ဒီမိုဝေယံ |
- ၉၂ပြည့် အမျိုးသားအောင်ပွဲနေ့ အမှတ်တရ စုစည်းတင်ပြမှု..
- ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ လူငယ်များ၏ စွမ်းဆောင်မှုဖြင့် ခရမ်းမြို့ ကျက်သရေဆောင် ဗိုလ်ချုပ်ကြေးရုပ် မီးလင်းပြီ..
- “ကျွန်တော့်ကိုယ်စားမေးပေးပါ” ကိုမျိုး(မြန်မာစာ)
| ၉၂ပြည့် အမျိုးသားအောင်ပွဲနေ့ အမှတ်တရ စုစည်းတင်ပြမှု.. Posted: 07 Dec 2012 10:44 AM PST ၉၂ပြည့် အမျိုးသားအောင်ပွဲနေ့ အမှတ်တရ မှတ်တမ်းများ စုစည်းတင်ပြမှု.. အလင်းဆက်၊ ဒီမိုဝေယံ စုဆောင်းတင်ပြသည်... National Day |
| Posted: 07 Dec 2012 10:39 AM PST ဤသို့လူငယ်များမှ တက်ညီလက်ညီ.. ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ လူငယ်များ၏ စွမ်းဆောင်မှုဖြင့် ခရမ်းမြို့ ကျက်သရေဆောင် ဗိုလ်ချုပ်ကြေးရုပ် မီးလင်းပြီ..ခရမ်းမြို့မှ ဗိုလ်ချုပ်ကြေးရုပ် ခန့်ခန့်ညားညား ထည်ဝါစွာ မီးထွန်းညှိနိုင်ရန် စွမ်းဆောင်ခဲ့ကြသော (ခရမ်းမြို့) ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များအား ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။ ဒီမိုဝေယံ ယခင် ဗိုလ်ချုပ်ကြေးရုပ်မြင်ကွင်း.. ၇ရက် ၁၂လသောကြာနေ့ည မြင်ကွင်း.. |
| “ကျွန်တော့်ကိုယ်စားမေးပေးပါ” ကိုမျိုး(မြန်မာစာ) Posted: 07 Dec 2012 09:34 AM PST "ကျွန်တော့်ကိုယ်စားမေးပေးပါ" ကိုမျိုး(မြန်မာစာ) လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာ ကော်မရှင်မှာပါမည့်၊ ပါသည့်ပုဂ္ဂိုလ်များ ဆန္ဒအရဟုတ် မဟုတ်နှင့်ပြင်ဆင် ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မူလ နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဝင် ၃၀ ဦးမှ အဖွဲ့ဝင် ၁၄ဦးလျော့ချခြင်းသည်လျော့ချခံပုဂ္ဂိုလ်များ ဆန္ဒသို့တည်းမဟုတ် ကော်မရှင်တွင် ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ ဆန္ဒသို့တည်းမဟုတ် နိုင်ငံတော်သမ္မတ၏ ဒုတိယအတွေးဆန္ဒပေလားဟု သိလိုခဲ့ရာ........."အချက်တွေဖြုတ်ပယ်တာ မဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက် ပြန်ထည့်ထားပါတယ်။ "ဟုကော်မရှင်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး "လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဆန္ဒ သဘောထားဖေါ်ထုတ်မူ နှင့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်း များရှိရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာရခဲ့ရမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒသဘောထား ဖေါ်ထုတ်မူတို့ အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏သဘောထားမည်သို့ ရှိသည်"ကို သိလိုစိတ်ရှိခဲ့သေးပြန်ရာ... "မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"ဟုကော်မရှင် ဥက္ကဋ္ဌကသတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့ပြီးဖြစ်သလို အခြားသိလိုရာများကို သိချင်နေပြန်သေးပါသော်လည်း "လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခြင်းနှင့်ပတ်သက်၍ မိမိတို့ကော်မရှင်က သေချာစွာ စုံစမ်း စစ်ဆေးနေပြီဖြစ်ကြောင်း၊ အားလုံးပြီးစီး၍ အဖြေရမှသာလျှင် သတင်းများ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် သတင်းထောက်များကို သီးခြားဖြေကြားမည်မဟုတ်ကြောင်း" တင်ကြိုဖြေကြားလိုက်ပြီဖြစ်သည်။ သို့ပါသော်လည်း စာနယ်ဇင်းသမား တစ်ဦးအနေနှင့် မဟုတ်သည့်တိုင် ပြည်သူထဲက ပြည်သူတစ်ဦးအနေဖြင့် သိလိုနေသေးသော မေးခွန်း များစွာလိပ်ခဲတည်းလည်း ရှိနေသေးသည့် အနက်မှ အောက်ဖေါ်ပြပါ မေးခွန်းနှစ်ခုကို "အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင် သွားမယ်ဆိုရင် မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်"လို့ ပြောကြားပါသော ကော်မရှင်ဥက္ကဋ္ဌကျွန်တော်တို့ အမေ( ဒေါ်အောင်ဆန်းစုကြည်) ကိုသာ"ကျွန်တော့်ကိုယ်စားမေးပေးပါ"လို့ မ၀ံ့မရဲ မေတ္တာရပ်ခံလိုက်ချင်ပါတော့၏။ အမေစုနှင့် ဝမ်ပေါင်တရုတ်ကုမ္ပဏီ တာဝန်ရှိသူတို့ တွေ့စုံစဉ်.. မေး။ ။(၁)"သတ္တ၀ါနှင့် လက်နက်မျှ၏ မမျှ၏" "လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများ အား အကြမ်းဖက်ဖြိုခွဲခြင်းဟူ၍ အကြမ်းဖက်ဟူသော အသုံးအနှုန်းရေး သားပြောဆို နေကြရလောက်အောင် ရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာရခဲ့ ရမှုနှင့် သပိတ်စခန်းတွင်း ရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာ ရခဲ့ရသည်အထိ အဓိကရုဏ်း နှိမ်နင်းခြင်းသည်သတ္တ၀ါနှင့် လက်နက်မျှ၏မမျှ၏အား ပြည်ထောင်စုအစိုးရအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့၏ သဘော ထားအမြင်ယူဆချက်(အွန်လိုင်းစာမျက်နှာများပေါ်နှင့်ဂျာနယ်စာမျက်နှာ များကပုံများ ကြည့်ရုံမျှနှင့် သဘောထားအမြင် စိတ်ခံစားရမူဖြေကြား ထုတ်ဖေါ်ပြောကြဖို့ လုံလောက်မည်ထင်ပါ၏။ အနာများအကျက်မြန်ဖို့ မှာ ပဋိဇိဝဆေးများအစွမ်းထက်ဖို့ သာမကလူသားချင်းစာနာစိတ်မေတ္တာ ဓါတ်ဆေးစွမ်းထက်ဖို့ မှာလည်းအထူးအရေးပါလှပါ၍ တိုက်တွန်း သတိပေးမေးမြန်လိုခြင်းဖြစ်ပါ၏)"မေး။ ။(၂)"ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခ ဒီရေကျ၏ မကျ၏" "စစ်ဖြစ်ပွားရာ နိုင်ငံများ၌ပင်လျှင်၎င်းတို့ ကိုးကွယ်ရာဘာသာ တို့၏အထွဋ်အမြတ် နေ့ရက်တွင် အပစ်အခတ်ရပ်နားထား တက်ကြသည်ဖြစ်၍ ဗုဒ္ဓဘာသာ တိုင်းပြည်လည်း ဖြစ်ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု ပြုထားသော တိုင်းပြည်တွင်း ဗုဒ္ဒဘာသာဝင်တို့၏ ကောင်းမူကုသိုလ်များ အထူးပြုလုပ် ကျင်းပသည့်အခါကြီး၊ ရက်ကြီးနေ့ ထူးနေ့မြတ် အခါသမယ လပြည့်နေ့တွင် ပစ်ခတ်မူပြုသင့်၊ မသင့်ကို လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲများ၏ ယူဆချက် (လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ သပိတ်စခန်း များကို နှိမ်နင်းမှုသာမက လွန်ခဲ့သော၅နှစ်က ရွှေဝါရောင် သပိတ်နှိမ်နင်းမှုကိုလည်း ရည်ညွှန်းလိုပါသော်လည်း ယခုအခါ အစိုးရအသစ်ပြောင်း ခဲ့ပြီဟူသည့် ဒီမိုကရေစီနိုင်ငံတော် ခရီးလမ်းအပေါ်၊ လေးစားပေးခြင်း အားဖြင့် လတ်တလောကိစ္စကိုသာရည်ညွှန်းပါမည်)။ ထိုနည်းတူ စီးပွားရေး၊ လူမူရေးသက်သက် နိုင်ငံရေးမျိုးမဟုတ်ဘဲ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် သွားစေနိုင်မည့် ပဋိပက္ခများ ထပ်မံ မဖေါ်ဆောင်နိုင်ရန် ကိုင်တွယ်မှုမျိုးတွင် ဂူမြင်လျှက်ရှေ့ တိုးခြင်းမျိုး လုပ်လေ့ မရှိကြသည့် အဓိကရုဏ်နှိမ်နှင်းရေးတို့၏ သဘာဝနှင့်၊ စစ်အုပ်ချုပ်ရေး မဟုတ်သော လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့  အနေဖြင့် ကိုယ်တစ်ဖတ် ကမ်းခတ် အထူးသိရှိ နားလည်တတ်ကျွမ်းသည့် ပညာရပ်တွင် ယခုကိုင်တွယ် ဖြေရှင်းမှု ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခဒီရေကျ၏ မကျ၏ကို သုံးသပ်ကြမည်သာ။ သို့ပါ၍ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခြင်းကနေ ဆေးအတွက် လေးရခြင်းမျိုး ဝေဒနာ နောင်အခါ ကင်းရလေအောင် မေးလိုခြင်းဖြစ်၏)" ဟုတ်ကဲ့ ...... စိတ်မရှိကြပါနဲ့.......... ဒီမိုး၊ ဒီရေ၊ ဒီလူတွေနှင့် ဒီမိုကရေစီ ရေစီးနောက် မလိုက်ဝံ့တော့သော စိတ်ဆန္ဒမပေါ်မှီ အချိန်မှီ ရေးခြင်းဖြစ်ပါ၏။ ကိုမျိုး(မြန်မာစာ) ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



















