သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အမည်မသိလက်နက်ကိုင်အဖွဲ့ လက်နက်မျိုးစုံဖြင့် မြို့တွင်းထပ်မံပစ်ခတ် ဒေသခံတဦးဆေးရုံတင်ရ

Posted: 14 Nov 2012 02:01 AM PST

အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မြို့တွင်းလူနေ ရပ်ကွက်ပေါ် လက် နက်မျိုး စုံဖြင့်ပစ်ခတ်သောကြောင့် လူထုတဦးကျည်ထိမှန်ပြီး ဆေးရုံတင်ထားရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။
003
"လူ ၅ ယောက် လောက်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က လာပစ်တုန်းက လက်နက်ကြီးတွေဘဲ။ အခုလဲ လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်တယ်။  ၄-၅ အိမ်လောက်ထိမှန်တယ်။ အပျက်အစီးများတာတော့ တအိမ်တည်း။ ဒဏ်ရာ ရတာ တယောက် ဒီမနက်ဘဲ ကျောက်မဲ ဆေးရုံကို ပို့လိုက်ပြီ" - ဟု မိုင်းငေါ့ဒေသခံ အိုက်ကမ် က ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် (ယနေ့ နံနက် ၂: ၀၀ - ၂: ၅၀ နာရီအထိ ) အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မိုင်းငေါ့မြို့ နယ်ခွဲ မြို့တွင်း ဝမ့်လုံရပ်ကွက်ပေါ် လက်နက်မျိုးစုံပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အချို့အိမ် လက်နက်ငယ် ကျဉ်ဆံ ထိမှန်ကြောင်း၊ ဦးတေဇ နှင့် ဒေါ်ရွှေဌေး ၏အိမ် လက်နက်ကြီးထိမှန်သောကြောင့် အပျက်အစီးများကြောင်း၊ ထို့အတူ စိုင်းပေတင်ဆိုသူလည်း ခြေထောက်၌ ကျဉ်ဆံထိမှန်သောကြောင့် ကျောက်မဲဆေးရုံသို့ပို့ဆောင်ကုသ နေရကြောင်း နီးစပ်သည့် မိုင်းငေါ့သားတဦးက ပြောပါသည်။

"ကျနော်လဲ အခုလေးတင်ဘဲကြားရတယ်။ အခုကျနော်တို့ ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ စိုင်းသန်းမောင်အဖွဲ့ သွားကြည့် နေ တယ် အဲဒီမှာ" - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော် က ပြောပါသည်။

ဒေသခံများပြောပြချက်အရ သေနတ်သမားအဖွဲ့မှာ ၅ ယောက်ခန့်ရှိကြောင်း၊ ရွာဦးပိုင်း နေ၍ပစ်ခတ်စဉ် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်ပြီးတိုင်း ရယ်မောကြကြောင်း၊ ပထမဦးဆုံးသေနတ်သံကြားရစဉ် ဒေသခံများပြေးပုန်းကြသော ကြောင့် ဦးတေဇ နှင့် ဒေါ်ရွှေဌေး ကျည်ဘေးမှ လွတ်မြောက်ခြင်းဖြစ်ကြောင်း ကျောက်မဲ ရောက်ဒေသခံတဦးက ပြောပါ သည်။

သျှမ်းပြည်တပ်မတော် ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက - " ကျနော်တို့တပ်နဲ့ အစိုးရတပ် အဲဒီဒေသဘက်မှာ တိုက်ပွဲ မကြာခဏဖြစ်တာကမှန်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ လူနေရပ်ကွက် ရပ်ရွာအတွင်း တကူးတက ပစ်ခတ်တာ တခါမှ မရှိဖူးဘူး။ အဲလို ဖြစ်လာတဲ့ အခါတိုင်း တိုင်းရင်းသားတပ်ဖွဲ့တွေကိုဘဲ ပုံချတယ်။ ကျနော်တို့က လူထုကို  ဘာဖြစ်လို့ လုပ်မှာလဲ" - ဟု ပြောပါသည်။

ယခုလ ၉ ရက်နေ့ ဖြစ်ပွါးပြီးနောက်ပိုင်း ယခုဖြစ်ပွားမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပစ်ခတ်သူတရားခံအား မသိရသေး ပေ။

မြန်မာအစိုးရ တပ်မတော်က ဒေသအတွင်းမငြိမ်မသက်မှုအကြောင်းပြ၍ စစ်အင်အားတိုးချလိုခြင်းသာဖြစ်နိုင်ကြောင်း၊ ယခုလအတွင်း မိုင်းငေါ့မြို့နယ်ခွဲ အတွင်း၌ အစိုးရနှင့်အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားသောကြောင့် အစိုးရကအင်အားတိုးချဲ့လိုခြင်းဖြစ်နိုင်ကြောင်း၊ မိုင်းငေါ့မြို့နယ်ခွဲတွင် အစိုးရတပ် လှုပ်ရှားတပ်ရင်းများရှိနေသော်လည်း အခြေချနေထိုင်သည့် တပ်စခန်းမရှိ၊ ရဲစခန်း တခုသာရှိကြောင်း  ဒေသခံ တဦးက ပြောပါသည်။

လက်ရှိဖွဲ့စည်းပုံအရ ဖက်ဒရယ်မူဖြစ်ဖို့မလွယ်သေးဟု ကျားဖြူအမတ်ပြော

Posted: 14 Nov 2012 01:59 AM PST

တိုင်းရင်းသားများရပိုင်ခွင့် နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အချက်အလက်ကိုအခြေခံ၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအား လုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေးနိုင်သည်ဟု လွှတ်တော်ဥက္ကဌ ဦးသူရ ရွှေမန်းက ပြောသော် လည်း ဖက်ဒရယ်မူစစ်စစ်ဖြစ်သော ဖွဲ့စည်းပုံဖြစ်ဖို့မလွယ်သောကိစ္စဖြစ်ကြောင်း ကျားဖြူပါတီပြည်နယ်လွှတ်တော်အမတ်က ထောက်ပြပါသည်။
constitution
" ကျနော်တို့ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုနဲ့ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တို့တောင်းဆိုတဲ့အဆိုတွေကနေပြီးတော့မှ နည်းဥပဒေတွေဆက်ဆွဲဖို့ သူတို့ နှစ်ယောက်ကို ဦးသူရရွှေမန်းက တာဝန်ပေး လိုက်တာ။ ဒါကလည်း လွှတ်တော်ထဲမှာ  ကြေငြာပြီး ပေးတဲ့တာဝန်မဟုတ်တာဖြစ်တဲ့အတွက် ကျနော်တို့တောင် နောက်မှသိရတာပါ"ဟု လဲချားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင်က သျှမ်းသံတော်ဆင့်အား ဖြေကြားသည်။

ပထမအကြိမ် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နန်းဝါနုတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၆၄ ဃ )တိုင်းဒေသနှင့် ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေအဖြစ် ပြဌာန်းပေးဖို့အဆိုနှင့် ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းပေးရန် အဆိုကို ဖက်ဒရယ်စနစ် နှင့် တူသောတန်းတူညီမျှမှုရှိသည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ရသေးသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်အလက်နှင့် ဇယား ၂ ကို အခြေခံ၍ နည်း ဥပဒေရေးဆွဲနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များ၏ လုပ်ပိုင်ခွင့်၊  စီမံခန့်ခွဲခွင့်များပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်းက လမ်းညွှန်မှုပြုပေးခဲ့ သည်ဟု နန်းဝါနုက ပြောသည်။ 

ထိုစဉ်က ၎င်းတို့နှစ်ဦး၏ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များက ထောက်ခံမှုပြု ခဲ့ကြသည်။

ရှိပြီးသား ဥပဒေကို ထပ်ဖြည့်ရန်အတွက် မူကြမ်းရေးဆွဲတင်ပြရန်အတွက်သာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲရန်မဟုတ်ကြောင်း၊ အဆိုပါ ဖြည့်ထားသည့်နည်းဥပဒေကိုအတည်ပြုရန်လည်း လွှတ်တော်အတွင်းတင်ပြ၍ ထောက်ခံမဲ များရယူရဦးမည်ဖြစ်ကြောင်း စိုင်းမောင်တင်က ပြောပါသည်။

"ဒါပေမယ့် ဒီလိုနည်းဥပဒေကိုကျတော့ လွှတ်တော် ၂ ရပ်လုံးရဲ့ တဝက်ကျော်ကျော်လေးက ထောက်ခံရင် အသိအမှတ် ပြုနိုင်ပြီ။ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ကျတော့ သမ္မတက ပြင်ခိုင်းတယ်ဆိုမှ လွယ်မယ်လေ။ ကျနော်တို့ကဘဲ ပြင်ချင်တယ်ဆိုရင် တော့  ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှလေ မလွယ်ဘူးလေနော်။ သို့ပေမယ့် တကယ့်ကို ဖက်ဒရယ်စစ်စစ်လိုချင်ရင်တော့ အစိုး ရရော သူ့ရဲ့စစ်တပ်ရော တိုင်းရင်းသားတွေအပေါ်ထားရှိတဲ့မာနကိုလျှော့ချမှ  ခွဲခြားဆက်ဆံမှုကိုဖယ်ရှားပစ်နိုင်မှ ရမှာဖြစ် တယ်" ဟုဆိုပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ နန်းဝါနုက - လက်ရှိအချိန် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်သေးသဖြင့် ယခုကဲ့သို့ အခွင့်အရေး  ရလိုက် သည်မှာ ဖက်ဒရယ်မူစစ်စစ်မရသေးသော်လည်း အခြေခံအုဋ်မြစ်တခု ဖြစ်လာနိုင်ကြောင်း - ပြောပါသည်။

မိတ်ဆွေ ၁၀ ပါတီ နှင့်အတူ ကျားဖြူပါတီ ပါဝင် လှုပ်ရှားမှုပြုတော့မည်မဟုတ်

Posted: 14 Nov 2012 01:59 AM PST

တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့  လှုပ်ရှားမှုများ၌ ပိုမိုပါဝင်နိုင်ရန် ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီ ၏ လှုပ်ရှားမှုနှင့်အတူ ကျားဖြူပါတီ ပါဝင်တော့မည်မဟုတ်ဟု သျှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ ကပြောပါသည်။
10partyဒီမိုကရေစီမဟာမိတ် ၁၀ ပါတီ
 
" ဟုတ်ပါတယ်။ ကျနော်တို့မှာ တိုင်းရင်းသား ၁၃ ပါတီမှာလုပ်စရာတွေက များလာတယ်။ နောက်တခုကလည်း ကျနော်တို့ က ဒီ ၁၀ ပါတီထဲမှာသာ ပါတယ်ပြောတာ။ တချို့ထုတ်ပြန်ကြေငြာချက်တွေမှာ ကျနော်တို့က မှတ်တမ်းလက်မှတ်ဘဲ ထိုးတယ်။ တချို့ကြေငြာချက် တွေမှာလဲ ကျနော်တို့ သဘောမတူ လက်မခံနိုင်တဲ့အချက်အလက်တွေပါသွားတယ်။ ကျနော်တို့ပါဝင်တယ်ဆိုပြီးတော့။ ဒီလိုလေးတွေရှိတယ်။ ဒါကြောင့် ဒီ ၁၀ ပါတီလှုပ်ရှားမှုမှာ မပါတော့ဖို့ဘဲ" ဟု ကျားဖြူ ပါတီ၏ လဲချားမြို့နယ် လွှတ်တော်အမတ်ကပြောပါသည်။

မကြာသေးခင်က နေပြည်တော်၌ တင်ပြခဲ့သော ၁၀ ပါတီ၏ တင်ပြတောင်းဆိုချက်တခုဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားလှယ်စနစ် PR ကျင့်သုံးရန် ဆိုသည်မှာ  ကျားဖြူပါတီမှ လက်မခံ၊ သဘောမတူ  ကြောင်း  အဆိုပါလွှတ်တော်အမတ်ကပြောပါသည်။

" PR စနစ်ဆိုတာ ကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူလူထု တွေမပြောနဲ့ ကျနော်တို့ လွှတ်တော်အမတ်တွေထဲမှာ တောင် မသိ နားမလည်တာ ရှိနေသေးတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်တော့ လူထုက ဇဝေ ဇဝါဖြစ်စေမယ်။ အဲဒီတုန်းက ကျနော်တို့ အစည်းအဝေးဘဲသွားတက်တယ်။ ထုတ်ပြန်တော့ ကျနော်တို့ပါ သဘောတူတယ်  လို့ ပါထားတယ်။   ၂၀၁၀ ကတောင်မှ ဘယ်အကွက်ကို ဘယ်လိုခြစ်ရမယ် ဆိုတာ မသိသေးတဲ့လူတွေအများကြီး ရှိပါသေးတယ်" ဟု ဆိုပါသည်။

PR (Proportional Representation) ခေါ် အချိုးကျကိုယ်စားလှယ်စနစ် ဆိုသည်မှာ - ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ ၊  ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိ သည့်ပါတီက ၂ ဦး - စသဖြင့် အမတ်ဦးရေသတ်မှတ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲက သုံးသော Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်း နှစ်ယောက်အနက် တယောက် မှာ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ်က လုံးဝအောင်နိုင်ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူက လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ ဟုဆိုပါသည်။

ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (DPM) ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ (DPP) ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ UPP   တို့ဖြစ်ပါသည်။

ညီနောင်တိုင်းရင်းသား ၁၃ ပါတီမှာမူ - ၁။ ရခိုင် (RNDP)  ၂။ ကျားဖြူ(သျှမ်း) SNDP ၃။ မွန် (AMRDP) ၄။ ကရင် (ဖလုံ စဝေါ်) PSDP   ၅။ ချင်း (CNP)   ၆။ ကယန်း (KNP)၊ ၇။ သျှမ်းနီ (TNDP)၊ ၈။ ဓနု (DNDP)  ၉။ အရှိုချင်း (ACNP)   ၁၀။  အင်းသား (INDP)၊ ၁၁။ ပအိုဝ်း (PNO) ၁၂။ တအာင်း(ပလောင်)TNP  နှင့် ၁၃။ ဝ တိုးတက်ရေးပါတီ ( WDP) တို့ဖြစ်သည်။

လာဘ်စား ခြစားနေတာများကို ရှင်းလင်းပေးစေချင်

Posted: 14 Nov 2012 01:58 AM PST

သျှမ်းသံတော်ဆင့်မှတဆင့် ပြည်ထောင်စုအစိုးရဆီသို့

သျှမ်းမြောက် မူဆယ်မြို့နယ်မှ  ဖွံ့ဖြိုးရေး  အစီအစဉ်တွေ အများကြီးရှိနေပါတယ်၊ လိုအပ်တာတွေရော မလိုအပ်တာတွေ ရော ။ ဟိုရှေးကတည်းကလိုအပ်နေတဲ့အရာတွေအများကြီး ရောပေါ့၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပုံလုပ်နည်းတွေကတော့ အရင်အတိုင်းပါပဲ၊ စီမံချက်တွေ စီမံကိန်းတွေ ဆိုတာ လူကြားကောင်းအောင် ဘောင်ဝင်အောင် တင်ဒါလိုလို လေလံလိုလို ခေါ်လိုက်ပါတယ်၊ ပြီးရင် ပေးချင်တဲ့လူကိုပေးလိုက်တာပါပဲ၊ အဓိကကတော့ လက်ရှိတာဝန်ယူထားတဲ့ တာဝန်ရှိလူကြီးမင်း များနဲ့ စီမံကိန်းရလိုက်တဲ့ကုမ္မဏီက လက်ဝါးရိုက်ပြီး ကြေငြာထားတဲ့စီမံကိန်းကို လက်သိပ်ထိုးပေး လိုက်တာမျိုးပါ၊ ဥပမာ အားဖြင့် မူဆယ်မြို့ ဟိုမွန်ရပ်ရှိ ရဟတ်ယာဉ်ကွင်း။ လေယာဉ်ကွင်းလမ်းတဖက်ထိပ်ရှိ ကားလေးကွင်းလို စီမံကိန်းမျိုးပါ၊ လေလံတင်ဒါ ခေါ်တော့ လုပ်ချင်တဲ့အဖွဲ့  (၈)ဖွဲ့လောက်ရှိတယ်၊ ငွေပင်ငွေရင်းအပြ သိန်းလေးထောင်ပြခိုင်းတယ်၊ ဆိုလို တာက လိုအပ်တဲ့အချက်အလက်တွေ ပြခိုင်း ပြင်ဆင်ခိုင်းတယ်၊ ကားလေးကွင်းသစ်ရဲက ပုံစံတွေ လိုချင်တဲ့အရာပြတယ်၊ တင်ဒါလေလံအဖွဲ့ပေးတဲ့ပုံစံမပြင်ရ လို့ပြောတယ်၊ နောက်တော့ လူမသိ သူမသိ သိန်းသန်းချီကုမ္မဏီ က ရသွားတယ်တဲ့၊ ရသွားကြောင်းကို သိန်းသန်းချီ ကုမ္မဏီက အဆောက်အဦး(၃)ထပ်ပါ မြေတကွက်ကို သိန်း (၈၀၀) ခေါ်တော့မှ တခြား အဖွဲ့တွေက အဲဒီ စီမံချက် သိန်းသန်းချီက ရသွားကြောင်း သိရတာပါ၊ စာချုပ်ကတော့ ပြည်နယ်အစိုးရရုံးမှာ စာချုပ်ချုပ် မယ်လို့ဆိုပါတယ်၊ အစ ကတည်းက လေလံတင်ဒါမခေါ်ပဲ ဒဲ့ဒိုးပေးလိုက်ရင် ပြီးရောပေါ့၊ အလုပ်ရှုပ်ခံပြီးတော့ သတင်းစာ ကနေ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ် ဘာညာနဲ့ပြောပြီး သက်ဆိုင်ရာအသီးသီးရဲ့ အိမ်နောက်ဖေးများကို တံစိုးလာဘ်လာဘ တွေ ခွဲတမ်းပေးသလို ပေးပြီး(မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်) စီမံကိန်းကို သိန်းသန်းချီပေးလိုက်တာပါ၊ ပေးထားတဲ့ စီမံချက်ပုံစံကိုလည်း သိန်းသန်းချီကုမ္မဏီက မပြင်ရ ဆိုတာကို ပြင်လိုက်တယ်လိုကြားပါတယ်၊ ခုလိုပုံစံမျိုးတွေ လုပ်ပုံ လုပ် နည်းတွေက ရှေးယခင်ကတည်းက လုပ်လာကြတာပါ၊ ခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေတ် ရောက်လည်း လုပ်နေ တုန်းပါပဲ၊ ဆိုလိုတာက မူဆယ်မြို့ အတွက်ကတော့ တရားမျှတမ၍ ဆိုတာ ဘယ်တော့အခါမှရောက်မှာ မဟုတ်ဘူး ဆိုတာ ပါပဲ၊ လာဘ်ထိုးတာ လက်ဦးတဲ့လူ လက်သာတဲ့လူ ယူချင်ရာယူ ဆိုတဲ့သဘောမျိုးပါပဲ၊ မြို့ထဲက၊ မြို့ကနားနီး စပ်တဲ့ မြေ ကွက်ကြီးတွေ ဆိုလည်း အကွက်ရိုက် လက်သိပ်ထိုး ရောင်းစားလိုက်ကြတာပါပဲ၊ ခုတော့ လေယာဉ်ကွင်းသစ်တဲ့ ။ ဟိုတယ် ဇုန်တဲ့ ၊ ကားလေးကွင်းတဲ့ ။ အဆင့်မြင့်မြို့ ပတ်လမ်းတဲ့ အမျိုးမျိုး အမည်နာမတပ်ပြီးတော့ ရိုက်စားလုပ်ကြတော့မယ်၊ အဲဒီအကြောင်းအရာတွေလည်း ခုချိန်ထိ စီမံကိန်းစရင်တာ စသွားလိုက်မယ်၊ ဘာမှထင်သာမြင်သာ ပွင့်ပွင့်လင်းလင်း ရှိမယ်မထင်ဘူး၊ သူဌေး ခရိုနီတွေ ၊  စီမံချက်မုဆိုးတွေ ၊ လက်သိပ်ထိုး ရိုက်စားသူဌေးတွေ ။ တာဝန်ယူထားတဲ့ မြို့နယ် ခရိုင် ပြည်နယ် ပြည်ထောင်စုအမည်ခံတာဝန်ရှိသူတွေရဲ့ လက်သပ်မွေးထားတဲ့ သူဌေးတွေ သူတို့တွေပဲ ဘာစီမံကိန်းရှိရှိ ဘာစီမံချက်ရှိရှိ အကုန်ရိုက်စားလုပ်သွားကြမှာပဲ၊ခုလောလောဆယ်တော့ ရိုက်စား ပထမရသွားတဲ့ သိန်းသန်းချီ ကုမ္မဏီ အကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကို သိစေချင်ပါတယ်၊ တရားမျှတမှု ပြန်ရအောင်လုပ်ပေး စေချင်ပါတယ်၊ ထင်သာ မြင်သာ ပွင့်လင်းပြီး မျှတစေချင်ပါတယ်၊ နောက်တခုက လာဘ်စား ခြစားနေတာများကို ရှင်းလင်းပေးစေချင်ပါတယ်ခင်ဗျား၊ ကျေးဇူးတင်ပါသည်။

ဘက်စုံ ကောင်းမွန်စေချင်သူတစ်ဦး
ဦးမောင်မောင်(မူဆယ်သား)


တောင်ပိုင်း ဝ တပ်ဖွဲ့က သျှမ်း/အရှေ့ ဒေသခံ လယ်ယာမြေများအားနည်းအမျိုးမျိုးဖြင့်သိမ်းယူ

Posted: 13 Nov 2012 06:28 PM PST

 သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့က လူထုလယ်မြေများအား အဓမ္မသိမ်းယူမှု၊ အဓမ္မ ဝယ်ယူမှု အပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေသည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

firm                                        (photo: Nong Seng Naw facebook)
"ဂျူလိုင်လကတည်းက နိုင်ငံရေးပါတီတွေဆီတင်ထားတယ်။ ဝ တပ်ဖွဲ့က ကျမတို့ရဲ့လယ်မြေတွေကို အဓမ္မ ဝယ်ယူ တယ်။ အဓမ္မသိမ်းယူတာလဲရှိတယ်။ အခုဆက်တိုက်ဖြစ်နေသေးတယ်။ ပါတီအမတ်ကနေ တင်ပြပေးဖို့လဲပြောထားတယ်။ ဘာမှတော့မသိရသေးဘူး" ဟု ပုံပါကျင်ဒေသခံ နန်းခမ်းကပြောသည်။

မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်း ဝ တပ်ဖွဲ့များ သျှမ်းပြည်အရှေ့တောင်ပိုင်းသို့ စတင်ရောက်ရှိလာချိန်မှစ၍ ဒေသခံများ၏ လယ်ယာမြေများအား နည်းအမျိုးမျိုးဖြင့်  သိမ်းယူခဲ့ကြောင်း၊ စတင်ရောက်ရှိစဉ်က ဗိုလ်ချုပ်ခင်ညွန့် အမည်ဖြင့်သိမ်းပိုက်ကြောင်း၊ ထို့နောက်ပိုင်း ချောင်းအထက်ပိုင်းရှိလယ်မြေများအား အဓမ္မဝယ်ယူ၍ တခြားအောက်ပိုင်းရှိ လယ်သမားများအတွက် ရေမျှမပေး၊ နောက်ပိုင်းဈေးနှိမ်ဝယ်ခဲ့ကြောင်း လယ်ယာခြံ ပိုင်ရှင်များက ပြောပြပါသည်။

"ဒီလယ်မြေအသိမ်းခံရတဲ့ ကျနော်တို့ ပုံပါကျင်ရပ်ကွက် ၅ က လယ်သမား ၃ ယောက်စလုံး သူတို့မှာ ပုံစံ ၁၀၅ ရှိတယ်။ အဲဒီ ၁၀၅ မိတ္တူရယ် တင်ပြလာတဲ့စာတွေရယ် ကျနော့ရဲ့မေးခွန်းတွေရယ် တောင်ကြီးနဲ့ နေပြည်တော်ကိုပို့တယ်။ အဲဒီအသိမ်း ပိုက်ခံရတဲ့ လယ်ယာမြေတွေကို မြေစာရင်းတွေက ကွင်းဆင်းစစ်ဆေးတော့မယ်လို့ကြားထားတယ်။ ဘယ်တော့လာမလဲ တော့မသိဘူး " ကျားဖြူ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါသည်။

ဂျူလိုင်လဆန်းပိုင်းက ပုံပါကျင်မြို့နယ်ခွဲ လယ်သမား နန်းခမ်းစိန်၊ စိုင်းလျဲန်း၊ နန်းမတ် တို့၏ လယ် ၅ ဧက အား ၀ တပ်ဖွဲ့က သိမ်းယူခဲ့ကြောင်း၊ လယ်ပြန်ရရေးအတွက် ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စရဖများအားခေါ်ယူ၍ ၀ တပ်ဖွဲ့ များနှင့် သွားရောက်ဆွေးနွေးတော်လည်း အောင်မြင်မှုမရှိကြောင်း လယ်ယာဆုံးရှုံးသူများက ပြောပါသည်။

"လယ်ပိုင်ရှင်တွေက ရပ်ကွက်အကြီးအကဲတွေကို ရပ်မိရပ်ဖတွေ၊ စရဖနဲ့ ထွေအုပ်တွေပါ ခေါ်ပြီး ဝ တပ်ဖွဲ့အကြီးအကဲ တာ့ကန်း နဲ့ တာ့ပေါဝ်း ဆိုသူ ၂ ယောက်ကိုသွားတွေ့တယ်။ သူတို့က အစိုးရ အရာရှိရှေ့မှာဘဲ လယ်ရှင်တွေကို ကြိမ်း မောင်းတယ်။ ခင်ဗျားတို့ အသက်တိုချင်လား သက်တမ်းစေ့မနေချင်လို့လား စတာတွေဘဲ။ အာဏာပိုင်တွေလဲ ဘာမှမ တတ်နိုင်ဘူး" ဟု လယ်သိမ်းခံရသူတဦးက မကျေမနပ်ဖြင့် သျှမ်းသံတော်ဆင့်အားပြောပြသည်။

တောင်ပိုင်းသို့ ရောက်ရှိစဉ်ကတည်းက အဆိုပါ ၀တပ်ဖွဲ့တို့သည် အစိုးရ (ထိုစဉ်က ဦးခင်ညွန့်) ၊ ငြိမ်းချမ်းရေး နာမည်သုံး၍ ဒေသခံလူထု၏ ဝါးရုံ၊ ထင်းတောများအား ခုတ်ယူသုံးစွဲခြင်း၊ ခြံစည်းရိုးများပါမကျန် ဆွဲနုတ်ကာ ထင်းအဖြစ်အသုံးပြုခြင်း၊ ထိုနောက်ပိုင်း ဒေသံလူထု၏ လယ်ယာမြေများအား အဓမ္မဝယ်ယူခြင်း၊ ဈေးနှိမ်ဝယ်ခြင်း၊ အခမဲ့သိမ်းယူခြင်းများ ပြုလုပ်ခဲ့ ကြောင်း၊ မကျေနပ်ပြီး ပြန်ပြောပါက 'ငြိမ်းချမ်းရေးဖျက်ဆီးသူဖြစ်ချင်လား' စသဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ နိုင်ငံရေးပြောင်း လဲစပြုလာသောကြောင့် ယခုကဲသို့ ပြန်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ပုံပါကျင်ဒေသခံများက ပြောသည်။

အသိမ်းခံရသည့်လယ်ယာမြေများမှာ ပုံပါကျင် အရှေ့ဘက်ရှိ ရပ်ကွက် ၅ နှင့် ၀ (ရွာသစ်) ပါတေရွာ အကြား လယ်မြေ များဖြစ် သည်ဟုသိရပါသည်။ အလားတူ မိုင်းတော့ မိုင်းထား မှ ၀  တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ဟိုမိန်းမြို့နယ်ခွဲအထိလည်း ထိုကဲ့သို့ လယ်ယာမြေအသိမ်းခံရခြင်းများရှိခဲ့ကြောင်း ဟိုမိန်းဒေသခံများပြောပြချက်အရသိရသည်။

မူစယ်ခရိုင် လဝကမှူး ဖွတ်မရ ဓါးမ ဆုံး

Posted: 13 Nov 2012 06:26 PM PST

သို့- သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့် သောကြာနေ့ မွန်းလွဲ ၂ နာရီခန့်က တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ် တက်ခန်း ခိုးပေါက်အတိုင်း ကျယ်ဂေါင်မှ မူစယ်ဘက်သို့ ခြံစည်းရိုးကျော်ဝင်လာသူ တရုတ်လူမျိုးနှစ်ယောက်ကို မူစယ်လဝကမှူး ဗိုလ်ကြီးထင်အောင်မှ ဖမ်းဆီးခဲ့ပါသည် ။

အဆိုပါ တရုတ်လူမျိုးနှစ်ဦးအား နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း လက်ထိပ်ခပ်ခေါ်ဆောင်လာစဉ် လဝက မှူးသည်  တ ရုတ် ငွေယွမ် ၆ ထောင် တောင်းယူခဲ့ရာ တရုတ်လူမျိုးနှစ်ဦးမှာ ငွေမပေးနိုင်သဖြင့် ခြံစည်း ရိုးအနီး တစ်နေရာတွင် လက်ထိပ်တန်းလန်းနှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်သို့ ပြန်လည်ထွက် ပြေးခဲ့ပါသည် ။

၎င်းဝန်ထမ်း၏လုပ်ရပ်မှာ တရုတ် - မြန်မာချစ်ကြည်ရေးအပေါ် များစွာမျက်နှာပျက်စရာဖြစ်သည့် အပြင် နေ့စဉ် နယ် စပ်ဖြတ်ကျော် လုပ်ကိုင်စားနေသည့် မြန်မာများအပေါ်တွင်လည်း ဂိတ်တာဝန်ကျ လဝက ဝန်ထမ်းများမှ ၀န်ထမ်းသိက္ခာနှင့်မလျော်ညီပဲ မချေမငံပြော ဆိုဆက်ဆံနေကြောင်း သိရသည် ။

ထို့အပြင်နယ်စပ်ဖြတ်ကျော်လက်မှတ် ရက်လွန်ကြေး တစ်ရက် ၃၀၀ ကျပ်ဒဏ်ငွေဆောင်ခိုင်းရာတွင် လည်း တစ်လ ရက်ကျော်ကြေး ကျပ် ၉၀၀၀ အား တစ်ပြားမှ မလျှော့ပဲ တောင်းယူနေကြောင်း သိရ ပါသည်။

                                                                                             မူစယ်ဒေသခံတစ်ဦး