[mrsorcerer:30424] အစ္စလာမ့်အကြောင်း မကောင်းပြောကြတာ တွေကြားရင်း...

အစ္စလာမ့်အကြောင်း မကောင်းပြောကြတာ တွေကြားရင်း လေ့လာမိတော့မှ မွတ်စလင် ဖြစ်လာ သူလေး


အစ္စလာမ် မကောင်းပြောကြတာတွေကြားရင်း လေ့လာမိတော့မှမွတ်စလင် ဖြစ်လာ သူလေး ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အစ္စလာမ်အပေါ် နားလည်မှုလွဲမှားကြတာ၊ အစ္စလာမ်အပေါ် ခေါက်ရိုးကျိုး အမြင်တွေ နဲ့ ထင် မြင် ယူ ဆမှုတွေဟာ ဂျကူလန် ဟာပါးလ်အတွက်တော့ ကောင်းချီးမင်္ဂလာ တွေဖြစ်ခဲ့ပါပြီ။ "အစ္စလာမ်နဲ့ ပတ်သတ်လို့ မကောင်းသတင်တွေကို ကြားမိရက အစ္စလာမ်ကို လေ့လာချင်ရ တဲ့အဓိက အကြောင်းပါ "လို့ ဟာပါးက စကားဆိုပါတယ် ။သူဟာ ယခင်က Lutheran Church ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ အစ္စလာမ်နဲ့ ပတ်သက်တဲ့ မဟုတ်မမှန် မကောင်း သတင်းတွေက သူအနေနဲ့ အစ္စလာမ်ဆိုတာ ဘာလဲလို့ လေ့လာချင်စိတ်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ်။ "ကျွန်မ ( အစ္စလာမ့်ရေးရာစာအုပ်တွေဖတ်ပြီးတဲ့နောက် လေ့လာပြီးတဲ့နောက်မှာ အစ္စလာမ်မှာ ) လူပြောသူပြောများနေတဲ့မကောင်း တဲ့အရာ ဆိုလို့ လုံးဝမတွေ့မိပါဘူး ။အမျိုးသမီးတွေနဲ့လည်းမှန်ကန်တဲ့ဆက်ဆံရေးရှိ သားပါပဲ "ဟု ဟာပါးလ်က သူလေ့လာမိသမျှကိုရိုးရိုးသားသား ပြောလိုက်ပါတယ်။

မကြာသေးမီက အမေရိကန် လေ့လာရေးအဖွဲ့တစ်ခုရဲ့အဆိုရ အမေရိကန်အများစုက အစ္စလာမ်နဲ့ပတ်သက်လို့ အနည်းငယ်မျှသာ သိရှိနေကြပြီး အဆိုးမြင်မှုလည်းရှိနေပါတယ်။
ဒီအရေအတွက် ၇သန်းကျော်ရှိတယ်တဲ့။ ပျူး သုသေတန အဖွဲ့ လေ့လာချက်တွေအရလည်း အမေရိကန်လူအဖွဲ့အစည်းဟာ မီဒီယာတွေရဲမှိုင်းမှုအများဆုံးခံရပါတယ်။ URJ လို့ခေါ်တဲ့ အမေရိကန်ရဲ့အကြီးဆုံး ဂျုးအမျိုးသားရေးလှုပ်ရှားမှုအသင်းကြီး ကိုယ်တိုင်က အမေရိကန်မီဒီယာ တွေနဲ့ နိုင်ငံရေးသမားတွေဟာ အစ္စလာမ်အပေါ် ဘီလူးမျက်နှာဖုံးစွပ်ပေးပြီး မွတ်စလင်တွေကို မကောင်းဆိုးဝါးမိစ္ဆာ တွေအဖြစ်မြင်အောင် လုပ်ထားတယ်လို့ ထောက်ပြထားပါတယ်။

ဒါပြင် အမေရိကန်မှာ နာမည်ကြီးကပညာ၇ရှင်တစ်ဦးဖြစ်တဲ့ Steven Schwartz ကလည်းအနောက်တိုင်းမီဒီယာ တွေဟာ ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အစ္စလာမ်ဘက်က ပြန်လည်ဖြေရှင်မှုတွေကို ဖေါ်ပြပေးဖို့ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဒီလိုမျိုးအခြေနေကြားထဲက အသက် ၂၅နှစ်အရွယ် ဟာပါလ်း ဟာ အစ္စလာမ်ကို လက်ခံလာသူဖြစ်ခဲ့ပြီး မွတ်စလင်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ချက်က ပဲ သူမကို ပိုကောင်းမွန်တဲ့ဘ၀ကို ရောက်စေခဲ့ပါပြီး လို့ ဟာပါလ်းက ဆိုပါတယ်။

သူကအစ္စလာမ့်အသိပညာဗဟုသုတတွေကိုပိုသိလိုတဲ့အတွက် North Austin Muslim Community Center မှာ အစ္စလာမ်ကိုလေ့လာလိုသူအမျိုးသမီးတိုင်းအတွက် ဖွင့်လှစ်တဲ့ ၂လသင်တန်းကိုလည်းတက်ရောက်သင်ယူခဲ့ပါတယ်။ ဒီသင်တန်းမှာ ဆွီယာမ်၊ အခြေခံယဉ်ကျေးမှုသမိုင်း၊ ၀တ်စားဆင်ယင်မှု ၊ ထိမ်းမြားလက်ထပ်ခြင်း စတဲ့အကြောင်း အရာတွေကို သင်ယူခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ ဟေဂျာဘ် ၀တ်ရင် ဘ၀သစ်နဲတဖြည်းဖြည်း အသားကျလာပြီးလို့ ဆိုပါတယ်။ "ကျွန်မ အများကြီးပိုကောင်းလာတယ်လို့ ခံစားမိတယ်။ ကိုယ်က ကောင်းတဲ့အရာတစ်ခုကို လုပ်နေရင် အဲဒီအရာက ကိုယ့်ကို မှန်ကန်တဲ့ လမ်းဆီကို ခေါ်သွားပြီ ကိုယ့်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် လုပ်ပေးပါတယ်" လို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

လင့်က ဒီမှာပါ။

http://muslimtime.wordpress.com/2011/04/28/%E1%80%A1%E1%80%85%E1%81%A5%E1%80%9C%E1%80%AC%E1%80%99%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9/

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ