ဖွဘွတ်ပေါ်မှာ မင်းသမီးသက်မွန်မြင့် ရေးလာတဲ့ စာလေးဖတ်ရတော့ အတွေးတွေ အုံလိုက်ကျင်းလိုက် ၀င်လာတယ်။ ၀င်လာတယ်ဆိုတာက
ခေါင်းရဲ့ အပေါက်ဝမှာ စောင့်နေတဲ
့အတွေးစတွေ။ ကြပ်ခဲနေတာကြာခဲ့ပြီ။ အရင်ကတဲက လည်း ဒီလိုစာမျိုးရေးခဲ့တယ်။ ရေးလိုက်ဖျက်လိုက်။နောက်ဆုံး
ကွန်ပျူတာထဲ ပဲသိမ်းထားလိုက်ရတော့တယ်။ ဘာဖြစ်လို့ လဲဆိုတော့. ရေးရင်းရေးရင်း နဲ့ ဇာတ်တွေက ရှုပ်သထက်ရှုပ်ကုန်လာမှာဆိုးလို့ ။
အရင်းမရှိအဖျားမရှိ ဇာတ်ရည်မလည်မှာစိုးလို့ ။ ဇာတ်ကြောင်းလေးကတောပြန်ဦးမှပါပဲ။
အရင်းမရှိအဖျားမရှိ ဇာတ်ရည်မလည်မှာစိုးလို့ ။ ဇာတ်ကြောင်းလေးကတောပြန်ဦးမှပါပဲ။
ဒီလိုပါ။ စာရေးဆရာမ ပုညခင်ရဲ့ ဝထ္ထုတပုဒ်ကို ရုပ်ရှင်ရိုက်မယ်။ ဒါရိုက်တာက ၀ိုင်း(own creator) ။ ၀ထ္ထုကိုလည်းမင်းသမီးကဖတ်ပြီး ။အတည်ပြုပြီးသား။
ဇာတ်ညွှန်းဖတ်ကြည့်တော့ sex အခန်းတွေ ပါလာတယ်။ ဇာတ်ညွှန်းမှာထပ်ဖြည့်ထားတာ။ sex အခန်းဆိုတာက နှုတ်ခမ်းနဲ့ kiss
ပေးတဲ့အခန်း။ ယောက်ကျားလေးရဲ့ ရင်ဘတ်ကအကျီင်္ကိုဖြဲပြီး နှလုံးသားနေရာကို နမ်းတဲ့အခန်း။ wild sex ပေါ့။
( အဲ့လိုပြောလို့ ဒီကောင်က sex အကြောင်းတော်တော်ပြောပါလားလို့ အပြစ်တင်မစောပါနဲ့ )
ဒါနဲ့ မင်းသမီးက မရိုက်နိုင်ဘူးပေါ့။ အရင်တခါ လဲ ဒီဒါရိုက်တာနဲ့ ပဲ sexy dance ကခိုင်းလို့ ကလိုက်ရတာ ပရိသတ်က အပြစ်တင်ခံရတယ်တဲ့။ ခုအဲဒီအခန်းက
ဝထ္ထုထဲမှာလဲမပါတော့ ဖြုတ်ပေးပါလို့ ဒါရိုက်တာကို ဖုန်းဆက်တော့ ကုမဏီနဲ့ ပဲညှိလိုက်ပါတဲ့။ မင်းသမီးက ဆုံးဖြတ်ရခက်နေတယ်။ အဖြစ်အပျက်ကဒါပဲ။
ကျွန်တော်ရေးမယ့် ရိုက်ပေါက်က ခုမှစမှာ။
မင်းသမီးကို ဒါရိုက်တာ ပြတ်ပြတ်သားသား ပြောနိုင်ဆိုနိုင်လာတာတော့ တိုးတက်လာတယ်ပြောရမှာပဲ။ ဒါရိုက်တာအားလုံးတော့မဟုတ်သေးလောက်ဘူး။ ဒါပေမယ့်
ဒါမျိုးရိုက်သင့်လားမရိုက်သင့်လားဆိုတာ က မြန်မာ့ရုပ်ရှင် ရဲ့ အနာဂတ်နဲ့ ဆိုင်သွားပြီ ။ ဆင်ဆာ မရှိတော့ဘူး လွတ်လပ်စွာ၇ိုက်နိုင်ပြီ ဆိုတဲ့
အချိန်ကစလို့ အနည်းငယ်ခေတ်မှီတဲ့ဇာတ်ကားတွေပွင့်လင်းတဲ့ ပြောင်မြောက်တဲ့ ဒိုင်ယာလော့တွေ နဲ့ ဇတ်ကားတွေထွက်လာတာတော့အမှန်ပဲ။
ကျေနပ်လောက်တဲ့အဆင့် မရှိသေးတာတော့ သေချာတယ်။ စက်ပစ္စည်း ကိရိယာ တွေ ကင်မရာတွေ နည်းပညာတွေလည်း အတော်အတန်တိုးတက်ခဲ့ပါတယ်။
နောက် အ၀တ်အစား တွေလည်းတိုးတက်ခဲ့တယ်ပေါ့ဗျာ. တိုးတက်တယ်ဆိုတာထက် တိုတက်လာတာ
ဆိုပိုမှန်မယ်။ မင်းသားတွေကတော့ ဒီလောက်ပြောစရာမရှိပေမယ့်။ မင်းသမီး နဲ့ ဇာတ်ပို့ ဇာတ်ရံ အားလုံးလိုလို တိုနိုင်သမျှတို
ဖော်နိုင်သမျှ ဖော်လာတာကိုတွေ့ ရတယ် ။အဲ့ဒီအတွက် ပရိသတ်ရဲ့ အမြင်ကလည်းအမျိုးမျိုးပါပဲ။ တချို့ ကလည်း ဒါမျိုးဖြစ်သင့်တယ်ပေါ့ ။ြ
ဖစ်သင့်တာလဲကြာပြီပေါ့ ။ဆင်ဆာကြီးရှိနေလို့ ပေါ့။တချို့ ကလည်း အတိုးတက်လွန်ပြီး 18+တွေအထိ ရိုက်သင့်တယ်ပေါ့ ။ နိုင်ငံတကာအဆင့်မှီချင်ရင်
ဒါမျိုးကရှိသင့်တယ်ပေါ့။ ကြည့်ရှုသူရဲ့ အဆင့်ကိုခွဲထားလိုက်
ရင်ပြီးပြီလို့ ဆိုပါတယ်။ အဲ့လို ပြောတဲ့သူတော်တော်များများက ယောက်ျားလေးတွေ ဦးလေးကြီးတွေ အကိုကြီးတွေ များပါတယ်။
မိန်းကလေးကတော့ မပြောသလောက်ပါပဲ။ ကျွန်တော့်အမြင်အရတော့ ဒါဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
ဟ ဒီမိုကရေစီခေတ်ကွ လို့ ပြန်ပြောမယ့်သူ သန်းနဲ့ ချီရှီလောက်တယ်။ ဒါပေမယ့် ကမ္ဘာမှာဒီမိုကရေစီ အရှိဆုံးနိုင်ငံလို့ခေါ်လောက်တဲ့
အိန္ဒိယ က ခုထိ ဒါမျိုးမရိုက်ပါဘူး။ သူတို့ မှာ သူ တို့ ယဉ်ကျေးမှုနဲ့ သူတို့ ပွတ်သီးပွတ်သပ် တွေလုပ်တာတွေတော့၇ှိပါတယ်။ ဒါက သူ တို့ ကိစ္စပါ။
ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာမှာ ရှားရှားပါးပါး ကျန်နေတဲ့ ဗုဒ္ဒဘာသာနိုင်ငံတခုပါ။ ဒါတောင်ခပ်ယဲ့ယဲ့ပဲကျန်တာပါ။ ဘာသာရေးနဲ့ မပြောနဲ့ ဦး ။မြန်မာ့ယဉ်ကျေးမှု
အနေနဲ့ ရော ထုံးတန်းစဉ်လာအရဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ အရာပါ။ နိုင်ငံခြားမှာဘာလို့ ရသလဲ။ နိုင်ငံခြားရဲ့ လူနေမှုက ဥပမာ အမေရိကားဆိုပါတော့ သူ့ 
ယဉ်ကျေးမှုအရ ၁၃ နှစ်ပြည့်ရင် လူကြီးဖြစ်ပါပြီ။ သင်သွားလိုရာသွားနိုင်ပြီ။ ကိုယ့်ပိုက်ဆံလဲကိုယ်ရှာစားပါ။
မိဘလဲကိုယ့်ဘာသာကိုယ်တောင်အနိုင်နိုင်ရုန်းကန်ရတာပါ။ အားလုံးကိုမပြောပါဘူး။ အများစုပါ။ အဲ့ဒိတော့သူတို့ မှာ အရွယ်မတိုင်ခင်ကတဲ က
ဒီယဉ်ကျေးမှုကရှိခဲ့တယ်။ ၁၈ နှစ်ပြည့်ရင်တော့ အားလုံး ဖရီး။ မြန်မာနိုင်ငံမှကရော။ မြန်မာနိုင်ငံမှာက အိမ်ထောင်မကျခင်အထိ မိဘ ညီအကိုမောင်နှမ
အုပ်ထိန်းမှုအောက်မှာနေကြတာ။
နေကြတာဆိုလို့ အတင်းအကျပ်နေခိုင်းတာတော့မဟုတ်ပါဘူး။ သူ့ ရဲ့ နေထိုင်စားသောက်ရေး ပညာရေး အိမ်ထောင်ရေး
အထိအားလုံးမိဘ တွေက တာဝန်ယူထားတာပါ။ အိမ်ထောင်ကျပြီးတောင်မှ တဘက်တလမ်းကနေ တာဝန်ယူမှုကရှိနေတာပဲ။
ဆိုလိုချင်တာက မိဘ ညီအကိုမောင်နှမ အတူတူ နေကြတဲ့ နိုင်ငံ ဖြစ်တယ်။ အများစုကိုပြောတာဖြစ်ပါတယ်။
ညီအကိုမောင်နှမ မိဘ တွေနဲ့ အတူတူ ဒီလို ကားတွေကို ကြည့်သင့်ပါသလား။ သင်ရော 18+ ကားတကားပဲဖြစ်ဖြစ်ဘာမှ
အတိအကျ မပြရင်တောင် လင်ခန်းမယားခန်း ရိုက်နေတာ နမ်းနေတာကို သင့်ရဲ့ အမေမိဘ ညီအကိုမောင်နှမ ရှေ့ မှာ (ယောက်ျားချင်း
မိန်းမချင်း ကိုဆိုလိုတာမဟုတ်မှန်း သိမယ်ထင်ပါတယ်) ကြည့်ကြပါသလား၊ကြည့်သင့်ပါသလား။သင်ရော သားသမီးမွေးလာတဲ့အခါ
သမီးလေးများမွေးလာတဲ့အခါ သင့်သမီးကို ဒီလိုကားတွေပေးကြည့်မှာလား။ အိုးဒါကတော့ သဘာဝပဲ ဗဟုသုတအနေနဲ့ ပေးကြည့်ရမှာပေါ့ ။
နိုင်ငံခြားမှာဆို ဆေးပညာအရကျောင်းမှာတောင်သင်ရတာပါပဲလို့ စောတက တက်ချင်တဲ့သူတွေ ရှိရင် ကျွန်တော့်ဆီ စာရင်းပေးထားကြပါ။
စောင့်ကြည့်ချင်ပါသေးတယ်။ အဲ့ဒီဆေးပညာအရလဲပြောချင်ပါသေးတယ်။ လိင်ပညာပေး ကတော့ လုပ်သင့်ပါတယ်။ ပညာပေးတာနဲ့ ဖြော်ဖြေတာ
မတူပါ။ တင်ဆက်မှု ပညာလဲလုံးဝ မတူပါ။ လိင်ပညာပေးလုပ်တာ လိင်ဆွဲဆောင်မှုရှိနေပြီ လိင်စိတ်ထကြွစေပြီဆိုရင် ဒီ လိင်ပညာပေးဟာ
အတော်ညံ့နေပြီ အဆင့်မမှီဖြစ်နေပြီလို့ သတ်မှတ်ရ ပါလိမ့်မယ်။ ဆေးကျောင်းသားတွေကိုကြည့်ပါ သူတို့ ကိုသာ လိင်နဲ့ ပတ်သတ်လို့ ထကြွအောင်
သင်ခဲ့ကြရင် အားလုံးဒုက္ခရောက်ကုန်မှာပါ။ မိန်းကလေးနဲ့ ယောက်ျားလေးရောနေတာပါ။ ဒါကြောင့်
ပညာပေးသည် ပညာပေးပဲဖြစ်ပါတယ်။ ပညာပေး တဲ့စနစ်ကိုလဲ သေချာစိစစ်သင့်ပါတယ်။ စကားမစပ် လိင်ပညာပေးဆိုပြီး
မဂ္ဂဇင်းတအုပ်လဲထွက်လာပါသေးတယ်။ အထဲကစာကို မဖတ်ရသေးခင် ကာဗာမြင် တာနဲ့ လိင်ပညာပေးလား လိင်စိတ်ကြွ
အားပေး လားဆိုတာ သိသာပါတယ်။ အကျိုးဆက်က တဖြည်းဖြည်း နဲ့ လိင်ဆက်ဆံတဲ့ အသက်စောလာမယ်။ ဒုစရိုက်မှုတွေများလာမယ်။
ဒီနေရာမှာ တခြားနိုင်ငံတွေ ကျတော့ ဘယ်လိုလုပ်မလဲလို့ မပြောပါနဲ့ ။ တခြားနိုင်ငံတွေမှာလဲဒုစရိုက်မှုတွေဖြစ်တာ အများကြီးပါ အားလုံး မသိရလို့ ပါ။ ေ
နာက်တခုကိုယ့် အကြောင်းကိုယ်သိပါ။
ကျွန်တော်တို့ လူမျိုးသည် ကမ္ဘာမှာသွေးဆူအလွယ်ဆုံးလူမျိုးဖြစ်ပါတယ်။
တခုခုကိုလုပ်ချင်ပြီဆိုရင် ၀ုန်းဝုန်း ထလုပ်ပြီးတော့မှ နောင်တရတတ်တဲ့လူမျိုးပါ
။ ဒေါသထွက်လွယ်။ စိတ်ကြွလွယ်တဲ့လူမျိုးပါ ။ ဒါကြောင့် မီဒီယာ ပဲဖြစ်ဖြစ် entertainment
ပဲဖြစ်ဖြစ် ရေးသားဖော်ပြရာမှာ ဖြော်ဖြေတင်ဆက်ရာမှာ အထူးပဲသတိ ထားဖို့ လိုပါတယ်။
နိဂုံးအနေနဲ့  ဆရာမ ပညခင်ရဲ့ ကျွန်မကနှင်းဆီပါမောင် ၀ထ္ထု ကို ဒါရိုက်တာဝိုင်းက ၇ိုက်တဲ့အခါမှာ
အဲ့ဒီလို လိင်ဆက်ဆံတဲ့အခန်းသော်၎င်း လိင်ဆက်ဆံမှုအသားပေး အခန်းသော်၎င်း ထည့်ရိုက်မယ်ဆိုရင် လုံးဝ ရှုတ်ချပါတယ်။
နောင်ကိုလည်း ဘယ်ဒါရိုက်တာပဲဖြစ်ဖြစ်ရိုက်မယ်ဆိုလဲ အားမပေးပါ။ ဒီမိုကရေစီခေတ်မို့ ပြောခွင့်မရှိဘူးလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့
ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲ။
နောက်တခုက ဆင်ဆာဆိုတာရှိသင့်သလားဆိုတာပါ။ ဆင်ဆာဆိုတာ ရှိသင့်တယ်။ ဘယ်လိုဆင်ဆာမျိုးရှိသင့်သလဲ။
ရုပ်ရှင်အနုပညာအကြောင်းကိုနားလည်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကိုနားလည်တဲ့ ရှေ့ မှီနောက်မှီ လူမျိုးတွေ ရှိသင့်ပါတယ်။
ဒါမှသာ မဖြစ်သင့်တာတွေမဖြစ်သင့်အောင်တားနိုင်ပါမယ်။ ဆင်ဆာဆိုလို့ အရင်ခေတ် ဆင်ဆာလိုမျိုး မြင်မြင်သမျှ နံကြားထောက်ဖြတ်တဲ့
ဆင်ဆာကိုပြောတာမဟုတ်ပါ။ မပြသင့်တာ မသင့်လျော်တာရှိရင် တာဝန်ရှိသူနဲ့ ပူးပေါင်းဆွေးနွေးတိုင်ပင်ဖို့ အကြံညဏ်ပေးနိုင်ဖို့ ပါ။ ဥပမာအားဖြင့်
ဇာတ်ကားတွေမှာ ဘာသာရေးနဲ့ ပတ်သတ်တဲ့စော်ကားမှုတွေ စကားလုံးတွေ သုံးမိရင် ဘာသာရေးအဓိကရုဏ်းအထိ ဖြစ်နိုင်ပါတယ်။ ဇာတ်ကားထွက်ပြီး
ပြသနာ တက်ပြီးမှ ဘာမှလုပ်လို့ မရပါဘူး။ ဥပမာပြောတာပါ။ တလွဲတွေလဲတွေးမနေကြပါနဲ့ ။
အားလုံး မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.