Re: [mrsorcerer:27831] ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း- by Mizzima (Mark Farmaner)

Their aim is not staying in Myanmar and they want to migrate third country.

2012/7/17 Mr. Jugger <juggernaut.mm@gmail.com>

Burma Campaign UK ရာ လူအခွင့်အရေးက လူ့အခွင့်အရေးပဲ လူသားချင်းစာနာရမယ်ဆိုတာ လူသားတိုင်းနားလည်သလို ကျွန်တော့်တို့ မြန်မာနိုင်ငံသားတွေလည်းနားလည်ပါတယ်........လူသားချင်းမစာနာလို့ ကန့်ကွက်နေတာမဟုတ်ဘူး.....လူမျိုးတိုင်းရင်းသားပျောက်မှာဆိုးလို့ ကန့်ကွက်နေတာ......ပြည်သူတွေဘာကိုစိုးရိမ်နေတယ်ဆိုတာ သဘောမပေါက်ဘဲနဲ့...လူအခွင့်အရေးကိုဘဲ ပါးစပ်က ရှေ့တန်းတင်ပြောနေတာ....မဟာလူမျိုးကြီးဝါဒ တွေကိုကြောက်လို့... ပြည်သူတွေဒီလောက်ကန့်ကွက်နေတယ်ဆိုတာ.. မသိချင်ယောင်ဆောင်နေတာလား......
သမ္မတဆုံးဖြတ်ကိုကျွန်တော်တို့လက်ခံတယ်.........တတိယနိုင်ငံကလက်ခံရင်ခေါ်လိမ့်မယ်...ကျန်တာသနားပါတယ်ဆိုတဲ့ UNHCR ကကျွေးလိမ့်မယ်...လူမျိုးတူနိုင်ငံကတောင်လက်မခံတာ...သနားလို့ လှေကားရင်းမှာထားတာကို အိမ်ပေါ်အိပ်ရာထဲတက်အိပ်ချင်တဲ့ကောင်တွေ....သူတို့ ကံကြမ္မာသူတို့ဖန်တီးတာပဲ......
ယခုလိုဆူပူဒုက္ခရောက်အောင်...ဘယ်သူစဖန်တီးသလည်း......မီးမွှေးတာကသူတို့.......နေစရာမရှိဒုက္ခရောက်မှ..ဟိုကနှိပ်စက်ပါတယ် ဒီက နှိပ်စက်ပါတယ်နဲ့.....အင်အားသုံးပြီး..အနိုင်ယူချင်ရင်ပြန်ကန်တတ်တယ်ဆိုတာ...နားမလည်တော့ ခံပေါ့ဗျာ....

2012/7/17 ဦးဦး မှော်ဆရာ <mrsorcerer9@gmail.com>

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း  -  by Mizzima

(ဆောင်းပါး) ။ ။ Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ်မဟုတ်သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိမိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာ
ပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည် ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရရှိပိုင်ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲလွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသအမျက် ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ်မသင့်"၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင်လည်း တင်ပို့ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး ရရှိသင့်သည်၊ သူတို့၏ လူ့အခွင့်အရေးကို ခုခံကာကွယ်ပေးနိုင်ရန် ရိုဟင်ဂျာ များနှင့် အလုပ်ပူးတွဲ ဆောင်ရွက်သင့်သည်၊ စသည်ဖြင့် ဖော်ပြပြောဆိုခဲ့ကြသည့် Burma Campaign UK နှင့် အခြားသော အဖွဲ့အစည်းများအပေါ် ဆန့်ကျင်ခဲ့ကြသော တိုက်ခိုက်စော်ကားမှုများ၊ မုန်းတီးမှုများ၊ ဒေါသ အမျက်များ မည်မျှပြင်းထန် စွာ ကြုံတွေ့ခဲ့ ရသည်ကတော့ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ဗြိတိသျှသံရုံးရှေ့တွင် ပြည်ပရှိ သတင်းမီဒီယာ အဖွဲ့အစည်းများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ယခင် စစ်အစိုးရက ဝါဒဖြန့်ချိထားသည့်အတိုင်း အလားတူ Burma Campaign UK အဖွဲ့ကို တိုက်ခိုက် စွပ်စွဲခဲ့ကြသည်။ ရိုဟင်ဂျာ ပြည်သူများအတွက် ဝါဒဖြန့်ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆန့်ကျင်ကြခြင်း
ဖြစ်သည်။ ၎င်းကဲ့သို့ ဆန္ဒပြသူများအနက်မှ မိမိတို့က "ဝါဒဖြန့်ချိပေးနေသည်" (ဝါဒဖြန့် သည်ကို မည်သည့်သဘောဖြင့်
ပြောဆိုသုံးနှုန်းခြင်း မသိပါ) ဟု စွပ်စွဲခဲ့ကြသူများအပေါ် သံသယဖြစ်မိပါသည်။ လက်ရှိ စိတ်ခံစားမှု အထွဋ်အထိပ်
ရောက်နေချိန်၊ မစဉ်းစားမချင့်ချိန်နိုင် ဖြစ်နေချိန်၌၊ ကြားရသမျှ ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြောဆိုချက်များကို အားလုံး ယုံကြည် မြိုချနေကြပုံရပါသည်။

မည်သို့ဖြစ်စေ ဤသို့ဆန္ဒပြခွင့် ပြုသည်ဆိုသည်မှာ ကောင်းသည့်လက္ခဏာတခုဟု ယူဆ၍ရပါသည်။ သို့သော်လည်း သူတို့ရရှိလာသည့် အသစ်သော လွတ်လပ်ခွင့်၊ ဆန္ဒပြခွင့်ကို အသုံးပြုကြသူများအနေဖြင့် ထောင်များထဲတွင် ကျန်ရှိ
နေသေးသည့် ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွတ်လပ်ခွင့်အတွက် အသုံးပြုကြပါ၏လော။ သို့မဟုတ် ကချင်ပြည်နယ်တွင် မုဒိမ်းပြုကျင့်ခံနေရစည့် အမျိုးသမီးများအတွက် ဆန္ဒပြကြပါ၏လောဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

လူတို့၏ စိတ်ခံစားမှုက မဆင်ချင်နိုင်ဘဲ အမြင့်ဆုံးရောက်နေရာ၊ Burma Campaign UK အဖွဲ့က တနည်းတဖုံအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် ပေးနေသည်ဟု စွပ်စွဲပြောဆို နေကြသူများ ရှိသလို၊ လွန်လွန်ကျူးကျူး ယုံကြည်နေကြသူ အများလည်း ရှိနေပါသည်။ သူတို့က ယခုဖြစ်ပွားနေသည့် အကြမ်းဖက်များ အတွက် မိမိတို့ တာဝန်ရှိသည်ဟု စွပ်စွဲနေကြပါသည်။

Burma Campaign UK အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ ထောက်ခံပြောဆိုနေသည့်အပေါ် ကာလကြာရှည်ကပင် ထူးထူးဆန်းဆန်း ဝေဖန်ပြောဆို ခံနေခဲ့ရပါသည်။ ၎င်းကိစ္စမှာ အမှန်တကယ် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ပါသည်။

ဘလော့များ၊ အီးမေးလ်များ၊ ဖေ့စ်ဘုတ် (Facebook) ကဲ့သို့သော အင်တာနက် ဝက်ဘ်ဆိုက်ဒ်များတွင် လိမ်ညာ
ပြောဆိုမှုများ၊ ကောလာဟလများ ပျံ့နှံ့နေပါသည်။ ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေးမှုကြောင့် ငွေရနေသည်ဟု ဆိုနေကြသည်။ Burma Campaign UK အဖွဲ့က ရိုဟင်ဂျာကိစ္စ ဆောင်ရွက်နေမှုကြောင့် မည်သည့်ထောက်ပံ့မှုမျှ ရရှိခဲ့ခြင်းမရှိပါ။

ကိစ္စအများစုတွင် Burma Campaign UK အဖွဲ့၏ ဝင်ငွေများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှား
ဆောင်ရွက်မှုအပေါ် သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခု
ဖြစ်ပါသည်။

အလားတူ အခြားလိမ်ညာဖော်ပြမှုတခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံများက မိမိတို့ကို ရန်ပုံငွေထောက်ပံ့နေသည်ဟု
ပြောဆိုနေခြင်း ဖြစ်ပါသည်။ တခါတရံ ဖော်ပြနေမှုများတွင် အရှေ့အလယ်ပိုင်း နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းပိုက်၍ မူစလင်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြံအစည်တွင် မိမိတို့က တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်ဟု
ပြောဆိုနေကြပါသည်။ ၎င်းကိစ္စအတွက် အထောက်အထားများ ရှိနေသည်ဟုပင် စွပ်စွဲပြောဆိုနေကြသည်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူများက အစ္စလမ်မစ် အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်လာကြသည့်အခါ၊ မိမိဓာတ်ပုံဟုဆိုပြီး၊ တက်ရောက်လာသည့် အာရကန် ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union) ကိုယ်စားလှယ်များကို ၎င်းတို့၏ ဘလော့တွင် တင်ပြထားခဲ့ရာ၊ ဤပုံကို ဖော်ပြ၍ မိမိတို့က အရှေ့အလယ်ပိုင်းနိုင်ငံများမှ ငွေယူထားသည့်သက်သေဟု စွပ်စွဲပြောဆိုနေကြပါသည်။

ပြဿနာမှာ ၎င်းဓာတ်ပုံထဲတွင် မိမိ မပါဝင်ပါ။ ၎င်းအစည်းအဝေး ဖြစ်ပေါ်ခဲ့ကြောင်းပင် မိမိမသိရှိပါ။ ၎င်းဓာတ်ပုံတွင် ပါဝင် ဖော်ပြထားသည်မှာ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ ဖြစ်ပါသည်။ ထိုအချိန်က မိမိတို့က စွပ်စွဲချက်များကိုကြည့်၍ ရယ်မောနေခဲ့ကြပါသည်။ ရှမ်းပြည်နယ်မှ မင်းသားတဦးနှင့် မိမိဓာတ်ပုံ ကိုမှ မခွဲခြားနိုင်လေခြင်းဟု ရယ်မောနေခဲ့ကြသည်။

မိမိတို့က အလေးအနက် မထားမိခဲ့ကြပါ။ သို့သော်လည်း ဤသို့လိမ်လည်ဖော်ပြမှုအပေါ် ယုံကြည်နေခဲ့ ကြကြောင်း သတိမမူမိခဲ့ကြပါ။ ဤသတင်းက အီး-မေးလ်များ၊ ဘလော့များ၊ Facebook များတွင် ပျံ့နှံ့နေခဲ့ ကြပြီး၊ လူအများက လည်း ယုံကြည် နေခဲ့ကြပါသည်။ မကြာသေးမီက မိမိမြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်ရှိ အဆင့်မြင့် ဒီမိုကရေစီခေါင်းဆောင်များကပင် ဤအရေးဆွေးနွေး ပြောဆိုခဲ့ကြပါသည်။

လိမ်ညာပြောဆိုနေကြသည့် အချက်တခုမှာ မိမိတို့က ရိုဟင်ဂျာပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်ပေးနေကြသည် ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စ မိမိတို့က မည်သည့်အချိန်ကမျှ ပြောဆိုခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာ အဖွဲ့အစည်း အချို့က လွန်ခဲ့သည့် ဆယ်စုနှစ်များက ၎င်းကဲ့သို့ တောင်းဆိုခဲ့ကြသော်လည်း၊ ရိုဟင်ဂျာ အဖွဲ့အစည်းများထံမှ သူတို့ ကိုယ်ပိုင်ပြည်နယ် လိုချင်သည်ဟု ပြောဆိုသည်ကို မိမိတို့တခါမျှ ကြားခဲ့ရခြင်း မရှိပါ။

အကယ်၍ ရိုဟင်ဂျာပြည်သူများကို တိုင်းရင်းသားဟု သတ်မှတ်လိုက်ပါက၊ သူတို့ကို နယ်မြေ/ပြည်နယ် ပေးရတော့မည် ဟူသည်မှာလည်း နားလည်မှုလွဲမှားနေသည့်ကိစ္စ သာ ဖြစ်ပါသည်။ ဤကိစ္စမှာ မမှန်ကန်သလို၊ Burma Campaign UK အဖွဲ့ကလည်း ၎င်းကိစ္စကို ထောက်ခံပြောဆိုခဲ့ခြင်း အလျဉ်းမရှိပါ။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နောက်ထပ်မိမိတို့ တိုက်ခံခံနေရသည့် အကြောင်းအချက်တခုမှာ မိမိတို့တွင် မူစလင် ဘာသာဝင် ဝန်ထမ်းတဦး ရှိနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မဝေနှင်းပွင့်သုန်က Burma Campaign UK အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလာချိန်မှစ၍ မြန်မာလူထုအချို့၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဤသို့ တိုက်ခိုက်မှုများ စတင်လာခဲ့ပါ သည်။ အကြောင်းမှာ သူက မူစလင်ဘာသာဝင်တဦး ဖြစ်နေပါသည်။

ရိုဟင်ဂျာပြည်သူများအပေါ် ဖိနှိပ်ခံရမှုများအပေါ် ဆန္ဒပြပွဲများတွင် မဝေနှင်းပွင့်သုန် ပါဝင်ခဲ့သည့် ဓာတ်ပုံ ဖော်ပြခဲ့သည့် မကြာသေးခင်နှစ်များအထိ၊ မိမိတို့၏ စာမျက်နှာများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို ဖော်ပြနေသည်အထိ ယခုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးပါ။ ယခုအခါ မဝေနှင်းပွင့်သုန်မှာ စော်ကား တိုက်ခိုက်မှုများအတွက် ပစ်မှတ်တခုသဖွယ် ဖြစ်နေပါသည်။ မူစလင် ဘာသာဝင် မဟုတ်သူ မိမိတို့ အခြားဝန်ထမ်း များကလည်း အလားတူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပါသည်။

လိမ်ညာဖော်ပြမှုများတွင် မဝေနှင်းပွင့်သုန်က တိတ်တဆိတ် ရိုဟင်ဂျာလူမျိုးတဦး ဖြစ်သည်ဟု ဆိုနေကြသည်။ မမှန်ပါ။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization) တွင် လုပ်ကိုင် နေသည်ဟု စွပ်စွဲကြ သည်။ မမှန်ပါ။ မြန်မာနိုင်ငံတွင် Caliphate ကို ဖန်တီးနေသည်ဟု စွပ်စွဲဖော်ပြနေသည်။

သူက ဤသို့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများထံမှ ငွေယူထားသည်ဟု ဆိုကြပြန်သည်။ ဤကိစ္စလည်း မမှန်ပါ။ ထို့အပြင် ရိုဟင်ဂျာ ယောက်ျားအများနှင့် ကလေးရထားသည်ဟု ဆိုကြပြန်သည်။ မှန်ကန်ခြင်း မရှိပါ။ သူ့အပေါ် ဤသို့လိမ်ညာတိုက်ခိုက် နေခြင်းမျှသာမဟုတ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားလည်း ကြုံနေရပါသည်။

အလိမ်အညာ သတင်းများ၊ ဇာတ်လမ်းများကိုကြား၍ ယုံကြည်နေကြသူ အများစုက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆက်နွယ်ထောက်ခံသည်ဟုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရန်၊ စော်ကားရန်၊ ခြိမ်းခြောက်ရန် အကြောင်း အချက် လုံလောက်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ သူတို့၏ ခေါင်းဆောင်များက ဤသို့ပြုမူနေကြသည့် အတွက် လည်း၊ အံ့သြဖွယ်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် တနှစ်ခန့်က ဒေါက်တာအေးချမ်းနှင့် သူ၏ နောက်လိုက်နောက်ပါများနှင့် စကားစမြည် ပြောဆိုရန် မိမိ ကြိုးပမ်းခဲ့ဖူးပါသည်။ သူတို့က အာဏာရှင်များထက်၊ ရိုဟင်ဂျာများကို ပြစ်တင်ဝေဖန်ရန် ပို၍အချိန်ပေးနေကြပါသည်။
ဒေါက်တာအေးချမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဤသို့မပါဘဲနှင့် ဆွေးနွေးပြောဆိုရန် မဖြစ်နိုင်ခဲ့ ပါ။ အီးမေးလ်ဖြင့် စာပို့ဆွေးနွေးမှုကိုလည်း အခြားသော အီးမေးလ်အုပ်စုများထံ ဖြန့်ဝေခဲ့ပါသည်။

မိမိ၏ အီးမေးလ် စာတိုက်ပုံးထဲသို့လည်း စော်ကားတိုက်ခိုက်သည့် အီးမေးလ်များ ပြည့်လျှံ နေခဲ့ပါသည်။ သူ၏
နောက်လိုက်နောက်ပါများက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများ မပြုပါရန် မိမိက ဒေါက်တာအေးချမ်းကို
တောင်းဆိုခဲ့သည့်အခါ၊ ဤသို့ဆောင်ရွက်သူများကို ရှုံ့ချပါရန် တောင်းဆိုခဲ့သည့်အခါ သူက လုပ်ဆောင်ရန် ငြင်းဆို ခဲ့ပါသည်။ ခေါင်းဆောင်များက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများကို ရှုံ့ချငြင်းပယ်ရန် ပျက်ကွက်ခဲ့ပြီး၊ သူတို့ ကိုယ်တိုင်က ဤသို့ဆောင်ရွက်နေသည့်အခါ၊ နောက်လိုက်များကလည်း ၎င်း အမူအကျင့်ကို လိုက်လံ အတုခိုးကြမည် သာ ဖြစ်ပါသည်။

မကြာသေးမီကာလက မိမိတို့ကို ရိုဟင်ဂျာ လိုလားထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ဤသို့ပြောဆို သည်မှာ မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို မိမိကိုယ်တိုင် မရှင်းလင်းသေးပါ။ သေချာသည်မှာ မိမိတို့က ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကိစ္စအတွက် လိုလားထောက်ခံသူများ ဖြစ်ပါသည်။ သို့ဆိုလျှင် အခြားသော ဒီမိုကရေစီ/ လူ့အခွင့် အရေး ယုံကြည်သူ များကလည်း ဤသို့မဖြစ်နိုင်ရပါမည်နည်းဟု မေးစရာ ရှိပါသည်။

သို့သော်လည်း အကျိုးဆက်မှာ မိမိတို့က ရိုဟင်ဂျာ လိုလားထောက်ခံသူများ ဖြစ်သောကြောင့်၊ တနည်းတဖုံ အားဖြင့် မိမိတို့က ရခိုင်ဆန့်ကျင်သူများ ဖြစ်နေကြရသည်။ လူအများက ဤသို့အမြင်နှစ်ခု ယှဉ်တွဲ၍ ရှိနေကြပုံမှာ အထူး စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ Burma Campaign UK က မြန်မာနိုင်ငံရှိ လူထုအားလုံး၏ လူ့အခွင့်အရေးကိစ္စကို
ထောက်ခံပါသည်။ ၎င်းလူထုများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ရိုဟင်ဂျာများတွင် လူ့အခွင့်အရေးရှိသည်ဟု ပြောဆိုခြင်းကြောင့်၊ မိမိတို့ကို ရခိုင်ဆန့်ကျင်ရေးဟု အမည်တပ်၍ မရနိုင်ပါ။ မိမိတို့က ရခိုင်ကိစ္စနှင့် ပတ်သက်သည့် အရေးကိစ္စများစွာကို လှုံ့ဆော်ကမ်ပိန်းများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရခိုင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စအပါအဝင် ဖြစ်ပါသည်။ အိန္ဒိယတွင် ထောင်ကျခံနေရသည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးကိစ္စအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကမ်ပိန်းအုပ်စု အနည်းငယ်အနက် မိမိတို့က တဖွဲ့အပါအဝင် ဖြစ်ပါသည်။

Burma Campaign UK အဖွဲ့အပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ လုံလောက်စွာ မဆောင်ရွက်ခဲ့မှုကြောင့်လည်း ပြစ်တင်
ဝေဖန် ခံရပါသည်။ ဤသည်ကိုထောက်ပြ၍ ရိုဟင်ဂျာတို့ကို လိုလားထောက်ခံ ဘက်လိုက်ရပ်တည် သည်ဟုလည်း စွပ်စွဲကြပါသည်။ သို့သော်လည်း ရခိုင်တို့နှင့် ပတ်သက်သည့် ပြဿနာများကို ဆောင်ရွက်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်း များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ တောင်းခံလာပါက မိမိတို့က မည်သည့်အချိန်မျှ ငြင်းပယ်ခဲ့သည်ဟူ၍မရှိပါ။

ရခိုင်အရေးနှင့် ပတ်သက်၍ မိမိတို့က ပို၍လုပ်ဆောင်ပေးဖွယ်ပင် ရှိပါသည်။ သို့သော်လည်း အင်္ဂလန်ရှိ အချို့သော ရခိုင် လူမှုအဖွဲ့ဝင်များက မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပါ။ အကြောင်းမှာ မိမိတို့က ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို ထောက်ခံပေးခဲ့ကြသည့်အတွက် ဖြစ်ပါသည်။ မိမိတို့က ရခိုင်လူမှု အသိုက်အဝန်း ခေါင်းဆောင်များ
နှင့် ဆုံတွေ့ရန် စီစဉ်ခဲ့ကြသည့်အခါ၊ တလခန့် ကြာမြင့်ပြီးမှ လူတဦးထံမှသာ အကြောင်းပြန်ခဲ့ပါသည်။ အတိတ်ကာလ တွင်လည်း မိမိတို့က အင်္ဂလန်ရှိ ရခိုင်လူမှု အသိုက်အဝန်း အဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများအပေါ်
ထောက်ခံပံ့ပိုးနိုင်ရန် သင်တန်းမျိုးစုံ စီစဉ်ပေးရေး ကမ်းလှမ်းခဲ့ပါသည်။ မည်သူကမျှ လက်ခံခဲ့ခြင်း မရှိပါ။

Burmese Rohingya Organisation UK ထံမှ ယခု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းများကို Burma Campaign UK အဖွဲ့က ဖြန့်ဝေပေးခဲ့သည့် အတွက်ကြောင့်လည်း မိမိတို့ကို ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခံရပါသည်။ သတင်းများကို ဖြန့်ဝေပေးခြင်းမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဓိကလုပ်ငန်းတခု ဖြစ်ပါသည်။ နှစ်စဉ်ဆိုသလို ပင် မိမိတို့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဲန်ဂျီအိုများမှ သတင်း မီဒီယာ ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများ၊ အကျဉ်းချုပ်တင် ပြချက်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်း တခုခုက သတင်းများ ပေးပို့လာ ပါက၊ မဖော်ပြခံရဘဲ ရှိနေပါက၊ မိမိတို့က ဆက်လက်ဖြန့်ဝေပေးမည်သာ ဖြစ်ပါသည်။ သို့သော်လည်း ဤသို့ပေးပို့လာ ခဲ့ခြင်း မရှိပါ။

မိမိနှင့် Burma Campaign UK ကို ဘက်လိုက်သည်ဟု ဝေဖန်ပြောဆိုနေသည့်သူ အချို့နှင့်လည်း စကားစမြည်
ပြောဆိုခဲ့ဖူးပါသည်။ ဘက်လိုက်သည်ဟု ပြောရလောက်အောင် လုပ်ဆောင်မှုများ ဥပမာပေးပါဟု တောင်းခံခဲ့ဖူးသည်။ မည်သူတဦးကမျှ မည်သည့်အချက်တခုကိုမျှ ထောက်ပြခဲ့ခြင်း မရှိပါ။ သို့သော်လည်း ၎င်းကဲ့သို့ အထင်မြင်က ဆက်လက်တည်ရှိနေဆဲသာ ဖြစ်ပါသည်။

ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်သည်ဟူသည့် ယုံကြည်ချက်အမြင်ကို ပယ်ဖျက်အောင် ဆောင်ရွက်ရသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေပါသည်။ မိမိတို့ အမြင်တွင်မူ၊ ယခုကိစ္စသည် အစွန်းရောက်အင်အားစုတို့က တမင်တကာ ဖန်တီးနေကြသည့် နည်းပရိယာယ် သာဖြစ်ပြီး၊ ဆွေးနွေး
ငြင်းခုန်မှုများကို ပို၍ သဘောထားကွဲလွဲအောင်၊ အမုန်းတရားနှင့် သည်းညည်းမခံနိုင်မှုကို ပို၍ ဖြစ်လာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုများနှင့် ဓာတ်ပုံမှတ်တမ်းများသည် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာစေရန်
မီးမွှေးပေးမည့် လျှပ်စစ်မိုးကြိုးသွားနှယ် ဖြစ်နေပါသည်။ ယခု ဆောင်းပါး အပေါ်တွင်လည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများ ကြုံကြရပါလိမ့်ဦးမည်။

သို့သော်လည်း အမှန်တရားအတိုင်း ဖြစ်စေရန် အချိန်ယူရဦးမည်ဟု မိမိတို့ မျှော်လင့်ထားပါသည်။ Burma Campaign UK အနေဖြင့် ဤသို့ဘက်လိုက်သည်ဟု အထင်ခံရစေရန် မည်သည့်အကြောင်းအချက်၊ မည်သည့်အကျိုးစီးပွားများ ရှိနေပါ သနည်း။

မိမိတို့ အဓိကဆောင်ရွက်နေကြသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသာ ဖြစ်ပါသည်။ ယခုကိစ္စ အပေါ် နှစ် ၂ဝ ကျော် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် လူများက လိမ်လည်စွပ်စွဲမှုများကို အလွယ်တကူ ယုံကြည်နေကြပါသနည်း။
သူတို့အရေး တက်ကြွစွာ အားကျိုးမာန် တက် ထောက်ခံ ဆောင်ရွက်နေကြသူများအပေါ် မကောင်းပြောဆိုချက်များကို လူအများက မည်သည့်အတွက်
အလွယ်တကူ လက်ခံနေ ကြပါသနည်း။ လိမ်ညာပြောဆိုမှုများကို အတင်းစကားမဆိုမီ၊ အခြားသူများထံ မဖြန့်ဝေမီ မည်သည့်အတွက်ကြောင့် အမှန်တရားကို မမေးမြန်းဘဲ နေကြပါသနည်း။

Burma Campaign UK အဖွဲ့နှင့် သဘောထား မတူညီသူများသည်ပင်၊ သဘောထားကွဲလွဲရုံမျှနှင့် ခြိမ်းခြောက်
စော်ကားမှုများ လက်ခံရရှိသင့်ပါသလော၊ ဤသို့ လက်ခံရရှိသည်မှာ မှန်ကန်ပါ၏လောဟု ပြန်၍ မေးခွန်းထုတ်လို ပါသည်။ ဤသည်မှာ အာဏာရှင်စနစ်တွင်
ထားရှိကြသည့် ချည်းကပ်ပုံမျိုး၊ စိတ်နေစိတ်ထား မျိုးသာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဆောင်ရွက်ကြသည့် နည်းမှန်လမ်းမှန် မဟုတ်ပါ။ လူအများက
လိမ်ညာမှုများကို အလွယ်တကူ လက်ခံယုံကြည်နေကြသည့်အချိန်၌ သူတို့ကိုယ်တိုင်လည်း ပြန်၍ မေးခွန်းထုတ်ကြည့်ကြရန် အထူးလိုအပ်နေပါသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ၎င်းကိစ္စအပေါ် လူတို့၏ တုံ့ပြန် ခံစားနေရ မှုများသည် မြန်မာနိုင်ငံအပေါ် အရိပ်မဲလွှမ်းမိုးနေပါသည်။ အကြမ်းဖက်မှုများနှင့် သည်းညည်းခံလိုစိတ် မရှိသည့်အခြေ အနေက ခိုင်မာခြေကုတ်ရလာပါသည်။ မြန်မာပြည်သူများက
သူတို့၏ အနာဂတ်ကို ဤသို့မြင်လိုကြ ပါ၏လော။ မေးခွန်း ထုတ်ဖွယ် ရှိပါသည်။

ဒီမိုကရေစီရရှိရေးကိစ္စ၏ အကြောင်းအချက်များအနက် တခုမှာ မတူကွဲပြားမှု အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၊
ငြင်းခုန်ဖြေရှင်းခြင်းဖြင့် နိုင်ငံရေးအရ ဖြေရှင်းကြရန် မဟုတ်ပါလော။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများဖြင့် ဖြေရှင်းကြရန် မဟုတ်ပါ။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသည် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုသာ ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေး၊ သည်းညည်းခံမှု ရှိစေရေးနှင့်
တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုလည်း ဖြစ်စေသင့်ပါကြောင်း။

မာ့ခ် ဖာမနာ (Mark Farmaner) သည် အင်္ဂလန်နိုင်ငံတွင် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။

Mark Farmaner ရေးသားသည့် Supporting Rohingya human rights draws ugly attacks ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

source: http://on.fb.me/LrZtSd


မြန်မာပြည်ထဲမှာ အဘွားအို တစ်ယောက် လမ်းဘေးက ရေအိုင်ထဲမှာ တဝက်တပျက် ထိုင်ပြီး တောင်းစားနေရတဲ့ ပုံကိုတွေ့လို့ မနေ့က share လိုက်မိပါတယ်။ အဲဒီမှာ ကျွန်တော် သူငယ်ချင်း Pinkgold ponegint က သူတွေ့ကြုံရတဲ့ အမြင်ကို ကွန်မန့်ပေးပါတယ်။ သူ့ ကွန်မန့်ကတော့ ... "အဲ့ဒါက သူတို့ ဖြစ်ချင်လို့ ဖန်တီးထားတဲ့ ဘ၀ပဲ... အဲ့လူတွေကို စေတနာနဲ့ ဘိုးဘွားရိပ်သာပို့လည်း မသွားဘူးပြောလိမ့်မယ်" ... ဖြစ်ပါတယ်။

အဲဒီ ကွန်မန့်အရ ထပ်ဆွေးနွေးကြည့်စရာ ပေါ်လာလို့ .. status ထပ်တင်ပြီး ဆွေးနွေးကြည့်တာ ဖြစ်ပါတယ်။

တစ်ဦးခြင်းရဲ့ လုပ်ကိုင်ပုံကို ကြည့်ရင် .. တောင်းစားတာ ပိုရလို့ .. ဘိုးဘွားရိပ်သာ ပို့လည်း မသွားဘူးလို့ ပြောလိမ့်မယ် ... ဆိုတာ .. မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါဟာ သာမန် တစ်ဦးခြင်းဆီကို ကြည့်တဲ့ သဘောပါ။ ဒါပေမယ့် အဲဒီလို "တောင်းစားတာ ပိုရလို့" ဆိုတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေကတည်းက .. အဲဒီ လူ့အဖွဲ့အစည်းရဲ့ စနစ်မှာ ကြီးမားတဲ့ မှားယွင်းမှု ဖြစ်နေပြီ။ သိက္ခာနဲ့ ငွေကို လဲစားရတဲ့ လူ့အဖွဲ့အစည်းဟာ နက်နက်ရှိုင်းရှိုင်းကို ပျက်စီးနေပြီ ဖြစ်တယ်။

သာမန်အတွေးအမြင် (common sense) မှာ လူ တစ်ယောက် ဆင်းရဲရခြင်းဟာ .. အဲဒီလူက မကြိုးစားလို့၊ ပျင်းလို့၊ အလုပ် မလုပ်လို့၊ အလုပ် မလုပ်နိုင်လို့၊ ရသမျှ အရက်သောက်၊ ဖဲရိုက် လောင်းကစားလုပ်လို့၊ နုံအ ညံဖျင်းလို့၊ ကျန်းမားရေး မကောင်းလို့၊ ငယ်ငယ်က ပညာ မသင်လို့၊ စသဖြင့် သတ်မှတ် ပြောဆိုကြပါတယ်။

ဒါပေမယ့် လူ့အဖွဲ့အစည်း တစ်ခုကို ကြည့်တဲ့ အမြင် (sociology view) အရဆိုရင် .. လူတစ်ယောက် ဆင်းရဲရခြင်းဟာ .. နိုင်ငံရဲ့ စီးပွားရေးမကောင်းလို့၊ အစိုးရရဲ့ စီးပွားရေး မူဝါဒ ညံ့ဖျင်းမှု၊ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းလို့၊ လူဆင်းရဲ တစ်ယောက်ကနေ ချောင်လည်တဲ့ ဘဝ ပိုင်ဆိုင်နိုင်ဖို့ ဖန်တီးတဲ့ စနစ် မရှိမှု (Lack of Social Mobility)၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလို့၊ အစိုးရရဲ့ လူမှု ထောက်ဖူလုံရေး ထောက်ပံ့မှု မရှိလို့၊ လူမှု အဖွဲ့အစည်းအတွင်းမှာ အနည်းနဲ့ အများ အကျင့်ပျက် ခြစားမှု ရှိလို့ ... စသဖြင့် လူတစ်ဦးခြင်းကို မကြည့်ဘဲ လူ့အဖွဲ့အစည်းကို ကြည့်ပါတယ်။

ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း စနစ်တစ်ခုမှာ .. အထက်က လူတစ်ဦးခြင်းမှာ ရှိတဲ့ အရည်းအသွေးတွေကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမှု ရှိရပေမယ့် .. လူမပီသတဲ့ လူသား အဖြစ် ရပ်တည်မှုတော့ မရှိစေရဘူး။ ဒါ့အပြင် လူ့အဖွဲ့အစည်းမှာ လူတစ်ဦးခြင်းရဲ့ အရည်အသွေးကြောင့် ... ကိုယ့်ကျင့်တရားတို့၊ လူ့သိက္ခာတို့နဲ့ ငွေကို လဲစားနေကြတာကို ပေါ်တင်ရော၊ ကွယ်ဝှက်ပြီးတော့ရော လုပ်နေတယ်ဆိုရင် .. သေချာတယ် .. အဲဒီ လူ့အဖွဲ့အစည်းဟာ ယိုယွင်းမှုတွေ သိပ်များနေပြီ။


ကုလ ဝန်ထမ်းများ ဖမ်းဆီးခံရမှု ရှင်းလင်းချက်ပေးရန် မြန်မာအား တောင်းဆို

by Mizzima - News in Burmese on Monday, July 16, 2012 at 7:19pm ·

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ ကုလသမဂ္ဂ ဝန်ထမ်းနှင့် အကူအညီပေးရေး လုပ်သား ၁ဝ ဦးအား ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရှင်းလင်းချက်ပေးရန် မြန်မာနိုင်ငံအား တောင်းဆို ထားသည်။ ထိုဝန်ထမ်းအချို့မှာ ပြစ်မှု ဆိုင်ရာ စွဲချက်များဖြင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး Melissa Fleming က ဂျီနီဗာတွင် ကျင်းပခဲ့သည့် ကုလ အစည်းအဝေးတခု၌ ပြောကြားခဲ့ရာတွင် အဖမ်းဆီးခံ ဝန်ထမ်းများထဲတွင် UNHCR တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား သုံးဦးလည်း ပါဝင်သည်ဟု ဆိုသည်။ အသေးစိတ်ပြောကြားရန်ကိုမူ သူက

ငြင်းဆိုခဲ့သည်။

အခြား ကုလသမ္မဂ္ဂ ဝန်ထမ်းတဦးက ပြောဆိုရာတွင် အဖမ်းဆီးခံ ဝန်ထမ်း ၁ဝ ဦးအနက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း သုံးဦး ပါဝင်ပြီး အချို့မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)မှဟု သိရသည်။

UNHCR မှ Antonio Guterres သည် လွန်ခဲ့သည့် အပတ်က မြန်မာ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေးနှင့် ပတ်သတ်၍ မြန်မာ အစိုးရကို ကူညီရန် ကမ်းလှမ်းခဲ့သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ကာ ၇၉ ဦးအထိ သေဆုံး ခဲ့သည်ဟု သိရသည်။

Guterres အနေဖြင့် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် အခြား အရာရှိများအား အသိုင်းအဝိုင်း နှစ်ခု ပြန်လည်ပြေလည်ရေး အတွက် ကွဲပြားခြားနားသည့် အဆိုပြုချက် အမျိုးမျိုးကို တင်ပြခဲ့သည်ဟု ကုလ အရာရှိများက ဆိုကြသည်။ မြန်မာနိုင်ငံ ရှိ ရိုဟင်ဂျာ မွတ်စလင်များသည် နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခြေခံ အခွင့်အရေးများ ငြင်းပယ်ခြင်း ခံနေရပြီး ကုလသမ္မဂ္ဂက ထိုရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ခွဲခြားဆက်ဆံခံနေရသူများတွင် ပါဝင်သည်ဟု ဆိုထားသည်။

UNHCR ၏ ပြောရေးဆိုခွင့် ရှိသူ Fleming က UNHCR အနေဖြင့် ရခိုင်ပြည်နယ်ရှိ မငြိမ်သက်သော အခြေအနေအား စိုးရိမ်မှုဖြင့် ဆက်လက် စောင့်ကြည့်နေသည်ဟု ဆိုသည်။

"ကျမတို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေကိုရော မွတ်စလင်တွေကိုပါ ခွဲခြားမှု လုံးဝ မရှိဘဲ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေကို ဆက်လက် ပေးအပ်နေကြောင်း ဖော်ပြချင်ပါတယ်" ဟု Fleming က ဆိုသည်။

ရိုဟင်ဂျာတို့၏ နယ်စပ်ဒေသကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးမှု အခြေအနေများလည်း အရှိန်လျော့လာ ပြီဟု Fleming က ဆိုသည်။  

"ကျမတို့ အနေနဲ့ ဒီအခြေအနေတွေကို သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်သွား လိမ့်မယ်။ ပြီးတော့ အသိုင်းအဝိုင်း နှစ်ခုရဲ့ ဆက်ဆံရေးတွေကို ပြန်လည် ထူထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု သူက ဆိုသည်။

"ဒါပေမယ့် ရင့်မှည့်နေတဲ့ ပြဿနာတွေထဲက တခုကတော့ နိုင်ငံမဲ့မှု အခြေအနေပါပဲ။ "နိုင်ငံသား ဥပဒေဟာ လူမျိုးစု၊ မျိုးနွယ် (ethnicity) အနေအထား အပေါ် အခြေခံထားပြီး အဲဒီ့မှာ မွတ်စလင် ရိုဟင်ဂျာတွေ အပါအဝင် တချို့ အုပ်စုတွေကို ဖယ်ထုတ်ထားပါတယ်" ဟု Fleming က ဆိုသည်။

လက်ရှိ ဥပဒေအရ ရိုဟင်ဂျာမွတ်စလင်တွေဟာ နိုင်ငံသားဖြစ်ခွင့် ရရှိသင့်တာမို့ သူတို့ကို နိုင်ငံသားဖြစ်ခွင့် ပေးသင့် တယ်လို့ UNHCR အနေနဲ့ ယုံကြည်ကြောင်း Fleming က ပြောသည်။ နိုင်ငံအတွင်းမှာ ပုံမှန်ဘဝ တခု တည်ဆောက်

နိုင်ဖို့လိုအပ်တဲ့ အခွင့်အရေးတွေကို သူတို့ ရရှိစေမယ့် တရားဝင် အခြေအနေလည်း ရှိသင့်တယ်လို့ Fleming က ဆိုသည်။

ကြာသပတေးနေ့က မဇ္ဈိမ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း စာမျက်နှာတွင် မောင်တောခရိုင် တရားရုံး၌ ကုလသမ္မဂ္ဂ ဝန်ထမ်း သုံးဦးသည် ၎င်းတို့၏ အမှုအတွက် တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ၎င်း ဝန်ထမ်း သုံးဦးအား ဇွန်လ အတွင်း၌ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ချိန်တွင် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်)မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

နိရဉ္စရာ သတင်းဌာန၏ ဝက်ဘ်ဆိုဒ်ကလည်း MSF မှ ဝန်ထမ်းတဦးသည်လည်း အဖမ်းခံခဲ့ရပြီး တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း နိရဉ္စရာ အနေဖြင့် ထိုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက်များ ရယူနိုင်ခြင်း မရှိကြောင်း ဆိုခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့တွင် မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့သည့် သတင်းတပုဒ်တွင် ကုလသမဂ္ဂနှင့် MSF တွင် တာဝန် ထမ်းဆောင် နေကြသည့် အကူအညီပေးရေး ဝန်ထမ်း စုစုပေါင်း ၁၂ ဦး ရခိုင်ပြည်နယ်တွင် အခင်းဖြစ်ပွါးနေစဉ် ကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အရာရှိများသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကုလသမဂ္ဂ ဝန်ထမ်းများ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သတ်၍ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ၏ ရလဒ်ကိုမူ မသိရှိရသေးပေ။

ရိုက်တာ သတင်းဌာန၏ ဇွန်လ ၁၆ ရက် သတင်းတရပ်တွင်လည်း ဘူးသီးတောင် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် ကုလသမ္မဂ္ဂ ဒုက္ခသည် အေဂျင်စီမှ ဝန်ထမ်း နှစ်ဦးနှင့် WFP မှ ဝန်ထမ်း တဦး ၊ စုစုပေါင်း ကုလ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသူ ဝန်ထမ်း သုံးဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ဖမ်းဆီးထိန်းသိမ်းရခြင်း အကြောင်းကို မသိရှိရဟု ဖော်ပြထားသည်။  

ဇွန်လ ၁၂ ရက်နေ့တွင် MSF အဖွဲ့က ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ၎င်း၏ လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း

ကြေညာခဲ့ပြီး ထိုသို့ရပ်ဆိုင်းရခြင်းမှာ ထိုဒေသများတွင် ၎င်း၏ ဝန်ထမ်းများ လုံခြုံမှု မရှိခြင်းကြောင့်ဟု ဆိုခဲ့သည်။

မြန်မာအစိုးရက ထုတ်ပြန်သည့် တရားဝင် စာရင်းဇယားများအရ ဇွန်လတွင် ဖြစ်ပွါးခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၇၉ ဦး သေဆုံးခဲ့ရပြီး သောင်းနှင့်ချီသော ဒုက္ခသည်များမှာ လုံခြုံသော ခိုလှုံရာများ ရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွါးနေစဉ်က နိုင်ငံတကာနှင့် ဒေသတွင်း အကူအညီပေးရေး အေဂျင်စီများသည် အစားအသောက်နှင့် ဆေးဝါးများ ပေးအပ်ရန်နှင့် နေရာထိုင်းခင်းများ စီစဉ်ပေးရန်အတွက် ဒေသတွင်းသို့ ဝင်ရောက် ခဲ့ကြသည်ဟု သိရသည်။

သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီ ဟီလာရီ ကလင်တန်က

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အရေးနှင့် ပတ်သတ်၍ ပြောကြားခဲ့သေးသည်။ ကလင်တန်က

ပြောကြားရာတွင် အမေရိကန် အနေဖြင့် ရိုဟင်ဂျာများအား ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ပြေးနေရသော ဒုက္ခသည်များ (IDPs) အဖြစ် စဉ်းစားသည်ဟု သတင်းများအရ သိရသည်။

လွန်ခဲ့သည့် အပတ်အတွင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန်က UNHCR အနေဖြင့် ရိုဟင်ဂျာများအား တတိယနိုင်ငံ တနိုင်ငံသို့ ပြောင်းရွှေ့ အခြေချရေး သို့မဟုတ် ရိုဟင်ဂျာများအား UNHCR မှ တာဝန်ယူပေးရန် အကြံပေးပြောဆို ခဲ့သော်လည်း ကုလသမဂ္ဂက မသင့်လျော်ဟုဆိုကာ  ပယ်ချခဲ့သည်။

ကလင်တန်၏ ထိုကိစ္စ ပြောဆိုချက်နှင့် ပတ်သတ်၍ ဦးသိန်းစိန်၏ တုံ့ပြန်ချက်မှာ ထိုအခြေအနေအား "အလွန် အန္တရာယ်ကြီးသော [အခြေအနေ]" ဟု ဖော်ပြခဲ့ကြောင်း အမေရိကန် အရာရှိတဦးက ပြောခဲ့သည်။ အဖမ်းဆီးခံ ကုလသမဂ္ဂ ဝန်ထမ်းများ အတွက်လည်း စိုးရိမ်မိကြောင်း ကလင်တန်က ဖော်ပြခဲ့သည်။

RFA Burmese

ရခိုင်ပြည်နယ်မှာ အဖမ်းခံထားရတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဌာနေ၀န်ထမ်းရဲ့ ကျန်းမားရေးအခြေအနေ မိသားစုစိုးရိမ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဇွန်လ (၁၁)ရက်နေ့က အာဏာပိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ MSF ခေါ် နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဌာန
အကြီးအကဲ ဦးကျော်လှအောင်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။

အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့အပြင် ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာလဲ မိသားစုတွေအနေနဲ့ မသိရှိရသေးဘူးလို့ ဦးကျော်လှအောင်ရဲ့ သားဖြစ်သူကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းက ၀န်ထမ်းတွေ အပါအ၀င် အစိုးရမဟုတ်တဲ့ NGO အဖွဲ့က ၀န်ထမ်း
စုစုပေါင်း (၁၀) ဦးဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က
RFA ကိုပြောပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်က အခြေအနေတွေအတိုင်းပဲ ရခိုင်ပြည်နယ်မှာ UNHCR က ၀န်ထမ်း သုံးဦး၊ WFP က ၀န်ထမ်းသုံးဦးနဲ့ အခြားNGO
အဖွဲ့က ၀န်ထမ်းလေးဦး ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။

MSF ၀န်ထမ်း ဦးကျော်လှအောင်ဟာ အစ္စလမ်ဘာသာဝင် ရှေ့နေဟောင်း တဦးဖြစ်တဲ့အပြင် ၁၉၉၀ခုနှစ်မှာ အမျိုးသား လူ့အခွင့်အရေးနဲ့ ဒီမိုကရစ်တစ် ပါတီကို စတင်ထူထောင်ခဲ့သူတဦးဖြစ်ပြီး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရပြီးနောက် ၁၉၉၇ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ ၀န်ထမ်းတဦးအနေနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေသူတဦးဖြစ်တယ်လို့ သားဖြစ်သူက ဆိုပါတယ်။
ပေးဝေသည့် ထမင်းထုပ်များစားပြီး လူ ၉၀ ခန့် ဆေးရုံရောက်

ရန်ကုန်၊ဇူလိုင်-၁၅

ပေးဝေလှူဒါန်းသည့် ထမင်းထုပ်များ စားသောက်ပြီး မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့သဖြင့် လူ ၉၀ ခန့် လှိုင်သာယာမြို့နယ်ရှိ ဆေးရုံသို့ အရေးပေါ်တင်ပို့ ကုသခဲ့ရမှု ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာမှ အဆိုပါ လူ ၉၀ ခန့်သည် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထမင်းထုပ်များ စားသောက်အပြီး နာရီပိုင်းအတွင်း မူးဝေအော့အန်ခြင်း၊ လည်ချောင်းများ၌ ပူလောင်မှုကို ခံစားရခြင်း၊ လူများနုံးချည့်ခြင်း စသည့်ဝေဒနာများ ခံစားခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။

ဝေဒနာခံစားခဲ့ရသူများသည် လှိုင်သာယာမြို့နယ်ဆေးရုံသို့ နေ့လယ် ၃ နာရီခန့်မှ စတင်၍ တဖွဲဖွဲရောက်လာပြီး ၎င်းတို့အား ဆေးကုသမှုပေးပြီးနောက် အချို့မှာ နာရီပိုင်းအတွင်း ရောဂါသက်သာလာပြီး ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း၊ ဝေဒနာရှင်များအား စောင့်ကြည့်ကုသမှုများ ပြုလုပ်အပြီး ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ၎င်းတို့အားလုံး ရောဂါသက်သာကာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက သတင်းထောက်များသို့ ပြောသည်။

"မူးတယ်။ အန်တယ်။ ထန်းလျှက်နဲ့ ကန်စွန်းရွက် ၀ါးစားကြည့်တယ်။ မရဘူး။ ကလေးတွေက ပိုခံရတယ်"ဟု ကြက်ဥနှင့် ဂေါ်ဖီကြော်များ ပါဝင်သည့် အဆိုပါ ထမင်းထုပ်များ စားသုံးခဲ့ပြီးနောက် ဝေဒနာခံစားခဲ့ရသည့် အသက်(၂၀)နှစ်အရွယ် မအေးမွန်က ပြောသည်။

အိမ်ခြေ ၂,၀၀၀ နီးပါးရှိသည့် အဆိုပါကျေးရွာတွင် ဝေဒနာခံစားခဲ့ရသူများမှာ ၈၉ ဦးအထိရှိကြောင်း ဒိုင်စုကျေးရွာအုပ်ချုပ်ရေးမှူး
ဦးဝင်းရွှေက ပြောသည်။ ဝေဒနာခံစားခဲ့ရသူများအနက် နှစ်ဦး၊ သုံးဦးခန့်သာ လူကြီးများဖြစ်ပြီး ကျန်သူများမှာ ကလေးငယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။

ရောဂါဖြစ်ပွားသည့် အဓိကအကြောင်းအရင်းကို သိရှိနိုင်ရန် ထမင်းထုပ်များကို ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် သက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူ
းက ပြောသည်။

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက စေတနာရှင်များက စနေနေ့ရောက်တိုင်း အလှူအတန်းပြုလုပ် ကျွေးမွေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ လေးနှစ်ကျော်အတွင်း ယခုကဲ့သို့ ဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

7Day News Journal

သမ္မတရဲ့ ရခိုင်ပြည်နယ်အရေးပေါ် အခြေအနေကြေညာချက် ပြည်ထောင်စုလွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ
အခြေအနေတွေကြောင့် သမ္မတဦးသိန်းစိန်ရဲ့ အရေးပေါ်အခြေအနေ
ထုတ်ပြန်ကြေညာချက်ကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုလိုက်ပါတယ်။

ဒီဆွေးနွေးအတည်ပြုချက်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း RFA ကို ပြောပြတာက-

"ဒီသမ္မတကြီးရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ အရေးပေါ်စီမံချက် အက်ဥပဒေ ကို ထောက်ခံလား မထောက်ခံဘူးလား ဆိုပြီး လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးတယ်။ နာယကကနေပြီး မေးတယ်ပေါ့နော်။
ဒီ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ထောက်ခံပါသလားဆိုတာ အားလုံးက ပါးစပ်နဲ့ပဲ
ပြောရတယ်။ ၃ ကြိမ်မေးတယ်။ မထောက်ခံတဲ့သူရှိလားလို့ မေးတယ်။ မထောက်ခံတဲ့သူမရှိရင် ဒါ အတည်ပြုလိုက်တာပေါ့။"

သမ္မတရဲ့အရေးပေါ်အခြေအနေ စီမံချက်ကို လွှတ်တော်အစည်းအဝေးမှာ
ထောက်ခံဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ရခိုင်ပြည်နယ်
ကိစ္စမှာ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေအတိုင်း သက်ဆိုင်ရာ
တာဝန်ရှိသူတွေက လိုက်နာဆောင်ရွက်ဖို့ အားနည်းချက်တွေရှိခဲ့တဲ့
အကြောင်း ထောက်ပြဆွေးနွေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းအရေးပေါ်အခြေအနေစီမံချက်ကို ထောက်ခံဆွေးနွေးသူတွေထဲမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ကြံခိုင်ဖွံဖြိုးရေး၊ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။


စီမံ ခန့် ခွဲ မှု ဂုရု ကြီး စတီဗင် ကိုဗေး ကွယ် လွန်


စွမ်းဆောင်ရည် ထက်မြက် သူ တို့  ၏ အလေ့အထ ၇ ချက် ဆိုသည့် စာအုပ် ကို ရေးသား ခဲ့ သည့် စီမံ ခန့် ခွဲ မှု ဂုရု ကြီး စတီဗင် ကိုဗေး
အသက် ၇၉ နှစ် အရွယ် တွင် ကွယ် လွန် ။ ၎င်း ၏ ကျော် ကြား လှသည့် စာအုပ် များကို မြန်မာ ဘာသာ သို့  ပြန် ဆို ခဲ့ ကြ ဖူး သည်။

http://www.amazon.com/Habits-Highly-Effective-People-ebook/dp/B000WJVK26/ref=tmm_kin_title_0?ie=UTF8&m=AG56TWVU5XWC2


အန်ဂျလီနာဂျိလီနှင့် ဒုက္ခသည် ကလေးငယ်



ကုလသမဂ္ဂ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အေဂျင်စီ၏ သံတမန် ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီမှ ဆူဒန်နိုင်ငံ ဒါဖာဒုက္ခသည်
စခန်း၌ ရောဂါမှ ဆေးကုသပြီး ကြိုးဖြင့်ချည်နှောင် ထိမ်းသိမ်းထားရသော ကလေးငယ်တစ်ဦးအား ထွေးပွေ့ထားစဉ်

အန်ဂျလီနာဂျိုလီသည် ကမ္ဘာတစ်လွှားကြီး အငတ်ဘေးဆိုက် ကလေးငယ် များကို ကူညီစောင့်ရှောက်ရာတွင် အံ့သြလေးစားဖွယ်ကောင်းသူဖြစ်ကြောင်း
ကမ္ဘာတစ်လွှားမှ ချီးကျူးခဲ့ကြသည်။

Ref:weirdoworld


မင်းကိုနိုင်ရဲ့ "နောက်ကြည့်မှန်" ထွက်ပြီ

2012-07-16

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲကို ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးမြို့ ၈၄ လမ်းရှိ DNG စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးခဲ့ပြီး စာအုပ်ပေါင်း တစ်ထောင်လောက်ရောင်းချခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီအခမ်းအနား ဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီ အားပေးခဲ့ကြတဲ့ မန္တလေး စာပေလောကက စာရေးဆရာတွေ စာပေအားပေးကြတဲ့ မန္တလေး စာဖတ်ပရိသတ်ကို ကျေးဇူးတင်ကြောင်း ကိုမင်းကိုနိုင်က ပြောသွားပါတယ်။

"မန္တလေးကို ကျွန်တော်လာရတာ တခုထူးခြားတာက မန္တလေးဟာ စာပေယဉ်ကျေးမှုမှာ အင်မတန် အဆင့်အတန်း မြင့်တယ်။ ရေခံ မြေခံလည်း အင်မတန် ကောင်းတယ်ပေါ့။ မန္တလေးသားတို့၊ မုံရွာသားတို့ ဆိုတာက စာဖတ်နာတဲ့ လူတွေ၊ နောက်ပြီးတော့ ကိုယ်ပိုင်ဖန်တီးတဲ့ နေရာမှာလည်း သူတို့ရေခံ၊ မြေခံ အကောင်းဆုံးပေါ့။ အဲတော့ ကျွန်တော်ရောက်တဲ့ အခါမှာတော့ ကျွန်တော် ဝမ်းအသာဆုံး အချက် ကတော့ မန္တလေးက စာဖတ်တဲ့ လူတွေကိုယ်တိုင် လာပြီးတော့ အားပေးတာပေါ့။ နောက်တခု ပိုပြီးတော့ ကျွန်တော်တန်ဖိုးထားက ဘာလဲဆိုတော့ မန္တလေးမှာရှိတဲ့ စာပေ အသိုင်းအဝိုင်းက တရင်းတနှီးနဲ့ ကျွန်တော်ကို တနွေးတထွေးနဲ့ ကြိုဆိုကြတာပေါ့။ ဒီစာပေနယ်ထဲ ဝင်လာတဲ့ ကလောင်သစ်တစ်ယောက်ကို အားလုံးက တကဲ့ကိုဗျာ၊ မိသားစု စိတ်ဓာတ်လို့ပဲ ခေါ်ရမလား။ တကယ်လိုလို လားလားနဲ့ ကျွန်တော်ကို လက်တွဲကြတယ်ဗျ။ ကျွန်တော့်ဆီ လာပြီး အားပေးကြတယ်။ မန္တလေးမြို့မှာရှိတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေ ကျွန်တော်သိသလောက်ပေါ့ဗျာ၊ အားလုံးနီးပါးလောက်က ကျွန်တော့်ကို
နွေးထွေးမှု ပေးတယ်ဗျာ။ အဲဒီအတွက် မန္တလေးစာရေးဆရာတွေကိုရော၊ မန္တလေးစာဖတ် ပရိသတ်တွေရော ကျွန်တော် ကျေးဇူး သိပ်တင်တယ်၊ ကျေးဇူးအများကြီးတင်တယ်ဆိုတာကို ကြုံကြိုက်တုန်း ပြောပါရစေ"

ဒီစာအုပ်ရောင်းချပွဲမှာ ကူညီခဲ့သူ စာရေးဆရာ တစ်ဦးဖြစ်တဲ့ ဆရာရွှေနောင်ရိုး ကလည်း အခုလို ပြောသွားပါတယ်။"မင်းကိုနိုင် ရေးထားခဲ့တဲ့ နောက်ကြည့်မှန် ဆိုတဲ့ ဝထ္တုစာအုပ်လေး၊ အဲတာကို သူက စာဖတ်သူတွေကို လက်ထဲတိုက်ရိုက်ရောက်အောင် ပရိုမိုးရှင်းလုပ်တဲ့ အစီအစဉ်လေးနဲ့ သူကိုယ်တိုင် လက်မှတ်ထိုးတဲ့ ပွဲလေး ပါပဲ။ ရောင်းပေးတဲ့ အစီအစဉ်ပါခင်ဗျ။ အဖွဲ့ရယ်လို့တော့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ မန္တလေးက ဗကသ ကျောင်းသားတွေရော အားလုံး ဝိုင်းဝန်းပြီးတော့ သူ့စာအုပ်ရောင်းပွဲလေး အောင်မြင်အောင် ဖြစ်အောင်လို့ ကျွန်တော်တို့ ဝိုင်းလုပ်ပေး လိုက်တာ ပါပဲ။ တစ်အုပ်ကို ၂၀၀၀ နှုန်းပါ၊ သူ့လက်မှတ်နဲ့ ကနေ့ မန္တလေးမှာ ၁၀၀၀ လောက်ရောင်းလိုက်ရပါတယ်"

ကိုမင်းကိုနိုင်ဟာ ဒီကနေ့ ညနေ မန္တလေးကရန်ကုန်ကို ပြန်လာမယ်လို့လည်းသိရပါတယ်။
(Photo: 88 Generation Students - "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲတွင် ကိုမင်းကိုနိင် လက်မှတ်ရေးထိုးပေးနေစဉ်။)



--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
        
======ஜ۩۞۩ஜ=======
◄██▓░
  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======

 
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--


★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

*Mr.Jugger*   

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ