သစ်ထူးလွင်
သစ်ထူးလွင်
နတ်မောက်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်
Posted: 08 Dec 2012 02:22 AM PST
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ် ကြေးရုပ် ဘောလုံးကွင်း တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များနှင့် ပတ်သက်၍ ပြောကြားချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
"ကျွန်မ ပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွ မြောက်ကြွ လုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့
ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။
အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။
အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့
သွားနိုင်မှာဖြစ်ပါတယ်"
7Day News Journal
ဒေါ်အောင်ဆန်းစုကြည် နတ်မောက်မြို့ လူထုဟောပြောပွဲ မြင်ကွင်းများ
Posted: 08 Dec 2012 01:33 AM PST
နတ်မောက် လူထုနှင့် တွေ့ဆုံစကားပြော ကြားနေ သော ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင် ဆန်းစုကြည် အားစောင့်ဆိုင်းကြို ဆိုနေကြ သော နတ်မောက်လူထု
ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဇာတိမြို့မှ နှုတ်ဆက် ထွက်ခွာ နေ သော ဒေါ်အောင် ဆန်းစုကြည်။ ဓါတ်ပုံ- မိုးဇော်မျိုး
အ မေစု အမျိုးသားနေ့ အထိမ်းအမှတ် ဟောပြေပွဲ မှ စည်းကမ်းရှိသော နတ်မောက်လူငယ်လေးများရဲ့ သန့်ရှင်းရေး လုပ်အားပေးနေပုံ
ဓါတ်ပုံ- Moe Zaw Nyo
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၆)
Posted: 08 Dec 2012 01:30 AM PST
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ယခုပြောကြားနေသော မိန့်ခွန်းမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
"ကျွန်မတို့ အာဏရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန် ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင် သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "
"အစိုးရတစ်ခု ဖြစ်လာပြီ ဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲ ပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"
"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"
7Day News Journal
နတ်မောက်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်။ ဓါတ်ပုံ-မင်းသားလေး
ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဇာတိမြို့မှ နှုတ်ဆက် ထွက်ခွာ နေ သော ဒေါ်အောင် ဆန်းစုကြည်။ ဓါတ်ပုံ- Moe Zaw Nyo
မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံးအတွင်း သံဃာတော်များ၏ ဆက်လက် သပိတ်ဆင်နွဲ
Posted: 08 Dec 2012 12:35 AM PST
မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံး အတွင်းတွင် ယနေ့  ၈.၁၂.၂၀၁၂ ( အမျိုးသားနေ့ ) မွန့် လွဲ ၁ နာရီတွင် လက်ပံတောင် ကြေးနီ စီမံကိန်း သပိတ် စခန်းများတွင် သံဃာတော်များကို အကြမ်းဖက် နှိမ်းနှင်းသောကြောင့် သံဃာထု တရပ်လုံးမှ တောင်းဆို ချက်များကို နိုင်ငံတော်မှ ယခုအချိန်ထိ လုပ်ဆောင်ခြင်း မရှိသည့် အတွက် ဆက်လက် သပိတ်ဆင်နွဲ နေကြခြင်း ဖြစ်ပါသည်။
တက်ရောက် သံဃာတော် တစ်ပါးမှ မနေ့ က သာသနာရေး ဝန်ကြီးမှ မဟန ( နိုင်ငံတော် သံဃာ နာယက ) သံဃာများကို တောင်းပန်ခြင်းသည် လွဲမှားနေကြောင်း အကြမ်းဖက်တွင် ထိခိုက် ဒဏ်ရာ ရရှိထားသော သံဃာတော် အပါး ၁၀၀ ကျော်ကိုသာ ပင့်ဖိတ်ပြီး တောင်းပန်ရန် ဖြစ်ကြောင်းအခု တောင်းပန်ခြင်းသည် လွဲများနေသဖြင့် ပြသနာ ပိုမိုကြီးထွားလာနိုင်ကြောင်း မိန့် ကြားပြောဆိုသွားခဲ့ပါသည် ။
တောင်းဆိုချက်များကို လုပ်ဆောင်ခြင်းမရှိပါက သံဃာတော်များမှ ဆက်လက်ပြီး အထွေထွေသပိတ်အဖြင့် တနိုင်ငံလုံး အတိုင်းတာဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင့် ထပ်မံမိန့် ကြားပြောဆိုသွားပါသည် ။
သတင်း - ဓါတ်ပုံ ။ ကိုနိုင်
Myanmar News Now
မန္တလေးမြို့ တွင် လက်ပံတောင်တောင်းစီမံကိန်းတွင် အကြမ်းဖက်နှိမ်းနှင်းသောကြောင့် ရဟန်းရှင်လူများ လမ်းလျှောက် ဆန္ဒထုတ်ဖော်
Posted: 08 Dec 2012 12:31 AM PST
အိမ်တော်ရာအနောက်ပေါက်မှ စတင်ပြီး ၂၆ ဘီလမ်းအတိုင်း အရှေ့သို့ ချီတက်ပြီး ဈေးချိုမှ ၈၄ လမ်းအတိုင်း တောင်ဖက်သို့ ဆက်လက်လမ်းလျှောက်ပြီး  ၃၁ လမ်းရှိ သကျသီဟ ဘုရားတွင်လမ်းလျှောက်ဆန္ဒပြ ယနေ့ အတွက် ပြီးစီးပြီး နောက်နေ့ တွင်လည်း ဆက်လက် လမ်းလျှောက် ဆန္ဒဆက်လက်ပြီးလုပ်ဆောင်သွားမည့်ဟု လမ်းလျှောက်ဆန္ဒပြပွဲတွင်ပါဝင်သော ဦးဆောင် ဆရာတော်တစ်ပါးမှ ပြောကြားပါသွားပါသည် ။
လမ်းလျှောက်ဆန္ဒပြပွဲတွင် ဆရာတော်သံဃာတော်များနှင့်အတူ လူငယ်အများအပြားလည်း ပါဝင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပါသည် ။
သတင်း- ဓါတ်ပုံ ။ ကိုနိုင်
by Myanmar News Now
မန္တလေးမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်
Posted: 08 Dec 2012 12:29 AM PST
မန္တလေး အိမ်တော်ရာ ဘုရားအတွင်းရှိ ၁၄ ခန်း ဇရပ် ဓမ္မာရုံတွင် ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ တစ်နာရီမှ စတင်ကာ သံဃာတော်များ ထိုင်သပိတ် ပြုလုပ်ခဲ့ပြီး မွန်းလွှဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် သံဃာအားလုံး၏ သဘောတူညီချက်ဖြင့် သုံးပါးတစ်တန်းစီ တန်းစီပြီး မေတ္တာပို့ ဆုတောင်းကာ အိမ်တော်ရာ ဘုရားမှ စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော် လျက်ရှိကြောင်း သိရသည်။
သတင်း - ဓါတ်ပုံ ။ Eleven Media Group
လက်ပံတောင်းတောင် အရေး မုံရွာမှာ သံဃာတော်အပါး ၅၀၀ ကျော် ဆန္ဒထုတ်ဖော်
Posted: 07 Dec 2012 11:59 PM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ မုံရွာမြို့ပေါ်ရှိ အုတ်ကန်တောရ၊ ဇောတိကာရာမ စသည့် ကျောင်းတိုက်များ အပါအ၀င် သံဃာတော်အပါး ၅၀၀ ကျော် ယနေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ ဆန္ဒဖော်ထုတ် နေကြောင်း သတင်းရရှိသည်။
အုတ်ကန်တောရကျောင်းတိုက်မှ စတင်ထွက်ခွာခဲ့ပြီး ရွှေစည်းခုံစေတီ၊ ကမ်းနားလမ်း အတိုင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်နေကြကာ လက်ပံတောင်းတောင် စီမံကိန်းအား ဒေသခံ များနှင့် ပြည်သူတစ်ရပ်လုံး ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ရန် အကြမ်းဖက်နှိမ်နင်း မှုများအား သံဃာတော်များ လက်ခံသည်အထိ တောင်းပန်ရန်နှင့် အကြမ်းဖက် နှိပ်နင်းမှုတွင်
ပါဝင်သော ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူပေးရန်စသော အချက် သုံးချက်ကို တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။
သတင်း - 7Day News Journal
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင် အေးချမ်းစွာဖြင့် မေတ္တာသုတ်ပရိတ် တရားတော်များကို လှည့်လည်ရွတ်ဖတ်နေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ စရဖ ၊ SB၊နှင့် မုံရွာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ပါတီမှ အလုပ်အမှုဆောင်-ကျော်သူ(ကျောက္ကာမြောက်ရွာ)မြို့တို့ မှသတင်း ဓာတ်ပုံများ လိုက်လံရိုက်ကူးနေလျှက်ရှိပြီး ဆရာတော်များ၏ ဘွဲ့တော်များ နေရပ်များကို လိုက်လံစုံစမ်းနေကြကြောင်းသိရသည်။
ဆရာတော်များရှေ့တွင် ဗွီဒီယိုရိုက်ကူးနေသောရဲ၏ပုံ။
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း။
မုံရွာမြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်နေကြသော ဆရာတော်သံဃာ တော်များအား မုံရွာမြို့ ကမ်းနားဆိပ်တွင်တွေ့မြင်ရစဉ်။
ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း
ဆရာတော်များ တောင်းဆိုချက်(၃)ချက်ကိုင်ဆောင်ကာ မုံရွာမြို့ရွှေစည်းခုံ မြတ်စွာဘုရားအတွင် တွေ့မြင်ရစဉ်။
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း
လက်ပံတောင်းတောင် အရေး ရန်ကုန်မှာ သံဃာတော်များ ဆန္ဒထုတ်ဖော်
Posted: 07 Dec 2012 11:44 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၈။
လက်ပံတောင်းတောင် အရေးကိစ္စနှင့် ဆန္ဒထုတ်ဖော်သော သံဃာတော်များအား အကြမ်းဖက် ဖြိုခွင့်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် သံဃာတော်အပါး (၂၀)သည် ယနေ့နေ့လယ် (၁း၃၀)ခန့်တွင် ကြေးသွန်း ဘုရားရှေ့မှ ဆူးလေသို့ စတင် ဆန္ဒထုတ်ဖော်ရန် ထွက်ခွာလာခဲ့သည်။
ဖမ်းဆီးထားသော ရဟန်းရှင်၊ ကျောင်းသား၊ ပြည်သူ လူငယ်များအား ပြန်လွှတ်ပေးရန် သံဃာတော်များအား ၀န်ချတောင်းပန်ရေး
လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေး သံဃာတော်များ အပေါ် ရက်စက်စွာ နှိမ်နင်းခဲ့သော တာဝန်ရှိသူကို ဖော်ထုတ်ပေးရေး အစရှိသော အချက် (၄)ချက်ကို တောင်းဆို၍ ချီတက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
သံဃာများ ကြေးသွန်းဘုရားရှေ့မှ ဆူးလေသို့ စတင်ထွက်ခွာ
သံဃာတော်များ ချီတက်ဆန္ဒထုတ်ဖော်မှုသည် ယခုအချိန်တွင် ဦးထောင်ဘိုအ၀ိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၅)
Posted: 07 Dec 2012 11:33 PM PST
၉၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားမည့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ဆိုင်းနေသည့် မြို့ခံများအား တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁နာရီခွဲ ခန့်တွင် နတ်မောက်မြို့ 
သို့ ရောက်ရှိလာ လိမ့်မည်ဟု ခန့်မှန်းထားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းသို့ ချီတက်လာကြသည့် မြို့ခံများ။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းသို့ ချီတက်လာကြသည့် ကျောင်းသူလေးများ။
သတင်း - ဓါတ်ပုံ ။ 7Day News Journal
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၄)
Posted: 07 Dec 2012 10:38 PM PST
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ် ဇာတိမြေ ဖြစ်တဲ့ မကွေးခရိုင်၊ နတ်မောက်မြို့ မကွေး-ပျော်ဘွယ် လမ်းမကြီး ဘေးမှာရှိတဲ့ ဗိုလ်ချုပ် ကြေးရုပ်ကွင်းမှာ ပြုလုပ်မယ့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လူထုကို မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီဟောပြောပွဲ ပြုလုပ်မယ့်ကွင်း အတွင်းမှာ နတ်မောက် ဒေသခံများနဲ့ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များနဲ့ ကျေးရွာများမှ လူထုများ ထောင်နဲ့ချီ ရောက်ရှိ စောင့်ဆိုင်း နေပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးဆေးရုံ သို့ သွားရောက်ပြီး ယင်းဆေးရုံတွင် အသုံးပြုရန် လိုအပ်သော ထရန်စဖော်မာအတွက် ငွေကျပ်သိန်း ၈၀ မတည်လှူဒါန်းခဲ့ပြီး အမှတ်တရအဖြစ် ခရေပင်တစ်ပင် ဆေးရုံဝင်းအတွင်း စိုက်ပျိုးခဲ့ပါတယ်။
လက်ရှိတွင် တောင်တွင်းကြီးမြို့နယ်မှ ထွက်ခွာလာပြီး မြို့သစ်မြို့နယ်သို့ ၀င်ရောက်မည် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
DVB
ဓာတ်ပုံ-မင်းသားလေး
အသုတ်မြို့နယ်တွင်းရှိ အင်းသူဌေးနှင့် ငါးလုပ်ငန်းဦးစီဌာနတို့ ဥပဒေအား လိုက်နာခြင်းမရှိ
Posted: 07 Dec 2012 09:42 PM PST
ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်မှ ထုတ်ပြန် လိုက်သော ငါးလုပ်ငန်း ဆိုင်ရာ ဥပဒေများအား အသုတ်မြို့နယ် အတွင်းရှိ ခုံဇင်ကုန်းလေးအင်း ပိုင်ရှင်နှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက လေးစား လိုက်နာခြင်း မရှိကြောင်း အဆိုပါ အင်းအနီးရှိ ရွာ ၉ ရွာခန့်က ထုတ်ဖော် ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒီဇင်ဘာလ(၁၀)ရက်နေ့ ထုတ် The Voice Vol.8 / No.49
Posted: 07 Dec 2012 09:31 PM PST
ဒီဇင်ဘာလ(၁၀)ရက်နေ့ ထုတ် The Voice Vol.8 / No.49
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၃)
Posted: 07 Dec 2012 09:16 PM PST
ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီး ဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်း ခဲ့ပြီးနောက် နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ သေးကြောင်း သိရသည်။
နံနက် ၈နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့၊ ဆတ်သွားရွာတွင် မိန့်ခွန်း ပြောကြားခဲ့ရာ၌ ဖခင်ဗိုလ်ချုပ်၏ သမီးဖြစ်သောကြောင့် မိမိသည်လည်း အညာသူပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရောက်မလာဖြစ်သည့် အကြွေး ရှိသောကြောင့် ယခုကဲ့သို့ လာရောက် ရခြင်းဖြစ်ပြီး၊ ဒေသခံများကို မေးခွန်းများ မေးမြန်းစေခဲ့သည်။
ဒေသခံများက မိမိတို့တွင် ဆည်ရှိသော်လည်း ရေမရခြင်းကိစ္စရပ်များ၊ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းကြပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေ ကိစ္စများကိုပါ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီးနောက် နတ်မောက်မြို့သို့ဆက်လက်သွားနေကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal
ဓါတ်ပုံ ။ 7Day News Journal
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၂)
Posted: 07 Dec 2012 09:10 PM PST
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး ဆတ်သွားမြို့သို့ ရောက်ရှိလာကာ မိန့်ခွန်း ပြောကြား လျက်ရှိပြီး ဆတ်သွားမှ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိ နတ်မောက်မြို့သို့ သွားရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း-ဓါတ်ပုံ ။ 7Day News Journal
မန္တလေး သံဃာ့သပိတ်ကို ဦးဆောင် ဆရာတော်ငါးပါးအား သာသနာရေးနှင့် သထ္ထုတွင်းဝန်ကြီးနှင့်အဖွဲ့က တားမြစ်
Posted: 07 Dec 2012 09:04 PM PST
မန္တလေးတိုင်း သာသနာရေးရုံးတွင် သာသနာရေးနှင့် သထ္ထုတွင်းဝန်ကြီး ဦးသန်းစိုးမြင့် ၊ ရဲမင်းကြီးအောင်နိုင်သူတို့ ဦးဆောင် ပါဝင်သောဝန်ကြီး အဖွဲ့ကမန္တလေး သံဃာ့သပိတ်ကို ဦးဆောင်နေသော ဦးဝိသုတ ၊ ဦးဥတ္တမ ၊ ဦးစန္ဒိတ ၊ ဦးစန္ဒန နှင့် ဦးသောဘိတ စသော ဆရာတော်ငါးပါး တို့အား ယနေ့ည(၇)နာရီတွင် ခေါ်ယူတွေ့ဆုံ လျှောက် ထားခဲ့ကြကြောင်း သိရှိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မန္တလေး သံဃာတော်များ၏ ထိုင်သပိတ် မြင်ကွင်း
အီဂျစ်သမ္မတအိမ်တော် အကာအရံ ဆန္ဒပြသမားတွေချိုးဖောက်
Posted: 07 Dec 2012 08:50 PM PST
အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ကိုင်ရိုမြို့က သမ္မတ အိမ်တော် ပတ်လည်မှာ ကာထားတဲ့ သံဆူးကြိုး တွေကို ဖြတ်ကျော် ၀င်ရောက် သွားကြပြီ ဖြစ်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လူမျိုးရေးပဋိပက္ခကြောင့် မိတ်ဆွေချင်းခွဲခွါရ
Posted: 07 Dec 2012 08:46 PM PST
ရခိုင် ပြည်နယ် စစ်တွေမြို့  အောင်မင်္ဂလာ ရပ်ကွက်ရှိ မူဆလင် လူမျိုးများကို တွေ့ရစဉ်။
ရခိုင် ပြည်နယ် ထဲက ပဋိပက္ခတွေ အတွင်း လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်း ကျော်ဟာ ပြောင်းရွှေ့ နေထိုင်ကြ ရပါတယ်။ ဒီ ပဋိပက္ခ တွေကြောင့် ရခိုင် ဗုဒ္ဓ ဘာသာတွေနဲ့  ရိုဟင်ဂျာ မူဆလင် တွေကြားက ဆက်ဆံရေးဟာ မိတ်ဆွေ အဖြစ်ကနေ ရန်သူအဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf ရခိုင်ပြည်နယ်က သတင်း ပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပါမယ်။
လူမျိုးစု ၂ စုအကြား ပဋိပက္ခတွေ မဖြစ်ခင်အထိ   ရခိုင်ပြည်နယ်ထဲက ဒီမြို့သူကြီးရွာလေးမှာ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့  ရိုဟင်ဂျာ မူဆလင် မိသားစု ၇၀ လောက်ဟာ အတူနေထိုင်ခဲ့ကြတာပါ။  ရွာသူကြီး ဦးကျော်အောင်ဟာဆိုရင်လည်း ဒီရွာလေးမှာ ရိုဟင်ဂျာတွေနဲ့  အတူနေထိုင်ပြီး အလုပ်လုပ်ကိုင်သူပါ။ ဒါပေမယ့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဆိုတဲ့ ပြောဆိုမှုအပေါ်အခြေခံပြီး အခုအခါမှာ သူဟာ ဘင်္ဂါလီဆိုပြီး သုံးစွဲပါတယ်။
"ကျနော်တို့ ဖက်စပ်ပြီးတော့ စက်လှေထောင်တယ်။ ငါးအရောင်းအဝယ်လုပ်တယ်။ တံငါလှေထွက်တယ်။ ငါးရောင်းတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်ရောင်းတယ်။ ညဆို မနက်ရော၊ ညရော နေကြတယ်။ ၁၁နာရီ၊ ၁၂နာရီမှ သူတို့ အိမ်ပြန်အိပ်ကြတယ်။ လှေရောက်ရင်လည်း သူတို့ လက်ဘက်ရည်ဆိုင်ဝင်ပြီးမှ သောက်ကြတယ်။ ဆွေမျိုးတွေလို နေလာကြတာ။
ရိုဟင်ဂျာတဦးဖြစ်တဲ့ မောင်ဖြူနဲ့  ရခိုင်အမျိုးသားတဦးဖြစ်တဲ့ ဦးကျော်အောင်ဟာ အနှစ် ၅၀ ကျော် အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါ။
" သူတို့မိသားစုနဲ့ ကျနော်တို့ မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ မိသားစုပဲ။ ညီရင်းအစ်ကိုလို ကောင်းကောင်း ရင်းနှီးပါတယ်။ သူ့အိမ်မှာ သွားထမင်းစားလိုက်၊ သူ ကျနော်တို့ဆီမှာလာတယ်။ သူ ကျနော်တို့ဆီ ဝင်စားလိုက်ပါပဲ။"
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လထဲကစလို့  မူဆလင်တွေက ရခိုင်အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့တာကနေ လက်စားခြေတိုက်ခိုက်မှုတွေဖြစ်ပြီး ရခိုင်ပြည်နယ် တလျောက်လုံး တဘက်နဲ့ တဘက် တင်းမာမှုတွေဖြစ်ခဲ့တာပါ။
" ဟိုမှာဖြစ်နေတော့ သူ့ကို ကျနော်တို့မျက်စိအောက် အခုတ်မခံချင်ဘူး။ သူတို့သားသမီး၊ သူတို့သားမယား ခုတ်ရင် ကျနော်တို့ မျက်စိရှေ့ မြင်နေရမယ်။ ဘာလုပ်မလဲ။ မနေနဲ့တော့ မင်းတို့ ဒီမှာသေကုန်မယ်။ မနေနဲ့တော့လို့ပြောလိုက်တယ်။ ဒါစေတနာသပ်သပ်နဲ့ပြောတာ။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ လမ်းတွေကိုရှောင်ပြီး ဦးကျော်အောင်ဟာ မောင်ဖြူတို့ မိသားစုကို ကမ်းစပ်ကလှေရှိရာကို လိုက်ပို့ ပေးခဲ့ပါတယ်။ အဲဒီနေရာကနေ ရွာမီးလောင်နေတာကိုလည်း သူတို့ မြင်တွေ့ ခဲ့တာပါ။
ခုတော့ မောင်ဖြူတို့ မိသားစုဟာ စစ်တွေမြို့ နားက ကယ်ဆယ်ရေးစခန်းတခုမှာ တခြားရိုဟင်ဂျာတွေနဲ့ အတူ နေထိုင်နေကြပါတယ်။
ဦးကျော်အောင်က သတိပေးတဲ့အတွက် အခုလို ရှောင်တိမ်းလွတ်မြောက်လာရပေမယ့် အရင်လိုပြန်နေနိုင်ဖို့ တော့ မဖြစ်နိုင်တော့ဘူးလို့  မောင်ဖြူရဲ့ သား ကျော်မျိုးက ပြောပါတယ်။
"ဘယ်တခါမှ ရခိုင်သားတွေနဲ့ ရန်ဖြစ်ခဲ့တာ မရှိပါဘူး။ ရင်းရင်းနှီးနှီးနေပါတယ်။ တတ်နိုင်သလောက် အနစ်နာခံပြီး ကျနော်တို့က ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ကျနော်တို့ သူတို့နဲ့ ပေါင်းဖက်နိုင်တော့မယ်မထင်ပါဘူးဗျာ။"
ဒီအကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အဒိကအကြောင်းရင်းကတော့ တူညီတဲ့ အခွင့်အရေး မရှိတာတွေရယ် ရိုဟင်ဂျာဆိုတာကို လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုတာကနေ စတင်တာဖြစ်တယ်လို့ ကျော်မျိုးက ပြောပါတယ်။ ဒါကို သူ့ ဖခင် မောင်ဖြူကလည်း ထောက်ခံပါတယ်။
" နိုင်ငံသားပဲ ကျနော်တို့ လိုချင်တယ်။ ကျနော်တို့ အဖိုးလည်း ဒီမှာမွေးတယ်။ ကျနော်တို့အဖွားလည်း ဒီမှာမွေးတယ်။ ကျနော်တို့လည်း ဒီမှာမွေးတယ်။ ၆၂နှစ်ရှိပြီ။ ကျနော်တို့ နိုင်ငံသားပဲ လိုချင်တယ်။
လူမျိုးစု ၂စုကြားက ပဋိပက္ခတွေကြောင့် ခင်မင်ရင်းနှီးကြတဲ့ မိသားစု ၂ စုဟာ ကွဲကွာနေပေမယ့် တယ်လီဖုန်းကနေ ပုံမှန်အဆက်အသွယ်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြတဲ့သူ နှစ်ဦးကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေတော့ရှိပါတယ်။ အဲဒါကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူတွေဟာ တခြားရွာက ဘင်္ဂလီတွေပါလို့  ဦးကျော်အောင်က ပြောပြီးဒါဟာရခိုင်ဗုဒ္ဓဘာသာတွေရဲ့ လက်ချက်ဖြစ်တယ်လို့  မောင်ဖြူက
ပြောတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၁)
Posted: 07 Dec 2012 08:40 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဆတ်သွားမြို့နယ် ဒေသခံများကို မိန့်ခွန်း ပြောကြားပြီး ဒေသခံများ၏ မေးမြန်းမှု များကိုလည်း ပြန်လည် ဖြေကြားလျက် ရှိပါတယ်။
ဒေသခံလူထု ထောင်ကျော်တက်ရောက်နားထောင်နေပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ဒီဗွီဘီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။
ဒေါ်အောင်ဆန်း စုကြည် သည် ဆတ်သွားတွင် မိန့်ခွန်း ပြောကြား အပြီး တောင်တွင်းကြီး ဆေးရုံသို့ မနက် ၉နာရီ မိနစ် ၃၀တွင် သွားရောက် နေပြီဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့သို့ ၈-၁၂-၂၀၁၂ တွင် ရောက်ရှိကာ မကွေးမြို့ နတ်မောက်လမ်းရှိ ထိန်ထိန်သာဟိုတယ်တွင် ခေတ္တတည်းခိုမည်ဖြစ်ပြီး ယင်းညတွင် တောင်တွင်းကြီးလမ်းရှိ သံဃာရာမ စာသင်တိုက်သို့ သွားရောက်ကာ ဆရာတော်အား ဖူးမော်မည်ပြီး ထိန်ထိန်သာဟိုတယ်တွင် တစ်ညတာတည်းခိုမည်။
နောက်တစ်နေ့မနက် ၈နာရီတွင် နံကပ်ကျေးရွာ အုပ်စု အတွင်းရှိ မကွေးမြသလွန်ဘုရား ၀င်းအတွင်း မကွေးမြို့ခံလူထုကို မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း မကွေးမြို့သို့ရောက်ရှိနေသော ဒီဗွီဘီ သတင်းထောက်က သတင်းပေးပို့သည်။
သတင်း - ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
မကွေးမြသလွန် ဘုရားဝင်းအတွင်း ဒေါ်စုမိန့်ခွန်း ပြောကြားရန် ပြင်ဆင်နေမှု
ဓာတ်ပုံ - ကိုသိုက်၊ ကျော်ဇေယျာဝင်း
ချောက်မြို့တွင် အစိုးရက သပိတ်တားမြစ်နေ
Posted: 07 Dec 2012 08:26 PM PST
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဖို့ ချောက်မြို့က ဘုရားမှာ နေခင်း ၁ နာရီက ထိုင်သပိတ် စတင် ဆင်နွှဲနေတဲ့ သံဃာတွေကို  ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူးက လာရောက် တားနေတယ်လို့ ဦးဆောင်သံဃာ ဦးရေ၀တက မိန့်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မန္တလေး သံဃာတော်များ၏ ထိုင်သပိတ် မြင်ကွင်း
အမျိုးသားနေ့တွင် သံဃာတော်များ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်
Posted: 07 Dec 2012 08:30 PM PST
လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်၍ တောင်းဆို မှုများကို အကြိမ် ကြိမ် ပြုလုပ် ခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ဒီဇင်ဘာ၈ ရက် အမျိုးသားနေ့တွင် အိမ်တော်ရာ ဘုးရားမှ စတင်ကာ သံဃာတော်များ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မန္တလေး သံဃာတော်များ၏ ထိုင်သပိတ် မြင်ကွင်း
ထိုင်းစက်ရုံက တရားဝင်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံရ
Posted: 07 Dec 2012 08:33 PM PST
ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်ဒေသမှာရှိတဲ့ V&K နာနတ်သီး ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ်နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအားတွေ့ ရစဉ်
စားသုံးသူ ကာကွယ်ရေး အဖွဲ့တွင်း သဘောထားကွဲ
Posted: 07 Dec 2012 07:55 PM PST
လူအများ စားသုံးသည့် ငရုတ်ဆီအတွင်း ဆာလဖျူရစ် အက်စစ် ပါဝင်သည့် သတင်းကြောင့် အဖွဲ့ဝင် အချင်းချင်း သဘောထား ကွဲလွဲကာ အသင်းဝင် ငါးဦး နုတ်ထွက်သွားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice Weekly သို့ ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ