Re: [mrsorcerer:33377] Fwd: [လူဗိုလ်ဟူသည် ...] တချိန်တုန်းကတက္ကသိုလ် (၂)

Thanks but which university?

2012/10/4 Lu Bo <lubo601@gmail.com>


---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/3
Subject: [လူဗိုလ်ဟူသည် ...] တချိန်တုန်းကတက္ကသိုလ် (၂)
To: lubo601@gmail.com



by San Yu on Wednesday, October 3, 2012 at 2:21am 

သား ငယ်လေး မင်းသုတ သို့ ......

အဖေတို့  ကျောင်းသားအသစ်တွေအတွက် ကြိုဆိုပွဲကို အားကစားရုံရဲ့  ပထမထပ် မှာ လုပ် ပေးတယ်။. အဲဒီပထမထပ်က ရုံတွင်းဘောလုံး၊ဘာစကတ်ဘော၊ဘော်လီဘော၊တင်းနစ်၊ကြက်တောင် စတဲ့ အားကစားမျိုးစုံကစားလို.့ ရအောင် ဖန်တီး ထားတဲ့ နေရာပေါ့။မြေငလျင် လှုပ်ရင်လည်း စုရပ်တစ်ခုပေါ့။
အခန်းအနားမှူး လုပ်တဲ့  အင်္ဂလိပ်လူမျိုး. Professor Smith က အစီအစဉ်တွေဖတ်ပြပြီး အစဉ်လိုက် နှုတ်ဆက်စကားတွေချွေကြတာပေါ့သားရေ။. အဲဒီမှာကျောင်းမှာရှိတဲ့  Professor တယောက်ချင်းစီ ကိုလည်း မိတ်ဆက်ပေးပါတယ်။ ပြီးတော့အဖေတို့ ကျောင်းသားတွေအလှည့်ပေါ့. အခန်းအနားမှူးက. တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး နိုင်ငံအမည်နဲ့ နှုတ်ဆက်တာဂုဏ်ယူ စရာကောင်းလှတယ်။
ဥပမာ အဖေဆိုပါတော့. Mr .San Yu Aung..... From Myanmar......လို.့ ဆိုရင်. မတ်တပ်ရပ်ပြီး အားလုံးကိုလက်ဝှေ့ရမ်းနှုတ်ဆက်ပြရပါတယ်။အားလုံးကလည်းလက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ အဲဒီအချိန်တုန်းက အဖေရဲ့ အဖေနဲ့ အမေကိုအရမ်းသတိရမိတယ်....သူတို့ သာအနားမှာရှိရင် ဘယ်လောက်ဝမ်းသာဂုဏ်ယူလိုက်လေမလဲသားရေ!!!!(မင်းအတွက်လည်းတနေ့ တော့ အဖေဂုဏ်ယူရမယ်လို့ ယုံကြည်ပါတယ်)
အဲဒါတွေပြီးတဲ့နောက်. ကျောင်းဖွင့်ရက်တွေစတင်တဲ့ အခါ မှာတော့သက်ဆိုင်ရာ Program အလိုက်ဆရာတွေကသူတို့ သင်တဲ့ ဘာသာရပ်တွေအကြောင်း. Specialization တွေအကြောင်းတစ်ဦးချင်းစီကသူ့ အချိန်လိုက်ရှင်းပြကြတယ်။ အဲဒါဟာကျောင်းသားတွေအတွက်. မဟာဘွဲ့ စာတမ်း ရေးဖို့  မိမိရဲ့  supervisor ရွေး ချယ်ဆုံးဖြတ်ဖို့  အကောင်းဆုံးအခွင့်အရေးပေါ့။
ပထမနှစ်ကျောင်းသားတွေအတွက်တော့မယူမနေရ core courses တွေ. ရှိတဲ့ အပြင် မိမိကြိုက်တဲ့ဘာသာရပ်တွေကိုလည်း ယူ လို့ ရပါတယ်. ။ Elective course လို့ ခေါ်တာပေါ့သားရေ။. ယူချင်သလောက်ယူခွင့်တော့မပြုပါဘူး. ကျောင်းသားမနိုင်မနင်းဖြစ်မှာစိုးလို့ ပါ။ Term တစ်ခုမှာအများဆုံး. 13 credits ပဲယူခွင့်ရှိပါတယ်။တကယ်တော့ အဖေယူခဲ့တဲ့  9. Credits ကတောင်အတော်ပင်ပန်းလှပါပြီ။
ဒီနေရာမှာ credit ဆိုတာတွေက. ဘာသာရပ်တွေမှာသတ်မှတ်ခေါ်ဝေါ်တာပါ။ဥပမာ Macroeconomics Policy Analysis ဆိုရင် 2 credits ရှိတယ်။
အဖေယူခဲ့ တဲ့ International Development Program ကအနည်းဆုံး 44 credits and Master thesis ပြီးမှ ဘွဲ့ ရပါတယ်။၂နှစ်အတွင်းအပြီး သင်ယူ. ရတာပေါ့။
Elective courses တွေယူဖို့ ဆိုရင် ကျောင်းရဲ့ website ကနေ course description တွေဖတ်လို့ ရသလို ကိုယ်တိုင်သူတို့ အတန်းတွေမှာလိုက်တက်ပြီး. လေ့လာလို့ ရပါတယ်။
Course registration deadline အမီ လေ့လာဆုံးဖြတ်ပြီးယူလို့ ရပါတယ်။။ ယူပြီးမှမကြိုက်တော့ရင်လည်း သတ်မှတ်ရက်အတွင်း withdraw လုပ်လို.့ ရပြန်ပါတယ်။။ အဖေပြောတဲ့ လွတ်လပ်စွာရပ်တည်မှုတွေပေါ့!
ခုနပြောတဲ့  course description မှာ ဘာသာရပ်အကြောင်းအပြင် စစ်မဲ့စာမေးပွဲစနစ်။ grade ပေးပုံတွေကိုလည်းတစ်ပါတည်းဖေါ်ပြထားတယ်။
စာမေးပွဲစနစ် ၊grade ပေးပုံတွေဖေါ်ပြပေးထားပေးမယ့်. အတန်း တက်ပြီးမှကျောင်းသားအများစုသဘောတူညီချက်နဲ့ လည်း စာမေးပွဲစစ်တဲ့ စနစ်ကိုပြန်ပြင်နိုင်ပါသေးတယ်။
အဖေတို့ တက်ရမယ့် အတန်းတွေရဲ့  အချိန်ဇယားတွေကို အွန်လိုင်းကနေထုတ်ပြန်ပေးထားတယ်! ဆရာတွေက အချိန်အတိအကျလာ ပါတယ်။အရေးပေါ်ကြောင့်ပျက်ကွက်တယ်ဆိုတာတစ်ခါမှမကြုံဘူး ခဲ့ဘူးသားရေ။
တကယ်လို.့ ပျက်ကွယ်မယ်ဆိုရင်. လည်း ကြိုတင်အကြောင်းကြားလေ့ရှိပြီး။. အာလုံးအဆင်ပြေမယ့်အချိန် ကိုညှိပြီး ပျက်ကွက်ချိန်အတွက်ပြန် ယူပေးကြတယ်။. တစ်ခါတစ်လေ အတန်းတွေ က ည၁၂ ထိုးမှပြီးတာမျိုးတွေရှိတတ်တယ်။
စာသင်ပြီဆိုရင်တော့ဆရာတွေက ပါဝါပွိုင့်ဆလိုက်တွေသုံးလေ့ရှိသလို ကျောက်သင်ပုန်းမှာလည်း ရေးပြီးသင်ကြတယ်။
ဆရာတွေအမြဲပြောတာက.အကြောင်းအရာတစ်ပိုင်းပြီးတိုင်း ( any questions , comments?) အဲဒီအချိန်ကျောင်းသားတွေက ကြိုက်တာကိုဆွေးနွေးငြင်းခုန်နိုင်ပါတယ်။( အဖေကတော့ အစပိုင်း နည်းနည်းလွယ်တုန်းက. ဆွေးနွေးနိုင်ပေမယ့် နောက်ပိုင်း ခက်လာတဲ့ အခါ ဆရာတွေပြောတာကိုတောင်မနည်းနားလည်အောင်ကြိုးစားခဲ့ ရတယ်)

တချို့ကျောင်းသားတွေကတော့ဆရာချွေးပြန်အောင်တောင်မေးနိုင်ကြတယ် .. သူတို့ ကတော့တရုတ်၊သီရိလင်္ကာ။ပါကစ်စတန် ၊ဗီယက်နမ်စတဲ့နိုင်ငံတွေကပေါ့။
ဆရာတွေကအခန်းထဲမှာစာမေးခဲတယ် ။ ဆရာတစ်ယောက်ကတော့ သူ့အချိန်တိုင်းမေးတယ် လူတိုင်းကိုလိုက်ကြည့်ပြီးမေးတာသားရေ။ ပုန်းနေလို့ မရဘူး။ သူကကြိုပြောထားတယ် သူမေးတာမသိရင်သူ့ ကိုပြုံးပြတဲ့ သူ တစ်ခြားတစ်ယောက်ကို ဆက်မေးမယ်တဲ့ ... အဲတော့သူ့ အတန်းကစာမေးပေမယ့် ပျော်စရာအမြဲကောင်းပါတယ်။

စာသင်ခန်းတွေမှာက class participation ကိုအရမ်းဦးစားပေးတယ်လေ..... တချို့ဆရာတွေကတော့ အတန်းမစခင် ဒါမှမဟုတ် အတန်းပြီးခါးနီးတာ့နဲ့  Quiz မေးလေ့ရှိတယ်
ဒီနေရာမှာဆရာတွေရဲ့ ဝတ်စားဆင်ယဉ်မှုကိုပြောရရင် အလွန် freedom ဖြစ်တာတွေ့ ရတယ်။ ဆံပင် ကို ခေါင်းစီးကြိုးစီတဲ့ သူရှိသလို ။ဘောင်းဘီအပြဲဝတ်ချင်လည်းဝတ်တယ်။ပူတဲ့အခါဘောင်းဘီတို. ပေါ့။ suit ဝတ်တဲ့သူတွေလည်းရှိကြတယ်။ဆိုလိုချင်တာက သူတို့ ဟာဘာပဲဝတ်ထားထား အရည်အချင်းကတော့ အပြည့်ရှိသူချည်းပဲ သားရေ။
အဓိကနဲ့ သာမညကိုလွတ်လပ်စွာ. ခွဲခြားထားတဲ့ သဘောပေါ့။
နောက်တစ်ခုက ကျောင်းတံခါးတွေက. ၂၄နာရီဖွင့်ထား ကြတယ်။ study room တွေကိုလည်း ၂၄ နာရီဖွင့်ထားတာပေါ့ အဲဒီမှာကျောင်းသားတွေအချင်းချင်း. Discussion လုပ်ကြ ဒါမှမဟုတ် စာမေးကြ ရှင်းပြကြနဲ့  အဲဒီအခန်းတွေကအမြဲနိုးကြား နေကြတယ်။. ကွန်ပြူတာခန်းတစ်ခုကိုလည်း ၂၄နာရီဖွင့်ပေးထားကာ အဲဒီမှာလည်းအချို့က စာဖတ်ကြ။study လုပ်ကြတယ်။စာကြည့်တိုက်ကတော့ ည၁၂ နာရီထိ ဖွင့်ပေးထား ကာပိတ်ရက်မရှိ ဖွင့် ပေးထားပါတယ်။. အဲဒီမှာလည်းနေရာရဖို့ ဆိုအစောကြီးသွားရတယ် သားရေ။
နောက် တစ်ခုကစာသိချင်တာရှိရင်လည်း. အများအားဖြင့် သူတို့ရုံးခန်းကို အချိန်မရွေးသွားလို့ ရတယ်. တစ်ခါတစ်ရံအဖေတို့ စာလုပ်ရင်း မသိတော့လို့ ဆရာ့ဆီစာသွားမေး တာည၂နာရီကျော်နေပြီ။သူကလည်းအိမ်မပြန်သေးဘူး သူ့ ရုံးခန်းမှာအလုပ်လုပ်နေတယ်။မညိုမငြင်စာရှင်းပြရှာပါတယ်။။

ကျောင်း ရဲ့  ပါတီတွေနဲ့ အားကစားပွဲတွေ။. စားမေးပွဲတွေကလည်း စိတ်ဝင်းစရာပါပဲ.....
(ဆက်လက်ဖေါ်ပြပါမည်)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/04/2012 09:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ