ဒဿနစကားလုံးတစ်ခုပြောပြမယ်ခင်ဗျ... ပန်းသီးသည် အနီရောင်ဖြစ်သည်လို့ ရေးလိုက်တာဟာ အနီရောင်တိုင်းပန်းသီးလို့အဓိပ္ပာယ်မထွက်ဘူးဗျ... ဒါပေမဲ့ ဝဇီဆိုတာ ပြောတတ်ရင်ပြောတတ်သလို သူများကိုထိခိုက်စေတယ်ဆိုတာလေး သိစေချင်လို့ That is correct brother, no animal can't think there is one creator exist. :] လို့ရေးလိုက်တာပါ... ပြောရရင် အင်္ဂလိပ်သဒ္ဒါတောင်မမှန်ဘူး... ဖြစ်သင့်တာက That is correct brother, animal can't think there is one creator exist. :] ဖြစ်ရမှာ... လောလော လောလောနဲ့ရေးလိုက်တာ တလွဲကြီး :]
အခုတော့ပြန်ပြင်ပေးလိုက်မယ်ဗျာ... အမုန်းပွါးတယ်ဆိုတာမကောင်းဘူး... ဘာသာတရားတွေရဲ့ အပြင်ဘက်ကိုခဏလေးထွက်ထိုင်လိုက်ရင် အောက်ကစာလုံးလေးတွေပိုပြီး အဓိပ္ပာယ်ရှိလာတယ်
ဘယ်ကြွက်မှ ကြွက်ထောင်ခြောက်ကိုမတီထွင်ဘူး သို့သော်လူသားတွေကတော့ လူသန်းပေါင်းများစွာကို သတ်ဖြတ်နိုင်တဲ့ စွမ်းအားမြင့်လက်နက်တွေတီထွင်နိုင်တယ်...
ဖန်ဆင်းရှင်ရှိကြောင်း တွေးတောပြီးအဖြေထုတ်တာလည်းလူပဲ ဖန်ဆင်းရှင်မရှိဘူးဆိုပြီး တွေးတောပြီးငြင်းဆန်တာလဲလူပဲ
reverse အနေနဲ့ပြောရရင်
ဖန်ဆင်းရှင်မရှိဘူးဆိုပြီး တွေးတောပြီး အဖြေထုတ်တာလည်းလူပဲ ဖန်ဆင်းရှင်ရှိတယ်ဆိုပြီး တွေးတောပြီးငြင်းဆန်တာလဲလူပဲ
ပြောရရင်တော့ ဘာသာတရား လူမျိုး ကိုးကွယ်ရာ အသားအရောင် စတာတွေကနေဖယ်ခွါပြီး လူကိုလူလို့မြင်နိုင်ရင် အကောင်းဆုံးပဲ... လူသားတန်ဖိုးတွေကို အသီးသီးအပြန်အလှန် လေးစားအသိအမှတ်ပြုရင် လုံလောက်ပြီထင်တယ်...
2012/8/24 Zaw Zaw Aung <raysoezza@gmail.com>
ဖန်ဆင်းရှင်ကိုလက်မခံရင် တိရိစ္ဆာန်တဲ့2012/8/24 Thantsin Phyoe <thantsinphyo@gmail.com>That is correct brother, no animal can't think there is one creator exist. :]This is JEKYLL & HYDE2012/8/24 soe naing <snsoenaing4@gmail.com>
ကြားဖူးတာကတော့ ``ဘုရားသခင်က လူကိုဖန်တီးတာ မဟုတ်ဘူး။ လူက ဘုရားသခင်ကို ဖန်တီးတာ `` ဆိုပဲ---``။ ပျားအုံတော့ တုတ်နဲ့ထိုးလိုက်ပြီ အတုတ်မခံချင်ရင် ပြေးကြဗျို့-------- ( :-)
2012/8/24 Thantsin Phyoe <thantsinphyo@gmail.com>ကျနော်ကတော့ အဲ့ဒီအပိုင်းကို ကျနော့ကိုးကွယ်ရာကိုမထိပါးမခြင်း ဒိုင်ယာလော့တိုက်ပွဲမဆင်နွှဲချင်ဘူး... ဒိုင်ယာလော့တိုက်ပွဲလို့ပြောလို့ နည်းနည်းများပြင်းတယ်လို့ထင်မလားတော့မသိဘူး ဒါပေမဲ့ ကျနော်မြင်ဖူးသလောက်တော့ လက်တွေ့အကျိုးနည်းပါးလှတယ်... သို့သော် အဲ့ဒီအပိုင်းကိုမှ တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးချင်သူတွေ အစဆွဲထုတ်သူတွေကလည်း ရှိလားရှိရဲ့ဗျာ... ဘယ်သူတွေဘယ်လိုပဲ ဆွေးနွေးဆွေးနွေးပါ brain storming လုပ်တာတစ်ပိုင်းဆိုတော့ တားလို့မရစကောင်းကိုး...ကျနော်ကတော့ ဖန်ဆင်းရှင်/ထာဝရဖန်ဆင်ရှင်/အရာရာကိုထိန်းချုပ်နိုင်သောဘုရားသခင် ကိုကိုးကွယ်သူပါ :]--2012/8/24 Lynn Htet Swe <myatchitshin@gmail.com>
ဘုရားသခင် ရှိ မရှိ လူသားတွေ အငြင်းပွားခဲ့ တာ ထောင်စုနှစ်ပေါင်း များစွာ ပါ။
ရှိ တယ်လို့ ယုံ ကြည် သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူ တွေ ထဲ မှာ ကို Atheist, Non-theist, Pantheist, Panentheist, Naturalist, Humanist, Vitalist, Materialist, Skeptic, Agnostic စ သဖြင့် အုပ်စု တွေ များစွာ ရှိကြမယ်။ ကိုယ် သန်ရာ ကိုယ် ပြော ကြတာ ပါပဲ။ လူဦးရေ နဲ့ အချိုးချ ရင် တော့ ဖန်ဆင်းရှင်ဘုရားသခင် ပုံစံ တစ်မျိုးမျိုး ကို ယုံကြည်သက်ဝင် သူတွေ က အများစု လို့ ဆို ရ မယ်။ ဘာသာမဲ့ သန်း ၁၂၀၀ လောက်ရယ် ဗုဒ္ဓဘာသာဝင် သန်း ၃၀၀ လောက် ရယ် ဂျိန်းဘာသာဝင် နည်းနည်းရယ် သန်း ၇၀၀၀ ထဲ က နုတ်လိုက်ရင် ကျန်တဲ့ လူသားတွေ အားလုံး က ဘုရားသခင် ယုံကြည်သူ တွေ လို့ ပြော နိုင်တယ်။
တစ်ချို့ လဲ မိရိုးဖလာ ဘုရားသခင် ကို ယုံကြည်နေရာ က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် မယုံကြည် သူ ဖြစ်သွား တာ တွေ ရှိ သလို တစ်ချို့ လဲ မယုံကြည်သူ အဖြစ် က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် ယုံကြည် သူ ဖြစ်သွား ရတာ တွေ လဲ တွေ့ နေ ရ တော့ ဒါလဲ ကိုယ့် ဆင်ခြေနဲ့ ကိုယ် ပဲ လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီတော့ ဒီ ပြဿနာ က ဒီဘိတ် လုပ် လို့ အဆုံးမသတ်နိုင်တဲ့ ပြဿနာ ပဲ ဖြစ်တယ်။ မယုံကြည်သူ တွေ က concept of God ရဲ့ အတွင်းဝိရောဓိ တွေ ကို ဖေါ်ပြကြ သလို ယုံကြည်သူတွေ က လဲ ယုံကြည်နိုင်စေလောက်တဲ့ သက်သေသာဓက တွေ ထုတ်ပြ ကြနဲ့ပေါ့။ လူတိုင်း က ကိုယ့် ဘ၀ အတွက် ကိုယ် ရွေးချယ် ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။
ကျွန်တော် က တော့ concept of God ကို လက်မခံတဲ့ ဓမ္မလမ်း ကို ရွေးချယ် လျှောက်လှမ်း နေသူ ဖြစ်ပါတယ်။မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။

This is JEKYLL & HYDE