[Real Family: 24524] ဗုဒ္ဓ ပုံတော်များ ပါဝင်သော ဖိနပ် များကို Icon Website မှ ဖယ်ရှား လိုက် ပါပြီ

ဝါရှင်တန် သြဂုတ်လ ၇၊ ၂၀၁၂

အမေရိကန် Icon Shoe Manufacturing Company သည် လွန်ခဲ့သော ရက်သတ္တပတ် တစ်ပတ်က ဗုဒ္ဓဘာသာ ၀င်တို့ အထွဋ် အမြတ် ထားသော ဗုဒ္ဓပုံတော် များကို ဖိနပ် ဒီဇိုင်းတွင် ထည့်သွင်း ကြော်ငြာမှု များ ပြုလုပ် ခဲ့ပြီးနောက်၊ တစ်ကမ္ဘာလုံး မှ အပြင်းထန်ကန့် ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။

သို့အတွက် ကြောင့် ယင်းတို့ ၏ Website မှ ဗုဒ္ဓ ပုံတော်များ ပါသော ဖိနပ် များကို ပယ်ဖျက်ပြီး ဖြစ်ကြောင်း လွန်ခဲ့သော ရက်က ကြေငြာ ခဲ့သည်။ ကုမ္ပဏီ ဌာနချုပ် (ကယ်လီဖိုးနီးယား) မှ ပယ်ဖျက် ရခြင်း အကြောင်း ကို မပြော ခဲ့သော် လည်း၊ တစ် ကမ္ဘာလုံး အတိုင်းတာ ဖြင့် ဆန့်ကျင်မှု အကြောင်း ရင်း ကြောင့် ဖြစ်နိုင် သည် ဟု သတင်းများ မှ တင်ပြ ခဲ့သည်။

"ဆိုးဝါးသော စိတ်ကူးများဖြင့် ဖန်တီးထားတဲ့ ဒီဖိနပ်တွေကို အွန်လိုင်း ကက် တလောက် မှ ကြေငြာ ခြင်းကို ပယ်ဖျက်ခြင်း သည် ပထမအဆင့် ဆောင် ရွက်ချက်ဖြစ် ပြီး၊ Icon Shoes ကုမ္ပဏီ သည် ဗုဒ္ဓသာသာ ယဉ်ကျေးမှု ကို လေးစားသော အားဖြင့် နောက်နောင် တွင် ထိုသို့ သော ဘာသာရေး ကို စော် ကားသည် ပြု လုပ်ဆောင်ရွက် မှုများ မပြုလုပ်ရန် ဖြစ် သည်။" - ဟု International Campaign for Tibet မှ Bhuchung Tsering က ပြော ဆိုခဲ့သည်။

လွန်ခဲ့သော အပတ်က တိဘက်၊ ဘူတန်၊ နှင့် အခြားသော နိုင်ငံ များစွာ တို့မှ Icon Company သို့ ကန့်ကွက် ရှုံချ သည့် စာ များ ရေးသား ပေးပို့ခဲ့ ကြ သည်။ ကုမ္ပဏီ ဖေ့(စ)ဘွတ် စာ မျက်နှာ တွင်လည်း ကန့်ကွက်မှု များ အ လွန် ပြည့် လျှံ ခဲ့ပြီး၊ ဖုန်းများ ခေါ်ဆို ကန့်ကွက် မှုများလည်း ဆက်တိုက် ဖြစ် ခဲ့ သည်။ နိုင်ငံ တကာ Social Websites များ၊ နှင့် အွန်လိုင်း စာ မျက်နှာ တို့မှ ကန့်ကွက် မှုများ ဆက်တိုက် ဖြစ် ပေါ် ခဲ့သည်။

Icon Shoe Company ကို ၁၉၉၉ တွင် တည်ထောင် ခဲ့သည်။

၂၀၁၀ ခုနှစ် စက်တင်ဘာ လ တွင် လည်း၊ အမေရိကန် ဖိနပ် ကုမ္ပဏီ တစ် ခုဖြစ်သော Converse Shoe Company သည် ဟိန္ဒူ လူမျိုးတို့ အထွဋ် အမြတ် ထားသော နတ်၊ ဘုရား၊ မယ်တော် ပုံ များကို ဖိနပ်များ တွင် ဒီဇိုင်း ဆင်၍ ပြုလုပ် ခဲ့ သောကြောင့် တစ်ကမ္ဘာလုံးရှိ ဟိန္ဒူ ဘာသာ ၀င်တို့ အပြင်း ထန် ကန့်ကွက် ခဲ့ ကြသည်။

From: zeenews.india.com, indianexpress.com

Source: ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ သံလွင် ရရစ်
— with ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ.

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။