တက္ကသိုလ်တံခါးကြီး ဖွင့်ချိန်တန်ပြီ ဒေါက်တာဓမ္မပိယ (ITBMU) နိုဝင်ဘာ ၁၄၊ ၂၀၁၂   လွန်ခဲ့တဲ့ သုံးရက်ခန့်က ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်နိုင်ဖို့ လွတ်တော်မှာ အခြေအတင် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ သမိုင်းဝင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို တက်ဖူး သူတိုင်း တက္ကသိုလ်ကြီးကို လွမ်းမောမိကြောင်း နားမဆန့်အောင် ကြားကြားနေရတာဆိုတော့ တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်ပေးစေချင်တာပါ။ တက္ကသိုလ်မှာသာတဲ့လမင်းကြီးလည်း မသာနိုင်ခဲ့တာ ကြာ နေပြီဆိုတော့၊ တက္ကသိုလ်မှာပွင့်တဲ့ ကံ့ကော်ပန်းတွေ၊ စိန်ပန်းတွေ၊ ပိတောက်ပန်းတွေလည်း မပွင့်မလန်းနိုင်ခဲ့တာ ကြာပြီဆိုတော့၊ အဓိပတိလမ်းမကြီးပေါ်မှာ သူနှင့်အတူ အနှောင့်အဖွဲ့ကင်းမဲ့စွာဖြင့် လွတ်လပ်ပေါ့ပါးစွာ အတူယှဉ်တွဲပြီး ကြည်နူးစွာ လျှောက်လှမ်းခွင့် မရခဲ့တာလည်း ကြာပြီဆိုတော့၊ အင်းလျားကန်ရေပြင်ကို ဖြတ်တိုက် လာတဲ့ မြောက်လေပြေညှင်းညှင်းလေးကို သူနှင့်အတူ အမောတွေ ဖြေလျော့သည်အထိ မရှုမရှိုက်ရတာလည်း ကြာပြီဆိုတော၊့ တက္ကသိုလ်ဘ၀တွေနှင့်စပ်လျဉ်းပြီး [...]

Read more of this post