---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/14
Subject: [လူဗိုလ်ဟူသည် ...] သေတမ်းစာ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/15/2012 01:21:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/11/14
Subject: [လူဗိုလ်ဟူသည် ...] သေတမ်းစာ
To: lubo601@gmail.com
by Mar Ga Luelin on Wednesday, November 14, 2012 at 9:56am
ကဲ . . .
ဘယ်လောက်ကြောက်ဖို့ကောင်းလဲကြည့်
ဟုတ်ဟုတ် မဟုတ်ဟုတ်
မနက်ဖြန်သေရမယ်ဆိုတဲ့အတွေးဝင်တာနဲ့
တကိုယ်လုံး တတိတိ နဲ့ ယားလာ
ဆေးလိပ်သောက်ချင်သလိုလို ကွမ်းစားချင်သလိုလိုဖြစ်လာ
ဟိုလူ့ကို သတိရသလို ဒီလူ့ကို သတိရသလိုဖြစ်လာ
အကြောက်တရားဆိုတာ ဒါကိုပြောတာပဲနေမှာ . . .
အခုမှ သတိရလာတာတွေက
လုပ်စရာအလုပ်တွေ ကျန်သေးတယ်
ကဗျာတွေ ရေးစရာကျန်သေးတယ်
အမေ နဲ့ အဖေ ကို နုတ်ဆက်ရဦးမယ်
ချစ်ရသူကို နမ်းရှိုက်ရဦးမယ်
မျိုးဆက်သွေးလည်း ထားခဲ့ရဦးမယ်
အို . . . ငါဘာမှ အသေအချာမလုပ်ရသေး
မေးစေ့က ကျလိကျလိ နဲ့ယားလာလို့
လက်ခုံနဲ့ ပွတ်တိုက်ရသေးတယ် . . .
ဖြေသာစရာ က
ငါသေတာ အချည်းမဲ့ သေခြင်းမဟုတ်
ငါသေတာ ပေါက်လွတ်ပဲစား သေခြင်းမဟုတ်
ငါသေတာ လူတွေ ပျော်ရွင်စရာမဟုတ်
ငါဟာ အဖိနှိပ်ခံတွေဘက်က တခါ ( တခါတည်းပါပဲ )
အပ်ကျမတ်ကျ ရပ်တည်ခဲ့မိလို့ မြတ်သောသေရခြင်း
ငါနဲ့အတူ ငါ့ဘေးမှာ ငါ့အသက်ထက်တန်ဖိုးရှိတဲ့လူတွေပါတယ်
ငါနဲ့အတူ ငါ့ဘေးမှာ ငါ့ဘ၀ထက်တန်ဖိုးရှိတဲ့လူတွေ ရှိတယ်
ငါ့ထက်ရဲရင့်တဲ့လူတွေ ငါ့ရှေ့က ရှိနေမယ်
ဒီတခါသေရရင် တန်ပါတယ် မာဃ ရယ် . . .
ငါ ထောင်ကျခဲ့ရင်
ငါ့ကိုချစ်တဲ့လူတွေ ဒုက္ခခံပြီး ငပိကြော်လေး
ငရုတ်သီးကြော်လေး ၊ဂျိုးသိန်းလေး ၊ ကော်ဖီမစ်လေးတွေ ပို့ကြလိမ့်မယ်
ငါ့ရဲ့ စိတ်ဓါတ်မာတဲ့အမေက တခါ နှစ်ခါလောက်တော့လာတွေ့လိမ့်မယ်
ငါဟာ ကူကယ်ရာမဲ့နေတဲ့ လူဆင်းရဲတွေဘက်က ရပ်တည်မိလို့
လေးဘက်အုတ်နံရံ အခန်းထဲမှာ စံမြန်းရမယ်
ကံကောင်းရင် လူတကာပြောပြောနေတဲ့ စစ်ကြောရေးဆိုတဲ့အကောင်ကြီးကိုလည်း
အမေကယ်ပါ အဖေကယ်ပါနဲ့ နုတ်ဆက်ရဦးမယ်
ငါဟာ ငိုမိလိမ့်မယ်
ငါဟာ နောင်တတော့ရမှာမဟုတ်ဘူး . . .
အကယ်၍ ငါသေခဲ့ရင်
ပန်းတနော်က ခနွဲကဘို ကျေးရွာ ဆိုတဲ့ရွာလေးမှာ
ငါ့ မြေပုံမို့မို့ဟာ ခန့်ခန့်ညားညားရှိလိမ့်မယ်
ငါ့ ဆွေမျိုးတွေက အနေအထိုင်မတတ်လို့သေတယ်လို့ပြောကြမလား
ငါ့ မိတ်ဆွေတွေက ဒီကောင်ဒီလိုဖြစ်မယ်ဆိုတာ ထင်သားပဲလို့ဆိုကြမလား
ဘာပဲဖြစ်ဖြစ် ငါဟာ မြင့်မြတ်သော သေခြင်းကို ကြိုဆိုတယ်
ပစ်မဲ့ပစ် ဘာမသိညာမသိ အဲ့ရွာသားများအစား
သိသလိုလို တတ်သလိုလို နဲ့ ဘာမဆိုင်ညာမဆိုင် မခံချိမခံသာဖြစ်နေတဲ့
ကဗျာဆရာ မာဃ ဆိုတဲ့ ဒီငနဲ့ ကိုပဲ ပစ်ပါ . . .
ဒါဟာ ကဗျာမဟုတ်တဲ့ သေတမ်းစာပါ
ငါမသေပဲ ပြန်လာခဲ့ရရင် အဲ့ဒီညနေမှာ ငါဟာ ရန်ကုန်ကို ပွေ့ဖက်မှာ
ငါသာ စတီးလက်ကောက်လေးဝတ်ရရင် သံတိုင်တွေကို နုတ်ဆက်မှာ
ငါဟာ သေဆုံးသွားခဲ့လို့ရှိရင် ငါ့ ဓါတ်ပုံကို မြှောက်ပြီးဆန္ဒပြကြ . . .
မာဃသစ္စာ
https://www.facebook.com/margaluelin မနက်ဖြန် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပါဝင်အားဖြည့်ပါမည် ။
ပန်းတနော်သည် ကျနော့်အတွက် လေးဘက်ကာ အုတ်နံရံဖြစ်လာနိုင်သလို
ကျနော့်မြေပုံလေး ရှိရာ ဒေသလည်းဖြစ်လာနိုင်သည် ။
ဘာပဲဖြစ်ဖြစ် ၊ ကိုနေမျိုးဇင်ပြောသလို ၊ ပန်းတနော်သည်
အပြစ်မဲ့သူများသွေးမြေကျရာ နေရာမဖြစ်လာနိုင်ပါဟု ယုံကြည်လျှက် ။
.......................................................
ယခုပင် ဖုန်းဝင်လာသော သတင်း အရ မနက်ဖြန် ကျနော်တို့ သွားရောက်မည့် ခနွဲကဘို ကျေးရာ ( ပန်းတနော်မြို့နယ်) တွင်းတွင် သံဆူးကြိုးများ၊ ရဲ တပ်ဖွဲ့များ ချထားပြီး ရွာ သားများ အကြားတွင်လည်း ကောလဟာလ လိုလို တကယ်လိုလို သတင်းများ ပျံ့နှံ့နေသည် ဆိုဧ။်။
မနက်ဖြန်တွင် မည်သူပဲ လာလာ ရွာစည်းရိုး လုံခြုံရေး စည်းရိုးများ ကို ဖြတ်ကျော်လျှင် ပစ် မိန့်ပေးထားပြီးမို့ သေနက်ဖြင့် ပစ်ခံရမည် ဟု ဆိုသည်။
သတင်းထောက်များ အသေးစိတ် သိလိုပါလျင် ပန်းတနော် ဒေသခံ အမိုး ဖုန်း ၀၉၄၉၂၆၂၅၆၇ ကို ယခု ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျနော်ကတော့ ယုံကြည်တာ တခု ရှိပါသည်။ ပန်းတနော် သည် ကျနော်တို့ ကဲ့သို့ တိုင်းပြည်နှင့် လူမျိုး အတွက် ဖြူစင်ရဲရင့်စွာ စေတနာထာသူမျိုးတို့ သွေး စွန်းအပ်သော မြေ မဟုတ်နိုင်ဟု .....။
နေမျိုးဇင်
မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/15/2012 01:21:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ