admin posted: " ပန်းချီသန်းဋ္ဌေးမောင် - ဒဂုန်တာရာ အမှတ်တရပန်းချီ ဧပြီ ၁၀၊ ၂၀၁၃ (သူ့ဖေစ်ဘွတ်ကနေ ကူးယူတင်ဆက်ပါသည်)"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- RCSS/SSA ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာအား မြန်မာအစိုးရစစ်တပ် တိုက်ခိုက်သိမ်းပိုက်
- RCSS/SSA နှင့် အစိုးရတပ်တို့ အကြား အနည်းဆုံး ၅ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွား
- RCSS ၏ ရွှေလီမြစ်ဝှမ်းဒေသ အစိုးရတပ်စစ်မျက်နှာသစ်ဖွင့် ဒေသခံရာဂဏန်း တရုတ်ပြည်သို့ထွက်ပြေး
| RCSS/SSA ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာအား မြန်မာအစိုးရစစ်တပ် တိုက်ခိုက်သိမ်းပိုက် Posted: 09 May 2013 04:19 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၌ ဖြစ်ပွါးသောတိုက်ပွဲမှ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ၏ ဌာနချုပ် အခြေ စိုက်ရာ နောင်မရွာအား မြန်မာစစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း RCSS/SSA ကပြောပါသည်။ မေလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရသော RCSS ၏ တင်းခါးတပ်စခန်းRCSS/SSA ၏ ၇၀၁ စစ်ဒေသမှူးက " ကျနော်တို့အခု စခန်းကနေခွါပြီး ဖြန့်နေထားကြတယ်။ ဗမာစစ်တပ်က လက်နက် ကြီးတွေနဲ့ ထုထုပြီးရှေ့တိုးလာတော့ ကျနော်တို့ စခန်းကနေ မခွါရင် နောင်မရွာ တခုလုံးမီးလောင်ကုန်တော့မယ်။ ရွာသားတွေ အတိဒုက္ခ ရောက်ကုန်မယ်။ ဒါကြောင့်အခု နောင်မ အထက်ပိုင်းကနေ ဆုတ်ခွါလိုက်တယ်။ သေနတ်သံတော့ မရပ်သေးပါဘူး။ တွေ့တဲ့နေရာမှာ ဆက်ပြီးချသွားမယ် " ဟု ဆိုပါသည်။ မွန်းလွဲ ၃ နာရီဝန်းကျင်က မြန်မာအစိုးရစစ်ကြောင်း နောင်မတာရွာထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ မန့်ဟောင်းရွာသား များအား ပေါ်တာအဖြစ် စစ်ကြောင်းကြားညှပ်၍ခေါ်ဆောင်သွားကြောင်း နမ့်ခမ်းမြို့ခံတဦးကပြောသည်။ " ခုန ၃ နာရီခွဲလောက်က နောင်မရွာထဲကို မြန်မာစစ်တပ်က ဝင်နေပြီ။ ရွာသားတွေကိုသူတို့စစ်ကြောင်းကြားထဲ ညှပ်ပြီး ခေါ်သွားတယ်။ စခန်းထဲကိုတော့ မဝင်သေးဘူး။ စိတ်မကောင်းဘူးဗျာ၊ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ရင်း ဒီလိုဖြစ် တယ်ဆိုတော့ တခုခုလွဲနေပြီ " ဟု နမ့်ခမ်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ တိုက်ပွဲကြောင့် တရုတ်ပြည်သို့ ဝင်ရောက် ခိုလှုံမှုကိုလည်း မွန်းတည့်ချိန်က တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း၊ ဒေသခံများမှာ ပြေးပေါက်မရှိဘဲ ပူပန်နေရကြောင်း အဆိုပါမြို့ခံကပြောသည်။ သိန္နီအခြေစိုက် စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ နှင့် ၅၀၀ ကြား သုံး၍ RCSS ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာ အား အဘက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုများရှိခဲ့ကြောင်း မြို့ခံများ ကပြော သည်။ ဧပြီလနှောင်းပိုင်းက မြန်မာစစ်တပ်၏ လူ ၄ ဦးပျောက်ဆုံးမှုမှာ RCSS က ဖမ်းထားသည်ဟု အစိုးရစစ်ဘက်က စွပ်စွဲ၍ RCSS တင်းခါးစခန်းအား ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးနောက်ပိုင်း စစ်အင်အားထပ်မံဖြည့်တင်းတိုက်ခိုက်ကာ ၇၀၁ စစ်ဒေသ အခြေချစခန်းကို ယနေ့ သိမ်းပိုက်သည်အထိ ဖြစ်ပွါးခဲ့သည်။ |
| RCSS/SSA နှင့် အစိုးရတပ်တို့ အကြား အနည်းဆုံး ၅ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွား Posted: 09 May 2013 12:38 AM PDT သျှမ်းပြည်တပ်မတော် RCSS / SSA အမှတ် ရ၀၁ စစ်ဒေသ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မရွာ အနီးသို့ အစိုးရ တပ်များ ချဉ်းကပ်ထိုးစစ်ဆင်လာရာ ယနေ့နံနက် ၄ နာရီကျော်ခန့်က မူစယ်နှင့် နမ့်ခမ်းမြို့များအတွင်း အနည်းဆုံး နေရာ ၅ ခုခန့်တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်သည့် နမ့်ခမ်းဒေသခံများအား တရုတ်အာဏာပိုင်များက စာရင်းလာကောက်နေစဉ်နမ့်ခမ်းမြို့နယ် နောင်မ ၊ ကွန်ဟိုင်း ၊ မန့်ကွန် ၊ နောင်ခမ်းနှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ရ မိုင်ခန့်အကွာရှိ ကျိန်းစမ်းကျော့ရွာအနီး နေရာများတွင် ဖြစ်ပွားခဲ့ကြောင်း RCSS/SSA အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။ "အဲဒီ ရွှေလီမြစ်ကူးတို့ဆိပ်နားကရွာတွေမှာ ဖြစ်တာပေါ့။ ဟို ကူးတို့ဆိပ် အခွန်ကောက်တဲ့စခန်းနေရာတွေ အနည်းဆုံး ၄ နေရာ ၅ နေရာလောက်မှာ ဖြစ်တယ်။ လောလောဆယ် တိုက်ပွဲရပ်နေတယ်။ အစိုးတပ်တွေ ဆုတ်သွားတာတော့မဟုတ်ဘူး။ ခဏနားသွားတဲ့သဘောပဲ " ဟု ၄င်းနီးစပ်သူက ဆိုသည် ။ ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များယနေ့ နံနက်အစောပိုင်းက မူစယ် ၁၀၅ မိုင်အနီး ကျိန်းစမ်းကျော့လမ်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကားအသွားအလာ များ ခေတ္တမျှရပ်ဆိုင်း သွားပြီး ယခုအခါ ကားများပုံမှန်ပြန်လည် သွားလာနေပြီဖြစ်ကြောင်း ကုန်သည်များ အဆိုအရ သိရ သည် ။ နှစ်ဘက်တိုက်ပွဲများကြောင့် ရာချီရှိသည့် ကျေးရွာသားများ တရုတ်နယ်စပ်နှင့် နမ့်ခမ်းမြို့အတွင်းသို့ ၀င်ရောက်ခိုလှုံမှုများ ရှိနေရာ ၄င်းနီးစပ်သူက ဆက်ပြောရာတွင် - " နောင်တိန်းရွာကတော့ မနက်ကတည်းက ရွာလုံးကျွတ်ပြေး သွားကြပြီ။ မန့်ကွန်ရွာက အခုအထိ ပြေးနေကြတုန်းပဲ ။အဲဒီတိုက်ပွဲဖြစ်တဲ့ရွာတွေအကုန်ထွက်ပြေးကုန်တာပေါ့ ။နမ့်ခမ်းမြို့မှာ ဆိုရင် ဇေယျသုခ ကျောင်းတိုက်ကို လူဦးရေ ၁၀၀ ကျော်ရောက်လာတယ် ။ တချို့ကလည်း နီးစပ်တဲ့ဆွေမျိုးတွေဆီမှာ ခိုလှုံကြ တယ် " ဟု ဆိုသည် ။ တရုတ်ဘက်ခြမ်းသို့ မြန်မာအစိုးရစစ်တပ်၏ ကျည် ကျသည့်နေရာမြန်မာစစ်တပ်ပစ်သော လက်နက်ကြီးကျည်များ တရုတ်ဘက်ခြမ်းကွန်ဟိုင်းရွာအထိကျရောက်သည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။ တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အစိုးရဘက်မှ ထိခိုက်ကျဆုံးသူများကို မူစယ်နှင့်နမ့်ခမ်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စုံစမ်းသိရသည် ။ တရုတ်ဘက်ခြမ်းကျ လက်နက်ကြီးကျည်စ |
| RCSS ၏ ရွှေလီမြစ်ဝှမ်းဒေသ အစိုးရတပ်စစ်မျက်နှာသစ်ဖွင့် ဒေသခံရာဂဏန်း တရုတ်ပြည်သို့ထွက်ပြေး Posted: 08 May 2013 08:55 PM PDT သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ယနေ့နံနက်ပိုင်း၌ အစိုးရစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၈၀၀ ကျော် တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုဆိုသည်။ ![]() "ကျနော်တို့ဘက်က စပြီး ရန်ရှာတာမဟုတ်ဘူး။ ဒီစစ်ကြောင်းတွေကို စကခ ၁၆ မှူးက နမ့်ခမ်းမြို့ စိုက်ပြီး တိုက်ရိုက်ကွပ်ကဲ နေတာ။ အခု ကျနော်တို့နယ်မြေဆီကို ၆ ဘက် ၆ တန်ကနေဝင် လာတယ်။ အခုလဲ ပစ်ခတ်တိုက်ခိုက်နေရတုန်း။ ကျနော်တို့လူ ၁ ယောက် ကျတယ်။ အစိုးရစစ်သား အလောင်း ၁၁ လောင်း တွေ့ တယ်။ အရှင်လဲ ဖမ်းထားတယ်။ ကျနော်စစ်ကြည့်ဦးမယ် ဒါဘဲနော်" - ဟု စစ်ဒေသ မှူး ဒု ဗိုလ်မှူးကြီး ဇွမ်မိဏ်းက စစ်မျက်နှာပြင်ကနေ ပြောနေတာဖြစ်ပါသည်။ ယခုသတင်းရေးနေချိန်အထိ နမ့်ခမ်းဆေးရုံကြီးတွင် ဒဏ်ရာရ မြန်မာစစ်သား ၆ ယောက် ရောက်ရှိနေပြီး အရေးပေါ်သွေးလိုနေ သည် ဟုလည်း မြို့တွင်း၌သတင်းပျံ့နေသည်ဟု နမ့်ခမ်းဒေသခံ တဦးကပြောပါသည်။ ဒဏ်ရာရစစ်သားများအား ပန်းဆေးပြည် သူ့စစ်က ကူညီပို့ဆောင်ပေးနေသည်ဟုလည်း ဆိုပါသည်။ အလားတူ စစ်မျက်နှာပြင်တွင်လည်း ပန်းဆေးပြည်သူ့စစ်နှင့် ဦးလောဆာမ် ဦးဆောင်သောနမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ကလည်း အစိုးရတပ်ဘက်မှ ပါဝင်တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ကော့လီသတင်းဌာနတွင် ဖော်ပြထားသည်။ မေ ၉ ရက် နံနက် ၄ နာရီခန့်မှ စ၍ အစိုးရတပ် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ စစ်အင်အား ၄၀၀ ကျော်က ရွှေလီမြစ်ကို လှေဖြင့်ကူးကာ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ အားတိုက်ခိုက်ခဲ့ခြင်း ဖြစ် ၏။ အစိုးရတပ်များ တာဟေးမန့်ဟောင်း (ရွှေလီမြစ်ကူးဆိပ်) မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှု ကြောင့် တရုတ်ပြည်ဘက်ခြမ်းသို့ အများအပြားကျရောက်ကြောင်း၊ တိုက်ပွဲကြောင့် သျှမ်းပြည်ဘက်ခြမ်း အပါအဝင်၊ တရုတ်နယ်စပ်လူထုလဲ တိမ်းရှောင်နေရသည်ဟု ဆိုသည်။ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့တဘက်ကမ်း ရှိ နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော်က တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူးက တဦးဖြစ်သည့် အိုက်ယီ့လုံ ကပြောပါသည်။ "အခုတရုတ်ဘက်မှာလဲ တရုတ်စစ်သားတွေ အင်အားဖြန့်ထားတယ်။ လူထုတွေတော့ တရုတ်ထဲ ပြေးဝင်နေတယ်။ ဒီဘက်ခြမ်းရော ဟိုဘက်ခြမ်းရော ဒေသခံတွေက သျှမ်းတွေဘဲ။ ဆိုင်ရာအမျိုးတွေဆီ သွားခိုနေကြတယ်" - ဟု ဆို၏။ အထင်ကရဓါတ်ပုံအရောင်းသမားဟန်ဆောင် စစ်ထောက်လှမ်းရေး လေးဦးပျောက်ဆုံးမှုမှ စတင်ပြီး ယခုကဲ့တို့ နှစ်ဘက်တိုက်ပွဲ များ ဖြစ်ပွား လာရခြင်းဖြစ်သည် ဟု ဒေသခံတချို့ကဆိုပါသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်အဖွဲ့ဖြစ်ပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Burma News International - May 9, 2013
| ||||||||||||||||
|
[mrsorcerer:38218] အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်းဆရာတော်)
<iframe src="https://www.facebook.com/video/embed?video_id=514972258596868" width="320" height="240" frameborder="0"></iframe>
တစ်ကမ္ဘာလုံး ဘာသာစုံတွေအားလုံး လေးစားတဲ့ ဘုန်းတော်ကြီးဒလိုင်လားမားတောင် ဆဲနေကြတဲ့ ရွှေမြန်မာတွေက ဒီဘုန်းကြီးကိုလည်း ဝိုင်းတိုက်ကြအုံးမယ်ထင်တယ်။ အချက်အလက်ဆိုင်ရာ အားနည်းချက်တွေရှိပေမဲ့ စေတနာမှန်ဟန်တူပါတယ်။ နားထောင်ကြည့်ကြပါ.. သမာသမတ် ကျတဲ့..အရမ်းတော်တဲ့ ဆရာတော်ပါ..
<iframe src="https://www.facebook.com/video/embed?video_id=514972258596868" width="320" height="240" frameborder="0"></iframe>
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးခလောက်ဆန်မှုတစ်ခုဖြစ်လာတိုင်း လူတွေယုတ်မာစွာချလေ့ရှိသော မှတ်ချက် တစ်ခုရှိ၏။
"ဘာသာရေးပဋိပက္ခ"ဟူ၍ဖြစ်၏။ အမှန်တော့ ဘာသာတရားတိုင်းသည် သန့်စင်မွန်မြတ်ကြသည်သာဖြစ်၏။ ညစ်ပတ်စုတ်ပဲ့ကြသည်မှာ ဘာသာတရားမဟုတ်။ ထိုဘာသာကို ကိုးကွယ်ပါသည်ဟု ကြွေးကြော်ပြီး ထိုဘာသာတရား၏ အဆုံးအမကို မလိုက်နာဘဲ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပြုကျင့်သူများသာဖြစ်သည်။ ဘာသာဝင်အချင်းချင်း လောဘ၊ ဒေါသ၊ မောဟများ ငြိမိကြရာမှ အကောက်ကောက်ချင်း ချိတ်မိကြ၏။ တစ်ဖက်က သေလုအောင် ကောက်နေစေကာမူ တစ်ဖက်က ဖြောင့်နေလျှင် ချိတ်မိစရာအကြောင်းမရှိ။ တစ်ဖက်သတ်အကိုက်ခံရလျှင် လူကို ခွေးကိုက်သည်ဟု ဆိုရ၏။ ဟိုတစ်ဖက်နှင့် သည်တစ်ဖက် နှစ်ဖက်စလုံးကိုက်ကြပြီဆိုလျှင်တော့ ခွေးခွေးချင်းကိုက်သည်ဟု ဆိုရတော့သည်။ မိမိတို့သည် အခြားသော လုပ်စရာတွေရှိနေကြပါ၏။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေလုပ်ရပါမည်။ သားရေးသမီးရေးတွေလည်း လုပ်ရပါဦးမည်။ ရန်ဖြစ်နေ၍ အကျိုးမရှိ။ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိတတ်၏။ ထို့ကြောင့် လူဟုခေါ်ရခြင်းဖြစ်၏။ ထိုသိမှုသည် လူသားတစ်ဦးအတွက် အနည်းဆုံးသိသင့်သော အချက်ပဲရှိသေးသည်။ ထိုအချက်ကလေးကိုမှ မသိသေးသောသူများသည် လူမဟုတ် "လု"တွေသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေးစားနေကြသော အခြားလူများ၏ စိတ်ချမ်းသာမှုကို လုယက်ယူဆောင်သွားတတ်ခြင်းကြောင့်ပေတည်း။
ကျွန်ုပ်ပြတ်သားစွာ ပြောလိုက်မည်။
ယနေ့ ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၌ လူတို့တစ်စတစ်စနည်းပါးလာကာ "လု"တို့ တဖြည်းဖြည်းများပြားလာနေပြီ၏။ "လု"တို့သည် လုယက်ဖို့လောက်သာ နားလည်ကြသည်။ အေးချမ်းသာယာသော လောကကို ဖျက်ဆီးဖို့လောက်သာ အားထုတ်နေကြ၏။ ထိုလူမဟုတ်သော လုများသည် ဘာသာတိုင်းတွင်ရှိနေသည်။ ဗုဒ္ဓဘာသာထဲ၌လည်း "လု"တွေရှိ၏။ (ဘုရားခိုးသူ၊ ဘုရားပွဲကန်ထရိုက်ဆွဲသူ၊ သံဃာတော်တို့အား စော်ကားသူ စသည်ဖြင့်….)၊ အစ္စလာမ်ဘာသာထဲ၌လည်း "လု"တွေရှိသည်။ ဟိန္ဒူဘာသာထဲ၌လည်း "လု"တွေရှိ၏။ ခရစ်ယာန်ဘာသာထဲ၌လည်း "လု"တွေရှိတတ်ကြသာဖြစ်ပါ၏။ ထို"လု"တို့ ယုတ်မာကြခြင်းသည် ဘာသာတရား၏ အပြစ်မဟုတ်ပါ။ ဘာသာတရားတို့သည် သားသမီး မကောင်း မိဘခေါင်းဟူသော အနေအထား၌သာရှိနေပါ၏။ လူမဆန်သော လုပ်ရပ်တို့ကို လုပ်ဆောင်ရန် မည်သည့်ဘာသာက မိန့်ဆိုပါသနည်း။ မည်သည့်ဘာသာတရားကမျှ မိန့်ဆိုလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သီတဂူဆရာတော်ဘုရားက သူ၏ ကမ္ဘာကျော်ကုလသမဂ္ဂမိန့်ခွန်းတစ်ခု၌ ယခုကဲ့သို့ဆိုထားလေ၏။
"ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီးငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့၏ စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။"
ဟူ၏။ ကျွန်ုပ်သည်လည်း သီတဂူဆရာတော်ကြီး နည်းတူ ယုံကြည်မျှော်လင့်ပါသည်။ လက်လှမ်းမီသမျှ ဘာသာတရားများကို ကျွန်ုပ်စွမ်းအားရှိသလောက် လေ့လာခဲ့ပြီးဖြစ်၏။ မည်သည့်ဘာသာတရားကမှ လူ့လောကကို ဒုက္ခပေးကြ၊ ဆူကြပူကြ ရန်ဖြစ်ကြ၊ တိုက်ခိုက်လုယက်ကြဟု မပြော။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ သဗ္ဗညုတဗုဒ္ဓမြတ်စွာ၏ ဒေသနာ၌ ယခုကဲ့သို့ရှိ၏။
"မကောင်းတာ ဘာတစ်ခုမှ မလုပ်နဲ့ ရှောင်။
ကောင်းတာမှန်သမျှ ပြည့်စုံအောင်လုပ်။
မိမိတို့ စိတ်ကလေးဖြူဖွေးအေးချမ်းအောင်ကျင့်။
ဒီတရားသုံးပါးဟာ ပွင့်ပြီးသမျှဘုရားရှင်တိုင်း၏
အဆုံးအမ သာသနာတော်ပါပဲ။ (သြ၀ါဒ ပါတိမောက်)
မြတ်စွာဘုရားရှင်တို့က ထိုသို့ဟောကြားတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက် မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမျှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်ခြင်းသည် မြတ်စွာဘုရားကို တော်လှန်ပုန်ကန်မှုပင်ဖြစ်သည်။ ထိုအမှုသည် မြတ်စွာဘုရား၌ တာဝန်မရှိ။ တော်လှန်ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။
၁။ ခြေလှမ်း ၇ လှမ်း အတူတူသွားဖူးလျှင် (မိတ္တ)မိတ်ဆွေ။
၂။ ၁၂ ရက် အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
၃။ ၁ လ၊ ၁ လ ခွဲ အတူနေဖူးလျှင် (ညာတိ) ဆွေမျိုး။
၎။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့်ထပ်တူ နှစ်ကိုယ့်တစ်စိတ်ပုဂ္ဂိုလ်။
(ဇာတကပါဠိ၊ ဧကကနိပါတ်၊ ကာဠကဏ္ဍိဇာတ်)
ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက် ဆော်ကြ၏။ စဉ်းစားမလား သေမလားဆိုလျှင် မစဉ်းစားဘူး သေမယ်ဆိုသော လူစားတွေက များသည်။ ဒီကောင်တွေ အုပ်စုများလာရင် ထောင်ထောင်လုပ်တယ်။ မြန်မာပြည်အနှံ့မြို့လယ်ခေါင်မှာ သူဌေးဆိုကြည့်လိုက် ဒီကောင်တွေချည်းပဲ။ ထိုသို့ ဆိုကြ၏။ ထောင်တာကတော့ ပုထုစဉ်မှန်သမျှ မည်သူမဆို ထောင်ကြသည်သာဖြစ်၏။ ချိုရှိသော သတ္တ၀ါက ချိုထောင်သည်။ အဆိပ်ရှိသော သတ္တ၀ါက အဆိပ်အားကိုးနှင့် ထောင်သည်။ လက်နက်ရှိသောသူက လက်နက်နှင့်ထောင်သည်။ အာဏာရှိသော သတ္တ၀ါက အာဏာနှင့် ထောင်သည်။ စည်းစိတ်ဥစ္စာရှိသောသူက စည်းစိမ်ဥစ္စာနှင့် ထောင်သည်။ ဆွေမျိုးရှိသောသူက ဆွေမျိုးအားကိုးနှင့် ထောင်သည်။ ထောင်ထောင် ထောင်ထောင် လုပ်ခြင်းသည် သူတော်ကောင်း အလုပ်မဟုတ်ချေ။ ဒီကောင်တွေမြို့လယ်ခေါင်မှာ သူဌေးဖြစ်ခြင်းသည် ဒီကောင်တွေမှာ ပိုက်ဆံရှိ၍ ဖြစ်၏။ ကျွန်ုပ်တို့လည်း ပိုက်ဆံရှိလျှင် မြို့လယ်ခေါင်မှာ နေ၍ ရသည်သာတည်း။ ထိုအချက်နှင့်ပတ်သက်၍ စာရေးဆရာသတင်းစာ ဆရာကြီး လူထုစိန်ဝင်းက သူ၏ ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ် စာအုပ်၌ ယခုကဲ့သို့ ရေးထားလေ၏။
" စစ်မဖြစ်မီခေတ်နဲ့ စစ်ပြီးကာလများမှာ လူငယ်ပညာတတ်များရဲ့ အဓိကရည်မှန်းချက်က အစိုးရ၀န်ထမ်း အရာရှိလုပ်ဖို့သာဖြစ်သည်။ (၇)တန်း၊ (၈)တန်းလောက်သာ အောင်တဲ့သူများကလည်း မြေတိုင်းစာရေး လောက်၊ တောခေါင်းလောက်တော့ မျှော်မှန်းကြတယ်။ စီးပွားရေးလုပ်ဖို့ စိတ်မ၀င်စားကြဘူး။ အရောင်းအ၀ယ်အလုပ်ကို အောက်တန်းကျတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် ရှေးခေတ်စီးပွားရေးနယ်ပယ်အသီးသီးမှာ တရုတ်ကုလားတွေသာ အများဆုံးလုပ်ကိုင်ကြတယ်။ သူတို့တတွေကတော့ သူတို့နိုင်ငံရဲ့ အငတ်ဘေးဆိုးကြီးတွေက ထွက်ပြေးရောက်ရှိ လာကြပြီး။ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေထိုင်ကြရတာဖြစ်လေတော့ ဘယ်အလုပ်မျိုးကိုမှ အောက်ကျတယ်လို့ သဘောမထားကြဘူးလေ။ (လူထုစိန်ဝင်း - ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ် စာမျက်နှာ - ၂၃)
ရှေးခေတ်လူသားတွေ စီးပွားရေး၊ အရောင်းအ၀ယ်လုပ်ရတာ အောက်တန်းကျတယ်လို့ယူဆပြီး မလုပ်ခဲ့ကြတဲ့အတွက် မြို့လယ်ခေါင်က ဗမာအိမ်တွေ မြို့ပြင်ရောက်ခဲ့ကြရတာဖြစ်ပါတယ်။ ရောင်းချပြောင်းရွှေ့သွားသူ နှောင်းခေတ်လူသားတွေမှာလည်း ဒါလေးကို ဒီလိုမှ မရောင်းရင် အဆင်မပြေလို့သာ ရောင်းချသွားရတာဖြစ်တယ် - ဟု ဆရာလူထုစိန်ဝင်းနှင့် စကားပြောဖြစ်ခဲ့စဉ်ကလည်း နားထောင်ခဲ့ရဖူး၏။။ ကျွန်ုပ်လည်း ပိုက်ဆံရှိလျှင် ထရိတ်ဒါးမှာ တစ်သက်လုံး အခန်းငှားပြီး စာရေးနေ၍ ရသည်ပင်ဖြစ်၏။
အစ္စလာမ်တို့အထွတ်အမြတ်ထား လိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်း မိန့်ဆိုထားချက်များရှိ၏။
ကျမ်းတော်မြတ်ကုရ်အာန်သည် အစ - မှ - အဆုံးတိုင် ကရုဏာချည်းသာတည်း။ (ကျမ်းအဖွင့်)
အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်ကလည်း သနားကြင်နာတော်မူမည်မဟုတ်။ (ကုရ်အာန် ပထမတွဲ - စာမျက်နှာ ၂၂)
အကြင်သူတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအား မကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင်အစစ်အမှန်ဖြစ်နိုင်မည်မဟုတ်ချေ။
ကုရ်အာန်ကျမ်းမြတ်၏ မြောက်များစွာသော ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။ (ပထမတွဲ - စာမျက်နှာ - ၉)
ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်သည်သာဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့်အညီ နေထိုင်ကျင့်သုံးရန်တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံးကရုဏာပြဋ္ဌာန်းသည်။ အစ္စလာမ်ဘာသာဝင်တွေက ကျမ်းမြတ်နှင့် ဆန့်ကျင်ကာ ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟုဆိုလျှင် သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာဟ်အရှင်မြတ်ကို တော်လှန်ပုန်ကန် ကြသူများဖြစ်၏။ ထိုသူများကို အလ္လာဟ်အရှင်မြတ်က သနားမည်မဟုတ်။ ကရုဏာမရှိသောသူများကို ဘယ်သူမှ သနားလိမ့်မည်မဟုတ်။ ကျွန်ုပ်လည်းမသနား။ မသနားသည့်အပြင် ဖနောင့်နှင့်တောင် ပေါက်ချင်သေးသည်။
အစ္စလာမ်သည် အစ္စလာမ်ဘာသာဝင်ကိုမှသာ ကူညီကောင်းသည်မဟုတ်။ အခြားသော ဘာသာဝင် လူသားများကိုလည်း လှူဒါန်းကောင်း ကူညီကောင်းသည်သာဖြစ်၏။ ကုရ်အာန်ကျမ်းကို တကယ်တတ်သိသူများနှင့် ဆွေးနွေးပြီးမှ သည်အချက်ကို ကျွန်ုပ်ထည့်ရေးခြင်းဖြစ်သည်။ စာမျက်နှာပေါင်း (၃၀၈၈)မျက်နှာရှိသော ကုရ်အာန်ကျမ်းကို ကျွန်ုပ်လေ့လာပြီးဖြစ်သည်။ အစ္စလာမ်ဘာသာသည် ကုရ်အာန်ကျမ်းတော်မြတ်၏ သွန်သင်ဆုံးမချက်အရ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမှ မတရားစော်ကားပိုင်ခွင့်မရှိ။ သို့သော်လည်း အချို့သော အစ္စလာမ်ဘာသာဝင်တို့သည် သဘောထား တင်းမာကြ၏။ ကုရ်အာန် ကျမ်းမြတ်အတိုင်း မလိုက်နာ။
"အလ္လာဟ်အရှင်မြတ်သည် မနုဿလူသားတို့ကို တစ်ခါတစ်ရံ ဒုက္ခပေး၍ စမ်းသပ်တော်မူ၏။ တစ်ခါတစ်ရံ ချမ်းသာပေး၍ စမ်းသပ်ောတ်မူ၏။" ( ၂၁း ၃၅)
ထိုအချက်ကိုလည်း လေးလေးနက်နက် မတွေးခေါ်မမျှော်မြင် မကျင့်သုံးကြ။ ဗုဒ္ဓဘာသာ၌ ခန္တီပါရမီ ခန္တီမင်္ဂလာ စသည်ဖြင့် ဟောတော်မူသကဲ့သို့ ကုရ်အာန်ကျမ်း၌ ခန္တီတရားကို အထူးတလည် ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်း အရာ အများအပြားတွေ့ရ၏။ သို့သော် တကယ်တမ်းလိုက်နာကျင့်သုံးသော အစ္စလာမ်ကား နည်းလှ၏။ ငါ့လူမျိုး မထိနဲ့ ချထည့်လိုက်မယ် ဟူသော သူက များလှချေ၏။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီး သဘောထားတင်းမားသူများက မိမိတို့ဘာသာတရားသိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ်အယောင်ဆောင် လူယုတ်မာများဖြစ်ကြ၏။
ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာဟ်အရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ၊ ပဋိပက္ခဖြစ်ကြ၏။ လူချင်းဖြစ်သော ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍ မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကလည်း ဒါဟာ သာမန်ပုဂ္ဂလိက အငြင်းပွားမှု သာမန်မှုခင်း တစ်ခုသာဟုဆိုထားပေ၏။ ဘယ့်နှယ်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟု ပြောချင်သည်။ ဆက်လက်၍ ပဋိပက္ခများဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးမဲ့ရန်အကြောင်းသာရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။
ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
ခိုက်ရန်ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
ဝိ၀ါဒကေသော တ္တိဘာဝေါနာမ နတ္ထိ။
အချင်းချင်း အညီညွတ်သော နေရာ၌ စိတ်ချမ်းသာစရာမရှိ။
(ဆင်းရဲကင်းကွာ ချမ်းသာကြပါစေ …)
ရွှေစုန်းချောင်းဆရာတော်
အရှင်ဝိစိတ္တာလင်္ကာရ
--
May Peace Be Upon You
Regards,
Ruby
-- တစ်ကမ္ဘာလုံး ဘာသာစုံတွေအားလုံး လေးစားတဲ့ ဘုန်းတော်ကြီးဒလိုင်လားမားတောင် ဆဲနေကြတဲ့ ရွှေမြန်မာတွေက ဒီဘုန်းကြီးကိုလည်း ဝိုင်းတိုက်ကြအုံးမယ်ထင်တယ်။ အချက်အလက်ဆိုင်ရာ အားနည်းချက်တွေရှိပေမဲ့ စေတနာမှန်ဟန်တူပါတယ်။ နားထောင်ကြည့်ကြပါ.. သမာသမတ် ကျတဲ့..အရမ်းတော်တဲ့ ဆရာတော်ပါ..

မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:38217] အလင်းမျက်ဝန်းမှ သတင်းများ
ကမ္ဘာကျော် Anonymous ဟက်ကာအဖွဲ့မှ မြန်မာအစိုးရ အာဏာပိုင်တွေကို နည်းပညာဖြင့် တိုက်ခိုက်မည်ဟုကြေငြာ
၂၀၁၃ ခုနှစ်၊ မေလ (၉) ရက် | MMV
ကမ္ဘာကျော်နာမည်ကြီး ဟက်ကာ (Hacker) တွေပါဝင်တဲ့ Anonymous ဟက်ကာအဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသုတ်သင်မှု ပြုလုပ်နေခြင်းအတွက် ဒီကိစ္စတွေအပေါ် အရေးယူ ဆောင်ရွက်ခြင်း မရှိသူတွေ၊ မြန်မာအစိုးရအာဏာပိုင်တွေကို အွန်လိုင်းကနေတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ကြောင်း Global Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Anonymous ဟက်ကာအဖွဲ့ရဲ့ Twitter အသုံးပြုသူ @CIApressoffice ကနေတဆင့် ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာအတွင်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသုတ်သင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် Anonymous ဟက်ကာအဖွဲ့က ယခုလို ထပ်မံပြောဆိုခဲ့တာပါ။
"ကျွန်တော်တို့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေဆီကလည်း သတင်းအချက်အလက်တွေရယူ နေပါတယ်" လို့ @CIApressoffice အမည်ရှိ Anonymous ဟက်ကာအဖွဲ့ကို ကိုယ်စားပြုထားတဲ့ Twitter အသုံးပြုသူက ဆိုပါတယ်။ ဆက်လက်ပြီး "ဒါဟာအတော်ကို ဝမ်းနည်းစရာကောင်းပါတယ်။ OpRohingya လို့ အမည်ပေးထားတဲ့ ဒီအွန်လိုင်းအဖွဲ့ မပေါ်ပေါက်မီအထိ ရိုဟင်ဂျာတွေကို ကမ္ဘာကမသိခဲ့ရပါဘူး၊ ဒါကြောင့် Anonymous ဟက်ကာအဖွဲ့အနေနှင့် အသံတိတ်နေရတဲ့ ရိုဟင်ဂျာတွေကိုယ်စား ကမ္ဘာကို သိအောင် တင်ပြပေးမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
OpRohingya ကို ဦးဆောင်နေတာကတော့ Anonymous ဟက်ကာအဖွဲ့ဝင်တွေ ပါဝင်တဲ့ "Anons" အမည်ရှိ ဟက်ကာအဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ "ရိုဟင်ဂျာတွေဟာ (၂) ဖက်ကနေ ဖိအားပေး နှိပ်ကွပ်မှုတွေခံနေရပါတယ်။ တစ်ဖက်က အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ မြန်မာအစိုးရပါပဲ"လို့ "Anons" အဖွဲ့သားတစ်ဦးက Anonymous ဟက်ကာအဖွဲ့ရဲ့ အခြား Twitter Account တစ်ခုဖြစ်တဲ့ @Crypt0nymous ကနေ ပြောဆိုလိုက်ပါတယ်။
Anonymous ဟက်ကာအဖွဲ့ရဲ့ OpRohingya အတွက် ပြုလုပ်ထားတဲ့ ဗီဒီယိုကိုလည်း အွန်လိုင်းဗီဒီယို ဝဘ်ဆိုဒ်တစ်ဖြစ်တဲ့ Youtube မှာတင်ပြထားပါတယ်။ ဒီဗီဒီယိုကိုတော့ Anonymous ရဲ့ Crypt0nymous အမည်ရှိ Youtube အသုံးပြုသူက လွှင့်တင်ထားတာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (Rakhine Nationalities Development Party)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army)၊ န.စ.က လုံထိန်းတပ်ဖွဲ့တွေအပြင်၊ "ဘားမား ဘင်လာဒင်" လို့ ကြွေးကြော်ထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ "၉၆၉" ဘုန်းကြီးတွေအပြင် မြန်မာအစိုးရလည်း နောက်ကွယ်က ပါဝင်တယ်လို့ ဆိုထားပါတယ်။
ကိုးကား – Global Post, Independent (UK)
အုပ်ချုပ်ရေးမှုးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နေသလား...? (ပျော်ဘွယ်မြို့သတင်း)
၂၀၁၃ ခုနှစ်၊ မေလ (၅) ရက် | TEOL
![]() |
| အလင်းမျက်ဝန်း အီးစီဂျေကဏ္ဍတွင် အီးမေလ်ဖြင့် ပေးပို့လာသော သတင်းများအား ပြန်လည်တင်ပြပေးနေပါပြီ။ |
ပျော်ဘွယ်မြို့မှာလဲ ၃-၅-၂၀၁၃ ရက် ညပိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။
ရွှေပြည်ရန်အောင် ၅ လမ်း၊ ရပ်ကွက်ထဲကအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှာ ဗလီဝတ်ပြုကျောင်းတော်ကို ဝင်ရှာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဗလီမှ လူကြီးများကို ရုံးသို့လိုက်ခဲ့ပါဆိုပြီး ခေါ်သွားပါတယ်။
ထိုသို့ အုပ်ချုပ်မှုပိုင်းမှ တာဝန်ရှိသူများ ပြုလုပ်နေသော အမူအရာများမှာ အကြမ်းဖက်မှုကို ကာကွယ်တားဆီးခြင်း မဟုတ်ဘဲ အများပြည်သူများ၏ အရှေ့တွင် စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်သွားပါတယ်။
မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၏ စိတ်ထဲတွင် ဗလီဝတ်ကျောင်းတော်မှာ လက်နက်တွေရှိသလိုလို ပုံပေါ်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေကပဲ အကြမ်းဖက်မှုတွေ လုပ်တော့မလိုလို ဖြစ်နေပါတယ်။
ထိုစစ်ဆေးမှုများ ပြုလုပ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြားမှာ အမြင်မှားစရာတွေ ဖြစ်နေပါတယ်။
တခြားမြို့နယ်တွေဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အုပ်ချုပ်ရေးမှုးတွေပါနေတာကိုလည်း တွေ့ရပါတယ်။
အုပ်ချုပ်ရေးမှုးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နေသလား ဆိုတာတောင် စဉ်းစားမိပါတယ်။
သို့ပါသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာ စကားတွေကို ဆင်ဆင်ခြင်ခြင်သုံသပ်ပြီး ပြောဆိုပါ။ အရိပ်သုံးပါနားလည်ပါ။ ဦးနှောက်ရှိကြပါ။ အရင်တုန်းကခေတ်မဟုတ်တော့ပါဘူး။ ဒီမိုကရေစီစနစ်ကို ရောက်နေပါပြီ။ အုပ်ချုပ်ရေးမှုးက အကြမ်းဖက်မှုမီးတွေကို စပြီး မရှို့မိပါစေနဲ့။
လူမျိုးရေးခွဲခြား တာတွေကိုလဲ မလုပ်မိပါစေနဲ့။ လူမုန်းမခံပါနဲ့။ မျှမျှတတအုပ်ချုပ်ပါလို့ ပြောချင်ပါတယ်။
ပျော်ဘွယ်မြို့မှာလည်း အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံတော်မှလဲ ကြိုတင်ပြီး ကာကွယ်တာဆီး ဆောင်ရွက်ပေးစေလိုပါတယ်။ ပျက်ပြီးမှဘာမှ လုပ်မရပါ။
ပေးပို့သူ » Real Man
မွန်ပြည်နယ် ကျိုက်မရောမြို့ သွေးသောက်ကျေးရွာအနီး အနောက်ဘက် ရာဘာခြံ၌ အကြမ်းဖက်များ လူစုနေပါသည်။
စစ်တပ်မှလည်း လုံခြုံရေးချထားသည်ဟု သိရပါသည် ပြည်သူပြည်သားများ သတိထားရန်နှင့် အချိန်မီ တားစီးနိုင်ရန် လိုအပ်လှပါသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သတင်း
၂၀၁၃ ခုနှစ်၊ မေလ (၃) ရက် | TEOL CJ
![]() |
| အလင်းမျက်ဝန်း အီးစီဂျေကဏ္ဍတွင် အီးမေလ်ဖြင့် ပေးပို့လာသော သတင်းများအား ပြန်လည်တင်ပြပေးနေပါပြီ။ |
စစ်တပ်မှလည်း လုံခြုံရေးချထားသည်ဟု သိရပါသည် ပြည်သူပြည်သားများ သတိထားရန်နှင့် အချိန်မီ တားစီးနိုင်ရန် လိုအပ်လှပါသည်။
ပေးပို့သူ » Myit Myat Thu
12:25 AM
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
12:25 AM
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
ယနေ့ရရှိသောသတင်းမှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သွေးသောက်
ကျေးရွာနောက်ဘက်ရှိ ရာဘာခြံ (ရာဘာတော) ကြီးတွင် အကြမ်းဖက်သမားများကို အထောက်အပံ့များ ပေးအပ်၍
လေ့ကျင့်ရေးများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
မြို့ပေါ်တွင် ရဲများလည်း ပို၍ ကင်းလှည့်နေကြောင်း သိရသည်။
အဆိုပါ ကျေးရွာသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် မွန်ပြည်နယ်သို့ လာရောက်စဉ် နေထိုင်သွားသော ကျေးရွာ
ဖြစ်ကြောင်း သတင်းပေးပို့သူက ပြောပါသည်။
တတ်နိုင်သမျှ မျှဝေပေးပါရန်နှင့် မွန်ပြည်နယ်ကို အကြမ်းဖက်များရန်မှ ကာကွယ်ပေးရန် နိုင်ငံတော်အစိုးရ အပါအ၀င်
ပြည်သူများသို့ အသိပေးအပ်ပါသည်။

ပေးပို့သူ » မောင်ကျောင်းသား
12:41 AM
12:41 AM
--
May Peace Be Upon You
Regards,
Ruby
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:38216] ပြဿနာဖန်တီးသူ ရခိုင်များအား ကချင်ပြည်နယ်မှ နှင်ထုတ်
ပြဿနာဖန်တီးသူ ရခိုင်များအား ကချင်ပြည်နယ်မှ နှင်ထုတ်
၂၀၁၃ ခုနှစ်၊ မေလ (၉) ရက် | TEOL
![]() |
| ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (ဓာတ်ပုံ - ရခိုင်သတင်းဌာန) |
ဝင်ရောက်လာတဲ့ ရခိုင်အချို့ကို ကချင်ပြည်နယ်ရှိ
ဒေသ အာဏာပိုင်များက ဒေသတွင်း၌ နေထိုင်ခွင့်
မပြုတော့ဘဲ နေရပ်မှ ထွက်သွားရန် စရိတ် (၂)
သောင်းစီနှင့် ထမင်းထုတ်များပေး၍ ပြန်လည်
နှင်ထုတ်လိုက်တယ်လို့ အမေရိကန်အသံ
သတင်းအရ သိရပါတယ်။
ဒီလို ပြန်လည် နှင်ထုတ်နေရတဲ့ အကြောင်းရင်းကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ မွတ်စလင်မ်များ ပိုင်ဆိုင်တဲ့ဈေးဆိုင်များကို အကြမ်းဖက် ဖျက်ဆီး လုယက်မှုများ ဖြစ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုတွေအား ရခိုင်လူမျိုးများ ဦးဆောင်နေတယ်ဆိုတဲ့သတင်းများအရ အာဏာပိုင်များက ဒေသတွင်း တည်ငြိမ်ရေး၊ ဒီမိုကရေစီ စနစ်ခိုင်မာရေးအတွက် ယခုလို နှင်ထုတ်လိုက်ရခြင်း ဖြစ်နိုင်တယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။
ယမန်နှစ်မစ၍ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဒေသများတွင် အစ္စလာမ်ဘာသာအား စော်ကားမှု၊ ကိုးကွယ်သူ မွတ်စလင်မ်များအား ရန်လိုမုန်းတီးမှုများဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကာ ကမ္ဘာ့အသိုင်းအ၀ိုင်းမှ သတိထား စောင့်ကြည့်ရသည့် အခြေအနေအထိပင် ရှိခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက်မှုများတွင် ဒေသခံ မွတ်စလင်မ်များအား တစ်ဖက်သက် အပြစ်ပုံချနေခဲ့ကြသော်လည်း ကမ္ဘာ့အသိုင်းအ၀ိုင်းကမူ ဤသည်ကို လက်မခံခဲ့ဘဲ အဖြစ်မှန်များအား နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်လေ့လာခဲ့ပြီးနောက် ပကတိအခြေအနေမှန်များအား တင်ပြရာ၌ ရခိုင်လူမျိုးအများစုမှ ချုပ်ကိုင်စိုးမိုးထားသည့် ပြည်တွင်းမီဒီယာများနှင့် ပြည်ပအခြေစိုက် ကမ္ဘာ့လူထုရဲ့ လက်ခံယုံကြည်ထားရတဲ့ မီဒီယာကြီးများပင် သတင်းအားပြိုင်မှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။
ယင်းနောက်ပိုင်းတွင်လည်း မြန်မာပြည်တွင်း နေရာအနှံ့အပြား၌ အဆိုပါ အမုန်းမီးများမှာ နေ့ချင်းညချင်းလိုလို ကူးစက်ပျံ့နှံ့သွားခဲ့ပြီး မွတ်စလင်မ်များအား ရက်စက်စွာ သတ်ဖြတ် အစဖျောက်မှုများအထိပင် ပေါ်ပေါက်ခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုများအား ရခိုင်လူမျိုးများ ပါဝင်ပတ်သက်နေသည်ဆိုသော စွတ်စွဲချက်များ ထွက်ပေါ်ခဲ့ပါတယ်။
ယင်းသို့သော စွတ်စွဲချက်များနှင့်ပတ်သက်၍ ရန်ကုန်မြို့နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက အလင်းမျက်ဝန်းသို့ ယခုလို ပြောပြပါတယ်။
`ရန်ကုန်မှာ တစ်မြို့လုံးကို မဖြစ်ဖြစ်အောင်ကို ပွဲလှန့်နေတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ မြို့စွန် ဆင်ခြေဖုံးဒေသတွေမှာမှ ဘာလို့ဖြစ်တာလဲဆိုတာ စဉ်းစားစရာပါ။ အဲ့ဒီဖြစ်တဲ့နေရာတွေကို သေသေချာချာ ပြန်လေ့လာရင် ရခိုင်တွေ အစုလိုက် အစုလိုက် နေတာ တွေ့ရတယ်။ ရန်ကုန်ကို တက်လာတဲ့ တိုင်းရင်းသားတွေမှာ ရခိုင်လူမျိုးအများဆုံးပဲ။ သူတို့အုပ်စုလိုက်နေရာမှာဆို မွတ်စလင်မ်မပြောနဲ့ ဗမာတောင် အသံကျယ်ကျယ် စကားမပြောရဲဘူး။ လူငယ်ချင်းရန်ဖြစ်ရင်တောင် ရခိုင်တွေက လူကြီးတွေရော ကလေးတွေရော အုပ်လိုက် ၀ိုင်းလုပ်တဲ့အကျင့်ရှိတယ်။ သူတို့ရဲ့စနက်တွေ အများကြီးပါတယ်ဆိုတာ ဟိုးအစောကြီးကတည်းက အစ်ကို့ကို ပြောဖူးတယ်လေ။ မှတ်မိမလားတော့ မသိဘူး။ ရန်ကုန်မှာကို ရခိုင်ဘုန်းကြီးနဲ့ ဗမာဘုန်းကြီးတွေ ခဏခဏ ရိုက်ပွဲဖြစ်တယ်။ ရခိုင်သံဝဲ၀ဲတွေနဲ့ ဆွာကလည်း အရမ်းဆွာတယ်။ ညီမရှေ့မှာကို နှစ်ပွဲ သုံးပွဲလောက် မြင်ခဲ့ဖူးတယ်။ ပြောလိုက်ရင် ရခိုင်ပြည်ကနေ နင်တို့ဗမာကို မကြောက်လို့ တစ်ယောက်တည်း တက်လာတာဆိုတဲ့ စကားပဲ။´
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ကျေးရွာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူက `ကြားမိတယ်။ အတိအကျတော့ မသိဘူး။ ရခိုင်တွေ ပုန်းနေတာတော့ မြင်မိတယ်။ သူတို့က အဆက်အသွယ်ကောင်းတယ်။ တစ်ခုခုဆို ဘုန်းကြီးတွေကို အသုံးချချင်တယ်။ အခုလဲ ဘုန်းကြီးကျောင်းတွေမှာ ၀င်ပုန်းနေတာတွေရှိတယ်။ ဘာရယ်မပြောဘူး။ ဘုန်းကြီးကျောင်းသွားမယ်ဆိုပြီး အထုပ်တွေ အပိုးတွေနဲ့ လစ်ကြတာပဲ။ တချို့က ဘုန်းကြီးဝတ်လိုက်တာလဲ ရှိတယ်လို့ ကြားတယ်။ ဒီမှာ ဘာပြဿနာမှ မရှိဘူး။ အခု ပြဿနာတွေဖြစ်တာက တစ်နှစ်လောက်ပဲ ရှိသေးမယ်။ ဒီမှာက ခရစ်ယာန်များတယ်။ အခုလို အကြမ်းဖက်တာတွေကို ကချင်ကလဲ လက်မခံဘူး။ သူတို့နယ်မြေမှာ ဖြစ်လာရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူးလို့တော့ ကေအိုင်အေက ပြောထားပြီးသားပဲ။ ထင်တာကတော့ သူတို့ကို မောင်းထုတ်တာ ဒါတွေလဲ ပါမယ်ထင်တယ်။´ လို့ ပြောပြသွားပါတယ်။
လေ့လာသူများရဲ့အဆိုအရ သိန်းနဲ့ချီတဲ့ ရခိုင်လူမျိုးတွေဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရှိနေနိုင်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်၊ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ရခိုင်လူမျိုးများစွာဟာ နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက်၍ အလုပ်လုပ်ကိုင်နေကြရတယ်လို့ သိရပြီး ရခိုင်လူမျိုးများတွင် မြန်မာပြည်တွင်း မွေးဖွားသည့် ရခိုင်လူမျိုးများနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြောင်းရွှေ့အခြေချ နေထိုင်ရန်ရောက်ရှိလာသည့် ဘင်္ဂလီလူမျိုးများ ရောနှောနေတယ်လို့ သိရပါတယ်။
--
May Peace Be Upon You
Regards,
Ruby
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:38214] မေ့ချင်ယောင်ဆောင်နေသူများသို့
မေ့ချင်ယောင်ဆောင်နေသူများသို့
၂၀၁၃ ခုနှစ်၊ မေလ (၈) ရက် | TEOL
![]() |
| ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။ |
ကာလာမသုတ္တန် (အနှစ်ချုပ် အချက် ၁၀ ချက်) ကို ဖတ်ဖြစ်ပါတယ်။
(၁) တစ်ဆင့်စကား ပြောလာသော စကားကို မယုံနဲ့အုံး။
(၂) ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး။
(၃) စာအုပ်ထဲက ပြောတဲ့အတိုင်းလည်း မယုံနဲ့အုံး။
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ဟိုနည်း၊ ဒီနည်း ကူးချပြီးလည်း မယုံနဲ့အုံး။
(၆) အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၇) ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့အယူဝါဒ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
မြန်မာပြည်တွင် အကြမ်းဖက်လှုပ်ရှားနေသော ဗုဒ္ဓဘာသာဝင်များခင်ဗျာ...
အသင်တို့ကိုးကွယ်နေသော ဆရာတော်ဘုရားများ၏ မိန့်ခွန်းတော်များကို မေ့လျော့နေကြသလော။?
အစ္စလာမ်မုန်းတီးရေးတရားများ၊ မှားယွင်းသော၊ အခြေအမြစ်မရှိသော လုပ်ကြံဝါဒဖြန့်မှုများနှင့် အစ္စလာမ်ကို တိုက်ခိုက်လျှက်ရှိသော လက်ကမ်းစာဆောင်များ၊ သတင်စာဂျာနယ်များ၊ onlinemedia တို့၏စကားများကို အဘယ်ကြောင့် အလွယ်တကူ လက်ခံလိုက်ကြပါသလဲ။?
( အမှန်တရားကို ဆန်းစစ်ဖေါ်ထုတ်ဖို့ အချိန်တန်နေပါပြီး )
ရင်ဖွင့်သူ » သစ္စာရှင်
--
May Peace Be Upon You
Regards,
Ruby
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
http://www.itn-group.org/
http://www.itn-group.org/ | |
- [Information & Technology Network] je vous présente un sujet
- Noir Lorenzo Aurente shared a link Samsung Galaxy S4 ဟန်းဆက်အား...: "http://www.myanmarmobileapp.com...
- [Information & Technology Network] Pdf မှာ flash တို့ animation ပုံ တို့ ထည့်လို့ ရ...
- [Information & Technology Network] Botnet တွေကို ဘာ language နဲ့ရေပါသလဲ
- [Information & Technology Network] ကယ်ကြပါအုံးရှင် သူများ Stick...
- [Information & Technology Network] New link
- [Information & Technology Network] windows 7
- [Information & Technology Network] bonne journée :)
- [Information & Technology Network] ကျန်တော့် computer မှာ VPN Run လို့ မရတော့ဘူး ......
- [Information & Technology Network] adobe flashplayer လေးရှိရင်ပေးကြပါအုံး
- [Information & Technology Network]်fb အကောင်ကို gmail လိပ်စာသိ၇ုံနဲ့ ဟတ်သွားတယ်ဗျို...
- [Information & Technology Network] New photo
- [Information & Technology Network] PUK code ဆိုတာဘာလဲဗျ
- [Information & Technology Network] 99% New Samsung Galaxy Note 2 Gray With ......
- [Information & Technology Network] ကိုလတ်(ကျွဲဆင်း)နည်းပညာစုစည်းမှု: Internet Download Manager 6.15 B...
- [Information & Technology Network] iPhone 4G 16GB Black Japan Lock With Ori......
- [Information & Technology Network] New photo
- [Information & Technology Network] New photo
- [Information & Technology Network] ကြော်ငြာပေးလို့ ဘာမှမရပါဘူး ဒါပေမယ့်လဲ...
- [Information & Technology Network] Viber for PC...
- [Information & Technology Network] ကျွန်တော့် မင်မိုရီစတစ်ကို...
- [Information & Technology Network] could you please give me help pc to viber phone...
- [Information & Technology Network] ကျွန်တော့်ကွန်ပျူတာက ၀င်းဒိုးတင်တင်ပြီးချင်းကို...
- [Information & Technology Network] ခရီးသည်တင်လေယာဉ်မောင်းတဲ့ဂိမ်းလေးများရှိကြမလားဗျာ...
- [Information & Technology Network] Karen Johnson...
| You are subscribed to email updates from ITN To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |