Popular Myanmar News Journal:
ပြင်သစ်နိုင်ငံ ပါရီမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီး ကို သြဂုတ်လ ၄ရက် က ဖွင့်လှစ် ခဲ့သည်။
ကျောင်းတော်ကြီး ဖွင့်ပွဲ အခမ်းအနား ကို နိုင်ငံတော် သံဃာ မဟာနာယ အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင်ကြွရောက် ချီးမြှင့်၍ ကျောင်းရေစက်ချ အနုမောဒနာတရား ဟောကြားတော်မူခဲ့သည်။
ထို ဖွင့်ပွဲ ကို ပြင်သစ်နိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် မြန်မာသံရုံး ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန မှဒုတိယ ညွှန်ချုပ် ဦးအောင်သိန်းညွှန့် နှင့် ပြင်သစ် ရောက်မြန်မာလူမျိုးများ၊ ပြင်သစ်လူမျိုးများ၊ အလှူရှင်များ စုစုပေါင်း ပရိသတ် (၇၀)ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံရှိ မြန်မာ ကျောင်းတော်ကြီးသည် ပေ ၁၀၀ * ပေ ၄၀ ခြံအကျယ် အဝန်းရှိ၍ ၄ထပ်အဆောက်အဦးဖြစ်ကာ ယူရိုငွေ ငါးသိန်းနှစ်သောင်း နှင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံတွင် မြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေး အတွက် ရန်ကုန်မြို့ ဗဟန်း (၃)လမ်း တွင် အလှူခံဌာန မှတဆင့် အများပြည်သူ စုပေါင်း လှူဒါန်းငွေမှာ ယူရိုငွေ လေးသိန်းကျော် ရရှိခဲ့သည်။
ပြင်သစ်နိုင်ငံရှိ မြန်မာကျောင်းတော်ကြီး အတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက သည် ကျပ်သိန်း (၁၂၀) လှူဒါန်းခဲ့ပြီး၊ ကျောင်းဖွင့်ပွဲ အခမ်းအနား၌ ပြင်သစ် မြန်မာကျောင်းတော်ကြီးတွင် ကြွရောက်သီတင်းသုံးကာ ပညာသင်ကြားကြမည့် မြန်မာ ရဟန်းတော်များ အတွက် ပညာရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ($ 5000) ကိုလည်း လှူဒါန်းသွားခဲ့ကြောင်းသိရသည်။
ပြင်သစ် မြန်မာကျောင်းတော်ကြီးကို ရန်ကုန်မဟာစည်ရိပ်သာ မှ ကျွန်းနံသာ အရှင်နန္ဒသီရီ ဆရာတော် မှဦးဆောင် ၍တည်ထောင်ခဲ့ခြင်းဖြစ်သည်။
နေလင်း (shweparami.net)
(Sent via Seesmic http://www.seesmic.com)
--
Posted By အောင်မျိုးကျော် to Richard Aung at 8/25/2012 03:59:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ