နွံနစ်နစ် အတွေးများ . . .
အလုပ် မအားပါ
ဘာမှ မလုပ်ပဲနဲ့ အလုပ်မအားပါ
အလုပ်တွေရှုပ်ရှုက်ခတ်လျှက် အလုပ်မအားပါ
ဟိုတစ ဒီတစ အလုပ်မအားပါ
အိပ်ပျော်နေပါသည် အလုပ်မအားပါ . . .
သူမရဲ့ ချစ်လှစွာသောခင်ပွန်း ဖြစ်ချင်ခဲ့တယ်
သူမရဲ့ ခပ်ဖြောင့်ဖြောင့်ဘဲ တော့ မဖြစ်ချင်ခဲ့ဘူး
ကျနော်ဟာ နှင်းဆီပန်းရိုင်း နီနီတွေ ပွင့်တဲ့အရပ်ကလာတယ်
လဖက်ရည်သောက်ပြီးလည်း သွားကြားမထိုးတတ်
လူရိုးလူဖြောင့် မဟုတ်တဲ့ လူလည်လူဖြောင့်
ပိုက်ဆံငါးဆယ်ပြန်မအမ်းလို့ ၉၇ လိုက်ထရပ်ကို လက်နဲ့ဆွဲထားဖူးခဲ့ . . .
အဖို နဲ့ အမ ကိစ္စဟာ
ငယ်ငယ်တုန်းက လင်မယားလုပ်တမ်း
မိအေး . . . နင်မှတ်မိလား
ငါ နင့်ကို ပိုက်ဆံဆိုပြီးပေးခဲ့တဲ့ သရက်ရွက်နုနုလေးတွေလို
အဲ့ဒီ ခြင်္သေ့ကောင်တွေက ခူးဆွတ်ရမလွယ်ဘူးကွဲ့
ဆရာပီမိုးနင်း နဲ့ တော်တော်ရင်းနှီးနေပြီ
တက်ကျမ်းတွေလည်း ခြစားနေပြီ
အိပ်ကပ်ကတော့ ၀င်လာမဲ့အသပြာတွေကို တော်လှန်ရေးလုပ်ပြီးတိုက်ထုတ်တုန်း . . .
ဘာရယ်ကြောင့် မဟုတ်
တိုက်မြင့်မြင့်တွေကို မြင်ရင်
အသက်ရှုကျပ်တယ် အဖေ
ကားမှာကပ်ထားတဲ့ အရက်ကြော်ငြာတွေမြင်ရင်
အသက်ရှုကျပ်တယ် အဖေ
အကြွေးရှင်တွေစာရင်းကို တွက်မိရင်
အသက်ရှုကျပ်တယ် အဖေ
ကျနော် ဘာမှမလုပ်ပဲနဲ့အလုပ်များနေခဲ့တာလည်းကြာပါပြီ . . .
ညနေစောင်းရင်
စိတ်တွေကို အရသာ ခပ်ခါးခါး
ကစားကွင်းနားပို့ချင်တယ်
လဖက်သုပ် ချဉ်စပ်စပ်ကို ပုဇွန်ရုပ်အလောင်းနဲ့သင်္ဂြုလ်ချင်တယ်
ကမ္ဘာမြေကြီးကို နိမ့်လိုက် မြင့်လိုက်ဖြစ်အောင် ဖန်ဆင်းချင်တယ်
ဘုရားသခင်ဖန်ဆင့်း  ဒီဗြစ်ရည်ကို မကြိုက်ဘူးလို့ပြောရဲတဲ့ ဧ၀ တွေကို မုန်းတယ် . . .
ဒီကဗျာကို လက်စသတ်လိုက်တာနဲ့
ချွေချွေတာတာ ၀ယ်ထားတဲ့ ဆေးလိပ်နှစ်ရာဖိုးအကုန်
ဒီ ပတ္တမြား ကတော့ ဒီတစ်သက် နွံထဲက တက်ဖို့မမြင် . . .
မာဃသစ္စာ
-- အလုပ် မအားပါ

Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။