From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/10/7
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- တောင်တွင်း-မြို့သစ်ကားလမ်းပေါ်တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက် ယာဉ်ပေါ်ပါ ခရီးသည် (၇)ဦး ဒဏ်ရာရရှိ
- နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ
- ရှေ့သို့ ကိုဆန်းဆင့် မြန်မာပြည်အတွက်ဆက်လုပ်
- ပြည်ခိုင်ဖြိုးပါတီ၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ယခင်နာယကကြီးများ မရှိတော့ကြောင်း အတည်ပြုပြောကြား
- အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး
- ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ
- ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ
- မောင်းသူမဲ့ လေယာဉ် ကို အစ္စရေး ပစ်ချ
- မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည်
- ၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး
- အောက်တိုဘာလ (၈) ရက်နေ့ ထုတ် The Voice Weekly Vol8. No.40
- ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်းကို ထောင်ဒဏ်ချမှတ်
- နေ့လည် ကျောင်းဆင်း ထမင်းစား နားချိန်တွင် ချောင်းဦးရွာ မူလတန်း ကျောင်း မီးလောင်ခံရ
- ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်
- ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ
- ကဒုံကနိ ရဲစခန်းတွင် အချုပ်ခံရသူများ လွတ်မြောက်ရန် လူစုလူဝေးဖြင့် ဆန္ဒပြ
- ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌများ ဗဟို ချုပ်ကိုင်မှု လျှော့ချရေး ဆွေးနွေး
- မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား
| တောင်တွင်း-မြို့သစ်ကားလမ်းပေါ်တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက် ယာဉ်ပေါ်ပါ ခရီးသည် (၇)ဦး ဒဏ်ရာရရှိ Posted: 07 Oct 2012 07:08 AM PDT မကွေးတိုင်း ဒေသကြီး တောင်တွင်း ကြီးမြို့နယ် တောင်တွင်း-မြို့သစ် ကားလမ်းမကြီးပေါ်တွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ – (၆.၁၀.၂၀၁၂)နေ့ ညနေ (၂း၃၅)နာရီအချိန်တွင် တောင်တွင်းကြီး မြို့မရဲစခန်း၌ ဒု-ရဲအုပ် အောင်ခိုင်စိုး တာဝန်မှူး တာဝန် ထမ်းဆောင်နေစဉ် တောင်တွင်း-မြို့သစ် ကားလမ်း မိုင်တိုင်အမှတ် ၂/၇တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားနေကြောင်း သတင်းအရ ဒု-ရဲအုပ် အောင်ခိုင်စိုး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေ ဦးထိန်ဝင်း၊ ဦးကျော်ဆွေတို့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးရာ တောင်တွင်း-မြို့သစ် ပြေးဆွဲနေသည့် ဒိုင်နာယာဉ်အမှတ် – ၆က/၄၉၉၇ ယာဉ်မောင်း အောင်ကျော်စိုး၊ (၃၇)နှစ် (ဘ) ဦးစိုးမြင့် ကွက်သစ်ရပ် မြို့သစ်မြို့ နေသူ မောင်းနှင်လာသော ယာဉ်မှာ မိုင်တိုင်အမှတ် ၂/၇ အနီးအရောက်တွင် ဘရိတ်ပေါက်၍ လမ်း၏အရှေ့ဘက်သို့ ထိုးကျ တိမ်းမှောက်သည်ကို တွေ့ရှိရကြောင်း၊ ယာဉ်ပေါ်လိုက်ပါ စီးနင်းလာသူ မြို့သစ်မြို့ ကွက်သစ်ရပ်နေ (ဘ)ဦးသန်းရွှေ၏ သမီး (၃၅)နှစ် ရှိ မခင်မာဝင်း၏ နဖူးတွင် ဖုယောင်ပွန်းပဲ့ဒဏ်ရာ တစ်ချက်၊ မြို့သစ်မြို့နယ် ညောင်ဇင်ရွာတွင် (ဘ)ဦးဝင်းမြင့်၏သား (၅)နှစ် မောင်အောင်သူဖြိုး၏ မေးစေ့ယာဘက်ခြမ်း ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ ညောင်ဇင်ရွာနေ (ဘ)ဦးခင်မောင်၏သမီး (၄၀)နှစ်ရှိ မသန်းသန်းဌေး၏ ခြေထောက်နှစ်ဖက်လုံး နာကျင်ဒဏ်ရာ၊ မြို့သစ်မြို့နယ် မကျည်းကန်ရွာနေ (ဘ)ဦးကျော်မွှေး၏သား (၄၈)နှစ်ရှိ ဦးစိုးလွင်၏ ၀ဲဘက်နထင်နှင့် ယာမျက်လုံးအောက်တွင် ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့တွင် ဖူးယောင်ဒဏ်ရာ ၀ဲလက်ပြင်နှင့် ယာလက်တထောင်ဆစ်တွင် နာကျင်ဒဏ်ရာ၊ မြို့သစ်မြို့နယ် ဆင်ဖြူချီရွာနေ (ဘ)ဦးအေးမောင်၏သား (၄၈)နှစ်ရှိ ဦးမြင့်တင်ဦး၏ ၀ဲလက်မောင်းနှင့် နောက်ကျောနာကျင်ဒဏ်ရာ၊ မြို့သစ်မြို့ လယ်ပြင်ရပ်နေ (ဘ)ဦးကြည်မောင်၏သား (၅၇)နှစ်ရှိ ဦးစိုးမောင်၏ ၀ဲလက်မောင်းနှင့် နောက်ကျောတွင်နာကျင်ဒဏ်ရာ၊ ဒူးတွင် ဖူးရောင်ဒဏ်ရာ၊ မြို့သစ် လယ်ပြင်ရပ်နေ (ဘ)ဦးကြည်၏သမီး (၅၄)နှစ်ရှိ ဒေါ်တင်တင်မြင့်၏ မျက်ခုံးနှစ်ခုကြား ပေါက်ပြဲဒဏ်ရာ၊ ယာလက် ဖူးရောင်ဒဏ်ရာ ရရှိသည်ကို စစ်ဆေးတွေ့ရှိရသည် ဆို၏။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ အောင်ကျော်စိုး (၃၇)နှစ် (ဘ)ဦးစိုးမြင့် ကွက်သစ်ရပ် မြို့သစ်မြို့နယ်နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒု-ရဲအုပ် အောင်ခိုင်စိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းမှ (ပ)၂၃၄/၂၀၁၂ ပြစ်မှုပုဒ်မ – ၃၃၈/၃၃၇ အရ ထိုနေ့ ညနေ (၄း၃၀)မိနစ်အချိန် အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒု-ရဲအုပ် အောင်ခိုင်စိုးမှ အမှုအား ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ဟင်္သာ(တောင်တွင်းကြီး) | ||
| နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ Posted: 07 Oct 2012 07:03 AM PDT မန္တလေးတိုင်း ဒေသကြီး သာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ် ပြည်သူတစ်ဦးမှ ၈၈ မျိုးဆက် ကျောင်းသားကို မင်းကိုနိုင်သည် အရပ်ဘက် လူအဖွဲ့ အစည်းများ အတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်အား မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော် သမ္မတဖြစ်ရင် ဘာလုပ်မလဲဆိုသည့် ဥပမာလေး ပြန်လည်ပြောကြား သည်။ "အဲဒီမှာ ကျွန်တ်ာအကြောက် ဆုံးကိစ္စက နိုင်ငံတော်သမ္မတကြီး အဲဒါတော်တော် ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတုန်းက ကိုလိုနီခေတ်က လွတ်လပ်ရေးရ တော့မယ်ဆိုတော့ နိုင်ငံတော်မှာ ဘယ်လိုအုပ်ချုပ်မှာလဲ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၄၇ ကိုဆွဲကြတဲ့ အချိန်မှာ ဟိုကျေးလက်ဒေသတွေ မှာ ကျွန်တော်ပြည်နယ်တွေကို မပြောချင်တော့ဘူး။ သူ့နယ်နဲ့ လူမျိုးကို ကိုယ်စားပြုသလိုဖြစ် သွားမှာစိုးလို့ပြည်နယ်တစ်ခုက တောရွာမှာလှည်းဒေါက်ကိုဘောင်း တိဝတ်ပေးပြီးထောင်ထားရင် တောင်ယူနီဖောင်းဝတ်တွေလာပြီ ဆိုပြီးထွက်ပြေးကြတယ်။ အဲလို ကြောက်တဲ့ရွာ အထူးသဖြင့်ကာ ကီရောင်ဆိုပိုကြောက်တယ် အဲဒီ အရောင်ယူနီဖောင်းဝတ်တွေကြီး စိုးပြီး အဲဒီအရောင်ဝတ်လာပြီဆို လုပ်ချင်တာကို လုပ်လို့ရတယ်ဆို ပြီးထင်နေတဲ့ရွာအဲမှာကလေး တစ်ယောက်ကို ဆရာတော်က ရှင်းပြတယ်။ လွတ်လပ်ရေးလည်း ရတော့မယ်။ လွတ်လပ်ရေးရရင် ကိုယ့်သမ္မတနဲ့ ကိုယ်ဖြစ်တော့ မယ်။ အဲဒီအချိန်မှာ စာစီစာကုံး ရေးခိုင်းတယ်။ ခေါင်းစဉ်က သင်နိုင်ငံတော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ကျွန်တော်နိုင်ငံ တော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ် မလဲရေးရတော့ ကလေးက ရေးပါတယ်။ ကျွန်တော်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ပုလိပ်လုပ်ပါ မည်လို့ကလေးကရေးလိုက်တယ်။ ပြီးသွားပြီဆရာတော်ကိုကလေးက မေးတယ်။ နိုင်ငံတော်သမ္မတဖြစ် ရင်ဘာလုပ်လို့ရလဲ ဆိုတော့ဆရာ တော်ကလည်း ပြန်ပြောတယ်။ မင်းလုပ်ချင်တာလုပ်လိုရပြီ။ ဘာလဲ၊ ညာလဲပြောတော့အဲတော့ ကလေးကပြောပါတယ်။ ကျွန်တော် ပုလိပ်လုပ်ပါမယ်တဲ့ အဲတော့ ကျွန်တော်ကိုနိုင်ငံတော်သမ္မတဖြစ် အောင်တိုက်တွန်းတဲ့လူက ကျွန်တော်သမ္မတဖြစ်လို့ပုလိပ်လုပ် ရင်ဘယ်လိုလုပ်မလဲ အဲတာ လည်းစဉ်းစားထားပါဒါအရေးကြီး ပါတယ်။ လူဆိုတာဖောက်ပြန်တက် ပါတယ်။ ဒီနေ့နောက်ဆုံးစက္ကန့် အထိပဲ အာမခံနိုင်ပါတယ်။ ဒီခန်းမအပြင်ရောက်သွားရင် ဘာဖြစ်မလဲ ကျွန်တော်မသိပါ ဘူး။ အဲတစ်ခုကတော့ ရိုးရိုးသား ပြောပါမယ်။ ကျွန်တော်တို့ကျောင်း ထဲမှာ ဒေါင်းအလံကိုင်ပြီး၊ ထွက် လာတယ်ဆိုတာတစ်ချက်ထဲပါ သိဖို့ အရေးကြီးပါတယ်။ တစ်ချိန် အနာဂတ်မှာနိုင်ငံတော်မှာ ဦးဆောင်မယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ တာအမှန်ပါ။ ဒါဆိုဘာလို့ဝင်ရှုပ် တာလဲလို့မေးရင်ခံပါမယ်။ အနိုင်ကျင့်လွန်းနေလို့မခံချင်လို့ပြန် ချတာဒီတစ်ခုထဲပါ ကျွန်တော်သိ တာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားနဲ့ စီးပြီးကျောင်းသွား ရတဲ့ ကျောင်းသားတစ်ဦးပါဘာ မှ အခွင့်ထူးခံမရှိပါဘူး။ သာမန် ပြည်သူထဲက မွေးလာတဲ့သားတစ် ယောက်ပါ။ ဘတ်စ်ကားစီးပြီး ကျောင်းသွား နေရတဲ့ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော်ကောင်စီတစ်ယောက် ရဲ့ ၉၂၉ ကားကြီးကအတင်း ကျော်တက်ပါတယ်။ သူရုံးသွား မယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုံးပေါ် ကို တက်နေတဲ့အချိန်မှာ အဲတုန်း ကလမ်းလေးတွေက ကျဉ်းကျဉ်း လေးမျက်နှာချင်းဆိုင်နှစ်စီးပဲရှောင် လို့ရတယ်။ ရုံးတက်နေတဲ့အချိန် မှာ ဘတ်စ်ကားကလည်း စစ်ခေတ် တုန်းကကျန်ခဲ့တဲ့ချက်ပလက်ကြီး အဲဒီကားကြီးဂီးဂီးလို့အော်ပြီးတက် နေတဲ့ အချိန်မှာ နောက်ကနိုင်ငံ တော်ကောင်စီကသူကိုလမ်းမပေး ရကောင်းလာဆိုပြီးတော့ ဟွန်း တွေတရစပ်တီးပြီးတော့။ သူပေး လို့မရဘူး။ အဲတာကို သူမစဉ်းစား ခိုင်းဘူး။ ရှောင်လိုရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ် ကဆင်းပြီးတော့ ကားမောင်းတဲ့ လူကိုကိုယ်ထိလက်ရောက်ကျူးလွန် တယ်။ အဲဒိသတင်းကြားတာနဲ့ ကျွန်တော်တို့ကျောင်းလွယ်အိတ် ကိုချပြီးလိုက်သွားပါတယ်။ ဒါမျိုး တော့ဘယ်လိုမှ လက်မခံနိုင်ဘူး။ သတင်းကြားလိုက်တယ်။ ကား မောင်းတဲ့လူတော်တော်လေးအရှက် အကွဲအကျိုးနည်းဖြစ်သွားတယ်။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ကို ထမ်းဖို့လာတယ်။ အဲတာကို သူနားမလည်ဘူးလား သူတစ် ယောက်ထဲ နိုင်ငံဝန်ကိုထမ်းဖို့လာ တာမှမဟုတ်တာ ဒီလောက်ပြော သိရောပေါ့။ အဲလို အနိုင်ကျင့်တာ တွေဟာ နေရာတကာမှာ ဒီနေရာ မှမဟုတ်ဘူး။ အခွင့်ထူးခံတယ် အနိုင်ကျင့်တယ်။ နှစ်ချက်အဲနှစ် ချက်ကို မခံချင်လို့ ကျွန်တော်တို့ တုံ့ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်း အလံကိုင်ပြီးတက်လာတာကျား မှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက်ကိုယ်လုံးကပဲ စ၀ါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင် ငါဖြစ်လာတယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုးရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုးမရှိဘူး။ အခြားကျောင်းသားတွေမှာရှိလိမ့် မယ်။ ကိုယ်စီကိုယ်စီအဲနေရာမှာ ကွဲပြားသွားလိမ့်မယ်ငါသာလျှင် နိုင်ငံကိုဦးဆောင်မယ်။ ခေတ်ကို လည်း ငါတို့ဦးဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ မျိုးဆက်ကျောင်း သားတွေရှိပါတယ်။ သူတို့စိတ် အား ထက်သန်သူတို့ရဲ့ ရိုးသား မှုနဲ့ သူတို့ရဲ့အရည်အချင်းတွေကို ကြည့်ပြီးတော့ ပြည်သူတွေဆုံး ဖြတ်ပေးပါ။ လက်ရှိဦးဆောင်နေ တဲ့ သူတွေကိုလည်း ပြည်သူတွေ ပဲအဆုံးဖြတ်ပေးပါအမှတ်ပေးပါ ကျွန်တော်တစ်ဦးထဲသဘောက တော့ရှင်းပါတယ်။ ကျွန်တော်သာ ပုလိပ်လုပ်ချင်ရင်အကုန်ဒုက္ခ ရောက်ကုန်မယ်ဒါရိုးရိုးစောစော စီးစီးပြောထားခဲ့တာပါ"ဟု ပြော ကြားခဲ့သည်။ အဆိုပါကဲ့သို့ကိုမင်းကိုနိုင်မှ နယ်လှည့်ကာဆွေးနွေးဟောပြော စဉ်များတွင်လည်းသက်ဆိုင်ရာမြို့ နယ်အလိုက်ပြည်သူ့ရဲများ အစိုးရ ရုံးမှတာဝန်ရှိသူများက တစ်စိတ် တစ်ပိုင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။ ဖြိုးအောင် | ||
| ရှေ့သို့ ကိုဆန်းဆင့် မြန်မာပြည်အတွက်ဆက်လုပ် Posted: 07 Oct 2012 06:39 AM PDT ကိုဆန်းဆင့်ရေ နေကောင်းပါစေ။ လူချင်းမတွေ့ တာကတော့ ရွှေတိဂုံစေတီ ထီးတော်တင် လှူပွဲပြီး ကတည်းကဆိုပါတော့ ဗျာ။ ကိုဆန်းဆင့် လို့ ခေါ်လိုက်တာနဲ့ ကျုပ် ကိုတော့ တရားမစွဲ ပါနဲ့ဦးဗျာ။ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီးဆန်းဆင့်၊ ရေ ကြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးဆန်းဆင့် ဆိုပြီးတော့ နိုင်ငံတော် ရဲ့အရေးတွေကို သင်အံလေ့ကျင့် ဆည်းပူး တည်ဆောက်သူ အဖြစ်မြင်တွေ့ ရတာဝမ်း သာပါတယ်။ စစ်ဝတ်စုံနှင့် တုန်းက ဖျတ်လတ်တက် ကြွနေတာကို အခုထိ မျက်စိထဲမြင်နေတုန်း ပါ။ နောက်တော့ ခေါင်းလောင်းတိုက်ပုံ ကြီးနဲ့ အရွယ်ရဲ့ရင့်ကျက် တည်ငြိမ်မှုလော ကရဲ့ ခေါင်းဆောင်ကောင်း အဖြစ်နဲ့ တွေ့ ရတာဝမ်းသာတယ်ဗျာ။ ကျုပ်တို့အတူစား အတူသွားပြီးထီးတော်တင်ပွဲအောင်မြင် ပြီးစီးခဲ့ပါတယ်။ ကိုဆန်းဆင့်ရွှေတိဂုံဘုရား ဟာ ကမ္ဘာပေါ်မှပွင်တဲ့ဘုရားလေးဆူရဲ့ ဓာတ်တော်မွေတော်တွေနဲ့ တည်ထားခဲ့ တာပါ။ တက္ကသိုလ်မောင်မောင်ကြီးက ရွှေတိဂုံကိုနိုင်ငံတော်ရဲ့ မျက်နှာလို့ခေါ်ခဲ့ ကြပါတယ်။ ကျုပ်နဲ့ ကိုဆန်းဆင့်တို့လည်း နိုင်ငံတော်ရဲ့ မျက်နှာကို ရွှေချပြီး အထွဋ် တင်ခဲ့ရာမှာလက်တွဲလုပ်ဆောင်နိုင်ခဲ့တယ်။ ထီးတော်ပုံစေတီတော်ဟာ ကိုဆန်းဆင့် ရဲ့ စိတ်ကူးတွေပါပဲ။ ကျုပ်နဲ့ အတူတွဲလက်ညီညီလုပ်ဆောင် ခဲ့သူတွေဟာ တချို့လဲဇရာကြောင့်အနား ယူသွားကြပြီ။ အဲဒါနဲ့ စကားမစပ်ကိုဆန်း ဆင့်ရွှေတိဂုံဘုရာထီးတင်ပွဲထူးခြားချက်ကို ကျုပ်ရေးသားခဲ့တယ်။ နက္ခတ္ထရောင်ခြည် မဂ္ဂဇင်းမှာပါ။ စာပေစီစစ်ရေးကခွင့်ပြုချက် မရလို့ဖော်ပြခွင့်မရခဲ့ပါဘူး။ ကိုဆန်းဆင့် အဲဒီတုန်းက ရွှေတိဂုံထီးတင်ပွဲကလဲတစ် ဘက် ကုလားမကင်းကလဲတစ်ဘက်နဲ့ အတော်ပင်ပန်းခဲ့ရှာပါတယ်။ နိုင်ငံအတွက် လူမျိုးအတွက် ဘာသာအတွက်နောက် လိုက်ကောင်းတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့တယ်။ ကိုဆန်းဆင့်ရဲ့ စိတ်ကောင်းစေတနာကောင်းသစ္စာကောင်း မေတ္တာကောင်းမှုတွေကြောင့် ရေမြင်လို့ ကြာတင်ခဲ့တာပါ။ ကိုဆန်းဆင့်ရွှေနား တောင်းအရောင်နဲ့ပါးပြောင်တဲ့လူစားမျိုး မဟုတ်ဘူးဆိုတာယုံကြည်ပါတယ်။ လက်ခံပါတယ်။ နေရာဆိုတာ လိုချင်တိုင်း လုပ်ယူလို့မရတော့ဘူး။ ကံ၊ ဉာဏ်၊ ၀ီရိယ တွေနဲ့ ပေါင်းစပ်ပါမှဖြစ်လာတာပါ။ ထိုင်ခုံဆိုတာကလဲ ဟိုတုန်းကလိုထိုင်နေယုံ နဲ့ မပြီးတော့ဘူး။ ကိုဆန်းဆင့်ရေ ကမ္ဘာ ကြီးနဲ့ မျက်ခြေမပြတ်ဖို့နားမျက်စိမလုံး တော့ဘူး။ ဒီတော့ ကမ္ဘာကြီးနဲ့ မျက်ခြေ မပြတ်ဖို့နားမျက်စိတွေဖွင့်ထားကြရမယ်။ ကိုဆန်းဆင့်ခြေလျင်ခြေမြန်တာဝန်ကြီး တွေ ထမ်းဆောင်ခဲ့သူပါ။ တောင်ဆိုတာ တက်ပြီးရင် အဆင်းရှိလာတတ်တဲ့သဘော ရှိတယ်လေ။ ဒီတက်တုန်းက လွယ်လွယ် ကူကူခေါင်းမော်ပြီးတက်ခဲ့ကြတာပါ။ အဆင်းမှာတော့ ခေါင်းငုံ့ပြီး ခက်ခက်ခဲ ခဲဆင်းရတာ။ အန္တရာယ်သိပ်ကြီးတယ်။ ကိုယ်စိတ်သတိ (၃) ပါးနဲ့ တရွေ့ရွေ့ဆင်း ရတာပါ။ သတိတစ်ချက်လွှတ်ရင်တစ် သက်စာပါသွားမယ်။ ၀ုန်းဆိုချောက်ထဲ ကျသွားတတ်ပါတယ်။ ထောင်ချောက်က အရိုးတခြားအသားတခြား ကြေမွသွား နိုင်တယ်။ အတက်တုန်းက ရဲဘော်စိတ်နဲ့ ကြိုးဆွဲကြိုးကူလို့ရတယ်။ အဆင်းမှာ ပတ်ဝန်းကျင်အနေအထားမြေပြင်ရေပြင် ကို ကြည့်ပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်မှန်မှန် ကန်ကန်နဲ့ ဆင်းသက်ရတာပါ။ မလွယ်ပါ ဘူး။ ကျုပ်ယောမှာချင်းတောင်မှာ မူလတန်း ပြစေတနာဆရာလေးငါးနှစ်လုပ်ခဲ့ဖူးပါ တယ်။ အခု မူလတန်းတပည့်တွေထဲမှာ ပါရဂူမြောက်ဒေါက်တာဘွဲ့ရတဲ့ သူတွေ အများကြီးပေါ့။ တက္ကသိုလ်ကြီးတစ်ခုမှာ ပါမောက္ခချုပ်ဖြစ်နေပြီလေ။ ဒါကိုကျုပ်က "ဟေ့ ကောင် ငအေး။ ဟိုပုဂ်္ဂိုလ်လေးလို့ ပြောလို့မရတော့ဘူး။ အချိန်ကာလတွေ နဲ့ ရင်းနှီးပေးဆပ်ပြီးတော့ အောင်မြင်သူ ကိုတပည့်ကို နိမ့်ချခေါ်လိုက်လို့ ကျုပ်ဘာ ဂုဏ်တက်မှာလဲ ဂုဏ်နိမ့်သွားတယ်။ အာရိယဂုဏ်မရှိတော့ဘူး။ တပည့်လေး ကို ဒေါက်တာဦးအေးပါမောက္ခချုပ်ကြီး လို့နှလုံးသားမှာ အလှဆင်လိုက်ရင်ဘယ် လောက်ကောင်းမလဲဗျာ။ မြန်မာနိုင်ငံမှာ အရာရာမှာ ငါဆရာ လုပ်လို့မရတော့ဘူး။ ငါကြီးငါကောင်းဝါဒ တွေက အဝေးမှာပျောက်သွားပြီလေ။ ကိုဆန်းဆင့်ခင်ဗျား။ ဟိုတုန်းက၀ါဒမတူ ခံယူချက်မတူယုံကြည်မှုမတူတဲ့သူတွေ တမိုးအောက်ထဲမှာအကွဲကွဲအပြားပြား လုပ်နေလို့မရတော့ဘူး။ ပူးပေါင်းဆောင် ရွက်မှရတော့မှာပါ။ စည်းလုံးညီညာအောင် ကြောင်းဖြာရတော့မှာပါ။ သမ္မတကြီးဦးသိန်းစိန်ကနှစ်လွှာပေါင်း မှ တစ်ရွက်စွယ်တော်ရွက်နိုင်ငံရေးလုပ် ငန်းစဉ်မှာ ညောင်ရွက်လို့အတ္တစူးပြီးနောက် ပြန်ဆွဲအဖျားရှုးသူတွေကို လက်တွဲဖြုတ် ခဲ့ကြရမှာပါ။ အိမ်နီးချင်းတရုတ်၊ ကုလား၊ ထိုင်း၊ စတဲ့ တိုင်းပြည်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေပြိုင်ရမှာပါ။ အချင်းချင်းပြိုင်စရာဆိုင်စရာမလိုပါဘူး။ ကျုပ်နှလုံးရောဂါရခဲ့တယ်ဗျာ။ နေ့စဉ် ထုတ်မြန်မာသတင်းစာတွေဖတ်နေတော့ မျက်စိမှုန်လာတယ်။ မြန်မာ့ရုပ်သံသတင်း တွေမှာ ကျုပ်နားထိုင်းသွားတယ်။ စစ်ဆေးရုံက နှလုံးရောဂါကုသမှုပျောက် ကင်းချိန်မှာ ယမကာသမားဟာသတိရ လာတယ်ဗျာ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ကို အလုံးစုံရုံကြည်လင်သက်ဝင်လာတယ်။ ဒါကလဲ ကိုဆန်းဆင့်တာဝန်ပေးလို့ လုပ်ခဲ့ရတဲ့ ရွှေတိဂုံထီးတော်တင်ပွဲကျေးဇူး ပါ။ ကျုပ်တို့နဲ့ လက်တွဲရွှေတိဂုံထီးတင်ပွဲ လုပ်ဆောင်ခဲ့တဲ့ ဒုဝန်ကြီးသူရဦးမြင့်မောင် က ၀န်ကြီးဖြစ်သွားတယ်။ အခုထက်ထိ ရှင်သန်နေတုန်းပဲ။ ကျုပ်နဲ့တွဲခဲ့တဲ့ ဗိုလ်မှူး ရဲအောင်အခု မန်းတိုင်းမှူးဗိုလ်ချုပ်ဖြစ် နေတယ်။ ဒါတွေကို အဖြေရှာကြည့်ရင် စေတနာကောင်းလို့ကံကောင်းတာပါ။ ပွင့်လင်းမြင်သာတဲ့အချိန်မှာ လက်မောင်း နဲ့ ပခုံးကိုကြည့်ပြီးအရိုအသေပေးလို့မရ တော့ဘူးလေ။ ကမ္ဘာကြီး ကြီးကြောင်း ကျယ်ကြောင်း ကွန်ပျူတာအင်တာနက်တွေမှာတွေ့ရမြင် ရကြားရရင်မာနေလို့ စွာနေလို့မရတော့ ဘူး။ ပျော့တန်ပျော့လျော့တန်လျော့ရ တော့မှာလေဗျ။ ပါတီနဲ့ နိုင်ငံအကျိုးယှဉ် လာရင် ပါတီအကျိုးဘေးဖယ်ထားရမှာ ပါ။ ငြိမ်းချမ်းကိုရဲ့ Hot News 27-Sept 3 Oct 2012 စာမျက်နှာ ၂၂-၂၃ ဖတ်ကြည့် မိတယ်။ ကိုဆန်းဆင့်ဟိုတုန်းကရွှေတိဂုံကြီး ကို ကာယကံ၊ မနှောကံ၊ ၀စီကံဖြစ်တဲ့ ကံ (၃) ပါးနဲ့ ကြည်ညိုပူဇော်လုပ်ဆောင် ခဲ့တဲ့အကြောင်းကြောင့် ယခုထင်ထင်ရှား ရှားအကျိုးထူးဖြစ်လာတယ်။ ကိုဆန်းဆင့် ဟိုတုန်းက စစ်သားဘ၀မြင်ကွင်းနဲ့ ပြည်သူ လွှတ်တော်ရေကြည်လူကြီးနဲ့ မတူဘူး။ ကွဲပြားခြားနားသွားပါပြီ။ အဲအခုရေကြည်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမြင်ကွင်းကပို၍ပို၍ကျယ် လာတယ်။ အဲဒါကို အမြင်ကျဉ်းနေလို့မရ ဘူးလေ။ အသက်ကြီးတိုင်း စီနီယာကျ တိုင်းသူမြတ်သူကောင်းဖြစ်သလားဆိုတာ အမြင်မှန်ဉာဏ်အလင်းရဖို့လိုပြီထင်တယ်။ ၀ါးလုံးခေါင်းထဲလသာနေရမဲ့အချိန်ကာလ မဟုတ်တော့ဘူး။ ကိုဆန်းဆင့်ရေ အရှေ့ တောင်အာရှနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေ လို့မရတော့ဘူး။ အနောက်ဥရောပအမေ ရိကန်ဖက်ဆီခြေဦးတည်မိတ်ဆွေဖွဲ့ဖို့လုပ် ရမယ်။ ကိုဆန်းဆင့်ဧရာဝတီခြင်္သေ့ကြီး ဟောက်သံဟာ မြန်မာပြည်ကြီးအေးချမ်း သာယာဘေးမသန်းဖို့ပါပဲဗျ။ ငြိမ်းချမ်းကိုရဲ့ စာသားခေတ္တခဏယူ ပြောချင်ပါသေးတယ်လေ။ "ဦးဆန်းဆင့် ၏ ရှင်းလင်းချက်" တစ်ဦးနဲ့ တစ်ဦးဒီနေ့ တာဝန်ယူနေရတာ ဘာတာဝန်လဲဆိုတာ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ Senior သည် ဆရာလား။ တပ်မတော်မှာ ဆိုရင်လည်း ပဲတစ်ချိန်ကဆရာဖြစ်နိုင် သလိုတစ်ချိန်မှာလည်ဆရာဖြစ်တတ်ပါ တယ်။ အဖေတပ်ကြပ်ကြီးကသားစစ်ဗိုလ် လေးကို အလေးပြုရတာတွေလည်းရှိခဲ့ ပါတယ်။ မဟော်သဓာဇာတ်တော်ကြီးရဲ့ မြည်းတရားစီရင်ခန်းကို ဖတ်ဖူးသင်ဖူးကြ ဖူးကြမယ်ထင်ပါတယ်။ အဖေထက်သား ကမြတ်ပါသလောလို့ဘုရင်ရဲ့ မေးမြန်းချက် ကို မဟော်သဓာသုခမိန်ကမင်းကြီးကို ပြန်လျှောက်ရာမှာ ၈ ကျပ်တန်မြည်းနှင့် အာဇာနည်မြင်းမတို့စပ်သော အဿထိုရ် မြင်းသည် အဖိုးအနဂ္ဂထိုက်သည်လို့ သာဓကထုတ်ပြခဲ့တယ်မဟုတ်လား။ အသက်ကြီးတိုင်း Senior ကျတိုင်းသူမြတ် သူကောင်းဖြစ်ပါသလား။ ဩ ကိုဆန်းဆင့်ရယ်ထိလိုက်တဲ့ နှလုံး သားရိုက်ချက်ကြီးဗျာ။ ကျုပ်စစ်ဆေးရုံ နှလုံးသာရောဂါဆင်းလူနာကြီးနှလုံးသား ကိုထိတယ်။ အသိသတိဆိုတာ အရေး ကြီးပြီ။ သွေးစည်းဖို့လိုတယ်။ မောင်ဖြူ မမဲ မခွဲခြားပဲ ရှေ့ခရီးဒီမိုကရေစီပန်းတိုင် လျှောက်နေတာပါ။ ကိုဆန်းဆင့် အနိစ္စ= မမြဲခြင်း၊ ဒုက္ခ= ဆင်းရခြင်း၊ အနတ္တ= အစိုး မရခြင်းလက္ခဏရေး (၃) ပါးလက်ကိုင် ထားရမယ်ဗျ။ ကျုပ်တို့က မအိုမနာမသေ မသေခင်အမှန်တရားကို စွဲမြဲစွာလက်ကိုင် ထားပြီးအမှားကို အထူးရှောင်ဖို့လိုတယ် ဗျ။ ကိုဆန်းဆင့်ရေ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊ ခင်ဗျားရဲ့ စာသမားတပ်မှူးကြီးယောနက ဘိုးထောင်အကြံပြုတင်လိုက်ပါတယ်ခင်ဗျား။ "ရှေ့သို့ကိုဆန်းဆင့်မြန်မာပြည်အတွက် ဆက်လုပ်" နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ "ကိုဆန်းဆင့်အားရှိခိုးဦးချကန်တော့ အပ်ပါတယ်ခင်ဗျား" ယောနကဘိုးထောင် - Hot News | ||
| Posted: 07 Oct 2012 06:32 AM PDT ပြည်ခိုင်ဖြိုး ပါတီ၌ ဥက္ကဌ ရာထူး ဆက်ရှိမည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ယခင် နာယကကြီးများ တာဝန်ယူ ထားခြင်း လုံးဝမရှိကြောင်း ဦးဌေးဦးမှ အတည်ပြုပြောကြား မကြာခင် ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုညီလာခံကြီး၌ ပါတီ ဥက္ကဌရာထူးအား ထားရှိမည် မဟုတ်ကြောင်း နှင့် ယခင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီး၌ နာယကကြီးအဖြစ် တာဝန်ယူသော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ရှိ နာယကကြီး အဖြစ်ရှိနေသေးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေပြီး အဆိုပါသတင်းများ မှာ ကောလဟာလသာဖြစ်ကြောင်း ပါတီ ညီလာခံကြီး၌ ဥက္ကဌရာထူးအား ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း နှင့် ယခင် အသင်းကြီး၏ နာယကအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း အသင်းကြီးအား ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်ကပင် နာယက နေရာမှာမရှိတော့ကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟို) အထွေထွေ အတွင်းရေးမှူးဦးဌေးဦးက အတည်ပြုပြောကြားလိုက်သည်။ "ပါတီရဲ့ ဖွဲ့စည်းပုံအရ ဥက္ကဌရော ၊ ဒု ဥက္ကဌရော ရှိပါတယ်။ ဒုဥက္ကဌဆို တစ်ယောက်ထက်မက ပိုရှိပါတယ်။ထပ်လည်းရှိနေမှာပါ။ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရှိတယ်။ ဒါပေမယ့် အဲဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေထဲကနေ ပါတီရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေပဲ ၊ ပါတီတာဝန်တွေကို ထမ်းဆောင်ခွင့်မရှိတော့တဲ့ ၀န်ကြီးတွေ ကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အရေအတွက်နည်းသွားတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်လည်း ပြန်ဖြည့်ရမယ် ၊ ဒါက ပါတီညီလာခံမှာ လုပ်မယ့်ကိစ္စပါ။ ဥက္ကဌကတော့ ရှိမှာပဲ ၊ သို့သော အဲဒီဥက္ကဌ တာဝန်ကို ဆောင်ရွက်လို့ မရဘူးဆိုရင်လည်း ဒီတာဝန်ကို ပါတီမှာ အမြဲတမ်းကျန်ခဲ့ပြီး ဆောင်ရွက်နိုင်တဲ့သူ ကယူပြီးဆောင်ရွက်မှာပါ့။ ရာထူးယူချင်ယူမှာပေါ့ ရာထူးမယူပဲနဲ့ ဒီတာဝန်ကိုပဲယူမှာပါ။ နောက်တစ်ခုက အ၇င် အသင်းကြီးတုန်းက နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေဟာ အသင်းကြီးမှာ နာယကတွေဘဲ အဲဒီမှာ အသင်းကြီးလို့ စတင်ဖွဲ့စည်းပေးခဲ့တည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးလည်းပါတယ်။ ကျွန်တော်တို့ န.ယ.က အဖွဲ့လို့ ဖျက်သိမ်းပြီး ၊ အစိုးရသစ်ကို စတင်ဖွဲ့စည်းတဲ့အချိန်မှာ ရော ၊ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ချိန်မှာရော န.ယ.က အဖွဲ့ဝင်တွေ န.ယ.ကနေရာမှာ လုံးဝမရှိတော့ပါဘူး။ သို့သော်လက်ရှီ မှာ ပါတီ နာယက အဖွဲ့ကို လိုအပ်ရင်ထားနိုင်ဖို့တော့ ကျွန်တော်တို့ ဖွဲ့စည်းမယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကို နာယက အဖြစ် ဆက်ထားမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ပါဘူး´´ဟု USDP ဗဟိုအတွင်းရေးမှူး ၊ ပြည်သူ့လွှတ်တော် နိုင်ငံ သားများ၏ မူလအခွင့်အရေး နှင့် ဒီမိုကရေစီရေးကော်မတီ ဥက္ကဌ ဦးဌေးဦးမှ Hot News သတင်းထောက်အားပြောကြားသွားခဲ့သည်။ ပါတီဗဟိုညီလာခံကျင်းပရာ၌လည်း ယခင်ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၌ မပါခဲ့သော မြို့နယ် ၊ ခရိုင် နှင့် တိုင်းတို့၌ ပါတီဥက္ကဌများအား ရွေးချယ်ထားရှိမည်ဖြစ်ကာ ပါတီဥက္ကဌအားလည်း ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ၊ လိုအပ်ပါက နာယက အဖွဲ့အားလည်းထား ရှိမည်ဖြစ်ကြောင်း ဦးဌေးဦး၏ ပြောကြားချက်အရသိရှိသည်။ ခန့်ခန့်(ဒဿနိက) Hot News | ||
| အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး Posted: 07 Oct 2012 06:22 AM PDT မြို့နယ် အုပ်ချုပ်ရေး အစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန် တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက် ဆုံးရှူံးသွား သည်ဟု သိရသည်။ အဆိုပါ ကလေး အမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူ ဖြစ်ပြီး ရွာတွင် ကလေး မမွေးနိုင်သောကြောင့် မတူပီ ပြည်သူ့ဆေးရုံသို့ အတွင်း လူနာအဖြစ် လာရောက်သူ ဖြစ်ကြောင်း သိရသည်။ " ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ " ဟု ဒေသခံတဦးက ပြောသည်။ ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်က ကလေးကို ခွဲ ထုတ်သော်လည်း ကလေးပါ ဆုံးပါးသွားကြောင်း သိရသည်။ ထို့အပြင် ဆရာဝန်သည် နယ်တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းများနှင့်အပေးအယူလုပ်ပြီး အဆိုပါ ၀န်ထမ်းများအား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။ " ကျတော်တို့ရွာကို သားဖွားဆရာမ မလာတာ နှစ်နဲ့ချီပြီ၊ ဆရာဝန်နဲ့ နားလည်မှု ယူထားလို့ ဆိုပြီး သူ့ရွာမှာပဲ အေးအေး ဆေးအေးနေနေတယ်" ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။ မြို့နယ်ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊ အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့် ကလေးအမေတဦး ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။ ChinNewsgroup
| ||
| ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ Posted: 07 Oct 2012 06:16 AM PDT ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည် ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။ "ကျွန်တော် ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲမှာ ဗုဒ္ဓဘာသာတယောက် အနေနဲ့ ပါဝင်တာဖြစ်တယ်။ ခုလိုဆန္ဒ ထုတ်ဖေါ်ခြင်းအားဖြင့် ကမ္ဘာ့ကသိလာပြီး လူနည်းစုတွေကို ကာကွယ်ပေးဖို့ အစိုးရကို ဖိအား ပေးလာ နိုင်အောင်နဲ့ နောက်ထပ် ခုလိုမဖြစ်လာအောင် ကာကွယ် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အစိုးရက လုံခြုံရေး ယူနေတယ်ဆိုပေမဲ့ စိတ်ချမရသေးဘူး။ ဘယ်နေ့မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိရဘူး။ ခုလဲနေရာကွက်ကျား ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေ့ရပါ တယ်" ဟု ဆန္ဒပြရာတွင် ပါဝင်သူ ရခိုင်အမျိုးသား ကိုအောင်စံခိုင်က နိရဉ္စရာသို့ ပြောသည်။ ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများထဲတွင် အစိုးရ လုံခြုံရေး အဖွဲ့များ တာဝန် ပေါ့လျော့မူကြောင့် ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်ဟု ဖေါ်ပြထားသလို လူနည်းစုများကို ကာကွယ်ပေး ရန်အစိုးရတွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည့် စာတန်းများကို ရေးထိုးထားသည်။ မီးရှို့ခံရသည့် ဓါတ်ပုံများနှင့် အတူ ဗုဒ္ဓဘာသာ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း ပါဆိုသည့် ပိုစတာများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ထားကြသည်။ ဆန္ဒပြသူများသည် ခရိုင်ရုံးချုပ်ရှေ့မှ တဆင့် လမ်းမအတိုင်း အဂ္ဂမေဓ ကျောင်းသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ပြီး အဂ္ဂမေဓကျောင်း ဂိတ်ဝတွင် မိနစ် (၃၀) ခန့် ရပ်တန့်ပြီး မာရမာ၊ ရခိုင်၊ ဟိန္ဒူ ခေါင်းဆောင် လူကြီးတို့မှ အသီးသီး မိန့်ခွန်းစကားပြောကြားခဲ့သည်။ ညနေ ၃နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အဆိုပါ ကျောင်းအား စစ်တပ်က လုံခြုံရေး ယူထားသော်လည်း ဆန္ဒပြသူများအား တစ်စုံတစ်ရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။ စီတန်းလမ်း လျှောက်ရာတွင်လည်း တစုံတရာ အနှောင့်အရှက်မဖြစ်ရအောင် ရဲတပ်ဖွဲ့များက လုံခြုံရေး ယူပေးသည်ဟု သိရသည်။ မနက်ဖြန် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ပန်းဝါ (ရာမူး) သို့ လာရောက်မည်ဖြစ် သဖြင့် ပန်းဝါသို့မသွားမီ ကော့စ်ဘဇား မြို့သို့ ရှေးဦးစွာလာ ရောက်မည်ဖြစ်ရာ ဒေသခံ ဗုဒ္ဓဘာသာဝင်များ ပိုစတာကိုင်ပြီး ဆက်လက် ဆန္ဒ ထုတ်ဖေါ်မှုများ ပြုလုပ်ကြမည်ဟု သိရသည်။ ထွန်းထွန်း (နိရဉ္စရာ) | ||
| ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ Posted: 07 Oct 2012 06:14 AM PDT ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။ အဆိုပါ ထရပ်ကားကို စစ်တကောင်းခရိုင် ချီးတာကုန်တာ မြို့နယ်အတွင်းအာဏာပိုင်များက သော ကြာနေ့ ည ၁၁ နာရီအချိန်တွင် ရမ်ဇင်အာလီဆိုသူနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း BD News 24 အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါ ထရပ်ကားပိုင်ရှင်မှာ ကော့စ်ဘာဇားမြို့နယ် ဘေဒေါဂေါနာ အရပ်မှ မိုဟာမတ် ဇာကာရီ ယာ ဆိုသူဖြစ်ပြီး ကားပိုင်ရှင်မှာ ၁၉၇၈ ခုနှစ် မြန်မာဘက်မှ ဘင်္ဂလာသို့ ပြောင်းရွေ့လာသည့် ရိုဟင် ဂျာဆိုသူ တဦးဖြစ်ကြောင်း ဘင်္ဂလီဘာသာဖြင့် ရေးသားထားသည့် အဆိုပါ သတင်းတွင် ဖလောင်း ချိတ်ခရိုင် ရဲအရာရှိ ဇာဟင်းဂီး အပြောကိုကားပြီး ဖော်ပြသည်။ ယခုအခါ နောက်ကွယ်က ကြိုးကိုင်ပါဝင်သူများ၏ သဲလွန်စ ကွင်းဆက်များကို ရဲက ဖေါ်ထုတ်နေပြီ ဖြစ်သည်။ တိုက်ခိုက်မူသည် ကြိုတင် စီမံချက် တစ်ရပ်ဖြစ်ပြီး တိုက်ခိုက် ရာတွင် ပါဝင်သူ အများစုသည် ရာမူးမြို့မှ မဟုတ်ဘဲ မြို့ပြင် ဒေသများမှ ထရပ်ကားများဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖေါ်ပြသည်။ စက်တင်ဘာလ ၂၉ ရက်နေ့က ည အချိန်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး ယခုအခါ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက လူပေါင်း ၂၅၀၀ ကျော်ကို တရားစွဲဆိုထားပြီး လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှလည်း ယနေ့ (အောက်တိုဘာ ၆ ရက်နေ့) နေ့လည်ပိုင်းက ဗုဒ္ဓသာဘာ အသင်း အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ဒက္ကာမြို့တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က " ဖလောင်းချိတ် ရာမူနှင့် စစ်တကောင်း ပိုတီယာ တို့ တွင် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်သည် မည်သည့်အကြောင်းကြောင့်နှင့်မှ ခွင့်လွတ်နိုင်စရာ မရှိ" ဟု ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် တိုက်ခိုက်ခံခဲ့ရသည့် ရာမူးနှင့် ကော့စ် ဘာဇားမြို့သို့ တနင်္လာနေ့တွင် သွားရောက် ရန်ရှိကြောင်း သိရသည်။ ယခု ဗုဒ္ဓဘာသာများကို တိုက်ခိုက်မူသည် ဘင်္ဂလာဒေခ်ျ့အား ကမ္ဘာ့အလယ်တွင် မျက်နာ ပျက်စေသည်သာမက လက်ရှိ စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ စက်မူနှင့် ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။ မောင်အေး (နိရဉ္စရာ) | ||
| မောင်းသူမဲ့ လေယာဉ် ကို အစ္စရေး ပစ်ချ Posted: 07 Oct 2012 06:06 AM PDT မြေထဲပင်လယ် ကနေ အစ္စရေး လေပိုင်နက် ထဲကို ဝင်ရောက်လာတဲ့ မောင်းသူမဲ့ လေယာဉ် တစင်းကို အစ္စရေးက ပစ်ချ လိုက်ပါတယ်။ ဒီမောင်းသူမဲ့ လေယာဉ်မှာ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ ပါမလာခဲ့ပေမယ့် နောက်ပိုင်းမှာ လူမနေတဲ့ ဒေသတခု အတွင်းမှာ ဖျက်ဆီး ပစ်လိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးက ပေါ့ပေါ့ တန်တန် သဘောမထား တဲ့အကြောင်း အဲဒီက သတင်းထောက်တွေက ဆိုပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အစ္စရေး ရဲ့ လေပိုင်နက်ထဲကို ပထမဆုံး အကြိမ် ကျူးကျော် ဝင်ရောက် ခံရမှုလည်း ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ကလည်း ဒီအတွက် တုန့်ပြန် မှုတွေ လုပ်ကောင်း လုပ်မယ့် အကြောင်း သတိပေး ထားပါတယ်။ ဒီ မောင်းသူမဲ့ လေယာဉ်ကို ဘယ်သူက လွှတ်တင်လိုက်တယ် ဆိုတာကို အတိအကျ မသိရသေး ပေမယ့် အီရန်က အားပေးကူညီ နေတဲ့ လက်ဘနွန်ထဲက ဟဇ်ဘိုလာ လှုပ်ရှားမှု အဖွဲ့က လွှတ်တင်လိုက်တာ ဖြစ်နိုင်ကြောင်း ခန့်မှန်း နေကြပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
| မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည် Posted: 06 Oct 2012 05:55 PM PDT မန္တလေးမြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းက မြို့နယ်တွေ အားလုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို အများပိုင် ကုမ္ပဏီ တစ်ခုကို လွှဲပြောင်းဆောင်ရွက်ဖို့ စီစဉ်နေပြီး စမ်းသပ် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။ အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက တစ်မြို့နယ်ကို ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ပေးထားပေမယ့် မန္တလေးမြို့ အခြေအနေအရ အဲသည်လို ဆောင်ရွက်ရင် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်အားလုံးကို အများပိုင်ကုမ္ပဏီ တစ်ခုကိုပဲ ဆောင်ရွက်ခွင့်ပြုဖို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်းထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ် အတွင်းမှာက လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးလုပ်ငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဲသည်ကုမ္ပဏီဟာ လက်ရှိအချိန်ထိ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာ မဟုတ်သေးဘူးလို့ ချမ်းမြသာစည်မြို့နယ်က အစိုးရ အသိအမှတ်ပြု လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးကောက်ခံရေး လုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမှာဖြစ်ပေမယ့် လျှပ်စစ်ဓါတ်အားခ နှုန်းထားကတော့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
| ||
| ၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး Posted: 06 Oct 2012 05:48 PM PDT ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ် များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား) စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅)ချပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ကြီးကြပ်မှု ဖြင့်အောက်တိုဘာ (၆)ရက်နေ့ မနက် (၈)နာရီက မြန်မာ့ ရုပ်ရှင်လုပ်ငန်း ၀န်းထဲမှာ စုပေါင်းဖျက်ဆီးခြင်း များပြုလုပ်ခဲ့ သည်။ ယခုစုပေါင်း ဖျက်ဆီးမှုသည် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် အတွင်း မှာ (၉)ကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ပြီး စုစုပေါင်း ၉ ကြိမ်အတွင်း ဖျက်ဆီးပြီး ခိုးကူးချပ် အရေအတွက်မှာ (၆၃၃၆၇၆)ချပ် (ယခုဖျက်ဆီးမှု အပါအ၀င်)ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ BY POPULAR NEWS | ||
| အောက်တိုဘာလ (၈) ရက်နေ့ ထုတ် The Voice Weekly Vol8. No.40 Posted: 06 Oct 2012 10:15 AM PDT |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ