Re: [mrsorcerer:33377] စစ်တွေမြို့မဈေးတွင် ကမန်အမျိုးသမီး ၃ ဦးအား ရခိုင်လူမျိုးများ ဝိုင်းရိုက်

 အောင် လု ရေ  ၊   သတင်းတွေ က တော့    ပေးထား ပေမယ့် ယုတ္တိ  ရှိဖို့  တော့လိုတယ်နော်။

2012/10/6 Ag Lu <aunglulay@gmail.com>

အောက်တိုဘာ၊ ၆ ၊ ၂၀၁၂

M-Media

သတင်း – ဇာဏီ

စစ်တွေ ။     ။    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စည်ပင်သာယာမြို့မဈေးတွင် ၂၉.၉.၂၀၁၂ ရက်နေ့က ဈေးဝယ်လာသော ကမန်အမျိုးသမီး(၃)ဦးအား ၀ိုင်းဝန်း ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရှိပါသည်။

ဖြစ်ပွားပုံမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဂနက်ကျေးရွာနေ ကမန်တိုင်းရင်းသူများဖြစ်သည်
  • ဒေါ်မစောအေး   (ဘ)ဦးအောင်သာထွန်း  (၅၀)နှစ်၊
  • မဖြူဖြူစိုး            (ဘ)ဦးထွန်း –                 (၂၀)နှစ်၊
  • မသန်းနု(ခ)အခဲ (ဘ)ဦးမောင်နီ –             (၂၁)နှစ်
တို့သည် ၂၉.၉.၂၀၁၂ ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် စစ်တွေမြို့စည်ပင်သာယာမြို့မဈေးအတွင်း ဈေးဝယ်နေချိန်တွင် လူအုပ်ကြီးမှ ၀ိုင်းလာပြီး "နင်တို့ ကုလားလူမျိုးတွေပဲ၊ အစ္စလာမ်ဘာသာဝင်တွေပဲ"လို့အော်ပစ်ပြီး ယောက်ျားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ကမန်အမျိုးသမီး (၃)ဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ထိုအထဲမှ ဒေါ်မစောအေးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင်ပါ ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ၀ိုင်းဝန်းရိုက်နှက်ခံရပြီးချိန်တွင် ရဲများရောက်ရှိလာပြီး ဒေါ်မစောအေးအား ရဲများမှ ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်ကြသူများအား မည်သည့်အရေးယူမှုမျိုးမှ မပြုလုပ်ကြောင်း သိရပါသည်။အခုအခါ ဒေါ်မစောအေးမှာ ခေါင်းတွင်ရရှိခဲ့သည့် ဒဏ်ရာမှာပြင်းထန်သောကြောင့် ရန်ကုန်တွင် ဆေးကုသရန်အတွက် ယနေ့ ၆.၁၀.၂၀၁၂ ရက်နေ့တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ခေါ်ဆောင် သွားသည်ဟု သိရသည်။ ဒေါ်မစောအေးနှင့်အတူ သားဖြစ်သူမှ အတူလိုက်ပါသွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ