သျှမ်းသံတော်ဆင့် |
- အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ
- သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ
- ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တိုက် - အရေးယူမှုမရှိ
- ကျားဖြူပါတီမှ နယ်မြေခံတပ်အပေါ်သတင်းချဲ့ကားစွပ်စွဲမှုအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်
| အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ Posted: 13 Nov 2012 01:40 AM PST ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များသည် KIO ဗဟိုဋ္ဌာနချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသားတပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည် ။ ခမရ ၃၈၅ ၊ ၃၈၆ တပ်ရင်းများမှ တပ်အင်အား ၂၀၀ ၀န်းကျင်ခန့် KIO ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသော မိုးလဲချောင်းအနီးရှိ တိန်လုံရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းအနက် အင်အား ရ၀ ကျော်ခန့်က လိုင်ဇာဘက်သို့ ဆက် လက်ချီတက်လာကြောင်း သိရသည် ။ လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျာယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု ကျောင်းသားတပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာလည်းပြတ်နေတယ်လို့ ကြား တယ် ။ ခါတိုင်း ရိက္ခာပို့ရင်လည်း ဒီလိုပဲ အင်အားအလုံးအရင်းနဲ့ပဲလာတယ်။ အဲဒီလဂျားယန်စခန်း အောက်ခြေမှာ ပတ်ပတ် လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် " ဟု ၄င်းတပ်မှူးက ဆိုသည် ။ ယခင်ကလည်း အစိုးရတပ်များ လဂျာယန်စခန်းသို့ ၀င်ရောက်လာချိန်တွင် တုံဖုန်းယန် အစိုးရတပ်မှ ၁၀၅ မမ အမြောက် ကြီး များဖြင့် KIA နှင့် ABSDF တပ် စခန်းရှိရာသို့ စတင်ပစ်ခတ်လေ့ရှိပြီး နှစ်ဘက်တိုက်ပွဲများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည် ။ လွန်ခဲ့သည့်လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံခဲ့ရာ ၄င်းတွေ့ဆုံ ပွဲ နောက်ပိုင်း နှစ်ဘက်စစ်ဆင်ရေး ပြုလုပ်မှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း ၄င်း စစ်ဘက်အသိုင်းအဝိုင်းက ဆက်ပြောသည် ။ |
| သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ Posted: 13 Nov 2012 01:39 AM PST သျှမ်းပြည်တိုးတက်ရေးပါတီအား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း SSPP/SSA သတင်းရပ်ကွက် ကပြောသည်။ " အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီးတိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ စတင်တိုက်ခိုက်တာလုံးဝ မရှိပါဘူး။ ကျနော် လုံးဝ အာမခံ ပြောနိုင်ပါတယ်" ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါ သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။ " ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ " ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။ SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။ ဗိုလ်မှူးကြီးစိုင်းထူးက - "ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင် စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်" ဟု ဖြေရှင်းပြောဆိုသွားပါသည်။ အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။ |
| ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တိုက် - အရေးယူမှုမရှိ Posted: 13 Nov 2012 01:37 AM PST သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် ဝင်တိုက်မှု ဖြစ်ပွါးခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောပါသည်။ "ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။ မြို့လယ်ကန်မိန်းကျောင်းတိုက်က သံဃာတော်တွေ ဆွမ်းခံကြွပြီး အပြန် ရပ်ကွက် ၁၂ က အောင်ညီညီထွန်းဆိုတဲ့သူက သုံးဘီးကားနဲ့ ဆွမ်းခံသံဃာတန်းကို ဝင်တိုက်တာ။ သံဃာ ၇ ပါး ဆေးရုံတင်ရတယ်။ ၃ ပါး က ဒဏ်ရာပြင်းထန်တယ်။ သံဃာတော်တွေ ဒီနေ့ထိ ဆေးရုံက မဆင်းရသေးဘူး။ ယာဉ်မောင်းကိုလည်း ဒီနေ့အထိ အရေး မယူသေးဘူး " - ဟု လားရှိုးမြို့ခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ ဆွမ်းခံကြွ၍အပြီး ကျောင်းသို့ပြန်ချိန် ဆွမ်းခံ သံဃာတော် ၁၅ ပါးအား အမှတ် ၂ ရဲစခန်းပိုင်သုံးဘီးယာဉ်အမှတ် ဟ/ ၇၂၅၂ ကဝင် တိုက်ရာ ၇ ပါးမှာ ယနေ့တိုင်ဆေးရုံ၌ ဆေးကုသမှုခံနေရကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှာ လားရှိုးအထက ၃ ကျောင်းရှေ့၌ဖြစ်ကြောင်း၊ ယာဉ်မောင်း အောင်ညီညီထွန်း အသက် ၁၉ နှစ် မှာ ရပ်ကွက် ၁၂ နေ ရဲဘော်ဟောင်း ဦးစိန်လွင်ဆိုသူ ဗမာအမျိုးသား၏သားဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းအား ယနေ့တိုင် အရေးယူခြင်း မရှိကြောင်း ကန်မိန်းကျောင်းတိုက်၏ ဒါယိကာတဦးကပြောသည်။ "ရဲစခန်းပိုင် သုံးဘီးယဉ်လေ။ မောင်းတဲ့ကောင်က မနက်စောစောစီးစီး အရက်က မူးနေပြီ။ လူကိုတိုက်လို့ လျော် ကြေးမပေးရင်တောင်မှ ဘာမှမပြောဘူး။ သံဃာတော်ကိုတိုက်မိပြီးတော့ လျော်ကြေး မပြောနဲ့ ဆေးကုသခလေး တောင် မကူညီဘူးဗျာ။ တိုက်မိ ပြီးတာနဲ့ မောင်းပြေးတာ။ အဲဒီနားကလူတွေက သူ့ကိုလိုက်ဖမ်းမှ ရဲစခန်းအသိုင်း အဝိုင်းကမှန်းသိတာ။ သက်သေရှိတာ တောင်မှ အာဏာပိုင်တွေက ဒီပြဿနာကို မဖြေရှင်းပေးဘူး။ သံဃာ တော်ဆိုတာ ဘုရားရဲ့သားတော်တွေဘဲ။ ဒါ ဗုဒ္ဓဘာသာကို မလေးစားတာဘဲ။ တဖက်ကလည်း ဒါလူမျိုးရေး ပြဿနာ ဖြစ်စေတဲ့မီးစတခုဖြစ်လာနိုင်တယ်။" ဟု အဆိုပါ ဒါယိကာကပြောပါသည်။ မြန်မာနိုင်ငံအစိုးရ ဒုတိယသမ္မတနေထိုင်သောမြို့၌ ယခုကဲ့သို့ ဖြစ်ပွါးသော ပြဿနာကို အာဏာပိုင်များ လျစ် လျူရှုသည်မှာ မဖြစ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာ သံဃာတော်များအပေါ် အလေးမထားသည့် အဆိုပါယာဉ်မောင်း မိသားစုအပေါ်လည်း မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း လားရှိုးမြို့ခံနန်းနု ကပြောပါသည်။ |
| ကျားဖြူပါတီမှ နယ်မြေခံတပ်အပေါ်သတင်းချဲ့ကားစွပ်စွဲမှုအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ် Posted: 13 Nov 2012 01:36 AM PST သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ သီတင်းကျွတ်မီးထွန်းပွဲတော်၌ ဒေသခံပြည်သူများနှင့် နယ်မြေ ခံတပ်မှ အရာရှိ/စစ်သည်များ ပျော်ရွှ့င်စွာ ပါဝင်ဆင်နွှဲကြရာမှ နယ်မြေခံတပ်မှ အရာရှိတစ်ဦးပစ်လွှတ်သော မီးရှူးမီးပန်း သည် ဇာတ်ရုံစင်မြင့် နဖူးစည်းစာတမ်းအား မတော်တဆထိမှန်ပေါက်ပြဲသွားသည့် ဖြစ်စဉ်အား ကျားဖြူပါတီမှ သျှမ်းသံ တော် ဆင့်သတင်းဌာနတွင် ချဲ့ကားသတင်းလွှင့်ခဲ့သဖြင့် မြို့မိမြို့ဖများမှ နယ်မြေခံတပ်စခန်းအပေါ် အားနမျက်နှာပူရကြောင်း ပြောပါသည်။ "မီးထွန်းပွဲတော်မှ မီးရှူးမီးပန်းပစ်တာက ဒီဒေသမှာ ထုံးစံပါပဲ၊ လူငယ်တွေ ကလေးတွေအားလုံးပစ်ကြတာ၊ ဒီဗိုလ်ကြီး ကလည်း မီးရှူးမီးပန်းကို အပျော်ဖောက်တာပါ။ အရက်မူးပြီးဖြစ်တာလည်း မဟုတ်ပါဘူး။ မထင်မှတ်ပဲ မီးရှူးက ဇာတ် စင်နဖူးစည်းကို သွားမှန်လို့ပေါက်ပြဲသွားရုံပါ ကြီးကြီးမားမားပျက်စီးတာလည်းမဟုတ်၊ ပွဲကို အနှောက်အယှက် လဲမဖြစ်ပါဘူး။ တစ်ချို့သူတွေက သတိတောင်မထားခဲ့မိကြဘူး၊ လူအများနဲကဆင်နွဲတဲ့ပွဲတော်မှာ မတော်တဆဖြစ် တယ်ဆိုတာ အမြဲတမ်းအနည်းနဲ့အများတော့ ဖြစ်တတ်ကြပါတယ်။" လို့ ပုံပါကျင်ဒေသခံတစ်ဦးမှ ပြောပြပါသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင် ဗိုလ်ကြီးမှ မြို့မိမြို့ဖများအား လာရောက်တောင်းပန်ပြီး နဖူးစည်းစာတမ်းအား အသစ်လဲလှယ်ပေးခဲ့ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ပြသနာတစ်စုံတစ်ရာ မရှိဘဲ အားလုံးမှလည်း နားလည်ကျေနပ်ပြီး ဖြစ်ကြောင်း၊ မီးထွန်းပွဲတော်ကိုလည်း အနှောင့်အယှက်မရှိ ဆက်လက်ကျင်းပနိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြ ပါသည်။ "ဒီနယ်မြေခံဗျူဟာစခန်းက မြို့မှာလိုအပ်တဲ့ သာရေးနာရေးတွေဆို အမြဲတမ်းကူညီနေကြ အခုလက်ရှိဆိုရင်လည်း မြို့အ.ထ.ကကျောင်းမှာ ကလေးတွေအတွက် အိမ်သာမရှိတာကို အုပ်နဲ့ယင်လုံအိမ်သာ(၅) လုံးဆောက်ပေးနေတယ်။ လိုအပ်တာမှန်သမျှ ဒီဗျူဟာစခန်းက ဗျူဟာမှူးနဲ့တပည့်တွေကလည်း ကူညီပေးနေတာပါ၊ ရဲဘော်တွေဆိုရင် ကိုယ်တိုင်အိမ်သာကျင်းတူးပြီး လုပ်အားပေးကြတယ်။ မယကရုံးနားက ဓမ္မာရုံဆိုရင်လည်း ပျက်စီးနေတာကို တပ်ကဘဲပြင်ပေးနေတာ အဲ့လိုလုပ်ပေးနေတာကိုတော့ သူတို့(ကျားဖြူပါတီ)က ဘာမှဝိုင်းဝန်းဆောင်ရွက်ပေးတာမရှိဘဲ အခုဘာမဟုတ်တဲ့ ကိစ္စလေးကို ချဲ့ကားသတင်း လွှင့်ခဲ့တဲ့အတွက် နယ်မြေခံဗျူဟာမှူးနဲ့ အရာရှိစစ်သည်တွေကို သူတို့ကိုယ်စား ကျွန်တော်တို့ မြို့မိမြို့ဖတွေက မျက်နှာပူရပါတယ်။ ဒီကိစ္စကို အားလုံးစုပြီး ပြန်တောင်းပန်ဖို့ အစီအစဉ်ရှိပါတယ်"လို့ မြို့မိမြို့ဖတစ်ဦးမှ ပြောပြပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |