ရွှေညဝါဆရာတော်ရဲ့ ကနေဒါဓမ္မခရီးနှုတ်ဆက်ပွဲ ဗန်ကူးဗားမှာကျင်းပ ကျော်ဟုန်း နိုဝင်ဘာ ၁၃၊ ၂၀၁၂ ရွှေညဝါဆရာတော်ဟာ ဗန်ကူးဗား၊ တိုရန်တို၊ ကယ်လ်ဂါရီ၊ စက်စကာတွန်းမြို့ များကို ဓမ္မဒူတခရီးလှည့်လည်ခဲ့ပါတယ်။ (နိုဝင်ဘာ၊  ၁၂ ၊ ၂၀၁၂) နံနက်(၈)နာရီခွဲမှာ ရွှေညဝါဆရာတော်၊ ဦးသူရိယ၊ ဗုဒ္ဓရံသီ ဦးဂေါသက၊ ထိုင်ဝမ်ဆရာတော် ဦးနန္ဒဝံသ တို့ ဟာကယ်လ်ဂါရီ၊ စက်စကာတွန်းမှ ကထိန်သင်္ကန်းကပ်၊ ဒုလ္လဘရဟန်းခံရှင်ပြုနဲ့ တရားပွဲအပြီး ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာကြပါ တယ်။ ဗန်ကူးဗား ဗုဒ္ဓရံသီကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုကိုလေး၊ ကိုတင်နွယ်နဲ့ မိတ်ဆွေများအပြင် ကပ္ပိယ-ကိုမိုး၊ ကိုမောင်မောင် သိန်း၊ ကိုသန်းဝင်း၊ ကျော်ဟုန်း(မီဒီယာ) တို့ လဲ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ နိုဝင်ဘာ (၁၂)ရက်နေ့ တွင် ရွှေညဝါဆရာတော်ဟာ ဗန် [...]

Read more of this post