[aurorageneration] [Richard Aung] မောင်းတော အခြေစိုက် နစကမှူးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေခြင်း....







(ဓာတ်ပုံ နာရဉ္ဇရာ သတင်းဋ္ဌာန)





မောင်းတော အခြေစိုက် နစကမှူးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေခြင်း





မောင်းတောမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုအတွင်း အဓိက တာဝန်ရှိတဲ့ မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ပေးစာအား ဖော်ပြလိုက်ရပါတယ်..။





ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ နစကမှူး ဗိုလ်မှူးကြီးအောင်ကြီးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း နစကရှိ လ၀က၀န်ထမ်းတစ်ဦး၏ ပြောဆိုမှုအား ကိုးကား ဖော်ပြအပ်ပါသည်။ ၎င်းနှင့်အတူ အရာရှိငယ်နှစ်ဦးလည်း ပါသွားကြောင်း သိရှိရပါသည်။ ၁၂-၆-၂၀၁၂ရက်နေ့ထုတ် စာစောင်ပါ နိုင်ငံသား အားလုံးနှင့်ဆိုင်သည့် တရားဥပဒေ စိုးမိုးရေးဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဒီလိုပြဿနာတွေဖြစ်ရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကို ရောက်သွားတယ်။ နံပါတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပဲ။ နှစ်ကတော့ လှုံဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု ဟု ပြောသွားတာရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဟု ဆိုရာမှာ တစ်နည်းအားဖြင့် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု၊ ခိုးဝင်မှု၊ စိမ့်ဝင်မှုတို့ကို၊ တားမြစ်ထိမ်းသိမ်းခြင်း၊ စောင့်ကြပ်ခြင်း၊ ၀င်ရောက်မှု/စိမ့်ဝင်မှုတို့ကို တားမြစ်ရာမှာ ၀န်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကိုပါ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရမှာဖြစ်ပါတယ်။





ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ယခု(၃)/(၄)နှစ်ခန့်ဝန်းကျင်မှာ တစ်ဖက်နိုင်ငံမှ လူမျိုးစုများ စိမ့်ဝင်မှုမှာ ပိုမိုများပြားလာကြောင်း၊ အချို့ဆိုရင်နယ်စပ်မှ တစ်ဆင့် ပြည်မအတွင်းပိုင်း အထိတောင် ရောက်ရှိသွားပြီဖြစ်ကြောင်း၊ နစကဌာနချုပ်သည် နယ်ခြားစောင့် တပ်များညွှန်ချုပ်ရုံး(ကကကြည်း) လက်အောက်ခံတပ် ဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးမှာ ဗိုလ်ချုပ်မောင်မောင်အုန်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နစကသို့ မကြာမကြာ လာရောက်စစ်ဆေးလျှက်ရှိကြောင်း၊ တစ်ခါတစ်ရံ ဇနီးပါ ပါလာကြောင်း၊ တစ်ခါကဆိုရင် သားသမီးများနှင့် သားမက်ပါ ပါလာကြောင်း၊ ကကကြည်းမှ ၎င်း၏မိသားစုများ ပါလာသည်ကို နှစ်သက်မှုမရှိလို့လား၊ အမှန်တစ်ကယ် အရေးကြီး ကိစ္စရှိလို့လားတော့ မသိပါဘူး၊
လာသည့် လေယာဉ်ဖြင့် နေပြည်တော်ကို ချက်ခြင်းပြန်လာရန် ညွှန်ကြားခဲ့ပေမဲ့ ဗိုလ်ချုပ်သာပြန်သွားပြီး ၎င်းဇနီးနှင့် သားသမီး သမက်များမှာ နစကမှာ ကျန်ရှိခဲ့ပါတယ်။







ဗိုလ်ချုပ်မောင်မောင်အုန်း၏ ဇနီးမှာ အတောင်းအရမ်း အလွန်ကြမ်းပြီး တော်တော်လေးလည်း ယောင်္ကျားအပေါ် သြဇာညောင်းတယ်လို့ သိရှိရပါကြောင်း၊ ကျွန်တော်တို့ရဲ့ နစက အကြောင်းကိုလည်း တော်တော်များများ သိနေတဲ့အတွက် တော်တော် လေ့လာထားတယ်လို့ ယူဆရကြောင်း၊ နယ်မြေမှူးတွေ အထိကို ခေါ်ယူပြီး လစဉ်ငွေပို့ပေးရန် နယ်မြေအလိုက် သတ်မှတ်ပေးခဲ့ကြောင်း၊ လစဉ်အပြင် ရံဖန်ရံခါ လိုအပ်တာတွေကိုလည်း ပို့ပေးရကြောင်း၊ နိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးသည့် ကားဘိုးငွေကိုလည်း ကျွန်တော်တို့မှ ရှာဖွေပေးခဲ့ရကြောင်း၊ ပုံမှန်ထက် လိုအပ်ချက်တွေ ပိုမို များပြားလာသည့်အတွက် နယ်မြေမှူးများနှင့် နစက ၀န်ထမ်းများအနေဖြင့် မနိုင်ဝန်ထမ်း မတတ်သာသည့်အတွက် လူမျိုးခြား စိမ့်ဝင်မှုတွေကို အချို့အခါမှာ လျစ်လျှူရှုခဲ့ပြီး မမြင်ချင်ယောင် မသိချင်ယောင် ဆောင်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါကြောင်း၊




ဗိုလ်မှူးကြီးအောင်ကြီးမှာ အင်မတန် သဘောထားပြည့်ဝပြီး အထက်အရာရှိများ အပေါ်တွင် သစ္စာရှိသူ တစ်ယောက်ဖြစ်ကြောင်း၊ ပင်ကိုယ်အနေဖြင့် စည်းကမ်းကောင်းပြီး အမှားမရှိအောင် ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်စွမ်းရှိသူလို့ နာမည်ကောင်းရှိသူ တစ်ယောက် ဖြစ်သော်လည်း မတော်လောဘရှိတဲ့ အထက်လူကြီးများနှင့် ကြုံကြိုက်သည့်အတွက် ယခုကဲ့သို့ ရေကြည်အိုင်ကို ခေါ်ပြီး အစစ်ဆေး ခံနေရပြီဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ နိုင်ငံခြားသားများ စိမ့်ဝင်မှုကို ပြန်လည် ဖော်ထုတ် စစ်ဆေးမည်ဆိုပါက အင်မတန် လွယ်ကူပါကြောင်း၊ ကာလတစ်ခုနှင့်ချိန်ပြီး ၎င်းလူမျိုးခြားတွေရဲ့ မြန်မာရည်လည်မှုကို ကြည့်လိုက်ရင် အထူးအထွေ စစ်ဆေးစရာပင် မလိုကြောင်း၊ နစကရှိ လ၀က ၀န်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။





၎င်းကပင်ဆက်လက်၍ ငွေကို လူတိုင်း ခုံမင်နှစ်သက်ပါကြောင်း မလိုဘူးဆိုတဲ့သူမရှိပါကြောင်း၊ သို့သော် ကိုယ့်တိုင်းပြည်ရဲ့ ဘာသာတရား၊ လူမျိုးရေးနှင့် ပတ်သက်လာပါက ချင့်ချိန် ရမှာဖြစ်ကြောင်း၊ ဒါကြောင့်တရားဥပဒေစိုးမိုးရေး ဆိုရာမှာ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေနဲ့ အကြီးအကဲများ ပေါ်တွင်လည်း တရားဥပဒေစိုးမိုးရေး သက်ရောက်မှုရှိဖို့ အရေးကြီးကြောင်း၊ ယခု ရခိုင်အရေး ကိစ္စကိုကြည့်ပြီး နိုင်ငံတော်အနေဖြင့် ဘာဆက်လုပ်သင့်တယ် ဘာတွေဘယ်လို ပြုပြင်ရမလဲ၊ ကြပ်မတ်ရမလဲဆိုတာ သိသင့်ပြီ ဖြစ်ပါကြောင်း ပြောဆိုပါတယ်..။





တိုင်းပြည်ကို ပါးစပ်ကမချစ်ဘဲ အလုပ်ဖြင့်ချစ်ကြပါလို့ ပြောခဲ့တာလည်း ယခင်ကဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေ ကဘဲ အကြိမ်ကြိမ် ပြောခဲ့ကြာတာလည်း သူတို့ပါဘဲလို့ အဆိုပါ ၀န်ထမ်းက ပြောပြခဲ့ပါတယ်။ အဆိုပါ ၀န်ထမ်း၏ ပြောပြချက် အသံဖိုင်ကို မိမိတို့ သတင်းအဖွဲ့မှ ရရှိထားပြီး ၎င်း၏ ခွင့်ပြုချက်ရရှိပါက ဆက်လက်ဖော်ပြ ထုတ်လွှင့် ပေးမည်ဖြစ်ပါသည်။ အဆိုပါ ၀န်ထမ်းမှ လစာအပေါ်တွင်သာ ရပ်တည်နေရသဖြင့် မိသားစုဘ၀ အခက်ခဲများ ဖြစ်လာနိုင်ပါသောကြောင့် ခွင့်ပြုချက်ရရှိမှသာ အသံဖမ်းယူထားမှုအား ဆက်လက် ဖော်ပြမည်ဖြစ်ပါကြောင်း ပြည်သူလူထုနှင့် နိုင်ငံတော်မှ သိစေရန် တင်ပြလိုက်ရပါတယ် ခင်ဗျား။





တာဝန်သိသူ..






နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ဆက်စပ်သတင်း ပြန်ဖတ်ရန်
http://www.narinjara.com/burmese/?p=1229




--
Posted By Richard Aung to Richard Aung at 7/16/2012 01:43:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။