ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်
ဇော်အောင် (မုံရွာ)
ဇွန် ၂၅၊ ၂၀၁၂
Speaking at British Parliament as first time for Asian Country's Feature

ဗြိတိန်နိုင်ငံ၊ ပါလီမန်၂ခုစလုံးအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များအကြား ပထမဆုံး စကား ပြောဆိုခြင်းပါ။ ပထမခရီးစဉ် ထိုင်းနိုင်ငံမှာ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို World Economic Forum မှာ စကားပြောခွင့်ရခဲ့ပါ တယ်။ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ နိုဘယ်ဆုလက်ခံရင်း နိုဘယ်ဆုရှင်များကို စကားပြောခွင့်ရခဲ့ပါတယ်။ အခု မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက်ပါလီမာန်ရဲ့ Westminster Hall မှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင် ၅ ဦးကတော့ ပြင်သစ်သမ္မတ ဒီဂေါလ် 1960 Charles de Gaulle President of France, တောင်အာဖရိကခေါင်းဆောင် နယ်ဆင်မန်ဒဲလား1996 Nelson Mandela President of South Africa, ပုပ်ရဟန်းမင်းကြီး 2010 Benedict XVI Pope (state Visit), အမေရိကန်သမ္မတ အိုဘာမား 2011 Barack Obama President of the United States, အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည် Burmese Democracy leader Daw Aung San Suu Kyi တို့ဖြစ်ကြပါတယ်။

ဂုဏ်ယူစရာကြီးဖြစ်တယ်ဆိုပြီး လေထဲတလူလူ လွင့်မျော၊ ဘ၀င်မြင့်နေချိန် စက္ကန့်အနည်းငယ်ပဲ ပေးပြီးကျေနပ်ပါတယ်။ ကမ္ဘာမပြောနဲ့ အ ရှေ့တောင်အာရှ၊ လေဆိပ်ဆွေမှာ မြန်မာပတ်စ်ပို့နဲ့ဝင်ဖူးတဲ့ ရွှေဗမာအားလုံး ကိုယ့်ဘ၀ကို ကိုယ်နားလည်မယ် မျှော်လင့်ပါတယ်။ ၀ါကြွား ခြင်းဟာ စီးပွားရေးလုပ်မယ်ဆိုရင်တောင် သတိထားကြွားဝါရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန် ပြောသလို ပြုပြင်ပြောင်းလဲခြင်းရဲ့ အစခရီးပဲဖြစ်ပါတယ်။ လူငယ်များ စာကြိုးစား၊ ရန်ဖြစ်၊ ပျော်နိုင်၊ စားသောက်နိုင်သော်လည်း အသက်ရွယ် ရသူများ မိမိဘ၀၊ မိမိနိုင်ငံအကြောင်း အမြဲပြန်သတိရရင်၊ ငါ့မျက်ရည်သည် စားစရာဖြစ်ရ၏ဆိုတဲ့အတိုင်းဖြစ်ဖို့ မျှော်လင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာလွှတ်တော်ဟာ အစပဲရှိချိန် သူမတက်ရောက်ခဲ့ကြောင်း၊ ခန်းနားထည်ဝါလှတယ်လို့ မြင်ကြောင်း ပြောတော့ ပါလီမန်တခုလုံး ၀ါးကနဲရယ်မောကြပါတယ်။ ဘီဘီစီတယ်လီဗေးရှင်းကလည်း ဘေးကလူကို လက်တို့ပြီး၊ ပါးစပ်အကျယ်ကြီးဟ ရယ်မောလိုက်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို အမိအရရိုက်ကူးပြလိုက်ပါသေးတယ်။

British Royal Prince Charles ဗြိတိသျှအိမ်ရှေ့မင်းသား ဇနီးမောင်နှံနှင့်တွေ့ဆုံခြင်း

• ကိုယ်တွေ့ဖြစ်ရပ်အချို့
အသက်၇၀ကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦး Peter Chan နဲ့ စင်ကာပူမှာ မိတ်ဆွေဖြစ် စကားပြောခဲ့ဖူးပါတယ်။ သူက အင်ဒိုနီးရှား ကျွန်းတွေမှာ လျှပ်စစ်ထုတ်ရောင်းတဲ့ တရုတ်နိုင်ငံသားတဦးပိုင်တဲ့ စက်ရုံများကိုဝယ်ပြီး၊ မြန်မာအင်ဂျင်နီယာများကို ငှားရမ်း၊ လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကို လာတွေ့ခြင်းပဲဖြစ်ပါတယ်။ သူကပြောတယ်။ မြန်မာနိုင်ငံကို ခဏခဏရောက်ဖူးတယ်။ သိပ်ကောင်း တယ်။ ကချင်ပြည်နယ်ဆို သဘာဝရှုခင်း၊ လူသားတွေ အရမ်းပျော်ဖို့ကောင်းတယ်။ ခင်ဗျားတို့နိုင်ငံ အခုပြောင်းလဲလာပြီ။ ၀မ်းသာပါတယ်။ စင်ကာပူလူမျိုးတွေ အခုမှ မြန်မာပြည်ကို လုပ်ငန်းသွားလုပ်ဖို့ လှုပ်ရှားနေကြတယ်။ ကျွန်တော်က ဒီလို သူများလုပ်မှ လိုက်လုပ်တာမျိုး လုပ် လေ့မရှိဘူ။ ဒါနဲ့ ကျွန်တော်ငယ်စဉ်က စင်ကာပူရဲ့စကောလားရှစ်နဲ့ ဗြိတိန်နိုင်ငံမှာ ပညာသင်ခဲ့တယ်။ အဲဒီတုန်းက စင်ကာပူနားက ဗြိတိသျှ စစ်သင်္ဘောကြီးတခုရှိတယ်။ ဗြိတိသျှ အိမ်ရှေ့မင်း ဝေလမင်းသား စင်ကာပူလာတုန်း အဲဒီသင်္ဘောပေါ်မှာ ညစာစားပွဲကျင်းပတော့ ကျောင်း သားအရွယ် ကျွန်တော်လည်း ဖိတ်ကြားခံရတယ်။ ဝေလမင်းသားက ညစာမစားခင် စားပွဲတွေမှာ လိုက်နှုတ်ဆက်ရင်း ကျွန်တော် ဆယ့် ခြောက်နှစ်သားကို လာပြီးစကားပြောတယ်ဗျ။ ကျွန်တော်နဲ့ မိနစ်အနည်းငယ် အလာပ သလာပပြောချိန်မှာ ဗြိတိသျှပညာရေးကို ဘယ်လို မြင်သလဲမေးတော့၊ ကျွန်တော်တို့ "O" Level စာမေးပွဲအဖြေလွှာတွေ အင်္ဂလန်ကိုပို့ပြီး စာစစ်တာ အချိန်ကုန်၊ တရားမျှတမှုလည်း မရှိဘူးလို့ ငယ်ရွယ်သူပီပီ ပြောချပစ်လိုက်မိတယ်။ မေးတော့ ကိုယ့်ခံစားချက်ကို ပြောပစ်လိုက်တာပေါ့။ နောက်နှစ်မှာ "O" Level အဖြေလွှာတွေကို စင်ကာပူမှာပဲ ခြစ်တော့မယ်သတင်းထွက်လာတော့ ကျွန်တော်အံ့သြမိတယ်လို့ ပြောပါတယ်။

မနေ့ကလည်း ဗီယက်နမ်မှာ သြစတြေးလျား၊ ဆစ်ဒနီကလာတဲ့ နို့မှုန့်ဘူး၊ စည်သွတ်စက်ရုံ ဒီဇိုင်းလုပ်တဲ့ ဥရောပတိုက်သားတဦး Andrew P. နဲ့ ညစာစားပွဲမှာ စကားပြောရင်၊ သူကပြောတယ်။ ခင်ဗျားက မြန်မာပြည် Burma သိတာပေါ့။ မနေ့ကတောင် (ဒေါ်) အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်မှာ စကားပြောသွားသေးတယ်။ ကျွန်တော်လည်း ပိုလန်လူမျိုး။ သြစတြေးလျားကိုရွှေ့လာတာ ၂၈ နှစ်ရှိပြီ။ ၁၉၈၉ မှာ ကျွန်တော်တို့လည်း နိုင်ငံပြုပြင်ပြောင်းလဲလာတာ ပိုလန်နိုင်ငံသားတွေ တော်တော်အဆင်ပြေလာတယ်။ အခုဆို ပိုလန်နိုင်ငံက အီးယူ EU ဥရောပဘုံဈေးအဖွဲ့ဝင်ဆိုတော့ ပိုလန်နိုင်ငံသားတွေ ဂျာမဏီ၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ် .. စတဲ့နိုင်ငံတွေမှာ အလုပ်ရရင် သွားလုပ်လိုက်ရုံပဲ။ Work Permit, Employment Pass တွေ လျှောက်နေစရာမလိုဘူး။ ကုမ္ပဏီထောက်ခံစာနဲ့ဆို အဲဒီနိုင်ငံကြီးတွေမှာ ကြိုက်သလို နေထိုင်၊ အိမ်ဝယ် .. လုပ်ကိုင်စားလို့ရတယ်။ ကျွန်တော်လည်း ပိုလန်နိုင်ငံနဲ့ သြစတြေးလျား ပတ်စပို့ ၂ ခုကိုင်ထားတော့ ကျွန်တော်၊ ဥရောပဘုံဈေး နိုင်ငံတွေမှာ အလုပ်သွားလုပ်လို့ရတယ်။ သြစတြေးလျားနိုင်ငံသားပဲဆိုရင် သွားလုပ်လို့မရဘူး။ Work Permit ထပ်လျှောက်ရဦးမယ်။ ဒီ တော့ ပိုလန်နိုင်ငံပတ်စ်ပို့ကိုင်ထားရတာ ကောင်းတယ်။ ပိုလန်နိုင်ငံတော့ ပြန်သွားချင်ပေမဲ့ ၄ နှစ်တခါလောက်ပဲ အလွမ်းပြေ သွားလည်ရ တယ်။ မိသားစုက သြစတြေးလျားမှာဆိုတော့၊ ဆစ်ဒနီပဲ ကောင်းပါတယ်ဗျာလို့ ပြောသွားပါတယ်။

• မြန်မာပြည်တွင်းကို မျှော်ကြည့်ခြင်း
ကျွန်တော် အခု ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံမြို့) မှာ စင်ကာပူ-ဗီယက်နမ် စက်မှုဇုံမှာ စက်ရုံဆောက်လုပ်ရေးအတွက် အလုပ်လာ လုပ်နေပါတယ်။ ဗီယက်နမ်ဟာ ပြုပြင်ပြောင်းလဲလာတာ ၁၈ နှစ်ရှိပြီး၊ Body, Mind, Spirit ၃ မျိုးမှာ ပထမ ၂ မျိုးကတော့ မြန်မာထက် ၃ ဆလောက် သာနေပါပြီ။ ဥပမာ တလ ဒေါ်လာ ၁၀၀၀ လစာရသူနဲ့၊ တလ ဒေါ်လာ ၃၀၀၀ လစာရသူ ၂ ယောက် အဆင့်အတန်းကွဲပြားသလိုပါ။ Spiritual ဆိုတဲ့အဆင့်မှာတော့ မြန်မာလူမျိုးတွေက ပိုပြီးမြင့်မားတယ်လို့ ဆိုချင်ပါတယ်။ ၀ိညာဉ်ရေး Spritual ဆိုတာ မြန်မာများအဖို့ စ ကားလုံးအသစ်အဆန်းဖြစ်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာများ ဈာန်ဝင်ပြီး သူတို့ဝါသနာပါတဲ့အလုပ်လုပ်နေရတာကို ၀ိညာဉ်ရေးအားကောင်းချိန်လို့ ခေါ်နိုင်ပါတယ်။ ၀ိညာဉ်ရေးအားကောင်းရင် လောကဓံကို ကြံ့ကြံ့ခံနိုင်ပါတယ်။ ဒါကြောင့် ဘာသာရေး၊ ကိုး ကွယ်မှုဆိုတာ ဖြစ်လာရပါတယ်။ ဗီယက်နမ်၊ တရုတ်လို ကွန်မြူနစ်တွေမှာတောင် ၀ိညာဉ်ရေးအတွက် ကွန်ဖြူးရှပ်၊ တာအိုဝါဒများကို သင် ကြား၊ ကျင့်သုံးကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာတင်မက၊ ခရစ်ယာန်၊ မူဆလင်၊ ဟိဒြူ ဘာသာရပ်များ တော်တော် ထွန်းကားပါတယ်။ လိုက်စားကျင့်သုံးကြ ပါတယ်။ လောကီနဲ့ လောကုတ္တရာ ၂ ခု တန်းတူမြင့်မားလာဖို့က မလွယ်ပါဘူး။ လောကီဆင်းရဲတဲ့ မြန်မာပြည်မှာ လောကုတ္တရာ ဘာသာရေး ထွန်းကားတယ်ဆိုတာ သဘာဝကျပါတယ်။ ရှင်းရှင်းရေးရင် မြန်မာပြည်မှာ တရားထိုင်သူတွေ အရမ်းများပါတယ်။ အစိုးရစစ်ဗိုလ်ကြီးများ၊ သူဌေးများ ခုမြင် ခုပျောက်တွေကိုမြင်ပြီး တရားကျနေသူတွေ အများကြီးပါ။

မြန်မာသမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ယူကျူ့မှာလည်း မတင်ကြပါဘူး။ တင်ရင်လည်း သူ့စကားနားထောင်သူအများစုဟာ မြန်မာပြည်တွင်း မှာပဲရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယူကျူ့ဗီဒီယိုလောက် ကောင်းမှာလည်းမဟုတ်ပါဘူး။ နိုင်ငံတကာရော၊ လူထုပရိတ်သတ်ကိုရော အာရုံစူးစိုက်မှုကို ဦးသိန်းစိန်မပေးနိုင်တော့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသွားရောက်စေပြီး မြန်မာဂုဏ်ရည်ဖေါ်ပြ၊ (လူပြ၊ ရင်း နှီးမြှုတ်နှံမှုတောင်းခြင်း) ဟာ အမျှော်မြင်ရှိတဲ့ လုပ်ရပ်တခုပါပဲ။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို သူတပါးကလုပ်သွားရင်၊ စီးပွားရေးသမားဆိုရင် "တောက်၊ နာတယ်ကွာ" လို့ ကြိတ်မနိုင်ခဲမရ ဖြစ်ကောင်းဖြစ်သွားပါမယ်။ သမ္မတဦးသိန်းစိန်တော့ ဒီလိုခံစားမဲ့ လူတန်းစားမဟုတ်နိုင်ပါ။ သူ့ ရဲ့လူတွေကသာ အတိုက်အခံခေါင်းဆောင်ကို ကြောက်ရွံ့လာမှာ မြင်ယောာင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်း၊ ပြည်ပမှာ တခဲနက်ထောက်ခံလာလို့ မြန်မာအာဏာပိုင်များ ရာထူးစည်းစိမ်ပြုတ်မှာ စိုးရိမ်နေကြမယ်။ အတိုက်အခံတွေ အာဏာမရသေးဘူး။ ကြီးကျယ်၊ တလူလူလွှင့်နေတာကို ဦးသိန်းစိန်အစိုးရက အပေါ်စည်းက ကြည့်နေပါတယ်။ ကြံ့ဖွံ့ပါတီ ပြုပြင်ပြောင်းလဲရေး (လူသန့်စင်ရေး) တွေ လုပ်နေပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲတခုလုံးကိုကြည့်ရင် ကြံ့ဖွံ့ပါတီ ၄၀ ရာနှုန်းလောက် ပျမ်းမျှ မဲရတယ်ဆိုတာ တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီ လူသန့်စင်ရေးလုပ်ပြီး၊ အဲန်အယ်လ်ဒီကို ၂၀၁၅ မှာ ပြိုင်မယ်။ လူထုကိုလည်း ငွေ (လုပ်ပိုင်ခွင့်) တွေ လုပ်ပေးလိုက်မယ်။ မဲပေးခါနီးမှ ပင်စင်လစာ၊ ဘောနပ်စ်တိုးပေး၊ ဘာသာရေးခေါင်းဆောင်များကို သူတို့ရဲ့သာသနာအတွက် လုပ်ပိုင်ခွင့် (ငွေ၊ ပါမစ်) တွေပေးလိုက်ရင် ကြံဖွံ့ပါတီ ၅၁ ရာနှုန်း အသာလေးရနိုင်ပါတယ်။ သူတို့က အပေါ်စီးကနေတာဆိုတော့ ဟိုး အင်ပါယာစတိတ် တိုက်ထိပ်ဆုံးကနေ နယူးယောက်မြို့ကြီးကို ကြည့်သလို၊ အပေါ်ကလူက အောက်ကလူထက် အများကြီးသာပါတယ်။ အဲန်အယ်လ်ဒီ သန့် စင်ရေး (သာကူးများ၊ ငွေအားနဲ့ဝင်နေရာယူမှု) တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်နိုင်ရင်တောင် ၂၀၁၅ ရွေးကောက်ပွဲဟာ သိပ်တော့မလွယ်လှဘူးလို့ မြင်ပါတယ်။

ကြံဖွံ့တွေကို လှောင်ပြောင်နေတဲ့ အဲန်အယ်လ်ဒီထောက်ခံသူများရဲ့ကြွားဝါမှု လုပ်ရပ်များဟာ ကြံဖွံ့ပါတီ ဆက်လက်ကြီးစိုးဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေတာ အဲန်အယ်လ်ဒီခေါင်းဆောင်များက သိပါတယ်။ ထိန်းသိမ်းဖို့ (ပြုပြင်ပြောင်းလဲဖို့) မလွယ်ပါဘူး။

• နိဂုံး
မလွယ်ပါဘူးပြောတာ၊ စိတ်လျှော့တာမဟုတ်ပါ။ သတိကြီးစွာနဲ့ ပျော်တဲ့အခါပျော်၊ အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကိုအလုပ်လို သတိကြီးစွာ လုပ်ရန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှာပြောသွားတဲ့မိန့်ခွန်းကို သတိရပါတယ်။ အင်္ဂလန်မှာ အိမ်ဝယ်သူများဟာ ပိုက်ဆံရှိ တိုင်း အိမ်ကိုမ၀ယ်ပါဘူး။ အိမ်ဝယ်မယ်ဆိုရင် အိမ်ရမယ်။ ဒါပေမဲ့ ဒီအိမ်ကိုဝယ်ပြီးရင် ပြုပြင်ထိန်းသိမ်းဖို့ တနှစ်ကို ဘယ်လောက်ကုန်မလဲ ဆိုတာ အင်္ဂလိပ်တွေ သတိကြီးစွာထားပြီး ဆုံးဖြတ်ပါတယ်တဲ့။ ဒီအတိုင်းပဲ ဒီမိုကရေစီရဖို့ ကြိုးစားလုပ်ကိုင်ပြီး၊ ရပြီဆိုရင် ဘယ်လို ဆက် လက်ထိမ်းသိမ်းရမယ်ဆိုတာ ပိုပြီးအရေးကြီးပါတယ်လို့ ပြောခဲ့ပါတယ်။

အခု ဒီမိုကရေစီကိုရပါပြီ။ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ စာရေးသူမြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ပါလီမန်မှာ ပြောကြားချက်နဲ့ သမ္မတဦးသိန်းစိန် မြန်မာပါလီမန်မှာ ပြောကြားချက် ၂ ခုကို မြန်မာလို၊ အင်္ဂ လိပ်လို ၂ မျိုး ၂၀၁၂ အတွက် သမိုင်းဝင်ဖြစ်ပါတယ်။ ဦးသိန်းစိန်မိန့်ခွန်းကိုလေ့လာကြည့်ရင် စိတ်ရင်းစေတနာရှိသူဖြစ်ကြောင်း၊ လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်ရပ်များက သက်သေခံနေပါတယ်။ ပြဿနာများကို ဖြေရှင်းနည်းဟာလည်း အရင်မြန်မာအစိုးရအဆက်ဆက်လုပ်လာခဲ့တဲ့ Blame Someone, Inproper Words (စကားလုံးကြမ်းများ) မသုံးတော့ပဲ၊ ဖြေရှင်းလာတာကို တွေ့ရပါတယ်။ စကားလုံးကြမ်းသူဟာ စရိုက်လည်းကြမ်းမှာ သေချာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ပြောတဲ့ ၂၀၁၅ မှာ တိုင်းပြည်သူများရဲ့ဝင်ငွေကို ၃ ဆတိုးတက်အောင် ထက် ၂ ဆ တိုးတက်ဖို့ပဲ ကြိုးစားလုပ်ဆောင်၊ စီမံကိန်းချ၊ ရင်းနှီးမြှုတ်နှံမှုများလာအောင် (ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ထွက်စေပြီး) လုပ်ဆောင် နေပါတယ်။

အစိုးရခေါင်းဆောင် (ဦး) သိန်းစိန်နဲ့ လူထုခေါင်းဆောင် (ဒေါ်) အောင်ဆန်းစုကြည်တို့ မိန့်ခွန်း ၂ ခုပေါင်းကို လောလောဆယ်တော့ အင်တာ နက်မှာ ရနိုင်ပါတယ်။ http://murann.com/dasskuts.htm ပုံနှိပ် Print Out လုပ်ထားပြီး၊ ကိုယ်ပိုင်အချိန်များမှာ လေ့လာဖတ်ရှုပါမယ်။ သေချာဖတ်ကြည့်ပြီး တော့ မိမိမိသားစုအတွက် ဘာလုပ်ရမလဲစဉ်းစားဖို့ ကျွန်တော်မှာရည်ရွယ်ချက်ရှိပါတယ်။