Re: [mrsorcerer:27767] အကြံတောင်းခြင်း

ကလေးကို သူတက်ချင်တဲ့ ဘာသာရပ်ကို ပေးတက်လိုက်ပါ.... အဲဒါအကောင်းဆုံးဘဲ... သူ့ကို ရွေးချယ်ခွင့်ပေးစေချင်ပါတယ်.... လူကြီးက အကျိုးအကြောင်းနဲ့ ဘယ်ဟာက ဘယ်လို ရှိတယ် ရှင်းပြပြီး သူကြိုက်ရာ သူရွေးတက်ပါစေ..(by force မလုပ်မိပါစေနဲ့)... ဘယ်ဘာသာရပ်မဆို ထူးချွန်ရင် လူတန်းစေ့နေနိုင်တယ်.ဒီ့ထက်တောင်ပိုနိုင်ပါတယ်.... ဆရာဝန်ကြီး အင်ဂျင်နီယာကြီးမှ မဟုတ်ပါဘူး......

ကျွန်တော်ကတော့ ကံကောင်းတယ်ပြောရမယ်... ၁၀ တန်းမှာ အမှတ်ကောင်းတောင် ဆေးကျောင်းမတက်ဘူးလို့ အိမ်ကို အစောကြီး ပြောထားပါတယ်... BIO ကို ဘယ်လိုမှ ကျက်မရတည်းက ကိုယ့်ကိုကိုယ်သိပြီ..... အိမ်ကလည်း warning ပြန်ပေးပါတယ်... အသက်မွေးဝမ်းကြောင်းမှ မ၀င်ရင် မင်းအဝေးသင်တက်ဖို့ ပြင်ထားတဲ့..... ဒီလိုနဲ့ဘဲ ဖြတ်သန်းပြီး ခုမှ လူတန်းစေ့လေးနေနိုင်ရုံရှိပါတယ်.... ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပေါ် ကိုယ်လျောက်နိုင်ရင် ပိုပျော်ဖို့ကောင်းပါတယ်..... ဘယ်သူ့ဆန်ဒမှ မပါဘူး ကိုယ်ရွေးတဲ့လမ်းကိုယ်ဖြစ်ကိုယ်ခံဘဲ... ဘယ်သူ့ကိုမှလည်း တရားခံရှာလို့မရတော့ဘူး....

ခုမေးထားတဲ့ကလေးကို အကျိုးအကြောင်းရှင်းပြပြီး လွတ်လပ်ခွင့်လေးပေးလိုက်ပါ.........

....

2012/7/16 Ni Ni Than <ninithan17@gmail.com>

ညီမလေးတို့ အစ်ကိုတို့ရေ

အယင်တုန်းက တွေးပုံခေါ်ပုံတွေ အလုပ်မဖြစ်ခဲ့လို နီနီတို့ နိုင်ငံနောက်ကျခဲ့တာလေ။ ခေတ်သစ်မှာ နီနီတို့ အပြင်က လူတွေလို တွေး ကြ လုပ်ကြတာမျိုး လက်တွေ့ လုပ်ကြည့်ကြပါစို့လား။

လူတွေ လွတ်လွပ်လပ်လပ်တွေးပါစေ စိတ်ကူးသစ်တွေ ဖော်ထုတ်ပါစေ ယုံကြည်တာကို ပြောပါစေ ဒီလိုလုပ်ရင်းနဲ့ ဒီကလေးတွေ အသက် နည်းနည်းရတဲ့အခါ နီနီတို့ နုင်ငံကို ခေါင်းဆောင် ပါစေ ။

ကလေး ဘာဖြစ်ချင်တာလဲ ဘာစိတ်ဝင်စားသလဲမေးပါ သူကျောင်းပြီးတဲ့အခါ သူ အတွက် အလုပ်တွေ ရှိမှာ ပါ သူတို့ စကာင်္ပူ တို့လို နိုင်ငံခြားကို သွားစရာ မလိုတော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ အလုပ်အကိုင်အခွင့်အရေး တွေ နီနီတို့ တိုင်းပြည်ကို ရောက်လာတော့ မှာ မို့လို့ အယင်တုန်းကလို တွေးစရာ မလိုတော့ပါဘူး။ ကလေးကို ပြောပါ မင်းတကယ် ဘာစိတ်ဝင်စားသလဲ။ သူမသိသေးရင် သူ့ကို သိအောင် အချိန်ပေးပါ။ ဘာကို ပိုပြီး လုပ်ချင်စိတ်အားသန်သလဲ ဒီလိုမေးရင် သူပိုစဉ်းစားရ လွယ်မှာပါ။ အခု က ဘယ်သူမဆို ကိုယ်သာတော်ပါစေ အခွင့်အရေး တွေ ရှိနေပြီသား၊သမီး စိတ်ဝင်စားတာကို သာ သိအောင်လုပ်ပြီး ကြိုးစားပါလို့ပဲပြောပါ။ တကယ်တမ်း ကျရင် စိတ်ဝင်စားတဲ့ ကိစ္စဆိုရင် ကြိုးစားပါတောင် ပြောစရာ မလိုဘူး တချိန်လုံး လုပ်နေတော့ သူ အောင်မြင်မှုပိုရတာပေါ့။

နီနီ (ခေတ္တ) ချင်းမိုင်တက္ကသိုလ် ထိုင်းနိုင်ငံ

2012/7/13 NLD IT Group <nlditgroup@gmail.com>
ကျွန်တော့တူလေးတစ်ယောက်ဒီနှစ်၁၀တန်းအောင်တယ်
အမှတ်ပေါင်း၃၅၁မှတ်ရတယ်
အဲဒါဘယ်ကျောင်းတက်ခိုင်းရင်ကောင်းမလဲအကြံပေးကြပါခင်ဗျာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ