အရင်းအနှီးကြီးသော ဆုံးဖြတ်ချက်တခု သော်တာ(မကွေး)၊ နိုဝင်ဘာ ၁၅၊ ၂၀၁၂           '' ဟာ...ဦးလေး ..အလည်လာတာလား '' တစ်ညနေ အပြင်ကအပြန် အမေ့မောင်အငယ်ဆုံးကို ကျနော် တအံ့တသြနှုတ်ဆက်မိတယ်၊ မအံ့သြလို့လည်းမနေနိုင်ဘူးဗျ၊ ဦးလေးကရွာမှာ အလုပ်နဲ့လက်ပြတ်တယ်မရှိဘူး၊ ကျနော်ရွာကို သုံးလေးနှစ်နေမှတစ်ခေါက်ရောက်ရင်တောင် ညစာစားပြီးထိုင်ရင်းလုပ်ရတဲ့ ကြိုးကျစ်တာတို့၊ နှီးဖျှာတာတို့လုပ်ရင်း တူဝရီးနှစ်ယောက် စကားပြောဖြစ်တာလေ။           '' မင်းဦးကြီး (ဗဂျီး) ဦးခေါင်းထိပ်က အဖုကြီးလာလို့ ဆေးခန်းလာပြတာ'' တဲ့၊           ဦးလေးပြောမှ အိမ်ထောင့်က ခေါက်ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်နေတဲ့ အမေ့အကိုဦးခေါင်းကို သတိထားလိုက်မိတယ်၊ ပြောင်နေအောင်ရိတ်ထားတဲ့ ဦးခေါင်းထိပ်တည့်တည့်မှာ တစ်လက်မလောက်ရှိတဲ့ အဖုကြီးတစ်ခုတွေ့ရတယ်။ ဦးလေးတို့ရွာကမြို့နဲ့ အလှမ်းမဝေးလှပါဘူး၊ ကျန်းမာရေးအသိတော့ တော်တော်လေးကို နည်းတယ်၊ ရွာမှာက ကျန်းမာရေးဆေးခန်းလည်းမရှိဘူးလေ၊ ကျန်းမာရေးနှင့်ပတ်သက်လို့ တစ်ခုခုဖြစ်ရင် ကိုပိန်ကိုပဲ [...]

Read more of this post