မလေးရှားနှိုင်ငံတွင် မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့်
ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ထားရာမှ သေဆုံးသွာသူ
ရခိုင်လူငယ် တစ်ဦ၏ အသုဘကို သြဂတ်စ်၂၉ ရက်နေ့က မလေးတွင်
သင်္ဂြိုလ်ခဲ့ကြောင်း သတင်း ရရှိသည်။
" သူ့ကို ဂျိုးဟိုး ဆေးရုံးကြီးမှာ အတွင်းလူနာ အဖြစ် နှစ်လကျော် ဆေးရုံ
တင်ထားရာကနေ သြဂတ်စ်လ ၂၄ ရက်နေ့မှာ ဆုံးသွားပါတယ်။ သြဂတ်စ်လ ၂၉
ရက်နေ့မှာတော့ ဒီဂျိုးဟိုး မှာဘဲ သဂြိုလ်လိုက်ပါတယ်" ဟု သူ၏ မိတ်ဆွေ
တစ်ဦးဖြစ်သူ ကိုထွန်းဝင်းက ပြောသည်။
မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် သေဆုံးသွားသူမှာ
ရခိုင်ပြည်နယ် သံတွဲမြို့ နယ် စပါးတန် ကျေးရွာမှ ဦးဖြူလှအောင်၏ သား
အောင်ဇော်မိုး အသက်၂၄ ဖြစ်သည်။
" ဖြစ်တာက ၆ လ ပိုင်း ၁၁ ရက် နေ့ မှာ ဖြစ်တာပါ။ ဂျိုဟိုပြည်နယ်
ကိုတာသိမ်ဂိမ်က အိမ်မှာ နေနေတဲ့ အချိန်မှာ ပထမတော့ လူနှစ်ယောက်
ကျနော်တို့  နေတဲ့ အိမ်ကို တံခါး လာခေါက်ပါတယ်။ မြန်မာ လူမျိုးပါဆိုပြီး
ရခိုင်လို အေးအေးဆေးဆေးပြောပြီး အိမ်ထဲကို ၀င်လာ ပါတယ်။ အိမ်ထဲမှာ စကား
ပြောချင်ပါတယ်- ၀င်ပါရစေနော်ဆိုပြီး ပြောပါတယ် ။ စကားတွေ ပြောရင်းနဲ့ 
တစ်ယောက် က အိမ်သာသွားချင်တယ်ဆိုပြီး အိမ်သာထဲ ၀င်သွားပါတယ်။
အိမ်သာထဲကနေ ဖုန်းခေါ်သံ ကြားရ ပါတယ်။ သိပ်မကြာပါဘူး။ လူအုပ်စု တစ်စု
ရောက်ရှိလာပြီး. တုတ်တွေ ဓါးတွေနဲ့ ကျနော်တို့ကို စတင် တိုက်ခိုက်ပါတယ်။
အခန်းထဲမှာ ရှိတဲ့ လူတွေ အကုန်ဝင် ရိုက်ပါတယ်။ မင်းတို့  ရခိုင်တွေ ကို
အကုန် အပြတ် ရှင်းမယ်ဆိုပြီး အကုန်ရိုက်သတ်ပါတယ်။ ကိုအောင်ဇော်မိုး
အပါအ၀င် သုံးယောက်ကတော့ အပြင်းအထန် ဒဏ်ရာရှိသွားခဲ့ပါတယ်″ ဟု
ကိုထွန်းဝင်းပြောသည်။
သူတို့အထဲမှကိုအောင်ဇော်မိုးနှင့် နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့်
ဂျိုဟိုပြည်နယ် ဆေးရုံကို တင်ပို့ခဲ့ရာမှ ကိုအောက်ဇော်မိုးမှာ
ဒဏ်ရာပြင်းထန်သဖြင့် နှစ်လကျော်အကြာ သြဂတ်စ်လ ၂၄ ရက်နေ့က
သေဆုံးသွားခြင်း ဖြစ်သည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ