သျှမ်းသံတော်ဆင့် |
- စိုင်းနော်ခမ်း ဒုလက်ထောက်အား နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးရန်ပြန်လည်စိစစ်မည်
- သျှမ်းပြည် (မြောက်ပိုင်း) ၌ အရပ်သားတစ်ဦးအား ရဲများရိုက်နှက်
- သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လောင်းကစားဝိုင်း ၀င်ဖမ်း
- သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးစီမံကိန်းတနှစ်ပြည့် လက်တွေ့လုပ်ဆောင်မှုပိုမိုလိုအပ်
- တာချီလိတ်တွင်လိုင်စင်မဲ့ကားများအရေးယူပေးရန်
| စိုင်းနော်ခမ်း ဒုလက်ထောက်အား နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးရန်ပြန်လည်စိစစ်မည် Posted: 09 Aug 2012 04:21 AM PDT ကျိုင်းတုံသို့ တရုတ်အဆင့်မြင့်အရာရှိကြီးများက စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက်ဖြစ်သူ စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန်အား မြန်မာနိုင်ငံသားမဟုတ်ဆိုသည့် စွပ်စွဲချက်အပေါ် ဟုတ်မှန်ကြောင်း ပြသရန် ကွင်းဆင်းစစ်ဆေး ပြီး မှတ်ပုံတင် ပြန်ထုတ်ပေးသွားမည်ဟု ကျိုင်းတုံမြို့ စရဖ နှင့် နီးစပ်သူတဦးကပြောပါသည်။ "တရုတ်တွေက စိုင်းအောင်မြတ်ကိုလွှဲယူချင်နေတာ။ ဒါကိုမြန်မာအစိုးရက လက်မခံဘူး၊ တရုတ်က အကြောင်းရှာတာ ပေါ့ သူက မြန်မာနိုင်ငံသားမဟုတ်ဘူး၊ မှတ်ပုံတင်လဲမရှိဘူးပေါ့။ အဲဒါကို ရဲတို့ လ၀ကတို့က သူ့ဆွေမျိုးတွေ၊ သူ့သန်း ခေါင်စာရင်းတွေ စီစစ်ဖို့၊ စီစစ်ပြီးရင် မှတ်ပုံတင်ပြန်ထုတ်ပေးဖို့ ဒီကနေ့ ကျိုင်းတုံကနေ တာချီလိတ်ကို သွားမယ်" - ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။ ဩဂတ်စ် ၇ - ၈ ရက်နေ့၌ စိုင်းအောင်မြတ်အား တရုတ်ကိုယ်စားလှယ်အဖွဲ့က နံနက် ၉ နာရီမှ ည ၉ နာရီအထိနှစ်ရက် ဆက်တိုက် စစ်ဆေးခဲ့ကြောင်း၊ ယမန်နေ့စစ်ဆေးချက်မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့က စိုင်းအောင်မြတ်အား မြန်မာ နိုင်ငံသားမဟုတ်ဟု စွပ်စွဲခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ယခင်သန်းခေါင်စာရင်းအား ပြန်လည်စိစစ်ပြီး မြန်မာ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးသွားရန် ကျိုင်းတုံမြို့ရဲအရာရှိအချို့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းအချို့က တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ ရှိ စိုင်းအောင်မြတ်ဇာတိရွာ အားသွားရောက်စစ်ဆေးရန်ပြင်ဆင်ခြင်းဖြစ်ကြောင်း - ကျိုင်းတုံမြို့ ရဲစခန်းအား ဝင်ဆန့်သူတဦးကပြောပါသည်။ "တရုတ်က စိုင်းအောင်မြတ်ကို မြန်မာနိုင်ငံသားမဟုတ်ဘူးလို့ စွပ်စွဲတော့ စိုင်းအောင်မြတ်က သူက တာလေမြို့နယ်ခွဲ မိုင်းလင်း ကျေးရွာအုပ်စု နမ့်ခင်း(မ်း)ရွာမှာ သူ့ မိဘတွေ၊ ဇနီးသားသမီးတွေ၊ မောင်နှမတွေရှိသေးတယ်လို့ ပြန်ပြော တယ်" - ဟု အဆိုပါ ကျိုင်းတုံရဲစခန်း အသိုင်းအဝိုင်း ကပြောပါသည်။ စိုင်းအောင်မြတ် သည် မြန်မာအစိုးရထံ လက်နက်ချ သည့် မြန်မာနိုင်ငံသားတဦးဖြစ်သောကြောင့် တရုတ်အစိုးရထံ လုံးဝ လွှဲအပ်ပေးမည်မဟုတ်ကြောင်း၊ ယခုလအတွင်း တရုတ်နှင့်ဆိုင်သော အမှုအခင်းစစ်ဆေးပြီးပါက သာမန် ပြည်သူတဦးကဲ့သို့ လွတ်လပ်မှုပေးတော့မည်ဖြစ်ကြောင်း ဆက်၍ ပြောပြပါသည်။ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွယ် စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန် သည် တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်သူဖြစ်သည်ဟု ထိုင်းနယ်စပ်သတင်းတချို့ကဆိုထားပါသည်။ |
| သျှမ်းပြည် (မြောက်ပိုင်း) ၌ အရပ်သားတစ်ဦးအား ရဲများရိုက်နှက် Posted: 09 Aug 2012 04:19 AM PDT သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးဝီး - နမ့်ပူလုံအသွားလမ်း နမ့်ပူလုံတံတား အနီးတွင် မုံးဝီးရွာသား တစ်ဦးအား ယခု လ ရ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ရဲများရိုက်နှက်ရာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး နမ့်ခမ်းမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည် ။ " သူကထော်လာဂျီမောင်းတယ်လေ။ ထော်လာဂျီကို ရဲက ပေးမဖြတ်ဘူးပေါ့။ ထော်လာဂျီက မဖြတ်ပဲနဲ့ တံတားပြင်ဖို့ ပိုက်ဆံ တောင်းတာပေါ့။ ထော်လာဂျီပေးမဖြတ်ပဲ ဘာလို့တံတားပြင်တာလဲဆိုပြီး သူကရဲကိုပြန်ပြောတာပေါ့ ။ အဲလိုပြောပြီးမှ ရဲနဲ့သူနဲ့ စကားများပြီးမှ ရိုက်တာပေါ့နော် " ဟု သူက ဆိုသည် ။ ၄င်းရွာသားအား ဦးဆောင်ရိုက်နှက်သူမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဇော ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားစဉ် သေနတ် ၃ ချက်ခန့် မိုး ပေါ်ထောင်ဖေါက်ခဲ့သေးကြောင်း သိရသည် ။ ထိုသို့ ရိုက်နှက်စဉ် ဦးမောင်ကြည်၏ လက်နှင့်နောက်ကျောဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးအရာရှိများ ဆေးရုံသို့လာရောက်ခဲ့ပြီး အမှုမဖွင့်ရန် ပြောကြားကာ ငွေကျပ် ၂ သိန်းပေးကမ်းသွားကြောင်း သိရသည် ။ သို့သော်ကာယကံရှင် ဦးမောင်ကြည်ဘက်မှ ကျေနပ်မှုမရှိကြောင်း သိရသည် ။ |
| သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လောင်းကစားဝိုင်း ၀င်ဖမ်း Posted: 09 Aug 2012 04:17 AM PDT သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် ကောင်းထက်တည်းခိုခန်းအနီး ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းတခုအား ယခုလ ၈ ရက်နေ့ နေ့လည်ပိုင်းက မူစယ်အုပ်ချုပ်ရေးမှူး ဦးမြဟန် ဦးဆောင်သည့် အဖွဲ့မှ ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည် ။ "ဖိုက်ကျူး ၊ ဂျင် ၊ ဘော်လုံး အစုံပါတဲ့ဝိုင်းပေါ့နော်။ မနေ့က ၁၂ နာရီခွဲမှာ ၀င်ဖမ်းတယ်။ လောင်းကစားနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်မိတယ်။ သူတို့က အိမ်ငှားနေတာဆိုတော့ ပိုင်ရှင်ကိုတော့ မမိဘူး။ ကိုယ်စား လှယ်ပေါ့နော် အဲလူကိုတော့ မိတယ်" ဟု ဆိုသည်။ ၄င်းလောင်းကစားဝိုင်း ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သက်၍ တရားရုံးနှင့် ရဲဋ္ဌာနတို့၏ ဆောင်ရွက်မှုများအပေါ် မူစယ် ဒေသခံ များ စိတ်ဝင်စားနေကြောင်းလည်း သိရသည် ။ တရုတ် - မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားရာ ယခု ရက်ပိုင်းအတွင်း ကျန်းဖုန်း ၊ လားရင်းရွာ တစ်ဘက်ကမ်း လွယ်ဂျယ်မြို့ရှိ လောင်းကစားဝိုင်းများလည်း ရပ်နားထားကြောင်း သိရသည် ။ |
| သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးစီမံကိန်းတနှစ်ပြည့် လက်တွေ့လုပ်ဆောင်မှုပိုမိုလိုအပ် Posted: 09 Aug 2012 04:14 AM PDT ဩဂတ်စ်လ ၁၈ ရက်နေ့မှာ တနှစ်ပြည့်ပြီဖြစ်တဲ့ မြန်မာအစိုးရနဲ့ အပစ်ရပ်ရေးသဘောတူညီထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ တွေ သဘောတူညီချက်တချို့တလေကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ပေမယ့် အများစုကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ရှိနေပါသေးတယ်။ ဒါကြောင့် ရှေ့ ဆက်ဆွေးနွေးပြီး သဘောတူညီချက်ချဖို့ မပြောနဲ့ အဟောင်းတောင်မှ အကောင်အထည်မဖော်ရသေး တဲ့ဟာ အများကြီးကျန်သေးတယ်လို့ မကြာခင်က ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ပါဝင် သူအချို့ကပြောတယ်။ အစိုးရနဲ့ အပစ်ရပ်ရေးသဘောတူညီထားတဲ့တိုင်းရင်းသား ၁၂ ဖွဲ့မှာ ၇ ဖွဲ့ဟာ အစိုးရထိန်းချုပ်နယ်မြေ ထဲမှာဆက်ဆံရေးရုံးဖွင့်ထားနိုင်ခဲ့ပြီလို့လဲပြောတယ်။ ရခိုင်တပ်ဖွဲ့ ALP က ပလက်ဝ နဲ့ကျောက်တော်၊ ချင်း CNF ကျတော့ မတူပီနဲ့ ဖန် တလန်းမှာ၊ နောက် ပြီး နယ်စပ်ရုံးဆိုတာလဲရှိသေးတယ်။ သူတို့က ဆက်ဆံရေးရုံးမခေါ်ဘူး စီးပွားရေးရုံး လို့ခေါ်တယ်။ ကရင်က ကျောက်ကြီး၊ ဘုရားသုံးဆူနဲ့ ထားဝယ်၊ ကရင်နီလဲထို့အတူ ဘဲ ၃ နေရာ၊ လွိုင်ကော်၊ ဖာဆောင်း နဲ့ ရှားတော။ မွန်အဖွဲ့က ၈ နေရာတောင်ရှိတယ်။ မော်လမြိုင်၊ ဘုရားသုံးဆူ၊ ကျိုက် မရော၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ရေး၊ ရေဖြူ။ RCSS က ၆ နေရာ၊ တောင်ကြီး ၊ ခိုလမ်၊ မူဆယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ် SSPP က လားရှိုးနဲ့ တောင်ကြီး။ ရုံးတွေဖွင့်ပြီးပြီဆိုတော့ အပစ်ရပ်တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူလူထုနဲ့လဲ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ကိုလည်း တော်တော်များများဖွဲ့နိုင်ခဲ့ပါတယ်။ တည်ဆောက် နေတဲ့ ငြိမ်းချမ်းရေးကိုစောင့်ကြည့်ဖို့ Peace Monitor အဖွဲ့အနေနဲ့လည်း အမြန်ဆုံးအလုပ်လုပ်သွား နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ "ဦးအောင်မင်းက ဂျူလိုင် ၁ ရက်နေ့ကပြောတယ်။ အခု လောလောဆယ် Peace Monitor တွေ အတွက် စည်းမျဉ်းရေးဆွဲ နေတုန်းဘဲတဲ့။" အခုလို ထိုင်းနယ်စပ်တနေရာမှာပြုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တွေ့ဆုံပွဲမှာ တိုင်းရင်းသား အဖွဲ့က အစိုးရကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ဘယ်လိုဖြစ်သင့်လဲဆိုတဲ့ အဓိက ကျတဲ့ အခြေခံမူ ၇ ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ (၁) နှစ်ဦးနှစ်ဘက် ဩဇာအာဏာလွှမ်းမိုးမှုမရှိတဲ့ ကြားနေရာတခုခုမှာ ဆွေးနွေးဖို့၊ (၂) နိုင်ငံတကာကနေ သက်သေအဖြစ်လာရောက်စောင့်ကြည့်နားထောင်ပေးဖို့၊ (၃) အစိုးရက အပစ်ရပ်အဖွဲ့ရော မရပ်သေးတဲ့အဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် တွေ့ဆုံ့ဆွေးနွေးဖို့ ၊ (၄) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကြား ညီလာခံ လုပ်ခွင့်ရှိဖို့ ၊ (၅) တိုင်းရင်းသားအင်အားစု ၊ ဒီမိုကရေစီရေးအင်အားစု နဲ့အစိုးရ ၃ ဘက် ၃ တန်က ကိုယ်စားလှယ် အညီအမျှပါဝင်တဲ့ညီလာခံ တခုကျင်းပဖို့၊ (၆) သုံးဘက်သုံးတန်တွေ့ဆုံမှုကနေ ရလာတဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာက အကောင်အထည် ဖော်ဖို့။ (၇) ဒီပရောဆက်ကို ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင်အပြီးလုပ်ဖို့။ စသည်တို့ဖြစ်ပါတယ်။ ဂျူလိုင်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဦးအောင်မင်းက-မိမိတို့မှာ အစီအစဉ် ၃ ရပ်ရှိတယ်။ (၁) အပစ်ရပ်မယ်၊ (၂) နိုင်ငံရေးဆွေးနွေးမယ်၊ (၃) ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပမယ်။ ၂၀၁၅ မတိုင်ခင် အပြီးလုပ်မယ်လို့ပြောပါတယ်။ သို့ပေမယ့် အခုချိန်ထိ အစိုးရ တပ်ဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုထိုးစစ်ဆင်နေ တုန်းဘဲ။ KIA ကချင်တပ် အပစ်ရပ်ရေးကို ၁၉၉၄ ကတည်းကလက်မှတ်ထိုးထားတယ်။ RCSS ၂၀၁၁ ကတည်းကလည်းကောင်း SSPP က ဒီနှစ်ဂျန္နဝါရီလမှာလည်းကောင်း အပစ်ရပ် လက်မှတ်ထိုးခဲ့တယ်။ တိုက်ပွဲတွေကမရပ်သေးဘူး။ တိုက်ပွဲတွေဖြစ်နေသရွေ့ ယုံကြည်မှုလည်း တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ အဲလိုဆိုရင် အောင်မြင်တဲ့ နိုင်ငံရေးဆွေးနွေးမှု မဖြစ်ပေါ်နိုင်အောင် အဟန့်အတားကြီးတခုဖြစ်နေပါလိမ့်မယ်လို့ အစည်းအဝေးတက်ရောက်သူတဦးကဝေဖန်ပါတယ်။ မြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်မင်းကတော့ ဒီအကြောင်းကိုအသိအမှတ်ပြုပုံရ ပါတယ်။ သူ သျှမ်းကိုယ်စားလှယ်တဦးနဲ့ တွေ့ဆုံစဉ်ကပြောဖူးပါ တယ်။ "ဥက္ကဌ ဦးယွက်စစ်ကိုပြောပြလိုက်ပါ။ သဘောတူညီချက်တွေကများပြီး အကောင်အထည်ဖော် နိုင်မှုက နည်းနေတဲ့အပေါ် အရမ်းကိုအားနာပါတယ်" - တဲ့။ |
| တာချီလိတ်တွင်လိုင်စင်မဲ့ကားများအရေးယူပေးရန် Posted: 09 Aug 2012 04:13 AM PDT လွှတ်တော်အမတ်ပေါင်းတို့ခင်ဗျား... တာချီလိတ်မြို့တွင်လိုင်စင်မဲ့ကား ထောင်သောင်းမကများပြားနေပြီး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များရပ်ရန် နေရာမရှိအောင်များနေပါသည်။ ယာဉ်တိုက်မှုလည်းနေ့စဉ်မြင်တွေ့ရပါသည်။ အထိန်းအကွပ်မဲ့နေပါသည်။ ဥပဒေများဘယ်သို့ ရောက်နေပါ သလဲ။ ရဲတွေကလည်း ယာဉ်တိုက်လျင် ပိုက်ဆံတောင်းရန်ဘဲစောင့်နေပါသည်။ ထိုကြောင့်လွှတ်တော်အမတ်များအနေဖြင့် အမြန်ဖြေရှင်းပေးပါရန်တင်ပြအပ်ပါသည်။ မြို့သူ/ မြို့သားများ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |