Re: [mrsorcerer:28932] [Richard Aung] AIO အဖွဲ့ဝင်ဟောင်း တစ်ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကွယ်လွန်

နောက်ကြောင်းပြန်လှည့်ဖို့တော့ မရှိဘူးထင်ပါတယ်... လက်ရှိစစ်တပ်ရဲ့ နေထိုင်ပုံက သီးသန့်အာဏာကိုထိန်းထားတဲ့အဖွဲ့အစည်းအသွင်နဲ့ ဆက်သွားနေတာကို တွေ့နေရလို့ပါ... လက်ရှိသွားနေတဲ့ပုံစံက အစိုးရဘက်ကကြည့်ရင် ဒီလိုအရေးအခင်းအပေါ်မှာ International မှာ Image မထိအောင်ဘယ်လိုလုပ်ရမလဲ မသိသလိုဖြစ်တာပါ... Rule of Law ကိုတကယ်ကိုင်ချိန်မှာ ဒေသခံတွေနဲ့ အစိုးရနဲ့ဝေးကွာနေပါတယ်... ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စကားပြောတဲ့အခါ ပါးနပ်မှုမရှိတာကိုတွေ့ရပါတယ်... နောက်တစ်ချက်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ပွင့်လင်းမြင်သာမှုအားနည်းတာပါ... ကျနော်သာဆိုရင် BBC တို့ RFA တို့ DVB တို့က ရိုဟင်ဂျာကို မြန်မာအစိုးရကနှိပ်စက်ပါတယ် အနိုင်ကျင့်ပါတယ်အော်တာနဲ့ အခင်းဖြစ်ပွါးရာဒေသကို ခင်ဗျားတို့သတင်းထောက်တွေလွှတ်လိုက်ပါလို့ ပေါ်တင်ကမ်းလှမ်းမှာပါပဲ... ဒီလိုအခက်အခဲမျိုးက အရင်အစိုးရတွေကြုံဖူးတာပါပဲ... ဒါပေမဲ့ အဲ့ဒီတုန်းကတော့ စစ်တပ်အင်အားနဲ့ လုပ်ချင်သလိုလုပ်ပြီး မောင်းထုတ်လိုက် ပြန်ခေါ်လိုက်လုပ်ခဲ့တာ အခုက ဒီမိုကရေစီအစိုးရအနေနဲ့ နိုင်ငံတကာမှာ မျက်နှာရဖို့အတွက် အစိုးရအနေနဲ့ အများကြီးလျှော့ပေါ့ကိုင်တွယ်တယ် အကာအကွယ်ပေးတယ်လို့ သတ်မှတ်လို့ရပါတယ်... ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးနဲ့ မျှတတဲ့ တရားစီရင်ရေးပုံစံက Stable မဖြစ်သေးတော့ အဲ့ဒီအချက်က လုံခြုံရေးကိုပြန်ထိခိုက် အဲ့ဒီမှာ လုံခြုံရေးကပြန်ကိုင်ထားရ ... လုံခြုံရေးဆိုင်ရာအချက်အလက်တွေကြောင့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဖို့က ခက်ခဲဆိုပြီး မုန့်လုံးစက္ကူကပ်နေတာပါ... 

မပြောမပြီးဆိုပေမဲ့ RNDP နဲ့ညှိပြီးလုပ်ရတာကလည်း အခက်အခဲအများကြီးရှိပါတယ်... အခုဆိုရင် စစ်တပ်က တော်တော်လေးတိုင်ပတ်နေတာပါ... လုံခြုံရေးကို အနီးကပ်ပေးပြန်ပြီးတင်းကျပ်ပြန်တော့လည်း ချုပ်ချယ်တယ်ဆိုကြပြန်ရော... လုံခြုံရေးအရ ဘင်္ဂါလီတွေရန်ပြုလို့ ရခိုင်တွေကို သွားပြီးအကာအကွယ်ပေးရရင် ရခိုင်နဲ့ပေါင်းပြီးစစ်တပ်က ရိုဟင်ဂျာဒုက္ခပေးတယ်ဖြစ်လိုဖြစ် ရခိုင်ကရန်ပြုလို့ ရိုဟင်ဂျာ/ဘင်္ဂါလီကိုသွားပြီး အကာအကွယ်ပေးရင် ရခိုင်ကို စစ်တပ်က ရိုဟင်ဂျာနဲ့ပေါင်းပြီးအနိုင်ကျင့်တယ်ဆိုပြန်ဆိုဖြစ်နေတာပါ... နောက်တစ်ချက်က ဒုက္ခသည်တွေကိုရော လူထုထဲမှာပါ မွတ်ဆလင်ဆိုတာနဲ့ အစစအရာရာဖြတ်တောက်ဖို့ RNDP ကဖိအားပေးလာတာပါ... ပြည်တွင်းဒုက္ခသည်အကူအညီပေးရေးအစီအစဉ်မှန်သမျှကို RNDP ကထိန်းချုပ်ထားပြီး စစ်တွေ၊ မောင်းတော အစရှိတဲ့အရပ်ဒေသက မွတ်ဆလင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာဖြတ်တောက်ရေး/ထိန်းချုပ်ရေးလုပ်ဆောင်လာတာပါ... ဒီလောက်ပဲလားဆိုတော့ UN နဲ့ NGO တွေက ဒီဘင်္ဂါလီ/ရိုဟင်ဂျာတွေကို အဓိကအကူအညီပေးတယ်ဆိုပြီး နယ်မြေဝင်ရောက်ခွင့်ကို ပိတ်ပစ်ဖို့ အစိုးရကိုပါဖိအားပေးလာတာပါ... ဒီလုပ်ရပ်တွေက ထိန်းချုပ်နိုင်ပြီးသား လုံခြုံရေးအခြေအနေတွေကိုပါ ထိန်းချုပ်ရခက်ခဲတဲ့အနေအထားဆီပြန်သွားစေတယ်... ဒါ့အပြင် ဒုက္ခသည်စခန်းမရောက်သွားတဲ့ မွတ်ဆလင်တွေကိုလည်း နေထိုင်ရာအရပ်ဒေသမှာတင် ဖြတ်တောက်ရေးစီမံကိန်းသဘောမျိုးလုပ်လာတာပါ... တလောက စစ်တွေမြို့ထဲမှာ နောက်ဆုံးကျန်နေတဲ့မွတ်ဆလင်ရပ်ကွက်ဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်ကလူတွေကို မြို့ပြင်က ဒုက္ခသည်စခန်းတွေကို အတင်းအဓမ္မမောင်းထုတ်ခဲ့တယ်... အခု မနေ့ညက အဲ့ဒီရပ်ကွက်ကိုဖျက်ပြီ... ဒီနေ့သွားကြည့်ရင် မြေပြန့်လွင်ပြင်ကြီးပဲတွေ့ရလိမ့်မယ်... ကွင်တာနားလာတုန်းကလည်း ဖျက်ထားတဲ့နာဇီရွာကိုလိုက်ပြတယ်... ဥက္ကာကိုကို အဲ့ဒီကပြန်မလာခင်က နာဇီရွာထဲကလူတွေအကုန်လုံးကို မြို့ပြင်ထုတ်လိုက်ပြီး ရွာထဲကို ဝင်စစ်တာ ဓာတ်ပုံတွေတင်ဖူးတာကြောင့် လူတွေမြင်ဖူးကြပါလိမ့်မယ်... ကွင်တာနားကိုလိုက်ပြတဲ့ နာဇီရွာနဲ့ ဘယ်လိုကွာသွားသလဲ ဓာတ်ပုံတွေထဲမှာယှဉ်ကြည့်ပေါ့... ဒါဟာ ရခိုင်တကယ်ခံစားလိုက်ရတဲ့ အနေအထားတွေပဲ... အဲ့ဒါကို မတရားဖိနှိပ်မှု တရားဥပဒေအတိုင်းစီရင်ဆောင်ရွက်ခြင်းမရှိမှုလို့ တံဆိပ်ကပ်တော့ လက်မခံချင်ကြဘူး... ကျနော်ကတော့ တရားဥပဒေချိုးဖောက်လား... ဖမ်း အပြစ်ဒါဏ်ပေး... ဒါမျိုးတွေဆက်တိုက်လုပ်ကြည့်ပါ တကယ်တမ်း ဘယ်ကောင်ကြွရဲဦးမှာလဲ... အခုက လုပ်ပုံကိုင်ပုံမဟုတ်တာ အဓိကပြဿနာ... 

2012/8/8 Lynn Htet Swe <myatchitshin@gmail.com>
အမျိုးသားနိုင်ငံရေး နဲ့ လူမျိုးရေးမုန်းတီးမှု ခွဲခြားဆက်ဆံ မှု တွေ ကို
ရောထွေးနေကြသရွေ့ က တော့ ပြဿနာတွေ က အေးမယ် မထင်ပါဘူး။ အင်္ဂလိပ်လူမျိုး
ကို မုန်းတာမဟုတ်ဘူး..ကိုလိနီစနစ် ကို ပဲ
တော်လှန်နေတာ..ဗမာပြည်လွတ်လပ်ရေး ရ အောင်လုပ်နေတာ လို့ ဗိုလ်ချုပ်
ပြောခဲ့ ဖူးသလို အခု ကိစ္စ မှာ လဲ မြန်မာတွေ အနေနဲ့ ဘင်္ဂလီရိုဟင်ဂျာ တွေ
ကို မုန်းစရာ မလိုပဲ နဲ့ မိမိ နိုင်ငံ ရဲ့ အမျိုးသားလုံခြုံရေး ကို
ဆောင်ရွက်လို့ ရတယ်။

လူဆိုတာ ခံစားချက်နဲ့ စိတ်ထွက်တတ်တဲ့ သတ္တ၀ါ ဆိုတော့ ခံစားကြတာ သဘာဝ ပဲ။
ဒါပေမဲ့ ရေတို ထက် ရေရှည် ကို လိမ္မာပါးနပ်စွာ ကြည့်တတ်ဖို့ လို ပါတယ်။
အခု အရွေ့ တွေ ကို ကြည့် ရင် ရခိုင်တိုင်းရင်သားတွေ ရော ဗမာ တွေ ပါ
နိုင်ငံရေး မှာ အ. သေးတယ် လို့ ဆို ရ မှာ ဖြစ်တယ်။ သတိချပ်ကြပါ လို့
ပြောပါရစေ။ ဆွန်ဇူး ရဲ့ The Art of War ဟာ နုညံ့သိမ်မွေ့တဲ့ လူမှုရေး ကိစ္စ
တွေ စီးပွားရေး ကိစ္စ တွေ မှာပါ အသုံးဝင်တာ မို့ လေ့လာ ကြစေလိုပါတယ်။

လူမျိုးရေး ပဋိပက္ခ ကြောင့် တစိုက်မတ်မတ် သွားနေတဲ့ လစ်ဘရယ်ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲ ရေး လမ်း ပေါ် ကနေ ချော် မထွက်သွား ဖို့ က
အရေးအကြီးဆုံး။ ဒီ တစ်ခါ နောက်ကြောင်းပြန်ရရင်ဖြင့် ဓါးမနောက်ပိတ်ခွေး
တွေ ဖြစ်ကြရတော့ မှာ အသေအချာပဲ။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ