[mrsorcerer:30432] [Richard Aung] လွှတ်တော်တွင်း မေးခွန်းများ တိုက်ရိုက် မေးဖြေ စနစ် ကျင့်သုံးပါက အကောင်းဆုံး ဖြစ်ဟုဆို

The Voice Weekly:
လွှတ်တော်တွင်း မေးခွန်းများ တိုက်ရိုက် မေးဖြေ စနစ် ကျင့်သုံးပါက အကောင်းဆုံး ဖြစ်ဟုဆို

မန္တလေး၊ သြဂုတ် ၃၁

အစိုးရသစ် လက်ထက်တွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် အစည်းအဝေးများ ကျင်းပ ပြုလုပ်လျက် ရှိရာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းများ တိုက်ရိုက် မေးမြန်းပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန အကြီးအကဲများက တိုက်ရိုက်ဖြေကြားသည့် စနစ် ကျင့်သုံးပါက အကောင်းဆုံး ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ တာဝန်ရှိသူ ဦးရဲထွန်းက ပြောကြားသည်။

မန္တလေးမြို့တော် ၊ မြစ်ဖျားဧရာ ဟိုတယ်၌ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သော မန္တလေးမြို့စာနယ်ဇင်း များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက The Voice Weekly ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားသည်။

"တိုက်ရိုက်မေး ၊ တိုက်ရိုက်ဖြေကြား စနစ် အသုံးပြုရင် သူတို့ရဲ့ အရည် အသွေးတွေလည်း တိုးတက် စေပါတယ်။တချို့ မေးခွန်း တွေကတော့ ကိန်းဂဏန်း အချက်အလက်တွေ ပါနိုင်တယ် ဆိုရင် ကြိုတင် ပြင်ဆင် သင့်ပါတယ်" ဟု ၄င်းက ဆိုသည်။

ယင်းကဲ့သို့ မေးခွန်းများကို ကြိုတင် ရေး၍ ဖြေသော ပုံစံသည် ကျောင်းသားတွေကို "ဒါမေးဒါဖြေ" ဖြေခိုင်းသကဲ့သို့ ဖြစ်ကြောင်း မန္တလေး အခြေစိုက် စာနယ်ဇင်း သမား တစ်ဦးက အပြုသဘောပြောကြားသည်။

(Sent via Seesmic http://www.seesmic.com)



--
Posted By အောင်မျိုးကျော် to Richard Aung at 9/01/2012 01:56:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ