သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သန်းခေါင်စာရင်းကိစ္စ ဦးသိန်းဇော် သျှမ်း/အရှေ့ ရောက်

Posted: 10 May 2013 04:01 AM PDT

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဦးသိန်းဇော်နှင့်အဖွဲ့ ယမန်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ရောက်ရှိခဲ့ရာ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
U Thein Zawပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဦးသိန်းဇော် (ဓါတ်ပုံ- အင်တာနက်)

" ဦးသိန်းဇော်ဦးဆောင်တဲ့ ၁၁ ယောက်ပါအဖွဲ့ ဟက်စကီးနဲ့ မိုင်းလားကို မနေ့က မွန်းတည့်ချိန်မှာရောက်တယ်။ မွန်းလွဲ ၂ နာရီမှာ ကျိုင်းတုံကိုပြန်သွားတယ်။ သန်းခေါင်စာရင်းကောက်မယ့်အကြောင်းဆွေးနွေးသွားတယ်။ ကျနော်တို့ဘက်ကလဲ စုဆောင်းထားတဲ့စာရင်းတွေပေးလိုက်တယ်" ဟု မိုင်းလား တပ်ဖွဲ့ဝင် တဦးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့သည် မိုင်းလားခေါင်းဆောင်ကြီးများနှင့် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေးကိစ္စအပြင် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကိုပါဆွေးနွေးခဲ့ကြောင်း၊ ယမန်နေ့ညက ကျိုင်းတုံမြို့၌ ပြန်အိပ်ပြီး ယနေ့တွင်လည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြို့တော်ပန်ဆန်းသို့ ထပ်မံသွား ရောက်ဆွေးနွေး မည်ဖြစ် ကြောင်း ကြားသိရသည်။

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

Posted: 10 May 2013 04:01 AM PDT

ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ် ဒေသခံ ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။
chinaတရုတ်ဘက်ခြမ်း နောင်တောင်းရွာတွင် မြန်မာစစ်တပ်၏ လက်နက်ကြီးကျသည့်နေရာ

RCSS/SSA အမှတ် 701 စစ်ဒေသ အခြေစိုက်ရာ နောင်မရွာနှင့် ကပ်နေသည့် တရုတ်ဘက်ခြမ်း နောင်တောင်းရွာ အ တွင်းသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး ၄င်းရွာသား ၁ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း နောင်တောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"တရုတ်ဘက်ခြမ်းက နောင်တောင်းမြို့နယ်ထဲမှာပဲ။ အခုလက်နက်ကြီးကျတဲ့နေရာက နောင်တောင်း ရွာပေါ့။  အဲဒီနောင်မ ရွာရဲ့အနောက်ခြမ်း နည်းနည်းပဲခြားထားတယ်။ ရွာဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်။ ၁နှစ် သားအရွယ် ကလေး တစ်ဦးနဲ့ ၅ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကိုတော့ နောင်ငိမ့်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ် " ဟု ၄င်းဒေသခံက ဆိုသည် ။

ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ညပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး  အစိုးရတပ်များက RCSS / SSA အမှတ် 701 အခြေစိုက်ရာ နောင်မအား သိမ်းပိုက်ကာ နောင်မနှင့် နောင်ခမ်းရွာများတွင် ယနေ့အထိ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည် ။

နှစ်ဘက်တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ ကျဆုံးသူ ၁၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး RCSS /SSA ဘက် မှ တစ်ဦးကျ ၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။
bombနောင်တောင်းရွာတွင်တွေ့ရသော လက်နက်ကြီးကျည်စ

အစိုးရတပ်ဘက်မှ ဒဏ်ရာရသူများ အထဲတွင် အရာရှိများလည်းပါဝင်ကြောင်း သူက ပြောရာတွင် -"နမ့်ခမ်းဆေးရုံကို တော့ စောစောပိုင်းက ၁၁ ယောက်ရောက်လာတယ်လို့ ကြားတယ်။ အဲဒီအထဲက အနည်းအကျဉ်းထိတဲ့ လူတွေ ပြန်ဆင်း တာ ရောဆို အခု ၄ ယောက်ကျန်တယ်။ အဲဒီအထဲမှာ ၆၈ က ကပ္ပတိန်ပါတယ်။ မူဆယ်ဆေးရုံမှာက ၇ ယောက်ရောက် လာတာ ၄၅ တပ်က ဗိုလ်မှူးတစ်ဦးပါတယ် ။ ဒီဗိုလ်မှူးကတော့ ဒဏ်ရာအတော်ပြင်းတယ် " ဟု သူက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများ စစ်ဘေးလွတ်ကင်းရာသို့ ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည် ။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရအပေါ်အဓိကမူတည်နေ RCSS ပြော (ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင်နှင့် ဆက်သွယ်မေးမြန်းချက်)

Posted: 10 May 2013 04:00 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ၇၀၁ စစ်ဒေသအခြေစိုက်ရာ နောင်မရွာကို ယမန်နေ့က အစိုးရတပ်မတော် စကခ ၁၆ က အင်အား ၅၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရဘက်က လက် နက်ကြီးနဲ့မပြတ် ပစ်ခတ်လို့ ရွာမီး လောင်မှာကိုစိုးရိမ်ပြီး စခန်းကနေ စွန့်ခွါခဲ့ရတယ်လို့ RCSS ရဲ့စစ် ဒေသမှူးကပြောပါတယ်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးတည်ဆောက်နေတယ်ဆိုပေမယ့် တဖက်က လည်း အပစ်မရပ်နိုင်သေးတာ ဘာကြောင့်လဲ။ ဒီတိုင်းဆက်သွားနေရင် နိုင်ငံရေးဆွေးနွေးဖို့ဘယ် အခြေအနေရှိနေလဲ။ RCSS/SSA ရဲ့အမြင်ကိုသိရအောင်လို့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင် ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။
YS AMအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်နှင့် RCSS/SSA ခေါင်းဆောင် တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်

မေး။    ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ၇၀၁ စစ်ဒေသဘက်က တိုက်ပွဲပြီးဆုံးသွားပြီ လား။
ဖြေ။    ။ မနေ့က မွန်းလွဲပိုင်း ၃ နာရီလောက်မှာ ကျနော်တို့စခန်းကနေ ဆုတ်ပေးလိုက်ရပါတယ်။ သေနတ်သံတော့မငြိမ်သေးဘူး။

မေး။    ။ ဘာကြောင့် ဒီအခြေအနေအထိ ဖြစ်ရသလဲခင်ဗျ။
ဖြေ။    ။ အခုတိုက်ပွဲက - အပစ်ရပ်ကတည်းက ကျနော်တို့ကို ဒီနေရာမှာ မနေစေချင်ဘူးလေ။ တရုတ်နယ်စပ်မှာဖြစ်တဲ့ အတွက်ရယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ကျနော်တို့ တစိုက်မတ်မတ်လုပ်နေတဲ့အတွက်ကြောင့်ရယ်၊ ဂက်စ်ပိုက်လိုင်းလမ်းနဲ့နီးတဲ့အတွက်ကြောင့်ရယ်ပေါ့။ ကျနော်တို့ကို အစ ကတည်းက ရွှေ့ခိုင်းတယ်။ အရင်ကတည်း ကျနော်တို့ နေလာခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ကလဲ မရွှေ့ဘူး။ နောက်ပိုင်း ကျနော်တို့ မခွါ ခွါအောင် သူတို့လုပ်တော့ တာ ဘဲ။ ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ၊ တရုတ်အာဏာပိုင်တွေနဲ့ လက်တွဲပြီးလုပ်နေတာကို သူတို့ မျက်စိဆံပင်မွှေးစူးနေတာလေ။ ဒါကြောင့် ကျနော်တို့ကို အဲဒီမှာပေးမနေချင်ဘူး။

ကျနော်တို့ကို တနစ်တကျ စီမံကိန်းချပြီးလာတိုက်နေတဲ့အပေါ်ကြည့်ရင် မြန်မာစစ်တပ်ဟာ  ငြိမ်းချမ်းရေးကို အလေးမထား ဘူး။ ငြိမ်းချမ်းရေးပျက်ချင်ပျက်ပါစေ။ တရုတ်နယ်စပ်ကိုတော့ သူတို့ မရအရ တိုက်ယူမှာဘဲဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်နေ တာဖြစ်တယ် ဆိုတာ ပွင့်ပွင့်လင်းလင်းမြင်နေရပါတယ်။ ကျနော်တို့အနေနဲ့တော့ အပစ်ရပ်ထားတဲ့အဖွဲ့အားလုံးအပေါ် ဆိုးကျိုးမသက်ရောက်အောင် သတိနဲ့ လုပ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လဲ တိုင်ပင်နေပါတယ်။ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာပေါ့။  တကယ်လို့ အခြေအနေက ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်မှန်းချက်က အောင်မြင်မယ့်လမ်းမရှိရင်၊ တကယ်လို့ အစိုးရနဲ့  စစ်တပ်နဲ့ပေါင်းပြီး ကျနော်တို့တိုင်းရင်းသားတွေကို ဆက်လက်ဖိအားပေးမယ့် အနေအထားတွေ့နေရမယ်ဆိုရင်တော့ အစိုးရကြိုးစားတည်ဆော်ကနေတဲ့ ငြိမ်းချမ်းရေးဟာ အောင်မြင်မယ့်လမ်းမတွေ့ရဘူး။

မေး။    ။ ဦးအောင်မင်းက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တိုင်းမှာ -  တိုင်းရင်းသားတွေဆီက ယူဖို့မဟုတ်ပါဘူး။ ပေးဖို့အတွက်အခုလိုတွေ့ဆုံရတာပါလို့ပြောပါတယ်။ ဆိုတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ အထိ RCSS/SSA အနေနဲ့ အစိုးရဆီက ဘာတွေကိုရခဲ့ပြီး ဘာတွေကိုပေးခဲ့ရသလဲ။

ဖြေ။    ။  အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အစိုးရကကမ်းလှမ်းလာစဉ် ၂၀၁၁ ကတည်းကနေ အခုချိန်အထိ ဦးအောင်မင်းပြောတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အချက် ၄ ချက်ဖြစ်တဲ့ ၁- အပစ်ရပ်ရေး ၂- နယ်မြေဖွံ့ဖြိုးရေး ၃- နိုင်ငံရေးဆွေးနွေးချက် ၄- ငြိမ်းချမ်းရေးထာဝရတည်ဆောက်ရေး ဆိုတဲ့အချက် ၄ ချက်ထဲမှာ အကောင် အထည်ဖော်နိုင် တာ တချက်မှမရှိဘူး။ အပစ်ရပ်ရေးဆိုတဲ့အလွယ်ဆုံးအချက်တောင်မှ တွေ့တဲ့နေရာမှာ အခုထိ ချနေကြ တုန်း  ပါ ဘဲ။  နယ်မြေဖွံ့ဖြိုးရေးအတွက်ဆိုတာကလဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပြင် စီးပွါးရေးလုပ်ငန်းရှင်တွေက ကျနော်တို့ သျှမ်းပြည်ထဲမှာရှိတဲ့ မြေပေါ်မြေအောက်သဘာဝ သယံဇာတတွေကို ကိုယ်ကျိုးစီးပွါးအတွက် ခုတ်ဖြတ်တူးဖော် ယူနေကြတယ်။ အစိုးရဆီမှာအခွန်ဆောင်ပြီး လုပ်နေကြတာလေ။ ဒါဆိုရင် ဦးအောင်မင်းပြောသလို အစိုးရဆီက ကျနော်တို့ ရလိုက်တာ - မဟုတ်ဘူးလေ။ အစိုးရကို ကျနော်တို့ကဘဲ ပေးနေရတယ်လေ။

မေး။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်ကကော။

ဖြေ။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်လည်း လမ်းတောင်မမြင်သေးဘူး။ ဘဲဥအစ ရှာမရဆိုသလိုဘဲ။  အာဆီယံဥက္ကဌဖြစ်ဖို့ အစိုးရက ကြိုးစားပြနေတာဘဲဖြစ်တယ်။ ကျနော်တို့ယုံရင် အစိုးရဆွဲတဲ့အကွက်ထဲ ဝင်သွား လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးမယ် လို့ထပ်ပြောလာရင် အကောင်အထည်ဖော်ဖို့ ပိုပြီးတော့တောင်ခက်သွားမယ်။   တခြားတိုင်းရင်းသားတွေလဲ ကျနော်တို့လိုမြင်ရတယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဦးအောင်မင်းဆီကဘဲ ဖြစ်ဖြစ် အစိုးရဆီကဘဲဖြစ်ဖြစ် ကျနော်တို့ ဘာမှမရသေးပါဘူး။

မေး။    ။ အဲလိုဆိုရင် ဘယ်လိုဖြေရှင်းမလဲ။

ဖြေ။    ။ ကျနော်တို့ တိုင်းရင်းသားတွေဟာ စစ်ဆိုတာကြီးကိုခါးခါးသီးသီးမုန်းနေကြပြီ။ နှစ်ပေါင်း ၆၀ ကြာအောင်ခံနေရတဲ့ အတိတ်ခါးတွေကိုစွန့်လွတ်ချင်ပြီ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ပြီ။ တခြား သော တိုင်းရင်းသားတွေလဲ ကျနော်တို့ကဲ့သို့ခံစားနေရတယ်လို့ ထင်ပါတယ်။ သို့ပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်နေရုံနဲ့ မပြီးသေးပါဘူး။ အစိုးရက ငြိမ်းချမ်းရေးတကယ်လုပ်ဖို့ စေတနာမရှိရင်  အောင်မြင်မှုရှိမှာမဟုတ် ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရအပေါ်မှာ အဓိက မူတည်နေပါတယ် လို့ပြောရတာဖြစ်ပါတယ်။

ဧပြီလနှောင်းပိုင်းက ရပ်ရွာထဲမှာ ဓါတ်ပုံ၊ ပစ္စည်းလှည့်ရောင်းနေတဲ့ ဗမာအမျိုးသား ၄ ဦးပျောက်ဆုံးမှုဟာ သျှမ်းပြည်တပ်မ တော်ရဲ့လက်ချက်လို့ မြန်မာစစ်တပ်ကစွပ်စွဲပြီး သူတို့ကိုပြန်လည်အပ်ပေးဖို့ တောင်းလာခဲ့ပါတယ်။ သျှမ်းပြည်တပ်မ တော် က မဖမ်းထားရကြောင်းပြန်လည်အကြောင်းကြားပြီးနောက် စခန်းကိုရှာဖွေဖို့ မြန်မာစစ်တပ်က တောင်းဆိုလာပြီး RCSS ရဲ့တင်းခါးစခန်းကို မေလ ၃ ရက်က မီးရှို့သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာစစ်တပ်ဟာ အင်အား ဖြည့်တင်း ပြီး တိုက်ခိုက်တာကြောင့် မေလ ၉ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မ တော်ရဲ့ အမှတ် ၇၀၁ စစ်ဒေသ အခြေချရာ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မရွာကိုဝင်ရောက် သိမ်းပိုက်ခဲ့တာဖြစ်ပါ တယ်။

“၀” ထောင်သောမိုင်းကြောင့် နယ်စပ်တွင် တုန်လှုပ်ခြောက်ခြား

Posted: 10 May 2013 03:59 AM PDT

သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်  နယ်စပ်တွင် သင်္ကြန်ကတည်းက မြေမြုပ်မိုင်း များ ဆက်တိုက်ပေါက် ကွဲ လာသည်မှာ   ကလေးအပါအဝင် အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည် ဟု ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။
ပျက်စီးမှုတွင် နွားများ အပြင် အခြားအိမ်မွေးတိရိစ္ဆာန်များလည်းပါဝင်ကြောင်း ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ယနေ့မနက်တွင် ပြောကြား ခဲ့သည်။

mongton
"မိုင်းတွေကို "၀"ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ရဲ့ ထိုင်း - မြန်မာနယ်စပ် အခြေစိုက် ၁၇၁ စစ်ဒေသ က ထောင်တာ။   ထိုင်းမှာ မူးယစ်ဆေး ဖမ်းမိတိုင်း ၀ ကိုဘဲလက် ညှိုးထိုးကြလို့မူးယစ်ဆေးနဲ့ ပတ်သတ်လာယင် "၀"  ဂုဏ် သတင်း တွေကို ထိန်းသိမ်းကာ ကွယ်ဖို့လို့ ၀ ဘက်က ပြောပါတယ်။  ဒါ့အပြင် ၀ နဲ့ ဗမာ့တပ်မတော်ကြားက တင်းမာမှုက လည်း နောက် အကြောင်းအရင်းတစ်ခုလို့ ကျနော်တို့ထင်တယ် "  ဟု ၎င်းကဆက်၍ ပြောသည်။

နှစ်ဖက် ဆက်ဆံရေးတင်းမာလာသည်မှာ UWSA ၏ မြောက်ပိုင်း မှ မဟာမိတ် များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA) ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ဗမာ့တပ် မတော် တို့ တိုက်ပွဲများစတင် ပြင်းထန် လာကတည်းက ဖြစ်သည်။

မိုင်းတုံမြို့နယ်တွင် ဗမာ့တပ်မတော်သည် ယခုလဆန်းအတွင်းထူးခြားသောလှုပ်ရှားမှုများကိုစတင်လာပြီဟု ဒေသခံများက ဆိုသည်။

-ယခင်က ရုပ်သိမ်းသွားသည့် လက်နက်ကြီးများကို UWSA ထိန်းချုပ်နယ်မြေ မိုင်းကျွတ်မြို့ လွယ်ခီလိတ်တောင်သို့ ပြန်လည် ပို့ထားခြင်း
-ကျေးလက်အတွင်း တိုက်ကင်းလှည့်လည်ခြင်းများ ပြန်လည် ပြုလုပ်လာခြင်း  နှင့်
-အနီးအနားမြို့နယ်များရှိ တပ်များလည်း အင်အားဖြည့်တင်းခြင်း  တို့ဖြစ်ကြသည်။

UWSA  မှ မိုင်းတုံမြို့နယ်အတွင်း မှီတင်းနေထိုင်သူတို့အား ထိုင်းသို့ သွားသော် -

- BP1 ဟုလူသိများသည့် မိုင်းတုံ - ပုံပါကျင် - နောင်အွတ် (အရူနိုးထိုင်း) လမ်းကြောင်း  နှင့်
-မိုင်းတုံ - နားကောင်းမူး - တာကွမ် - ခေါက်ဝိုး - ဟွေပါခီး - နောလဲ - ဖှန် လမ်းကြောင်း  လမ်းကြောင်း၂ ခု ကိုသာအသုံးပြုရန် သတိပေး ခဲ့ကြောင်း  ချင်းမိုင်မြို့ နှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော ဖှန်မြို့နေ ဒုက္ခသည်ကူညီပေးနေသည် တစ်ဦးက  ပြောခဲ့သည်။

နယ်စပ်ကြားတွင် မိုင်းတွေထောင်မထားသင့်ဟု ထိုင်းလုံခြုံရေးအရာရှိက သျှမ်းသံတော်ဆင့်အားပြောခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် ၁၉၉၇ တွင် ကျင်းပခဲ့ သော မိုင်းထောင်စစ်ဆင်ရေး ကန့်ကွက်တားဆီးရေး ဆွေးနွေးပွဲတွင် လက်မှက်ရေးထိုးခြင်း မရှိခဲ့ပေ။ လက်ထိုးခြင်း မပြုခဲ့သည့် နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင်ပါဝင်သည့် တရုတ်၊ ရှရှား နှင့် အမေရိကန် တို့လည်း လက်မှက်ရေးထိုး ခြင်းမရှိခဲ့ပေ။

မြန်မာတပ်စခန်းအတွက် ရွာသားများအား သောက်သုံးရေ နေ့စဉ် ခပ်ပေးခိုင်း

Posted: 10 May 2013 03:58 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းရွာသားများက မြန်မာတပ်စခန်းအတွက် နေ့စဉ် သောက်သုံးရေ သွားခပ်ပေးနေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရပါသည်။


"ဗမာစစ်သားတွေ စခန်းတဲ့ နေရာက ရေမရှိဘူးလေ။ ရွာသားတွေကို လုပ်အားပေး ခပ်ပေးခိုင်းတော့  အလုပ်ပျက် အကိုင် ပျက် ဖြစ်ရတော့တယ်။ နေ့တိုင်း အလှည့်ကျ ဆိုင်ကယ် ၅ စီးနဲ့ပေါ့။ ပြီးခဲ့တဲ့လကတည်းက လုပ်ပေးနေရတာ။ ဒီလလဲ မရပ်သေးဘူး။ ဒီမိုကရေ စီလို့သာ ပြောတယ်။ ဒီလိုအဓမ္မ ခိုင်းစေမှုတွေက ရှိနေတုန်း" ဟု လားရှိုးရောက် နမ့်လောဝ်းဒေသခံ တဦးက ပြောပါသည်။

မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းအခြေစိုက် ခလရ ၆၇ က နမ့်လောဝ်းအရှေ့ဘက် ၂ မိုင် ခန့်အကွာ လွယ်မုံမိဏ်းတောင်သို့ ပြောင်းရွှေ့သွားကြောင်း၊ စစ်အင်အားမှာ ၆၀ ကျော်ရှိကြောင်း သိရပါသည်။

ထိုသို့မြန်မာစစ်တပ်လှုပ်ရှားသွားလာနေမှုကြောင့် ဒေသတွင်းစခန်းချ အစိုးရစစ်ကြောင်းများ ကလည်း ရွာသားများအပေါ်တင်းကျပ်မှုများပိုရှိလာကာ ၁၀ မိုင်အကွာရှိလယ်ယာမြေများသို့သွား ရောက်လုပ်ကိုင်လိုပါကလည်း အစိုးရစစ်တပ်အား အကြောင်းကြားရကြောင်း၊ ထို့ကြောင့် ရွာသားများမှာ တခြားသို့ပြောင်းရွှေ့သွားကြသည်များလည်းရှိကြောင်း တန့်ယန်းရောက် မိုင်းကောင်ဝ်ဒေသခံတဦးကပြောသည်။

[New post] ဘယ်သူအကြမ်းဖက်ဖက် လက်မခံ၊ တာဝန်ရှိသူတွေ တာဝန်ယူရမယ် – ဟံသာဝတီဦးဝင်းတင်

admin posted: " "မပြောမပြီး မတီးမမြည်" တဲ့။ ဗမာဆိုရိုးစကားရှိတယ်။ ဟုတ်တာပေါ့ဗျာ။ မတီးမှတော့ ဘယ်ဗုံက မြည်လိမ့်မတုံး။ ဘယ်မောင်းက ဟည်းလိမ့်မတုံး။ မှန်လိုက်လေ။ ဒါပေမယ့် မပြောမပြီးဆိုတာကတော့ မမှန်တမှန်ပဲဗျ။ ပြောတိုင်း ပြီးတာမှ မဟုတ်တာ။ မပြီးတာ ဘာတတ်နိုင်မလဲ။ မပြီးမှတော့ ထပ်"

[New post] ပြည်သူ့ ဘက်တော်သားလက်မရွံ့ သတင်းစာဆရာကြီး ဦးဝင်းတင် (၂၀၁၃) ပုံတူ

admin posted: "  ပြည်သူ့ ဘက်တော်သားလက်မရွံ့ သတင်းစာဆရာကြီး ဦးဝင်းတင် (၂၀၁၃) ဆရာ နေကောင်းကျန်းမာ အသက်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းပါ၏။ ပန်းချီသန်းဋ္ဌေးမောင်၊ မေ ၁၁၊ ၂၀၁၃ (ဖေ့စ်ဘွတ်ကနေ ယူပါတယ်)"

[mrsorcerer:38232] Fwd: [လူဗိုလ်ဟူသည် ...] နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Fri, May 10, 2013 at 10:18 AM
Subject: [လူဗိုလ်ဟူသည် ...] နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
To: lubo601@gmail.com


Sovereignty &amp; Constitution YMT by Lu Bo



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/11/2013 12:18:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38230] Fwd: [လူဗိုလ်ဟူသည် ...] အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…
To: lubo601@gmail.com



တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်…… ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်….. ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..

အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

"လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ "
အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့….. ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး…. နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်… အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ…. ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့… ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်… ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..
"လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက …………………. သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ"
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ… ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…"ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ" လို့ လှမ်းမေးလိုက်တယ်…. "သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…"လို့ပြန်ပြောလိုက်ပါတယ် ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..??? အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………????? Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အမတ်ကြီးရွေးချယ်လိုက်တာကတော့ " မင်းသဘောအတိုင်းပါဘဲကွာ "
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
"အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် "
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်……… ………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးနော်……….

(သင်လဲဒီပုံပြင်လေးကို ဖတ်ပြီးရင် မှတ်ချက်လေးတော့ ပေးခဲ့နော်)
http://aungthetkhing.blogspot.com/2013/05/blog-post_4557.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:49:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38230] Fwd: [လူဗိုလ်ဟူသည် ...] “ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခြင်း…”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] "ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခြင်း…"
To: lubo601@gmail.com


ယနေ့မြန်မာလူထုအတွင်း၌ အထူးစိတ်ဝင်စားဖွယ်ဖြစ်လျှက်ရှိသော အဆိုပါ ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်…
အစကနဦးအနေဖြင့် ဒေါက်တာဆိတ်ဖွား၏ အမည်နာမကို သေချာစွာ သုံးသပ်ကြည့်ခဲ့ရာမှာ အမည်၌ ဒေါက်တာဟု သုံးစွဲပါရှိခြင်း၊ ၄င်းဒေါက်တာ၏နောက်၌ ဆိတ်ဖွားဟု ထပ်မံပေါင်းစပ်ထားခြင်းတို့ကြောင့် မြည်သံစွဲအလင်္ကာ "ဒေါက်" နှင့် အများဆိုင်နာမ် "ဆိတ်" တို့ကို ဦးစားပေးမှည့်ခေါ်ထားသည်ကို ထောက်ရှုကာ အများကို မြည်ဟည်းတုန်ခါစေအောင် တံခါးခေါက် လိုက်နိုင်သော အများဆိုင်နာမ်တစ်ခုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်…
ဤသည်ကို ပါးနပ်ကျွမ်းကျင်သော ဒေါက်တာဆိတ်ဖွားအနေဖြင့် တစ်ဦးပိုင်နာမ်အဖြစ် ရပ်တည်နိုင်စေရန် "ဒေါက်တာဆိတ်ဖွား" ဟု ပြောင်းလဲမှည့်ယူသုံးစွဲကာ မျက်လှည့်ပြထားသည်ကိုလည်း ထပ်မံတွေ့ရှိရပြန်ပါတယ်…
ပုဂ္ဂိုလ် သတ္တ၀ါ ခွဲခြားကြည့်ရာ၌ ၄င်း၏ အမည်နာမရှေ့တွင် "ဒေါက်တာ"ဟု ထူးခြားစွာ ပါရှိနေသဖြင့် လူနှင့် အလားသဏ္ဍာန်တူသော သတ္တ၀ါတစ်ဦးဖြစ်နိုင်ချေရှိသည်ဟု လေ့လာသုံးသပ်နိုင်ခဲ့ပြန်ပါတယ်… အကယ်၍ လူဖြစ်ခဲ့မည်ဆိုပါက ၄င်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှ နှစ်ကာလကြာမြင့်စွာ တက်ရောက်ရသော ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်နိုင်သလို တရုတ်နိုင်ငံ၌ ၅ ရက်မျှသာတက်ရောက်ကာ ချီးမြင့်ပေးသော ဒေါက်တာဘွဲ့ကို ရရှိခဲ့နိုင်သူဖြစ်သည်ဟုလည်း အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့ပြန်ပါတယ်… သို့သော် ၄င်းသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အဖြေများ၌လည်းကောင်း၊ သစ်ထူးလွင်ဝက်ဆိုက်၌လည်းကောင်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ကို တွေ့ရှိရပြန်သဖြင့် ဇော်ဂျီဖိုဝင်သားစားဖူးသော ဗျတ်ဝိ ဗျတ္တညီနောင်ကဲ့သို့ မြေလျှိုး မိုးပျံနိုင်သည့် အစွမ်းရှိသူဟုလည်း ခန့်မှန်းနိုင်ရပြန်ပါတယ်…
"လူ"ဟု ခိုင်မာစွာတည်ဆောက်ပြောဆိုရန် ခိုင်လုံသည့်အချက်များမှာ ၄င်းသည် ကွန်ပျူတာကို သုံးစွဲကာ အွန်လိုင်းစာမျက်နှာ၌ စာရေးနိုင်သည်အထိ စွမ်းပကားရှိခဲ့သောကြောင့် လူဖြစ်သည်မှာ ၉၉.၉၉ ရာခိုင်နှုန်းနီးပါးသေချာနေသည်ဟုလည်း စစ်ဆေးတွေ့ရှိခဲ့ပြန်ပါတယ်… သို့သော် ၄င်းလူသည် ကွန်ပျူတာ မရှိခဲ့သည် ကျောက်ခေတ်များဘက်၌ မီးသွေးခဲကို အသုံးပြုခဲ့နိုင်ခြင်း၊ ကျောက်ခေတ်မှတဆင့် တဖြည်းဖြည်း ယဉ်ပါးလာသည့် လူ့သက်တမ်းများအတွင်း၌ မီးခြစ်ဆံ၊ မြေဖြူ၊ ခဲတံ၊ ဘော့ပင်၊ ဆော့ပင်နှင့် နှုတ်ခမ်းနီတောင့် များကိုပါ အသုံးပြုရေးသားနိုင်မည်ဖြစ်ခြင်းစသော သမိုင်း၏ ကောက်ကြောင်းများကို ခြေရာခံစစ်ဆေးနိုင်ခဲ့ပြန်ပါတယ်…
၎င်းစားသောက်နိုင်သော အစားအစာများကို အနီးစပ်ဆုံးအဖြေရှာကြည့်ခဲ့ရာ၌ ယေဘူယျအားဖြင့် ဖြစ်နိုင်ခြေရှိသည်များမှာ အစားအစာများ၌ ထမင်းနှင့်ဟင်း (သို့မဟုတ်) ခေါက်ဆွဲ၊ သောက်စရာများ၌ ရေနှင့် အအေးတို့ဖြစ်နိုင်ချေရှိသည်ဟု ကောက်ချက်ချခဲ့ရပြန်ပါတယ်… သို့သော်၎င်း၏ အမည်နာမ ဒုတိယ နေရာ၌ ဆိတ်ဖွားဟု ပါရှိခဲ့ပြန်သဖြင့် သစ်သီး သစ်ရွက်နှင့် သစ်ဥ သစ်ဖတ်များကိုစားသုံးကာ ရေတစ်မျိုးတည်းကိုသာ သောက်သုံးလိမ့်မည်ဟုလည်း ဒွန်တွဲဆုံးဖြတ်ရပြန်ပါတယ်…
အသုံးအဆောင်ပစ္စည်းများနှင့် ဆက်စပ်တွေးခေါ်ကြည့်ခဲ့ရာ၌ ၄င်းသည် ဒေါက်တာဖြစ်ခဲ့မည်ဆိုပါက နားကြပ်၊ ဇာဂနာ၊ ဂွမ်းဖတ်နှင့် ဆေးထိုးအပ်တို့ကို ၄င်း၏ လက်အတွင်း၌ ကိုင်ဆောင်နိုင်မည်ဖြစ်ကာ ခြေထောက်၌ ညှပ်ဖိနပ်နှင့် ရှူးဖိနပ်တို့ကို ၀တ်ဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုရပြန်ပါတယ်… အကယ်၍ ဆိတ်ဖွားဖြစ်ခဲ့မည်ဆိုပါက ၄င်းပိုင်ဆိုင်သော ဦးချိုကိုသာ လှုပ်ရမ်းမည်ဖြစ်ကာ မည်သည့် (Foot Wear) မျှ ၀တ်ဆင်လိမ့်မည် မဟုတ်ကြောင်း လေ့လာသုံးသပ်ရပြန်ပါတယ်… မည်သို့ပင်ဖြစ်စေ ၄င်း၏လှုပ်ရမ်းချက်တို့မှာ လွှတ်တော်ကိုပင်တုန်လှုပ်နိုင်ခဲ့ပြန်သဖြင့် သာမာန် ဦးချိုများနှင့်မတူသော မဟော်သဓာ လက်ထက်၌ ပေါက်ပွားခဲ့သည့် ဦးချိုမျိုးဖြစ်နိုင်ချေရှိနေသည်ကိုပါ ထည့်သွင်းအဖြေရှာခဲ့ရပြန်ပါတယ်…
သွားလာလှုပ်ရှားမှု့များနှင့် စပ်လျှဉ်း၍ လေ့လာသုံးသပ်ခဲ့ရာ၌ ဒေါက်တာဟူသော နာမ်စား၏အောက်တွင် ခြေဖ၀ါးရှေ့ဖျားနှင့် ခြေဖနောင့်တို့ကို သုံးစွဲကာ ၁ ပေသာသာ ကျယ်ဝန်းသော ခြေလှမ်းတို့ဖြင့် နှေးနှေးမြန်မြန်သွားနိုင်မည်ဖြစ်သလို ဆိတ်ဖွားဟူသော အမည်နာမ၏ အောက်တွင် ခြေဖနောင့်မပါရှိဘဲ ခြေဖ၀ါးကိုသာ သုံးစွဲကာ ၁ ပေထက်အနည်းငယ်မျှ နည်းသော အကွာအဝေးတို့ဖြင့် အနှေးအမြန် လှမ်းယူနိုင်မည်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြန်ပါတယ်…
အ၀င်အထွက်နှင့် ပတ်သက်ဆက်နွယ်၍ လေ့လာကြည့်ခဲ့ရာ၌ ၄င်းသည် ကျောက်ခေတ်ကာလများ၌ ဂူသို့ဝင်နိုင်ထွက်နိုင်ချေရှိပြီး ၂၁ ရာစု အစောပိုင်းကာလများ၌ နာမ်လောကသားများ သာမာန်သာ ၀င်လေ့ထွက်လေ့ရှိသော  ခြင်ထောင်နှင့် တံခါးပေါက်များသို့ ၀င်နိုင်ထွက်နိုင်မည်ဖြစ်ကာ ၂၁ ၏နောက်ပိုင်း ကာလများဘက်၌ အင်တာနက်စာမျက်နှာများဆီသို့ပါ ထူးခြားစွာဝင်နိုင်ထွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပြန်ပါတယ်…
အသံပြုခြင်းနှင့် ပြောဆိုခြင်းတို့ပြုမူရာ၌ နာမ်လောကသားတို့နှင့် အနီးစပ်ဆုံးဖြစ်သော အသံများကိုသာ ထွက်ပေါ်စေနိုင်လိမ့်မည်ဖြစ်ပြီး ၄င်း၏ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း၊ လျှာ၊ အာသီးနှင့် သွားတို့ကို အသုံးပြုကာ (အ၊ အိ၊ အော၊ အဲ၊ ပဲ၊ ကျိကျိ) စသော မြည်သံများ ထွက်ပေါ်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်ခဲ့ရပြန်ပါတယ်…
ဓာတ်သဘာဝများနှင့် ဆက်စပ်၍ တွေးခေါ်ချဉ်းကပ်ကြည့်ခဲ့ရာ၌ ၄င်းသည် ဥတုသုံးမျိုးရှိသော မြန်မာပြည်အနီးတစ်ဝိုက်၌ ပေါက်ပွားရှင်သန်ခဲ့မည်ဆိုပါက နွေဥတုတွင် ပူခြစ်ခြစ်ဓာတ်သဘာဝကို ဖြစ်ပေါ်ခံစားစေနိုင်ခြင်း၊ မိုးဥတု၌ စိုစွတ်စွတ် ရွှဲတဲတဲ ဓာတ်သဘာဝနှင့်နီးစပ်မှု့ဖြစ်ပေါ်စေနိုင်ခြင်းနှင့် ဆောင်းဥတု၌ အေးစက်စက် မာကျောကျော ဓာတ်သဘာဝအဖြစ် ပြောင်းလဲစေနိုင်ခြင်းတို့ကို ဓာတ်ခွဲတွေ့ရှိခဲ့ရပြန်ပါတယ်…
ဖော်ပြပါ ၄င်း၏ စွမ်းပကားများစွာထဲမှ အံ့မခန်းစွမ်းပကားတစ်ခုကို ရွေးချယ်ဖော်ထုတ်ခဲ့ရာ၌ ၄င်းသည် စာတစ်ပုဒ်မျှရေးရုံဖြင့် မြန်မာတစ်ပြည်လုံးကို ကျော်ကြားတုန်လှုပ်စေခဲ့သောကြောင့် ဂရင်းနစ်စံချိန်ဝင်နိုင်သော ကမ္ဘာ့အထူးခြားဆုံး စာရေးဆရာကြီးအဖြစ် အတည်ပြုခဲ့နိုင်ပြန်ပါတယ်… ထို့ပြင်၎င်းသည် ကော်မရှင်အုပ်စုဖွဲ့၍ ရှာဖွေပါသော်လည်း မတွေ့ရှိခြင်း၊ တွေ့ရှိပြန်သော်လည်း မသေချာခြင်း၊ သေချာစွာတွေ့ရှိခဲ့ပါသော်လည်း ထုတ်ဖော်ပြောဆိုရန်ခက်ခဲနေခြင်းတို့ကြောင့် ၄င်းနေထိုင်ရာအရပ်သည် လူတို့နှင့်ဝေးကွာသော နာမ်လောက တစ်ခုခုဖြစ်နိုင်ကြောင်းကိုပါ ပူးတွဲအတည်ပြုနိုင်ခဲ့ပြန်ပါတယ်…
ကြောက်မက်ဖွယ်ကောင်းသည်မှာ ၄င်းအားစစ်ဆေးဖော်ထုတ်နေချိန်၌ ၄င်းနှင့် ဆင်တူသော "ဒေါက်တာဂုတ်ကျား" ဟု ထပ်မံပေါ်ထွက်လာခဲ့ပြန်သဖြင့် စစ်ဆေးရခက်ခဲသော ကြီးမားသည့် အရှုတ်အထွေးကြီးများဖြစ်လာနိုင်သည်ကိုပါ သဲလွန်စအနေဖြင့် တွေ့ရှိနေရပြန်ပြီဖြစ်ပါတယ်…
မည်သို့ပင်ဖြစ်စေ ဒေါက်တာဆိတ်ဖွားအား လွှတ်တော်အတွင်း၌ တည်ရှိနေသည်ဟု သုံးသပ်မှု့များ ရှိခဲ့ပါသော်လည်း ၄င်းသည် ရံဖန်ရံခါ အိမ်သို့ပြန်နိုင်ချေရှိခြင်း၊ အိပ်ယာတစ်ခုခု၌ အိပ်နိုင်ချေရှိခြင်းနှင့် မိုးလင်းပါက မျက်နှာများပင် သစ်နိုင်ချေရှိခြင်းတို့ကိုပါ နာမ်လောကဘက်မှ ဆက်စပ်လေ့လာခဲ့ရပြန်ပါတယ်…  
အချုပ်အနေဖြင့် စုံစမ်းစစ်ဆေးတွေ့ရှိခဲ့သော အဖြေများအား ခြုံငုံသုံးသပ်လေ့လာကြည့်ခဲ့ရာမှာ ၄င်းဒေါက်တာဆိတ်ဖွားသည် ကွန်ပျူတာမှန်ပြင်နှင့် အနီးကပ်ဆုံးနေရာတစ်ခု၌ ရေ (သို့မဟုတ်) အအေးတစ်ခုခုသောက်ကာ ပြုံးစိစိဖြစ်လျှက်ရှိသော မျက်နှာကိုပိုင်ဆိုင်နိုင်သည့် နာမ်လောကသားတစ်ဦး ဖြစ်နိုင်ချေရှိသည်ဖြစ်ကြောင်း သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်…

လေးစားစွာဖြင့်…
ဖိုးအောင်(နည်းပညာ)

http://pyawsayarkabarlay.ning.com/profiles/blog/show?id=6579402%3ABlogPost%3A110659&xgs=1&xg_source=msg_share_post


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:46:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38229] Fwd: [လူဗိုလ်ဟူသည် ...] ရွှေနန်းဆီသို့ (၁-ခ)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] ရွှေနန်းဆီသို့ (၁-ခ)
To: lubo601@gmail.com



Photo: ရွှေနန်းဆီသို့ (၁)    ( ခ ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ။    မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။   မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊မိမိ၏အမိမြေသည် မည်သို့သောအခက်အခဲများကိုကျော်ဖြတ်လာရသလဲ ၊မြန်မာဟူသောခေါင်းစဉ်အောက် နားလည်မှုများကို မည်မျှအချိန်ပေး တည်ဆောက်ခဲ့ရသလဲ ၊တချိန်က မည်သို့သော ပြင်မရသည့် အမှားများ ကျုးလွန်ခဲ့ကြသလဲ ၊ထိုအမှားများထဲမှ မည်သည်ကို သင်ပုန်းချေ၍ မည်သည်ကို အတုယူရမလဲ၊ လူမျိုးခြား များကအမေးရှိလာသော် အပြောသွက်သွက် အပြောမခက်ဖို့ မြန်မာ့သမိုင်း ( တိုင်းရင်းသားများအပါအဝင်) ကိုလေ့လာထားသင့်ပါသည်။    မြန်မာအစ-တကောင်းက ဟူသောယူဆချက်မှာ မြန်မာတို့သည် ကျောက်ချောခတ်နှင့် ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်းကာလ ကတည်းက ရောက်ရှိနေထိုင်မြို့ပြထူထောင်ခဲ့သော လူမျိုးဖြစ်သည် ဟူသောအယူအဆဖြစ်သည်။   မြန်မာအစကျောက်ဆည်က ဟူသောအယူအဆမှာကား မြန်မာတို့သည် အေဒီ ၉ ရာစုကျော်တွင်း ခေတ်လယ်ပဒေသရာဇ်စနစ် ထွန်းကားနေပြီဖြစ်သော အချိန်ကာလ မှသာ ရောက်ရှိနေထိုင်သူများဖြစ်သည်ဟူသောအယူအဆဖြစ်သည်။    ကိုလိုနီ အင်္ဂလိပ်နယ်ချဲ့နှင့် တကောင်းပေါ်အငြိုး။    မြန်မာအစ တကောင်းကဟူသောစကားမှ တိုက်ရိုက်ပေါ်ထွက်လာသော အဓိပ္ပါယ်မှာ မြန်မာနိုင်ငံအတွင်းရှိမြန်မာတို့သည် တကောင်းအရပ်တွင်စတင် မြို့ရွာတည်ထောင်၊ ထီးနန်းစိုက်ထူ သည်ဟူသောအနက်ကိုရ၏။ ပထဝီအနေအထားအရလည်း တရုတ်နှင့် အိန္ဒိယ ကုန်သွယ်ရာ ပိုးလမ်းမကြီး နှင့်နီးစပ်၏။တကောင်းတွင် ယနေ့တိုင်တူးဖော်ဆဲ အုတ်ဖြင့်ဆောက်လုပ်ထားသော မြို့ရိုးဟောင်းကြီးများကိုတွေ့ရ၏ ။ မြို့ရိုးကိုပတ်လျက် ဧရာဝတီမြစ်မှ ရေသွင်းယူထားသော ကျုံး လည်း ရှိပါသည်။ထို့ကြောင့်မြန်မာရာဇဝင်များ တွင်မှတ်တမ်း တင်ထားသော တကောင်းမြို့ကို ဘီစီ ၆၀၀ ကျော်ကတည်ထောင်ခဲ့သည်ဆိုလျှင် ချိယန်တို့သည် တရုတ်တို့၏ အနှောက်အယှက်ကြောင့် ယူနန်တောင်တန်းများမှတဆင့် တာပိန်မြစ်ကြောင်း အတိုင်း ထိုမှ ရွှေလီ ထို့နောက်တွင် မေခ စသဖြင့် ရေကြောင်း အကူအညီဖြင့် အလျင်အမြန် ရောက်လာခဲ့လျှင် တကောင်းမြို့ကိုတည်ထောင်နိုင်ဖွယ်ရှိသည်။ထိုမှ ဧရာဝတီမြစ် ကိုစုန်ပြီး အနောက်ဘက်ရှိမူးမြစ် ချင်းတွင်းမြစ်ဝှမ်းနှင် အနောက်ရိုးမတောင်တန်း များဆီသို့၎င်း၊ အရှေ့ဘက် မြစ်ငယ်၊ဇော်ဂျီ၊စမုံ၊စစ်တောင်းစသောမြစ်ဝှမ်းများနှင့် အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဆီသို့၎င်း၊ကူးစက်ပျံ့နှံ့သွားသည်ဟု ရှေးရာဇဝင်သုတေသီတို့က ယူဆကြသည်။ဤဆို့ဆိုလျှင် မြန်မာ့မြေအတွင်း နှစ်ပေါင်း ၂၅၀၀ ကျော် အခြေချ နေထိုင်ပြီးသော လူမျိုး၏ အစဉ်အလာမှာ လွန်စွာကြီးမားပေလိမ့်မည်။ဤဇာတိမာန်ကား ကြံဆဖိနှိပ်ထားမှသာ မြန်မာတို့အပေါ် ကျွန်သက်ရှည်စေ နိုင်မည်ဖြစ်သည်။  ထို့ကြောင့် မြန်မာ့သမိုင်း၊ မြန်မာ့ရာဇဝင်ကို မြန်မာတို့ ဖတ်ရှုယင်းဖြင့် မြန်မာတို့သည် မိမိတို့ရာဇဝင်ကို မိမိတို့အထင်သေးအမြင်သေးဖြစ်လာရုံမျှမက ဇာတိသွေး၊ဇာတိမာန်လည်း ပျက်သုန်းစေရန် အကြံဖြင့် တကောင်း အပေါ်ရွာငယ်ဇနပုဒ်အဖြစ်ဖန်တီးခြင်း နှင့် တကောင်းအား ပုဂံ ဘုရင်အနော်ရထာ ၏ ခံတပ်ငယ်လေးအသွင်ဖန်တီးလိုက်ခြင်း စသဖြင့် မြန်မာတို့၏ အဦးအမွန်ဒေသအား ဗြိတိသျှ အစိုးရမှ ဖျောက်ဖျက်ခဲ့ပါသည်။ထို့ပြင် တကောင်း၊ ဆင်ညှပ်ကုန်း ၊ ကြံညှပ်စသောဒေသများသည် အရှင်နှစ်ပါး သူ့လက်သို့ကျရောက်ပြီးသည့်တိုင် နယ်ချဲ့ တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်နှင့် မင်းသားမောင်မှတ် တို့ကို အား ပေးကူညီခဲ့သောကြောင့် ကြံညှပ်သူကြီး ဦးဖိုးရ၊ မြတောင်ဝန် နှင့် မလယ်ဝန်တို့ကို အငြိုးထားခဲ့သည်။ဗြိတိသျှစစ်ဗိုလ်တစ်ယောက်ကို အသေတိုက်ခဲ့သော ဤဒေသကြီးကို ဗြိတိသျှတို့မှ လွန်စွာအငြိုးထားခဲ့သည်။ ထို့ပြင် ကုန်းဘောင်ခေတ်တွင်တကောင်း၊ မြတောင်၊ ကြံညှပ် အစရှိသောမြို့ရွာများသည် သီးခြား မြို့စား၊မင်းသား ၊မင်းသမီး များအုပ်ချုပ်၍ လေးမြို့ဝန်၊ ငါးမြို့ဝန်စသဖြင့် ခန့်ထားအုပ်ချုပ်သော မြို့ကြီးများဖြစ်သည်။သို့သော် ဤဒေသများကို ရွာသူကြီးအုပ်ချုပ်သော ဇနပုဒ်အဖြစ် သို့ ဗြိတိသျှတို့က လျော့ချခဲ့သည်။၎င်း တို့ကမျက်နှာသာမပေး၍ ဒေသခံတို့ ကစွန့်ခွာကြရာ တကောင်းမှာ အိမ်ခြေ ၃၀ ခန့်သာရှိသော ရွာပျက်ကြီးအဖြစ်သို့ရောက်ရှိသွားတော့သည်။အနီးအနားမှာလည်းခြုံနွယ်များပိတ်ဖုံးလျက် လက်ကျန်ရွာသားတို့မှာလည်း ငါး လိပ်ရှာယင်း အသက်မွေးခဲ့ရလေတော့သည်။ထို့ပြင်ရွာနီးပတ်ဝန်းကျင်နှင့်လည်းမသင့်မြတ်အောင် ထပ်မံ၍ ဖန်တီးခဲ့ကြပြန်လေသည်။တကောင်းပတ်ဝန်းကျင်တစ်ခုလုံး တောဖုံး၍ ရွာသိမ် ရွာငယ်ဘဝရောက်သော်မှ ဗြိတိသျှတို့သည် ရန်ကုန် အသိုင်းအဝိုင်းကိုခေါ်ပြရာ လူနေမှု အဆင့်ကိုကြည့်၍ ရန်ကုန်ပညာတတ် အသိုင်းအဝိုင်းမှ တကောင်း ဟူသည် ပုဂံလက်အောက်ခံ ခံတပ်ငယ်တစ်ခုသာဖြစ်ကြောင်း လက်ခံလာကြသည်။သို့နှင့် တကောင်းမြို့ကြီးကား ရာဇဝင် ပုံပြင် အဆင့်သို့ ရောက်ခဲ့ရတော့သည်။    အတွေးအယူအဆ ၊အထောက်အထား ၊အားသာချက်များနှင့် မြန်မာအစ ကျောက်ဆည် ။    မြန်မာတို့သည် ခရစ်နှစ် ၈၀၀ ကျော် လောက်က ယူနန်နယ် တောင်ပိုင်းမှ ကုန်းလမ်းအတိုင်းဆင်းလာကြကာ ရှမ်းပြည်မြောက်ပိုင်း ထိုမှတဆင့် ရှမ်းပြည်တောင်ပိုင်းသို့ ဖြတ်လာကြကာ ရွာငံသို့ရောက်သော် နတ်တောင်ထိပ်ဖျားမှမြင်းများနှင့် ဆင်းသက်လာပြီးလျှင် ကျောက်ဆည်လွင်ပြင်ကို တိုက်ခိုက်သိမ်းပိုက်၍ စိုက်ပျိုးနေထိုင်ပြီး လူဦးရေ ပိုလျှံသောအခါ တစ်နိုင်ငံလုံးသို့ ယပ်တောင်သဖွယ် ဖြန့်ကျက် နေထိုင်သူများဟုအဓိပ္ပါယ် ရ၏။ထိုသို့ ဆိုလျှင် မြန်မာဟူသောလူမျိုးသည် ထိုကာလ၌အုပ်ချုပ်နေသော နယ်ချဲ့အစိုးရကဲ့သို့ပင် နယ်ပယ်ချဲ့ထွင်လာယင်း နယ်မြေသိမ်းပိုက်သူဟု ယူဆရန်ရှိနေသည်။ မြန်မာအစ ကျောက်ဆည်ကဟူသောအယူအဆအရ တကောင်းနန်းတော်သည် ဒဏ္ဍာရီဘဝ သို့လျော့ကျသွားရုံမျှမက မြန်မာ့ ရှေးခေတ်သမိုင်း သက်တမ်း တိုလွန်းသွား၍ မြန်မာတို့သည်လည်း သမိုင်းစာအုပ်အပြင်ဖက်သို့ ထွက်ပေး ရသည့်အဖြစ်မျိုး ဆိုက်ရောက်သွားတော့သည်။ သိုးမွေး ဆိတ်မွေး ၍အသက်မွေး ဝမ်းကျောင်းပြုရသော ကိုယ်ပိုင်စာပေ မရှိသော တိဗက်- မြန်မာ ( ချိယန် ၊ မာန် ) လူရိုင်းအဆင့်သာရှိသူများ ဖြစ်သွားရတော့သည်။ ထို့ပြင် အေဒီ - (အေဒီ -၈၃၂) ၉ ရာစုဝန်းကျင်တွင် တရုတ်ပြည်တောင်ပိုင်း တွင်ကြီးစိုးနေသော နန်းစော တို့ ( ရှမ်းမဟုတ် ) တို့မှ ပျုတို့ပိုင်စိုးရာရှမ်းပြည်မြောက်ပိုင်းကိုတိုက်ခိုက်ရာ တဖြေးဖြေး နှင့်ကျောက်ဆည် လွင်ပြင်သို့ တိုင် ရောက်ရှိတိုက်ခိုက်ရာမှ ထိုဒေသရှိ ပျူမင်းနေပြည် ပျက်စီးကာ ပျုနိုင်ငံ ပျူလူမျိုးတို့မှာ ပျက်သုန်းတိမ်ကော၍ ပျောက်ဆုံးခဲ့ရကြောင်း တဖန် နောက်သုံးနှစ်ကြာလျင် အောက်ဗမာ ပြည်ရှိ မွန်တို့၏ မြို့တော်ဟုယူဆရသော မိချန်ကို နန်စောတို့ တိုက်ခိုက်ကြရာမှ မွန်လူမျိုးများ ပျက်သုန်းတိမ်ကော ခဲ့ရကြောင်းဖြင့် လစ်လပ်သွားသော ကျောက်ဆည်ဒေသကို မြန်မာတို့ဝင်ရောက် နေရာယူလာသည်ဟူ၏။ဤသို့ဖြင့် ပျူရော မွန်ရောကင်းမဲ့ပြီး ပျူနိုင်ငံနေရာတွင် နှစ်ထပ်ကွန်း ဗလာဖြစ်နေချိန်တွင် မာန် ( မြန်မာ ) တို့က အေဒီ ၈၃၅ တွင် ယူနန်နယ်တောင်ပိုင်း အစွန်မှ ထွက်ပြေးလာပြီးပျူနိုင်ငံအတွင်းသို့အခြေချနေထိုင်လာကြသည်။မြန်မာတို့က ခါးလည်မှဖြတ်၍ဝင်ရောက်လာသောအခါ ကျောက်ဆည်မြောက်ပိုင်းတွင်မွန်အုပ်စုကြီးတစ်ခုကျန်ခဲ့ ရာမှ မြန်မာတို့သည် မွန်တို့ ထံမှအတတ်ပညာအမျိုးမျိုးကို လေလာသင်ယူခဲ့ကြသည်။မြန်မာတို့၏ မူရင်းပြောစကားတွင်ဝေါဟာရ အသစ်များထည့်သွင်းခြင်း၊ မြန်မာစကား၊ မွန်စကားကို ရေးတတ်အောင်သင်ပေးခြင်း၊ဗုဒ္ဓဘာသာကိုဟောပြောခြင်း၊ အုပ်ချုပ်ရေးပညာကို လမ်းပြပေးခြင်းစသည်ဖြင့် မွန်တို့နှင့်အတူနေထိုင်၍ လေ့လာသင်ယူခဲ့ပါသည်။စကော ကရင်နှင့် ပလောင်တို့ ထူထောင်သွားသော လယ်၊ဆည်နှင့် မြောင်း တွေကို ဆက်ခံပြီး စိုက်ပျိုးရေးပညာ ပါတတ်လာခဲ့ပါသည်။ ချိယန် ( မန် ) အ ဖြစ် နေစဉ်တုန်းကတိရိစ္ဆာန်များသာမွေးမြူခဲ့သော်လည်း အရှေ့ဘက်မှလာ၍ စပါးစိုက်နည်းပညာယူဆောင်လာသူများ ကို မင်းပြုစေခဲ့သည်ဟုလည်းဆို၏။မြန်မာဖြစ်လာမည့်မန်တို့သည် မြောက်ဖက်ရှိတောင်ပြုန်း (၁) ခရိုင်နှင့် အနောက်တောင်ဖက် မိုင် ၁၀၀ ကျော်အကွာအဝေးရှိ မင်းဘူး (၆) ခရိုင်ကို သိမ်းပိုက်ခဲ့သည်။ လူဦးရေတိုးပွားလို့ ယပ်တောင်သဖွယ်ဖြန့်ထွက်သွားပုံမှာ ဧရာဝတီမြစ်ကိုဆင်းပြီး ၊ပုံတောင်နဲ့ ချင်းတောင်ကိုသွားရာမှ နောက်ဆုံး ရခိုင်စစ်တွေကိုရောက်ရှိပါတယ်။ ဒုတိယအခြေစိုက်ရာနေရာမှာ ဧရာဝတီ အနောက်ဘက်ကမ်းရှိ ခုခေတ်မင်းဘူး ခရိုင်၊ စလင်းစကုနယ် ခြောက်ခရိုင်ဖြစ်ပါသည်။ဆက်လက်၍ တောင်တွင်(တောင်တွင်းကြီး) မြစ်အောက်တွင်ပြည် ၊ချင်းတွင်းကိုဆန်ပြီး မူးမြစ်အထက် မုဆိုးဖိုဝ်( ရွှေဘို)၊ထိပေသျှင် ( ဒီဗယင်း) နှင့်က္လိယ်တူ ( မြေဒူး) ဟူသော နယ်မြေများအထိ ပျံ့နှံ့ နေထိုင်ကြသည်ဟူ၏။ထို့နောက်မှ အေဒီ ၈၄၅တွင် ပျဉ်ပြားမင်းမှပုဂံမင်းဆက်ကိုထူထောင်ကာ အေဒီ ၁၀၄၄တွင်နန်းတက်သော အနော်ရထာ ဘုရင်မှ ပထမမြန်မာ နိုင်ငံတော်ကြီးကို စတင်တည်ထောင်၍ ပုဂံခေတ်ကိုအစပျိုးခဲ့သည်ဟူ၏။    စာရေးသူမှတ်ချက်။     ယခုဆောင်းပါးကိုမရေးခင်ကရှေ့တွင် ဤဆောင်းပါးနှင့် အဆက်စပ်ရှိသောဆောင်းပါး နှစ်ပုဒ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ပထမဆောင်းပါးတွင် မြန်မာ့သမိုင်းကို လူမျိုးခြား ဘာသာခြားတို့ မှ ရည်ရွယ်ချက်ရှိရှိ သြဇာလွှမ်းမိုးထားပုံကိုလည်းကောင်း၊ ဒုတိယဆောင်းပါးတွင် မြန်မာ့သမိုင်းအား မည်သို့မည်ပုံ မည်သည့်အကြောင်းကြောင့် လွှမ်းမိုးထားသည်ကိုလည်းကောင်း အယူအဆတူရာများစုစည်း ရေးသားခဲ့ပါသည်။ယခုဆောင်းပါးတွင်တော့ ရှေးမြို့ဟောင်း တကောင်းကို ရှာဖွေတွေ့ရှိမည်လောဟု မျှော်လင့်ချက်နှင့် တကောင်းအယူအဆအား အားပျော့မှေးမှိန်အောင် ဖန်တီးထားသော ကျောက်ဆည်အယူ အဆ၏ အထောက်အထား နှင့် ဆက်စပ်ယူပုံကိုတင်ပြချင်မိပါသည်။ သို့သော် ဤ မြန်မာအစ ကျောက်ဆည်က ဟူသော အယူအဆကား မြန်မာ့သမိုင်းပညာရှင်များအကြား ဆယ်စုနှစ်များစွာ အငြင်းပွားနေရခြင်းများစွာကိုလေ့လာတွေ့ရှိရသဖြင့် နောင်ဆောင်းပါးများတွင် အငြင်းပွားစရာအချက်များကို ဆန့်ကျင်ဘက်အုပ်စုမှ ဖြေရှင်းသွားသည်များကိုတင်ပြသွားပါမည်။မြန်မာ အစ ကျောက်ဆည်က ဟူသော အယူအဆမှာ ၁၉၃၆ ခုနှစ် တွင် လု့စ်အဆိုမှ စ၍ နောက်ဆုံး ဒေါက်တာသန်းထွန်း ၏၂၀၀၅ ခုနှစ်ထုတ် မြန်မာဆိုတာ အထိ တည်မြဲနေရခြင်းမှာ တကောင်းမြို့ဟောင်းတွင် အထောက်အထားခိုင်လုံသော ပျူခေတ်ဆိုင်ရာ ယဉ်ကျေးမှုပစ္စည်း များ တွေ့ ရှိမှုနည်းပါးခြင်း ၊ အကယ်၍တကောင်းမြို့ပြသာ ရှိခဲ့ပါလျှင်လည်း ဗိဿနိုး၊သရေခတ္တရာ ၊ဟန်လင်း မြို့ပြကြီးများကဲ့သို့ တိုင်းသူပြည်သားများမှ စွန့်ခွာသွားခြင်းမရှိပဲ ခေတ်အဆက်ဆက် လူနေထိုင်မှုရှိရာ တကောင်းမြို့ပြ၏ ကနဦး ယဉ်ကျေးမှု ပစ္စည်းများနှင့် နောက် ပိုင်း ခေတ်အဆက်ဆက် ယဉ်ကျေးမှု ပစ္စည်းများ ရောထွေးသွားနိုင်ခြင်း ကြောင့် သာသနာအစည်ပင်ဆုံး ယဉ်ကျေးမှုအကျယ်ပြန့် ဆုံးဖြစ်ခဲ့သော ပုဂံခေတ် အထောက်အထားဆိုင်ရာ ပစ္စည်းများ အတွေ့များနေခြင်း ၊ကျောက်ဆည်လွင်ပြင်တဝိုက်တွင် ပုဂံခေတ်သက္ကရာဇ်ပါ ကျောက်စာများသာ တွေ့ရခြင်း ကျောက်ဆည်ဒေသရှိရွာတို့ ၏ အမည်အချို့ကို မြန်မာနိုင်ငံ အခြား ဒေသများတွင် မှည့်ထားလေ့ရှိခြင်း ၊ပျူစာ မြန်မာစာလုံးများကို အဓိပ္ပါယ် ဆက်စပ်နိုင်မှုအားနည်းနေခြင်း စသည်ဖြင့် တရုတ်ရာဇဝင် မန်ရှုမှတ်တမ်းပါ အချက်အလက်များပုဂံ မြစေတီ ရှိ အမည်မသိကျောက်စာအထောက်အထားများကိုရနိုင်သလောက်ဆက်စပ်သုံးသပ်ထားသောကြောင့်ဖြစ်သည်။  ဤသည်တွင် စာရေးသူ စိတ်ဝင်စားမိသည်မှာ နန်းစောတို့ လာရောက်တိုက်ခိုက်သည့် ကျောက်ဆည်လွင်ပြင်တဝိုက်ရှိ ပျူလူမျိုးများ မည်သို့ ပျောက်ဆုံးသွားပါသနည်း ဟုဖြစ်သည်။အေဒီ ၁ ရာစု ၏ဗိဿနိုး ပြည်ကြီးပျက်သည်မှ ၎င်းတို့နှင့်ခေတ်ပြိုင် သရေခတ္တရာ ပြည်ကြီးစည်ပင် စဉ် တလျောက်လုံး နေထိုင်ခဲ့လာသည်ကား ပျူတို့ပင်ဖြစ်သည်။ ထို့ပြင် အေဒီ ၃-၄ ရာစုမှ ၉ ရာစုတိုင်စည်ပင်လာခဲ့သော ဟန်လင်း မြို့ပြသည်လည်း ပျူတို့ ဌာနီပင်ဖြစ်သည်။ ဤသို့ရာစုနှစ်ပေါင်း များစွာ ဒီမြေပေါ်တွင်ပင် အခြေချ နေထိုင်လာသော ပျူတို့ကို နန်စော တရုတ်တို့ မကြွင်းမချန်အကုန်ဖမ်းသွားသတ်သွားသည်လားမတွေးတတ်ပါ။သို့တည်းမဟုတ်သရေခတ္တရာ သို့ ခိုလှုံသွားကြသည်လား။ ထိုပျူတို့သည် ပျူအမျိုးနွယ်ဖြစ်သော်လည်းသရေခတ္တရာ သားတော့ဟုတ်ဟန်မတူပါ။ သို့ဆိုလျှင် ကျောက်ဆည်လွင်ပြင် အနီးအနားတွင် ပျူတို့နေထိုင်ရာ နန်စော တရုတ်တို့ ဖျက်၍ပျက်ရသည့် မည်သည့် ပျူမြို့ပြရှိသေးသနည်း ။ ထို့ပြင်ဟန်လင်းမြို့ပြသည်ပြာပူမိုးရွာ၍ပျက်သည်ကို လေ့လာမိခြင်း သုတေသနအထောက်အထားမှ နောက်တိုး ယဉ်ကျေးမှုအထောက်အထားမတွေ့ရဟုဆိုပြီး မီးလောင်ပျက်စီး သွားသည်ဟုအတည်ပြုထားခြင်း ကြောင့် အေဒီ ၉ ရာစုက နန်စော တရုတ်တို့ မည်သည့် ပျူနိုင်ငံကို လာရောက်ဖျက်စီးသနည်း။သရေခတ္တရာ သည်လည်း အေဒီ ဆယ်ရာစုထိတိုင် စည်ပင်ဝပြော၍ အေဒီ ၁၀၄၄ တွင်မင်းတက်သော အနော်ရထာမင်းစောနှင့် အဆက်အဆံ ရှိသည့်အုတ်ခွက်အထောက်အထားများကသက်သေခံနေသည်မဟုတ်ပါလား။စာရေးသူ အနေအထား ကလည်း လေ့လာဆဲ မို့ မသိရှိနိုင်သေးပါ။ ယခု လောလောလတ်လတ် သိရှိသမျှအား မှတ်မိနိုင်အောင် မှတ်စုထုတ်၍ မှတ်ယင်း စိတ်ဝင်စားသူတို့ အလွယ်တကူလေ့လာနိုင်ရန် တင်ပြထားခြင်းဖြစ်ပါသည်။ထို့ပြင် စာရေးသူသည် မိမိ လေ့လာသလိုပင် အခြေခံမှစ၍ စာဖတ်သူများ အပေါ်တဆင့်ခြင်း ဖြည်းဖြည်းသာတင်ပြသွားမည်ဟုလည်း စိတ်ကူးထားပါသည်။ ဤကျောက်ဆည် အယူအဆ မှာရှုပ်ထွေးလျက်ရှိသောကြောင့် လေ့လာရာတွင် ကျောက်ဆည်အယူအဆကိုလက်ခံသည့် ဖက်မှ စာပေများကိုလည်းကောင်း ထို့နောက် ကျောက်ဆည်အယူအဆ ကို ငြင်းချက်ထုတ်ထားသော စာပေများကိုလည်းကောင်း လက်လှမ်းမီရာ စာပေများစွာ တို့အား နှိုင်းယှဉ်လေ့လာရသည်မို့ ရေးစရာ ကိစ္စတွေများပြားလွန်းလှပါတယ်။ ထို့ကြောင့် အယူအဆရယ် ငြင်းချက်ထုတ်ပုံရယ် တို့ကို တစ်ခုခြင်း အဆင်ပြေသလို အကိုးအကားများနှင့်အသေးစိတ် ဆက်လက်ရေးသားသွားပါမည်။ကျေးဇူးတင်ပါသည်။    မှတ်ချက်။ ။ စာရေးသူ ရေးသားခဲ့သော ဆောင်းပါး သုံးပုဒ်ဖြစ်သော  ---ကုလားဖြူနယ်ချဲ့ဝါဒီ တို့ ဖန်တီး ခဲ့သော သမိုင်းကြောင်းအမွေဆိုး  --ရွှေနန်းဆီသို့ ( ၁ )  ( က )တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။  --ရွှေနန်းဆီသို့ (၁)  ( ခ ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ  တို့တွင်ကိုးကားထားသောစာအုပ်များမှာ ပုံနှိပ်သက်တမ်းအရသော်လည်းကောင်း၊ စာတမ်းဖတ်ချိန်အရ သော်လည်းကောင်း သက္ကရာဇ်အားဖြင့် အစောဆုံး ၁၉၅၆ မှ နောက်အကျဆုံး ၂၀၀၅ ခုနှစ်အတွင်းမှ ကောက်ချက်များသာဖြစ်ပါသည်။ လက်ရှိအချိန်ကာလ နှင့်ဆိုလျှင် ခုနနှစ်ကျော် ကွာဟသွားပြီဖြစ်၍ သုတေသန အထောက်အထားသစ်များ ၊မထင်မှတ်ပဲ တိမ်မြှုပ်ပျောက်ကွယ်နေသော ကွင်းဆက်များ ၊ ပညာရှင်အချို့၏ အယူအဆ ပြောင်းလဲခြင်းများ ရှိနေပါသေးသဖြင့် နောင်ရေးမည့် ဆောင်းပါးတွင် ထည့်သွင်းဖော်ပြသွားပါမည်။    _ _ သျှင် လေညင်း  (၂၀၊၂၊၂၀၁၃)    __စာအကိုးအကား     မှန်နန်း မဟာရာဇဝင်တော်ကြီး (၂၀၀၃)  G H Luce -Economic of the Early Burma/Old Kyauke-se and coming Burm (၁၉၅၇)  ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ (၁၉၇၅) ဒုတိယအကြိမ်   ဒေါက်တာသန်းထွန်း - မြန်မာဆိုတာ (၂၀၀၄)  ဦးဖိုးလတ် - မြန်မာအစ (၁၉၇၃)  ဒေါက်တာထင်အောင်- Burmese History Before 1287  ပုဂံမပျက်မီကမြန်မာ့သမိုင်း(အောင်သန်း မန္တလေး -ဘာသာပြန်) (၁၉၇၃)  ချစ်စံဝင်း- မြန်မာ့မြို့ဟောင်းတကောင်းရုပ်ပုံလွှာ (၂၀၀၄)  ဦးသန်းဆွေ - တကောင်းမြိုဟောင်း လေ့လာတွေ့ရှိချက် (၁၉၆၆)  ဦးအောင်သော်-ဗိဿနိုးမြို့ဟောင်း (၁၉၆၈)  ဦးမြင့်အောင်-ဟန်လင်းမြို့ဟောင်း(၁၉၆၈)  ရှေးဟောင်းမြန်မာ့မြို့တော်များ  ညိုမြ - ကုန်းဘောင်ရှာပုံတော် (၂၀၀၃)    https://www.facebook.com/photo.php?fbid=474476579267865&set=a.474475725934617.100938.474473762601480&type=1    Photo Detail ; Tagoung ShweSiGone  Photo credit; not Dr. Nyi Win

( ခ ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ။

မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။

မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊မိမိ၏အမိမြေသည် မည်သို့သောအခက်အခဲများကိုကျော်ဖြတ်လာရသလဲ ၊မြန်မာဟူသောခေါင်းစဉ်အောက် နားလည်မှုများကို မည်မျှအချိန်ပေး တည်ဆောက်ခဲ့ရသလဲ ၊တချိန်က မည်သို့သော ပြင်မရသည့် အမှားများ ကျုးလွန်ခဲ့ကြသလဲ ၊ထိုအမှားများထဲမှ မည်သည်ကို သင်ပုန်းချေ၍ မည်သည်ကို အတုယူရမလဲ၊ လူမျိုးခြား များကအမေးရှိလာသော် အပြောသွက်သွက် အပြောမခက်ဖို့ မြန်မာ့သမိုင်း ( တိုင်းရင်းသားများအပါအဝင်) ကိုလေ့လာထားသင့်ပါသည်။

မြန်မာအစ-တကောင်းက ဟူသောယူဆချက်မှာ မြန်မာတို့သည် ကျောက်ချောခတ်နှင့် ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်းကာလ ကတည်းက ရောက်ရှိနေထိုင်မြို့ပြထူထောင်ခဲ့သော လူမျိုးဖြစ်သည် ဟူသောအယူအဆဖြစ်သည်။
မြန်မာအစကျောက်ဆည်က ဟူသောအယူအဆမှာကား မြန်မာတို့သည် အေဒီ ၉ ရာစုကျော်တွင်း ခေတ်လယ်ပဒေသရာဇ်စနစ် ထွန်းကားနေပြီဖြစ်သော အချိန်ကာလ မှသာ ရောက်ရှိနေထိုင်သူများဖြစ်သည်ဟူသောအယူအဆဖြစ်သည်။

ကိုလိုနီ အင်္ဂလိပ်နယ်ချဲ့နှင့် တကောင်းပေါ်အငြိုး။

မြန်မာအစ တကောင်းကဟူသောစကားမှ တိုက်ရိုက်ပေါ်ထွက်လာသော အဓိပ္ပါယ်မှာ မြန်မာနိုင်ငံအတွင်းရှိမြန်မာတို့သည် တကောင်းအရပ်တွင်စတင် မြို့ရွာတည်ထောင်၊ ထီးနန်းစိုက်ထူ သည်ဟူသောအနက်ကိုရ၏။ ပထဝီအနေအထားအရလည်း တရုတ်နှင့် အိန္ဒိယ ကုန်သွယ်ရာ ပိုးလမ်းမကြီး နှင့်နီးစပ်၏။တကောင်းတွင် ယနေ့တိုင်တူးဖော်ဆဲ အုတ်ဖြင့်ဆောက်လုပ်ထားသော မြို့ရိုးဟောင်းကြီးများကိုတွေ့ရ၏ ။ မြို့ရိုးကိုပတ်လျက် ဧရာဝတီမြစ်မှ ရေသွင်းယူထားသော ကျုံး လည်း ရှိပါသည်။ထို့ကြောင့်မြန်မာရာဇဝင်များ တွင်မှတ်တမ်း တင်ထားသော တကောင်းမြို့ကို ဘီစီ ၆၀၀ ကျော်ကတည်ထောင်ခဲ့သည်ဆိုလျှင် ချိယန်တို့သည် တရုတ်တို့၏ အနှောက်အယှက်ကြောင့် ယူနန်တောင်တန်းများမှတဆင့် တာပိန်မြစ်ကြောင်း အတိုင်း ထိုမှ ရွှေလီ ထို့နောက်တွင် မေခ စသဖြင့် ရေကြောင်း အကူအညီဖြင့် အလျင်အမြန် ရောက်လာခဲ့လျှင် တကောင်းမြို့ကိုတည်ထောင်နိုင်ဖွယ်ရှိသည်။ထိုမှ ဧရာဝတီမြစ် ကိုစုန်ပြီး အနောက်ဘက်ရှိမူးမြစ် ချင်းတွင်းမြစ်ဝှမ်းနှင် အနောက်ရိုးမတောင်တန်း များဆီသို့၎င်း၊ အရှေ့ဘက် မြစ်ငယ်၊ဇော်ဂျီ၊စမုံ၊စစ်တောင်းစသောမြစ်ဝှမ်းများနှင့် အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဆီသို့၎င်း၊ကူးစက်ပျံ့နှံ့သွားသည်ဟု ရှေးရာဇဝင်သုတေသီတို့က ယူဆကြသည်။ဤဆို့ဆိုလျှင် မြန်မာ့မြေအတွင်း နှစ်ပေါင်း ၂၅၀၀ ကျော် အခြေချ နေထိုင်ပြီးသော လူမျိုး၏ အစဉ်အလာမှာ လွန်စွာကြီးမားပေလိမ့်မည်။ဤဇာတိမာန်ကား ကြံဆဖိနှိပ်ထားမှသာ မြန်မာတို့အပေါ် ကျွန်သက်ရှည်စေ နိုင်မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့သမိုင်း၊ မြန်မာ့ရာဇဝင်ကို မြန်မာတို့ ဖတ်ရှုယင်းဖြင့် မြန်မာတို့သည် မိမိတို့ရာဇဝင်ကို မိမိတို့အထင်သေးအမြင်သေးဖြစ်လာရုံမျှမက ဇာတိသွေး၊ဇာတိမာန်လည်း ပျက်သုန်းစေရန် အကြံဖြင့် တကောင်း အပေါ်ရွာငယ်ဇနပုဒ်အဖြစ်ဖန်တီးခြင်း နှင့် တကောင်းအား ပုဂံ ဘုရင်အနော်ရထာ ၏ ခံတပ်ငယ်လေးအသွင်ဖန်တီးလိုက်ခြင်း စသဖြင့် မြန်မာတို့၏ အဦးအမွန်ဒေသအား ဗြိတိသျှ အစိုးရမှ ဖျောက်ဖျက်ခဲ့ပါသည်။ထို့ပြင် တကောင်း၊ ဆင်ညှပ်ကုန်း ၊ ကြံညှပ်စသောဒေသများသည် အရှင်နှစ်ပါး သူ့လက်သို့ကျရောက်ပြီးသည့်တိုင် နယ်ချဲ့ တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်နှင့် မင်းသားမောင်မှတ် တို့ကို အား ပေးကူညီခဲ့သောကြောင့် ကြံညှပ်သူကြီး ဦးဖိုးရ၊ မြတောင်ဝန် နှင့် မလယ်ဝန်တို့ကို အငြိုးထားခဲ့သည်။ဗြိတိသျှစစ်ဗိုလ်တစ်ယောက်ကို အသေတိုက်ခဲ့သော ဤဒေသကြီးကို ဗြိတိသျှတို့မှ လွန်စွာအငြိုးထားခဲ့သည်။ ထို့ပြင် ကုန်းဘောင်ခေတ်တွင်တကောင်း၊ မြတောင်၊ ကြံညှပ် အစရှိသောမြို့ရွာများသည် သီးခြား မြို့စား၊မင်းသား ၊မင်းသမီး များအုပ်ချုပ်၍ လေးမြို့ဝန်၊ ငါးမြို့ဝန်စသဖြင့် ခန့်ထားအုပ်ချုပ်သော မြို့ကြီးများဖြစ်သည်။သို့သော် ဤဒေသများကို ရွာသူကြီးအုပ်ချုပ်သော ဇနပုဒ်အဖြစ် သို့ ဗြိတိသျှတို့က လျော့ချခဲ့သည်။၎င်း တို့ကမျက်နှာသာမပေး၍ ဒေသခံတို့ ကစွန့်ခွာကြရာ တကောင်းမှာ အိမ်ခြေ ၃၀ ခန့်သာရှိသော ရွာပျက်ကြီးအဖြစ်သို့ရောက်ရှိသွားတော့သည်။အနီးအနားမှာလည်းခြုံနွယ်များပိတ်ဖုံးလျက် လက်ကျန်ရွာသားတို့မှာလည်း ငါး လိပ်ရှာယင်း အသက်မွေးခဲ့ရလေတော့သည်။ထို့ပြင်ရွာနီးပတ်ဝန်းကျင်နှင့်လည်းမသင့်မြတ်အောင် ထပ်မံ၍ ဖန်တီးခဲ့ကြပြန်လေသည်။တကောင်းပတ်ဝန်းကျင်တစ်ခုလုံး တောဖုံး၍ ရွာသိမ် ရွာငယ်ဘဝရောက်သော်မှ ဗြိတိသျှတို့သည် ရန်ကုန် အသိုင်းအဝိုင်းကိုခေါ်ပြရာ လူနေမှု အဆင့်ကိုကြည့်၍ ရန်ကုန်ပညာတတ် အသိုင်းအဝိုင်းမှ တကောင်း ဟူသည် ပုဂံလက်အောက်ခံ ခံတပ်ငယ်တစ်ခုသာဖြစ်ကြောင်း လက်ခံလာကြသည်။သို့နှင့် တကောင်းမြို့ကြီးကား ရာဇဝင် ပုံပြင် အဆင့်သို့ ရောက်ခဲ့ရတော့သည်။

အတွေးအယူအဆ ၊အထောက်အထား ၊အားသာချက်များနှင့် မြန်မာအစ ကျောက်ဆည် ။

မြန်မာတို့သည် ခရစ်နှစ် ၈၀၀ ကျော် လောက်က ယူနန်နယ် တောင်ပိုင်းမှ ကုန်းလမ်းအတိုင်းဆင်းလာကြကာ ရှမ်းပြည်မြောက်ပိုင်း ထိုမှတဆင့် ရှမ်းပြည်တောင်ပိုင်းသို့ ဖြတ်လာကြကာ ရွာငံသို့ရောက်သော် နတ်တောင်ထိပ်ဖျားမှမြင်းများနှင့် ဆင်းသက်လာပြီးလျှင် ကျောက်ဆည်လွင်ပြင်ကို တိုက်ခိုက်သိမ်းပိုက်၍ စိုက်ပျိုးနေထိုင်ပြီး လူဦးရေ ပိုလျှံသောအခါ တစ်နိုင်ငံလုံးသို့ ယပ်တောင်သဖွယ် ဖြန့်ကျက် နေထိုင်သူများဟုအဓိပ္ပါယ် ရ၏။ထိုသို့ ဆိုလျှင် မြန်မာဟူသောလူမျိုးသည် ထိုကာလ၌အုပ်ချုပ်နေသော နယ်ချဲ့အစိုးရကဲ့သို့ပင် နယ်ပယ်ချဲ့ထွင်လာယင်း နယ်မြေသိမ်းပိုက်သူဟု ယူဆရန်ရှိနေသည်။ မြန်မာအစ ကျောက်ဆည်ကဟူသောအယူအဆအရ တကောင်းနန်းတော်သည် ဒဏ္ဍာရီဘဝ သို့လျော့ကျသွားရုံမျှမက မြန်မာ့ ရှေးခေတ်သမိုင်း သက်တမ်း တိုလွန်းသွား၍ မြန်မာတို့သည်လည်း သမိုင်းစာအုပ်အပြင်ဖက်သို့ ထွက်ပေး ရသည့်အဖြစ်မျိုး ဆိုက်ရောက်သွားတော့သည်။ သိုးမွေး ဆိတ်မွေး ၍အသက်မွေး ဝမ်းကျောင်းပြုရသော ကိုယ်ပိုင်စာပေ မရှိသော တိဗက်- မြန်မာ ( ချိယန် ၊ မာန် ) လူရိုင်းအဆင့်သာရှိသူများ ဖြစ်သွားရတော့သည်။ ထို့ပြင် အေဒီ - (အေဒီ -၈၃၂) ၉ ရာစုဝန်းကျင်တွင် တရုတ်ပြည်တောင်ပိုင်း တွင်ကြီးစိုးနေသော နန်းစော တို့ ( ရှမ်းမဟုတ် ) တို့မှ ပျုတို့ပိုင်စိုးရာရှမ်းပြည်မြောက်ပိုင်းကိုတိုက်ခိုက်ရာ တဖြေးဖြေး နှင့်ကျောက်ဆည် လွင်ပြင်သို့ တိုင် ရောက်ရှိတိုက်ခိုက်ရာမှ ထိုဒေသရှိ ပျူမင်းနေပြည် ပျက်စီးကာ ပျုနိုင်ငံ ပျူလူမျိုးတို့မှာ ပျက်သုန်းတိမ်ကော၍ ပျောက်ဆုံးခဲ့ရကြောင်း တဖန် နောက်သုံးနှစ်ကြာလျင် အောက်ဗမာ ပြည်ရှိ မွန်တို့၏ မြို့တော်ဟုယူဆရသော မိချန်ကို နန်စောတို့ တိုက်ခိုက်ကြရာမှ မွန်လူမျိုးများ ပျက်သုန်းတိမ်ကော ခဲ့ရကြောင်းဖြင့် လစ်လပ်သွားသော ကျောက်ဆည်ဒေသကို မြန်မာတို့ဝင်ရောက် နေရာယူလာသည်ဟူ၏။ဤသို့ဖြင့် ပျူရော မွန်ရောကင်းမဲ့ပြီး ပျူနိုင်ငံနေရာတွင် နှစ်ထပ်ကွန်း ဗလာဖြစ်နေချိန်တွင် မာန် ( မြန်မာ ) တို့က အေဒီ ၈၃၅ တွင် ယူနန်နယ်တောင်ပိုင်း အစွန်မှ ထွက်ပြေးလာပြီးပျူနိုင်ငံအတွင်းသို့အခြေချနေထိုင်လာကြသည်။မြန်မာတို့က ခါးလည်မှဖြတ်၍ဝင်ရောက်လာသောအခါ ကျောက်ဆည်မြောက်ပိုင်းတွင်မွန်အုပ်စုကြီးတစ်ခုကျန်ခဲ့ ရာမှ မြန်မာတို့သည် မွန်တို့ ထံမှအတတ်ပညာအမျိုးမျိုးကို လေလာသင်ယူခဲ့ကြသည်။မြန်မာတို့၏ မူရင်းပြောစကားတွင်ဝေါဟာရ အသစ်များထည့်သွင်းခြင်း၊ မြန်မာစကား၊ မွန်စကားကို ရေးတတ်အောင်သင်ပေးခြင်း၊ဗုဒ္ဓဘာသာကိုဟောပြောခြင်း၊ အုပ်ချုပ်ရေးပညာကို လမ်းပြပေးခြင်းစသည်ဖြင့် မွန်တို့နှင့်အတူနေထိုင်၍ လေ့လာသင်ယူခဲ့ပါသည်။စကော ကရင်နှင့် ပလောင်တို့ ထူထောင်သွားသော လယ်၊ဆည်နှင့် မြောင်း တွေကို ဆက်ခံပြီး စိုက်ပျိုးရေးပညာ ပါတတ်လာခဲ့ပါသည်။ ချိယန် ( မန် ) အ ဖြစ် နေစဉ်တုန်းကတိရိစ္ဆာန်များသာမွေးမြူခဲ့သော်လည်း အရှေ့ဘက်မှလာ၍ စပါးစိုက်နည်းပညာယူဆောင်လာသူများ ကို မင်းပြုစေခဲ့သည်ဟုလည်းဆို၏။မြန်မာဖြစ်လာမည့်မန်တို့သည် မြောက်ဖက်ရှိတောင်ပြုန်း (၁) ခရိုင်နှင့် အနောက်တောင်ဖက် မိုင် ၁၀၀ ကျော်အကွာအဝေးရှိ မင်းဘူး (၆) ခရိုင်ကို သိမ်းပိုက်ခဲ့သည်။ လူဦးရေတိုးပွားလို့ ယပ်တောင်သဖွယ်ဖြန့်ထွက်သွားပုံမှာ ဧရာဝတီမြစ်ကိုဆင်းပြီး ၊ပုံတောင်နဲ့ ချင်းတောင်ကိုသွားရာမှ နောက်ဆုံး ရခိုင်စစ်တွေကိုရောက်ရှိပါတယ်။ ဒုတိယအခြေစိုက်ရာနေရာမှာ ဧရာဝတီ အနောက်ဘက်ကမ်းရှိ ခုခေတ်မင်းဘူး ခရိုင်၊ စလင်းစကုနယ် ခြောက်ခရိုင်ဖြစ်ပါသည်။ဆက်လက်၍ တောင်တွင်(တောင်တွင်းကြီး) မြစ်အောက်တွင်ပြည် ၊ချင်းတွင်းကိုဆန်ပြီး မူးမြစ်အထက် မုဆိုးဖိုဝ်( ရွှေဘို)၊ထိပေသျှင် ( ဒီဗယင်း) နှင့်က္လိယ်တူ ( မြေဒူး) ဟူသော နယ်မြေများအထိ ပျံ့နှံ့ နေထိုင်ကြသည်ဟူ၏။ထို့နောက်မှ အေဒီ ၈၄၅တွင် ပျဉ်ပြားမင်းမှပုဂံမင်းဆက်ကိုထူထောင်ကာ အေဒီ ၁၀၄၄တွင်နန်းတက်သော အနော်ရထာ ဘုရင်မှ ပထမမြန်မာ နိုင်ငံတော်ကြီးကို စတင်တည်ထောင်၍ ပုဂံခေတ်ကိုအစပျိုးခဲ့သည်ဟူ၏။

စာရေးသူမှတ်ချက်။

ယခုဆောင်းပါးကိုမရေးခင်ကရှေ့တွင် ဤဆောင်းပါးနှင့် အဆက်စပ်ရှိသောဆောင်းပါး နှစ်ပုဒ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ပထမဆောင်းပါးတွင် မြန်မာ့သမိုင်းကို လူမျိုးခြား ဘာသာခြားတို့ မှ ရည်ရွယ်ချက်ရှိရှိ သြဇာလွှမ်းမိုးထားပုံကိုလည်းကောင်း၊ ဒုတိယဆောင်းပါးတွင် မြန်မာ့သမိုင်းအား မည်သို့မည်ပုံ မည်သည့်အကြောင်းကြောင့် လွှမ်းမိုးထားသည်ကိုလည်းကောင်း အယူအဆတူရာများစုစည်း ရေးသားခဲ့ပါသည်။ယခုဆောင်းပါးတွင်တော့ ရှေးမြို့ဟောင်း တကောင်းကို ရှာဖွေတွေ့ရှိမည်လောဟု မျှော်လင့်ချက်နှင့် တကောင်းအယူအဆအား အားပျော့မှေးမှိန်အောင် ဖန်တီးထားသော ကျောက်ဆည်အယူ အဆ၏ အထောက်အထား နှင့် ဆက်စပ်ယူပုံကိုတင်ပြချင်မိပါသည်။ သို့သော် ဤ မြန်မာအစ ကျောက်ဆည်က ဟူသော အယူအဆကား မြန်မာ့သမိုင်းပညာရှင်များအကြား ဆယ်စုနှစ်များစွာ အငြင်းပွားနေရခြင်းများစွာကိုလေ့လာတွေ့ရှိရသဖြင့် နောင်ဆောင်းပါးများတွင် အငြင်းပွားစရာအချက်များကို ဆန့်ကျင်ဘက်အုပ်စုမှ ဖြေရှင်းသွားသည်များကိုတင်ပြသွားပါမည်။မြန်မာ အစ ကျောက်ဆည်က ဟူသော အယူအဆမှာ ၁၉၃၆ ခုနှစ် တွင် လု့စ်အဆိုမှ စ၍ နောက်ဆုံး ဒေါက်တာသန်းထွန်း ၏၂၀၀၅ ခုနှစ်ထုတ် မြန်မာဆိုတာ အထိ တည်မြဲနေရခြင်းမှာ တကောင်းမြို့ဟောင်းတွင် အထောက်အထားခိုင်လုံသော ပျူခေတ်ဆိုင်ရာ ယဉ်ကျေးမှုပစ္စည်း များ တွေ့ ရှိမှုနည်းပါးခြင်း ၊ အကယ်၍တကောင်းမြို့ပြသာ ရှိခဲ့ပါလျှင်လည်း ဗိဿနိုး၊သရေခတ္တရာ ၊ဟန်လင်း မြို့ပြကြီးများကဲ့သို့ တိုင်းသူပြည်သားများမှ စွန့်ခွာသွားခြင်းမရှိပဲ ခေတ်အဆက်ဆက် လူနေထိုင်မှုရှိရာ တကောင်းမြို့ပြ၏ ကနဦး ယဉ်ကျေးမှု ပစ္စည်းများနှင့် နောက် ပိုင်း ခေတ်အဆက်ဆက် ယဉ်ကျေးမှု ပစ္စည်းများ ရောထွေးသွားနိုင်ခြင်း ကြောင့် သာသနာအစည်ပင်ဆုံး ယဉ်ကျေးမှုအကျယ်ပြန့် ဆုံးဖြစ်ခဲ့သော ပုဂံခေတ် အထောက်အထားဆိုင်ရာ ပစ္စည်းများ အတွေ့များနေခြင်း ၊ကျောက်ဆည်လွင်ပြင်တဝိုက်တွင် ပုဂံခေတ်သက္ကရာဇ်ပါ ကျောက်စာများသာ တွေ့ရခြင်း ကျောက်ဆည်ဒေသရှိရွာတို့ ၏ အမည်အချို့ကို မြန်မာနိုင်ငံ အခြား ဒေသများတွင် မှည့်ထားလေ့ရှိခြင်း ၊ပျူစာ မြန်မာစာလုံးများကို အဓိပ္ပါယ် ဆက်စပ်နိုင်မှုအားနည်းနေခြင်း စသည်ဖြင့် တရုတ်ရာဇဝင် မန်ရှုမှတ်တမ်းပါ အချက်အလက်များပုဂံ မြစေတီ ရှိ အမည်မသိကျောက်စာအထောက်အထားများကိုရနိုင်သလောက်ဆက်စပ်သုံးသပ်ထားသောကြောင့်ဖြစ်သည်။
ဤသည်တွင် စာရေးသူ စိတ်ဝင်စားမိသည်မှာ နန်းစောတို့ လာရောက်တိုက်ခိုက်သည့် ကျောက်ဆည်လွင်ပြင်တဝိုက်ရှိ ပျူလူမျိုးများ မည်သို့ ပျောက်ဆုံးသွားပါသနည်း ဟုဖြစ်သည်။အေဒီ ၁ ရာစု ၏ဗိဿနိုး ပြည်ကြီးပျက်သည်မှ ၎င်းတို့နှင့်ခေတ်ပြိုင် သရေခတ္တရာ ပြည်ကြီးစည်ပင် စဉ် တလျောက်လုံး နေထိုင်ခဲ့လာသည်ကား ပျူတို့ပင်ဖြစ်သည်။ ထို့ပြင် အေဒီ ၃-၄ ရာစုမှ ၉ ရာစုတိုင်စည်ပင်လာခဲ့သော ဟန်လင်း မြို့ပြသည်လည်း ပျူတို့ ဌာနီပင်ဖြစ်သည်။ ဤသို့ရာစုနှစ်ပေါင်း များစွာ ဒီမြေပေါ်တွင်ပင် အခြေချ နေထိုင်လာသော ပျူတို့ကို နန်စော တရုတ်တို့ မကြွင်းမချန်အကုန်ဖမ်းသွားသတ်သွားသည်လားမတွေးတတ်ပါ။သို့တည်းမဟုတ်သရေခတ္တရာ သို့ ခိုလှုံသွားကြသည်လား။ ထိုပျူတို့သည် ပျူအမျိုးနွယ်ဖြစ်သော်လည်းသရေခတ္တရာ သားတော့ဟုတ်ဟန်မတူပါ။ သို့ဆိုလျှင် ကျောက်ဆည်လွင်ပြင် အနီးအနားတွင် ပျူတို့နေထိုင်ရာ နန်စော တရုတ်တို့ ဖျက်၍ပျက်ရသည့် မည်သည့် ပျူမြို့ပြရှိသေးသနည်း ။ ထို့ပြင်ဟန်လင်းမြို့ပြသည်ပြာပူမိုးရွာ၍ပျက်သည်ကို လေ့လာမိခြင်း သုတေသနအထောက်အထားမှ နောက်တိုး ယဉ်ကျေးမှုအထောက်အထားမတွေ့ရဟုဆိုပြီး မီးလောင်ပျက်စီး သွားသည်ဟုအတည်ပြုထားခြင်း ကြောင့် အေဒီ ၉ ရာစုက နန်စော တရုတ်တို့ မည်သည့် ပျူနိုင်ငံကို လာရောက်ဖျက်စီးသနည်း။သရေခတ္တရာ သည်လည်း အေဒီ ဆယ်ရာစုထိတိုင် စည်ပင်ဝပြော၍ အေဒီ ၁၀၄၄ တွင်မင်းတက်သော အနော်ရထာမင်းစောနှင့် အဆက်အဆံ ရှိသည့်အုတ်ခွက်အထောက်အထားများကသက်သေခံနေသည်မဟုတ်ပါလား။စာရေးသူ အနေအထား ကလည်း လေ့လာဆဲ မို့ မသိရှိနိုင်သေးပါ။ ယခု လောလောလတ်လတ် သိရှိသမျှအား မှတ်မိနိုင်အောင် မှတ်စုထုတ်၍ မှတ်ယင်း စိတ်ဝင်စားသူတို့ အလွယ်တကူလေ့လာနိုင်ရန် တင်ပြထားခြင်းဖြစ်ပါသည်။ထို့ပြင် စာရေးသူသည် မိမိ လေ့လာသလိုပင် အခြေခံမှစ၍ စာဖတ်သူများ အပေါ်တဆင့်ခြင်း ဖြည်းဖြည်းသာတင်ပြသွားမည်ဟုလည်း စိတ်ကူးထားပါသည်။ ဤကျောက်ဆည် အယူအဆ မှာရှုပ်ထွေးလျက်ရှိသောကြောင့် လေ့လာရာတွင် ကျောက်ဆည်အယူအဆကိုလက်ခံသည့် ဖက်မှ စာပေများကိုလည်းကောင်း ထို့နောက် ကျောက်ဆည်အယူအဆ ကို ငြင်းချက်ထုတ်ထားသော စာပေများကိုလည်းကောင်း လက်လှမ်းမီရာ စာပေများစွာ တို့အား နှိုင်းယှဉ်လေ့လာရသည်မို့ ရေးစရာ ကိစ္စတွေများပြားလွန်းလှပါတယ်။ ထို့ကြောင့် အယူအဆရယ် ငြင်းချက်ထုတ်ပုံရယ် တို့ကို တစ်ခုခြင်း အဆင်ပြေသလို အကိုးအကားများနှင့်အသေးစိတ် ဆက်လက်ရေးသားသွားပါမည်။ကျေးဇူးတင်ပါသည်။

မှတ်ချက်။ ။ စာရေးသူ ရေးသားခဲ့သော ဆောင်းပါး သုံးပုဒ်ဖြစ်သော
---ကုလားဖြူနယ်ချဲ့ဝါဒီ တို့ ဖန်တီး ခဲ့သော သမိုင်းကြောင်းအမွေဆိုး
--ရွှေနန်းဆီသို့ ( ၁ )
( က )တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။
--ရွှေနန်းဆီသို့ (၁)
( ခ ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ
တို့တွင်ကိုးကားထားသောစာအုပ်များမှာ ပုံနှိပ်သက်တမ်းအရသော်လည်းကောင်း၊ စာတမ်းဖတ်ချိန်အရ သော်လည်းကောင်း သက္ကရာဇ်အားဖြင့် အစောဆုံး ၁၉၅၆ မှ နောက်အကျဆုံး ၂၀၀၅ ခုနှစ်အတွင်းမှ ကောက်ချက်များသာဖြစ်ပါသည်။ လက်ရှိအချိန်ကာလ နှင့်ဆိုလျှင် ခုနနှစ်ကျော် ကွာဟသွားပြီဖြစ်၍ သုတေသန အထောက်အထားသစ်များ ၊မထင်မှတ်ပဲ တိမ်မြှုပ်ပျောက်ကွယ်နေသော ကွင်းဆက်များ ၊ ပညာရှင်အချို့၏ အယူအဆ ပြောင်းလဲခြင်းများ ရှိနေပါသေးသဖြင့် နောင်ရေးမည့် ဆောင်းပါးတွင် ထည့်သွင်းဖော်ပြသွားပါမည်။

_ _ သျှင် လေညင်း (၂၀၊၂၊၂၀၁၃)

__စာအကိုးအကား

မှန်နန်း မဟာရာဇဝင်တော်ကြီး (၂၀၀၃)
G H Luce -Economic of the Early Burma/Old Kyauke-se and coming Burm (၁၉၅၇)
ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ (၁၉၇၅) ဒုတိယအကြိမ်
ဒေါက်တာသန်းထွန်း - မြန်မာဆိုတာ (၂၀၀၄)
ဦးဖိုးလတ် - မြန်မာအစ (၁၉၇၃)
ဒေါက်တာထင်အောင်- Burmese History Before 1287
ပုဂံမပျက်မီကမြန်မာ့သမိုင်း(အောင်သန်း မန္တလေး -ဘာသာပြန်) (၁၉၇၃)
ချစ်စံဝင်း- မြန်မာ့မြို့ဟောင်းတကောင်းရုပ်ပုံလွှာ (၂၀၀၄)
ဦးသန်းဆွေ - တကောင်းမြိုဟောင်း လေ့လာတွေ့ရှိချက် (၁၉၆၆)
ဦးအောင်သော်-ဗိဿနိုးမြို့ဟောင်း (၁၉၆၈)
ဦးမြင့်အောင်-ဟန်လင်းမြို့ဟောင်း(၁၉၆၈)
ရှေးဟောင်းမြန်မာ့မြို့တော်များ
ညိုမြ - ကုန်းဘောင်ရှာပုံတော် (၂၀၀၃)

https://www.facebook.com/photo.php?fbid=474476579267865&set=a.474475725934617.100938.474473762601480&type=1

Photo Detail ; Tagoung ShweSiGone
Photo credit; not Dr. Nyi Win
422258

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:41:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38229] Fwd: [လူဗိုလ်ဟူသည် ...] သရော်စာ - satire



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] သရော်စာ - satire
To: lubo601@gmail.com


ကိုဝိုင် ဝိုင်ကေ and 2 other friends like a status.


" အဖေ"
"ဟေ....ဘာလဲသား"
"ကျောင်းမှာ သား ခဲတံပျောက်သွားလို့"
"ဟင်...မင်းဆရာမကို သွားမတိုင်ဘူးလား"
"တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ"

"အေး...သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ"
"ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲဖွဲ့ခိုင်းတယ်အဖေ၊ အဲ့ဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကို ဆင့်ခေါ်ပြီး ဆရာမ စိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့"
"အင်...အဲ့ဒီလို လုပ်လို့ အဆင်ပြေပါ့မလား သားရဲ့"
"ပြေတယ် အဖေရ"
"ဟုတ်ရဲ့လား....ဘယ်လိုပြေတာတုန်း"
"သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့ အဖြေကို စာတင်ရတယ်အဖေရဲ့"
"အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား"
"တွေ့တော့ မတွေ့ဘူးအဖေ....ဒါပေမယ့် သားကျေနပ်တယ်"
"ဟင်....ဘယ်လိုကြီးတုန်း သားရဲ့"
"အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ....သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိပါလာတာမသေချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ မတွေ့သောကြောင့် အတန်းထဲတွင်ပျောက်တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်းစားကြည့်သောအခါ ကာယကံရှင် အားမေးမြန်းချက်အရ မည်သည့် နေရာကိုမှ မယူသွားကြောင်းထွက်ဆိုခြင်းကြောင့် အတန်းထဲရှိထောင့်တစ်နေရာများကျနေနိုင်ကြောင်း၊ သို့သော် တစ်ခန်းလုံး အားပိုက်စိပ်တိုက်ရှာကြည့်သောအခါ မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ကြောင်း၊သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသောခံတံအားရှာဖွေရန် ပြီးမြောက်ဖို့ အတွက် အောက်ပါ အချက်များထဲမှ နည်းလမ်းတစ်ခုအားဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည်။
(1) ပျောက်ဆုံးသွားသောခဲတံအားအသစ်ပြန်ဝယ်ပေးခြင်း
(2) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံဖြည့်တင်းပေးရန်
(3) ပျောက်သွားသောခဲတံအား ထပ်မရှာပဲ နေခြင်း တို့ ဖြစ်ပါသည်။
လို့ ဆိုထားတယ်အဖေ"
"ဟ...မင်းတို့ ဟာက ရှည်လျှားလှပါလား၊ ပျောက်နေတဲ့ ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကိုဆိုလိုမှန်းမသိဘူး"
" ဒါပေမယ့် သားကျေနပ်တယ် အဖေ"
"မင်းကလည်း ကျေပဲ ကျေနပ်နေတာပဲ....ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ"
"အဖေပဲ စဉ်းစားကြည့်လေ"
"အင်း...ငါက ဘာကိုစဉ်းစားရမှာလဲ"
"သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာအရှည်ကြီးဖတ်ရတော့ သားတန်တာပေါ့အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာ မသင်ရဘူးလေ...အဲ့ဒါကျေနပ်စရာပေါ့ အဖေရဲ့...အဖေက ဒါလေးတောင်မသိဘူး"


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:35:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:38228] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၅)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 10 May 2013 06:27 AM PDT
၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန်
့မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေ
ကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကာင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)
Ref: Dr Tun Lwin


Posted: 10 May 2013 06:18 AM PDT
ထိုင်းနိုင်ငံတ၀န်း ရောင်းချနေတဲ့ ငံပြာရည် အများစုမှာ တာရှည်ခံအောင်သုံးထားတဲ့ ဓာတုပစ္စည်း ပါဝင်မှုအဆင့်ဟာ စားသုံးဖို့ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီဘူးလို့ လေ့လာတွေ့ရှိချက်တခုကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 06:17 AM PDT
တနာရီကို လေတိုက်နှုန်း ၁၀၃ မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ သန်းခေါင်ယံမှာ ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် ရေတပ်နဲ့လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း ဒီနေ့ညနေပိုင်း ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 06:21 AM PDT
Posted: 10 May 2013 05:15 AM PDT
မေလ ၁၀ ရက် Auto World ဂျာနယ် အတွဲ ၂၊ အမှတ် ၁၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 05:10 AM PDT
မေလ ၁၀ ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal (VOL.4, NO.55)
(နောက်ဆုံးရ သတင်းများနှင့် ချန်ပီယံရှစ်Play-Offs ဆီမီးဖိုင်နယ်ပွဲရလဒ် ပါဝင်သော
သောကြာ နံနက်အချပ်ပို ပူးတွဲပါရှိ)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 03:55 AM PDT
ပြည်တွင်း၌ ယခုနှစ်အ တွင်း ဥရောပနှင့် အာရှထိပ်သီး ကားကုမ္ပဏီပေါင်း ရှစ်ခုခန့် တရား
ဝင်ရောင်းချခွင့် ရရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သတင်းရရှိသည်။ ကမ္ဘာကျော် ထိပ်သီးကား ကုမ္ပဏီများဖြစ်သည့် ဂျာမနီနိုင်ငံမှ BMW ၊ အမေရိကန်နိုင်ငံမှ Ford ၊ ကိုရီးယားနိုင်ငံမှ KIA ၊ အိန္ဒိယနိုင်ငံမှ TATA ၊ ဂျပန်အခြေစိုက် Toyota, Nissan, Honda အစရှိသော ကမ္ဘာ့ဈေးကွက်ဝင် ကားကုမ္ပဏီကြီးများက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 03:37 AM PDT
အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ် တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့မှုကို သက်ဆိုင်ရာတွေက ကိုင်တွယ်ရာမှာ ဥပဒေက လျော့ရဲနေ တာကြောင့် ထိထိရောက်ရောက် အရေးယူပေးဖို့ မိခင်ဖြစ်သူက မေလ ၉ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
 



Posted: 10 May 2013 04:02 AM PDT
၁၀့  ၅့   ၂၀၁၃ ယနေ့နံနက် ၈နာရီ ခန့် တွင် အင်းလေး ဟော်တယ်ဇုံ ဒေသ မှ ပုဒ်မ ၁၈၈ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံရသော တောင်သူ ၇ ဦး နှင့် ကန်ဘဲ့ ကျေးရွာ အင်ကြင်းကုန်း ကျေးရွာ မှ တောင်သူ ၅၀ ဦးခန့်သည် ကလောမြို့နယ် တရားရုံးသို့ ခြေလျင် လမ်းလျှောက်လာကြ ကြောင်းသိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 10 May 2013 03:09 AM PDT
မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ကို လုံးဝ အယုံအကြည် မရှိဘူးလို့ ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလို့ မေလ ၉ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 10 May 2013 04:08 AM PDT
ဟင်္သာတမြို့နယ် ကျုံတွမ်ကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တပ်မတော်သား သုံးဦးက လူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သောကြောင့် အသက် ၁၆ နှစ်ခန့် လူငယ်တစ်ဦး သေဆုံးမှုကို တပ်မတော် တရားရုံးက ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း ယင်းတပ်မတော် သားများ တာဝန်ထမ်းဆောင်သည့် အမှတ် (၁၈) ခြေလျင်တပ်ရင်းနှင့် မိသားစုဝင်များ ထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:13 AM PDT
မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ သည့် ပြည်ပ ကုမ္ပဏီများ အကြို နိုင်ငံတကာ ဥပဒေ အကျိုးဆောင် လုပ်ငန်းများ ပြည်တွင်းသို့ အပြိုင်အဆိုင် ၀င်ရောက် လာနေကြောင်း သတင်းရရှိသည်။ လက်ရှိ ပြည်တွင်းတွင် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဂျပန်စသည့် နိုင်ငံများမှ ဥပဒေ အကျိုးဆောင် လုပ်ငန်းများ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:20 AM PDT
တစ်လလျှင် ချီးမြှင့်ငွေ ကျပ်သုံးသိန်းသာ ရရှိသော လွှတ်တော် ကိုယ်စားလှယ် များကို ရုံးခန်း၊ ကားနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပေးရန် စဉ်းစားနေကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြောကြား သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:30 AM PDT
နိုင်ငံတော် သမ္မတကြီးနှင့် ပြန်ကြားရေး ၀န်ကြီးတို့အား သိစေချင်ပါသည်...
ကျွန်မတို့ဟာ (နေပြည်တော်.တပ်ကုန်း) မြန်မာ့အသံရုံး ၀င်းကြီး အတွင်းက ၀န်ထမ်း အဆောင်
တွေမှာ နေထိုင်ကြတဲ့ ၀န်ထမ်းများ ဖြစ်ပါတယ်၊ အခုအခါမှာ ညွှန်ကြားရေး မှုးချုပ်ရဲ့အမိန့်နဲ့ဆိုပြီး ၀န်ထမ်းများ နေထိုင်ရာ လိုင်းခန်းများတွင် မိဘ.ဆွေမျိုးများ အပါအ၀င် မည်သူ့ကိုမျှ ရက်တို/ရက်ရှည် ညအိပ်တည်းခို နေထိုင် ခွင့်မပြုရ ဆိုတဲ့ အမိန့်ကြေငြာစာ စည်းကမ်း ချက်ကြပီး ထွက်ထား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:36 AM PDT
ကလောမြို့ ရွှေတူးဖော်ရေးလုပ်ငန်းခွင် အတွင်း မေလ ၁ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည့် အလုပ် သမားဦးရေမှာ ၁၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကျော်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:42 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် သင်္ကြန်လက်ဆေးမိုး ရွာသွန်းမှု မရှိခြင်း၊ အပူရှိန်ပူပြင်းမှု များကြောင့် (၉.၅.၂၀၁၃)ကြာသပတေးနေ့၌ အိမ်မဲမြို့ ဂီတ အစည်းအရုံးဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ မိုးကြိုလွန်ကြိုး ဆွဲပြိုင်ပွဲကို ညနေ(၅း၀၀)အချိန်တွင် အိမ်မဲမြို့ အထက်ပိုင်း ရပ်ကွက်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အိမ်မဲမြို့တွင် မိုးကြို လွန်ကြိုး ဆွဲပြိုင်ပွဲကျင်းပ





Posted: 10 May 2013 04:46 AM PDT
ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀ ကျော် ကျယ်ဝန်းသော အစိုးရ ပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အစိုးရပိုင်မြေ ဧက ၂၀ကျော် ထူးနှင့်ထိုင်းကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ

Posted: 10 May 2013 01:51 AM PDT
မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရဲ့ စခန်းတခုကို  တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့အပိုင် တရုတ်-မြန်မာနယ်စပ်အခြေစိုက် ရှမ်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် တင်းခါးတပ်စခန်း (ဓာတ်ပုံ- သျှမ်းသံတော်ဆင့်

နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စု နေရာပေါင်း ၅ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နော
က် နောင်မကျေးရွာက သူတို့တပ်ရင်း အမှတ်  ၇၀၁ စခန်းကို ဆုတ်ပေးလိုက်ရတယ်လို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

"တိုက်ပွဲဖြစ်တာကြာလို့ သူတို့ဘက်က စစ်ကူတွေ တဖွဲဖွဲ ရောက်လာတယ်။ အစိုးရတပ်ဘက်က အင်အား ၅၀၀-၆၀၀ နဲ့ ကျနော်တို့ကို ၀ိုင်းတိုက်တာ။ ကျနော်တို့ အဲဒေသမှာ ပြောက်ကျားတပ်သားနဲ့ လှုပ်ရှားနေတဲ့ တပ်ဖွဲ့ ၁၀၀-၂၀၀ နည်းပါးရှိတယ်။ တပ်ကလည်း ပြန့်ကျဲနေတော့ တနေရာထဲမဟုတ်တော့ အင်အားချင်းကွာတယ်၊ မခံနိုင်တော့ ဆုတ်ပေးလိုက်တယ်။ နောက် လက်နက်ကြီးကျည်ဆန်တွေကလည်း ကျတာတအားများတော့ ရွာသားတွေရဲ့ အိမ်ခြေတွေကို ထိခိုက်ပျက်စီးမှုတွေ များတော့ တပ်မှူးက မလိုလားဘူး၊ ဆုတ်ပေးလိုက်တယ်။ ညနေ ၃ နာရီလောက်မှာ တပ်စခန်းကနေ ဆုတ်ခွာပေးလိုက်တယ်။ တပ်တွေကတော့ အရင်တုန်းက အပစ်အခတ်မရပ်စဲတဲ့ အနေအထားပဲ ဆက်ရပ်တည်သွားမယ်၊ ပြောက်ကျားတပ်လိုပဲ ဆက်လှုပ်ရှားသွားမယ်လို့တော့ ဆက်အစီအရင်ခံထားတယ်။"

နမ့်ခမ်းမြို့နယ်တွင်း တနေ့တာ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် ရွှေလီမြစ် နှစ်ဘက်ကမ်း ကျေးရွာပေါင်း ၁၉ ရွာက အိမ်ထောင်စု ၆၅၀ ကျော် လူပေါင်း ၂ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး ခိုလှုံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမလုပ်ခင်က မြန်မာ့တပ်မတော်က မေ ၅ ရက်နေ့တုန်းကလည်း တင်းခါးစခန်းကို မီးရှို့ခဲ့သေးတာကြောင့် ဒီဖြစ်ရပ်တွေကို အစိုးရငြိမ်းချမ်းရေးအဖွဲ့ဆီကို ဆက်ဆံရေးရုံးကနေတဆင့် မနေ့က အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး ၁ နှစ်ခွဲနီးပါး အချိန်အတွင်း အစိုးရနဲ့ ပစ်ခတ်မှုပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့တာမှာ မနေ့က တိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က ရဲဘော် ၁ ဦးကျဆုံးကာ  ၂  ဦး ဒဏ်ရာရကြောင်း၊ အစိုးရတပ်ဘက် ကလည်း အနည်းဆုံး ၁၅ ဦးဒဏ်ရာရပြီး အရာရှိတွေပါ ပါဝင်တယ်လို့ ကြားရပေမယ့် ကျဆုံးသူဦးရေ မသိရကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း အစိုးရဘက်က အပစ်အခတ်ရပ် ပျက်ပြားတယ်လို့ မကြေညာမချင်း သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး ပြဿနာကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းလိုတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ကျားဖြူပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက မနေ့က တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ခြမ်းက တရုတ်ဘုံကျောင်း  ၁ ခုကို လက်နက်ကြီးစ ထိမှန်ပြီး နောင်ဆောင်ရွာက နေအိမ်တချို့ ပျက်စီးကြောင်း၊ ပစ်ခတ်မှုတွေဟာ ညနေပိုင်းမှာ ငြိမ်သွားပေမယ့် ရွှေလီကူးတို့ဆိပ်နဲ့ နယ်စပ်လမ်းမှာ အသွားအလာ မရှိသလောက်ဖြစ်သွားပြီး ကုန်ဈေးနှုန်း ၂ ဆ လောက် ခုန်တက်သွားတယ်လို့ ပြောပါတယ်။

မနေ့က ကျားဖြူပါတီက ဇေယျသုခဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၁၀၀ ကျော်အတွက် ထမင်းထုပ်တွေ သွားဝေခဲ့ပြီး တခြားရပ်ကွက်တွေမှာတော့ ရပ်ကွက်သာရေးနာရေးအသင်းက သူအစီအစဉ်နဲ့ သူ ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ဒီနေ့တော့ အိမ်ကို တဖွဲဖွဲပြန်နေကြကြောင်း တရုတ်ဘက်ခြမ်းကို ထွက်ပြေးသွားသူတော့ ပြန်မလာရဲဘဲ ဒီဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ အခြေအနေစိတ်ချရကြောင်း အကြောင်းကြားချက်ကို စောင့်နေကြတယ်လို့  နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက ပြောပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ)


Posted: 10 May 2013 01:47 AM PDT
ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း မနေ့ကနေ့လည်ပိုင်းက လေပြင်းတိုက်ခတ်သွားတာကြောင့် အိမ်ခြေအလုံး ၄၀၀ နီးပါး ပျက်စီးသွားတယ်လို့သိရပါတယ်။

သရက်ကုန်း၊ ပေါက်ကံ၊ ကံထူး၊ ရွှေပေါက်ပင်စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် သရက်ကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ အဲဒီဒေသခံ ဒေါက်တာလှမိုးက RFA ကို ပြောပါတယ်။

လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် မိုးကြိုးပစ်ခံရတာနဲ့ သစ်ပင်ပြိုတာတွေကြောင့် နွား ၃ ကောင်သေဆုံးပြီး တိရိစ္ဆာန်တချို့ ထိခိုက်မှုရှိတယ်လို့သိရပါတယ်။ ဒေသခံတွေအနေနဲ့လည်း အ၀တ်အစားနဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေပြီး လောလောဆယ်အထိ အာဏာပိုင်တွေဘက်က အကူအညီပေးတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း သရက်ကုန်းကျေးရွာအုပ်စုထဲက ကျေးရွာ ၁၃ ရွာမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၅၈၃ လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

RFA Burmese




Posted: 10 May 2013 01:46 AM PDT
အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ အခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတွေကိုအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်မြို့ American Center မှာ မေလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

အင်တာနက်လူမှုကွန်ရက်မှာ တချို့သူတွေက နာမည်အတု၊ အကောင့်အတုတွေနဲ့ ပြဿနာတွေ ပိုမိုကြီးထွားအောင် တာဝန်မဲ့ပြောဆိုရေးသားနေကြတယ်လိ
ု့ဆိုပါတယ်။ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ရလာတဲ့ ဒီကနေ့အခြေအနေမှာ တာဝန်ယူတဲ့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့လိုပြီလို့လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သံရုံး လူထုဆက်သွယ်ရး လက်ထောက်အရာရှိ Michael Quinlan ကလည်း လွတ်လပ်စွာပြောဆိုခွင့်ကို ဥပဒေနဲ့ သတ်မှတ်ဖို့လိုအပ်ပြီး၊ တရားရေးစနစ်ကလည်း စောင့်ကြည့်နေရမှာဖြစ်ကြောင်း၊ လူမှုရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်တာ၊ အသရေပျက်အောင် စော်ကားရေးသားတွေဟာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်
ရဲ့ အနက်အဓိပ္ပါယ်နဲ့ သဘောသဘာဝ၊ မီဒီယာလွတ်လပ်မှုနဲ့ မြန်မာနိုင်ငံ အခြေအနေ၊ ဆင်ဆာပြဿနာ စတာတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲကို ကျောင်းသူကျောင်းသားတွေ၊ စာရေးဆရာ အယ်ဒီတာတွေနဲ့ ဘလော့ဂါတွေ စုစုပေါင်း လူ ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese


Posted: 10 May 2013 04:58 AM PDT
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မူကြွေးကျန် ပုဒ်မ ၄ဝ၁(၁) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တာဟာ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့် ပြဿနာ တစ်ခု ဖြစ်တယ်လို့ ဦးနေမျိုးဇင်ရဲ့ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ ပြန်လွတ်ပေး လိုက်တာကို ပြည်ထဲရေး ဝန်ကြီး အမိန့်နဲ့  ပြန်ဖမ်းတယ်ဆိုတာ မဆီလျော်ဘူးလို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 05:03 AM PDT
မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိစာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ စာသင်တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော ကြက်သား ဒံပေါက်နှင့် ချည်ရည်ဟင်း၊ ငါးပိကြော်တို့ကို နံနက် ၅နာရီအချိန်ခန့် က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 May 2013 07:58 PM PDT
ရိုဝမ်ဒါ နိုင်ငံမှာ ကျောင်းသား ၄ဝ ရာခိုင်နှုန်းကျော်ဟာ လိင်ပိုင်းဆိုင်ရာ အပါအဝင် အဓမ္မ ပြုကျင့်ခံနေရတယ် ဆိုတဲ့ အစီရင်ခံစာ တခု ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် ကျောင်းတွေမှာ မဒိန်းကျင့်ခံရတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ အာဏာပိုင်တွေက သံန္နိဌာန် ချခဲ့ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရိုဝမ်ဒါ နိုင်ငံပြ မြေပုံ

Posted: 09 May 2013 07:36 PM PDT
၂၀၁၃ - မေ ၉ ရက်နေ့ နေ့ လည် ၁၄း၀၀ အချိန်တွင် မိုးရွာသွန်းပြီ လေတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ် သိုက်တူ ကန် ကျေးရွာအုပ်စု၊ သိုက်တူကန် ကျေးရွာ အနီး သံလျင်/သုံခွသွား ကားလမ်းပေါ် ရှိ မှတ်တိုင်အမှတ် (၅၁/၀၂) အကြားတွင် အော်ရီးရှား သစ်ပင်သည် ကားလမ်းမပေါ်သို့လည်ကျရာ ဓါတ်တိုင် တချို့ ပျက်စီးခဲ့ပြီး ခတ္တလမ်းပိတ်ဆို့ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လဲကျတဲ့ သစ်ပင်ဟာ ကားလမ်း ရှိ သိုက်တူကံ ကျေးရွာ သို့ သွယ်တန်းထား သော ကွန်ကရစ် ဓါတ်တိုင် (၂) တိုင်အကြား သို့ကျ ရောက် ပြီး ဓါတ်ကြိုး ပြတ်ကျ၍ ကွန်ကရစ် ဓါတ်တိုင်(၂) တိုင်ကြိုးသွား ကာ သစ်ပင်သည်လမ်းအား (၁၅) မိနစ်ခန့် ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်ပါသည်။

အခင်းအဖြစ်သည့် သိုက်တူးကန်ကျေးရွာသို့ မြို့နယ်ဦးစီး မှူးဦးဌေးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲကျော်စိ
န်လင်း၊ မြို့နယ်လျှက်စစ်ဓါတ်အား ပေးရေးအဖွဲ့ အုပ်ချုပ်ရေး မှူးဦးခင်မောင်ထွန်း တို့ မှသွားရောက်ဖယ်ရှားရှင်းလင်းရာ (၁၄း၃၀)အချိန်တွင်ရှင်းလင်း မှုပြီးစီးခဲ့ ကြောင်း သိရပါသည်။
ဆက် လက်၍သိုက်တူးကန်သို့ လိုက်လံစစ်ဆေးရာ ရွာတောင်ဘက်ကွင်းဘက်ရှိ ပျဉ်ခင်းထရံ ကာ၊ဓနီမိုးလူနေအိမ်တစ်လုံး ပြိုကျ (တန်ဘိုး (၅)သိန်း ကျပ်ခန့်) ပျက်စီးပြီး၊ သုဿာန်ဇရပ်အဟောင်း တစ်လုံပြို ကျ(တန်းဘိုး (၂)သိန်းကျပ်ခန့်ပျက်စီး)၊ ရွာတောင်ဘက်ကွင်းထဲရှိ ကျိုက်သာယာဘုန်းကြီး ကျောင်းသွပ်များ အမိုးလန် (တန်းဘိုး(၂)သိန်ကျပ်ခန့် ပျက်ဆီးပြီးကျေးရွာအတွင်းရှိကို
ယ်အားကိုယ် ကိုးကွန်ကရစ်ဓါတ်တိုင်(၁)တိုင်နှင့် သိုက်တူးကန်ကျေးရွာ တောင်ဘက်ကွင်းပြင်အတွင်းရှိသော ကျိုက်သာယာ ဘုန်းကြီးကျောင်းသို့ သွယ်တန်းထာသော ကွန်ကရစ် ဓါတ်တိုင် (၄၂) တိုင်ကျိုးပဲ့ ပျက်စီး ခဲ့သဖြင့် ကားလမ်း ဘေးရှိ ဓါတ်တိုင်(၂) တိုင်အပါအ၀င်စုစု ပေါင်း ဓါတ်တိုင်(၄၅) တိုင် ပျက်စီးမှု အတွက် တန်းဘိုး(၄၅)သိန်ကျပ်ခန့် ဆုံရှုံးခဲ့ ပါသည်။
သံလျင်/သုံးခွသွား မော်တော် ကား လမ်း မှာပုံမှန်  တိုင်ယာဉ်များ သွားလာလျက်ရှိပြီး ကျိုးပဲ့စီး သွားသော ကွန်ကရစ် ဓါတ်တိုင်များ အား ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ (သုံးခွ)မြို့နယ်မှ ကြီးကြပ် ကွပ်ကဲ၍ အမြန်းဆုံး ပြန် လည်ပြုပြင် သွာ မည် ဖြစ်ကြောင့်နှင့် လေတိုက်ခက်မှု ဖြစ်စဉ်နှင့် ပတ်သတ်၍ လူနှင့် တိရိစ္ဆာန် များ ထိခိုက်ဒဏ် ရာ ရှိမှု တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့ မှသတင်းရရှိပါသည်။

သစ်ထူးလွင်

သိုက်တူးကန်ကျေးရွာ


Posted: 09 May 2013 06:02 PM PDT
ဒီနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှာ မိုးရွာသွန်းပြီး ကွမ်းသီးလုံးလောက်ရှိတဲ့ မိုးသီးတွေ ကျခဲ့တာ တမြို့လုံး ဖွေးသွားတယ်လို့ မြို့ခံ သတင်းဂျာနယ်အယ်ဒီတာ ကိုစန်းယုက ပြောပါ တယ်။ "လေကတော့ တအားကြီး မပြင်းဘူး။ မိုးက နည်းနည်းလေးတော့ သည်းတယ်။ မိုးသီးကတော့ ကောင်းကင်က ကြဲချသလိုမျိုးပဲ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:34:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.