သစ်ထူးလွင်

သစ်ထူးလွင်


စေတနာ ၀သန် ဖျော်ဖြေပွဲမှ မင်းကိုနိုင် ရဲ့ အမှာစကား (ရုပ်/သံ)

Posted: 01 Sep 2012 07:19 AM PDT

ယနေ့ ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ စေတနာ ၀သန် ဖျော်ဖြေပွဲမှ မင်းကိုနိုင် ရဲ့ အမှာစကား---

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

The Voice Weekly

ကြွရောက်အားပေးကြသော ပရိတ်သတ်
ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ ကို ၈၈မျိုးဆက်ကျောင်းသူများနှင့် အဆိုတော်များ ပူးပေါင်းသီဆိုသော ၈၈ငြိမ်းချမ်းရေးတေးသံသီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။


သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား စစ်တပ်က ခေါ်ယူမေးမြန်း

Posted: 01 Sep 2012 07:08 AM PDT

 ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ စစ်တပ် သိမ်းယူထားသော မြေများအား ပြန်လည် လုပ်ကိုင်လိုမှုဖြင့် သမ္မတထံ အသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်က ခေါ်ယူမေးမြန်း ခဲ့ကြောင်း ကာယကံရှင် များထံက သိရသည်။

''သူတို့ကျွန်တော့်ကို မေးတယ်။ ဘယ်သူ့အကူအညီနဲ့ သမ္မတဆီ စာတင်တာလဲ။ ဒီစာက ဘယ်သူရေးတာလဲ။  သူတို့ မေးတာလဲ အစုံပဲ။ မေးလိုက် နားလိုက်နဲ့ ညတစ်နာရီခွဲမှ ကျွန်တော်တို့ပြန်ရတယ်''ဟု သြဂုတ်(၃ဝ)ရက်နေ့က  စစ်တပ်မှ ခေါ်ယူမေးမြန်းခြင်းခံ ခဲ့ရသူ ဦးပေါ်ဦးက ပြောသည်။ အသိမ်းခံရသည့် ကျေးရွာများမှ ဒေသခံ (၁၆)ဦးအား ခေါ်ယူစစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့်လည်း အသိမ်းခံရသော ယာမြေများနှင့်ပတ်သက်၍ အကြောင်းတစုံတရာ ထူးထူးခြားခြားမပြောနိုင်ခဲ့ကြောင်း ၄င်း၏ပြောကြားမှုများအရ သိရှိရသည်။

တောင်သူများသမ္မတထံစာတင်ခဲ့ခြင်းမှာ သြဂုတ်လလယ်ပိုင်းတွင် စာတင်ခဲ့ခြင်းဖြစ်ပြီး၊ လျော်ကြေးရယူလိုမှုထက် မိမိတို့လယ်တွင်ပြန်လည်လုပ်ကိုင်လိုခြင်းကြောင့် အသနား ခံစာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှသိမ်းယူခဲ့သောယာမြေများမှာ ကျေးရွာ(၁၃)ရွာ၏မြေများဖြစ်ပြီး၊ (၁၉၉၈-၉၉)ခုနှစ်များက စစ်တပ်မှ သိမ်းယူခဲ့သည့် မြေ ဧကပေါင်း(၁ဝဝဝဝ)ကျော်ရှိကြောင်း သိရသည်။

အဆိုပါ စစ်တပ်မှာ ကပစ(၈)ဖြစ်ပြီး၊ သိမ်းယူခဲ့သော ယာမြေများတွင် ရွာသားများပြန်လည်လုပ်ကိုင်လိုလျှင် တစ်နှစ်လျှင် တစ်ဧကနှုန်း(၈ဝဝဝ)ကျပ်ဖြင့် ငှားရမ်းခဲ့ကြောင်းကိုလည်း ရွာသားတို့က ဆိုသည်။

စစ်တပ်မှ သိမ်းယူခဲ့သော ယာမြေများဆုံးရှုံးခဲ့သည့်ကျေးရွာများမှာ စောင်းတန်းကြီး၊ စောင်းတန်းလေး၊ ဒင်းပုန်း၊ နတ်ရွာ၊ မန်ကျီးပင်ပု၊ ဝါးရှိ၊ ဆံရသီ၊ ဘော်မြင့် နှင့်အခြားရွာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆင်ပေါင်ဝဲမြို့ရှိ ဒေသခံများသည် မြေပဲ၊ နှမ်း နှင့် ဝါ စသည့်သီးနှံများအား အဓိကထား၍ စိုက်ပျိုးကြသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup


လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်

Posted: 01 Sep 2012 07:05 AM PDT

 မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် အငြင်းပွားခြင်း   မဖြစ်ပေါ်သင့်ကြောင်း   နိုင်ငံရေးပါတီအချို့က သုံးသပ်သည်။

''ဒီမိုကရေစီစနစ်မှာတော့ မတိုက်ဆိုင်တာတွေ သဘောထားကွဲလွဲတာတွေ မညီညွတ်တာတွေတော့ ရှိတတ်ပါတယ်။ လွှတ်တော် အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ကြာရှည် မဖြစ်သင့်ဘူးပေါ့ ဒါကိုအကြောင်းပြုပြီးဖြစ်နေရင် ပြည်သူလူထုအတွက် လုပ်နေတာမဟုတ်ဘူး အချင်းချင်းဖြေရှင်း နေရတာနဲ့ပဲ အချိန်တွေပေးနေတယ်လို့ ပြည်သူတွေထင်တာလဲ ထင်စရာပါပဲ ''ဟု ဒီချုပ်ပါတီမှနာယက ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။

လွှတ်တော်အတွင်းတွင် ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စုအဆင့်အဖြစ်မသတ်မှတ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ သတ်မှတ်ခြင်းကို မှားသည်ဟု ဝန်ခံခိုင်းခြင်း ၊ နှုတ်ထွက်ခိုင်းခြင်းသည်   ကောင်းမွန်သော အခြေအနေတစ်ရပ်မဟုတ်သောကြောင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း ဦးတင်ဦးက အကြံပြုပြောဆိုသည်။

'' လွှတ်တော်ရယ်လို့ဖြစ်လာတာ တစ်နှစ်ပဲရှိသေးတယ်နော် တစ်နှစ်အတောအတွင်းမှာဒီလောက်ဖြစ်တယ်ဆိုတော့ သိပ်ပြီးတော့   မြင်ရပြုရတာတော့   စိတ်မကောင်းစရာ ပေါ့နော်။ တစ်ချို့ကတော့ နှုတ်ထွက်ရမယ်ပြုရမယ်ဆိုတာတော့ မကောင်းပါဘူး ဘာလို့လဲဆိုတော့ ဒီမိုကရေစီရဲ့စနစ်မှာကတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်ဆိုနိုင်တယ် ဆိုတဲ့ဟာကတော့ အခွင့်အရေးတွေ ရှိကြတာပဲလေ ငြိမ်းချမ်းစွာဖြေရှင်းသင့်တယ်'' ဟု ဦးတင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစပြုချိန်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် မှားသည် ၊ မှန်သည်ဟု ဆုံးဖြတ်နေခြင်းသည် နိုင်ငံရေးသမား မဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဌက သုံးသပ်ပြောဆိုသည်။

'' နုနယ်တဲ့ လွှတ်တော်လေးတစ်ခု နုနယ်တဲ့ ဒီမိုကရေစီကို အစကူးတဲ့အခါမှာ ဘာမဟုတ် တာနဲ့တောင်မှ ဒီလိုဖြစ်နေကြရင် အဲ့ဒီလောက်တောင်မှ အပေးအယူလေးတွေ အလျော့ အတင်းလေးတွေ မလုပ်နိုင်ကြဘဲ ငါမှမှန်တယ်၊ ငါပြောတာမှဆိုတာ   နိုင်ငံရေးသမား ဆိုတာ ငါပြောတာမှမှန်တယ်။ ငါယူဆတာမှမှန်တယ်။ အဲ့ဒီလို တရားသေစွဲကိုင်ရင်နိုင်ငံရေးသမားမဟုတ်ဘူး။ '' ဟုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတို့ အငြင်းပွားမည့်အစား ပြည်သူအတွက် အကျိုးရှိသော ကိစ္စတစ်ရပ်ကို ဆွေးနွေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။

'' ခုံရုံးကိစ္စကို အဓိကထားပြီး ဦးစားပေးမလုပ်သင့်ဘဲနဲ့ အန်ကယ်တို့လိုချင်တဲ့  Peace ဖြစ်ဖို့လုပ်ရမယ် အထွဋ်အထိပ်ဖြစ်တဲ့ လွှတ်တော်မှာတောင် မအေးချမ်းဘူးဆိုရင် သဘော ပြောပြတာပါ။ ဒီလောက်ထိမလုပ်သင့်ဘဲ   ရေကြီးတဲ့ကိစ္စတွေ   ပြည်သူနစ်နာနေတာတွေလယ်သမားတွေဆုံးရှုံးမှုတွေ အလုပ်သမားတွေ ဆုံးရှုံးမှုတွေ အဲ့ဒီမှာ ပြတ်ပြတ်သားသား   ပြောသင့်တာတွေ ထောက်သင့်တာတွေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးဖို့အတွက် မဟုတ်ဘဲ အဲ့ဒါမျိုးလေးတွေ အကျိုးရှိမယ့်ဟာတွေကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ကမ္ဘာက လက်ခံလာအောင် အရှေ့တောင်အာရှမှာ ရင်ဘောင်တန်းနိုင်အောင် လိုအပ်တဲ့ အတတ်ပညာတွေ အသိပညာတွေ လိုအပ်တဲ့ အဆုံးအဖြတ်တွေ အဲ့ဒါတွေနဲ့ ကမ္ဘာကိုရင်ဘောင်တန်းပြီးထွက်နိုင်အောင်လူငယ်တွေကို ဘယ်လိုပျိုးထောင်မလဲ ဘယ်လိုပညာတော်သင်တွေလွှတ်မလဲ တိုင်းနဲ့ပြည်နယ် တွေကို မျှမျှတတဖြစ်အောင် ဗမာချည်းပဲ အခွင့်အရေးတွေ အများကြီးယူနေကြပြီးတော့ ကချင်တွေ ၊ ချင်းတွေချန်ခဲ့တာမျိုးချည်းဘဲ မဖြစ်ရအောင် ဘယ်လိုမျှမျှတတနဲ့ လုပ်ကြမယ်အဲ့ဒီဟာတွေသာလျှင်အန်ကယ်မြင်တာတော့ ဒီကာလတွေမှာ အလေးပေးပြီးတော့ ဒါတွေလုပ်သင့်ပါတယ်။ '' ဟု ၄င်းက ဆိုသည်။

နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို ချီးမွမ်းခန်းဖွင့်ချိန်ဖြစ်သောကြောင့် လွှတ်တော်အတွင်းတွင် အချင်းများ အငြင်းပွားမနေဘဲ လွှတ်တော်ကိုယ်စားလှယ်များ ၊ အစိုးရအဖွဲ့များ ၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်များနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး ခုံရုံးကိစ္စကို ဖြေရှင်းသင့်သလို နိုင်ငံနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောဆိုခဲ့သည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup



တောင်ကြီးမြို့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ (ဓါတ်ပုံ)

Posted: 01 Sep 2012 06:37 AM PDT

ရှမ်းပြည်နယ် တောင်ကြီးမြို့  (၁.၉.၂၀၁၂) ဝါခေါင်လပြည်နေ့ ၌ တောင်ကြီးမြို့  အတွင်းရှိ သံယာတော် အပေါင်းတို့အား ဆွမ်းဆန်စိမ်း လောင်းလှူ ကုသိုလ် ယူကြစဉ် ---

ဓါတ်ပုံ - Myanmar News Now



ဖားကန့် မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

Posted: 01 Sep 2012 06:18 AM PDT

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ် ဖားကန့် မြို့ မှာ KAI အဖွဲ့ မှ အဓမ္မခြိမ်းခြောက် ဆက်ကြေး ကောက်ခံမှုတွေ ရှိနေကြောင်း သိရပါတယ်။  လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်း ကျော်နေပြီလို့ သိရပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



“စေတနာ့ဝသန်” အလှူငွေ ကျပ်သိန်း ၅၅၀ ကျော်ရရှိပြီ

Posted: 01 Sep 2012 05:34 AM PDT

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဆောင် ကျင်းပ နေသော"စေတနာ့ဝသန်" ဂီတ ဖျော်ဖြေပွဲသို့ လာရောက် အားပေးသော သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယကဦးတင်ဦး တို့ကို တွေ့ရစဉ်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဆောင်ကျင်းပ နေသော"စေတနာ့ဝသန်" ဂီတဖျော်ဖြေပွဲသို့ လာရောက် အားပေးသော သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့်အတူ တွေ့ရစဉ်။

sky net ရုပ်သံမှလည်း အလှူငွေကျပ် သိန်းငါးရာ တိတိအား လှူဒါန်းသွားပြီး သမ္မတရုံး ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က အလှူငွေကျပ် တစ်သိန်းစီ လှူဒါန်းသွားသည်။
 
အဆိုပါဖျော်ဖြေပွဲတွင် ညနေ ၆ နာရီခွဲအချိန်အထိ အလှူငွေစုစုပေါင်းကျပ်သိန်း ၅၅၀ ကျော်(Sky Net အလှူငွေအပါအ၀င်) ရရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း-ဓါတ်ပုံ 7Day News Journal


မျက်နှာဖုံးစွပ် လူသတ်မှု ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိ

Posted: 01 Sep 2012 03:41 AM PDT

မျက်နှာဖုံး စွပ်ထားသူများ အပါအ၀င် လူအုပ်စု တစ်စုက အမျိုးသား တစ်ဦးအား ဓားဖြင့်ဝိုင်းဝန်း ခုတ်သတ်ခဲ့ သည့်ဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင် နေသော ကျူးလွန်သူ တစ်ဦးထပ်မံ ဖမ်းဆီးရ မိကာ စစ်ဆေးလျက် ရှိနေကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ ( Popular News)


အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်

Posted: 01 Sep 2012 03:21 AM PDT

လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ ပညာရေး စနစ်သည် အရှေ့တောင် အာရှတွင်
ထိပ်ပိုင်း တစ်နေရာဝယ် ရှိခဲ့သော်လည်း ယခုအချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့နောက် ရောက်နေ၍ မြန်မာ့ပညာရေးမှာ အောက်ကျနောက်ကျ ဖြစ်နေ
ရကြောင်း ကုန်သည် စက်မှု အသင်းချုပ် လစဉ် ဟောပြောပွဲတွင် မြန်မာနိုင်ငံ
ဘူမိသိပ္ပံ အသင်းမှ ဒေါက်တာဦးသိန်းက "အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်
နေသော မြန်မာနိုင်ငံ ပညာရေးစနစ်"ဟူသည့်ခေါင်းစဉ်ဖြင့် ယနေ့
ဟောပြောခဲ့သည်။-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မီဒီယာများကို ဆဲဆိုခြင်းကိစ္စ ဇာဂနာ ပြန်လည်ဖြေရှင်း

Posted: 01 Sep 2012 02:24 AM PDT

သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန် လေဆိပ်တွင် ဒေါက်တာနိုင်အောင် နှင့် အဖွဲ့အား လာရောက်ကြို ဆိုကြစဉ် နိုင်ငံတော် သမ္မတ၏ ရခိုင်အရေး နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဇာဂနာက သတင်း မီဒီယာများအား ဆဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁ ရက်နေ့တွင် ဦးဇာဂနာမှ မီဒီယာများအား ဆဲဆိုခြင်း မဟုတ်ကြောင်း လေဆိပ်တွင် တရားဝင် ရှင်းလင်းပြောကြားသည်။

"ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာ မီဒီယာတွေကို ဆဲတာမဟုတ်ဘူး ၊ တကယ်လို့ မီဒီယာကို ကျွန်တော်ဆဲတယ်ဆိုရင်လည်း ကျွန်တော်အတိအလင်းတောင်းပန်တယ် " ဟု ယနေ့ မိုးသီးဇွန်နှင့် အဖွဲ့အား လာရောက်ကြိုဆိုစဉ် လေဆိပ်၌ သတင်းမီဒီယာများအား တရားဝင် ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

ကျော်သူ-Yangon Media Group

ဇာဂနာ ဆဲသံနားထောင် ချင်ရင်တော့ ဒီနေရာကို နှိပ်ပါ



စက်င်္တဘာလ (၃) ရက်နေ့ ထုတ် The Voice Weekly Vol 8/ No 35

Posted: 01 Sep 2012 01:49 AM PDT

စက်င်္တဘာလ (၃) ရက်နေ့ ထုတ် The Voice Weekly Vol 8/ No 35
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စစ်တွေတက္ကသိုလ် မှ ဆရာ၊ ဆရာမ (၈၂)ဦး မတရားသဖြင့် လစာဖြတ်ခံရ

Posted: 01 Sep 2012 01:24 AM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့  စစ်တွေ တက္ကသိုလ်မှာ သြဂုတ်လ (၃၁) ရက်နေ့ က ဆရာ၊
ဆရာမများ လစာထုတ် ပေးရာမှာ လစာ အားလုံး နီးပါးကို ဖြတ်တောက် လိုက်
ကြောင်း သိရပါတယ်။ ကျောင်းကို ဇူလိုင်လ (၂၀)ရက်နေ့ မရောက် တာကြောင့်ဟု
အကြောင်းပြကာ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း က
ဆရာ၊ ဆရာမ (၈၂)ဦးရဲ့ လစာ အားလုံး နီးပါးကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။-----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုသိမ်ရေဘေးသင့်ပြည်သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလှူငွေသွားရောက်ပေးအပ်

Posted: 01 Sep 2012 12:18 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့် ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက် တချို့အား အလှူငွေများ ပေးအပ် ခဲ့သည်။

 ဒေါ်အောင်ဆန်းစု ကြည်သည် နံနက် ၅ နာရီခွဲတွင်... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ေ ရာက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။---

ယနေ့ ပုသိမ်ခရီးစဉ် ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

 ဓာတ်ပုံ- ဥက္ကာကိုကို

By 7Day News Journal


မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ

Posted: 31 Aug 2012 11:10 PM PDT


မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင်၊ ဟိန္ဒူဘာ သာဝင်များအား လူဝင်မှုကြီး ကြပ်ရေးရုံးက မှတ်ပုံတင် အသစ်ပြန် လည်ပြု လုပ်ခိုင်းပြီး၊  အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်း များရှိနေကြောင်း မြို့ခံများက ဆိုသည်။ အစ္စလာမ် ဘာသာဝင် ဗမာအမျိုး သမီးတစ်ဦး၏ မှတ်ပုံတင်အား လူမျိုးအမည် ပြန်လည်ပြင်ဆင် ပြောင်းလဲရန် အတွက် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုးသီးဇွန်အား ကြိုဆိုကြသူများ (ဓါတ်ပုံ)

Posted: 31 Aug 2012 08:46 PM PDT

ABSDF ဥက္ကဌဟောင်း ဦးမိုးသီးဇွန်
ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်
မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။

 ၎င်းတို့အဖွဲ့ကို လူဘောင်သစ် ပါတီအဖွဲ့ အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ အများစု လေဆိပ်သို့ လာရောက်ကြို ဆိုခဲ့ကြသည်။ ပြည်တွင်း၌ နေထိုင်ခွင့် ဘယ်လောက် ရသလဲ ၎င်းတို့ မသိရသေးကြောင်း ခန့်မှန်းချေ နေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်း ပါလာသူ တစ်ဦးကပြောသည်။ မြန်မာပြည် ရောက်ချိန်တွင် ၎င်းတို့အနေဖြင့် ကချင်ဒေသကို လည်းသွားရောက် မည်ဖြစ်ပြီး ပြည်တွင်း၌ လက်ရှိ နိုင်ငံရေး လှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်း များထံကို သွားရောက် တွေ့ဆုံမည်ဟု သိရသည်။ ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့် အင်းယားကန်သို့ သွားရောက် မည်ဖြစ်သည်။ ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကို လာရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ယုဇနဟိုတယ်တွင် ပြုလုပ်မည်ဟုသိရသည်။

Popular Myanmar News Journal
စက်တင် ဘာ(၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသော မိုးသီးဇွန်ကို ကြိုဆိုကြ သူများအား တွေ့ရစဉ် (ဓါတ်ပုံ-Popular Myanmar News Journal)




 


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွဋ် အား ခန့် အပ်

Posted: 31 Aug 2012 08:26 PM PDT

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉ ) တို့အရ ဦးရဲထွဋ်အား ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ယနေ့ သြဂုတ်လ ၃၁ ရက် ည ၈ နာရီ အချိန်တွင် ထုတ်ပြန်ကြေငြာ ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ရာထူး တိုးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ဦးရဲထွဋ် မှ ၄င်း Facebook တွင် ယခုကဲ့သို့ ဖော်ပြရေး သားထားကြောင်းတွေ့ ရှိရသည်။
" ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။
ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။ မိတ်ဆွေများ၊ သံသယရှိနေဆဲ သူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့် လူမျိုးအတွက် ကြိုးစားဆောင်ရွက် သွားပါမယ်။
ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ ဒီနေရာကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ "
https://www.facebook.com/ye.htut.988/posts/281552105291732

သြဂုတ်လ ၂၇ ရက်နေ့ တွင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးအောင်ကြည်အား ခန့် အပ်ပြီး ယင်းနေ့ တွင် ဒုတိယ၀န်ကြီးအဖြစ်
ဦးပိုက်ထွေးအား ခန့် အပ်ခဲ့ပြီး ယနေ့ သြဂုတ် ၃၁ ရက်နေ့ တွင် ဒုတိယ၀န်ကြီးအဖြစ် ဦးရဲထွဋ် အား ထပ်မံခန့် အပ်ခဲ့သဖြင့် ပြန်ကြားရေး
ဝန်ကြီးဌာတွင် ဒုတိယ၀န်ကြီးနှစ်ဦး ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

ဦးရဲထွဋ်


ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သွားမည်

Posted: 31 Aug 2012 08:21 PM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် ဧရာတိုင်း ဒေသကြီးမှ ရေဘေးဒုက္ခ သည်များကို သွားရောက် အားပေးရန် စက်တင်ဘာ တစ်ရက် ( မနက်ဖြန် )တွင် ပုသိမ်မြို့ သို့ သွားရောက် မည်ဖြစ်ကြောင်း ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း ကပြောသည်။

ဧရာတိုင်းဒေသကြီး တွင် သြဂုတ်လ လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း  ကြောင့်မြို့ နယ် ပေါင်း ၂၄ မြို့ နယ်အတွင်း ရေလွှမ်းမိုးနှင့်ကြုံေ တွ့ ခဲ့ရပြီးမိုးစပါးဧက သုံးသိန်းနီးပါး နစ်မြုပ်ခဲ့သည်။

7Day News Journal


အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော

Posted: 31 Aug 2012 09:16 PM PDT

အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။ 

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာပြည် ခရီးသွားနေရာ တခိျု့ ပိတ်ပင်

Posted: 31 Aug 2012 09:21 PM PDT

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှု ကြောင့် ကမ္ဘာလှည့် ခရီးသွား ဒီနှစ် များလာနိုင်တယ် ခန့်မှန်း ကြချိန်မှာ တစ်ဘက် မှာလည်း မအေးချမ်းတဲ့ နေရာတွေမှာ သွားလာခွင့် တွေကို အာဏာပိုင် တွေက ပိတ်လိုက်ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 ရခိုင်ပြည်နယ် မြောက်ဦးက စေတီပုထိုးတစ်ဆူ


ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည်

Posted: 31 Aug 2012 09:26 PM PDT

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ---

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of TBBC
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။


မြန်မာ့လေ့လာရေးအဖွဲ့ ပိုလန်နိုင်ငံသို့ထွက်ခွာ

Posted: 31 Aug 2012 09:32 PM PDT

ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ စီစဉ်သည့် သင်တန်းတက်ရောက်မည့် လေ့လာရေးအဖွဲ့ဝင်များ ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေစဉ်။


ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း

Posted: 31 Aug 2012 10:14 AM PDT

မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံ ခေတ်သစ် သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင် ဖက်တချို့  စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေကို တွေ့ဖို့ စီစဉ်ထားလဲ။ ဘာတွေ လုပ်သွားဖို့ရှိ လဲဆိုတာကိုတော့ ကိုမိုးသီးဇွန်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံထားတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီခရီးစဉ်ဟာ ကိုမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင်ဖက် ၈ ဦးတို့အနေနဲ မြန်မာနိုင်ငံနဲ့ ၂၄ နှစ်တာ ခွဲခွာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခွင့် ရတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့် လုပ်ဆောင်လာအောင် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ တိုက်တွန်း ဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

"တော်တော်များများပဲ ကျနော်တို့ အမြင်တွေ ဖလှယ်ဖြစ်ပါတယ်။ အဓိကကတော့ ဒီနေ့အပြောင်းအလဲအပေါ်မှာပေါ့။ ဒီနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူတွေ လုပ်လာပါတယ်။ အဲ့ဒီ့ပြုပြင်ပြောင်းလဲမူတွေထဲမှာတော့ ကျနော်တို့ ၈လေးလုံး ပြည်ပရောက်နေတဲ့ အင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ နောက်တစ်ခုက ကျနော်တို့ အထဲမှာ အခုလက်ရှိ  နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူ  All Inclusive ပေါ့ဗျာ။ အားလုံးပါဝင်အောင် ဒီနိုင်ငံရေးဖြစ်စဉ်မှာ လုပ်ပါလို့ ကျနော်တို့ တိုက်တွန်းထားတာတွေ ရှိတယ်။ အဲ့တာတွေကို ကျနော်တို့က လုပ်ပါမယ်။ နောက်တစ်ခုက လက်ရှိအခြေအနေတွေကို လေ့လာပါ။

ကျနော်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ချင်ပါတယ်။ဆိုတော့ ဒီနေ့ မြန်မာပြည်မှာ နည်းနည်းလေး ပြောင်းလဲလာတာတောင် လူတွေက ၀မ်းသာကြတယ်။ အကောင်းဘက်က မျှော်လင့်လာကြပါတယ်။ အဲ့တော့ အများကြီး ပြောင်းမယ်ဆိုရင် ကောင်းတာပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ ဘာတွေ ပြောင်းလဲသင့်တယ်။

အဲ့ဒီ့အပေါ်မှာ ကျနော်တို့က ဘာတွေ ပြောင်းလဲသင့်တယ်။ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတွေ စစ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ကိစ္စတွေ နောက် အခြေခံဥပဒေဆိုင်ရာ အမြင်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေပေါ့ဗျာ။ ဆိုတော့ ဆွေးနွေးစရာတွေက တော်တော်များများကို ရှိပါတယ်။ အကြမ်းဖျင်းလည်း ဆွေးနွေးချင်တဲ့ သဘောထားကို ဦးအောင်မင်းနဲ့ တွေ့တဲ့အချိန်မှာ ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။

သူတို့အရင် မြန်မာပြည်ထဲကို သွားခဲ့ကြတဲ့သူတွေရဲ့ ပြောပြချက်တွေအရ မြန်မာပြည်တွင်းက အခြေအနေတချို့ကို ကြိုသိထားတာကြောင့် သူတို့အနေနဲ့ တင်ပြချင်တဲ့အချက်တွေကို ကြိုစဉ်းစားသွားကြတာလို့ ဆိုပါတယ်။

"ကျနော်နဲ့ အခုသွားမှာက ကျနော်အပါအ၀င် ၈ယောက်ပေါ့နော်။ အမည်တွေပြောရမယ်ဆိုရင် ကျနော်ပါမယ်။ ကိုထွန်းအောင်ကျော်ပါမယ်။ ကိုကိုလေး၊ ကိုမူးသာ၊ ကိုယဉ်အေး၊ ကိုရွှေစင်၊ ကိုအေးမင်း၊ ကိုကိုအောင်ပေါ့လေ။ ကျနော်တို့ သွားကြမယ်။ အရင်ကလည်း ကျနော်တို့ရဲဘော်တွေရှိပါတယ်။ ကိုအောင်သူငြိမ်းတို့သွားကြတယ်။ ပြန်လာကြတယ်။ မြန်မာပြည်ထဲမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအခြေအနေတွေ ဆွေးနွေးပြတာရှိပါတယ်။ အဓိက သူတို့ဆွေးနွေးပြတယ်။

ကျနော် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေမှာရော ကျနော်တို့ ကြားသိနေတဲ့ အပိုင်းတွေမှာတော့ အစိုးရဘက်က ပြုပြင်ပြောင်းလဲမူကို တော်တော်လေး လိုလားလာတယ်။ စိတ်ပိုင်းဖြတ်လာတာကို တွေ့ရတယ်။ ကျနော်ရဲ့ ယူဆချက်ပေါ့နော်။ ဘယ်လိုပြောင်းလဲရင်ကောင်းမလဲလို့ နည်းလမ်းရှာနေကြပုံရတယ်။ နောက်တစ်ခုက ကျနော်လေ့လာတွေ့ရှိချက် ထူးခြားတာတစ်ခုကတော့ လူသားစွမ်းရည်ပေါ့ဗျာ။ Capacity က မြန်မာပြည်မှာ တော်တော်လေးကျဆင်းနေတာကို တွေ့ရတယ်ပေါ့ဗျာ။ အဲ့ဒီ့တစ်ချက်ကိုလည်း ဆွေးနွေးမယ့်အထဲမှာ ပါလာမယ်။ အဲ့တာကလည်း အရင်က သွားတဲ့သူတွေက ကျနော့်ကို အကြံပေးပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေ။"

ဒါဟာ သူတို့အနေနဲ့ ၂၄ အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ထဲကို တရားဝင် သွားရောက်ခွင့်ရတာဖြစ်တဲ့အပြင် မိဘဆွေမျိုးနဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရမှာဖြစ်ပါတယ်။

" ကျနော် ဒါ၂၄နှစ်ရှိပြီပေါ့။ ဒါပထမဆုံး အကြိမ်ပေါ့။ အရမ်းပျော်ပါတယ်။ အထူးသဖြင့် ကျနော် ၂၄နှစ်လုံးလုံးပေါ့ဗျာ။ လူ့ဘ၀မှာ ကိုယ့်ရဲ့ ဇာတိမြေဟာ အကြီးမားဆုံး အမြဲတမ်း သတိရနေရတဲ့ နေရာဌာနတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ့ဇာတိမြေကို ကျနော်တို့ မေ့ပြီးတော့ နေခဲ့တဲ့ ရက် နာရီဆိုတာ မရှိသလောက်ပါပဲ။ သွားခွင့်ရမယ်။ ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးအရပေါ့။ ကျနော့်ပါစင်နယ်အရ တစ်ဦးချင်းအရ အရမ်းကိုဝမ်းသာတယ်။ အထူးသဖြင့် မိသားစုတွေနဲ့ တွေ့ရမယ်။ အမေနဲ့ တွေ့ရမယ်။ ဆွေမျိုးတွေနဲ့တွေ့ရမယ်။ ကျနော်ချစ်ခင်တဲ့ ရဲဘော်တွေကလည်း အများကြီးရှိတယ်။ သူတို့တွေနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အထူးသဖြင့် ကျနော်အလွန်တွေ့ချင်နေတဲ့ ကျနော်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိပါတယ်။"

သူတို့အနေနဲ့ လက်ရှိအစိုးရအတွင်းက တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်တာဖြစ်တာကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

" အဓိကပြန်ရတဲ့အကြောင်းရင်းကတော့ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတဲ့ဝန်ကြီးတစ်ချို့ရဲ့ ဖိတ်ကြားချက်အရပေါ့နော်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ ကျနော်တို့ အခုသွားမှာဖြစ်ပါတယ်။ တရားဝင်ပေါ့လေ။ ကျနော်တို့ကို တွေ့တယ်။ တရားဝင်ဗီဇာထုတ်ပေးတယ်ဆိုတော့ တရားဝင် သွားတာပေါ့လေ။ ဟိုရောက်ရင်လည်း သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျာ။"

ကိုမိုးသီးဇွန်ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ လူ့ဘောင်သစ်ပါတီကို စတင် တည်ထောင်သူတွေထဲက တဦးအပါအ၀င်ဖြစ်တဲ့အပြင် ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အကြီးအကဲလည်းဖြစ်၊ ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ မြန်မာနိုင်ငံကို ရောက်လာကြပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သီးခြား တာဝန်ယူနေကြတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိနေကြပေမယ့်လည်း သဘောထားတိုက်ဆိုင်သူ၊ ရည်ရွယ်ချက်တူသူ တဦးချင်း လက်တွဲလုပ်ကြတဲ့သဘောနဲ့ မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပြီး အဖွဲ့အစည်းတခုခုကို ကိုယ်စားပြု သွားရောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ 
ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ မြန်မာဌာန)


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် နေအိမ်များ ထပ်ဖယ်ခိုင်း

Posted: 31 Aug 2012 09:38 PM PDT

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တိုင်းဒေသကြီး လွှတ်တော်အသစ်ရဲ့ အနီးဝန်းကျင်က အိမ်တွေကို သက်ဆိုင်ရာက ပြောင်းခိုင်းနေရာမှာ ကြောက်လန့်လို့ ဖယ်ပေးလိုက်သူ ရှိသလို မဖယ်ပေးဘဲ တင်းခံနေသူတွေလည်း ရှိနေပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးထွန်းမြင့်အောင် (ဓာတ်ပုံ-ဒီဗွီဘီ)


ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ စတင်

Posted: 31 Aug 2012 09:45 PM PDT

ဒေသန္တရ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ်တင်မြှောက်နေရာမှာ နိုင်ငံရေးပါတီတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရပ်ကွက်နဲ့ ကျေးရွာ ၃ သောင်းကျော် ရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ်တွေ ခန့်အပ်ဖို့အတွက် နိုင်ငံအနှံ့မှာ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

Posted: 31 Aug 2012 09:51 PM PDT

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိကသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

Posted: 31 Aug 2012 09:57 PM PDT

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။