From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/8/24
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- ဒုသမ္မတဦးဥာဏ်ထွန်း ခရီးစဉ်အတွက် သုံးခွမြို့ လမ်းဘေးရှိ ဆိုင်ခန်းများအားလုံး ဖျက်သိမ်းခံရ
- ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ
- မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ
- NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
- လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများ တောင်းဆိုဆန္ဒပြ
- ၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံပါက လျော်ကြေးမရနိုင်
- မုံရွာစစ်တိုင်းမှူး၏ ကွန်းသီရိကုမ္ပဏီ ရွှေတွင်းဒေသ ရွှေတူး သမားများထံမှ အဓမ္မငွေကြေးကောက်ခံ
- ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်ခြင်းအပေါ် ဒေသခံများကန့်ကွက်
- နိုင်ငံတော် သမ္မတ ဧရာဝတီတိုင်းအတွက် သိန်းလေးထောင်ကျော် ပေးအပ်
- ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒအပေါ် ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား
- ယနေ့ပြည်သူ့လွှတ်တော်တွင် ဦးဝင်းသန်း တင်သွင်းခဲ့တဲ့ အရေးကြီးအဆို
- လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်ကို အလေးမထားပဲ အစည်း အဝေးဖျက်၍ သမ္မတနှင့်တွေ့ သည့် ကိစ္စ သူရဦးရွှေမန်း ရှင်းလင်း
- အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဋ္ဌာန၀န်ကြီး ဂျဲနက်နပိုလီတာနိုအား လက်အောက်ခံအရာရှိ (၁၀) ဦးမှ တရားစွဲဆို
- လွှတ်တော်ဥက္ကဌ ၏ သဘောထားကို သိချင်
- ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူ မြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့
- မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော် နေပြည်တော်ပြောင်းရွှေ့ရမည့်ဒုက္ခ
- ဘောင်ဘီချွတ် နဲ့ ပညာရေး
- သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ဆန္ဒပြခွင့်ကို ကျေက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချ
- အဆင့်မြင့်တက္ကသိုလ် (Centre of Execllence)များ တည်ထောင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်များ
- ကန့် ကွက်ခံရတဲ့ သမ္မတ ၏ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သုံးသပ်ချက် (၉)ချက်
- တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း အကြောင်း ဆွေးနွေးပွဲ
- မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအား ဖမ်းစားနေမှု မြန်မာသံရုံး အရေးယူသင့်
- ကချင်ပြည်နယ် ဖားကန့် မှာ မြန်မာစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား
- လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး
- ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်
| ဒုသမ္မတဦးဥာဏ်ထွန်း ခရီးစဉ်အတွက် သုံးခွမြို့ လမ်းဘေးရှိ ဆိုင်ခန်းများအားလုံး ဖျက်သိမ်းခံရ Posted: 24 Aug 2012 07:05 AM PDT
လွန်ခဲ့သော ငါးရက်ခန့်မှ စ၍(၂၅-၈-၂၀၁၂) စနေနေ့တွင် ဒုတိယ သမ္မတကြီး ဦးဥာဏ်ထွန်း နှင့် အဖွဲ့ဝင်များ သုံးခွမြို့နယ် အပါအ၀င် ခရမ်းမြို့နယ်များသို့ ပြည်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များ ကိုသိရှိရန် အတွက်လာရောက်မည် ဖြစ်ကြောင်း သတင်းရသဖြင့် သုံးခွနေပြည်သူများမှ မိမိတို့၏ဒေသ အတွင်း ဘက်စုံဖွံဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ကိုေ တွးဆမိ၍ လှိုက်လှဲ ၀မ်းသာဖြစ်မိ ပါသည်။ (၂၃-၈၂၀၁၂) ကြာသပတေးနေ့မှ စတင်၍ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကွပ်ကဲကာ မြို့နယ်စည်ပင် သာယာရေး ဦးစီးမှူးနှင့် လက်အောက် ခံဝန်ထမ်း များမှ တစ်ခါမှ မကြုံဖူးသော မြို့ နယ် သန့် ရှင်းသပ်ရပ်ရေး အတွက် မြို့ နယ်နေ လူထု မှ အံ့သြရလောက်အောင် အားသွန်ခွန်စိုက် နေ့  ည မပြတ် စီမံ ဆောင်ရွက် ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိ ၍ ပြည်သူလူထု မှ အားရကျေနပ်မိပါသည်။ သို့ သော်........... ထိုဝမ်းသာကျေနပ်မှုမှာ အချိန်ပိုင်းလောက်သာ ခံစားခဲ့ရ ပါသည်။ အကြောင်းမှာ ဒုတိယ သမ္မတကြီးနှင့်အဖွဲ့သွားရာလမ်းတလျှောက် ရှိ မရှိဆင်းရဲ သား ဈေးဆိုင်ငယ် များ ကိုအတင်းအဓမ္မ ဖျက်သိမ်းခိုင်း ခဲ့သည်။ ယင်းဈေး ဆိုင်ငယ်လေးများနှင့် ရောင်းချနေရ သော ဈေးသည်များသည် မရှိဆင်းရဲသား၊ တစ်နေ့ လုပ်တစ်နေ့ စား ကျောမွဲလူတန်းစား များဖြစ် ပါသည်။ မြို့ နယ်စည်ပင်သာယာ ဦးစီးမှူးနှင့်အဖွဲ့ ထိုသို့  အတင်းအဓမ္မဖျက်သိမ်း ခိုင်း သည်ကို မျက်မြင်တွေ့  ရှိသော မြို့ နေ လူထု မှာထိုဈေးသည်များအား ဂရုဏာ သက်မိပြီး ပျော်ရွင်ခဲ့ ရသော စိတ်ခံစား မှု များ အစား ဒေါသ စိတ်များ ဖြစ်ပေါ်ခဲ့ရပါသည်။ ယခုလို ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေ သောအချိန်အခါ၌ နိုင်ငံတော်သမ္မတကြီးနှင့် အကြီးအကဲများ က ဆင်းရဲမွဲတေမှု ပပျောက်ရေး အထူးအလေးထားဆောင်ရွက်နေ ချိန်တွင် နိုင်ငံ နှင့်အ၀ှမ်း အောက်ခြေရှိ အကျင့်ပျက်ဝန်ထမ်းများ သည်ခေတ်နောက်ပြန် ရှေးရိုးစွဲ ကိုယ်ကျိုး ရှာ ၍ ပြည်သူလူထု အပေါ် နိုင်လို မင်းထက် ယနေ့ တိုင်ပြုကျင့် နေ သည်ကို တွေ့ ရှိ နေရဆဲ ဖြစ်ပါသည်။ ကိုကိုချစ်(သုံးခွ) | ||
| ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ Posted: 24 Aug 2012 05:51 AM PDT ၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်ပြုပြောကြားသည်။ သေဆုံးသူမှာ အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ဖြင့် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ Posted: 24 Aug 2012 05:42 AM PDT မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။ ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း ရွာသားက ဆိုသည်။ " သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဆိုသည်။ အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ "သြဂတ်စ်လ ၁၇ရက်နေ့ ညဥ့် ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။ နစ ကဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်" ဟု ပြောသည်။ နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ(ဓါတ်ပုံ- မောင်ကျောက်ခဲ– မြန်မာပြည်) ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်) မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။ နိရဉ္စရာ သတင်းဌာန | ||
| NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် Posted: 24 Aug 2012 05:37 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ကျင်းပတဲ့ ပါတီဗဟို အလုပ်အမှုဆောင် အစည်း အဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီအစည်း အဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် အပါအဝင် ပါတီ ထိပ်ပိုင်းခေါင်းဆောင် (၁ဝ) ဦးလောက် တက်ရောက်ခဲ့ကြပါတယ်။ ပါတီတွင်း ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးကြည်တိုးက RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိ တယ်လို့လည်း သိရပါတယ်။ RFA Burmese | ||
| လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများ တောင်းဆိုဆန္ဒပြ Posted: 24 Aug 2012 05:27 AM PDT စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နီကယ်စက်ရုံ တည်ဆောက်ဖို့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေ တွေအတွက် နစ်နာကြေးရဖို့ လယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်ကုန်းကျေးရွာမှာရှိတဲ့ မြန်မာ စီအမ်အန်စီ နီကယ် တရုတ်ကုမ္ပဏီက နီကယ်စက်ရုံ အပါအ၀င်--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံပါက လျော်ကြေးမရနိုင် Posted: 24 Aug 2012 05:12 AM PDT ၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံနိုင်ခွင့် ရှိ၊ မရှိနှင့် ပတ်သက်၍ ငါးသိန်းတန်ဖုန်းများ ထွက်ပြီးနောက်ပိုင်း တွင်ဝိရောဓိများ ထွက်ပေါ်လာခဲ့ပြီးယင်းကိစ္စအား မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ကျင်းပသည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင်ထည့်သွင်း ဖြေကြားသွားခဲ့သည်။ သြဂုတ်လ ၂၄ ရက်တွင် MICT မှ ကျင်းပပြုလုပ်ခဲ့သည့် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မုံရွာစစ်တိုင်းမှူး၏ ကွန်းသီရိကုမ္ပဏီ ရွှေတွင်းဒေသ ရွှေတူး သမားများထံမှ အဓမ္မငွေကြေးကောက်ခံ Posted: 24 Aug 2012 04:53 AM PDT စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်းရှိ ရွှေတွင်း ဒေသတွင် မုံရွာစစ်တိုင်းမှူး၏ ကွန်းသီရိကုမ္ပဏီသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်၊ ရွှေလုပ်ကွက်များ လျှောက်ပေးမည်ဟု ပြောဆိုကာ ၂၀၁၂ ခုနှစ်၊ မေလမှစတင်ပြီး ငွေများကောက်ခံ လျက်ရှိကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်ခြင်းအပေါ် ဒေသခံများကန့်ကွက် Posted: 24 Aug 2012 04:38 AM PDT ၂၄ ရက်နေ့ ယနေ့ ၂ နာရီခွဲတွင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်ခြင်းအပေါ် ဒေသခံများက ၄င်းတို့ပိုင်သည့် လယ်ယာမြေများ ပေါ်တွင် ဆိုင်းဘုတ်များ စိုက်မည် ဟု သိရသည်။ ဆိုင်းဘုတ်များတွင် "ကျေးရွာပိုင် လယ်ယာမြေများတွင် မည်သူမျှ မကျူးကျော်ရ " ဟု ရေးသားထားမည် ဖြစ်သည် ဟု သိရသည်။ ခုလိုပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ " ပြည်သူ့ရဲ တွေက နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ ကုမ္ပဏီတွေနဲ့ ဦးပိုင်ကိုပဲ အကာအကွယ်ပေးနေတယ် ဒါကြောင့် အဲဒီလို လုပ်ရတာပါ" ဟု ဝက်မှေး ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။ သီဟရာဇာပေးပို့သည်- Yangon Media Group | ||
| နိုင်ငံတော် သမ္မတ ဧရာဝတီတိုင်းအတွက် သိန်းလေးထောင်ကျော် ပေးအပ် Posted: 24 Aug 2012 05:19 AM PDT နိုင်ငံတော်သမ္မတကြီးသည် ဧရာဝတီတိုင်းဒေသကြီး ရှိ ညောင်တုန်းတံတား သစ် ဖွင့်ပွဲသို့တက်ရောက် ခဲ့ပြီးနောက် ရေနစ်မြုပ်ရာ ဒေသများ သို့ သွားရောက် ကာ ဒေသခံလယ်သမားများနှင့်တွေဆုံ ခဲ့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က စပါးပြန်လည်စိုက်ပျိုးရာတွင် မိမိနှစ်သက်ရာ စပါးကို စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေနစ်မြုပ်မှုကြောင့် လယ်မြေဧက များအား ပြန်လည်စိုက် ပျိုးရန် မျိုးစပါး တင်းပေါင်း ၁၁၀၀၀၀ လိုအပ်လျက်ရှိပြီး ယင်းအတွက် ဆန်စပါးလုပ်ငန်းအသင်းမှ သြဂုတ်လ ၁၉ ရက်နေ့က မျိုးစပါး တင်း ၃၀၀၀၀ လှူဒါန်းခဲ့သည်။ လိုအပ်သော မျိုးစပါးများအတွက် နိုင်ငံတော် သမ္မတက ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။ စိုးမိုး(ပုသိမ်) Yangon Media Group | ||
| ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒအပေါ် ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား Posted: 24 Aug 2012 02:58 AM PDT ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှု များကြောင့် မြန်မာနိုင်ငံ အပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးရေး ဆိုင်ရာမူဝါဒ အပေါ် ထိခိုက်နစ်နာမှု မရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသားဖော်ပြသည်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ယနေ့ပြည်သူ့လွှတ်တော်တွင် ဦးဝင်းသန်း တင်သွင်းခဲ့တဲ့ အရေးကြီးအဆို Posted: 24 Aug 2012 02:40 AM PDT ယနေ့ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အောက်ပါအတိုင်း အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်- နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ နိုင်ငံတော် သမ္မတက တင်သွင်းခဲ့သည့် လွှတ်တော်၊ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့၏ ပြည်ထောင်စု အဆင့်ဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း သည့် ဆုံးဖြတ်ချက် အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား ဖွဲ့စည်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၃၄ အရ စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ ကြပါသည်။ အဆိုပြတင်ပြချက်အရ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံသို့ ၁၄.၈.၂၀၁၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတထံမှလည်း ၂၀.၈.၂၀၁၂ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သ၀ဏ်လွှာတစ်စောင် ပြန်ပို့ခဲ့ကြောင်း သိရှိပြီး ဖြစ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါသ၀ဏ်လွှာကို ပေးပို့ခြင်း မပြုမီတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ ဆန္ဒကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည်ဟု ၀န်ခံပြောဆိုသွားသည့်အတွက် ထိုသို့ ၀န်ခံပြောဆိုမှုကို ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များက ယုံကြည်သည့်အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတထံ မှ ပြန်ကြားရမည့် ရလဒ်အပေါ်မူတည်လျှက် ဆက်လက်လုပ်ဆောင်ရန် ခဏသည်းခံပါဟု လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့်လည်းကောင်း ကျွန်တော်တို့သည်းခံ စောင့်ဆိုင်း ခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့ရောက်ရှိလာသည့်အခါတွင် နောက်ဆုံးအပိုင်း၌ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့အဆန္ဒအရ ကြိုက်နှစ်သက်သော နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်းဟု ကြားသိရပြီး ၂၁.၈.၂၀၁၂ ရက် အထိ၊ လွှတ်တော်ဥက္ကဋ္ဌက မည်သို့ဆောင်ရွက် ပေးမည်ကို ဆက်လက်သည်းခံ စောင့်ဆိုင်းခဲ့ကြပါသည်။ သို့ရာတွင် ၎င်း သြဂုတ်လ ၂၁ ရက် နောက်ပိုင်းလည်း ဘာမျှဆက်လက်ဆောင်ရွက်ပေးခြင်း ထူးခြားမှု မရှိသည့်အတွက် ကျွန်တော်တို့အားလုံး၏ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ လစ်လျူရှုထားပါပြီလား သို့တည်းမဟုတ် ကျွန်တော်တို့၏ လွှတ်တော်အပေါ်တွင် လွှမ်းမိုးထားသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦး ရှိနေပါပြီလားဟု ထင်မြင်ယူဆမိကြပါသည်။ ဤထင်မြင်ယူဆချက်နှင့် လက်ရှိဖြစ်စဉ်များအတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဆိုပါက ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အကျိုးကို မည်သို့မျှ ဆက်လက်ဆောင်ရွက်နိုင်မည့် အနေအထား မရှိတော့ပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စုအဆင့်အတန်းနှင့် ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ခ) အရ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ယင်းဥပေဒပြုသည့်အာဏာပိုင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်ကိုက်ညီအောင် ဖွင့်ဆိုရမည်ဟု လမ်းညွှန်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ ပြဋ္ဌာန်းချက်အရ ထင်ရှားနေပါလျှက် ခုံရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု ဆုံဖြတ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ ပုဒ်မ ၄၄၃ ကို ဖောက်ဖျက်ရာရောက်ကြောင်း ထင်ရှားနေပါသည်။ ယမန်နေ့ (၂၃.၈.၂၀၁၂) ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ရန် နံနက် ၁၀ နာရီ၌ စီစဉ်ထားသော်လည်း၊ အစည်းအဝေး မကျင်းပဖြစ်သောကြောင့် တက်ရောက်ရန် စောင့်ဆိုင်း နေကြသော လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန် လူပမ်းဖြစ်ကြရပြီး ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာ ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်တင်သွင်းလိုသည့် အဆိုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို ဥက္ကဋ္ဌကြီးက မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း အဆိုအား တင်သွင်းလိုပါကြောင်း တင်ပြအပ်ပါသည်။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် | ||
| Posted: 24 Aug 2012 02:32 AM PDT လွှတ်တော်ကို အလေး မထားရာ ရောက်သည် ဆိုသော မေးမြန်းမှု အပေါ် မိမိ လွှတ်တော် ဥက္ကဋ္ဌက ဦးစွာ တင်ပြလိုပါတယ်။ မိမိ လွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော်ကို အလေးထား ပါတယ်။ လွှတ်တော်၏ ဂုဏ်သိက္ခာ ကိုလည်း အမြဲကာကွယ် ထိန်းသိမ်း လျက်ရှိပါတယ်။ ယမန်နေ့ ၂၃-၈-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ မိမိနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ၀၉၀၀ နာရီချိန်မှစတင်၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ လွှတ်တော် အစည်းအဝေးသို့ အချိန်မီ မရောက်ခဲ့ခြင်းဖြစ်ပါတယ်--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 24 Aug 2012 01:57 AM PDT အမေရိကန်ပြည်တွင်း လုံခြုံရေးဝန်ကြီးဋ္ဌာန (Department of Homeland Security) ၏ ၀န်ကြီးဖြစ်သူ ဂျဲနက်နပိုလီတာနိုမှ လတ်တလော ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်များသည် မိမိတို့အားတာဝန်နှင့် ၀တ္တရားများကို လျစ်လျူရှု၍ ဥပဒေကို ချိုးဖောက်ရန် ဖိအားပေးခဲ့သည်ဟု ဆို၍ သြဂုတ်လ (၂၃) ရက်နေ့တွင် တက္ကဆပ်ပြည်နယ် ပြည်ထောင်စုတရားရုံး၌ DHS ၏ လက်အောက်ခံဋ္ဌာန ကြီးတခုဖြစ်သည့် လူဝင်မှုနှင့် အကောက်ခွန် ထိန်းသိမ်းရေးဋ္ဌာန (Immigration and Customs Enforcement) ၏ လူဝင်မှုကြီး ကြပ်ရေးအရာရှိ (၁၀) ဦးမှ ပြည်တွင်းလုံခြုံရေး ၀န်ကြီးဋ္ဌာန၏ ၀န်ကြီးဖြစ်သူ ဂျဲနက်နပိုလီတာနိုနှင့် ICE ဋ္ဌာန၏ညွှန်ကြားရေးမှူး ဂျော်န်မော်တန်တို့အား စတင်တရားစွဲဆိုလိုက်သည်။ (by Winterko) သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
| လွှတ်တော်ဥက္ကဌ ၏ သဘောထားကို သိချင် Posted: 24 Aug 2012 01:23 AM PDT သြဂုတ်လ (၂၄) ရက်နေ့ ၂၀၁၂ ယနေ့တွင် အရေးကြီး အဆိုတစ်ခုကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ၏ ကော်မတီအဖွဲ့ဝင်တစ်ဦးမှ မေးမြန်းချက်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ်တွင် အချိန်ဆွဲပြီး သည်းခံစောင့် ဆိုင်းခဲ့သော်လဲ ပြည်သူ့လွှတ် ဥက္ကဌ မှ ၄င်း ကိစ္စအား လျှစ်လျှူရှုထားခဲ့ပါသလား...??? ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အပေါ်မှာ လွှမ်းမိုးထားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက် ရှိပါသလား...??? ဟုမေးခဲ့ပါတယ်... ၄င်းမေးခွန်း၏ အဖြေနှင့် ပတ်သတ်ပြီး ဥက္ကဌ အနေဖြင့် အလွန်စိတ် မကောင်းကြောင်း ဖြေကြားခဲ့ပါသည်... ၄င်းအပြင် ၄င်းအပေါ်မှာ လွှမ်းမိုးသော လူပုဂိုလ်၊ အဖွဲ့အစည်း မရှိကြောင်း ဖြေဆိုပါသည်... ယနေ့တွင် အမျိုးသားလွှတ်တော်မှ ငှင်းကိစ္စအတွက် စုစုပေါင်း ၁၆၂ ဦးမှ လက်မှတ်ရေးထိုးပြီး အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်ပါသည်... သို့သော် အမျိုးသားလွှတ်တော်ဘက်မှ တပ်မတော်သားကိုယ်စားလှယ်များမှလွဲပြီး ကျန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံးမှ ထောက်ခံခဲ့ပါသည်... ပြည်သူ့လွှတ်တော်ဥက္ကဌ မှလဲ ၄င်းအဆို နှင့် ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ အလှည့်ရောက်မှ ဆောင်ရွက်စရာရှိသည်များ ဆက်လက်ဆောင်ရွက်ကြပါဟု ပြောကြားသွားပါသည်... ၄င်းအဆိုနှင့် ပတ်သတ်ပြီး တနင်္လာနေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်နေကုန် ကျင်းပရန် ရှိပါသည်... by Daw Sandar Min (Shwee) (Facebook)
| ||
| ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူ မြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့ Posted: 24 Aug 2012 12:54 AM PDT ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင သေဆုံးခဲ့ရသည့် နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကို ယာဉ်မောင်းသူထိုင်းနိုင်ငံသား (မျှော့လူမျိုး)က တစုံတရာတာဝန် ယူမှုမရှိသည့် အတွက် နာရေးကိစ္စ မြေချမှုကို ဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော် နေပြည်တော်ပြောင်းရွှေ့ရမည့်ဒုက္ခ Posted: 24 Aug 2012 12:42 AM PDT ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော်ခန့်၏ လက်ရှိ ရင်ဆိုင်နေရသော နေပြည်တော် ပြောင်းရွှေ့ရမည့် ဒုက္ခများ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 24 Aug 2012 12:17 AM PDT မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥက္ကဌ ရာထူးနေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့ အလုပ်ရုံဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်းရာထူးတွေမှာ လူမှန်နေရာမှန်ဖြစ်ဖို့နဲ့ စစ်တပ်မှ အကြောင်း အမျိုးမျိုးနဲ့ရောက်လာတဲ့ ယူနီဖောင်းချွတ်တွေကို ထိပ်ပိုင်းရာထူးတွေ မပေးတော့ဘူးဆိုလို့ ၀မ်းသာနေမိပါတယ်။ အခုတော့ လစ်လပ်သွားတဲ့ မြန်မာပညာရေး သုတေသနအဖွဲ့ညွှန်ချုပ်ရာထူးနေရာနဲ့ မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဌ ရာထူးနှစ်နေရာစလုံးကို ပညာရေးအကြောင်း လုံးဝမသိတဲ့ စစ်တပ်ဘောင်းဘီချွတ် ဗိုလ်မှူးကြီးကျော်စိုးကို ခန့်လိုက်တဲ့အတွက် ပညာရေးဝန်ကြီးကို ပညာရေး အသိုင်းအ၀ိုင်းအားလုံးက သြဘာပေးနေကြပါတယ်။ ပညာရေးသုတေသနမှာ P.hD ဘွဲ့ရရှိပြီး ပညာရေးအတွေ့အကြုံရင့်ကျက်တဲ့ ဒုညွှန်ချုပ် ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူ လိုမျိုး ပညာတတ်တွေရှိပါလျှက်နဲ့ ဘာကြောင့် ဒီတပ်ထွက်တွေကိုဘဲ ခန့်တာလည်းဆိုတာ နားမလည်ဘဲ ဖြစ်နေပါတယ်။ ၀န်ကြီး ဒေါက်တာမြအေးကဘဲ တလွဲတွေလုပ်နေတာလား၊ ဒုဝန်ကြီး ဦးအေးကြူ(ဗိုလ်မှူး-ငြိမ်း၊ OTS-65ဆင်း)ကဘဲ ကြိုးကိုင်လှုပ်ရှားနေတာလား ဆိုတာကို ပညာရေးဝန်ထမ်းတွေအနေနဲ့ စိတ်ပျက် နေကြပါတယ်။ အရပ်သူ အရာရှိအမျိုးသမီးတစ်ဦးအား ရုံးအဖွဲ့မှူးတစ်ဦးမှ ကိုယ်ထိလက်ရောက် လက်သီးဖြင့်ထိုးကြိတ်ခဲ့သည်ဆိုခြင်း နေပြည်တော် ပညာရေးဝန်ကြီးရုံး ဌာနခွဲ(၂)တွင် တာဝန်ထမ်းဆောင်ထမ်းဆောင်နေ သော ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်အား ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းဆွေမှ တာဝန်ထမ်းဆောင်နေစဉ် စိတ်အလိုမကျမှုဖြင့် မည်သည့်တစ်စုံတစ်ရာ မှားယွင်းမှု မရှိဘဲ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ ပါသည်။ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်မှ မိမိမှ မှားယွင်းမှု တစ်စုံတစ်ရာမရှိဘဲ ကိုယ်ထိ လက်ရောက်စော်ကားခံရမှုနှင့်ပတ်သက်ပြီး ၀န်ကြီး၊ ဒုဝန်ကြီး တို့ထံ သွားရောက်တိုင် ကြားရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ ဦးအောင်ထိုက်မှ ၀န်ကြီးနှင့် တွေ့မပေးနိုင် ကြောင်း၊ ခင်ဗျားကို နယ်ပြောင်းပစ်မည်ဖြစ်ကြောင်း၊ ကြိမ်းမောင်း ထုတ်ခဲ့ပါသည်။ ဒုဝန်ကြီးဦးအေးကြူထံ သွားရာတွင်လည်း အိပ်နေသည်ဟုဆိုကာ တွေ့ခွင့် မရရှိခဲ့ကြောင်း အကြိမ်ကြိမ်တွေ့ရန် ကြိုးစားသော်လည်း ၀န်ကြီး၊ ဒုဝန်ကြီးမှ အတွေ့မခံခဲ့ပါ။ ရုံးအဖွဲ့မှူးအား ၀န်ကြီးနှင့် ဒုဝန်ကြီးတို့မှ အကာအကွယ်ပေး ထားပါသည်။ ထိုကဲ့သို့ အမျိုးသမီးအရာထမ်းတစ်ဦးအပေါ် ရုံးအဖွဲ့မှူးမှ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးနိုင်ရန် နိုင်ငံတော်သမတ္တကြီးထံ တိုင်ကြားထားကြောင်းနှင့် ၀န်ထမ်းများအနေဖြင့် မကျေမနပ် ဖြစ်လျှက်ရှိကြောင်း သိရပါသည်။ မတရားအနိုင်ကျင့် အဖိနှိပ်ခံ ၀န်ထမ်းတွေရဲ့ဘ၀ကို ကာကွယ်စောင့်ရှောက် ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြီးအား တင်ပြခြင်း နေပြည်တော် ပညာရေးဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော ကွန်ပျူကျွမ်းကျင်ဝန်ထမ်း ဦးဝေအောင်ဗျင်နှင့် ဇနီးဖြစ်သူ ကွန်ပျူတာကျွမ်းကျင် နော်စေးလာဖော အပါအ၀င် ၀န်ထမ်း(၇)ဦးတို့အား ဒုတိယ၀န်ကြီး ဦးအေးကြူ၏ အမိန့်ဟုဆိုကာ အပြစ်တစ်စုံတစ်ဖော်ပြခြင်းမရှိဘဲ ဝေးလံ ဒေသများသို့ ပြောင်းရွှေ့ပြစ်ဒဏ်ပေးခဲ့သဖြင့် ၀န်ထမ်းများအကြားတွင် စိုးရိမ်ကြောက်ရွံ့မှု ပေါ်ပေါက်လျှက် တာဝန်ထမ်းဆောင်နေရပါသည်။ ဦးဝေအောင်ဗျင်အား ဖားအံပညာရေးကောလိပ်သို့လည်းကောင်း၊ ဇနီးဖြစ်သူ နော်ဆေးလာဖောအား မော်လမြိုင်ပညာရေးကောလိပ်သို့လည်းကောင်း ပြောင်းရွှေ့ခံခဲ့ရပါသည်။ နော်စေးလာဖောသည် မွေးကင်းစခလေးငယ် တစ်ဦးနှင့်အတူ မိသားစု တကွဲတပြားစီဖြစ်ကာ လူမှုရေးအတိဒုက္ခများ ခံစားနေရပါသည်။ ပြောင်းရွှေ့ခံရသူများ အနေဖြင့် မည်သည့်အကြောင်းကိုမူ မသိရှိခဲ့ကြပါ။ ဒုဝန်ကြီးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ ဒုဝန်ကြီး၏ အတွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားမှုအရ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုကဲ့သို့ လက်အောက် ငယ်သားများအပေါ် နိုင့်ထက်စီးနင်းလုပ်ကာ သောက်စားမူးယစ်ပြီး မတရားအခွင့်အရေးများယူလျှက် ပညာရေးဌာနတွင် လူကြီးလုပ်နေသော ဒုဝန်ကြီး ဦးအေးကြူအား အရေးယူ ဖယ်ရှားပေးနိုင်ပါရန် တင်ပြအပ်ပါသည်။ ပညာရေးဝန်ကြီးရုံးမှ ၀န်ထမ်းတစ်ဦး | ||
| သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ဆန္ဒပြခွင့်ကို ကျေက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချ Posted: 24 Aug 2012 12:33 AM PDT သတင်း လွတ်လပ်ခွင့် ကော်မတီ(ယာယီ)၏ သြဂုတ်လ(၂၈) ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် ပြုရန်လျှောက်ထား ချက်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သြဂုတ်(၂၄) ရက်နေ့တွင် ငြင်းပယ်လိုက်သည်။ ငြင်းပယ်သည့် အမိန့် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ အဆိုပါ ခွင့်ပြုချက်တောင်းခံခြင်းနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၂(ဂ)ပါ"ယာဉ်များနှင့် လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောက်အယှက် ဖြစ်စေသော တန်းစီ ပိတ်ဆို့ခြင်းကိုမပြုလုပ်ရ"ဟု ပြဌာန်းပါရှိသည့် အတွက် သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့် ပြုရန်လျှောက်ထား ချက်သည် အများပြည်သူ သွားလာရာနှင့် ခရီးသွားယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ သွားလာ သည့် လမ်းကြောအတွင်း ဖြစ်သည့်အတွက် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကို အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲသည်။ ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရန်၊ ကျင့်ဝတ်နှင့် အညီ သတင်းရေးသားသော သတင်းမီဒီယာများအပေါ် အစိုးရ ၀န်ကြီးဌာနများ၏ တရားစွဲဆိုမှု ရပ်ဆိုင်းရန်၊ မီဒီယာသမားများ၏ သဘောဆန္ဒမပါဘဲ ရေးဆွဲထားသော မီဒီယာဥပဒေကို ကန့်ကွက်ရန် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကိုယ်စား ကိုလှိုင်းသစ်ဇင်ဝေ(ခ)သာလွန်ဇောင်းထက် အပါအ၀င် ပြည်တွင်း သတင်းမီဒီယာသမား(၄)ဦးတို့က ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ကိုသြဂုတ်လ(၂၁)ရက်နေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အသုံးပြုမည့်ပိုစတာနှင့် ဆိုင်းဘုတ်အချို့တင်ပြကာလူအင်အား၊အချိန်၊နေရာ မြို့တော်ခန်းမရှေ့ နှင့်အတူ လျှောက်ထားခဲ့ကြောင်း သိရသည်။ "ဒီလျှောက်ထားချက်ကိုပယ်ချလိုက်တယ်၊ကော်မတီကလူတွေနဲ့ အစည်းအဝေးပြုလုပ်ပြီးဘာဆက် လုပ်မယ်ဆိုတာ ဆက်လက် ဆွေးနွေးသွားမယ်"ဟု သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကိုယ်စား ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ကို ဦးဆောင်လျှောက်ထားခဲ့သူကိုလှိုင်းသစ်ဇင်ဝေ(ခ)သာလွန်ဇောင်းထက်က ပြောသည်။ The Voice Weekly ၊ Envoy News ဂျာနယ် ၊ လျှပ်တပြက် ဂျာနယ်တို့ကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်းနှင့်စာပေစိစစ်ရေး မူဝါဒအချို့ကို ဖြေလျှော့ခြင်းများ အတွက် သတင်းလွတ်လပ်ခွင့်ကော်မတီက သတိကြီးစွာ ကြိုဆိုအပ်ကြောင်း ဒီမိုကရေစီပြုပြင် ပြောင်းလဲခြင်းနှင့်အချိုးညီစွာ ပေါ်ပေါက်လာရမည့် သတင်းလွတ်လပ်ခွင့်အတွက်အတားအဆီး သဖွယ်ဖြစ်နေသော The Voice Weekly နှင့် လျှပ်တပြက် ဂျာနယ်တို့အားတရားစွဲဆိုထားခြင်းများကိုလည်း အမြန် ရုတ်သိမ်းသွားမည်ဟုမျှော်လင့်ယုံကြည်ကြောင်း၊ ဆက်လက်၍ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြသည့် သတင်းမီဒီယာများ အပေါ် တရားစွဲဆိုခြင်းများနှင့် မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေ ၊ အီလက်ထရောနစ်အက်ဥပဒေကိုလည်း ဖျက်သိမ်းသွားရန် သတင်းလွတ်လပ်ခွင့်ကော်မတီက ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)က သြဂုတ်လ(၂၂)ရက်နေတွင် သတင်းထုတ်ပြန်လိုက်သည်။ မျိုးဇော် | ||
| အဆင့်မြင့်တက္ကသိုလ် (Centre of Execllence)များ တည်ထောင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်များ Posted: 23 Aug 2012 10:25 PM PDT နိဒါန်း ၁။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပံ္ပ၊ ကျောင်းများနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ပညာရည်မြင့်မားရေး ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ၀န်ကြီးရုံးတွင် ကျင်းပ ခဲ့ကြောင်းကို ၁၂-၈-၂-၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက် အရသိရှိရပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်တို့ကို အဆင့်မြင့် နည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များ (Centre of Excellence) များ အဖြစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖတ်ရှုလိုက်ရသဖြင့် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ ယခုဆောင်းပါးတွင် အဆိုပါ အဆင့်မြင့် တက္ကသိုလ်များ ဖွင့်လှစ်ပါက ဖြစ်နိုင်ခြေရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြသွားမည်ဖြစ်ပါသည်။ နောက်ခံအကြောင်းအရင်း ၂။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ်တွင်ပင် စက်မှုတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စက်မှုလက်မှု သိပ္ပံများကို အဆိုပါဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ တက္ကသိုလ်များ၊ ကောလိပ်များ ချဲ့ထွင်တည်ဆောက်ခဲ့ရာ ယခုအခါ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ် ၃၃ ခု၊ ကွန်ပျူတာတ္ကသိုလ် ၂၅ ခု၊ နည်းပညာကောလိပ်နှင့် စက်မှုလက်မှုသိပ္ပံများဖြင့် ပညာရေးဝန်ကြီးဌာနပြီးလျှင် ဒုတိယ မြောက် တက္ကသိုလ်ကောလိပ် အများဆုံး ၀န်ကြီးဌာနပင်ဖြစ်နေပြီဖြစ်ပါသည်။ သို့သော်လည်း ဖွင့်လှစ်ခဲ့သော တက္ကသိုလ်များမှာ အရည်အချင်းထက် အရေအတွက်များကိုသာ မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲရန် လိုအပ်လာခြင်းပင်ဖြစ်ပါသည်။ ယခုကဲ့သို့ အဆင့်မြင့်တက္ကသိုလ်များ (Centre of Execllence)များ တည်ထောင်ခြင်းသည်ပင် ယခင်စစ်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များသည် အဆင့်မမီခဲ့ကြောင်းကို ၀န်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။ ၃။ ထိုကဲ့သို့ဖြစ်ရသည်မှာလည်း ထိုအချိန်က အစိုးရအနေဖြင့် စဉ်းစားဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးဒေသကြီး ၂၄ တွင် နည်းပညာတက္ကသိုလ်တစ်ခု၊ ကွန်ပျူတာတက္ကသိုလ်တစ်ခု၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ရှိစေရမည်ဟူသော မူအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ Single Point of View တစ်ခုတည်းမှ စဉ်းစားခဲ့ခြင်းဖြစ်သဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ချွတ်ယွင်းအားနည်းချက်များဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပေသည်။ ထို့အပြင် တက္ကသိုလ်များအား မလိုအပ်ပဲ မြို့ပြင်သို့ ထုတ်ခဲ့ခြင်းကလည်း မလိုလားအပ်သော နောက်ဆက်တွဲ ပြသနာများစွာကို ဖြစ်ပေါ်စေခဲ့သည်ကို အားလုံး သိရှိပြီး ဖြစ်ပေသည်။ ထို့ပြင် တက္ကသိုလ်များကိုလည်း သွားရေးလာရေးလွယ်ကူမှု မရှိသော နေရာများသို့ပို့ထားပြီး သွားလာ ဆက်သွယ်ရေးကို အဆင်ပြေအောင် ဖန်တီးမပေးနိုင်ခြင်းကလည်း အရည်အသွေးကျဆင်းရခြင်း၏ အကြောင်းအရင်း တစ်ရပ်ပင်ဖြစ်ပေသည်။ တက္ကသိုလ်များ၏တည်နေရာနှင့် အရင်းအမြစ်များ ၄။ လက်ရှိ အဆင့်မြင့်တက္ကသိုလ်များ (Centre of Execllence)များအဖြစ် တည်ထောင်ဖွင့်လှစ်မည့် တက္ကသိုလ်များ၏ အောင်မြင်နိုင်မှု အလားအလာကို အဆိုပါတက္ကသိုလ်များ၏ တည်နေရာ၊ အဆောက်အအုံများ၊ လမ်းပန်း ဆက်သွယ်ရေးဖြည့်ဆည်းပေးနိုင်မှု၊ အခြားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုတို့ အပေါ် အခြေခံ၍ စဉ်းစားကြည့်မည် ဖြစ်ပါသည်။ (က) ရန်ကုန်နည်းပညာ တက္ကသိုလ် ရန်ကုန်နည်းပညာ တက္ကသိုလ်သည် တစ်ချိန်က နံမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်နေရာတွင်ဖွင့်လှစ်မည်ဖြစ်ခြင်း၊ အဆောက်အဦများ ပြည့်စုံလုံလောက်စွာရှိပြီးဖြစ်ခြင်း၊ အရည်အချင်းပြည့်ဝသော ဆရာဟောင်းများက ပြန်လည်ကူညီနိုင်ခြင်း၊ ကျောင်းသား၊ကျောင်းသူများအတွက်လည်း နေထိုင်စရာ အဆောင်များ ရှိပြီးဖြစ်ခြင်းတို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်ရန် အလားအလာကောင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် Capus Life Structure ကိုပေးနိုင်ရန် အလွန်ကောင်းသော အနေအထားလည်းဖြစ်ပါသည်။ သင်ကြားရေးစွမ်းအားဖြစ်သော ဆရာ၊ဆရာမများလည်း ပြည့်စုံသော အနေအထား တစ်ခုတွင် တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဖွဲ့စည်းပုံအင်အားပြည့် ဖြည့်တင်းနိုင်သော အနေအထားတွင် ရှိနေပါသည်။ (ခ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အနေဖြင့် ယခုလက်ရှိနေရာတွင် အဆင့်မြင့်တက္ကသိုလ် (Centre of Execllence)အဖြစ် ဆောင်ရွက်မည်ဆိုပါက ဖြစ်နိုင်ခြေ နည်းနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော တည်နေရာ အနေအထား၊ အခြေခံအဆောက်အဦလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးတို့သည် အဓိက ပြသနာပင်ဖြစ်ပေသည်။ ယခုလက်ရှိအနေအထားအရ စာသင်ဆောင်များနှင့် အောက်ခြေ၀န်ထမ်းများအတွက် ထရံကာသွပ်မိုးနေထိုင်ရာ တန်းလျားသာ ရှိနေသေးသည်ဖြစ်ရာ ရုံးဝန်ထမ်းများ၊ သင်ကြားရေးဝန်ထမ်းများ နေထိုင်ရန် ၀န်ထမ်းအိမ်ရာများ၊ ကျောင်းသားကျောင်းသူများအတွက် အဆောင်များ ဆောက်လုပ်ရန်လိုအပ်နေအုံးမည်ဖြစ်သည်။ Capus Life Structure ကိုပေးနိုင်ရန် မဖြစ်နိုင်သေးသည်ကို တွေ့ရှိရပေသည်။ ထို့ပြင် သင်ကြားရေးစွမ်းအားဖြစ်သော ဆရာ၊ဆရာမ အင်အားမှာ ပြည့်စုံသော အနေအထားတွင် မရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဖွဲ့စည်းပုံအင်အားပြည့် ဖြည့်တင်းနိုင်သော အနေအထားတွင် မရှိကြောင်းတွေ့ရှိရမည်ဖြစ်သည်။ (ဂ) မန္တလေးနည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်သည် တည်နေရာအနေအထားအရ မန္တလေးမြို့နှင့် အလှမ်းဝေးသည့်နေရာတွင် တည်ရှိနေသော်လည်း အခြေခံအဆောက်အအုံများ မှာမူ ပြည့်စံလုံလောက်မှု ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ Capus Life Structure ကိုပေးနိုင်ရန် အလွန်ကောင်းသော အနေအထားလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ အောင်မြင်နိုင်သော အနေအထားတွင်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ (ဃ) မန္တလေးကွန်ပျူတာတက္ကသိုလ် မန္တလေးကွန်ပျူတာတက္ကသိုလ်သည် တည်နေရာအလှမ်းဝေးနေသည်။ သို့သော် အဆိုပါတက္ကသိုလ်သည် အခြေခံအဆောက်အအုံအနေအထားမှာ Semi ပြည့်စုံသည်ဟု ဆို၍ ရပေသည်။ ၀န်ထမ်းအိမ်ရာများ သင့်တင့်စွာ တည်ရှိနေပြီးဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အဆောင် ဆောက်လုပ်ရန်သာ လိုအပ်မည်ဖြစ်သည်။ သို့သော သင်ကြားရေးစွမ်းအားဖြစ်သော ဆရာ၊ဆရာမများတွင် ပြည့်စုံမှု မရှိသည်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ထက်ပင် ဆိုးရွားသည်ကို တွေ့ရပါသည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် နှစ်ခုပေါင်းလျင်ပင် သင်ကြားရေးဌာနများ အမှန်အင်အားပြည့်ဖွဲ့စည်းပုံကို ရရှိနိုင်မည်မဟုတ်သည်ကို တွေ့ရမည်ဖြစ်သည်။ စုစုပေါင်း ပါမောက္ခ အရေအတွက်မှာ ဌာနအင်အား၏ ထက်ဝက်ခန့်သာ ရှိနေသည်ဖြစ်ရာ ပညာရှင်ခါးဆက်ပြတ်နေသည်ကို တွေ့ရပါသည်။ သတိထားချဉ်းကပ်သင့်သောအချက်များ ၅။ တက္ကသိုလ်များတွင် Capus Life Structure ကို ပေးနိုင်ခြင်းမရှိပါက ကျောင်းသာကျောင်းသူများအနေဖြင့် နံနက်ကျောင်းလာတက်၊ ညနေကျောင်းကပြန်သော အထက်တန်းကျောင်းသားဘ၀နှင့် ထူးခြားသာလွန်မှုမရှိသော အခြေအနေကြောင့် တက္ကသိုလ်ကျောင်းသားစိတ်ဓာတ်ကို ရရှိစေရန်ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် Capus Life Structure ကို မပေးနိုင်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် သွာလာရေးအတွက် အချိန်ကုန်နေမည်မှာလည်း မလိုလားအပ်သော အချိန်ကို ဖြုန်းတီးနေခြင်းပင်ဖြစ်ပေသည်။ ၆။ ထို့ပြင် အထူးသတိပြုရန်လိုအပ်သောအချက်မှာ ဤ Centre of Excellence များကို မည်မျှအချိန်ယူ၍ ပြင်ဆင်ခဲ့သနည်း ဆိုသည့်အချက်ကလည်းမေးခွန်းထုတ်ရန်လိုအပ်နေသည်ကိုတွေ့ရသည်။ ယခုပညာနှစ်တွင်ဖွင့်လှစ်မည် ကို တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်နိုင်ခြင်းမရှိပဲ နည်းပညာ တက္ကသိုလ်များဆိုလျှင် နောက်ဆက်တွဲစာရွက်ဖြင့်ထည့်ရခြင်း၊ ကွန်ပျူတာတက္ကသိုလ်များဆိုလျှင် စာအုပ်တွင်ပင် ပါဝင်ခြင်းမရှိပဲ နောက်ဆက်တွဲလျှောက်လွှာခေါ်ယူရခြင်းများသည်လည်း အဘယ်ကြောင့်ဖြစ်ရသည်ကို လေ့လာ ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုမရှိသော အစီအစဉ်အပေါ် လက်ခံယုံကြည်ရန်မှာ ခက်ခဲမည် ဖြစ်သည်။ ၇။ ထို့ပြင် အဆိုပါ Centre of Excellence တက္ကသိုလ်များတွင် အထူးပြုဘွဲ့များကိုပေးအပ်မည်ကို ဖော်ပြထားချက်များ ရှိရာ ထိုကဲ့သို့ အထူးပြုဘွဲ့များပေးအပ်နိုင်ရန် လုံလောက်သော သင်ကြားရေးဝန်ထမ်းအင်အား၊ ပြည့်စုံသောကျွမ်းကျင်မှု၊ ပြည့်စုံကောင်းမွန်သော သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့စမ်းသပ်ခန်းများ ရှိမရှိမှာလည်း အထူးမေးမြန်းရန် လိုအပ်နေသည်။ ထိုသို့ မဟုတ်ပဲ လုံလောက်သော အရင်းအမြစ်မရှိပဲဆောင်ရွက်ခြင်းဖြစ်ပါက အကျိုးမဲ့ဖြစ်မည်သာ ဖြစ်သည်။ သင်ကြားရေးဆိုင်ရာ ၀န်ထမ်းများကို အထူးပြုသင်ကြားမည့်ဘာသာရပ်အလိုက် ကျွမ်းကျင်အရည်အချင်းမည်မျှ ရှိသည်ကို မည်ကဲ့သို့အကဲဖြတ်မည်၊ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမည့် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်းစာအုပ်များကို မည်ကဲ့သို့သောစံများဖြင့် ပြုစုခဲ့ကြသည်ကလည်း တက်ရောက်မည့်ကျောင်းသားမိဘများ သိရှိလိုသောအချက်များဖြစ်နေသည်။ ထိုမေးခွန်း၏အဖြေကို တိကျစွာပေးနိုင်မည်ဆိုပါက အမှန်တကယ် အရည်အချင်း ရှိသော Centre of Excellence တက္ကသိုလ်များဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ယခု လက်ရှိသင်ကြား ပေးနေသော ဘာသာရပ်ကိုပင် ထိရောက်အောင်သင်ကြားပေးနိုင်ခြင်းမရှိသေးပဲ အထူးပြုဘာသာရပ်များကို ထပ်မံတိုးချဲ့သင်ကြားမည် ဆိုသည်မှာ လက်တွေ့မည်မျှဖြစ်နိုင်သည် ဆိုသည်ကို စဉ်းစားဆင်ခြင်ဖွယ်ပင်ဖြစ်ပေသည်။ လက်ရှိ အဆိုပါတက္ကသိုလ်များ သည် အစိုးရတက္ကသိုလ်များပင်ဖြစ်ရာ အထူးပြုဘာသာရပ်တိုးချဲ့သင်ကြားပါက လိုအပ်လာမည့် Facility အားလုံးကို ဖြည့်ဆည်းပေးနိုင်မှု ရှိ၊ မရှိ ဆိုသည်မှာလည်း အထူးစဉ်းစားအပ်သော အချက်ဖြစ်သည်။ ၈။ ထို့ပြင် အထူးသတိထားချဉ်းကပ်ရန်မှာ ၂၀၁၀ ပြည့်နှစ်တွင် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကောင်းဆုံး တက္ကသိုလ်အဖြစ်ရည်ရွယ်ဖွင့်လှစ်ခဲ့သော နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ၏ လက်ရှိ အဆင့်အတန်း အခြေအနေသည်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်အကောင်အထည်ဖော်မှုအရည်အချင်းကို မေးခွန်းထုတ်ဖွယ်ဖြစ်နေပေသည်။ အဆိုပါ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ပင် ထူးခြားသော အောင်မြင်မှု မရရှိသေးပဲ နောက်ထပ် Centre of Excellence တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိရန်လိုအပ်ပေသည်။ ထို့ပြင် ၁၉-၈-၂၀၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် Centre of Excellence တက္ကသိုလ်များအကြောင်းကို ဆောင်းပါးရေးသွင်းဖော်ပြလာသောအခါ ၁၉၉၇ ခုနှစ်တွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်စဉ်က ငါးနှစ်မှလေးနှစ်သို့ လျော့ချပြီး ဖွင့်လှစ်ရန်ခေါ်ဆိုစဉ်က ထိုအချိန်က နိုင်ငံပိုင် သတင်းစာများတွင် ငါးနှစ်မှ လေးနှစ်သို့လျော့ချ သော်လည်း စာသင်ချိန်များ ပိုမိုလာကြောင်းကို တွက်ချက်ကာ ဖော်ပြခဲ့ ဖူးသည်ကို သတိရမိပါသည်။ သို့သော် နောက်တစ်နှစ် ၁၉၉၈ တွင်မူ လေးနှစ်မှ သုံးနှစ်သို့လျော့ချခြင်း၊ ၁၉၉၉ ခုနှစ်တွင် အစိုးရကွန်ပျူတာကောလိပ်များဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) များကို သုံးနှစ်ဖြင့်အပ်နှင်းခဲ့သည်ကို သမိုင်းမှတ်တမ်းအဖြစ် ဖြောက်ဖျက်မရဘဲရှိနေသည်။ ယခုတစ်ဖန် ယခင်ပုံစံ အတိုင်းပင် တစ်ပုံစံတည်းဖြစ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ စိတ်ချယုံကြည်နိုင်ရန်မှာ အလွန်ပင် ခက်ခဲနေမည် ဖြစ်သည်။ ၉။ ထို့အပြင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် မြောက်များစွားကို နေရာအနှံ့ဖွင့်လှစ်ခဲ့ခြင်း၏ မူလ ရည်ရွယ်ချက်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက "ယခုအချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုစလုံးတွင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို နိုင်ငံတော် အစိုးရက ဖွင့်လှစ်တည်ထောင် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဘဏ္ဍာငွေကြေးများစွာအကုန်အကျခံပြီး တက္ကသိုလ်/ ကောလိပ်များကို နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးရသည့် အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ နယ်မြေဒေသ အသီးသီးတွင် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အနှံ့မှ တိုင်းရင်းသားလူငယ်များ အနေဖြင့် မိမိရပ်ရွာဒေသအတွင်း၌ပင် မိဘဆွေမျိုးများနှင့် မခွဲမခွာ ပညာဆက်လက်ဆည်းပူးနိုင်ကြစေရန် ဖြစ်ပါကြောင်း" ဖြင့် ၂၁-၉-၂၀၁၁ ရက်နေ့က ကျင်းပသော ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၂)ရက် မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးအောင်ချစ်လွင်၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့ရာ ယခု Centre of Excellence ဆောင်ရွက်ချက်သည် ဤ မူလရည်ရွယ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကိုလည်း ပြန်လည်ဆန်းစစ် သင့်ပေသည်။ ၁၀။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၁၅-၂-၂၀၁၂) တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အဆင့်မြင့်ပညာရေး ကဏ္ဍ၏ တက္ကသိုလ်များအား သီးခြားလွတ်လပ်သည့် ကိုယ်ပိုင်စီမံခန့်ခွဲမှု (Autonomony) ရှိသော အစိုးရတစ်ပိုင်း အဖွဲ့အစည်း(Agency)များအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်မည့် ဥပဒေ(Statute Law)ပြဋ္ဌာန်းပေးရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေးက အဆိုရှင်တင်သွင်းသည့် Statute Law ပြဋ္ဌာန်းရန် အချိန်စောလွန်း သေးပါကြောင်းဖြင့် တင်ပြခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသည့်အတွက် အဆိုအတည်မဖြစ်ကြောင်းနှင့် အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်းဆုံးဖြတ်ခြင်းခံခဲ့ရခြင်း၊ ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို က အမျိုးသား တက္ကသိုလ် (National University ) ဥပဒေ ပြဋ္ဌာန်းတည်ထောင်ဖွင့်လှစ်ရန် အဆိုတင်သွင်းခဲ့သော်လည်း ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် အဆို အတည်မဖြစ်ကြောင်းနှင့် လွှတ်တော်က အဆိုကိုမှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရခြင်းများ ရှိခဲ့သော်လည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(၁၈)ရက်မြောက်နေ့ (၃၁-၇-၂၀၁၂) တွင် တက္ကသိုလ်ပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ကန့်ကွက် ဆွေးနွေးခဲ့ပြီး ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို က ကန့်ကွက်မှုကိုထောက်ခံခဲ့ကာ ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင်လည်း တက္ကသိုလ်များကို ၀န်ကြီးဌာနများ၏ သြဇာအာဏာ အောက်တွင် ထားရှိခြင်းမရှိမှသာ ခေတ်နှင့်လျော်ညီသော လွပ်လပ်သည့်တက္ကသိုလ်များဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က "၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်း ဆွေးနွေးခြင်းအား ရွှေ့ဆိုင်းပေးရန်" အဆိုကိုတင်သွင်းခဲ့ရာ ဥပဒေကြမ်းဆွေးနွေးခြင်းကို ရွှေ့ဆိုင်းခဲ့ပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအရ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပြီး ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရန်နှင့် တင်ပြချက်အပေါ်မူတည်ပြီး လွှတ်တော်၏ ဆန္ဒရယူ၍ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်ဖြစ်ရာ အဆိုပါတက္ကသိုလ်ဥပဒေပေါ်ထွက်လာပါက လက်ရှိအနေအထားနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည် ကိုလည်း ကြိုတင်စဉ်းစားစီစဉ်ထားခြင်း ရှိ၊မရှိဆိုသည်ကလည်း အရေးပါပေသည်။ ၁၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့ (၈-၈-၂၀၁၂)ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်က မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဆောင်များဖွင့်လှစ်ထားရှိပြီး အဆောင် နေခွင့်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းရာ ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက နိုင်ငံတကာတက္ကသိုလ်များတွင်လည်း တက္ကသိုလ်တိုင်း၌ အဆောင်များ မရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ အဆင်ပြေမည့်တက္ကသိုလ်များတွင် အဆင်ပြေမည့်အချိန်၌ အဆောင်များထားရှိရန် သင့်လျော်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသဖြင့် ယင်းအဆိုအား လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ထိုမျှသာမက ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(၂၈)ရက်မြောက်နေ့ (၁၆-၈-၂၀၁၂) တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ငြိမ်းက "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတစ်ဝန်းလုံး၌ ပညာရေးကဏ္ဍတွင် ဟန်ချက်ညီစွာ တစ်ပြေးညီ ပညာသင်ကြားလေ့လာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရေး အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုကို တင်သွင်းထားသည်ဖြစ်ရာ ယခု ဆောင်ရွက်ချက်များသည် ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များက လက်ခံနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။ ၁၂။ အဓိကစဉ်းစားရန်လိုအပ်သည့်အချက်မှာ (Centre of Excellence) အဖြစ်ဆောင်ရွက်ခြင်းသည် လုပ်ငန်းစဉ်အားဖြင့် ကောင်းမွန်သည်မှာ မှန်ကန်သော်လည်း မိမိတို့၏လက်ရှိပကတိ အရှိတရားအခြေအနေကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ် နေသည်မှာလည်း အမှန်ပင်ဖြစ်နေသည်မှာ မည်သို့မှ ငြင်းဆို၍ မရခြင်းပင်ဖြစ်သည်။ အဆိုပါတက္ကသိုလ်များတွင် တစ်နိုင်ငံလုံးးအတိုင်းအတာအရ ကျောင်းသားများကိုလက်ခံဆောင်ရွက်မည်ဖြစ်သဖြင့် ရပ်ဝေးဒေသမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်စီစဉ်ပေးနိုင်ခြင်းရှိမရှိ၊ မည်ကာမတ္တ အဆောင်ပေးခြင်းကိုတော့ မည်သို့မျှ လက်ခံ၍ ရမည်မဟုတ်သော်လည်း လက်ရှိအနေအထားအရ ယခင်ကကဲ့သို့သော ဘော်ဒါဆောင်များထားပေးရန်မှာလည်း လွယ်ကူပေမည် မဟုတ်သေးသည်ကိုလည်း လက်ခံရမည်ဖြစ်သည်။ လွှတ်တော်အသီးသီးက ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အားသွန်ခွန်စိုက်စီစဉ်နေချိန်တွင် ၀န်ကြီးဌာန အနေဖြင့် မိမိသဘောဆန္ဒတစ်ခုတည်းဖြင့်ဆောင်ရွက်နေခြင်းမှာလည်း သင့်တော်ခြင်း ရှိ၊ မရှိ စဉ်းစားခြင့်ချိန်ရန်လိုအပ် နေပေသည်။ ရွာလွန်ရွက်တိုက်မဖြစ်စေရန်မှာ ယခုအချိန်တွင် အလွန်အရေးကြီးသောအချိန်ဖြစ်ပေသည်။ ၁၃။ Hote News ဂျာနယ် အတွဲ-၃ အမှတ်-၁၀၂ ပါ ဆောင်းပါးရှင် သပြေညို(မိန်းမလှကျွန်း)၏ သဲထဲရေသွန် ဖြစ်ကြတော့မှာလား ဆောင်းပါးကလည်း ပညာရေးကိစ္စများကိုဆောင်ရွက်ရာတွင် စဉ်းစားစရာ အချက်များကို ထောက်ပြထားပါသည်။ နိဂုံး ၁၄။ သို့ဖြစ်ရာ ယခု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကဆောင်ရွက်မည့် အဆင့်မြင့်တက္ကသိုလ်များ (Centre of Excellence) စီမံကိန်းများ မည်မျှအထိ အောင်မြင်မှုရရှိမည်ဆိုသည်ကို ယင်းဝန်ကြီးဌာန၏ ယခင်က ဆောင်ရွက်ချက်သမိုင်း မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်ချက်များ၊ နောင်ဆောင်ရွက်မည့်အနေအထားများကို အောက်ပါအခြေအနေများအပေါ် • သင်ကြားရေးအတွက် ဆရာ၊ ဆရာမအင်လား လုံလောက်နေပြီလား၊ သင်ကြားရန် အသင့်အနေအထားဖြစ်ရဲ့လား • သင်ကြားမှုအတွက်လိုအပ်သည့် အထောက်အကူပြုနိုင်မည့် အထောက်အကူပစ္စည်းများ ပြည့်စုံစွာရရှိရန် စီမံထားရှိပြီးပြီလား • သင်ကြားရမည့်အကြောင်းအရာ၊ သင်ရိုးများ မည်မျှအထိ ချမှတ်ဆောင်ရွက်ပြီးပြီလဲ • မူဝါဒများကော ခိုင်မာစွာချမှတ်မှုရှိသလား • သင်ယူမှုအပေါ်သက်ရောက်မှုနှင့် အောင်မြင်မှုမည်မျှရှိနိုင်မည်နည်း • စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်မည်သို့စီမံဆောင်ရွက်ထားသလဲ • ရန်ပုံငွေသုံးစွဲမှုနှင့် ထောက်ပံ့ဖြည်းဆည်းပေးနိုင်မှုကော သေချာရဲ့လား • ယခုဆောင်ရွက်ချက်သည် ပွဲပြီးမီးသေလား၊ Sustainable ဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း ဟူသောအချက်များကို အခြေခံကာ စောင့်ကြည့်လေ့လာရန်သာ ဖြစ်တော့သည်ကို ဖော်ပြလိုက်ရပါသည်။ | ||
| ကန့် ကွက်ခံရတဲ့ သမ္မတ ၏ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သုံးသပ်ချက် (၉)ချက် Posted: 23 Aug 2012 09:54 PM PDT သမ္မတ၏ သဝဏ်လွှာနဲ့အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းထဲမှာ ရခိုင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အချက် ၉ ချက် ပါတဲ့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ကန့်  ကွက်ထားပါတယ်။ ကန့် ကွက်ခံရတဲ့ သမ္မတ၏ သုံးသပ်ချက် မူရင်း ကို ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ | ||
| တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း အကြောင်း ဆွေးနွေးပွဲ Posted: 23 Aug 2012 09:05 PM PDT ပြင်ဦးလွင်မှာ များစွာသော တရုတ်တွေဟာ မြန်မာနာမည်နှင့် မြန်မာ မှတ်ပုံ တင်တွေ ရရှိကြတယ်။ ဒါကြောင့် တရုတ်ပြည်မှတ်ပုံတင်ရော၊ မြန်မာနိုင်ငံ သား မှတ်ပုံတင်ရော နှစ်ခုစလုံး လက်ဝယ်ရှိတယ်။ မြန်မာနိုင်ငံ၏ အပြောင်း အလဲ အရ တရားဝင် လုပ်ဆောင်နိုင်မူ ပိုမိုများပြားလာပြီဖြစ်သည်။ ဗမာစကားမပြောနိုင်ပေမယ့် ဗမာတစ်ယောက်လိုပဲ အားလုံးကို လုပ်ကောင်နိုင်တာ တွေ့ရမယ်။ မြန်မာနိုင်ငံရဲ့ ရွှေတွေမှာ တရုတ်တွေ လက်ဝါးကြီးအုပ်နေသည်း ရန်ကုန်ရွှေဆိုင်များသည် တရုတ်လူမျိုးများ ပိုင်နေသည်ကို တွေ့ရသည်။ ရမည်းသင်းမိုးထိမိုးမိ ဒေသမှ တရုတ် လူမျိုးစစ်တွေဟာ မှတ်ပုံတင်တွေကိုင်ပြီး အဲဒိမှာ အလုပ်လုပ်နေကြ တာကို တွေ့ရတယ်။ ဆွေးနွေးပွဲ အပြည့်အစုံ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ
| ||
| မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအား ဖမ်းစားနေမှု မြန်မာသံရုံး အရေးယူသင့် Posted: 23 Aug 2012 08:58 PM PDT သြဂုတ်လ(၂၂)ရက်နေ့ က စူရတ်ဌာနီမှ ဘန်ကောက်သို့ အလုပ်သစ်ရှာရန် တက်လာကြသည့် ပတ်စပို့ ကိုင်ဆောင်ထားသည့် ပန်းရံအလုပ်သမား ကိုလှဖြူ နှင့် မမြင့်မြင့်ခိုင် တို့ ဇနီးမောင်နှံ တို့အား နံက်၈နာရီခန့်က မဟာချိုင် ကားမှတ်တိုင် တွင် ကားစောင့်နေစဉ် မဟာချိုင် ပုလိပ်များက လေးထပ် ပုလိပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ရဲစခန်းတွင် နံနက် ထမင်းမစားရရုံးသာမက ရေမျှပင် မသောက်ခဲ့ရကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကချင်ပြည်နယ် ဖားကန့် မှာ မြန်မာစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား Posted: 23 Aug 2012 09:23 PM PDT ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တွင်းဒေသမှာ 22.8.2012 နေ့က မြန်မာအစိုးရ တပ်နဲ့  KIA ကချင်လွတ်မြောက်ရေး တပ်မတော် တို့ ဖားကန့် မြို့ နယ် ဝှေခါ ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ် ။ တိုက်ပွဲံကြောင့် နှစ်ဘက်အကျအဆုံးကို မသိရပေမဲ့ အရပ်သားငါးဦးခန့့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့-- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး Posted: 23 Aug 2012 09:30 PM PDT လူမှုဆက်ဆံရေး ကွန်ယက် အင်တာနက် စာမျက်နှာ တခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစု တင်းမာမှုတွေကို နောက်ထပ်မီးထိုး ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူ လုပ်ဆောင်မယ်လို့ အိန္ဒိယ အစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။-- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ရခိုင်အရေး ဒလိုင်လားမား စိုးရိမ် Posted: 23 Aug 2012 09:35 PM PDT
ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


























