအားလုံးတန်းတူကူညီကြတယ်၊အမေဘာလုပ်လုပ် သူတို့ အားလုံးမိဘလိုသဘေားထားပြီးလာကူညီကြတယ်၊အမေဘာတခုမှ လုပ်စရမလိုဘူး။အောက်က လင့်မှာ ကြည့်နိုင်သည်.
<iframe src="https://www.facebook.com/video/embed?video_id=482079178532494" width="400" height="300" frameborder="0"></iframe>

https://www.facebook.com/video/embed

ကိုရင်လေးရဲ့ ထွက်ဆို ချက်ကိုလေ့လာကြည့်ပါ(<iframe src="https://www.facebook.com/video/embed?video_id=481511001922645" width="352" height="264" frameborder="0"></iframe>)
ကိုရင်လေးရဲ့ ထွက်ဆို ချက်ကိုလေ့လာကြည့်တော့ တိုက်မိတဲ့ အမျိုးသမီးကလည်း ကွမ်းယာဆိုင်ကငွေချေပြီး လျှော်ပေးတယ် စခန်းရောက်တော့ လည်း တောင်ပန်တယ်၊ ကိုယ်ရင် လေးက လည်း အသက်အရမ်း ငယ်တယ်၊ဒီလိုငယ်တဲ့ ကိုရင်လေးက လူ မပြေားနဲ့ ဘေးနာမှာ ကာအရှိန်နဲ့ မောင်းသွားရင်တောင်သူ့ ရဲ့ လက်ထဲးက သပိတ်လွတ်ကျ နိုင်ပါတယ်.
ါးကို မတရားအကြောင်းပြပြီး၊ သူတပါနေအိမ်တွေမီးရှို့၊ သာသနာအဆောက် အအုံတွေဖျက်ဆီးတာ၊အရမ်းအောက်တန်ကျလှ ပါပေတယ်။
ကြည့်လိုက်ဦး တော်တော်လည်း နာကျဉ်းစရာကောင်းတာကို. ကိုရင့်လက်ကို တိုက်မိလို့ သပိတ်ပြုတ်ကျတယ်။ ဆွမ်းဟင်းတွေကျကုန်တယ်။ ဒါကိုလည်း လျော်ဆိုလို့ ကွမ်းယာဆိုင်က ပိုက်ဆံချေးပြီးလျော်ပေးတယ်။ ဒါကို မကျေနပ်လို့ရဲစခန်းရောက်တယ်။ အဲ့ဒီမှာ တောင်းပန်တယ်။


.. ရန်ကုန်တိုင်း ဦးဝင်းနိုင်က ပြောတာ မတော်တဆ တိုက်မိတာပါ.လူတအားတိုးနေတော့ ကိုရင်လေးကို တိုက်မိတာပါ.. ကောင်မလေး ကြောက်လို့ ဆိုင်ထဲတောင် ၀င်ပြေးတယ် ဆိုတာ ပြောထားသားပဲ..တောင်းပန်တယ်လဲ ပြောထားသားပဲ .......................ဒါကို လီဆယ် ပီး ဖိနပ်နဲ့ သပိတ်နိုင်းသလေးဘာလေး မဟုတ်မဟတ် မောင်ကာဠု ..မောင်ကာဠုပြောတာ မှန်သလားအောက်ကလင့်ကို ကြည့်ပါ
http://youtu.be/d8eFxX0rgyA

https://www.youtube.com/watch?feature=player_embedded&v=d8eFxX0rgyA


https://www.youtube.com/watch?feature=player_embedded&v=d8eFxX0rgyA


Hos Na Lay
ရန်ကုန်တိုင်းမှော်ဘီမြို. မှာရှိတဲ. အစ္စလာမ်ဘာသာဝင်များ သို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အကြမ်းဖက်ဘုန်းကြီး ၀ိရသူဟာဆိုရင် မနက်ဖြန် ည၇နာရီ ကစလို. မှော်ဘီမြို. ဘုရားကြီးလမ်းမှာ မတရားများကိုဟောပြောမှာဖြစ်တဲ့ အတွက်ကြောင့် မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်မွတ်စလင်များသတိဖြင့် နေကြပါ ခင်ဗျား။ ဟိုတရက်လောက်က ပဲ မှော်ဘီမြို.မှ ဗလီကျောင်းများကို ၉၆၉ အကြမ်းဖက်ဘုန်းကြီးများမှ ဓာတ်ပုံရိုက်ကူးသွားပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဘုန်းကြီးတပါးဟာ မှော်ဘီမြို.က ဗလီတွေက ကားလမ်းဘေးတင် အကြမ်းဖက်ချင်တဲ့ အချိန် အကြမ်းဖက်လို့ ၇တယ်လို.ပြောဆိုခဲ့ ပါတယ်။ မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်များသတိရှိကြပါ အလ္လာဟ်အရှင်မြတ်ဆီမှာ ဒိုအာတောင်းကျပါ။

ဒီစာလေးကို share ပေးခြင်.ဖြင်.ကူညီကျပါ။
မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်မွတ်စလင်များကို အလ္လာဟ်အရှင်မြတ် အဘက်ဘက်မှ စောင်.ရှောက်ပေးတော်မူပါစေ.....အာမီန်း။

"ကျေပါနော် ကိုသိန်းစိန်"
***~~~~~~~~***

အိမ်ကလေးတစ်လုံးကို ကိုယ့်ချွေးနည်းစာသက်သက်နဲ့ ဆောက်ကြည့်ပါ
ဆိုင်ကလေးတစ်ဆိုင် ထူထောင်ကြည့်ပါ
မိသားစုလေးတစ်ခု ဖန်တီးကြည့်ပါ။

အိမ်ကို မီးရှို့ ခံကြည့်ပါ
ဆိုင်ကိုအဖျက်ဆီးခံကြည့်ပါ
မိသားစုဝင်တွေ အသတ်ခံကြည့်ပါ
ဒုက္ခသည်စခန်းတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင် နေသားကျအောင်နေကြည့်ပါ။

ထောင်ထဲမှာ နောက်ထပ် ၁၄နှစ်နေရဦးမယ်ဆိုတဲ့အသိနဲ့
၁၄ရက်လောက်ပဲနေကြည့်ပါ။

လူထူထူပလက်ဖောင်းပေါ်လျှောက်တိုင်း "ငါဘယ်သူ့ ကိုဝင်တိုက်မိမှာလဲ" ဆိုတဲ့စိတ်ကို ဦးထုပ်တစ်လုံးလိုဆောင်းပြီးလျှောက်ကြည့်ပါ။

Bus ကားတိုးစီးရတိုင်း ကားပေါ်ကတိုးဆင်းရတိုင်း "ငါ့ကိုဝိုင်းရိုက်တော့မှာလား ငါများ ပြဿနာကောင် ဖြစ်သွားမလား"ဆိုတဲ့အတွေးနဲ့ ကျောမလုံခြင်းအရသာကိုခံစားကြည့်ပါ။

ခိုကိုးရာမဲ့ကြည့်ပါ
ငိုကြည့်ပါ
စိတ်ကျရောဂါတစ်ခုခံစားကြည့်ပါ။

တစ်ဖက်သတ်စွပ်စွဲခံကြည့်ပါ။
အရာရာသည်းခံကြည့်ပါ။
ဓားထက်ထက်နဲ့ အလှီးခံကြည့်ပါ။

ခေါင်းငုံ့ ခံကြည့်ပါ။
ခေါင်းရိုက်ခွဲခံကြည့်ပါ။

ကိုယ်ချင်းစာဖို့ "နာ"ကြည့်ပါ။

ကျေပါတော့နော်............ "ကိုသိန်းစိန်

byZenith Lynora


ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း
=========
မေလ ၂၊ ၂၀၁၃
M-Media
သုတ

ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

"ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။ မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀ လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။ သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊ တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ် ၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့ ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊ နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ မိနစ် ၂၀-လောက် လုပ်သွားကြတာ။

နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့ တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့ ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ် အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။ သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက် မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။ အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။ ခဏနေတော့ ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့ ၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့ ၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။

ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား ၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ ဘုန်းကြီးတွေ ပြန်သွားတယ်။

အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊ မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ် အိမ်နဲ့တွဲလျက်ရှိတာပါ။

လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့ သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့ တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ် သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့ လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို ဗလီလို့ခေါ်ကြတာပါ။

အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့ ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့ မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။" ဆိုင်းတောင်မှ ဒေသခံမှ M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

Burma News International - May 3, 2013

Burma News International

Burma News International
May 3, 2013

Alliance not taking part in Nippon Foundation’s warning to Shan of aid suspension: UNFC

The United Nationalities Federal Council (UNFC) did not take part in the decision of the Nippon Foundation, the Japanese philanthropic organization, to issue warning to the Shan State Army (SSA) ‘South’ to suspend its humanitarian aid assistance if the group failed to participate in the UNFC activities, said the grouping at a meeting in Chiangmai on 1 May.

White House announces extension of national emergency status for Burma; eases travel ban

Washington, D.C.-- Acting to extend Burma's current national emergency status classification in the United States, President Barack Obama filed a notice indicating that the status, originally declared on May 20, 1997, is to continue, according to a letter released by the Office of the United States Press Secretary Thursday afternoon. The national emergency with respect to Burma was set to end on May 20th without an extension. The emergency status extension for Burma continues a ban on investment and restrictions on financial transactions with Burmese military, according to a statement published by the U.S. Campaign for Burma Thursday via Facebook.

Religious violence threatens to tear Myanmar apart

Myanmar is on a knife-edge of hope and fear. The first signs of fragile freedom that have emerged over the last two years have given us hope. There is greater freedom of expression, the release of many political prisoners, preliminary ceasefires with most of the armed ethnic resistance organizations, more space for civil society and the media. For the first time in decades, there is a real chance of liberty and peace in the country. Yet all this is at risk now, with the rise of religious intolerance, hatred and violence which threatens to tear Myanmar apart.

US relaxes visa ban for Myanmar officials

The US relaxed a ban on Thursday which previously suspended entry of Myanmar officials to the United States in an effort to "strengthen and encourage reform" in Myanmar.

Kyaukphyu residents issue new demands to govt, CNPC

Maday Islanders march to the CNPC office on Thursday to issue a list of demands and register their displeasure with the company's oil and gas pipeline project. Photo: Thein Hlaing / Mizzima

Thein Sein no longer ‘predator of information’

To mark World Press Freedom Day 2013 on Friday, Reporters Without Borders has released a new list of “perpetrators of freedom of information” in which President Thein Sein no longer qualifies.

Myaungmya farmers call for land compensation

The Myaungmya Farmers’ Union made calls on Tuesday for authorities to compensate landowners whose land was confiscated to make way for the Myaungmya Industrial Zone in the Ayeyarwady [Irrawaddy] Region at a rate of two million kyat (US$2,300) per acre.

Karen Group Dance For King

The dance group from the Overseas Karen Refugee’s Social Organization (OKRSO) based in Bangkok, are honoured to be included in a ceremony that pays respect to His Majesty, King Bhumibol Adulyadej of Thailand.

Villagers want KNU protection against dam project

Karen National Union, Ler Mu Lah Township leaders warn that there is a risk of a division between the local people and the KNU if the organizations district or central leaders allow the construction of the Tenasserim Dam, in Southern Burma.

မြန်မာ ရွှေ့ပြောင်းလုပ်သားများ ထိုင်းတွင် မှတ်ပုံတင်ခွင့် ထပ်ရရန် ကြိုးပမ်းနေ

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက် နိုင်ငံကူးလက်မှတ် ရရှိရန် အလုပ်သမား မှတ်ပုံတင်ခွင့် ထပ်မံရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးမြင့်သိန်း က ဆိုသည်။

မွန်စာ မူလတန်း ဖတ်စာနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုပြီးဖြစ်

ကျောင်းချိန်ပြင်ပတွင် မွန်စာပေ သင်ကြားနိုင်ရန် မူလတန်း မွန်ဖက်စာ စာအုပ်နှင့် သင်ရိုးညွှန်းတမ်း အချို့ကို ကျွမ်းကျင်သော မွန်ပညာရှင်များနှင့် ပူးပေါင်းပြီး ရေးသား ပြုစုပြီး ဖြစ်ကြောင်း မွန်ပြည်နယ် လှုမှုရေးဝန်ကြီး ဒေါက်တာလှဦး က ပြောသည်။

RCSS တပ်ဖွဲ့နယ်မြေထဲသို့ အစိုးရတပ်များတိတ်တဆိတ်ကျူးကျော်

အစိုးရတပ်များသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နယ်မြေ ထဲသို့ ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲ တိတ်တဆိတ် ၀င်လာသည့် အတွက် မေလ (၁) ရက်နေ့ တွင် တနာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို DKBA ပယ်ချ

မေလ (၄) ရက်နေ့ကို နောက်ဆုံး ထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ရှိ ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် DKBA စခန်းများကို ပြောင်းရွှေ့ ပေးရန် အစိုးရ စစ်ဗျူဟာမှ ရာဇသံ ပေးခဲ့သည်ဟု ပြောခွင့် ရသူ DKBA ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ချင်းကျေးရွာမီးရှို့မှု မီဇိုရမ် NGOs များပြစ်တင်ရှုတ်ချ

ဧပြီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည် နယ် Champhai ခရိုင်ရှိ Saikhumphai ကျေးရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်းကလွဲပြီး လူနေ အိမ် ၄၀ ကို Vaphai ကျေးရွာလူထုမှ မီးရှုခဲ့ သည့်အပေါ် မီဇိုရမ် NGOs များက ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် WGEC ပြင်ဆင်

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) သည် အစိုးရနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသည့် အခါ တင်ပြရမည့် အချက်များကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် (၃) ရက်တာ ဆွေးနွေးခဲ့ကြသည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

ရခိုင်ကျေးရွာ ၁၇ ရွာမှ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ပတ်သက်ပြီး အချက် ၁၂ ချက်တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လုပ်ဆောင်နေသည့် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း ဒေသ အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာနှင့် ဒေသအတွင်းမှ လူမှုအဖွဲ့အစည်း ၃ ဖွဲ့က တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆိုလိုက်သည်။

ဒေါက်တာထွန်းအောင်ကို ထောင် ၆ နှစ် နောက်ထပ် သက်တမ်းတိုး

မောင်တော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ထောင် ၁၁ ကျော် ချမှတ်ခံထားရသူ ဒေါက်တာထွန်းအောင်ကို နောက်ထပ် ၆ နှစ် ထောင် သက်တမ်း တိုးလိုက်သည်ဟု Burma Campaign UK ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

သျှမ်းမြောက်၌ ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်ရေးအဖွဲ့ထပ်မံပေါ်ပေါက်- ထိရောက်အောင်မြင်မှုရှိ

အုပ်စုဥက္ကဌမှဦးဆောင်၍ ဒေသတွင်း ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်၌ ထပ်မံပေါ်ပေါက်လာရာ တိုက်ဖျက်မှုမှာ ထိရောက်အောင်မြင် မှုရှိသည်ကိုတွေ့ ရကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

ငလျင်သင့်ဒေသမှ ရွာသားများ ပျောက်ဆုံးနေမှု SNLD ကူညီစုံစမ်းပေးမည်ဟုဆို

ငလျင်ဒဏ်သင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာသား ၃၈ ဦး ပျောက် ဆုံးနေမှုအပေါ် SNLD မှ ကူညီစုံစမ်းရှာဖွေပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလအဖွဲ့ နှင့် ဆွေးနွေး

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နောင် လာမည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ထုတ်ဖော်မည့် အလုပ်ရုံဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ လူကုန်ကူးမှုဆိုင်ရာ ပရောဂျက် UNIAP Myanmar နှင့် လူကုန်ကူးမှု တားဆီးရေး ဗဟိုအဖွဲ့တို့ နေပြည်တော်တွင် ပူးပေါင်းကျင်းပကြသည်

ရွှေလီမြစ်ဝှမ်း၌ လူမျိုးရေးပြဿနာဖြစ်ပွားအောင် အစိုးရစစ်တပ်လုပ်ဆောင်နေဟု RCSS/SSA တပ်မှူးပြော

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်ရှိ ရွှေလီမြစ် တဘက်ကမ်းတွင် ဓါတ်ပုံလှည့် ရောင်းနေသော အရပ်သား လေးဦး အား RCSS/SSA မှ တိုက်ခိုက်ကာ ဖမ်းဆီးထားသည်ဟု စွပ်စွဲသည့် ကိစ္စမှာ လူမျိုးရေးပြဿနာ ဖြစ်ပွားလာအောင် အစိုးရတပ်ကလှုံ့ဆော်နေခြင်းဖြစ် ကြောင်း ဒေသ အတွင်းတပ်မှူးတဦးက ပြောပါသည်။

ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား  အစိုးရတပ်က ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်နေကြောင်း SSPP သတင်းရပ် ကွက်ကဆိုပါသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:38131] အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ

အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ
================
ဧပြီလ ၂၉ရက် ၂၀၁၃
M-Media

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရား အတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

"အစွန်းရောက် အုပ်စုတွေက လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေး မုန်းတီးမှုတွေကို လှုံ့ဆော်နေကြတယ်။ အခု သူတို့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြပြီး ဒီအဖွဲ့အစည်းတွေကို ပြောမယ့် တားမယ့်သူ ဘယ်သူမှ မရှိကြဘူး။"ဟု ဗုဒ္ဓရဟန်းတော် ဘဒ္ဒေဂမ သမိထ ထိရောမှ မိန့်တော်မူခဲ့သည်။

"သူတို့ရဲ့ လှုပ်ရှားမှုတွေက ဘာသာတရားတွေအကြား ညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်"ဟု ဘုန်းဘုန်းက ဆက်မိန့်သည်။

လူမှုရေးလှုပ်ရှားသူများက နိုင်ငံတွင်းမှ ဗုဒ္ဓဘာသာ အဖွဲ့နှစ်ခုဖြစ်ကြသော ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ကို ဗုဒ္ဓဘာသာပွဲတော် နောက်ဆုံးလအတွင်း ဟလလ်အသားများကို ထိန်းချုပ်မှုနှင့် မကြာသေးမီက မွတ်စလင်မ်တို့၏ ၀တ်စားဆင်ယင်မှုကို အစိုးရမှ ကန့်သတ် ချုပ်ချယ်ရန် ဆော်သြ အားထုတ်ဆောင်ရွက်မှုများအတွက် အမည်တပ်ပြောကြားလိုက်ကြသည်။

ထိုအဖွဲ့များသည် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များ အတွက်လည်း အပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ ဧ၀ံဂေလိ ခရစ်ယာန်သင်းအုပ်ဆရာ Rohan de S. Ekanayake နှင့် မွတ်စလင် လူ့အခွင့်အရေး လှုပ်ရှားသူ Arshad Nizamdeeတို့၏အဆိုအရ ယခုနှစ် ဇန်န၀ါရီလမှ စတင်က အကြိမ်ပေါင်း ၆၀ ကျော် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ နှစ်ဖွဲ့စလုံးမှ ဘာသာရေးအမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ခရစ်ယာန်နှင့် မွတ်စလင်မ် အခြေခံဝါဒီ အဖွဲ့များကို ထောက်ပံ့ပေးနေသာ အမည်မဖော် နိုင်ငံခြား တိုင်းပြည်များကို ထိုတိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်း အတွက် ပြန်အပြစ်တင်ကြသည်။

သို့သော်လည်း ယခုလအစောပိုင်းတွင် ပြည်တွင်း မီဒီယာများက ဗောဓု ဗလ သေနအဖွဲ့ဝင်များမှ တောင်ပိုင်းပြည်နုယ် Mataraခရိုင်၌ မွတ်စလင်မ် ဆန့်ကျင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြခဲ့သည်။

မကြသေးမီက တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် သမ္မတ Mahinda Rajapaksaက သူ၏ အစိုးရအနေဖြင့် တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေးအစွန်းရောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် လူများစုကြီးကို အခြားသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် မေတ္တာရပ်ခံလိုက်သည်။

"သီရိလင်္ကာဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်မှုများရှိပါတယ်"ဟု သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများသည် သီရိလင်္ကာ၏ သန်း ၂၀ လူဦးရေတွင် လေးပုံသုံးပုံခန့်ရှိပြီး မွတ်စင်လင်များမှာ ၁၀ရာခိုင်နှုန်းခန့်သာလျှင် ပါဝင်သည်။

Ref: www.ucanews.com
Photo: အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ  ပြစ်တင်ဝေဖန် ဆန္ဒပြ  ================  ဧပြီလ ၂၉ရက် ၂၀၁၃  M-Media    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။    ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရား အတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

မန်မာပြည်တွင်းနေထိုင်သည့် မွတ်စလင်မ်များအား အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန်ဖို့ အင်ဒိုနီးရှားများ ဆန္ဒထုတ်ဖော်

၂၀၁၃ ခုနှစ်၊ မေလ (၃) ရက် | Ref; RB News

ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အင်ဒိုနီးရှားနိုင်ငံသား
၄၀၀၀ ကျော် စုဝေး၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ၊ ကမန်များနှင့်
မြန်မာမွတ်စလင်မ်များအပေါ် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်နေခြင်း
များအား ချက်ချင်းရပ်ဖို့ ဂျကာတာမြို့ရှိ မြန်မာသံရုံးအနီးတွင်
ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

ဆန္ဒထုတ်ဖော်ခြင်းများရှိသလို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူဟု ယူဆရသူ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးဖြစ်သော အဆပ် နှင့် အိုဗိုင် တို့နှစ်ဦးအား လက်လုပ် ရေပိုက်ဗုံး ၅ ခုဟု ယူဆရသည့် အ၀တ်ထုပ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ အင်ဒိုနီးရှားအခြေစိုက် သတင်းများအရ သိရှိရပါတယ်။

ယခုလို ပေါ်ပေါက်လာတဲ့အခြေအနေများကြောင့် မြန်မာအစိုးရအနေဖြင့်
ပြည်တွင်းရှိ မွတ်စလင်မ်များအား ထပ်မံ၍ ရန်ညှိုးဖွဲ့ချေမှုန်းတိုက်ခိုက်
သတ်ဖြတ်နေအုံးမည်ဆိုပါ မွတ်စလင်မ်ကမ္ဘာနှင့် မြန်မာအစိုးရကြား
ပြဿနာများ ရေရှည်နေအုံးမှာဖြစ်လို့ ပြည်ပရောက် မြန်မာများအား
စာနာသောအားဖြင့် အစိုးရအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား
ရပ်တန့်သင့်နေပြီဖြစ်ကြောင်း အင်ဒိုနီးရှားရောက် မြန်မာလူမျိုးတစ်ဦး၏
ပြောဆိုချက်ကို ကိုးကား၍ အင်ဒိုနီးရှားဘလော့ဂ်စာမျက်နှာ
တစ်ခုမှာလည်း ရေးသားဖော်ပြထားပါတယ်။





အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

ရမည်းသင်မြို့ ဗမက ရပ်ကွက်ရှိ ရွှေဘုံသာဗလီအား မီးကွင်းပစ်ခံရ

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် | ရင်ဖွင့်လွှာ

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
ရမည်းသင်းမြို့ ဗမက ရပ်ကွက်ရှိ ရွှေဘုံသာဗလီအား ၁-၅-၂၀၁၃ ညပိုင်းတွင် ဆိုင်ကယ်သုံးစီးဖြင့် လာရောက် မီးကွင်းပစ်ရာ အုတ်တံတိုင်းပေါ်တွင် အနည်းငယ် မီးလောင်သွားပါသည်။

ရမည်းသင်းမြို့နေ မွတ်စလင်မ် အများစုကတော့ စိုးရိမ်နေကြရပါတယ်။

သို့ပါသောကြောင့် သမ္မတကြီးဦးသိန်းစိန်ခင်ဗျာ ယခုလိုမင်းမဲ့စရိုက် လုပ်နေတာကို လက်ပိုက်ကြည့်နေတော့မှာလား ?

969 အဖွဲ့အားဖမ်းဆီးအရေးယူမှု မလုပ်တော့ဘူလား ?

အသက်ဆက်ရှင်သန်နိုင်ရေးအတွက် ပြန်ခုခံတဲ့ မွတ်စလင်မ်တွေကိုတော့ ဖမ်းဆီးအရေးယူမှု့တွေ လုပ်နေတာကို တွေ့နေရပါတယ်။

ဥပဒေစိုးမိုးရေးဆိုတာ ဘယ်သူတွေအတွက်လဲ ?

ပေးပို့သူ » Chit Chit

မြှောက်ပေးတိုင်း လိုက်လုပ်နေသော ရှူးတိုက်တိုင်း လိုက်ကိုက်နေတဲ့ ခွေးတွေလို မဖြစ်ပါစေနဲ့

၂၀၁၃ ခုနှစ်၊ မေလ (၁) ရက် | TEOL 

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာမှ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတာ
မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလဲ ဘာသာပေါင်းစုံ
စုပေါင်းနေထိုင်ကြတာပါဘဲ။

ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာတော့ အလွန်အောက်တန်းကျတဲ့ စိတ်ဓာတ်တွေမွေးပြီး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်နှိမ်နင်မူတွေ ဖန်တီးကြ၊ လူနည်းစုကို အင်အားကြီးတဲ့ အများစုက သတ်ဖြတ် တိုက်ခိုက်ပြီး ဥစ္စာတွေ လုယက်ဖျက်ဆီးမီးရှို့ကြနဲ့ အရှက်အကြောက်ကင်းမဲ့ နေကြတယ်။

ပိုပြီးရှက်ဖို့ ကောင်းတာက သတ္တိကြောင်သူတွေလို့ဘဲ ပြောရမလား၊ လူနဲစုဖြစ်တဲ မွတ်စလင်မ်ကိုဘဲ သူတို့ လုပ်ရဲတာပါလားဆိုတာ နိုင်ငံတကာက အသိဆုံးပါ။

တစ်ခါလာလည်း မွတ်စလင်မ် မကောင်းကြောင်းတွေရေး၊ ဝါဒတွေဖြန်၊့
ပြသနာလုပ်ပြီး မွတ်စလင်မ်တွေကို သတ်ဖြတ်ခဲ့တာ ဒီတနှစ်ထဲ
မဟုတ်ပါဘူး အကြိမ်ပေါင်းများနေပြီ။

ကြီးနိုင်ငယ်ညှင်းဝါဒသမားဆိုတာ သတ္တိနည်းသူကို ပြောချင်တာပါ။ ဥပမာ ဆိုကြပါစို့ မြန်မာပြည်မှာ ဗုဒ္ဗဘာသာပြီရင် ခရစ်ယန်ဘာသာဝင်တွေဟာ လူဦးရေအများဆုံးဘဲ၊ ပြည်နယ်အတော်များများမှာ ကြည့်လိုက်ပါ တိုင်းရင်းသား ခရစ်ယန်ဘာသာဝင်တွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေထက် များတာသိကြတယ်လေ။

ဒါတင်ဘယ်ကမလဲ တိုင်းရင်းသားခရစ်ယာန် ဘာသာဝင်တိုင်းဟာ ပြည်နယ်တိုင်းမှာ ခိုင်မာတဲ့ လက်နက်ကိုင်တပ်တွေ ကိုယ်စီလဲရှိကြတယ်။ ( ဥပမာပြောချင်တာပါ ) ခရစ်ယာန်ဘာသာဝင်တွေကို ရန်စရဲသလား? မွတ်စလင်တွေကို အကြမ်းဖက်သတ်ဖြတ်သလို လုပ်ရဲမလား? ဘယ်လုပ်ရဲမလဲ၊ အတုန်းအရုန်းသေကုန်ကြမှာပေါ့။ မျိုပြုတ်သွားမှာကို ကြောက်တယ်လေ။

မြန်မာနိုင်ငံမှာ ဗုဒ္ဗဘာသာကလွဲလို့ တခြားဘာသာဝင်တွေ မရှိရဘူးလို့ဆိုရင် ခရစ်ယာန်နဲ့ မွတ်စလင်မ်ကလဲ မကြာခင် မိတ်ဆွေ မဟာမိတ်တွေ ဖြစ်လာတော့မှာပေါ့။

အားနွဲ့သူကိုမှ အနိုင်ကျင့် ဗိုလ်ကျတာဟာ ( လူသား ဝါဒမဟုတ်ပါဘူး ) ( ဗုဒ္ဓဝါဒလဲ မဖြစ်နိုင်ဘူး )
ဖြစ်နိုင်တာကတော့ ( တိရိစ္ဆာန်ဝါဒ ) ပါပဲ။

မြန်မာဆိုတာ ကမ္ဘာကသိအောင် လုပ်ချင်ရင် သိပ်ခါရှိရှိ လုပ်ကြစမ်းပါ။ ခုတော့ဖြင့် ကိုယ်ဘာသာ သာသနာကိုလဲ မထောက်တဲ့အပြင် မှေးမှိန်အောင် လုပ်ကြတယ်။ ဘာကောင်းတာရှိသေးလဲ?

ဘာသာရေး အကြမ်းဖက်မှုတွေ ရပ်တန့်သင့်ပြီ။ မြှောက်ပေးတိုင်း လိုက်လုပ်နေသော ရှူးတိုက်တိုင်း လိုက်ကိုက်တဲ့ ခွေးတွေလို မဖြစ်ပါစေနဲ့လို့ ပြောပါရစေ ဘာသာရေးအကြမ်းဖက်သမားတို့ရေ………….

ပေးပို့သူ » အလင်းရောင်

969 ဂိုဏ်းကလိုလို အစိုးရအသိအမှတ်ပြု ကြေးစားလူမိုက်တွေလိုလို ရမ်းကားနေလို့ ထိန်းသိမ်းပေးပါ

၂၀၁၃ ခုနှစ်၊ မတ်လ (၁) ရက် | မျက်ဝန်းရင်ဖွင့်လွှာ

ဤကဏ္ဍသို့
အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
အခုတလော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံရွာမှာ ညည အရက်မူးပြီး ဆူပူသောင်းကျန်းသူများ တနေ့တခြား များများ လာပါတယ်။
 

အုပ်ချုပ်ရေးမှူး ဆိုသူမှာလဲ မသိချင်ယောင် မကြားချင်ယောင် ဆောင်ဆောင်ပြီး အိပ်နေပါတယ်။

ဒီလိုနဲ့ ပဲ တနိုင်ငံလုံးကို အကြမ်းဖက်မှုတွေ ကူးစက်တော့မှာလား ဆိုတာကို တာဝန်ရှိသူများအား မေးချင်ပါတယ်။

အရက်မူးပြီး ဆူပူသောင်းကျန်သူတွေက သူတို့ကိုသူတို့ 969 ဂိုဏ်းကလိုလို၊ အစိုးရ အသိအမှတ်ပြု ကြေးစား လူမိုက်တွေလိုလို လုပ်ပြီး လမ်းမပေါ်ထွက်ပြီး ပေါ်တင် ရမ်းကားနေကြပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ကျနော်တို့ရဲ့ ချမ်းသြာစည်မြို့နယ်လေးကို ထိန်းသိမ်း ပေးကြပါအုံးလို့ အလင်းမျက်ဝန်း မီဒီယာမှတဆင့် အသိပေး ပြောကြားလိုက်ပါတယ်။

ပေးပို့သူ » ဘီလက်ဖ်

ဒယ်အိုး တရားဟောနေသည်

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် | ရင်ဖွင့်လွှာ

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ
ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
နေပြည်တော် ပျဉ်းမနားမြို့မှာရှိတဲ့ လယ်တီစံကျောင်းမှာ ၀ီရသူ၏ သစ္စာခံ ဒယ်အိုးဆရာတော်မှ တရားဟောနေပါသည်။ ( နှစ်ရက်ခန့် ရှိပါပြီ။)

မြို့ပေါ်တင်မကပါ   အနီးတ၀ိုက်မှ ကျေးရွာ များအထိ အပို့ အကြိုများကို ကားများဖြင့် အကြီးအကျယ်ပြု လုပ်နေပါသည်။ ပျဉ်းမနားတွင်ထိုကဲ့သို့  တရားပွဲများ မကြုံဖူးပါ။

အကျော်အမော် ဆရာတော်ကြီးများ၏ တရားပွဲများ
နှစ်စဉ် ပြုလုပ်သော်လည်း ယခုကဲ့သို့  အင်တိုက်အားတိုက်မတွေ့ရပါ။ ယခုသော်ကား သာသနာ့အလံတင် ကားများမှာ ခြေချင်းလိမ်၍ အားကြိုး မာန်တက် ကျေးရွာလူထုကိုပါ အကြို အပို့ လုပ်နေပါသည်။

ဗုဒ္ဓဘာသာ၏ အေးမြသောတရားများကို ဟောကြားလျှင် ပြဿနာမရှိပါ။ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ပုတ်ခတ်စော်ကားသော တရားများဟောလျှင် ပြဿနာရှိနိုင်သည်။

နေပြည်တော်ပျဉ်မနားမြို့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ရှိစွာဖြင့် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းမှုများ ရှိခဲ့ပါသည်။

ယခုအခါ ၀ီရသူ၏ တပည့် ဒယ်အိုး၏ အကြမ်းဖက် တရားများကြောင့် ကျနော်တို့၏ သာယာသော ပတ်ဝန်းကျင်လေး ပျက်စီး၊ ထိခိုက်မှာကို စိုးရိမ်မိပါသည်။

ထို့ ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျနော်နှင့်အတူ ငယ်စဉ်ကတည်းက နေထိုင်လာသော ဗုဒ္ဓဘာသာဝင် ညီကိုမောင်နှမများ အခြေအနေကို သိရှိစေရန် အလင်းမျက်ဝန်းမီဒီယာမှ တဆင့် ရင်ဖွင့် လိုက်ပါတယ်။
ပေးပို့သူ » Aung Za Mu Thit Sar

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.