Re: [Real Family: 24520] အမှန်ကို ချစ်ပါ (ဦးဌေးလွင်ဦး)

ညီလေး ကိုလွမ်းမိုးထက်

ဒါ ကိုဌေးလွင်ဦး ကိုယ်တိုင် ရေးတာလား

ဒီစာ ရလာတဲ့ နေရာ (သို့) သူ့ကို တိုက်ရိုက် ဆက်သွယ်နိုင်မည့် ဖုန်း ၊
အီးမေး ပြောပြပေးပါ။

ဆက်သွယ်ချင်တဲ့သူ ရှိနေလို့ပါ။

2012/8/9 လွှမ်းမိုးထက် <hlwanmoehtet.htet@gmail.com>:
> (အထူးမှတ်ချက်- ကျွန်တော် ရေးသား တင်ပြနေတဲ့ သမိုင်းကြောင်းများကို
> ဘယ်သူနဲ့ မဆို ဘယ်နေရာမှာ မဆို ကမ္ဘာ့မီဒီယာ သက်သေရှေ့မှောက် ဖြစ်ရင်
> အချိန်မရွေး ဆွေးနွေးလိုပါတယ်။ အခုရေးနေတဲ့ သမိုင်းကြောင်းဟာ
> အမှန်အတိုင်း ဖြစ်လို့ အမှန် အတိုင်းရေးသားနေခြင်းသာ ဖြစ်ပါတယ်။ ဒီအတွက်
> ရိုဟင်ဂျာများကို မျက်နှာလိုက် တယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှုနဲ့
> ဖန်တီးတယ်လို့- ခံစားနိုင်သူများ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင်
> ဖြစ်လို့ ရခိုင်များကို ဘယ်တော့မှ မမုန်းပါ။ ရခိုင်လူမျိုးများ အတွက်
> ကျွန်တော် တတ်နိုင်သမျှ ကူညီပံ့ပိုး နေတယ်၊ ပံ့ပိုးခဲ့တယ်၊ ပံ့ပိုးဦးမယ်
> ဆိုတာ ကျွန်တော့ အနည်းအနားနေ ရခိုင်လူမျိုးတိုင်း သိနေပါတယ်။ ခွဲထွက်
> ရေးကို မကြိုက်လို့ ခွဲထွက်ရေး သီအိုရီကို လက်မခံတာကလွဲ ကျန်တဲ့
> ကိစ္စအားလုံးမှာ အမြဲကူညီနေပါတယ်။ အိန္ဒိယထောင်မှာ ရခိုင်နဲ့ ကရင်လူမျိုး
> ၃၄ ဦး နှစ်ရှည်ထောင်ကျနေစဉ်- သူတို့ကို ကူညီထောင်ပံ့ဘို့ မျိုးချစ်ရခိုင်
> ဆိုသူတွေက ပိုက်ဆံ ၂ ပဲ ၁ ပြားကို တွက်ကပ်နေချိန်မှာ ကျွန်တော်က လစဉ်
> အပျက် အများဆုံး ခွဲတမ်းကို တာဝန်ယူပြီး သူတို့ ထောင်ကကျွတ်လွတ်ပြီးတဲ့
> အထိ ကူညီခဲ့ပါတယ်။ ကျွန်တော် သန်းကြွယ် သူဌေး မဟုတ် သော်လည်း
> ငါ့အမျိုးသားတွေ ဒုက္ခရောက်နေ တယ် ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာပါ။
>
> ကျွန်တော့ ရေးသားချက်များကို မိတ်ဆွေ တစ်ချို့က ဖေ့စ်ဘုတ်မှာ
> ဖြန့်ချီတော့ ကျွန်တော့ရဲ့ အကြောင်း မကောင်းပြောသူတွေ၊ ပုတ်ခတ်သူတွေ
> ကြုံရပါတယ်။ အဲ့ဒီ မကောင်းပြောသူ၊ ပုတ်ခတ်သူ အများစုသည်လည်း
> သူတို့အပေါ်မှာ ကျွန်တော့ကျေးဇူး မကင်းခဲ့ပါ။ သူတို့ကိုယ်တိုင်
> သိနေမှာပါ။–။ တင်ပြတဲ့ အကြောင်းအရာများ ကို သမိုင်းချက်များနဲ့ တကွ
> ပြန်လည်ဆွေးနွေးတာမျိုး မရှိဘဲ-၊ လူပုဂ္ဂိုလ် ပုတ်ခတ်မှုများသာ တွေ့ရတဲ့
> အတွက် သူတို့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲ အခြား ဘယ်လိုမှ မခံစားမိပါ။-
> အနာဂါတ် မျိုးဆက်များ အနေနဲ့ သမိုင်းမှန်နဲ့ လက်ရှိ အမှန်တရားကို သိမှ-
> အမှန်ကို အမှန်အတိုင်း သုံးသပ်ပြီး အနာဂါတ် မြန်မာနိုင်ငံကို စနစ် တကျ
> ပြန်လည်ထူထောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတိုင်း ကျွန်တော်တင်ပြလိုတဲ့
> အမှန်တရား တံခါးချပ်ကို ဆက် လက်ဖွင့်လှစ်ပေးနေမှာပါ။– မနာလို ၀န်တိုမှုနဲ့
> အမှန်တရား တံခါးကို ပိတ်သူများဟာ အနာဂါတ်ရဲ့ တရား ခံများသာ
> ဖြစ်သွားမှာပါ။)
>
> မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်နိမိတ်
>
> မြန်မာအင်ပါယာဟာ သမိုင်းကောင်းလို့ တောင်ငူမင်းဆက် လက်ထက်မှာ ဘယ်လို
> ကျယ်ဝန်းခဲ့ပါစေ၊ သို့ မဟုတ် သမိုင်းပျက်လို့ ဘယ်လို
> ကျဉ်းမြောင်းခဲ့ပါစေ- မြန်မာကို အိန္ဒိယက ခွဲ လွတ်လပ်ရေးပေးမယ့် အချိန်မှာ
> မြန်မာအင်ပါယာရယ်လို့ စတင်အသိ အမှတ်ပြုတဲ့ ပုဂံအင်ပါယာကိုပဲ
> အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မြောက်ဦးနိုင်ငံတော်နဲ့
> မြန်မာပြည်အောက်ပိုင်း မွန်တို့ရဲ့ နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ
> ပါဝင်လာပြီး မဏိပူရနဲ့ မြန်မာ အရှေ့ဘက် လာအို၊ ယိုးဒယားများက
> မြန်မာနိုင်ငံထဲမှာ မပါဝင်လာတော့ပါ။ (အင်္ဂလိပ်က မြန်မာကို သိမ်းစဉ်
> ယိုးဒယား၊ လာအိုတို့ဟာ မြန်မာရဲ့ အုပ်ချုပ်ခံများ ဖြစ်နေခဲ့ပါတယ်။)
>
> ဒီမှာ အငြင်းပွားဘွယ် ဖြစ်လာတာက- မြောက်ဦး အင်ပါယာ တစ်ခုလုံးကို
> မြန်မာပိုင်တယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက လိုချင်ခဲ့ပါတယ်။
> နိုင်ငံရေး အရ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျှော်အမြင်ကြီးသူလို့
> မှတ်ချက်ချ နိုင်ပါတယ်။ သူက ဘာသာတရားနဲ့ နိုင်ငံရေးအာဏာ နယ်နမိတ်ကို
> ခွဲခြားစီစစ်နိုင်တယ်။ ဘုရင် နောင်ပုံစံမျိုး မိမိတို့ရဲ့ အချုပ်အခြာ
> အာဏာကို ရနိုင်သမျှ ဖြန့်ကျက်ချင်တယ်၊ လူမျိုးမတူ ဘာသာမတူရင်လည်း
> ပြည်ထောင်စုထဲမှာ လွတ်လပ်တဲ့ ပြည်နယ်များအဖြစ် ထားပြီး နိုင်ငံကို
> အကျယ်ကြီး တည်ဆောက်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့မြင်ရတယ်။
> ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုရဲ့ အကျိုးတရားကို ခံစားနေရ ရင်
> ကာလကြာသော် ငါတို့ မြန်မာရယ်လို့ပဲ ခံစားသွားမှာ လို့ ယုံကြည်တယ်။
> (လက်ရှိ အမေရိကန် ပြည်ထောင် စု ဥပမာမျိုးပါ။)
>
> ဗိုလ်ချုပ်ကျသွားတော့ နောက်ပိုင်းခေါင်းဆောင်တွေက ဗိုလ်ချုပ်လောက်
> မပြတ်သားနိုင်ခဲ့ဘူး၊ သြဇာကြီးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို
> မလွန်ဆန်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တယ်။ ရခိုင်ကို မြောက်ဦးနေပြည်တော်
> အတိုင်း ယူလိုက်ရင် ရရဲ့သားနဲ့ မွတ်စလင်တွေ လူဦးရေအများကြီး
> ပါဝင်လာတော့မှာပဲ ဆိုတဲ့ စိတ်နဲ့ မေယုမြစ်က ဖြတ် ယူလိုက်တယ်။
> တစ်ကယ်တမ်းမှာ ဘုန်းကြီး ဦးစိန္တာရဲ့ လက်ရုံး ရခိုင်အမတ် ဦးအောင်ဇံဝေက
> မေယုတောင်က နယ်နမိတ်သတ်မှတ်စေတာပါ။ မေယုတောင်ကသာ
> နယ်နမိတ်သတ်မှတ်ယူလိုက်ရင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်းတော
> နယ်မြေများဟာ ဘင်္ဂလားဒေ့ရှ်ထဲကို အလိုလို ရောက်သွားမှာ ဖြစ်တယ်။ ဦးနုက
> လက်မခံ ခဲ့ဘဲ မေယုမြစ်ကို နယ်ခြား သတ်မှတ်ပေးလိုက်တော့- ရိုဟင်ဂျာလို့
> ခေါ်တွင်တဲ့ လူမျိုးများ ဘိုးစဉ်ဘောင်ဆက် နေခဲ့ရာ ဒေသဟာ
> မြန်မာနိုင်ငံထဲကို ပါဝင်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းတဲ့ ဘာသာရေးဝါဒီတွေက
> မိမိရဲ့ အချုပ်အခြာ နိုင်ငံကို ဖဲ့ပေးလိုက်ရတာကို နှမြောရမှန်းတောင်
> ဆင်ခြင်နိုင်အား မရှိဘူးလို့ ပြောဆိုရတော့မှာပါ။
>
> အင်ပါယာ ကြီးထွားလာခဲ့တဲ့ မြောက်ဦးနေပြည်တော်ဟာလည်း ဘာသာရေး
> အမြင်ကျဉ်းမြောင်းတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရာက
> အချင်းချင်းသွေးကွဲ နိုင်ငံပဲ့ခဲ့ရပြီး နောက်ဆုံးမှာ ရခိုင်တို့ရဲ့
> အချုပ်အခြာ ပျောက်ဆုံး ခဲ့ရတဲ့ သမိုင်းက အထင်အခြား ဖြစ်သလို၊
> ခေတ်သစ်မြန်မာနိုင်ငံဟာလည်း သာသာရေး အမြင်ကျဉ်းမြောင်းမှုတဲ့ ဆရာတော်
> တစ်ချို့ကို အလိုလိုက်ရင်း နယ်နမိတ်ကျဉ်းမြောင်းခဲ့ရပါတော့တယ်။
>
> အခု လက်ရှိကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာလည်း
> နိုင်ငံရေးသမားများကိုယ်တိုင် ဘာသာရေး မှိုင်းမိနေ ခြင်း၊ ဘာသာရေး အယူသန်
> ဆရာတော် တစ်ချို့ရဲ့ သြဇာကို မလွန်ဆန်နိုင်ခြင်း အဖြစ်များကို
> ကြုံနေရပြီး မြေကို ယူမယ်- လူကိုမောင်းထုတ်မယ် ဆိုတဲ့ စီမံချက်တွေကို
> ထပ်ဆင့်ချမှတ်နေရပါတော့တယ်။
>
> မရိုးနိုင်တမ်း ထိုးချနေရတဲ့ အဖြစ်က ခိုးဝင်လာသူများ ဆိုတဲ့
> ဆိုင်းဘုတ်ဟောင်းကြီးကို ထပ်ဆင့် မိတ္တူကူးနေ ရတဲ့ အဖြစ်ပါ။
>
> ခိုးဝင်လာသူများ
>
> တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ခြား မသတ်မှတ်မှီက အင်္ဂလိပ်လက်ထက်မှာ
> ဘင်္ဂလားနယ်က လူတွေ ရခိုင်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
> ဒါကိုလည်း ဟုတ်မဟုတ် သေချာ စစ်ဆေးဘို့ လိုပါမယ်။ (၁) နယ်တစ်ခုမှာ
> လုပ်ကိုင်စားသောက်စရာ ရှိရင် အဲ့ဒီနေရာကို အခြားက လုပ်စားလိုသူများ
> ၀င်လာမှာ သေချာပါ တယ်။ ဥပမာ- ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို
> မြန်မာနိုင်ငံသားတွေ သွားရောက် လုပ်စားသလိုမျိုးပါ။- ဒါပေမယ့်
> အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံထဲကို ၀င်လာမယ် ဆိုရင် လုပ်ကိုင်စားသောက်လို့
> ရတဲ့ နေရာ ရန်ကုန်၊ မန္တလေး စတဲ့နေရာများနဲ့ ဆန်စပါး
> စိုက်ပျိုးစားသောက်လို့ ရတဲ့ နေရာမျာကိုသာ ၀င်လာမှာပါ။ ရခိုင်နယ်မှာ
> သူ့လူဦးရေ ထက်ပိုပြီး ဆန်စပါး စိုက်ပျိုးစားသောက်စရာ မြေနေရာ မရှိပါ။
> ရခိုင်ရိုးနဲ့ ပင်လယ်ပြင်အကြား မြေနေရာ ကျဉ်း မြောင်းပါတယ်။ ဒီတော့
> ရှိပြီးသား လူများက လူပို လက်မခံနိုင်ပါ။ (၂) လူတစ်ဦး မိမိရဲ့ ရွာမှာ
> ဘယ်သူက အခြား အရပ်ကလာပြီး ရွာမှာ အိမ်ထောင်ကျတာ၊ ဘယ်သူတော့ ပြောင်းလာတာ
> ဆိုတာမျိုးကို အဲ့ဒီ သက်ဆိုင်ရာ ရွာ သားတိုင်းက သိနေပါတယ်။-
> ရခိုင်ပြည်နယ်က မြို့တွေဟာ ရန်ကုန်မြို့လောက် မကြီးကျယ်ပါ- အလွယ်တစ်ကူ
> ခွဲခြားလို့ ရပါတယ်။ ဒါကြောင့် ဘယ်သူက ၀င်လာသူ၊ ဘယ်သူက နဂိုမူလ
> လူဆိုတာမျိုးကို အလွယ်တစ်ကူ ခွဲ ခြားနိုင်ပါတယ်။ ရိုဟင်ဂျာကို မုန်းနေတဲ့
> လူများက ရိုဟင်ဂျာ အားလုံးဟာ ခိုးဝင်လာသူများလို့ ပြောဆိုတာနေ တာကိုချည်း
> အတည်ယူပြီး- အမှန်ကို အမှန်အတိုင်း ပြောတဲ့ ရခိုင်များရဲ့ စကားများကို
> လျှစ်လျှူရှုထားတာမျိုးက အလွန်တရာ တစ်ဘက်သက် အမုန်းဆန်ပါတယ်။
>
> ရသေ့တောင် မြို့သား နယ်သားဖြစ်တဲ့ "ကျွန်တော်တို့ဆီမှာ ခိုးဝင်လာသူများ
> မရှိဘူး၊ မွတ်စလင်ရွာတွေက အရင်ကတည်းက ရှိနေတယ်၊ ကျွန်တော်တို့နဲ့
> ညီအစ်ကိုလိုပဲ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက်
> အားလုံးကို သိနေတယ်၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်တော့ မဲ ဆောက်မှာ-
> ရခိုင်ပါတီ အတွက် လိုအပ်တဲ့ အလှုခံငွေတွေကို ရသေ့တောင်သား
> မွတ်စလင်တစ်ချို့ဆီက အလှုငွေတွေ ကျွန်တော် ကိုယ်တိုင် ယူခဲ့တယ်၊" ဆိုတဲ့
> ALP ပါတီက ခိုင်ထွန်းထွန်းလို လူမျိုးရဲ့ စကားကိုတော့- ဘယ်သူကမှ
> မကြားချင် ကြဘူး ထင်ပါတယ်။
>
> ဘယ်သူတွေ ကြားချင် မကြားချင်- အမှန်က အမှန်အတိုင်း ရပ်တည်နေမှာပါ။
> တစ်ကယ်လို့ အမှန်ကို မုန်းပြီး ၀ိုင်း တိုက်မယ် ဆိုရင် မြန်မာနိုင်ငံ
> သမိုင်း ပြောင်းသွားနိုင်တယ် ဆိုတာကို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ
> သတိ ထားနိုင်ကြပါစေ။–
>
> ဆက်လက်တင်ပြပေးပါမည်။
>
> ဌေးလွင်ဦး
> --
> YESTERDAY IS DEAD & GONE,TOMORROW IS UNBORN,TODAY IS SWEET
>
> --
> --
> ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
> ● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
> ● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
> ● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
> ● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
> ● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
> ● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
>
>
>

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။