[mrsorcerer:27842] Fwd: ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။
---------- Forwarded message ----------
From: ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် <noreply@blogger.com>
Date: 2012/7/16
Subject: ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။
To: tinkozaw88@gmail.com
ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။
Root လုပ်တာဆိုတာ ဘာလဲ ဘာကြောင့် Android ကို root လုပ်ရတာလဲ
Posted: 15 Jul 2012 02:37 PM PDT
ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။
ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာ
အသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့
အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ ap
plications တွေကိုလဲ အသုံးပြုဖို့ ၊
ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကို
အလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်
ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
" Root " ရဲ့သဘောတရားက သင့်ရဲ့ device ကို "Superuser" ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို " Hacking " ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့ မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါတယ်။ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက် မှာဖော်ပြ ထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်..............
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ " image " ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Source: Myanmar Mobile Application Store
— 
"အမေ့မှာတမ်း"
Posted: 15 Jul 2012 02:17 PM PDT
သား
အမေ သေတဲ့အခါ
လုံးဝ မငိုပါနဲ့။
သေပြီးမှ ငိုကြတာ
ရူးသွပ်တဲ့ ရောဂါပဲ။
မသေခင် ပြုစုကြ
မသေခင် ကျေးဇူးဆပ်ကြ
မသေခင် ချစ်ခင်ကြ
မသေခင် ညီညွတ်ကြ
မသေခင် စာနာကြ
မသေခင် ယိုင်းပင်းကူညီကြ
မသေခင် ခွင့်လွှတ်ကြ
မသေခင် အပြစ်မရှိအောင်နေကြ
မသေခင် ပေးဆပ်ကြ
မသေခင် လုပ်ရမယ့်အရာ အများကြီး ---- အများကြီးပါပဲ။
အဲဒီလိုနေခဲ့ရင်
သေတဲ့အခါ ဘာမှ လုပ်စရာမလိုဘူး။
သေသွားပြီလား !
အမေ သေသွားရင်
တစ်ပြားမတန် အမေ့ရုပ်ကျန်ကို
ဘယ်ဆွေ ဘယ်မျိုး ဘယ်လူမျိုးမကျန်
ဒုက္ခမခံနဲ့။
ဒီနေ့သေ ဒီနေ့ချ
အမေ့ အသုဘကြောင့်
အများ ဒုက္ခမရောက်စေချင်တာ
အမေ့ဆန္ဒပါ။
အမေသွားနှင့်တော့မယ်
လိမ်လိမ်မာမာ နေခဲ့ကြ။
ရေးသားသူ - မတင်
By Myanmar Art and Crafts On Wednesday, June 06, 2012.
ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ
Posted: 15 Jul 2012 02:02 PM PDT
  ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ
Photo courtesy of ASEAN web site
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။
အဲဒီအတွင်းရေးမှူးအဖွဲ့ ရဲ့ လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူး က ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ် လို့ပြောပါတယ်။
ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
သက်မွန်မြင့် ရဲ့ MIG 29 တိုက်လေယာဉ်မှူး ဘဝ
Posted: 15 Jul 2012 01:59 PM PDT
သက်မွန်မြင့်နဲ့ MIG 29 တိုက်လေယာဉ် ၊ ဓာတ်ပုံများ- Thet Mon Myint's facebook
အမေရိကန်မှာတော့ အပါချီတိုက် ရဟတ်ယာဉ်နဲ့ တချို့ တိုက်လေယာဉ်တွေဟာ အမျိုးသမီး လေ သူရဲတွေ မောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးလေသူရဲဆိုတာ အိပ်မက်တောင် မက်ခဲ့ကြတာမဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးလေသူရဲအသွင်နဲ့ မော်ဒယ်၊ သရုပ်ဆောင် ကျော်ငြာ မင်းသမီး သက်မွန်မြင့်ကို အခုလို တိုက်လေယာဉ်မှူးကြီးအဖြစ် မြင်တွေ့ရပါတယ်။
ဓာတ်ပုံထဲမှာကတော့ Mig 29 တိုက်လေယာဉ် မောင်းဖို့ ပြင်နေပါတယ်။ ဒါဆိုရင်တော့ သူဟာ ပထမဆုံး တိုက်လေယာဉ်မယ်ဖြစ်လာမယ့်ပုံပါဘဲ။ သူ့ရဲ့ ပရိတ်သတ်တွေကတော့ သက်မွန်မြင့် အနေနဲ့ MIG 29 တိုက်လေယာဉ်ကို မမောင်းစေချင်ကြပါဘူး။ ခဏ ခဏ ပျက်ကျလေ့ရှိတဲ့အတွက် အခုလိုပဲ ဓာတ်ပုံ တွဲရိုက်တာပဲ ကောင်းပါတယ်တဲ့။
ဒီပုံထဲမှာတော့ မော်ဒယ်၊ သရုပ်ဆောင်ဘ၀ကနေ တိုက်လေယာဉ်မှူးကြီးဖြစ်သွားတဲ့ပုံကတော့ တကယ် ပီပြင်ပါတယ်။ သက်မွန်မြင့်လည်း အခုလို MIG 29 တိုက်လေယာဉ်မှူးကြီးဘ၀ တခဏတော့ ရလိုက်တယ်။
ပုဒ်မ ၁၄၄ကို အခွင့်ကောင်းယူပြီး ဖေါက်ထွင်းမူများ မောင်တောတွင် တိုးပွားနေ
Posted: 15 Jul 2012 01:51 PM PDT
နိရဉ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး မသမာသူများသည် အုပ်စုဖွဲ့ ဖေါက်ထွင်းမူများ နေ့စဉ် ရက်ဆက် ဆိုသလို ကျူးလွန်နေကြသည်ဟု သတင်း ရရှိသည်။
ယခုကဲ့သို့ ဖေါက်ထွင်းမူများကို ပြုလုပ်နေသည့် အဖွဲ့အစည်းမှာ (၆) ဖွဲ့ခန့်ရှိပြီး ညဥ့်တိုင်းလိုလို ဖေါက်ထွင်းမူ များကို ကျူးလွန်နေ သည်ဟု ဆိုသည်။
ဖေါက်ထွင်းမူ ကျူးလွန်သူများအား တာဝန်ကျ လုံထိန်း တပ်ဖွဲ့ဝင်များက လက်ပူးလက်ကြပ် ဖမ်းမိပြီး ရဲစခန်းသို့ အပ်သော်လည်း ငွေ ကြေး ယူကာ အဆိုပါ ဖေါက်ထွင်း ၀ိဇ္ဖာများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ပြောသည်။
" အခု ပြဿနာက သူတို့ကို ဖမ်းမိပြီး ရဲလက်ကို အပ်ပေမယ့်ပြစ်မူမထင်ရှားဆိုပြီး ပိုက်ဆံယူပြီး လွှတ်ပေးလိုက်တယ်။ဒီအတွက် ဖေါက်ထွင်း မူတွေက အထူးတိုးပွားနေပါတယ်။ အခု လူတွေက ဖေါက်ထွင်းမူတွေကနေ လုယက်မူတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်" ဟု အမည် မဖေါ် လိုသူ ရွှေပန်းထိမ် ဆရာ တစ်ဦးက ပြောသည်။
ဖေါက်ထွင်းခံနေရသောဆိုင်များမှာ လူသူ အစောင့်အရှောက်မရှိဘဲ ပိတ်ထားရသော မောင်တောမြို့မ ဈေးကြီးမှ ဆိုင်ခန်းမျိုးစုံ ဖြစ်သည် ဟု သူက ဆိုသည်။
ယခု ဖေါက်ထွင်းမူကို ကျူးလွန်သော အဖွဲ့ (၆) ဖွဲ့မှာ – အမှတ်(၄)ရပ်ကွက် ကန်ဘောင်ကြီးဘေး (မြို့နယ် တရားသူကြီး တပည့်ရင်း) ခေါင်း ဆောင်သော အဖွဲ့၊ အမှတ်(၄) ရပ်ကွက်၊ စံပြရွာနေ ဦး——- နှင့် ဦး ———– ခေါင်းဆောင်သော အဖွဲ့၊ အမှတ်(၄) ရပ်ကွက် စံပြ ရွာ (သင်း ချိုင်းကုန်း)နေ ဦး——–၊ ——- နှင့် မယက အရန် စာရေး တစ်ဦး ခေါင်းဆောင်သော အဖွဲ့၊ အမှတ်(၄) ရပ်ကွက် ရုပ်ရှင်ရုံ အ နီးတွင်တာဝန် ကျနေ ရဲတပ်ရင်း (ခေါ်) လုံထိန်းတပ်ရင်းမှ ——— ဦးဆောင်သော အဖွဲ့၊ (———- (ပန်းထိမ်)၊ ——- (ပုဇွန်ဒိုင်)၊ဦး——– ၊ ——- ခေါင်း ဆောင်သော အဖွဲ့နှင့် ညောင်ပင်လှ (ညောင်ခေါင်း) ——- ခေါင်းဆောင်သော အဖွဲ့များဖြစ်ကြောင်း သိရသည်။
" အခု ကြားတာက တာဝန်ကျတဲ့ နစက အဖွဲ့ဝင် တချို့နဲ့ ပူးပေါင်းပြီး ဆိုင်ခန်းမျိုးစုံကို ဖေါက်ထွင်း တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေ ပါတယ်။ ဒါကြောင်း အထက်အာဏာပိုင်တွေကို ကျွန်တော်တို့ မြို့သူ မြို့သားတွေက ဒီကိစ္စကို အမြန်ဆုံး တာပေးဖို့ လိုလားနေ ပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုအချိန်တွင် မောင်တော မြို့သူမြို့သားများမှာ ဆူပူ အကြမ်းဖက်သူများ ရန်ထက် ဖေါက်ထွင်းမှုမှ တဆင့် တက်ပြီး လုယက်မှုများ အထိ ဖြစ်လာမည်ကို စိုးရိမ်နေကြရသည်ဟု သူက ဆိုသည်။
၎င်းဖေါက်ထွင်းသူများအား အချိန်မီ ဖမ်းဆီး အရေးယူခြင်း မပြုပါက ကြောင်ကြီးလျှင် ကျားဖြစ်သွား သကဲ့သို့ သခိုးကြီးလျှင် ဓါးပြ ဖြစ် သွား နှိင်ပါသဖြင့် အချိန်မီ ဖမ်းဆီး အရေးယူ ဆောင်ရွက်ပေးရန် အတွက် ပြည်ထဲရေး ဝန်ကြီး ထံသို့လည်း မြို့သူ မြို့သားများက တင် ပြသွား မည် ဟု ပြောဆိုသွားသည်။
သံဃာတော်တွေကို အသုံးချတဲ့ အမျိုးသမီး
Posted: 15 Jul 2012 01:47 PM PDT
  သံဃာတော်တွေကို အသုံးချတဲ့ အမျိုးသမီး
 ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၄)လမ်း
အမှတ်(၇၄)တွင်တည်ရှိသော ပါရမီရှင်အမိမြေကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားရာ
 ခြံဝန်း အတွင်းသို့ (၁.၇.၂၀၁၂)ညနေ (၄း၀၀)နာရီခန့်တွင် အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦးနှင့် ဿံဃာတော်(၅)ပါးတို့ရောက်ရှိလာပြီး ကုမ္ပဏီရုံးခန်းတွင်း
 ရှိနေသော ကုမ္ပဏီဒါ ရိုက်တာနှင့်အတူ ၀န်ထမ်းများ၊ ဧည့်သည်များအား
ဤကုမဏီရုံးခန်းအတွင်းမှ ချက်ချင်းထွက်ခွာပေးရန် ပြောဆိုခဲ့သည်----
သံ ဃာတော်တွေကိုအသုံးချတဲ့အမျိုးသမီး
By
  
ရန် ကုန် တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ မေတ္တာညွန့် ရပ် ကွ က်၊ စက် မှု(၄)လမ်း အမှ တ်(၇၄)တွင် တည်ရှိသော ပါရမီရှင်အမိမြေကု မ္ပ ဏီရုံးခန်း ဖွင့် လှ စ် ထားရာ ခြံဝန်း အတွင်းသို့ (၁.၇.၂၀၁၂)ညနေ (၄း၀၀)နာရီခန့်  တွင်
အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦးနှင့် ဿံ ဃာတော်(၅)ပါးတို့ ရောက်ရှိ လာပြီး ကု မ္ပ ဏီရုံးခန်းတွင်းရှိနေသော
ရန်ပြောဆိုခဲ့သည်
အု ပ်ချုပ်
နှင့်
သာဖြေရှင်း
ရမည် ဖြစ်ကြောင်း ယခုသံ ဃာများဖြေရှင်းပုံဖြေရှင်းနည်းသည်နည်း လမ်းမကျပါကြောင်း၊ ဤကိ စ္စ
 ကို ယ် ပိုင်
 ယာဉ်
သံ ဃာ(၅)ပါးသည်ကေသရာ ရာမပရိ ယတ္တိ စာသင် တို က်ရှင်ထွေးညိုလမ်း၊(၁၃)ရပ် ကွက်၊ ဒဂုံ မြို့သစ်
(အရှေပိုင်း)မှ ဖြစ်ကြောင်းသိရသည်
 လူပျောက်ကြော် ငြာ၊ (၂၈.၆. ၂၀၁၂)ရက်နေ့ ထု တ်ကြေးမုံသတင်းစာ၊ ကြော် ငြာစာ
 မျက်နှာ
(ခ)ပါ အများသိစေရန် ကြော် ငြာ၊
(
 ၂၉.၆.၂၀၁၂)ရက်နေ့ ထု တ်ကြေးမုံသတင်းစာ၊ စာမျက်နှာ(၁၇)ပါ ပြန် လည်ရှင်းလင်းကြေငြာခြင်း၊ (၁.၇.၂၀၁၂)ရက်နေ့ ထု တ်ကြေးမုံသတင်းစာပါ အများသိစေရန်
 ပြန် လည်
အဆို ပါပြဿနာနှင့် ပါတ်သတ်ကု မ္ပ ဏီ ၀န်ထမ်းတဦးက "မြန် မာနိုင်ငံသည်ဗုဒ္ဓဘာသာ သာသနာထွန်း
တော်ညစ်ညမ်းညှိုးနွ မ်း၍ဘာသာခြား လူ မျိုးခြားတို့  မှ လည်း ဗုဒ္ဓဘာသာ
သာသနာအပေါ်အထင်
အမြင်
သေးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသဖြင့်
 Myanmar News Now
 ကိုပြောပါသည်။ "
မြောက်ဘက်ခြမ်းလည်း အာရုံထားဖို့လို
Posted: 15 Jul 2012 01:34 PM PDT
  အိမ့်သံစဉ်  
မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi )
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ မရိုးသားတဲ့ ရွှေ့ကွက်တွေနဲ့ ထောင်ချောက်တွေကို သတိထားမိသူတွေ ရှိပေ မယ့် ဒီ ထောင် ချောက်တွေထဲကိုပဲ အမြဲ ၀င်ရောက်မိလျှက်သား ဖြစ်ဖြစ်နေတတ်တာ စဉ်းစားစရာပါ။
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးလည်း မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်က ဒီဖြစ်ရပ် ရဲ့ နောက်ကွယ်မှာ တခု ခု ရှိလေမလားလို့ သူ သံသယရှိတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတယောက် ပြောတာ မှတ်မိတယ်။ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြစဉ် ထိမ်းသိမ်းပေးခဲ့ ပြီးနောက် ပြောတာလည်းဖြစ်ပါတယ်။
"ကျနော်တို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံသေနည်းကြီးတခုလို ဖြစ်နေပြီဗျ၊ တခုခုဖြစ်တိုင်း ဘာသာ ရေး၊ လူမျိုးရေး အဓိ က ရုဏ်းတွေ ဖြစ်တာက ဟိုး ကိုလိုနီ ခေတ်ကတည်းကနေ ဒီကနေ့ ခေတ်အထိ မရိုးနိုင်တဲ့ လမ်းဟောင်းကြီးပဲ။ အဲဒီဟာ တွေကို တချို့တချို့သော အစိုးရတွေက လုပ်သလို၊ တချို့တချို့သော မသမာတဲ့ အုပ်စုတွေကလည်း လုပ်တယ်ဗျ။ ဒီနည်း လမ်းကြီးကို ပညာတတ်တွေ၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေကလည်း သိနေပါပြီ၊ ရိုးအီနေပါပြီ။ ဒါပေမယ့် အဲဒီ ထောင်ချောက် ထဲကို အကြိမ်ကြိမ် သိလျှက်နဲ့ ဆင်းသက် နေကြတယ်။ အဲဒီတော့ ဘာဖြစ်လို့ ဆင်းသက် နေကြသလဲ ဆိုတဲ့ အဖြေကို ကျ နော်တို့ စဉ်းစားရမယ်။ အဲဒီအဖြေရဲ့ အကြောင်းတရားကို ကျနော်တို့ မရှာဖွေကြည့်နိုင်ဘဲ ဘယ်လိုမှ ပြဿနာကို ရှင်းလို့ ရ မှာ မဟုတ်ဘူး" လို့ ကိုမြအေး က ဆိုပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်တွေကို သေချာ ပြန်ကြည့်မိတယ်။ မြန်မာနိုင်ငံ အနောက်ဖက်က အန္တရာယ်ဟာ သတိထားရမှာ ဖြစ်သလို မြန်မာပြည်မြောက်ဘက်က ဘေးဆိုးကြီးလည်း မေ့သွားလို့ မဖြစ်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ ဒီအနောက်ဘက်ခြမ်း ပြဿနာဟာ မရိုးသားတာ ပေါ်လွင်လာပါတယ်။
နောက်ဆုံး အကျိုးရလာဒ် ထွက်သွားသူတွေက မြန်မာနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အမြဲရှိနေစေ ချင်သူတွေပါ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရက်တွေက မြန်မာနိုင်ငံရေးမှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လျှော့ချ ရေး ကြိုးစားနေကြချိန်မှာ ဒီဖြစ်စဉ်ထွက်ပေါ်လာခဲ့တာပါ။
အခုတော့ အမုန်းမီးတွေ မွေးထားပြီး စစ်တပ်ကို ရခိုင်ပြည်သူတွေကိုယ်တိုင် တောင်းဆိုရတဲ့အခြေ အခင်း အကျင်း ကို ဖန်တီးထားပြီးလျှက်သား ဖြစ်နေပါပြီ။ ဒါကြောင့် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ် အမြဲ လိုအပ်ချက်ဖြစ်နေစေချင်တဲ့ လူတန်းစားတွေ အမြတ်ရသွားပြီး ရခိုင်ပြည်နယ်သားတွေကတော့ မိအေး ၂ ခါ နာဖြစ်ရပြီ။
နောက်တခုအမြတ်ရသွားသူတွေက တပြည်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အစိုးရဆီမျက်နှာမူလာတဲ့အတွက် အာရုံလွဲ သွားစေချင်သူများ၊ မြစ်ဆုံဆည် စီမံကိန်းနဲ့ တရုတ်နိုင်ငံ ဆန့်ကျင်ရေးကို မလိုလားတဲ့ သူတွေပါပဲ။
အစိုးရက လျှပ်စစ်မီး လုံလောက်အောင် နိုင်ငံသားတွေအပေါ် မပေးနိုင်မှု၊ တာဝန်မကျေမှုနဲ့ မြန်မာ့ အသက် ဇီဝိန်ကို အာခံ တွင်းထဲ ငုံထားတဲ့ တရုတ်နိုင်ငံဘက်ကို အာရုံ မလှည့်နိုင်အောင် ဒီ ဖြစ်စဉ်ရဲ့ နောက်ကွယ်က ဖန်တီးခဲ့ကြသူတွေ ရှိတာ တဖြည်းဖြည်းတွေးလေ ရုပ်လုံးပေါ်လာလေပါဘဲ။
ရခိုင်မျိုးချစ်တွေနဲ့ ရခိုင်ပြည်နယ်တွင်း ပြည်သူတွေကတော့ ဓားစာခံတွေ ဖြစ်နေရတယ်။ နောက်ကွယ်က လက်တွေလည်း အလျှိုအလျှိုနဲ့ ပုံပေါ်လာခဲ့ပါတယ်။
ပထမဆုံး မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ရေး ပေါ်ထွက်လာတယ်။ မြစ်ဆုံဆည် စီမံကိန်းဆိုတာ မြန်မာ တမျိုးသားလုံး ရဲ့ အသက်ဝိဥာဉ် ကင်းမဲ့ သွားစေမယ့် ဧရာဝတီမြစ်ကြီး ကွယ်ပျောက်သွားမယ့် အရေး မို့ နိုင်ငံသားကောင်းတိုင်း တာဝန်ကျေ စွာ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်။ ပြည်သူ့အသံ အဓိက ထားတယ်ပြောတဲ့ အစိုးရ မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်နား ထားလိုက်တယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်က ပြန် စမယ်ဆိုတာ မသေချာဘူး။
သူတို့ တရုတ်နိုင်ငံ အနေနဲ့က မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာ အမြင့်ဆုံးနဲ့ ဦးဆောင်နေ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအပေါ် ဂုတ်သွေးစုပ်နေခဲ့တယ်။
လမ်းစဉ်ပါတီခေတ်ကတည်းက ပါတီချင်းဆက်ဆံရေး၊ နိုင်ငံချင်း ဆက်ဆံရေးဆိုတဲ့ စကားလုံးတွေနဲ့ ဦးနေ၀င်း အစိုးရနဲ့ လည်း ဆက်ဆံသလို ဗမာပြည် ပါတီနဲ့လည်း ပါတီချင်း ဆက်ဆံတယ်။ မြန်မာနိုင်ငံရဲ့ လက်နက် ကိုင်တော်လှန်ရေးမီးတွေ ရဲ့ လက်သည်အစိပ်အပိုင်းဟာ တရုတ်ဖြစ်နေတာ သတိထားမိသူ ရှိကြမယ်ထင် တယ်။
တဖက်ကလည်း တရုတ်ဟာ မြန်မာကိုသာမက ကမ္ဘာမှာပါ အတု အပနဲ့ စစ်ဆင်နေတယ်။ ဈေးပေါပေါ အရည်အချင်းမမီ ပစ္စည်းတွေနဲ့ ဆင်း ရဲတဲ့ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေကို သူ့နိုင်ငံ ရင်ဆိုင်နေရတဲ့ လောင်စာဆီ အခက်အခဲ ဖြေရှင်းနိုင်ရေးနဲ့ တရုတ်နိုင်ငံ လုပ် လက်နက်တွေ ကို ရောင်း နိုင်ရေးတွေအတွက် အကျိုး စီးပွား တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံသားတွေအကျိုး ဘယ်တုန်း က မှ မကြည့်ဘဲ ၀ိသမစီးပွားရေးတွေ လုပ်နေကြ တယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက တန်ဘိုးကြီး တွင်းထွက် သယံဇာတနဲ့ သစ်တောထွက်ပစ္စည်းက အစ သတို့သမီး အလယ် စစ်ဗိုလ်ချုပ်တွေအဆုံး အကုန် သူ ၀ယ်ယူ သိမ်းပိုက်ပါတယ်။
လူ့အခွင့်အရေးဆိုတာလည်း မလေးစား၊ ဒီမိုကရေစီဆိုတာ နားထဲတောင် မကြားချင်တဲ့ တရုတ်နိုင်ငံဟာ စစ်အာဏာရှင် လက်ထက်အဆက်ဆက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာပြည်ရဲ့ မြောက်ဘက်ပိုင်းကနေ တံခါး မရှိ ဓားမရှိ စိတ်ကြိုက်ဖန်တီး ထားခဲ့တယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ တရုတ်နိုင်ငံက အမြင့်ဆုံးနေရာယူထားဆဲဖြစ်တာပါ။ အခု ဘဏ္ဍာ နှစ်မှာတော့ အမေရိကန် ဒေါ်လာ ၈.၁၇ ဘီလျံရှိပါတယ်။ တရုတ်က ရေအားလျှပ်စစ်စီမံကိန်းဘက်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံ ကျော် ရှိပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဆိုင်ရာမှာတော့ အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံကျော်ရှိတာကို တရားဝင် စာရင်း ဇယားများအရ သိရပါတယ်။
တရုတ်က ၀ယ်ယူတဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သယ်ယူမှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဟို မြောက်ဖျား ကချင်ပြည်နယ်အထိ လမ်းတလျှောက် ကျေးရွာတွေနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ဘယ်လောက်ပျက်သုန်းနေ တယ်ဆိုတာလည်း သတင်းများမှာ ပေါ်လွင်နေပါပြီ။ ဒါပေမယ့် သူတို့ ဘာ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကိုမှ ဂရုမစိုက်ပဲ ဆက်ပြီး ဂက်စ် ပိုက်လိုင်းတွေ သွယ်တန်းနေဆဲပါ။
၁၉၈၈ ခုနှစ်က ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေးကြီးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွင်း ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်မယ် လို့ ကြွေးကြော် ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့တယ်။
ဒီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံလာတဲ့ ပမာဏက အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ၂၀ လောက်ရှိပါတယ်။ ဒီအထဲမှာ တရုတ် နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတာက အမေရိကန် ဒေါ်လာ ဘီလျံ ၁၂. ၃၂ ရှိကြောင်းကို ရန်ကုန် အခြေဆိုက် ရိုက်တာ သတင်းထောက် ဦးအောင်လှထွန်းရေးသားတဲ့ သတင်းတပုဒ်မှာ လည်း ဖော်ပြ ထားပါတယ်။
တရုတ်ရဲ့ မြန်မာအပေါ် ၀ါးမြိုမှုက ကျယ်ပြန့်ပါနေပြီလည်းဖြစ်ပါတယ်။ အခုဆို မန္တလေးမြို့ဟာ ပြည်မကြီး တရုတ် လူမျိုး အများစု နေထိုင်ရာ ဖြစ်နေပြီဆိုတာလည်း ဂျပန်သတင်းစာကြီးတစောင်က ဖော်ပြပါ တယ်။ မန္တလေးဟာ အခုတော့ တရုတ်မြို့တော်ကြီးဖြစ်နေပြီ။ ပြည်မကြီး တရုတ်တွေလည်း မြန်မာပြည်မှာ တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်လည်း ကိုယ်စီ ရှိနေကြတာ မအံ့သြတော့ပါ။
တရုတ်နိုင်ငံအနေနဲ့ ရေးအားလျှပ်စစ်စီမံကိန်းတွေမှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံလောက်ရင်းနှီးထားတာတွေ ဒီအတိုင်း အဆုံးအရှုံး မခံလိုပါဘူး။ ဒါကြောင့်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီ CPI က ဒေသခံတွေကို လိုက်စည်းရုံးနေတာဖြစ်တယ်။
ကချင်ပြည်နယ်က လာတဲ့ သတင်းတွေအရ ဒေသခံရွာသားတွေကို တရုတ် ကုမ္ပဏီက ဖျားယောင်းစည်းရုံး မှုတွေ လုပ်နေ ပြီး မြစ်ဆုံဆည် စီမံကိန်းဟာ ဒေသခံတွေ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးရာ လည်းရောက်ပြီး လျှပ်စစ်မီး လည်း ရမှာ ဖြစ်ကြောင်း၊ နောက် ဖွံ့ဖြိုးမှု အကူအညီတွေလည်း ရမှာဖြစ်တယ် လို့ ပေါက်ဖော်ကြီးတွေက လုပ်လာနေပါပြီ။
ဒေသခံတွေရဲ့ သဘောတူညီမှုနဲ့ လုပ်တာပါဆိုတဲ့ အကြောင်းပြချက်တွေ၊ ဟန်ပြ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ပြပြီး တမျိုးသားလုံးရဲ့ အသက်သွေးကြောကို စုပ်ယူဖို့ ဟန်ပြင်နေပါပြီ။
ဒါကြောင့် မြန်မာနိုင်ငံသားအပေါင်းတို့ အနေနဲ့ အနောက်ဖက်ခြမ်းကိုချည်းပဲ အာရုံကျမနေပဲ ဖြန့်ကျက် အာရုံထားပြီး မြန်မာပြည် မြောက်ဘက်ကိုလည်း သတိထားစေလိုတဲ့အတွက် ဤဆောင်းပါးကို ရေးသား လိုက်ပါတယ်။
လင်းသန့်။
လောကသုံးပါးဆိုသည်မှာ
Posted: 15 Jul 2012 01:30 PM PDT
 မေး။ ။ ဘုရားရှိခိုးတဲ့အခါ လောကသုံးပါးအကြောင်းကို မြန်မာလို သိချင်ပါတယ်။ တပည့်တော်တင် မကဘူး။ သူငယ်ချင်းတွေပါ သိချင်နေတာမို့ အရှင်ဘုရားဝက်ဆိုဒ်ပေါ်မှာ တင်ပေးပါဘုရားဆိုတာနဲ့ တင်ပေးလိုက်ပါတယ်။
ဖြေ။ ။ လောကသုံးပါးဆိုသည်မှာ
၁။ သတ္တလောက-လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ရဲ့ လောက။
၂။ သင်္ခါရလောက-ပြုပြင်စီရင် ပြောင်းလဲနေသော လောက။
၃။ သြကာသလောက-တော၊ တောင်၊ ရေ၊ မြေ သက်မဲ့လောကတို့ ဖြစ်ပါတယ်။
အများနားလည်အောင် ပြောရမယ်ဆိုရင် သက်ရှိလောက၊ သက်မဲ့လောက၊ အဲဒီသက်ရှိ၊ သက်မဲ့တို့ ပြုပြင်ပြောင်းလဲနေတဲ့လောက အားလုံးကို မြတ်ဗုဒ္ဓက သိမြင်တော်မူခြင်းကြောင့် မြတ် ဗုဒ္ဓဟာ လောက၀ိဒူဆိုတဲ့ဂုဏ်နဲ့ပြည့်စုံနေလို့ အဲဒါကို အာရုံပြုပြီး ရှိခိုးရိုသေလေးစား ပူဇော်ခြင်း ပြုလုပ် ရတာပါ။
Posted by ဆန်နီနေမင်း
မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး
Posted: 15 Jul 2012 01:10 PM PDT
khonumthung
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက် ရန် ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က ရွာသားတဦး သေဆုံးသွားသည်ဟု သိရသည်။
တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ် သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင် များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြန်ဖြေခဲ့သော ဆိုဇန်ရွာသား ဦးထန်မှုန်းသည် စစ်သား များ၏ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့က တီးတိန်ပြည်သူ့ဆေးရုံး တွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချူပ် ခေါင်း ဆောင် ပူးထန်ဒိုး လျန်ကပြောသည်။
" ရဲတယောက်နဲ့ စစ်သားတွေက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းတာ သူ့ရွာ သား တွေနဲ့စကား များတာ သူကတဖက်နဲ့တဖက် ရန်မဖြစ်နဲ့ဆိုပြီး ဖျန်ဖျေတာ စစ်သားတွေက ရိုက်တာပေါ့နော် သူ့နဖူး ၂ လက်မလောက် ကွဲပြီးတော့ ၂ လက်မလောက် နက်တယ်နော် ခု ဆေး ရုံးမှာ သေသွားတယ်'' ဟု သူကပြောသည်။
အခင်းဖြစ်ပွားရာတွင် ပါဝင်သော ရဲ တဦးကို တီးတိန်မြို့နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဟု သိရပြီး စစ်သား ၂ ဦး၏ အခြေအနေ ကိုမူ မသိရသေးပေ။ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ တွင် ဟားခါးမြို့မှ ပြည်နယ်ရဲမှူး တီးတိန်မြို့ သို့ ရောက် လာမည်ဟုသိရသည်။
တီးတိန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အရပ်သား နှင့် အာဏာပိုင်များ ခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ပွားလျက်ရှိ သည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင် ပိုင်ရှင် မမားမာန် ကို ဒေသတွင်းအခြေစိုက် စစ်ဘက် ရေးရာ လုံခြုံရေး( စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေးက လည်ပင်းညှစ်ပြီး ဦးခေါင်းကို ထိုးနှက်ခဲ့မှုတခုဖြစ်ပွား ခဲ့ပြီး ယင်းကိစ္စကို အရေး ယူပေးရန် အထက်အာဏာပိုင်များထံ အမှုဖွင့်တိုင်ကြားခဲ့သည်။
လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...
Posted: 15 Jul 2012 01:08 PM PDT
  ဒီမိုဝေယံ 
လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။
ဓာတ်ပုံ မူရင်းလင့်ခ် http://www.daylife.com/photo/01jc0fr1Z36jz?__site=daylife&q=Rohingya
We are strongly oppose liar report images.
AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။
ဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။
တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။
အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။
အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။
လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။See More
Photo: လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။ ဓာတ်ပုံ မူရင်းလင့်ခ် http://www.daylife.com/photo/05V4cBlaPXdl0?__site=daylife&q=Rohingya We are strongly oppose liar report images. AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။ှဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။ တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။
အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။ အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။ လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ 
စာဖတ် မိတ်ဆွေများအနေဖြင့် ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။
ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်
Posted: 15 Jul 2012 01:05 PM PDT
  ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်
ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု
တနင်္ဂနွေနေ့၊ ဂျူလိုင်လ ၁၅၊ ၂၀၁၂
------------------------------------
မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?
သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။
ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။
မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။
ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)
ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
"နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်း သိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။
"အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အလျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန်အစိုးရဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ပေးချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆိုမယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ..(DVB)
ကိုသောင်း ပုလဲမြေ
Facebook သုံးတဲ့ အေသင်ချိုဆွေ
Posted: 15 Jul 2012 01:00 PM PDT
  zarny win  
~
(ဓာတ်ပုံ - အေသင်ချိုဆွေ Facebook တခု)
"စိတ်တွေ အရမ်း ရှုပ်ထွေး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ခံစားချက်တွေကို Facebook မှာ ရေးလေ့ရှိတယ်" လို့ အဆိုတော်လေး အေသင်ချိုဆွေက ဆိုပါတယ်။
ဇူလိုင် ၉ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ အဲဒီအကြောင်း ရေးထားပါတယ်။
"သူငယ်ချင်းတွေနဲ့ Facebook မှာ စိတ်ပြေလက်ပျောက် စကားပြောလေ့ရှိတယ်။ အဲဒါဆိုရင် စိတ်ထဲ ပေါ့သွားတယ်လို့ ခံစားရတယ်" လို့လည်း သူက ဆိုပါတယ်။
Facebook မှာ အေသင်ချိုဆွေ ဆိုပြီး ရှာလိုက်တော့ အများကြီး ထွက်လာပါတယ်။ သူတယောက်တည်းက လေးငါးခုဖွင့်ထားတော့ ဟုတ်မယ် မထင်ပါဘူး။
Athen Cho Swe
Aye Thin Cho Swe
ဒီစာလုံးပေါင်း ၂ မျိုးနဲ့သာ ရှာပါ။ အေသင်ချိုဆွေ Facebook ကို ရောက်ပါပြီ။
ဘယ်ဟာက အစစ်အမှန်လဲ ဆိုတာ မသိရပါ။
အေသင်ချိုဆွေဟာ ပေါက်တဲ့အိုး၊ အနီးဆုံးလူ နမ်းမှာလား စီးရီးတွေနဲ့ ထင်ရှားလာတဲ့ အဆိုတော်ပေါက်စ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်လည်း လုပ်တဲ့ အဆိုတော်ပါ။
ဘရစ်တနီစပီးယားကို
အရမ်း ရူးသွပ်တဲ့၊ ဘီယွန်းဆေးရဲ့ အကရော အသံရော ကြိုက်လွန်းလို့ တုပခဲ့တယ် ဆိုတဲ့ အေသင်က အဆိုတော်တွေ အများကြီးရှိတဲ့ ဒီခေတ်မှာ နာမည် တော်တော်ကြီးနေပါပြီ။
လက်ရှိ ပြင်ဆင်နေတဲ့ စီးရီးသစ်ထဲက သီချင်းတွေကတော့ Hip Hop, R&B, Pop စသဖြင့် ပုံစံမျိုးစုံပါပဲ တဲ့။ သူကိုယ်တိုင်ရေး "အသည်းကွဲသီချင်း" ၂ ပုဒ်ကိုလည်း စီးရီးသစ်မှာ ထည့်သွင်းထားတယ်လို့ ဆိုတယ်။
~
Microsoft Surface Tablet iPad ကို စိန်ခေါ်မယ့် Surface တက်ဘလက်
Posted: 15 Jul 2012 12:56 PM PDT
ဘီဘီစီ
မိုက်ခရိုဆော့ဖ်ရဲ့ ပထမဦးဆုံးထုတ် ကွန်ပြူတာ ကိုင်ထားတဲ့ အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာ
မိုက်ခရိုဆော့ဖ် ကုမ္ပဏီကနေ Surface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇွန်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Touch screen အသုံးပြုထားတဲ့ ဒီတက်ဘလက်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ထွက်လာတော့မယ့် windows 8 OS ကို ထည့်သွင်း အသုံးပြုထားမှာ ဖြစ်ပြီး၊ ကွန်ပြူတာ ဦးနှောက်လို့ ခေါ်တဲ့ Processor အပိုင်းမှာတော့ intel ဒါမှမဟုတ် ARM processors တို့ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။
ဒီအတွက် အက်ပဲလ် ရဲ့ လက်ရှိ အရောင်းရဆုံး iPad လက်ကိုင် ကွန်ပြူတာကို အတိအကျ စိန်ခေါ်တော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Surface တက်ဘလက်တွေမှာ မိုက်ကရိုဆော့ဖ်ရဲ့ ကိုယ်ပိုင်ထုတ် office ပရိုဂရမ်တွေနဲ့ photoshop တို့ကိုပါ အသုံးပြုနိုင်မှာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ်လို့ windows 8 ကို အသုံးပြုပြီး တက်ဘလက် ထုတ်လုပ်မယ့် တခြား ကုမ္ပဏီတွေနဲ့တော့ မိုက်ကရိုဆော့ဖ်ဟာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
မိုက်ကရိုဆော့ဖ် အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာကတော့ ဒီ တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲကို တခါတည်း ထည့်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆားဖေ့စ် တက်ဘလက်ဟာ ဒေါင့်ဖြတ် မျက်နှာပြင်အကျယ် ၁၀.၆ လက်မ ရှိမှာ ဖြစ်ပြီး၊ မဂနီဆီယမ်အိမ်ထဲ ထည့်သွင်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။
နောက်ဘက်မှာလည်း ထောင်ထားလို့ ရအောင် ထောက်တခု တပ်ဆင် ပေးထားမှာ ဖြစ်ပါတယ်။
အထူအားဖြင့် ၉.၃ မီလီမီတာ ရှိမှာဖြစ်တဲ့အတွက် iPad ထက်စာရင် အနည်းငယ် ပို ပါးမှာလည်း ဖြစ်ပါတယ်။
Intel processor အတွက်တော့ ဝင်းဒိုးစ် ၈ ကို ထည့်သွင်းထားမှာ ဖြစ်ပြီး၊ ၁၃.၅ မီလီမီတာ အထူရှိမှာ ဖြစ်ပါတယ်။
အဲဒီမှာတော့ အရင် windows အတွက် ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲ တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တချို့ပရိုဂရမ်တွေ ကတော့ surface နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ update လုပ်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။
Intel processor အသုံးပြုထားတာ ဖြစ်တဲ့အတွက် iPad ထက် အနည်းငယ် ပိုလေးမှာ ဖြစ်ပြီး၊ မျက်နှာပြင်ကတော့ iPad ထက် ပိုကျယ်မှာပါ။
အချက်အလက် သိမ်းဆည်းနိုင်မယ့် ပမာဏကတော့ ARM အတွက် ၃၂ ဒါမှမဟုတ် ၆၄ gigabytes ရှိမှာဖြစ်ပါတယ်။
Intel သုံးထားတဲ့ တက်ဘလက် အတွက် ကတော့ ပမာဏ ၆၄ နဲ့ ၁၂၈ gigabytes တို့ ရှိကြမှာ ဖြစ်ပါတယ်။
ဈေးနှုန်းနဲ့ ဈေးကွက်
မိုခရိုဆော့ဖ် ဟာ သူ့တို့ထုတ်လုပ်တဲ့ windows 8 ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်တဲ့အတွက် OS အတွက် လိုင်စင်ကြေး ကုန်ကျမှု မရှိတာကြောင့် ဈေးကွက်မှာ သူများနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်မှာ ဖြစ်တယ် လို့ Gartner နည်းပညာ အတိုင်ပင်ခံ ဒုတိယ ဥက္ကဋ္ဌ Carolina Milanesi ကပြောပါတယ်။
ဒီအတွက် တခြား တက်ဘလက် ထုတ်လုပ်သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေ လိမ့်မယ်လို့လည်း သူကပြောပါတယ်။
iPad ထက် ပိုမို စွမ်းအားမြင့်တဲ့ ပစ္စည်းတွေကို အလိုရှိမယ့် ဈေးကွက်ကို မိုခရိုဆော့ဖ် က အဓိကထား ရောင်းချမယ့် ပုံပေါ်တယ်လို့ ဆိုပါတယ်။
AMR processor သုံးထားတဲ့ Surface တက်ဘလက်တွေ ကိုတော့ အများပြည်သူ သုံးနိုင်ဖို့ အဓိကထား ရောင်းချ မှာ ဖြစ်ပြီး၊ intel processor သုံး တက်ဘလက်တွေကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အဓိက ထားဖို့ ရှိပါတယ်။
မူရင်း -
ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/
ကမ္ဘာ့အကြီးဆုံး မိကျောင်း မွေးမြူရေးစခန်းသို့ အလည်တစ်ခေါက်
Posted: 15 Jul 2012 12:46 PM PDT
    ကမ္ဘာ့အကြီးဆုံး မိကျောင်းမွေးမြူရေးစခန်းကို ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀ အကွာဝေးတွင်တည်ရှိသည်။
ဝင်ကြေးကတစ်ယေက်ကိုဘတ် ၆၀ ပေးရတယ်. သူတို့က မြေပုံနှင့် သူတို့ဆီမှာရှိတဲ့ show အစီစဉ်အချိန်တွေကိုပေးတယ်....
ပထမဆုံးက မိကျောင်း show ပေါ့. အဲဒီကိုသွားတဲ့လမ်းမှာ မိကျောင်းမွေးထားတဲ့ကန်ထဲကမိကျောင်းများ
မိကျောင်း show စပြီ
    သူတို့ကစတာနဲ့ သဲထိတ်ရင်ဖွယ် ပြကွက်တွေနဲ့ပြတာဆိုတော့ ပရိတ်သတ် က ဟာ တို့ဟင် တို့ဖြစ်လိုက် . လက်ခုတ်တီးလိုက်နဲ့ ပေါ့... အောက်မှာပြထားတဲ့ ပုံတွေ ကိုသာကြည့်လိုကပါ
မိကျောင်းကြီးများ ပါးစပ်ညောင်းရင် ဒုက္ခ
ကိုသီဟ (All-Channel)
လင်းဦး(စိတ်ပညာ)
မူရင်း=[လင်းဦး(စိတ်ပညာ)] 1 New Entry: ကမ္ဘာ့အကြီးဆုံး မွေ...
Posted by စိတ်ကူးပျော်ရာ အချိန် 7/14/2012 10:35:00 PM
http://satekuupuyar.blogspot.com/2012/07/blog-post_6945.html
ရိုဟင်ဂျာ ဘင်္ဂလီများကို အင်ဒိုနီးရှားက လက်ခံရန် မဖြစ်နိုင်ကြောင်း သံအမတ် ပြောကြား
Posted: 15 Jul 2012 10:52 AM PDT
နိရဉ္စရာ
" မိမိတို့ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် နိုင်ငံမဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို လက်ခံ နေထိုင်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟုတာဝန် ပီးဆုံးပြီး နိုင်ငံကို ပြန်မယ့် ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Zet Mirzal Zainuddin ပြောကြားလိုက်သည်။
မနေ့က (ဇူလိုင် ၁၄ ရက်နေ့)မှာ နိုင်ငံကို ပြန်လည် မထွက်ခွာမီ ဒက္ကားမြို့တော် သတင်းထောက် အသင်းတိုက်တွင် ပြုလုပ်သော သ တင်း ဌာန များနှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
" ဒီပြဿနာက လူ့အခွင့်အရေး ပြဿနာဖြစ်ပြီး မြန်မာနဲ့ သက်ဆိုင်နေတဲ့ အတွက် မြန်မာကသာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာပြောနိုင်သလဲဆိုရင် အင်ဒိုနီးရှား အနေနဲ့ ရိုဟင်ဂျာတွေကို ဖိတ်ခေါ်ပြီး ဒုက္ခသည် အဖြစ် ထားရှိဖို့ (သို့မဟုတ်) နိုင်ငံသားအဖြစ် အသိအ မှတ်ပြုပေးဖို့ ကျွန်တော်တို့မှာ အနေအထား မရှိပါဘူး" ဟု သံအမတ်က ပြောသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်မှ ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီး ရုံးမှ တာဝန်ယူပြီး စောင့်ရှောက်ထားရန်နှင့် လက်ခံမည့် နိုင်ငံရှိပါက ပို့ပေးမည် ဖြစ်ကြောင်း ကုလဒုက္ခအကြီးအကဲနှင့် တွေ့ဆုံစဉ် ဇူလိုင် လ ၁၂ ရက်နေ့က ပြောကြားခဲ့ သည်။
မြန်မာ သမ္မတ ပြောကြားချက်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဘင်္ဂလီ ဒုက္ခသည်များအား အင်ဒိုနီးရှားက လက်ခံပေးနိုင်ပါမည်လားဟု မေး မြန်း ချက်အပေါ် သတင်းထောက်များအား ပြန်လည် ဖြေကြားစဉ် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အခြေအနေမရှိပါကြောင်း၊ ဒုက္ခသည် အ ရေးနှင့် ပတ်သက်ပြီး ခါးသီးသော အတွေ့အကြုံများ ရှိပါကြောင်း၊ လက်ရှိ အချိန်တွင်လည်း လှေစီး ထွက်ပြေးလာသော ဗီယက်နမ် ဒုက္ခသည် ထောင်ပေါင်းမြောက်မြားစွာ နေရပ်မပြန်လိုဘဲ ရှိနေပါကြောင်း ပြောကြားသည်။
မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ဘဲ ဒုက္ခသည် စခန်းများတွင် ထားရှိပြီး လက်ခံမည့် နိုင်ငံ များ ရှိ ပါက ပို့ပေးမည်ဆိုသည်ဟု ပြောဆိုခြင်းကို သတင်းများမှ တဆင့် ကြားသိရကြောင်းနှင့် သမ္မတထံမှ နုတ်အားဖြင့် ပြောဆိုသည် ကို မကြားရ သေးကြောင်း ပြောကြားသည်။
၎င်းပြင် ယခုခေတ်တွင် နိုင်ငံပေါင်း များစွာတွင် ဘာသာကွဲ၊ လူမျိုးကွဲ များစွာ ရောပြွမ်းနေထိုင်လျှက် ရှိနေပါကြောင်း၊ အင်ဒိုနီးရှား အပါအ၀င် အမေရိကန် ပြည်ထောင်စုတွင်လည်း ထိုကဲ့သို့ နေထိုင်၍ ရှိပါကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် အခြေအနေမှန်ကို နားလည် သ ဘော ပေါက်ရန် လိုကြောင်း၊ အဆိုပါ ပြဿနာကို မိမိနိုင်ငံ ပြည်တွင်းရေး အဖြစ် သဘောထားပြီး ဖြေရှင်းရန် လိုကြောင်း အင်ဒိုနီးရှား သံအ မတ်က သတင်းထောက်များသို့ ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများနှင့် ပတ်သက်ပြီး သဘောထား ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဘင်္ဂ လာ ဒေခ်ျ့မှ ဒုက္ခသည်များကို မြန်မာ အစိုးရမှ ပြန်မယူမည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။
သို့အတွက် သူ့နိုင်ငံရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန်ကို၎င်း (သို့မဟုတ်) တတိယ နိုင်ငံ တစ်ခုခုသို့ ပို့ဆောင်ရန်ကို၎င်း ယူ အန် မှ တဆင့် ချဉ်းကပ် ကြိုးစားလာနိုင်ဖွယ် ရှိကြောင်း လေ့လာသူများက ပြောသည်။
ကော့စ်ဘဇား ခရိုင် ကောတို့ပလောင် ဒုက္ခသည် စခန်းမှ မွတ်ဆလင် ဒုက္ခသည် တစ်ဦးဖြစ်သူ ကိုမောင်သိန်းကမူ မြန်မာမှ ရောက်ရှိနေသော ဒုက္ခသည် အများစု အနေဖြင့် မြန်မာနိုင်ငံကို ပြန်ရန်ထက် တတိယနိုင်ငံ တစ်ခုခုကို ထွက်ခွာရန် ပိုလိုလားနေကြသည်ဟု ပြောဆိုသည်။
ပေးဝေသည့် ထမင်းထုပ်များစားပြီး လူ ၉၀ ခန့် ဆေးရုံရောက်
Posted: 15 Jul 2012 10:43 AM PDT
  ပေးဝေသည့် ထမင်းထုပ်များစားပြီး လူ ၉၀ ခန့် ဆေးရုံရောက်
ရန်ကုန်၊ဇူလိုင်-၁၅
ပေးဝေလှူဒါန်းသည့် ထမင်းထုပ်များ စားသောက်ပြီး မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့သဖြင့် လူ ၉၀ ခန့် လှိုင်သာယာမြို့နယ်ရှိ ဆေးရုံသို့ အရေးပေါ်တင်ပို့ ကုသခဲ့ရမှု ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည်။
လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာမှ အဆိုပါ လူ ၉၀ ခန့်သည် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထမင်းထုပ်များ စားသောက်အပြီး နာရီပိုင်းအတွင်း မူးဝေအော့အန်ခြင်း၊ လည်ချောင်းများ၌ ပူလောင်မှုကို ခံစားရခြင်း၊ လူများနုံးချည့်ခြင်း စသည့်ဝေဒနာများ ခံစားခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။
ဝေဒနာခံစားခဲ့ရသူများသည် လှိုင်သာယာမြို့နယ်ဆေးရုံသို့ နေ့လယ် ၃ နာရီခန့်မှ စတင်၍ တဖွဲဖွဲရောက်လာပြီး ၎င်းတို့အား ဆေးကုသမှုပေးပြီးနောက် အချို့မှာ နာရီပိုင်းအတွင်း ရောဂါသက်သာလာပြီး ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း၊ ဝေဒနာရှင်များအား စောင့်ကြည့်ကုသမှုများ ပြုလုပ်အပြီး ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ၎င်းတို့အားလုံး ရောဂါသက်သာကာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက သတင်းထောက်များသို့ ပြောသည်။
"မူးတယ်။ အန်တယ်။ ထန်းလျှက်နဲ့ ကန်စွန်းရွက် ၀ါးစားကြည့်တယ်။ မရဘူး။ ကလေးတွေက ပိုခံရတယ်"ဟု ကြက်ဥနှင့် ဂေါ်ဖီကြော်များ ပါဝင်သည့် အဆိုပါ ထမင်းထုပ်များ စားသုံးခဲ့ပြီးနောက် ဝေဒနာခံစားခဲ့ရသည့် အသက်(၂၀)နှစ်အရွယ် မအေးမွန်က ပြောသည်။
အိမ်ခြေ ၂,၀၀၀ နီးပါးရှိသည့် အဆိုပါကျေးရွာတွင် ဝေဒနာခံစားခဲ့ရသူများမှာ ၈၉ ဦးအထိရှိကြောင်း ဒိုင်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ပြောသည်။ ဝေဒနာခံစားခဲ့ရသူများအနက် နှစ်ဦး၊ သုံးဦးခန့်သာ လူကြီးများဖြစ်ပြီး ကျန်သူများမှာ ကလေးငယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။
ရောဂါဖြစ်ပွားသည့် အဓိကအကြောင်းအရင်းကို သိရှိနိုင်ရန် ထမင်းထုပ်များကို ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် သက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြောသည်။
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက စေတနာရှင်များက စနေနေ့ရောက်တိုင်း အလှူအတန်းပြုလုပ် ကျွေးမွေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ လေးနှစ်ကျော်အတွင်း ယခုကဲ့သို့ ဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
7Day News Journal
နမူနာ ထမင်းနဲ့ ဟင်းပုံပါ
ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး
Posted: 15 Jul 2012 10:41 AM PDT
Inbox
x
ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို
ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့
ပေးဝေလျက်ရှိသည်။
ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။
အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven
စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့်
အသုံးပြုနိုင်သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး
ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့်
ညီမျှသည်။
ကြော်ငြာတွင် ဖော်ပြထားချက်အရ တခြား ကုမ္မဏီများနည်းတူ ခေါ်ဆိုခ သက်သာကြောင်း သိရသည်။
ဘန်ကောက်မြို့ မြန်မာသံရုံးတွင်လည်း True Move ကုမ္မဏီက ဆင်မ်ကတ်
ဖြန့်ဝေနေသည်ကို တွေ့ရသည်။ မြန်မာသံရုံးသည် မြန်မာပြည်သားများနှင့်
နေ့စဉ်လိုလို စည်ကားနေသဖြင့် စားသုံးသူထံ တိုက်ရိုက်ရောက်ရှိသော
ဖြန့်ဝေနည်း ဖြစ်သည်။
အခွန်ဆောင်ရန်၊ ပတ်စ်ပို့ နှင့် ထောက်ခံချက်ဆိုင်ရာ လုပ်ငန်းများ
ဆောင်ရွက်ရန် သံရုံးသို့ ရောက်လာသော မြန်မာပြည်သား အရေအတွက်မှာ နေ့စဉ်
ရာနှင့်ချီ ရှိသည်ကို တွေ့နေရသည်။
မြန်မာပြည်သားတို့ကို ပစ်မှတ်ထားသော True Move ဆင်မ်ကတ် ကြော်ငြာသည်လည်း
မြန်မာဘာသာဖြင့်ပင် ရေးသားထားကို တွေ့ရသည်။ True Move ကုမ္မဏီတွင်
မြန်မာဝန်ထမ်းကို ခန့်ထားသဖြင့် မြန်မာဘာသာဖြင့် ဆက်သွယ် စုံစမ်း
မေးမြန်းနိုင်သည်ဟု ကြော်ငြာက ဆိုသည်။
မူရင်း  http://moemaka.com/archives/25592
ပုဂ္ဂလိကဘဏ်မှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်သူ များပြားနေ
Posted: 15 Jul 2012 10:30 AM PDT
Inbox
x
နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တချို့မှာ လာရောက်စာရင်းဖွင့်သူ ဦးရေဟာ သည်နေ့ နေ့တစ်ဝက်မှာတင် ရာကျော်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရထားပြီး နိုင်ငံတကာဘဏ် ကွန်ရက်စနစ် (SWIFT system) ထူထောင်ပြီးတဲ့ ပုဂ္ဂလိကဘဏ်တချို့ သည်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးဇော်လင်းထွဋ်က "သောကြာနေ့ (ဇူလိုင်လ ၆ ရက်နေ့)က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ရပြီး ဒီနေ့ ၉ ရက်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း စဖွင့်ခွင့်ရပါတယ်၊ လာဖွင့်တဲ့သူ တော်တော်များတယ်၊ နေ့ဝက်မှာတင် စာရင်းဖွင့်သူ နှစ်ရာ၊ သုံးရာလောက်ရှိပြီ" လို့ ပြောပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်
ကာပူဒေါ်လာနဲ့ အက်ဖ်အီးစီ စတဲ့ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်နိုင်ပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တချို့က ငွေစာရင်းကို ပတ်စ်ပို့လို စာအုပ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ပေးတဲ့ မှတ်တမ်းက တစ်ဘဏ်နဲ့ တစ်ဘဏ် တူညီမှာ မဟုတ်ပါဘူး။ စီဘီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က "စာရင်းဖွင့်မယ်သူတွေ ရွေးချယ်ခွင့် ပိုရလာမယ်၊ တစ်ဘဏ်နဲ့ တစ်ဘဏ် ဝန်ဆောင်မှုချင်းတော့ တူမှာမဟုတ်ဘူး၊ စာရင်းဖွင့်ရင် ကျွန်တော်တို့ဘဏ်က စာအုပ်နဲ့ မဟုတ်ဘူး" လို့ ပြောပါတယ်။ အစိုးရဝန်ထမ်း၊ အစိုးရပိုင် စီးပွားရေးမှာ လုပ်ကိုင်နေသူ၊ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေသူနဲ့ သံတမန် ဆောင်ရွက်နေသူတွေကတော့ အစိုးရဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်တယ်လို့ ညွှန်ကြားချက်မှာ ပါဝင်ကြောင်း သိရတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်ဖို့ဆိုရင် စာရင်းရှင်အပ်ငွေ ဖွင့်ရပါမယ်။ တရားဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသူလို့ ညွှန်ကြားချက်မှာ ပါဝင်လို့ အထောက်အထား အနေနဲ့ တရားဝင် နိုင်ငံခြားငွေ ရောင်းဝယ်ရေးစင်တာတွေမှာ ဝယ်ယူထားတဲ့ ဖြတ်ပိုင်း ပြရပါမယ်။ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ထက်ကျော်တဲ့ ပမာဏဆိုရင်တော့ သည်ဝင်ငွေ ဘယ်ကရရှိတယ်ဆိုတဲ့ အထောက်အထား ပြရမှာပါ။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ လက်ရှိမှာ စာရင်းဖွင့်ရုံသာရှိပြီး နောက်ပိုင်းမှာတော့ L/C ဖွင့်ခွင့်တွေ ရရှိလာမှာ ဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေ အခုလို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတာ နှစ်ပေါင်း ၂၀ ကျော်မှ ပထမဆုံး စတင်ရရှိတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံခြားငွေလွှဲကောင်တာတွေ စတင်ဖွင့်ခွင့်ရရှိပြီး နိုဝင်ဘာလမှာ အေတီအမ်စက် သုံးစွဲခွင့်ရရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ "
--
မောင်းတောမြို့နယ်တွင် M-16 လက်နက်နှင့်အတူ ၁၀ ဦးဖမ်းမိ
Posted: 15 Jul 2012 10:15 AM PDT
Inbox
x
တောင်ရွာကမ်းခြေသို့ ပင်လယ်ဘက်မှ ချည်းကပ်လာသော မသင်္ကာဖွယ်စက်လှေ ၃ စီးအား မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် တပ်မတော်(ရေ)မှ ထပ်မံလိုက်လံဖမ်းဆီးမှုကြောင့် စက်လှေသုံးစီးအနက် တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို M-16 သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦး ခေါင်း၌ ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကို ယနေ့နေ့လယ် ၄ နာရီခွဲတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ပြောသည်
--
Farmers marching in Yangoon today
Posted: 15 Jul 2012 09:28 AM PDT
ကိုနေမျိုးဝေဦးဆောင်သော လယ်သမားများဆန္ဒပြရာ လမ်းတလျှောက်ဝယ် လူပေါင်းတသောင်းကျော် လာရောက်အားပေးသည်ဟုသိရသည်။ ဖေါ်ပြထားသောဓါတ်ပုံ များကို ကြည့်ရှုပြီး သုံးသပ်နိုင်ရန် တင်ပြပါသည်။
Posted by at 11:23 PM
သင့်ဖုန်းကိုအောက်ဖော်ပြပါအခြေနေမျိုးတွင် လုံးဝမသုံးပါနှင့်.
Posted: 15 Jul 2012 08:06 AM PDT
Inline image 1
သင့်ဖုန်းကို အောက်ဖော်ပြပါအခြေအနေမျိုးတွင် လုံးဝမသုံးပါနှင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လျှပ်စစ်အားသွင်းနေစဉ် -
- ဖုန်းပြောဆိုခြင်းမလုပ်ပါနှင့်။
- အင်တာနတ်အသုံးပြုခြင်း မပြုပါနှင့်။
- ဖြစ်နိုင်လျှင် မည်သည့် Application ကိုမှ
အသုံးမပြုပါနှင့်။
- ( ဖုန်းပြောဆိုလိုလျှင် Plug ကို ဖြုတ်၍
ပြောဆိုပါ )
လျှပ်စစ်မိုးကြိုးရှိနေလျှင် -
- ဖုန်းပြောဆိုခြင်း မပြုပါနှင့်။
- အင်တာနက်အသုံးပြုခြင်း မပြုပါနှင့်။
- ဖြစ်နိုင်လျှင် ဖုန်းကို ပါဝါပိတ်ထားပါ။
( ထိုသို့ လျှပ်စစ်ပလပ်မဖြုတ်ပဲ ဖြစ်စေ၊ လျှပ်စစ်မိုးကြိုး
ရှိနေသောအခါဖြစ်စေ ဖုန်းကို အသုံးပြုလျှင် လျှပ်စစ်အားများသည် ဖုန်းသို့
အထိန်းအချုပ်မရှိ စီးဝင်ပြီး ၊
ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်..။
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်အထိ
ဖြစ်နိုင်ပါတယ်။ )
Share from facebook
yanကင်းthar
  ပြန်လည်မျှဝေပေးပါတယ်...
တရုတ်အာဏာပိုင်များ နောင်တောင်း ကချင် ဒုက္ခသည်များ ကို ဆက်လက် နေ ထိုင်ခွင့်ပြု
Posted: 15 Jul 2012 06:04 AM PDT
KNG
တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန်းမြို့ တရုတ်ဖက်ခြမ်းရှိ နောင်တောင်း ကချင်စစ်ပြေးဒုက္ခသည် စခန်း ၂ ခုကို တရုတ်အုပ် ချုပ်ရေး အာဏာပိုင်များက နေရပ်ပြန်ကြရန် ညွှန်ကြားထားရာမှ တဖန် တရားဝင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည်။
ဇူလိုင် ၁၁ ရက်နေ့တွင် ရွှေလီမြို့မှ တရုတ်အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲများ ပြန်
လည်ရောက်ရှိလာပြီး ပြန်လည် နေထိုင်ခွင့် ပြုထား ခြင်း ဖြစ်ကြောင်း နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင်များပြောသည်။
သို့သော် တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများသည် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ၎င်းတို့ချမှတ်ထားသော တရားနှင့် အညီ လိုက်နာကာ နေ ထိုင် ရန်ပြောဆိုထားကြောင်း ဒုက္ခသည်ကော်မတီဝင် ဆရာမနန်ဘောက်ပြောသည်။
"သူတို့က ကောင်းကောင်းနေပါ ကျန်းမာရေး၊ သန့်ရှင်းရေးကို ကြိုးစားလိုက်နာပါ။ ပြီးတော့ သူတို့ချမှတ်ထားတဲ့ စည်းကမ်း အတိုင်းလိုက်နာဖို့ ပြောထားပြီးပြန်သွားတယ်။ သူတို့ချမှတ်ထားတာက မူးယစ်ဆေးဝါတွေ မသောက်သုံးဖို့ မရောင်းဖို့၊ ကျန်းမာရေး လိုက်နာဖို့၊ သန့်ရှင်းရေးတွေ လည်း ကောင်းကောင်းလုပ်ဖို့၊ ဆိုင်ကယ်တွေကိုလည်း အစ်ဇောဖောက်ပြီး မစီးဖို့ ဒါတွေဖြစ်တယ်" ဟု ပြောသည်။
ဇူလိုင် ၁၁ ရက်နေ့တွင် ရွှေလီမြို့နယ် ရဲတပ်ဖွဲ့မှ အကြီးဆုံး၊ ကျန်းမာရေး ဆေးရုံဘက်မှ အကြီးဆုံး၊ နောင်တောင်းမြို့နယ်မှ အုပ်ချုပ်ပိုင်း ဆိုင် ရာများနှင့် ဌာနပေါင်းစုံများမှ ပုဂ္ဂုလ်ကြီးများ တရုတ်မီဒီယာအဖွဲ့များ ၁၀ ဦးကျော်တို့သည် ကား ၁၃ စီးခန့်ဖြင့်ရောက်ရှိ လာခြင်း ဖြစ် ကြောင်း သိရသည်။
ထိုသို့ပြန်လည် နေထိုင်ခွင့်ပြုခြင်းသည်လည်း တရုတ်အစိုးရထံ KIO ခေါင်းဆောင်ပိုင်းများမှ ဆွေးနွေးတိုင်ပင်ပြီး ယခုလိုပြန်လည် နေ ထိုင်ခွင့် ပြုခြင်းဖြစ်သည်ဟု ဒုက္ခသည်ကူညီရေးကော်မတီဝင်များပြောသည်။
ထိုသို့နေရပ်ပြန်ရန်အမိန့်ပေးခဲ့ခြင်းသည် ကျန်းမားရေး၊ သန့်ရှင်းရေးများနှင့် ၎င်းတို့ချမှတ်ထားသော စည်းကမ်းများအား ဒုက္ခသည်စခန်း ရှိ ဒုက္ခ သည်များအချို့မှ ချိုးဖောက်မှုများရှိသောကြောင့် ဖြစ်သည်ဟု နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဆရာခွန်ထွန်း ပြော သည်။
၎င်းတို့မှ ဒုက္ခသည်များ၏ ထမင်းအိုး ဟင်းအိုးများကို လိုက်လံဖွင့်ကြည့်ကာ "အို..နင်တို့ အာဟာရ အရမ်း လိုနေတယ်..အသားမစားရ ဘူး လားဆိုပြီးမေးတယ်။ ကျနော်တို့လည်း မစားရပါဘူး ပြောတော့ အာဟာရအရမ်းလိုနေတယ်။ အဲဒါလိုတာတွေကို ဒီနောင်တောင်းမြို့မှ အုပ် ချုပ်ရေးပိုင်းတွေနဲ့ ကြည့်ပြီး ပူးပေါင်းလုပ်ပါဆိုပြီးပြောထားတယ်" ဟု ဒုက္ခသည် ကော်မတီဝင် ဆရာ ခွန်ထွန်းပြောသည်။
နောင်တောင်းရှိ ဒုက္ခသည်စခန်းအချို့တွင် ယခုလပိုင်းအတွင်း အသဲရောင် အသားဝါရောဂါများဖြစ်ပွားမှု များလာခြင်းသည် မသန့်စင် သော သောက်သုံးရေကြောင့်ဖြစ်ကြောင်း ဒုက္ခသည်ကူညီရေးကော်မတီဝင် ဆရာမနန်ဘောက် KNG ကချင်သတင်းဌာနသို့ပြောသည်။
"အခုတလော စခန်းတစ်ချို့မှာ အသဲရောင်အသားဝါရောဂါ ဖြစ်တာတွေရှိတယ်။ အသက်ကြီး တာ လည်းမကြီးတာလည်းကလေးတွေလည်း ဖြစ်တယ်။ စခန်းတစ်ခုမှ ၄-၅ ယောက်ဖြစ်တာလေ။ အဲဒါ ဆေးခန်းသွား တော့ ရေကြောင့် ဖြစ်တာ လို့ပြောတယ်။ အဲဒါကြောင့် ရေသိပ်မ ကောင်းဘူးဆိုတဲ့ သဘောပေါ့" ဟု ပြောသည်။
တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများက ဇူလိုင် ၆- ၈ ရက်နေ့များတွင် နောင်တောင်း (Nongdao) ရှိဒုက္ခသည်စခန်း ၂ခုဖြစ်သော ယန်လု (Yang Lu)နှင့် လော့ဖိုင် (Law Hpai) စခန်းတွင် တရုတ်အုပ်ချုပ် ရေးအရာရှိများနှင့် စစ်သားများ ၃၀ ခန့် လာရောက်ပြီး မိမိနေရပ် (သို့) စခန်းပြောင်းရွှေ့ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းစခန်းများတွင် ယခုစာရင်းရှိ အိမ်ထောင်စု ၉၇၉ စု ဖြစ်ပြီး ကျား - ၂၀၆၇ ဦး၊ မ -၂၄၃၂ ဦး၊ လူဦးရေပေါင်း ၄၄၉၉ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် တရုတ်နိုင်ငံမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့များ၊ မြစ်ကြီးနားမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)များနှင့် ဂရုဏာ အဖွဲ့များမှ အကူညီထောက်ပံ့ပေးနေပြီး ဆက်လက်၍လည်း အကူအညီလိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများပြောသည်။
တိဗက်မှာ လူသေသဂြိုဟ်နည်း
Posted: 15 Jul 2012 03:56 AM PDT
-  
တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့
သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ်
ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေါ့
မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ်
ငွေကုန်လူပန်း သက်သာ
တာပေါ့
ကုသိုလ်လည်းရတယ်၊ သတ္တ၀ါတွေအစာကျွေးရလို့လေ
ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။
အဲဒီမှာ လူသေအလောင်း၊ သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်..
ဓါးတွေနဲ့ မွှမ်းနေပြီ
ဟော..ငှက်တွေလာစားနေပြီ၊ ဓါးနဲ့မွှမ်းတာက ငှက်တွေအလွယ်တကူစားလို့ရအောင်လုပ်တာပဲ
ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ..
စားလိုက်တာ ပြောင်လို့၊ အရိုးပဲကျန်တယ်၊ တော်တော်အစားပုပ်တဲ့ကောင်တွေ
ငှက်တွေစားလို့ပြီးတော့ အရိုးလိုက်ကောက်ရတာပေါ့
ခုတ်ထစ်ပြီး ဘာလုပ်မယ်မသိပါဘူး၊ မြေမြှပ်မယ်ဆိုလည်း ၀န်ပေါ့သွားပြီပေါ့….။
———————————————————————-
အင်း….ကြောက်စရာကောင်းတယ်ပဲပြောရမလား
ဒီတိုင်းမြေမြှပ်တာနဲ့စာရင် သန့်သွားတယ်၊ ၀န်ပေါ့တယ်ပဲပြောရမလား
ဘာမှန်းကိုမသိတော့ဘူး :(
You are subscribed to email updates from ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ