[mrsorcerer:26832] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Tuesday, June 26, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် ခရီးစဉ် စတင်
လေဘာ ပါတီ ရုံးချုပ်သစ် ဒေါ်အောင်ဆန်း စုကြည် ဖွင့်လှစ် ပေးခဲ့
နတ်ကာ ရေလှောင် တမံအတွက် နစ်နာကြေး မရသည့် ကုတ်ယူခံမြေပိုင်ရှင် များရှိနေ
ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ
လယ်ယာ ကဏ္ဍနှင့်ပတ်သက်သည့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု
မြန်မာ ထိပ်တန်း လုပ်ငန်းကြီး အချို့  အာမခံ လုပ်ငန်း လုပ်ကိုင်မည်
ထိပ်တန်းကား ကုမ္ပဏီကြီးများ အကျိုးတူ ဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ
စစ်တွေမြို့ခံ များ ညမထွက်ရ အမိန့် ရုပ်သိမ်းလျှင် ဆူပူမှုများ ပြန်ဖြစ် မည်ကို စိုးရိမ်
မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေကြီးမှု နောက်ဆုံးအခြေအနေ
ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ လူ့ဘောင် သစ်ပါတီ တွေ့ ဆုံဆွေးနွေး
လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို
ဆန္ဒပြ Famoso အလုပ်သမား များအား အလုပ်ထုတ် ပစ်မည်ဟု သူဌေး အကြပ်ကိုင်
ကိုမင်းကိုနိုင် လယ်သမားတွေနဲ့တွေ့ဆုံ
ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်
နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမိန့်အား အဆုံးထိ အယူခံတက်သွားမည်
လိုင်းကားများ ဝင်ရောက်မှု ကြောင့် လမ်းများ ပျက်စီး

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် ခရီးစဉ် စတင်

Posted: 26 Jun 2012 04:22 AM PDT

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား  ပြင်သစ် နိုင်ငံမှ နိုင်ငံတော် အထူး ဧည့်သည် အဖြစ်ကြို ဆိုမည်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်း ၀င် ပြင်သစ် ခရီးစဉ်ကို ယနေ့နေ့ လည်ပိုင်းတွင် အင်္ဂလန် နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့  ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သော နိုင်ငံတော်ဧည့်သည်အဖြစ်ကြိုဆိုဂုဏ်ပြုမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှာ(၃)ရက်ကြာနေထိုင်ပြီး ပဲရစ်မြို့တော်ဝန် Bertrand Delanoeက ဂုဏ်ထူးဆောင်ပြင်သစ်နိုင်ငံသားဆုကိုပေးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးLaurent Fabiusနှင့် သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။

၁၃ရာစုနှစ်စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် Sorbonne တက္ကသိုလ်မှာ ပြင်သစ်ကျောင်းသား/သူများနှင့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းကြည်က ဟောပြောပို့ချမှာဖြစ်ပါတယ်။

Aung Pan - Facebook

http://feeds.feedburner.com/thithtoolwin/yIWV

လေဘာ ပါတီ ရုံးချုပ်သစ် ဒေါ်အောင်ဆန်း စုကြည် ဖွင့်လှစ် ပေးခဲ့

Posted: 26 Jun 2012 03:54 AM PDT

မြန်မာ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန် နိုင်ငံ လေဘာပါတီ ရုံးချုပ် သစ်ဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်ခဲ့။

ယနေ့မနက် ၁၀နာရီ ၁၄မိနစ်တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံးပါတီ လေဘာ ပါတီဌာန ချုပ်ရုံးခန်း ဖွင့်ပွဲကိုလန်ဒန်မြို့မှပဲရစ်မြို့မထွက်ခွာခင်တက်ရောက်ဖွင့်လှစ်ခဲ့သည်။

လေဘာပါတီခေါင်းဆောင်Ed Miliband မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လေဘာပါတီရုံးချုပ်သစ်ဖွင့်လှစ်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးမှုဟာ အလွန်ကျော်ကြားလှတဲ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင်တဦးကဖွင့်လှစ်ပေးခဲ့သည့်အတွက် လေဘာပါတီရဲ့သမိုင်းဝင်ဖြစ်ကြောင်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်ခဲ့သည်။
Aung Pan - Facebook

10.14am: Aung San Suu Kyi, the Burmese democracy campaigner, has opened Labour's new HQ today.
http://feeds.feedburner.com/thithtoolwin/yIWV

နတ်ကာ ရေလှောင် တမံအတွက် နစ်နာကြေး မရသည့် ကုတ်ယူခံမြေပိုင်ရှင် များရှိနေ

Posted: 26 Jun 2012 03:36 AM PDT

ပျော်ဘွယ် မြို့နယ် မဲဒီး အုပ်စုတွင် နတ်ကာရေ လှောင်တမံ တည်ဆောက် စဉ်က ကုပ်ယူထားသည့် မြေယာများ အတွက် လက်ရှိ အချိန်ထိ နစ်နာကြေး မရသေးသော လယ်သမားများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

 လယ်ဧက (၁၂၀၀)ကျော် အားထားရသော နတ်ကာရေလှောင်တမံအတွက် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကတည်းက အနီး ပတ်ဝန်းကျင် ရှိ မြေယာများအား မြေကုတ်ယူခံခဲ့ရ၍ တောင်သူများမှာ လုပ်ကိုင်စားသောက်ရန်ခက်ခဲသွားပြီး ယခုနှစ်ဇွန်လ (၁၅)ရက်နေ့က မြေကုတ်ယူခံတောင်သူများက နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပို့ခဲ့ကြောင်း သိရှိရသည်။

ထို့အတွက် ဒက်ဟက်ကုန်း၊စည်ပင်သာ၊ကန်ဖျား၊ကန်စွယ်၊ငန့်ဇင်းကျးရွာမှ တောင်သူများအနေဖြင့် တစ်ဧက ကျပ်(၂)သိန်းနှုန်းဖြင့် နစ်နာကြေးရရှိခဲ့သူများရှိသော်လည်း  မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာများက တောင်သူများမှာ လက်ရှိအချိန်ထိ နစ်နာကြေး မရှိသေးကြောင်း သိရသည်။

 "ကျွန်တော်တို့မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာတွေက အခုထိမရသေးဘူး။အကုပ်ခံရတာ-၆၅ဧကရှိပါတယ်။ မြေတွေကပျက်စီးပြီး လုပ်စားလို့ မရတော့ဘူး၊ တစ်နှစ်တစ်ခါ ပုံမှန်မြေဆီလွှာချရင်တောင်မှ နောက်ထပ်လေး၊ ငါးနှစ်ကြာတောင် အရင်လိုပြန် မဖြစ်နိုင် ဘူးလို့ ကြားတယ်။ အဲ့ဒီ အတိုင်းဆိုရင်တော့ ထိုက်တန်တဲ့ လျော်ကြေး လေးတော့ လိုချင်ပါတယ်"ဟု   မြေကုပ်ခံရသူတောင်သူကြီး ဦးစန်းလွင်က ပြောသည်။

မြေကုပ်ခံရသော မြေယာပိုင်ရှင်တောင်သူများအနေဖြင့်ယခင်ကဆီထွက်သီးနှံများနှင့်ဆန်စပါးစိုက်ပျိုး ဖြစ်ထွန်းခဲ့ပြီး ယခုချိန်တွင်   မြေဆီလွှာများ ဆုံးရှုံးခဲ့သောကြောင့်သီးနှံစိုက်ပျိုးနိုင်ခြင်းမရှိတော့၍ စီးပွားရေးအဆင်မပြေမှုများနှင့်ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ်သည်။

"ကျွန်တော်မှာမြေတစ်ဧကပဲရှိတာအဲဒီမြေလေးအကုပ်ခံရတော့လုပ်စားစရာမြေမရှိတော့ဘူး။ အခုသူများင်္ဆီမှာထွန်ငှား လိုက်နေ ရတယ်၊ နွားလေးတစ်ရှင်းရှိလို့ တော်သေးတာပေါ့၊ မြေယာအစားပေးရင်လည်း လိုချင်ပါတယ် ထိုက်သင့်တဲ့နစ်နာကြေးလည်း ရချင်ပါတယ်၊ မြေတူးကားအသံကြားရင်ကို ကြောက်နေရတာ" ဟု စည်ပင်သာရွာမှ တောင်သူတစ်ဦးက ပြောသည်။
နတ်ကာရေလှောင်တမံအတွက် သင့်တော်မည့် မြေအမျိုးအစားများအားယခင်အစိုးရလက်ထက်ကကဲ့သို့ စမ်းသပ်ရှာဖွေ ခဲ့ခြင်းဖြစ်ကြောင်း၊မည်သည့်ကွင်းများတွင် တူးဖော်သည်ကိုသေသေချာချာမသိရှိကြောင်း မဲဒီးအုပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှုး ဦးချစ်စိန်က အတည်ပြုပြောဆိုသည်။

"ဆည်ဆောက်ဖို့ သင့်တော်မယ့်မြေအတွက် သင့်တင့်လျောက်ပတ်တဲ့ငွေကြေးပေးသံကြားရတာတော့  ၀မ်းသာပါတယ်။ ဒီဆည်ကြီးက လယ်ဧက(၁၂၀၀) ကျော်ပေးနိုင်လောက်အောင် ဆောက်လုပ်ထားတာပါ၊ မြေကုပ်ခံ ရတဲ့ကိစ္စနဲ့ ပတ်သက် လို့ တောင်သူတွေက ကျွန်တော့်ကို တင်ပြလာရင်တော့ ဆောင်ရွက်ပေးမှာပါ၊ အခုထိတော့ မတင်ပြသေးပါဘူး၊ သူတို့ဘက် ကတင်ပြလာရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျွန်တော်အတက်နိုင်ဆုံး ဆက်လက်တင်ပြညှိနိုင်း ဆွေးနွေးသွားပါမယ်"ဟု အုပ်ချုပ်ရေးမှုးဦးချစ်စိန်က ပြောကြားခဲ့သည်။

တောင်သူလယ်သမားများနှင့်အလုပ်သမားများအရေးဆောင်ရွက်နေသောကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့သည်။

"တောင်သူလယ်သမားဆိုတာ တစ်ဧကကို နှစ်သိန်းမဟုတ်ဘူး၊ ဆယ်သိန်းပေးတောင် မတန်ပါဘူး၊ ဘာလို့ လည်းဆိုတော့ သားစဉ်မြေးဆက်ပဒေသာပင်အဖြစ် ထွန်ယက်စိုက်ပျိုးရမှာဖြစ်တဲ့အတွက် မြေက မရှိမဖြစ် လိုအပ်ပါတယ် နိုင်ငံတော် ကတောင်သူမြေတွေလိုအပ်လို့ အသုံးပြုခဲ့ရင်လည်း ထိုက်သင့် နစ်နာကြေးတင်မက ဆုံးရှုံးသွားတဲ့ မြေကိုလည်း ပြင်ဆင်ပေးသင့်ပါတယ်"ဟု ILOမှ တာဝန်ရှိသူတစ်ဦးက  သုံးသပ်သည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup


http://feeds.feedburner.com/thithtoolwin/yIWV

ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ

Posted: 26 Jun 2012 02:50 AM PDT

ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က တွေ့ရှိခဲ့ရာ တာဝန်သိ ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအကြောင်းကြားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါကျွန်းသို့  ထွက်ခွာပြီး လိုက်လံ ရှာဖွေရှာ တရားမ၀င် ၀င်ရောက်လာသူ လူဦးရေ ၁၀၀ နီးပါးခန့်ကို တွေ့ရှိခဲ့သဖြင့် ယင်းတို့ကို ဂွမြို့သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

"လူတွေကများတော့ အတိအကျ စာရင်းကို ကျွန်တော်တို့မရလိုက်ဘူး ဖမ်းဆီးလာတဲ့သူတွေကို သက်ဆိုင်ရာက ကားပေါ်တင်ခေါ်တဲ့အချိန်မှာ ရေတွက်ကြည့်လိုက်တာတော့ ၈၈ ဦး တွေ့ခဲ့ရပါတယ် သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံတွဲရဲစခန်းကို ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်  ၊သူတို့ ဘယ်ကနေ၀င်လာပြီးတော့ ဒီကျွန်းကို ဘယ်အချိန်ကတည်းကရောက်နေတာကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး  " ဟု ငါးဖမ်းစက်လှေပိုင်ရှင် ဒေသခံတစ်ဦးက Flower News သို့ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက "ဒီသတင်းဟာ မှန်ကန်ပါတယ် လူ ၁၀၀ နီးပါးလောက် ရှိမယ်လို့ သတင်းရထားပါတယ် ဒီလူတွေကို အခုဆိုရင် သံတွဲရဲစခန်းက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေပါတယ်   " ဟု ပြောကြားသည်။

ဂွမြို့သို့ တရားမ၀င် ၀င်ရောက်လာသူများကို တွေ့ရှိခဲ့သည့် အဆိုပါကျွန်းကို ရောက်ရှိရန် ဂွမြို့မှ စက်လှေဖြင့် တစ်နာရီ ခန့် အချိန်ယူပြီးသွားလာရကြောင်း သိရသည်။

"ပြည်သူတစ်ဦးအနေနဲ့ ပြောချင်တာက ယခုဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ယခုအချိန်အထိ ယခင်လို မဖြစ်သေးတာကိုလည်း ကြားနေရပါတယ် အထူးသဖြင့် ဒီလို တရားမ၀င် ၀င်ရောက်လာတဲ့ လူတွေကို စနစ်တကျ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို ယခင်ထက် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက် ဖို့လည်း လိုအပ်လာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ် အနီးမှာရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်လာတဲ့   သူအများစု ဟာလည်း ရေကြောင်းကို အသုံးပြုပြီးတော့ ၀င်ရောက်နေကြတာကို ယခင်ကလည်း ကြားသိနေရသလို ယခုဆိုရင်လည်း ကျွန်တော်တို့ ဂွ မြို့ဘက်ကိုတောင် ၀င်ရောက်လာတာကို တွေ့နေရပြီဖြစ်တဲ့ အတွက်  နောက်နောင် ဒီလိုမျိုး ကိစ္စတွေ ထပ်မံမပေါ်ပေါက်လာဖို့ကတော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ရေပြင်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ကျွန်တော် မြင်ပါတယ် " ဟု စက်လှေပိုင်ရှင်  ဂွမြို့ဒေသခံတစ်ဦး က အကြံပြုပြောကြားသည်။

စောမြင့်သန်း(ပေါက်တော)( Yangon Media Group)
ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images
http://feeds.feedburner.com/thithtoolwin/yIWV

လယ်ယာ ကဏ္ဍနှင့်ပတ်သက်သည့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု

Posted: 26 Jun 2012 02:42 AM PDT

လယ်ယာ ကဏ္ဍဖွံ့ ဖြိုး တက်စေရန် ဓာတ်မြေ သြဇာ ပိုးသတ် ဆေးနှင့် လယ်ယာ သုံးစက် ကရိယာများ အပါအ၀င် လယ်ယာ သုံး စက်ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်း ထုတ်လုပ်ရောင်း ချခြင်းတို့အပေါ် ကျသင့် သည့် ကုန်သွယ် လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။

အဆိုပါ ကင်းလွတ်ခွင့်ကို ဇူလိုင် (၁) ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ပေးဆောင်နေရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို အခုသတ်မှတ်ကာလအတွင်း လုံးဝခွင့်ပြုလိုက်တာပါ " ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကြည်မိုး ကပြောသည်။

၂၀၁၂ ခုနှစ်ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၂၂/၂၀၁၂ တွင် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနမှ ပြည်တွင်းလယ်ယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန် အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ပုဒ်မခွဲ (က) အရ အမိန့်ကြေညာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။

သန်းနိုင်ဦး-Yangon Media Group


http://feeds.feedburner.com/thithtoolwin/yIWV

မြန်မာ ထိပ်တန်း လုပ်ငန်းကြီး အချို့  အာမခံ လုပ်ငန်း လုပ်ကိုင်မည်

Posted: 26 Jun 2012 02:30 AM PDT

ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င် ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည် ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

"ဇွန်လ ၂၉ရက်နေ့ ဖောင်ပိတ်မယ်။ ဇူလိုင် ၃ရက်နေ့ ၀န်းကျင်မှာ မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို တင်ပြမယ်။ စိစစ်မှုကာလက တစ်လ ၀န်းကျင်ကြာနိုင်ပါတယ်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ ပေါ်ပေါက်လာတော့မှာပါ"ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက Eleven Media Group ကို ပြောကြားခဲ့သည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ၉ချက်ရှိပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စီးပွားရေးနှင့် အညီ တိုင်းရင်းသား လုပ်ငန်းများ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးပြီး နိုင်ငံတကာအဆင့်မီမှသာ နိုင်ငံခြားအာမခံလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားပါသည်။

ပုဂ္ဂလိကသို

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ