---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/14
Subject: [လူဗိုလ်ဟူသည် ...] ပါရီမြို့ ကို မမုန်း ။ ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်။
To: lubo601@gmail.com
လေးကို အစားထိုး အဖြစ် ကမန်းကတန်း ထည့်ပေးလိုက်ရပါသည်ဟု တဆင့်ခံ ကြားသိရပါသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/15/2012 12:38:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/11/14
Subject: [လူဗိုလ်ဟူသည် ...] ပါရီမြို့ ကို မမုန်း ။ ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်။
To: lubo601@gmail.com
by Nay Myo Zin on Wednesday, November 14, 2012 at 1:06am
လွန်ခဲ့သော နှစ်လခန့်က ဖင်လန် နိုင်ငံနေ ကျနော့်မိတ်ဆွေ ကိုမင်းလွင်က မြန်မာပြည်သူလူထုအတွက် အတတ်နိုင်ဆုံး က ကူညီမှုများ ပြုလုပ်နေသော ကျနော့် အတွက် ဂုဏ်ပြု လက်ဆောင် အဖြစ် ကင်မရာ တလုံးကို ပေးပို့ လှူဒါန်းလိုကြောင်း ဆက်သွယ် အကြောင်းကြားပြီး သူ့ကင်မရာ သစ်လေး ယခု ပုံလေးကို ပေးပို့လာပါသည်။
ဓါတ်ပုံ ရိုက် အလွန် ၀ါသနာ ပါသော ကျနော့် အတွက် ကင်မရာ ယခု ပုံပါ ကင်မရာ တလုံး ( အသစ်ပါကင်) ကို ၀ယ်ယူပြီး လက်ဆောင် အဖြစ် လူကြုံနှင့် ပေးပို့လိုက်ပါသည်။ကင်မရာ ပုံလေးကို အွန်လိုင်းက တဆင့် ကြိုတင် ရရှိထားပြီး ကင်မရာ လူကြုံကို လည်ပင်းရှည်စွာ စောင့်မျှော် နေခဲ့သည်။
ငယ်စဉ် အထက်တန်းကျောင်းသား ဘ၀ ကတည်း က ဓါတ်ပုံ ကင်မရာဖြင့် ဓါတ်ပုံ ၇ိုက်ခြင်းကို အရူးမူး ၀ါသနာ ထုံခဲ့သော ကျနော်သည် Pro အဆင့်ရှိ ကင်မရာမျိုး ယခု လို လက်ဆောင် အဖြစ် ရရှိလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးသူဖြစ်ပေရာ။ ကိုယ့်အဆင့်နှင့် ကိုယ် မတန်မရာ မမှန်းသာသည်မို့ ယခင်က မမျှော်မှန်းခဲ့ဖူးသော်လည်း ယခု လူကြုံဖြင့် ပေးပို့လာမည့် မိတ်ဆွေကိုမင်းလွင် ဧ။် လက်ဆောင် ကင်မရာလေးကိုတော့ စိတ်ကူးနှင့် မျှော်မိခဲ့ကြောင်း ၀န်ခံပါသည်။ စိတ်ကူးနှင့် ရူးသွပ်ကာ ဘယ်လို ကျေးလက် ရှုခင်း လှလှတွေ ရိုက်မည်။ ဘယ်လို အဝေးဆွဲ ဇူမ်းဖြင့် ဘယ်လို သဘာဝ ပုံများကို ရိုက်ရန် လေ့ကျင့်မည် စသည်ဖြင့် စိတ်ကူးယဉ်နေခဲ့မိသည်။
ကံကြမ္မ္မာက မျက်နှာသာ မပေးခဲ့ဟု ထင်ပါသည်။
ပြင်သစ်နိုင်ငံထိ ထိုကင်မရာ က လူကြုံ အဆင့်ဆင့်ဖြင့် ရောက်ရှိခဲ့ပြီး၊ ပြင်သစ် နိုင်ငံသို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး နှင့် လူကြုံပေးမည်ဟု တဆင့်ခံ သယ်ယူပို့ဆောင် ကူညီပေးသော ဆရာတော် တပါးက ဦးကိုကိုကြီး ထံ အသွား ပြင်သစ်နိုင်ငံ ပါရီမြို့ မြေအောက် ရထားပေါ် တွင် ထိုကင်မရာ ပါကင်ထုပ်ကြီးကို ခါးပိုက်နှိုက်ခံလိုက်ရတော့သည်။
စေတနာဖြင့် ကူညီသယ်ပို့ပေးသော ဆရာတော်ခမျာ အားချင်း လက်ငင်းချက်ချင်းကြီး ပျောက်ဆုံး သွားသော ထိုကင်မရာ အတွက် လူမှုရေး အသိစိတ်ဖြင့် အစားဝယ်ပေးရန် ကြိုးစားဖို့ အချိန်ကလည်း မရှိတော့။ ဦးကိုကိုကြီးကလည်း ပြန်တော့မည်မို့ ဆရာတော် အသုံးပြုနေသော ယခု ကင်မရာ
ယနေ့ မြန်မာပြည်သို့ ပြန်လည် ဆိုက်ရောက်လာသော ပြည်သူချစ်သော ခေါင်းဆောင် တဦးဖြစ်သည့် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က သူ့ထံ လာရောက်ပို့ဆောင်ခဲ့သည့် လူကြုံကင်မရာလေးကို ချက်ချင်းပင် ဖုန်းဆက်ပြီး လာရောက်ယူဆောင်ပါ၇န် အကြောင်းကြားသဖြင့် ကျနော် သွားရောက် ယူဆောင်ခဲ့ပါသည်။
ခါးပိုက်နှိုက်ခံလိုက်ရသောကြောင့် တာဝန်ယူစိတ်ဖြင့် သူ့ကင်မရာ တလုံး အဆုံးခံ ပေးပို့လိုက်သော လူကြုံ စေတနာရှင် ဆရာတော်ကိုလည်း အထူး အားနာမိပါသည်။ တာဝန်သိစွာဖြင့် သူ့တွင် ရှိသည့် ကင်မရာ တလုံး အစားပြန်ထည့်ပေးလိုက်သည်ကို အတူးပင် လေးစားမိပါသည်။ ရထားပေါ်တွင် ပျောက်ဆုံးသွားသည်ဟု ဆိုလျှင်လည်း မိမိ တို့က လက်ခံရမည်မို့ ယခုလို အစား တလုံး ထည့်ပေးသည်ကိုပင် အထူး ကျေးဇူးတင်ပြီး မဆီမဆိုင် အလကား ကူညီသယ်ပို့ပေးရင်း သူပိုင် ကင်မရာ တလုံး ဆုံးရှုံးသွားသည့် အမည်မသိ ဆရာတော် အား ကျနော်မှ အားနာနေမိပါသည်။
ကံထိုက်သည်ကိုသာ ရတတ်သော သဘော အရ ၊ ကျနော်သည် ရရှိလာသော လက်ဆောင် ကင်မရာလေးကို ရင်မှာပိုက်ရင်း အလှူရှင် ဖင်လန် နိုင်ငံမှ ကိုမင်းလွင် ဧ။် စေတနာကို လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း။ သယ်ပို့ပေးသော ဆရာတော် အားလည်းကောင်း၊ ပင်ပန်းခံကာ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံထိ သယ်ယူလာပေးသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အားလည်းကောင်း အထူးကျေးဇူးတင်စွာဖြင့် ဖေါ်ပြအပ်ပါသည်။
ဘာပဲပြောပြော ပြင်သစ် နိုင်ငံ ကြီးကို ကျနော် လေးစားပါသည်။ မြတ်နိုးပါသည်။ သို့ပေမယ့် ကျနော် လွန်စွာမျှော်လင့်မိသော ကင်မရာလေးကို နှိုက်ယူသွားသော ပြင်သစ်က ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်။
နေမျိုးဇင်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/15/2012 12:38:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ