Aug 08, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

သြဂုတ် ၈ ရက်ကို ဒီမိုကရေစီနေ့ သတ်မှတ်ရေး တိုက်တွန်း

ယနေ့ ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားများမှ တဆင့် နှစ်စဉ် သြဂုတ်လ ၈ ရက်နေ့ တိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ရန် Read More

 

ကင်တာနာနှင့် မြန်မာ့အရေး လှုပ်ရှားသူများ တွေ့ဆုံ

ကမ္ဘာ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် ထိုင်း-မြန် မာ နယ်စပ် မဲဆောက် မြို့ ၌ မြန်မာအဖွဲ့ အစည်းများနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေး ဆိုင်ရာများ၊ ရခိုင်နှင့်ကချင် Read More

 

အိုးအိမ်မဲ့ ကလေးများကို ပြည်မြို့အာဏာပိုင်များ ဖမ်းဆီးစွန့်ပစ်

ပဲခူးတိုင်း ပြည်မြို့၌ ကလေးငယ် ၁၅ ဦးခန့်ပါဝင်သည့် အိုးအိမ်မဲ့ မိသားစုများကို ရဲတပ်ဖွဲ့ နှင့် စည်ပင်သာယာရေး ၀န်ထမ်းများ က အဓမ္မ ဖမ်းဆီးပြီး ၃၅ မိုင်ခန့် အကွာရှိ ရခိုင်ရိုးမ အခြေသို့ သွားရောက်စွန့်ပစ်ကြောင်း သတင်းရသည်။ Read More

 

မောင်တောမှာ ဈေးဆိုင်တွေပိတ်၊ လုံခြုံရေး ပိုမိုတင်းကျပ်ထား

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ၂ လပြည့်နေ့ဖြစ်တဲ့ ဒီနေ့မှာ မောင်တောမြို့နယ် အတွင်း ဗုံးဖောက်ခွဲမယ် ဆိုတဲ့ ကောလာ ဟလ သတင်းတွေကြောင့် ဈေးဆိုင်တွေ ပိတ်ထားပြီး လူ အသွားအလာ နည်းပါး နေတယ်လို့ မောင်တော Read More

 

မန္တလေးကိုင်းတန်းဈေး မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူတဦး အဖမ်းခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ကိုင်းတန်းဈေး မပြောင်းရွှေ့စေရေး အတွက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သော ကိုအေးသိန်းကို မန္တလေး အမှတ် ၃ ရဲစခန်းက ဖမ်းဆီးသွားပြီး ယခု ပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ Read More

 

Air Asia ဘန်ကောက်-မန္တလေး ပျံသန်းမည်

Air Asia လေကြောင်းသည် ဘန်ကောက်-မန္တလေး ခရီးစဉ်ကို လာမည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စတင် ပြေးဆွဲရန် စီစဉ် နေကြောင်း သိရသည်။ Read More

 

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်

အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။ Read More

 

ယနေ့ အပြောင်းအလဲသည် ရှစ်လေးလုံး၏ အကျိုးဆက်ဟုဆို

၂၄ နှစ်အတွင်း၌ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က ပြောင်းလဲလာမှု များသည် ရှစ်လေးလုံး လူထု တော်လှန်ရေးကြီး၏ အကျိုးဆက်ဖြစ်ကြောင်း ထိုစဉ်က လှုပ်ရှားမှုများတွင် ကဏ္ဍအသီးသီး၌ ဦးဆောင် ပါဝင်ခဲ့သူများက ပြောဆိုကြသည်။ Read More

 

နိုင်ငံရေးသမားကြည်ဖြူသျှင်၊ ဦးသန့် မှတ်တမ်းရုပ်ရှင်

မစပ်စုတို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးများအတ္ထုပ္ပတ္တိတွေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကို ဒီနေ့ခေတ်မှာ ပြန်လည်ခံစားနိုင်ဖို့ မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးနေကြချိန်မှာ အခုရိုက်ကူးဖို့ ပြင်ဆင်နေတာကတော့ ဦးသန့်အကြောင်း ဖြစ်ပါတယ်။ Read More

 

ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့

၂၀၁၂ ခုနှစ် ဩဂုတ်လ ၈ ရက်သည် မြန်မာ့ ခေတ်ပေါ် နိုင်ငံရေးသမိုင်းတွင် အချိုးအကွေ့ကြီးဖြစ်သည့် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ၂၄ နှစ် တိုင်၍ ၂၅ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်။ Read More

 

၈၈ အဖွဲ့ဆီ ဦးသိန်းစိန် ဘာသတင်းတွေ ပို့လိုက်သလဲ

၈၈၈၈ ဒီမိုကရေအရေးတော်ပုံ ငွေရတုအကြို ၂၄ နှစ်ပြည့် အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေကဦးဆောင် ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်မှာ Read More

 

Dateline Irrawaddy (ရုပ်/သံ)

ဒီတပါတ် Dateline Irrawaddy အစီအစဉ်မှာ မြန်မာပြည်မှာ သတင်းစာ စာနယ်ဇင်းတွေကို ဖိနှိပ်ကန့်သတ်လာတာနဲ့ ပါတ်သက်ပြီး ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်နှင့်အတူ ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ကိုဝေမိုးနဲ့ ကိုလင်းသန့် တို့က ပါဝင်ဆွေးနွေးထားပါတယ်။ Read More

 

အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ကြေညာရန်အဆို ရှုံးနိမ့်

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ရန် အဆိုအား ဆက်လက်ဆွေးနွေးရန် ပြည်သူ့ လွှတ် တော် တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများ၍ ရှုံးသွားကြောင်း သိရသည်။ ကန့်ကွက်မဲ အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှ� �်များက ပေးသော မဲများဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦး က ပြောသည်။ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် တင်သွင်းသည့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင� ��းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို [...] Read More

 
 

ဒေါ်အောင်ဆန်းစုကြည် ပုံတူ ရုပ်တု အိန္ဒိယ-မြန်မာ နယ်စပ်တွင် ထားရှိ

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက် မိုးရေးမြို့တွင်ထားမည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ရုပ်တု ကို ယနေ့ ဖွင့်လှစ်လိုက်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တစိတ်တ၀မ်းတည်းရှိနေကြောင်း ပြသည့်အနေဖြင့် ၈၈ လူထု အုံကြွ မှု နှစ်ပတ်လည် နေ့တွင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မြန်မာပြည် ဒ� �မိုကရေစီရရှိရေး ကြိုးပမ်းနေသူများကို အားပေးသည့် အနေ နှင့် မိုးရေးတွင် ထားရှိရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်တုထားရှိရေး ကြိုးပမ်းခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် သွေးစည်းညီညွတ်ရေး ကော်မတီက ပြောသည်။ အိန္ဒိယနိုင်ငံ မဏိပူရ် အနုပညာကောလိပ်မှ ဒု ကျောင်းအုပ် ဆိုဘန်နီမိုင် ၏ လက်ရာ ၂.၅ ပေခန့် အမြင့်ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်တပိုင်းပုံတူ ပလာစတာ ရုပ်တုကို [...] Read More

 
 

ကင်တာနာ ထိုင်း-မြန်မာ နယ်စပ် သွားရောက်

ကမ္ဘာ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်ကြောင်း သိရသည်။ မစ္စတာ ကင်တာနာသည် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)အပါအ၀င် နယ်စပ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့များ၊ လူထုအခြေ ပု လူမှုအဖွဲ့များ၊ တိုင်းရင်း သား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ သတင်းအချက်အလက်များ စုဆောင်းသွားသည်ဟု ဆိုသည်။ Read More

 
 

Eleven Media Group အင်္ဂလိပ် ၀က်ဘ်ဆိုက် စတင် ထုတ်လွှင့်

Eleven Media Group ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် ၀က်ဘ်ဆိုက်ကို ယနေ့ စတင်လိုက်သည်။ http://elevenmyanmar.com/ လိပ်စာဖြင့် ၀င်ရောက်ကြည်ရှုနိုင်သော ယင်း ၀က်ဘ်ဆိုက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ခရီးသွား လုပ်ငန်း ဆိုင်ရာ၊ အားကစား စသည့် ကဏ္ဍ ၉ ခု စီစဉ်ထားသည်။ Eleven Media Group သည် ၂၀၀၀ ပြည့်နှစ်က First Eleven အားကစား ဂျာနယ် ထုတ်ဝေ၍ စတင်ခဲခြင်းဖြစ်ပြီး W eekly Eleven သတင်းဂျာနယ်ကို ၂၀၀၅ ခုနှစ်တွင် မြန်မာ ဘာသာဖြင့် စတင် ထုတ်ဝေခဲ့သည်။ Read More

 
 

NGO များကို မပိတ်ပင်ရန် ကုလသမဂ္ဂနှင့် အမေရိကန် ပြော

မြန်မာနိုင်ငံဘက်က ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂါလီ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များကို ဆက်လက် လုပ်ကိုင်ခွင့်ပြုရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ယမန်နေ့တွင် ဘင်္ဂလား ဒေ့ရှ် အစိုးရကို မေတ္တာ ရပ်ခံလိုက်သည်။ ပြီးခဲ့သည့် အပတ်အတွင်းက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့(NGO) ၃ ဖွဲ့ကို ဘင်္ဂလား ဒေ့ရှ် က ပိတ်ပင်ခဲ့သည်။ အမေရိကန် အစိုးရကလည်း ယင်းအဖွဲ့များကို ဆက်လက် လုပ်ကိုင်ခွင့်ပြုရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုကြောင်း Reuters သတင်းတွင် ရေးထားသည်။ Read More

 
 

ရိုဟင်ဂျာ ဒုက္ခသည်များအရေး ပါကစ္စတန် နှင့် ဆော်ဒီ စိုးရိမ်

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူမျိုးများအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် သမ္မတ အလီ ဇာဒါရီက သမ္မတ ဦးသိန်းစိန် ထံသို့ ယမန်နေ့က စာရေးသားပေးပို့၍ ပြောဆိုသည်ဟု သိရသည်။ ယင်းဒေသ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အစ� ��အစဉ်များပြုလုပ်ရန်လည်း တိုက်တွန်းထား သည်။ အလားတူ ဆော်ဒီအာရေးဗီးယား နိုင်ငံ ၀န်ကြီးအဖွဲ့ကလည်း ရခိုင်ဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို အကာအကွယ်ပေး ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းကြောင်း အရှေ့အလယ်ပိုင်း သတင်းများက ဖော်ပြသည်။ Read More

 
 

ရေကြောင်း ရဲ တပ်ဖွဲ့ ဖွဲ့စည်းမည်

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်ခံ ရေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်ကို နေပြည်တော်တွင် ရုံးစိုက်မည် ဖြစ်ပြီး ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ် ဆိပ်ကမ်းများတွင် ရှိသည့် ရေကြောင်း ရဲတ ပ်ဖွဲ့များ နှင့် ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ သံတွဲ၊ မြိတ်၊ မန္တလေး၊ ၀မ်ပေါင်(မဲခေါင်) စသည့်နေရာများတွင် ထိုတပ်ဖွဲ့များကို ဖြန့်ကြက်ချထားပေးမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေး ထား သည်။ ဇူလိုင်လ ၉ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမိန့် ထုတ်ပြန်ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို [...] Read More

 
 

မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှု UNESCO ကူညီမည်

သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှင့် ဖွံ့ဖြိုးရေး အတွက် အကူအညီများ ပေးမည်ဖြစ်ကြောင်း၊ နည်းပညာ အကူအညီပေးရန်နှင့် မီဒီယာသမားများ စွမ်းရ ည်မြှင့်တင်ရေးများ အတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း UNESCO ညွှန်ကြားရေးမှူးချုပ် က ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ UNESCO ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်သည် သြဂုတ် [...] Read More

 
 

ရှစ်လေးလုံး ၂၄ နှစ်မြောက် အခမ်းအနားများ ကျင်းပ

ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပြည် စသည့် မြို့ကြီးများ အပါအ၀င် နယ်မြို့များတွင် ယနေ့ ကျင်းပကြောင်း သတင်းရသည်။ မန္တလေးမြို့တွင် ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို ၀န်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းက ရှစ်လေးလုံး အခမ်းအနားအတွက် ငွေ ကျပ် ၁၀ သိန်း ယမန်နေ့ ညနေပိုင်းက ပေး အပ် လှူဒါန်း ခဲ့သည်။ ထို့အပြင် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပမည့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီး အလယ် တိုက်သို့ သွားရောက်၍ ဆရာတော် ဦးခေမာကို အလှူငွေ ဆက်ကပ်ကြောင်း၊ ယခု အလှူငွေ အကူအညီများသည် သမ္မတ ဦးသိန်းစိန် [...] Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။