Re: [mrsorcerer:29834] ဘုရားသခင်နဲ့ အချင်းများခြင်း . . .

ကြားဖူးတာကတော့  ``ဘုရားသခင်က လူကိုဖန်တီးတာ မဟုတ်ဘူး။   လူက ဘုရားသခင်ကို ဖန်တီးတာ ``  ဆိုပဲ---``။   ပျားအုံတော့ တုတ်နဲ့ထိုးလိုက်ပြီ   အတုတ်မခံချင်ရင်   ပြေးကြဗျို့--------  (  :-)  

2012/8/24 Thantsin Phyoe <thantsinphyo@gmail.com>
ကျနော်ကတော့ အဲ့ဒီအပိုင်းကို ကျနော့ကိုးကွယ်ရာကိုမထိပါးမခြင်း ဒိုင်ယာလော့တိုက်ပွဲမဆင်နွှဲချင်ဘူး... ဒိုင်ယာလော့တိုက်ပွဲလို့ပြောလို့ နည်းနည်းများပြင်းတယ်လို့ထင်မလားတော့မသိဘူး ဒါပေမဲ့ ကျနော်မြင်ဖူးသလောက်တော့ လက်တွေ့အကျိုးနည်းပါးလှတယ်... သို့သော် အဲ့ဒီအပိုင်းကိုမှ တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးချင်သူတွေ အစဆွဲထုတ်သူတွေကလည်း ရှိလားရှိရဲ့ဗျာ... ဘယ်သူတွေဘယ်လိုပဲ ဆွေးနွေးဆွေးနွေးပါ brain storming လုပ်တာတစ်ပိုင်းဆိုတော့ တားလို့မရစကောင်းကိုး...

ကျနော်ကတော့ ဖန်ဆင်းရှင်/ထာဝရဖန်ဆင်ရှင်/အရာရာကိုထိန်းချုပ်နိုင်သောဘုရားသခင် ကိုကိုးကွယ်သူပါ :]

2012/8/24 Lynn Htet Swe <myatchitshin@gmail.com>
ဘုရားသခင် ရှိ မရှိ လူသားတွေ အငြင်းပွားခဲ့ တာ ထောင်စုနှစ်ပေါင်း များစွာ ပါ။
ရှိ တယ်လို့ ယုံ ကြည် သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူ တွေ ထဲ မှာ ကို Atheist, Non-theist, Pantheist, Panentheist, Naturalist, Humanist, Vitalist, Materialist, Skeptic, Agnostic စ သဖြင့် အုပ်စု တွေ များစွာ ရှိကြမယ်။ ကိုယ် သန်ရာ ကိုယ် ပြော ကြတာ ပါပဲ။ လူဦးရေ နဲ့ အချိုးချ ရင် တော့ ဖန်ဆင်းရှင်ဘုရားသခင် ပုံစံ တစ်မျိုးမျိုး ကို ယုံကြည်သက်ဝင် သူတွေ က အများစု လို့ ဆို ရ မယ်။ ဘာသာမဲ့ သန်း ၁၂၀၀ လောက်ရယ် ဗုဒ္ဓဘာသာဝင် သန်း ၃၀၀ လောက် ရယ် ဂျိန်းဘာသာဝင် နည်းနည်းရယ် သန်း ၇၀၀၀ ထဲ က နုတ်လိုက်ရင် ကျန်တဲ့ လူသားတွေ အားလုံး က ဘုရားသခင် ယုံကြည်သူ တွေ လို့ ပြော နိုင်တယ်။

တစ်ချို့ လဲ မိရိုးဖလာ ဘုရားသခင် ကို ယုံကြည်နေရာ က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် မယုံကြည် သူ ဖြစ်သွား တာ တွေ ရှိ သလို တစ်ချို့ လဲ မယုံကြည်သူ အဖြစ် က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် ယုံကြည် သူ ဖြစ်သွား ရတာ တွေ လဲ တွေ့ နေ ရ တော့ ဒါလဲ ကိုယ့် ဆင်ခြေနဲ့ ကိုယ် ပဲ လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီတော့ ဒီ ပြဿနာ က ဒီဘိတ် လုပ် လို့ အဆုံးမသတ်နိုင်တဲ့ ပြဿနာ ပဲ ဖြစ်တယ်။ မယုံကြည်သူ တွေ က concept of God ရဲ့ အတွင်းဝိရောဓိ တွေ ကို ဖေါ်ပြကြ သလို ယုံကြည်သူတွေ က လဲ ယုံကြည်နိုင်စေလောက်တဲ့ သက်သေသာဓက တွေ ထုတ်ပြ ကြနဲ့ပေါ့။ လူတိုင်း က ကိုယ့် ဘ၀ အတွက် ကိုယ် ရွေးချယ် ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။

ကျွန်တော် က တော့ concept of God ကို လက်မခံတဲ့ ဓမ္မလမ်း ကို ရွေးချယ် လျှောက်လှမ်း နေသူ ဖြစ်ပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ