[mrsorcerer:30411] Fwd: [လူဗိုလ်ဟူသည် ...] အထင်ဖြင့် လွဲသည် ဖြစ်၍ (Photo Essay)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/31
Subject: [လူဗိုလ်ဟူသည် ...] အထင်ဖြင့် လွဲသည် ဖြစ်၍ (Photo Essay)
To: lubo601@gmail.com



by Zay Ya on Friday, August 31, 2012 at 8:12pm


အသိ ပညာ ဟာ စာအုပ်ထဲ ရှိရုံနဲ့ မလုံလောက်ဘူး လို့ ပြောကြတယ်။ ဒါပေမယ့် အဲ့လောက်တင် မရသေးဘူး။ တွေးခေါ် နေရုံနဲ့ လည်း မလုံလောက်ဘူး လို့ ပြောရမယ်။ အသိပညာ မှတ်သားမှု အပေါ်သာ အခြေတည်ပြီး တွေးခေါ် ထားတဲ့ အသိမျိုး တွေ အများစု ရှိပါတယ်။


အတွေးစဉ် ဟာ ယုတ္တိ အစဉ် အပေါ်သာ အခြေတည် တယ်။ အမှတ်သညာ၊ အချက် အလက်၊ မှီခိုရာ ထောက်ကန်ရာ ရှိတယ်။ တကယ်လို့သာ အဲ့ အတွေးအခေါ် တစ်ခု ကို ပိုသာတဲ့ အချက် အလက် (ဒါမှ မဟုတ်) ပိုမို ခိုင်မာတဲ့ ယုတ္တိ အစဉ် တစ်ခုက ရိုက်ချိုးတဲ့ အခါ အလွယ်တကူ ကျိုးပျက် သွားမှာပဲ။ ပိုမို ခိုင်မာတဲ့ ဆင်ခြေ၊ ပိုမို တိကျ တဲ့ အချက်အလက် တွေနဲ့ သက်သေ သာဓက အကောင်းဆုံး ထုတ်ပြနိုင်တဲ့ အခါ - အသိလို့ ထင်ထား တဲ့ မူလ အတွေးစဉ် အားလုံး ယိုင်နဲ့ သွားကြမှာပဲ။

ဒါ့ကြောင့် မို့ အမှီ အတွယ် ရှိနေတဲ့ အသိပညာ ဟာ အသိပညာ စင်စစ် မဟုတ် သေးဘူး လို့ ဆရာ အများက ဆိုပါတယ်။ အဲ့လို အသိမျိုး ဟာ ငှားရမ်း ထားတာ၊ သိမ်းပိုက် ထားတာ သာ ဖြစ်တယ်။ တစ်ပါးသူ မျက်လုံး နဲ့ ရှုမြင် ဖုံးကွယ် နေတာသက်သက်။

အသိ စင်စစ် ဟာ မိမိ သန္တာန် မှာသာ ရှင်သန် ကြီးထွားမှု ရှိတယ်။ မိမိ သန္တာန် မှာသာ ပြောင်းလဲမှု ဖြစ်ပေါ် တယ်။ မိမိ ရင်တွင်း ကို ပြောင်းလဲ သစ်လွင်တဲ့ အဖြစ် မပေးနိုင်မချင်း အသိသညာဟာ အသိပညာ ဖြစ်မလာနိုင် ဘူးရယ်။ ပြင်ပ က ထည့်သွင်း ပေးတဲ့ အသိဟာ ထည့်သွင်းပေးတဲ့ နေရာမှာတင် ရပ်နေလိမ့်မယ်။ အသိ အစစ် ဖြစ် ဟန်ဆောင်ပြီး၊ တွယ်တာ နေမယ်။ မိမိ မသိတဲ့ တကယ့် အဖြစ် ကို ဖုံးကွယ် ထားမှာပဲ။

ဒါ့ကြောင့် - "သိတာက မခက်ဘူး။ မသိတာက ခက်တယ်။ အဲ့ဒါထက် - မသိတာ ကလည်း မခက် သေးဘူး။ မသိတာ ကို သိတယ် ထင်နေတာက ပိုခက်တယ်" လို့ ညွှန်းကြတယ်။

ရှေးယခင်က ပညာရှိ အမတ် တစ်ဦး ကို ဘုရင်က မေးတယ်။ "လူလိမ္မာနဲ့ လူမိုက် - လူမိုက်က မိုက်တယ် မဟုတ်လား" လို့ မေးတော့ -ပညာရှိက - "လူမိုက် ထက် မိုက်တာ ရှိပါသေးတယ် ဘုရား" လို့ ဖြေတယ်။ ဘုရင်က ဒါဆို ဘာတုန်း လို့ ဆိုတော့ - ပညာရှိ က - "မိမိ ကိုယ်ကိုယ် မိုက်လို့ မိုက် မှန်း မသိတဲ့ သူပါ ဘုရား။" လို့ ဖြေတယ်။ ကိုယ့်ကိုယ်ကိုယ် သိတယ် ထင်နေတာ ထက်၊ တကယ် ဘာမှ မသိတာ ကမှ ပို ကောင်းသေးတယ်~ လို့ ရှေးဆရာ တို့ က အရွဲ့စကား ဆိုပါတယ်။

တကယ်တမ်းလည်း အဲ့ဒီလူဟာ အသိ တစ်ချက် ခတ်ပြီ ထင်လို့ ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် - တံခါးချပ်ပေါင်း အမြောက်အများ ပိတ်ကျ သွားတော့တာပဲ။


.................
"Becomes the Ocean" Photo Essay 7
Photo from "Vertical Here-Now."
.................
Sept 1st 2012 at 9:32 AM
.................




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/01/2012 11:35:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ