လက်တွဲခေါ်ယူ ဖေးမကူ ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ နိုဝင်ဘာ ၁၄၊ ၂၀၁၂ ၁၁.၁၁.၂၀၁၂- တနင်္ဂနွေနေ့ နံနက်က လှုပ်ခတ်သွားတဲ့ ပြင်အား ၆-ဒသမ-၈၊ ရှိ သဘာဝကပ်ဆိုး ငလျင်ဒဏ်ကြောင့် ဧရာဝတီ မြစ်ဘေးရှိ မလားကျေးရွာကလေး ဆိုးဆိုးရွားရွား ခံလိုက်ရပါတယ်။ ထိုရွာငယ်ကလေးဟာ ဧရာဝတီမြစ်မကြီး၏ အနောက်ဘက်ကမ်းမှာ အိမ်ခြေ (၁၆၀)ကျော်ရှိ၍ လူဦးရေ (၆၆၈) နေထိုင်လျှက် လယ်ယာလုပ်ကိုင်သူ၊ စဥ့်အိုးစဥ့်ခွက် လုပ်ကိုင်သူ၊ အရောင်းအဝယ် လုပ်ကိုင်သူတို့နှင့် အတော်အတန် စည်ကားခေတ်မှီသော ရွာငယ်လို့ ဆိုရပါမယ်။ ဘာသာတရားကိုလည်း လေးစားကြ၍ ခေတ်ပညာတတ် ပေါများသော ရွာလည်း ဖြစ်ပါတယ်။ သာသနာဘက်မှာ ကြည့်မည်ဆိုလျှင်လည်း ရဟန်း သံဃာတော်များ၊ ရှင်သာမဏေများ၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ ရှင်ပြုမင်္ဂလာ ပွဲများနှင့် အထူးတလည် စည်ကားသော [...]

Read more of this post