Eleven Media Group
ပည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိလာသဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က "ယနေ့ အစည်းအဝေးမှာ အစီအစဉ် ၆ ကို ကန့်ကွက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ရွှေ့ဆိုင်းပါတယ်"ဟု ပြောကြားခဲ့ပါသည်။
ထိုသို့ ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကန့်ကွက်တဲ့ အထဲမှာ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါတယ်။ ကျွန်တော်တို့က အခုဆို စုံစမ်းစစ်ဆေးရေး လွတ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပြီးပြီ။ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာ မှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာ ပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့ အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။ ဥပမာ ဆိုပါတော့ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေး သမားတွေရဲ့ နေရာကို ရခိုင် တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ် ဆိုတာက ရခိုင်လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ်တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယုဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လိုအချောင် ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလိုကောက်ချက် ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလို ပြည်ထောင်စုလွှတ်တော်လို ဟာမျိုးမှာ ဒီလိုသုံးသပ်ချက် မပါသင့်ဘူး။ နောက်တစ်ခုက နိုင်ငံရေး ပါတီတွေ၊ သံဃာတော်တွေ၊ တချို့ ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေးစိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ် ထားတာရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ် သေးဘူးလို့မြင်တယ်။ ဘယ်လို အထောက်အထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ပြောပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက "သမ္မတကြီးရဲ့သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်။
--
Posted By အောင်မျိုးကျော် to Richard Aung at 8/25/2012 11:21:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ